← Chapters

ဖြောင့်ချက်ပေးခြင်း

Vol. 10 Ch. 109

ဖြောင့်ချက်ပေးခြင်း

Vol. 10 Ch. 109

နတ်တိမ်မြို့၊ အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့။

"အစောင့်မှူး... အဆင့်ရှစ် အဂ္ဂိရတ်ပညာရှင်တစ်ယောက်က မဟာမိတ်အဖွဲ့ဆီ အကူအညီ လာတောင်းနေပါတယ်..."

ထိုနေ့၌ ဝေရှင်းရှန်းသည် မဟာမိတ်အဖွဲ့ရုံးချုပ်တွင် ရှိနေခိုက် အမှုဆောင်တစ်ဦးက ရှေ့တိုးဝင်လာပြီး ရိုသေစွာ လျှောက်တင်လိုက်၏။

"ငါတို့ အဂ္ဂိရတ်ပညာရှင်ကို တစ်ယောက်ယောက်က အနိုင်ကျင့်နေလို့လား..."

ဝေရှင်းရှန်း အနည်းငယ် အံ့အားသင့်သွားသည်။ သူ အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့ကို တာဝန်ယူပြီးကတည်းက ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ပွားခဲလှ၏။ သူ့ထံ လာရောက်တိုင်ကြားသည် ဆိုလျှင်တော့ အခြေအနေက မသေးလှချေ။

"ဟုတ်ပါတယ်..."

အမှုဆောင်က ခေါင်းညိတ်လိုက်ပြီး ဝေရှင်းရှန်း၏ မျက်နှာထားကို အကဲခတ်ကာ ဆက်ပြောလိုက်သည်။ "အဲဒီ အဂ္ဂိရတ်ပညာရှင် ပြောတာကတော့... နတ်တိမ်ဓားဂိုဏ်းက ဟုန်ယွမ်ဖုန်းက သူ့ကို နတ်တိမ်ဓားဂိုဏ်း တပည့်တစ်ယောက်ကို သတ်ဖြတ်ပါတယ် ဆိုပြီး မဟုတ်မမှန် စွပ်စွဲနေပါသတဲ့... အခု သူ့ကို နတ်တိမ်ဓားဂိုဏ်းဆီ ဖမ်းခေါ်သွားတော့မလို့ လုပ်နေပါတယ်..."

အမှုဆောင်သည် ဤကိစ္စကို အမှန်တကယ်တော့ မတင်ပြလိုပေ။ သို့သော် ဤကိစ္စတွင် နတ်တိမ်ဓားဂိုဏ်း၊ ယွမ်ချန်ဓားဂိုဏ်းနှင့် သူတို့ မဟာမိတ်အဖွဲ့မှ အဂ္ဂိရတ်ပညာရှင်တို့ ပါဝင်ပတ်သက်နေသည်။ အကယ်၍ သူသာ တိတိကျကျ သတင်းမပို့ဘဲ တစ်စုံတစ်ရာ မှားယွင်းသွားပါက သူတာဝန်ယူရမည့် အပိုင်းက ပိုမို ကြီးမားလာပေလိမ့်မည်။

ဝေရှင်းရှန်း မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ အထူးသဖြင့် ဟုန်ယွမ်ဖုန်း၏ အမည်ကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်မှုက ပိုမို နက်ရှိုင်းသွားသည်။

"ဘယ်လို ဖြစ်ရတာလဲ... မင်း စုံစမ်းပြီးပြီလား..." ဝေရှင်းရှန်းက လေးနက်သော အသံဖြင့် မေးလိုက်၏။

"စစ်ဆေးပြီးပါပြီ..."

