← Chapters

အနန္တအင်ပါယာနတ်ဆိုးနန်းတော်

Vol. 39 Ch. 385

အနန္တအင်ပါယာနတ်ဆိုးနန်းတော်

Vol. 39 Ch. 385

"အဝေးကြီး တွေးနေမိပြီ။"

ရှန်းယီ ခေါင်းခါလိုက်၏။ အစီအရင် မခင်းကျင်းလျှင် ခြေတစ်ထောင်နတ်ဆိုးဧကရာဇ်တစ်ကောင်တည်းကိုကိုင်တွယ်ဖို့ရာမှာပင် သူ့အတွက် အလုပ်ရှုပ်နေပြီ ဖြစ်သည်။

ရွှေတောင်ပံ အစင်းကိုးခုကျားပင် အလွန်အမင်း ကြောက်ရွံ့ရသော မြင်းဖြူနတ်ဆိုးဧကရာဇ်အကြောင်း ဆိုဖွယ်ရာ မရှိတော့ပေ။

သူ တစ်လှမ်းချင်းစီသာ လှမ်းနိုင်တော့မည်။

ထိုသို့တွေးတောရင်း ရှန်းယီ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

ရွှေတောင်ပံ နတ်ဆိုးဧကရာဇ် တကယ် ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ၏ လက်ချောင်းထိပ်များမှ ကြိုးမျှင်ကဲ့သို့ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

သက်ရှည်သစ်ပင်ကို အသုံးပြုကာဝိညာဉ်စွမ်းအင်များချိတ်ဆက်ပြီး သေးငယ်သေသပ်သော ပုန်းကွယ်ခြင်းအစီအရင်တစ်ခုကို ခင်းကျင်းလိုက်၏။

ရွှီမိသားစု၏ ပစ္စည်းများက အမှန်တကယ်ပင် အသုံးဝင်လေသည်။

ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် ရှန်းယီသည် ဘောင်ကွက်ကို ကြည့်လိုက်ပြီး နတ်ဆိုးမူလတစ်ခုကို အမြန်လဲလှယ်လိုက်၏။

နောက်တစ်ခဏတွင် မကြာသေးမီကမှ သေဆုံးသွားသော ချောက်နက်ပင့်ကူဧကရာဇ်သည် တဖြည်းဖြည်း ပုံဖော်လာသည်။

[မဟာနတ်ဆိုးဧကရာဇ် (ဝိညာဉ်အကြွင်းအကျန်) - ချောက်နက်ပင့်ကူဧကရာဇ်]

မှိန်းမောနေသည်ဟုပင် မဆိုနိုင်သော အသိစိတ်လုံးဝကင်းမဲ့နေသော မျက်လုံးများဖြင့် ပျက်စီးနေသည့် တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။

ရှန်းယီ သက်ပြင်းချလိုက်၏။ နှမြောတွန့်တိုမနေတော့ဘဲ မူလစွမ်းအင်နှစ်ခုကို ချက်ချင်း လဲလှယ်လိုက်ပြီး ၎င်းကို တိုက်ရိုက် ကျွေးလိုက်သည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၃၃၀၀၀ နှစ်]

ထိုကဲ့သို့ ရက်ရောသော ကုသမှုအောက်တွင် ဘောက်ကွက်ပေါ်ရှိ ဝိညာဉ်အကြွင်းအကျန်ဟူသော စာလုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"ချောက်နက်ပင့်ကူက သခင်ကြီးကို ဂါရဝပြုပါတယ်။"

ချောက်နက်ပင့်ကူဧကရာဇ်သည် ရှန်းယီကို ကြောက်ရွံ့စွာ ကြည့်လိုက်၏။ အသိစိတ် ပြန်လည်ရရှိပြီးနောက်လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းက အဖြစ်အပျက်များကို သဘာဝကျကျပင် ပြန်လည် သတိရလာသည်။

"သခင်ကြီးက တကယ်ဉာဏ်ပညာ ကြီးမားပါတယ်။ ချောက်နက်ပင့်ကူကို သတ်ဖြတ်နိုင်ခဲ့တာဟာ ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်းတဲ့ အကြီးမြတ်ဆုံး ဉာဏ်ပညာကို ပိုင်ဆိုင်ထားလို့ပါပဲ"

"..."