အမှုဆောင်က ပေါ့ဆရဲခြင်း မရှိဘဲ သူသိရှိထားသမျှ အခြေအနေအရပ်ရပ်ကို အသေးစိတ် ပြန်လည် တင်ပြလိုက်သည်။

ကိစ္စက ရိုးရှင်းရှင်းလင်းသော်လည်း ပါဝင်ပတ်သက်နေသည့် အင်အားစုများ များပြားလာသောအခါ ရှုပ်ထွေးသွားရခြင်း ဖြစ်သည်။

"ဟုန်ယွမ်ဖုန်းက နတ်တိမ်ဓားဂိုဏ်းက ခြင်ဆီသန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်ကို ယွမ်ချန်ဓားဂိုဏ်းက အရိုးသန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်က သတ်နိုင်တယ်လို့ ထင်နေတာလား... ပြီးတော့ အဲဒီ အရိုးသန့်စင်ခြင်းအဆင့် တပည့်က ဘာမှ မဖြစ်ဘဲ ကောင်းကောင်းမွန်မွန် ရှိနေတယ်ပေါ့..."

ဖြစ်ပျက်ခဲ့သည်များကို ကြားသိပြီးနောက် ဝေရှင်းရှန်းက မကျေမနပ်ဖြင့် အေးစက်စွာ နှာမှုတ်လိုက်၏။ ဤသည်က နတ်တိမ်ဓားဂိုဏ်း သုံးမရတော့ဘူးဟု ပြင်ပလောကကို ကြေညာနေခြင်းနှင့် တူမနေပါလော။

"အခင်းဖြစ်တဲ့နေရာမှာ ရှန်ယန်ဂိုဏ်းရဲ့ အမှတ်အသားတစ်ခု တွေ့ခဲ့တယ်လို့ ကြားပါတယ်..." အမှုဆောင်က တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

"အရိုးသန့်စင်ခြင်းအဆင့် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို အရှက်ခွဲဖို့အတွက်နဲ့ကွာ... အဲဒီ ရှန်တင့်ယန် ဆိုတဲ့ကောင်က ဟုန်ယွမ်ဖုန်းကို ဆရာတင်ဖို့ တကယ် ထိုက်တန်ပါပေတယ်... တစ်ပုံစံတည်းတွေပဲ..."

ဝေရှင်းရှန်း၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ အထင်းသား ပေါ်လာ၏။ ဒေသတွင်း အင်အားကြီး ဂိုဏ်းတစ်ခုအနေဖြင့် သူတစ်ပါးကို အနိုင်ကျင့်လိုလျှင်ပင် မိမိဂုဏ်သိက္ခာကို ငဲ့ကွက်၍ ထက်မြက်စွာ လုပ်ဆောင်သင့်သည်။ ယခုမူ အိမ်တိုင်ရာရောက် အရှက်ခွဲခံရသကဲ့သို့ ဖြစ်နေချေပြီ။

"သွား... သတင်းစကား ပါးလိုက်... အဲဒီ အဂ္ဂိရတ်ပညာရှင်ကို အခက်တွေ့အောင် မလုပ်နဲ့လို့ ဂိုဏ်းကို ပြောလိုက်... စွမ်းရည်ရှိရင် တရားခံအစစ်ကို ရှာကြလို့ ပြောလိုက်..." ဝေရှင်းရှန်းက လေးနက်စွာ အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ..." အမှုဆောင်က ခေါင်းညိတ်၍ ပြန်လည် ထွက်ခွာသွား၏။

ဝေရှင်းရှန်းက သူ့လက်ထဲမှ စာအုပ်ကို ကြည့်လိုက်သော်လည်း ဖတ်ရသည်မှာ အရသာ မရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။ သူက စားပွဲခုံကို ဘုန်းခနဲ ရိုက်ချလိုက်ပြီး မကျေမနပ် ဖြစ်နေသော အမူအရာကို ထုတ်ဖော်လိုက်သည်။

ယွမ်ချန်ဓားဂိုဏ်း။

ချန်ဖေးသည် လောလောဆယ်တွင် ဖုန်းရှူးဖူ၏ ခြံဝင်းအတွင်းရှိ ဧည့်သည်ဆောင်၌ နေထိုင်လျက်ရှိသည်။ ဥပဒေစိုးမိုးရေး ခန်းမက ဦးစွာ ပထမ အရေးယူပြီးမှ နောက်မှ တင်ပြလာမည်ကို စိုးရိမ်သဖြင့် ဖုန်းရှူးဖူက ချန်ဖေးကို ဤနေရာတွင်သာ အတူနေစေခြင်း ဖြစ်သည်။

ထုန်ယွမ်ကျင့်စဉ်သည် ချန်ဖေး၏ ခန္ဓာကိုယ်အတွင်း အဆက်မပြတ် လည်ပတ်နေပြီး ဒဏ်ရာများကို ကုသပေးနေ၏။

"ဟင်..."

မူလက ဖြည်းညင်းစွာ လည်ပတ်နေသော စွမ်းအားသည် ရုတ်တရက် တုန်ခါသွားပြီးနောက် ထူးဆန်းသော တုန်ခါမှုနှုန်းတစ်ခုဖြင့် သွေးကြောများထဲ၌ စတင် စီးဆင်းသွားသည်။ ချန်ဖေး၏ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများမှာ လျင်မြန်စွာ သက်သာလာပြီး ပြန်လည်ကောင်းမွန်နှုန်းက ရုတ်ခြည်း မြင့်တက်လာ၏။

ချန်ဖေးက အတွင်းအား လည်ပတ်မှုကို မရပ်တန့်လိုက်ပေ။ တစ်နာရီခန့် ကြာပြီးမှသာ ချန်ဖေး ရပ်တန့်လိုက်သည်။

မျက်လုံးဖွင့်လိုက်သောအခါ ခန္ဓာကိုယ်အတွင်းမှ နွေးထွေးမှုကို ခံစားလိုက်ရပြီး ချန်ဖေး၏ မျက်နှာထားမှာ အနည်းငယ် အံ့အားသင့်သွား၏။ စနစ်ဘောင်ကွက်ကို ကြည့်လိုက်သောအခါမှ ထုန်ယွမ်ကျင့်စဉ် စတုတ္ထအဆင့် ပြီးပြည့်စုံသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

"ဒါက ထုန်ယွမ်ကျင့်စဉ် စတုတ္ထအဆင့်ပဲ... တကယ်ကို ထပ်ပြီး ပြောင်းလဲသွားပြန်ပြီ... ခန္ဓာကိုယ်ကလည်း အနည်းငယ် ပြောင်းလဲသွားသလိုပဲ..."

ချန်ဖေး တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ ဤပြောင်းလဲမှုက မည်သို့ပုံစံရှိသည်ကို ရှင်းရှင်းလင်းလင်း ပြောပြရန် ခက်ခဲသော်လည်း ဝန်ထုတ်ဝန်ပိုး အချို့ လျော့ကျသွားသကဲ့သို့ ခန္ဓာကိုယ်မှာ ပိုမို ပေါ့ပါးလာသည်ဟု ချန်ဖေး ခံစားလိုက်ရသည်။

ချန်ဖေး စနစ်ဘောင်ကွက်ကို ဆက်ကြည့်လိုက်သည်။ ထုန်ယွမ်ကျင့်စဉ် စတုတ္ထအဆင့် ပြီးပြည့်စုံသွားသည်မှလွဲ၍ အခြား ပြောင်းလဲမှု မရှိသကဲ့သို့ပင်။

မဟုတ်‌သေးဘူး…

ချန်ဖေး မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားပြီး သူ့ကိုယ်ပိုင် အဆင့်အတန်းကို ကြည့်လိုက်မိသည်။

[အဆင့် - အရိုးသန့်စင်ခြင်း (၄၇၃၁၀/၉၉၃၃၆)]

ယခင်က ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် အတွေ့အကြုံတန်ဖိုး တစ်သိန်း လိုအပ်သော်လည်း ယခုအခါ ထိုတစ်သိန်း ပမာဏသည် ရာဂဏန်း အနည်းငယ် လျော့နည်းသွားပြီ ဖြစ်သည်။

"ဒါက ထုန်ယွမ်ကျင့်စဉ် စတုတ္ထအဆင့်ကြောင့်လား... အဆင့်တက်လှမ်းဖို့အတွက် အထောက်အကူ ဖြစ်စေတာလား..."