ရှန်းယီ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး တည်ငြိမ်စွာ ကြည့်လိုက်၏။

စစချင်း ပြောတဲ့စကားက လှောင်ပြောင်တာလား။

သခင်ဖြစ်သူ၏ မျက်နှာထား ပြောင်းလဲသွားသည်ကိုသတိထားမိလိုက်သကဲ့သို့ ချောက်နက်ပင့်ကူဧကရာဇ်သည် ဇဝေဇဝါဖြစ်သွားသော်လည်း သူ၏ကျေးဇူးတင်စကားကို အမြန် ဆက်ပြောလိုက်၏။

"သခင်ကြီးရဲ့ကြီးမားတဲ့ ကျေးဇူးတော်ကြောင့် ချောက်နက်ပင့်ကူဟာ ဘယ်လိုအမိန့်မျိုးအတွက်မဆို အခါတစ်ထောင် သေပေးဖို့ ဆန္ဒရှိပါတယ်။"

ရှန်းယီ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ၎င်းကို ချက်ချင်း ကောက်ချက်ချဆင်ခြင်ခိုင်းခြင်း မပြုသေးပေ။

မည်သို့ပင်ဖြစ်စေ နတ်ဘုရးစိတ်ဝိညာဉ် အစောပိုင်းအဆင့်ဖြင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့်ကျင့်စဉ်ကို အတင်းအဓမ္မဆင်ခြင်ခေါ်စေခြင်းသည် တွေးကြည့်ရုံနှင့်ပင် အန္တရာယ်များမှန်း သိသာနေသည်။

အကယ်၍ တစ်ခုခုမှားယွင်းသွားခဲ့လျှင် ဤနေရာသည် နတ်ဆိုးတစ်ထောင်ဂူ၏ အလယ်ဗဟို ဖြစ်တာကြောင့် အသက်လုထွက်ပြေးဖို့ပင် မဖြစ်နိုင်ပေ။

"ခင်ဗျား အနန္တအင်ပါယာတာအိုနန်းတော် ကျင့်စဉ်ကို မြင်ဖူးသလား။"

"သခင်ကြီးကို တင်ပြလိုတာက..."

ချောက်နက်ပင့်ကူဧကရာဇ်သည် အခြားနတ်ဆိုးများထက် သိသိသာသာဉာဏ်ပိုကောင်းပြီး စကားတစ်ခွန်းတည်းဖြင့်ပင် သခင်ဖြစ်သူ၏ အတွေးကို ခန့်မှန်းမိလိုက်၏။ "သခင်ကြီး ဒီကျင့်စဉ်ကို စတင် လေ့လာဖို့ အခက်အခဲရှိနေတာများလား။"

ရှန်းယီ၏တုံ့ပြန်မှုကို မစောင့်ဘဲ ၎င်းက အလျင်အမြန် ဆက်ပြောသည်။

"နန်ယန်ဂိုဏ်းက သိပ်ကို မောက်မာလွန်းတယ်။ သခင်ကြီးရဲ့အခြေအနေကို လုံးဝ ထည့်မတွက်ကြဘူး။ ဒီတာအိုနန်းတော်ကျင့်စဉ်ဆိုရင် အရင်ဆုံး ဝိညာဉ်ပင်လယ်ထဲမှာ ပုံရိပ်ယောင် တစ်ခု ဖန်တီးရပါတယ်။ အဲဒါက အခြေခံအုတ်မြစ်ပါပဲ။ ဒါပေမဲ့ ကျင့်စဉ်စာအုပ်ထဲမှာ အဲဒီအကြောင်း ရေးမထားလို့ သခင်ကြီးရဲ့အရေးကြီးကိစ္စတွေကို နှောင့်နှေးစေခဲ့တာပဲ။ နန်ယန်ဂိုဏ်းက အခါတစ်ထောင် သေသင့်တယ်။"

"..."