ချန်ဖေးမှာ အံ့သြဝမ်းသာ ဖြစ်သွားရ၏။ အခက်အခဲက တကယ်ကို လျော့ကျသွားပြီ ဖြစ်သည်။ ဤအခြေအနေအတိုင်းဆိုလျှင် ထုန်ယွမ်ကျင့်စဉ်ကို လည်ပတ်လိုက်တိုင်း ကန့်သတ်ချက်က လျော့ကျသွားဖွယ် ရှိသည်။

ထို့အပြင် ချန်ဖေးသည် နေ့စဉ် သဘာဝစွမ်းအင်ကို စုပ်ယူရန် ဆေးလုံးများကို ပုံမှန် သောက်သုံးနိုင်သေးသည်။ ထိုအချက်နှစ်ခု ပေါင်းစပ်လိုက်ပါက အဆင့်တက်လှမ်းမည့် အချိန်ကာလသည် တစ်မုဟုတ်ချင်း တိုတောင်းသွားပေလိမ့်မည်။

"ဒါက ထုန်ယွမ်ကျင့်စဉ် စတုတ္ထအဆင့်ပဲ ရှိသေးတယ်... ပဥ္စမအဆင့်ဆိုရင် နောက်ပိုင်း ခြင်ဆီသန့်စင်ခြင်း အဆင့်အတွက် အများကြီး အထောက်အကူ ဖြစ်မှာ သေချာတယ်..."

ချန်ဖေး သူ့လက်သီးကို မသိမသာ ဆုပ်ကိုင်လိုက်မိ၏။ ကျင့်ကြံမှု နိမ့်ပါးခြင်းက သူ့အတွက် တကယ်ကို နေရထိုင်ရ ခက်ခဲစေသည်။ သူ့ထက် ကျင့်ကြံမှု မြင့်မားသူများနှင့် ရင်ဆိုင်ရသည့်အခါ သာမန် ကျင့်ကြံသူများဆိုလျှင် ကိစ္စမရှိသော်လည်း နတ်တိမ်ဓားဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးများမှ တပည့်များဆိုလျှင် အဆင့်တစ်ဆင့် ကွာခြားရုံဖြင့် ယှဉ်ပြိုင်ရန် ခက်ခဲလှသည်။

အဆင့်ကျော် တိုက်ခိုက်ခြင်းမှာ အလွန် ခက်ခဲလွန်းလှပြီး မဖြစ်နိုင်သလောက်ပင်။

"ဒဏ်ရာကို အရင် ကုသရမယ်... ပြီးတော့မှ ဒီကိစ္စ ပြီးတာနဲ့ သေချာ ကြိုးစားပြီး ကျင့်ကြံရမယ်..."

ချန်ဖေး တွေးတောလိုက်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်ပြန်၏။ အနာဂတ် ကျင့်ကြံမှုအတွက် ချန်ဖေး မစောင့်ဆိုင်းနိုင်တော့ပေ။

နောက်တစ်နေ့ နံနက်စောစော၌ ကျိုးဟန်ကျုံးသည် ဥပဒေစိုးမိုးရေးခန်းမမှ လူများကို ခေါ်ဆောင်၍ တံခါးလာခေါက်ပြန်သည်။

"ခင်ဗျားတို့ ဒီကို ဘာလာလုပ်ကြတာလဲ..." ဖုန်းရှူးဖူက ကျိုးဟန်ကျုံးကို ကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ဂျူနီယာညီလေး ချန်ဖေးကို ကိစ္စတစ်ခုလောက် ပူးပေါင်းဆောင်ရွက်ပေးဖို့ လာပြောတာပါ... စိတ်မပူပါနဲ့... တခြားနေရာကို လိုက်သွားစရာ မလိုပါဘူး... ဒီမှာပဲ နေလို့ ရပါတယ်..." ကျိုးဟန်ကျုံးက ချန်ဖေးကို ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်၏။

"ဘယ်လို ပူးပေါင်းဆောင်ရွက်ရမှာလဲ..." ချန်ဖေး ရှေ့တိုးလာပြီး ကျိုးဟန်ကျုံးကို ကြည့်လိုက်သည်။

"ဂျူနီယာညီလေး ချန်ဖေး... စိတ်မလှုပ်ရှားပါနဲ့..."

မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ကျိုးဟန်ကျုံးက သူ့ရင်ဘတ်ထဲမှ လက်သန်းခန့် ရှည်သော သစ်ကိုင်းခြောက် တစ်ခုကို ထုတ်ယူလိုက်သည်။ ဖုန်းရှူးဖူက သစ်ကိုင်းကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသော်လည်း တားဆီးခြင်း မပြုပေ။

သစ်ကိုင်းကို ကြည့်ရင်း ချန်ဖေးက တစ်နေရာရာ၌ မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။ ရင်းနှီးမှုက ဘယ်က လာမှန်း စဉ်းစား၍ မရမီမှာပင် သူ့ရင်ဘတ်ထဲရှိ နာယွမ်ပုလဲက ရုတ်တရက် တုန်ခါသွားပြီး အပြင်သို့ ပျံထွက်သွား၏။

ချန်ဖေးက လေထဲသို့ ပျံထွက်သွားသော နာယွမ်ပုလဲကို လှမ်းဖမ်းဆွဲလိုက်ရာမှ ဆွဲငင်အားသည် ကျိုးဟန်ကျုံး လက်ထဲရှိ သစ်ကိုင်းမှ လာခြင်း ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

"ဝိညာဉ်သစ်ပင်ရဲ့ သစ်ကိုင်းလား..."

ထိုအခိုက်၌ ထိုရင်းနှီးမှုက မည်သည့်နေရာမှ လာသည်ကို ချန်ဖေး နားလည်သွား၏။ ရှင်းရှင်းလင်းလင်း ဆိုရလျှင် နာယွမ်ပုလဲနှင့် အရင်းအမြစ် တူညီသောကြောင့်ပင်။ ချန်ဖေး မထင်မှတ်ထားသည်မှာ နာယွမ်ပုလဲတွင် ထိုကဲ့သို့ နောက်ပေါက် ကျန်ရှိနေပြီး ပင်မသစ်ကိုင်း၏ ဆွဲဆောင်မှုကို ခံရနိုင်ခြင်း ဖြစ်သည်။

"နာယွမ်ပုလဲ... ဂျူနီယာညီလေး ချန်ဖေး... ဒီပုလဲရဲ့ ဇာစ်မြစ်ကို ရှင်းပြချင်သေးလား..."

ကျိုးဟန်ကျုံး၏ မျက်နှာထားက ရုတ်ခြည်း စိတ်လှုပ်ရှားသွားပြီး ချန်ဖေးကို စိုက်ကြည့်လိုက်၏။ အခြားသော ဥပဒေစိုးမိုးရေးခန်းမမှ လူများကလည်း ဓားများကို ဆွဲထုတ်လိုက်ကြပြီး ချန်ဖေးကို ဝိုင်းထားလိုက်ကြသည်။

"အဲဒီ ပုလဲကို ငါ ပေးထားတာ... ဘာပြဿနာ ရှိလို့လဲ..." ဖုန်းရှူးဖူ၏ အေးစက်သော အသံ ထွက်ပေါ်လာပြီး ကျိုးဟန်ကျုံးကို ခံစားချက်မပါသော မျက်နှာဖြင့် ကြည့်လိုက်သည်။

"သခင်ဖုန်း... ခင်ဗျားရဲ့ နာယွမ်ပုလဲက ကောလင်းရှန်ကို ပေးထားတာ ကြာပြီလေ... ဘယ်လိုလုပ် ချန်ဖေးကို ထပ်ပေးလို့ ရမှာလဲ..." ကျိုးဟန်ကျုံးက လှောင်ပြုံး ပြုံးလိုက်၏။

"မင်း ဒီကို မလာခင် နတ်တိမ်ဓားဂိုဏ်းကို သွားပြီး ရှင်းရှင်းလင်းလင်း မမေးခဲ့ဘူးလား..."

ဖုန်းရှူးဖူက ကျိုးဟန်ကျုံးကို ကြည့်၍ ခေါင်းအနည်းငယ် ခါလိုက်ပြီး ပြောလိုက်သည်။ "ဒီရက်ပိုင်းအတွင်းမှာ အသစ်တစ်လုံးနဲ့ လဲလှယ်ပြီး ပြန်ရောက်လာတာ... မယုံရင် နတ်တိမ်ဓားဂိုဏ်းကို သွားမေးကြည့်လို့ ရတယ်..."