ရှန်းယီသည် တူညီသောခံစားချက်ကို နက်ရှိုင်းစွာ ခံစားလိုက်ရ၏။

မဟာချန်မင်းဆက် သိုင်းဘုံကျောင်းတွင် ရှိစဉ်ကတည်းက ဤကျင့်ကြံသူများသည် စကားကို မည်ကဲ့သို့ ကောင်းကောင်းပြောရမည်ကို မသိကြဘဲ အမြဲတမ်းတစ်ဝက်တစ်ပျက်သာပြောပြီး ကျန်သည့်အရာများကို ဖုံးကွယ်ထားတတ်သည်ဟု သူ ခံစားခဲ့ရသည်။

သူ ခေါင်းအနည်းငယ် ငြိမ့်လိုက်ပြီး "ကောင်းပြီ၊ ပုံရိပ်ယောင်ပုံဖော်ခြင်းကို ဘယ်လို ဖန်တီးရမလဲ။"

"သခင်ကြီးကို တင်ပြလိုတာက၊ ကျင့်စဉ်တွေ မတူညီတာနဲ့အမျှ သီးခြားနည်းလမ်းတွေမှာလည်း ကွဲပြားမှုတွေ ရှိပါတယ်။ ဥပမာ အနန္တအင်ပါယာတာအိုနန်းတော် ကျင့်စဉ်ဆိုရင် သာမန်ပြည်သူတွေကို တာအိုတရားဖြန့်ဝေပေးပြီး လူတိုင်းကို နဂါးတွေအဖြစ်ပြောင်းလဲစေပြီး အထွတ်အထိပ်တာအိုနန်းတော်ကို တည်ဆောက်တဲ့ သဘောတရားကို အလေးပေးပါတယ်။"

ချောက်နက်ပင့်ကူဧကရာဇ်က လေးနက်စွာ ရှင်းပြသည်။ "လောကီထဲကို နှစ်ပေါင်းတစ်ထောင်လောက်ဝင်ရောက်ပြီး သက်ရှိပုံသဏ္ဌာန် အားလုံးကို လေ့လာစောင့်ကြည့်မှသာ အနန္တအင်ပါယာတာအိုနန်းတော်ပုံရိပ်ကို ဖွဲ့စည်းနိုင်မှာပါ။"

"ကျွတ်။"

နှစ်ပေါင်းတစ်ထောင် ဆိုသည်ကို ကြားလိုက်ရသောအခါ ရှန်းယီ အလိုအလျောက်မျက်မှောင်ကြုတ်မိသွား၏။

သူနှင့် အခြားကျင့်ကြံသူများကြား နားလည်သဘောပေါက်နိုင်စွမ်း ကွာခြားမှုကို ဘေးဖယ်ထားလိုက်လျှင်ပက်၊ဘောင်ကွက်ထဲတွင် သူ ဝင်ရောက်လေ့လာနိုင်သော လောကီကမ္ဘာနှင့် တူသည့်အရာဟူ၍ ဘာမှမရှိပေ။

သူကိုယ်တိုင် လူ့လောကထဲ ဆင်းသွားရမည်လော။ သို့သော် သူကျင့်ကြံခဲ့သည်မှာ နှစ်နှစ်ခွဲမျှသာ ရှိသေးသည်။ နှစ်ပေါင်း တစ်ထောင်ဆိုသော အချိန်ကာလသည် အလွန်အမင်း ရှည်လျားလွန်းသည်။

အဝေးမှရေဖြင့် အနီးရှိမီးကို မငြှိမ်းနိုင်ဘူး ဆိုသလိုမျိုးပင်။

သူသည် ယခု ချက်ချင်းလိုအပ်နေပြီး နတ်ဆိုးတစ်ထောင်ဂူက သူ့ကိုအချိန်အများကြီး ပေးလိမ့်မည် မဟုတ်ပေ။