ကျိုးဟန်ကျုံး ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မည်သို့ ပြန်ပြောရမည် မသိ ဖြစ်သွား၏။

အကယ်၍ ဖုန်းရှူးဖူ ပြောသည်မှာ လိမ်ညာခြင်း ဖြစ်ပါက နောက်ဆုံး စစ်ဆေးလိုက်လျှင် ပေါ်သွားမည် ဖြစ်ရာ လိမ်ညာနေခြင်းက အဓိပ္ပာယ် မရှိပေ။ ဆိုလိုသည်မှာ ဤနာယွမ်ပုလဲသည် ရှန်တင့်ယန်ဆီမှ ပုလဲမဟုတ်ဘဲ ဖုန်းရှူးဖူက ချန်ဖေးကို ပေးထားသည့် အစစ်အမှန် ဖြစ်နေသည်။

ကျိုးဟန်ကျုံးက အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး သူ့စိတ်စွမ်းအားကို သစ်ကိုင်းထဲသို့ ထည့်သွင်းကာ ပတ်ဝန်းကျင် လှုပ်ရှားမှုကို အာရုံခံလိုက်၏။

၎င်းတို့မှာ အရင်းအမြစ် တူညီကြသဖြင့် ဤလျှို့ဝှက်သော ဆက်နွယ်မှုကို ဖြတ်တောက်ရန် ခက်ခဲသည်။ အထူးသဖြင့် အနီးကပ် အကွာအဝေးတွင် ဒုတိယမြောက် နာယွမ်ပုလဲ ရှိနေပါက မည်မျှပင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားစေကာမူ ကျိုးဟန်ကျုံး အာရုံခံမိမည် ဖြစ်သည်။

ကံဆိုးစွာဖြင့် ချန်ဖေးလက်ထဲတွင် ရုန်းကန်နေသော ပုလဲမှလွဲ၍ ဒုတိယမြောက် နာယွမ်ပုလဲ မရှိချေ။

"သွားမယ်..."

ကျိုးဟန်ကျုံးက ဖုန်းရှူးဖူကို လက်နှစ်ဖက် ယှက်၍ အရိုအသေပြုလိုက်သည်။ သူ ဆက်နေရန် မျက်နှာမရှိတော့ပေ။ ယခုအချိန်ထိ သူ့ပါးပြင်များ နာကျင်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။

"ပြန်ကြတော့... ဒီတစ်ရက်၊ နှစ်ရက်အတွင်း ဘာဖြစ်မလဲ ဆိုတာ မင်း သိလာမှာပါ..."

ဖုန်းရှူးဖူ သက်ပြင်းချလိုက်၏။ သူ့ရင်ထဲမှ ဝမ်းနည်းမှုများကို မျက်နှာပေါ်တွင် အထင်းသား တွေ့မြင်နေရသည်။ ချန်ဖေး ခေါင်းညိတ်လိုက်ပြီး ဖုန်းရှူးဖူ၏ နောက်မှ လိုက်ပါသွားခဲ့သည်။

"ဆရာ... ကျွန်တော် ထုန်ယွမ်ကျင့်စဉ် စတုတ္ထအဆင့် ပြီးပြည့်စုံသွားပြီ..."

ခြံဝင်းထဲသို့ ရောက်သောအခါ ချန်ဖေးက တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

"ဟေ... စတုတ္ထအဆင့် ပြီးသွားပြီလား..."

ဖုန်းရှူးဖူက ချန်ဖေးကို အံ့သြစွာ ကြည့်လိုက်မိ၏။ ရက်အနည်းငယ်သာ ရှိသေးသည် မဟုတ်လော။ ပြီးခဲ့သည့် တစ်ခေါက်က ထုန်ယွမ်ကျင့်စဉ် တတိယအဆင့် ပြီးပြည့်စုံရန် ရက်အနည်းငယ်သာ ကြာခဲ့ပြီး ယခု စတုတ္ထအဆင့်အတွက်လည်း ရက်အနည်းငယ်သာ ကြာသည်ဟု ဆိုခြင်းက ကျင့်ကြံနှုန်း မြန်ဆန်လွန်းနေသည် မဟုတ်လော။