"ချောက်နက်ပင့်ကူ နားလည်ပါပြီ"

ချောက်နက်ပင့်ကူဧကရာဇ်သည် သခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုကို အာရုံခံမိပုံရပြီး ထပ်ပြော၏။

"ပုံရိပ်ယောင်ပြံဖော်ခြင်းဆိုတာက သိပ်ပြီး တင်းကျပ်တာမျိုးတော့ မဟုတ်ပါဘူး။ ပြန်စဉ်းစားကြည့်ပါ၊ သခင်ကြီးအနေနဲ့ ကျင့်စဉ်လွှဲပြောင်းပေးနိုင်မယ့် အထူးရင်းနှီးကျွမ်းဝင်တဲ့ သက်ရှိတစ်မျိုးမျိုးများ ရှိမလား... ဒါဆိုရင် အချိန်အများကြီး သက်သာသွားနိုင်ပါတယ်။"

သက်ရှိ၊ ကျင့်စဉ်။

ဤအယူအဆနှစ်ခု ပေါင်းစပ်သွားသောအခါ ရှန်းယီ၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားသည်။

သူ့ခန္ဓာကိုယ်ထဲမှာ အသင့်ရှိနေတာ မဟုတ်ဘူးလား။

လောကတွင် မဟာနတ်ဆိုးကိုးလုံးထက် ပိုသင့်တော်မည့်အရာ မရှိတော့ပေ။ သူသည် ဤနတ်ဆိုးများနှင့် ရိုးတွင်းခြင်ဆီအထိ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သလို၊ ကျင့်စဉ်လွှဲပြောင်းခြင်းနှင့် ပတ်သက်လျှင်လည်း သူတို့အားလုံးသည် မဟာနတ်ဆိုးကိုးပါးအသွင်ပြောင်းလဲခြင်း ကျင့်စဉ် မှတစ်ဆင့် အသွင်ပြောင်းခဲ့ကြသူများ ဖြစ်သည်။

"ဝင်လာခဲ့။"

ရှန်းယီသည် ချောက်နက်ပင့်ကူဧကရာဇ်ကို ဘောင်ကွက်ထဲသို့ ပေါ့ပေါ့ပါးပါးဖိထည့်လိုက်ပြီး နတ်ဆိုးသက်တမ်းများကို အသုံးပြုကာ စတင်ဆင်ခြင်တွေးခေါ်စေလိုက်သည်။

[ပထမနှစ်၊ သင်သည် သင့်ခန္ဓာကိုယ်ထဲရှိ မဟာနတ်ဆိုးကိုးပါးများကို လွှတ်ထုတ်လိုက်ရာ ၎င်းတို့သည် လေထဲတွင်လမ်းလျှောက်ပြီး ကောင်းကင်ယံ၌ နတ်ဆိုးများ သောင်းကျန်းနေသည့် ကြောက်မက်ဖွယ်မြင်ကွင်းကို ထင်ဟပ်စေခဲ့သည်။ ချောက်နက်ပင့်ကူဧကရာဇ်သည် အတော်လေး အံ့အားသင့်သွားပြီး သင်သာ စကားမပြောခဲ့လျှင် ဤအရာသည် တာအိုနန်းတော် ဖြစ်သည်ဟု ထင်မှတ်ပေလိမ့်မည်။]

[နှစ်ပေါင်း သုံးရာခြောက်ဆယ်၊ ချောက်နက်ပင့်ကူဧကရာဇ်၏အကူအညီဖြင့် သင်သည် နှစ်တစ်ထောင်လောကီအတွေ့အကြုံကို ကျော်လွှားခဲ့ပြီး သင့် ဝိညာဉ်ပင်လယ်အတွင်း၌ ပုံရိပ်ယောင်ကို ချောမွေ့စွာ စတင်တည်ဆောက်နိုင်ခဲ့သည်။ ၎င်းသည် အလွန်ရှည်လျားသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။]

ရှန်းယီ အသက်ရှူနှုန်းကို ချိန်ညှိလိုက်၏။

ဤအရာဟာ သူ၏ကျင့်ကြံခြင်း သက်တမ်းတစ်လျှောက်တွင် အခြားကျင့်ကြံသူများထက် ပိုပြီးထိရောက်မှုရှိသော ပထမဆုံးအကြိမ် ဖြစ်ပုံရသည်။

[နှစ်ပေါင်း လေးထောင့်သုံးရာ၊ သင်သည် သင့် ဝိညာဉ်ပင်လယ်အတွင်း၌ နတ်ဆ်ုးအသွင်ပြောင်းလဲခြင်းကျင့်စဉ်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီး ကျင့်စဉ်သည် ပုံမှန်မဟုတ်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။]

[ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် (ရတနာ)။ အနန္တအင်ပါယာနတ်ဆိုးနန်းတော် - အစပျိုးအဆင့်]

အမှန်တော့ ဘောင်ကွက်၏ အသိပေးချက် မလိုဘဲနှင့်ပင် ရှန်းယီသည် သူ၏ဝိညာဉ်ပင်လယ်ထဲတွင် သက်ဝင်လှုပ်ရှားနေသော နတ်ဆိုးကိုးကောင်ကို မြင်တွေ့နေရပြီ ဖြစ်သည်။

၎င်းတို့ တစ်ကောင်ချင်းစီသည် မတူညီသော ကိုယ်ဟန်အနေအထားများဖြင့် သူ၏နတ်ဝိညာဉ်ကို အလယ်တွင်ဝိုင်းရံလျက် တာအိုတရားကို အာရုံစိုက် နားထောင်နေပုံရသည်။

၎င်းသည် လောကပြင်ပမှပညာရှိတစ်ပါးက သားရဲအပေါင်းကို ဉာဏ်အလင်းပေးသနားနေသကဲ့သို့ပင်။

[နှစ်ပေါင်း တစ်သောင်းကိုးထောင်၊ သင်သည် အနန္တအင်ပါယာနတ်ဆိုးနန်းတော်၏ အခြေခံသဘောတရားကို အောင်မြင်စွာတိုးတက်စေခဲ့ပြီး ပထမဆုံးမန္တန်ဖြစ်သည့် နတ်ဆိုးအပေါင်းခစားခြင်းကို ကျွမ်းကျင်ရန် စတင်ကြိုးစားခဲ့သည်။ ထိုမန္တန်တွင် အနန္တအင်ပါယာနတ်ဆိုးနန်းတော်အတွင်းရှိ သဘာဝဝိညာဉ်စွမ်းအင် အားလုံးသည် နတ်ဆိုးစွမ်းအားများအဖြစ်ပြောင်းလဲသွားပြီး ၎င်းတို့ကိုယ်ပိုင် နိယာမတစ်ခု ဖြစ်လာသည်။]

ရှန်းယီသည် ဘောင်ကွက်ပေါ်မှ စိတ်အာရုံကို ခွာလိုက်၏။

လျင်မြန်သောအသိပေးချက်များအတွင်း သူသည် ပြောင်းလဲမှုကိုပါ သိမြင်လိုက်သည်။

သူ၏ နတ်ဘုရားစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံခြင်းဖြင့် သူသည် မိုင်တစ်ရာပတ်လည်အတွင်းရှိ သဘာဝဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်သည်။

ယခင်က ၎င်းတို့သည် မန္တန်၏အမိန့်ကို နာခံပြီး နည်းစနစ်အမျိုးမျိုးအဖြစ် ပေါင်းစည်းသွားကြသည့် ရည်ရွယ်ချက်မဲ့လှည့်လည်သွားလာနေသူများနှင့် တူသည်။