"အဲဒီနေ့က စားသောက်ဆိုင်မှာ ငေးငိုင်နေရင်းနဲ့ စတုတ္ထအဆင့် ပြီးပြည့်စုံလုနီးပါး ဖြစ်သွားတာကို သတိထားမိလိုက်တယ်..." ချန်ဖေးက ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

"ဉာဏ်အလင်းပွင့်သွားသလိုမျိုးပဲ... ဘယ်သူမှ မနှောင့်ယှက်ရင် မင့်အတွက် အကျိုးကျေးဇူးက ပိုများမှာ..."

ဖုန်းရှူးဖူက ရှန်တင့်ယန်ကို ရုတ်တရက် သတိရသွားပြီး ဒေါသ ပိုထွက်လာ၏။ အရာအားလုံးက နတ်တိမ်ဓားဂိုဏ်းမှ ထိုတပည့်ကြောင့် ဖြစ်ရခြင်းပင်။ ထိုကောင် ပျောက်သွားသည်မှာ ကောင်းလေစွ။

"မင်းကို ထုန်ယွမ်ကျင့်စဉ် ပဥ္စမအဆင့် သင်ပေးမယ်... သေချာ ကြိုးစား ကျင့်ကြံ... ပြင်ပလောကရဲ့ နှောင့်ယှက်တာကို မခံနဲ့... တခြားအရာတွေ အားလုံးက အတုအယောင်တွေပဲ... မင့်ခွန်အားကသာ မင်းကို လိမ်ညာမှာ မဟုတ်သလို စွန့်ပစ်မှာလည်း မဟုတ်ဘူး..." ဖုန်းရှူးဖူက လေးနက်စွာ ပြောလိုက်သည်။

"တပည့် နားလည်ပါပြီ..." ချန်ဖေး ခေါင်းညိတ်လိုက်၏။

နှစ်နာရီခန့် ကြာပြီးနောက် ဖုန်းရှူးဖူက ထုန်ယွမ်ကျင့်စဉ် ပဥ္စမအဆင့်ကို ရှင်းပြ၍ ပြီးဆုံးသွားသည်။ ကျင့်စဉ်ကို ရှင်းပြရုံသာမက မည်သို့ လည်ပတ်ရမည် ဆိုသည့် လျှို့ဝှက်ချက်များကိုပါ အသေးစိတ် ရှင်းပြပေးခဲ့သည်။

"ကျင့်စဉ် သင်ပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်..."

ချန်ဖေး မတ်တတ်ရပ်၍ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"ကောင်းကောင်း ကျင့်ကြံပါ... နားမလည်တာ ရှိရင် ငါ့ကို အချိန်မရွေး မေးလို့ ရတယ်..." ဖုန်းရှူးဖူက ပြောလိုက်၏။

သူတို့နှစ်ဦး စကားအနည်းငယ် ထပ်ပြောပြီးနောက် ချန်ဖေး သူ့အခန်းသို့ ပြန်လာခဲ့သည်။

ချန်ဖေး ယခု အလုပ်ရဆုံး အရာမှာ ဒဏ်ရာများကို ဦးစွာ ကုသရန် ဖြစ်သည်။ ထုန်ယွမ်ကျင့်စဉ် စတုတ္ထအဆင့်ကြောင့် ရက်အနည်းငယ် ကြာမှ သက်သာမည့် ဒဏ်ရာသည် နှစ်ရက်အတွင်း ပြန်ကောင်းလာနိုင်မည်ဟု ခန့်မှန်းရသည်။

ယခု ချန်ဖေး စိုးရိမ်နေသည့် တစ်ခုတည်းသော အရာမှာ ရှန်တင့်ယန် ကိစ္စ မည်သည့်အချိန်မှ အမှန်တကယ် ပြီးဆုံးမည်နည်း ဆိုသည်သာ။

နောက်တစ်ရက်တွင် အခြေအနေများ တည်ငြိမ်နေသော်လည်း တတိယမြောက်နေ့ မွန်းတည့်ချိန်တွင် ဝူကွမ်ရင်သည် ဖုန်းရှူးဖူ၏ ခြံဝင်းထဲသို့ ရောက်ရှိလာသည်။