သို့သော် ယခုအချိန်တွင်မူ ရှန်းယီသည် ၎င်းတို့အား အသက်သွင်းလိုက်သကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

သူသည် ထိုလှည့်လည်သွားလာနေသူများကို အသိစိတ်ရှိသောသက်ရှိများအဖြစ် စုစည်းလိုက်ပြီး ဆယ်ကိုက်ပတ်လည်အတွင်း ပြည့်ကျပ်နေစေသည်။

"ဒါက တာအိုနန်းတော်လား။"

ရှန်းယီ ခေတ္တမျှ မှင်သက်သွား၏။ သူ၏ အာရုံခံစားမှုထဲတွင် ဤဆယ်ကိုက်ပတ်လည်သည် မိုးနှင့်မြေမှ ကွဲထွက်သွားပြီး ပတ်ဝန်းကျင်နှင့် သီးခြားဖြစ်နေသော နယ်မြေတစ်ခု ဖြစ်လာသကဲ့သို့ပင်။

ထို့အပြင် နတ်ဆိုးသက်တမ်း ကုန်ဆုံးသွားသည်နှင့်အမျှ ဤနေရာသည် တဖြည်းဖြည်းဆက်လက် ကျယ်ပြန့်လာသည်။

ဆယ့်ခြောက်ကိုက်ခန့် ရောက်သည့်အချိန်ကျမှသာ ပြောင်းလဲမှု ရပ်တန့်သွား၏။

[နှစ်ပေါင်း သုံးသောင်းတစ်ထောင်၊ သင်သည် နတ်ဆိုးအပေါင်းခစားခြင်း မန္တန်ကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီး ဒုတိယမြောက်မန္တန်ကို ကျွမ်းကျင်ရန် စတင် ကြိုးပမ်းခဲ့သည်။ သို့သော် တာအိုနန်းတော်၏သန္ဓေသားပုံစံမှာ အလွန် သေးငယ်လွန်းကြောင်းနှင့် ရှေ့ဆက်ရမည့် လမ်းဆုံးသွားပြီ ဖြစ်ကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်...]

[ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် (ရတနာ)။ အနန္တအင်ပါယာနတ်ဆိုးနန်းတော် - အခြေခံအဆင့်]

[လက်ကျန် နတ်ဆိုးသက်တမ်း - နှစ်ထောင်]

"..."

ရှန်းယီသည် ဘောင်ကွက်ကို ဖျောက်လိုက်ပြီး ဤကမ္ဘာကြီးကို မော့ကြည့်လိုက်၏။

ယခုအခါ သူ့တွင် ကိုယ်ပိုင် သီးသန့်နယ်ပယ်တစ်ခု ရှိနေပြီဟု ခံစားလိုက်ရသည်။

ဤအရာဟာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း၏ အငွေ့အသက်လော။

ရှန်းယီ၏စိတ်ခံစားမှုတွင် ပြောင်းလဲမှု မရှိသော်လည်း ရှင်းပြ၍မရသော လောဘတစ်ခုသည် သူ၏ နှလုံးသား နက်ရှိုင်းရာမှ ထွက်ပေါ်လာသည်။

၎င်းသည် ပိုမိုသိမ်းပိုက်လိုသော ကျင့်ကြံသူတစ်ဦး၏ ဗီဇစိတ်မှ မြစ်ဖျားခံလာပုံရသည်။

သူသည် တာအိုနန်းတော်ကို အလိုအလျောက် စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်လာသော်လည်း ပတ်ဝန်းကျင်ကိုအကဲခတ်ပြီးနောက် ထိုစိတ်ကူးကို စွန့်လွှတ်လိုက်၏။

ယခုအချိန်တွင် တန်ဖိုးကြီးဆေးဝါးများကို အရင် စုဆောင်းပြီးမှထွက်ခွာရန်အတွက် အခွင့်အရေး ရှာသည်ကအကောင်းဆုံးဖြစ်မည်။

All Chapters