"အကြီးအကဲဝူ... ခင်ဗျားက..." ဖုန်းရှူးဖူက ဝူကွမ်ရင်ကို အံ့သြစွာ ကြည့်လိုက်သည်။

"အကြီးအကဲဝူ..." ချန်ဖေးက ဘေးမှ လက်နှစ်ဖက် ယှက်လိုက်၏။

"မင်း နတ်တိမ်ဓားဂိုဏ်းကို သွားစရာ မလိုတော့ဘူး... ဒါပေမဲ့ ခဏတာတော့ ဂိုဏ်းထဲမှာ ဆက်နေလို့ မရလောက်တော့ဘူး..."

ဝူကွမ်ရင်က ချန်ဖေးကို ကြည့်ပြီး သက်ပြင်း အနည်းငယ် ချလိုက်မိသည်။

ချန်ဖေး တစ်ခဏမျှ ကြောင်အမ်းသွား၏။ ဤစကားများကို နားထောင်ရသည်မှာ သူ့ကို ဂိုဏ်းမှ ထုတ်ပယ်မည့်ပုံ မပေါ်ချေ။

"ဂိုဏ်းတွင်းက ဘာအစီအစဉ် ရှိလို့လဲ..." ဖုန်းရှူးဖူ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"ချန်ဖေးကို တစ္ဆေနယ်မြေဆီ စေလွှတ်လိုက်ပါ... အဲဒီမှာ လူအင်အား လိုအပ်နေတာနဲ့ အတော်ပဲ... ချန်ဖေးလည်း အခြေအနေ ငြိမ်သွားအောင် ခဏ ရှောင်တိမ်းနေသလို ဖြစ်တာပေါ့..." ဝူကွမ်ရင်က တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

"ဂိုဏ်းက အရိုးသန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်ကို တစ္ဆေနယ်မြေဆီ ပို့မယ် ဟုတ်လား... ဒါ သူ့ကို သေခိုင်းတာပဲ..." ဖုန်းရှူးဖူ၏ စိတ်ခံစားမှုများ ရုတ်ခြည်း လှုပ်ရှားလာ၏။

"နတ်တိမ်ဓားဂိုဏ်းကို တစ်ခုခုတော့ ဖြေရှင်းချက် ပေးရမယ်လေ..."

ဝူကွမ်ရင်က သက်ပြင်း အနည်းငယ် ချလိုက်ပြီး ပြောလိုက်သည်။ "ဒါက အကောင်းဆုံး ရလဒ်ပါပဲ... အပြစ်တင်ချင်ရင် ငါတို့ အားနည်းလွန်းတာကိုပဲ အပြစ်တင်ရမှာပေါ့... နတ်တိမ်ဓားဂိုဏ်းရဲ့ ခံစားချက်ကို ငါတို့ ထည့်စဉ်းစားပေးရမယ်..."

ဖုန်းရှူးဖူ၏ စိတ်လှုပ်ရှားမှုများ ရုတ်တရက် တိတ်ဆိတ်သွား၏။ ဟုတ်ပါသည်... အားနည်းသူများက အားကြီးသူများ၏ ခံစားချက်ကို နားလည်ပေးရမည် မဟုတ်ပါလော။

"ရက်နည်းနည်းကြာရင် သွားရမှာလား..." ချန်ဖေး မေးလိုက်သည်။

"ဆယ်ရက်..."

ဝူကွမ်ရင်က ချန်ဖေးကို ကြည့်လိုက်ရာ ချန်ဖေးမှာ အလွန် တည်ငြိမ်နေကြောင်း တွေ့လိုက်ရသည်။ သူ့မျက်လုံးထဲတွင် သဘောကျသည့် အရိပ်အယောင် ဖြတ်ပြေးသွားပြီး ပြောလိုက်၏။ "မင်း ဆယ်ရက်အတွင်း ထွက်ခွာရမယ်... အဲဒီမတိုင်ခင် ပြင်ဆင်စရာ ရှိတာတွေ ပိုပြီး ပြင်ဆင်ထားလို့ ရတယ်..."

All Chapters