ပင့်ကူဧကရာဇ် ကျဆုံးခြင်း
Vol. 39 Ch. 382
နတ်ဆိုးတစ်ထောင်ဂူ အတွင်း၌ထိပ်တန်း နတ်ဆိုးဧကရာဇ်ဆယ်ပါးထဲမှ တစ်ပါးကို သတ်ဖြတ်ခြင်း။
ရှန်းယီသည် ဤတာဝန်၏ အန္တရာယ်ကြီးမားပုံကို မည်သူ့ထက်မဆို ပိုသိသည်။
သို့သော် သူ ပို၍ရှင်းရှင်းလင်းလင်း သိထားသည်မှာ သူ၏ခြင်္သေ့အသွင်အပြင်ဖြင့်ရုပ်ဖျက်ထားမှုသည် နတ်ဆိုးတစ်ထောင်ဂူအတွင်း အကန့်အသတ်သို့ ရောက်ရှိနေပြီ ဆိုသည်ကိုပင်။
ယခုမှစ၍တစ်စုံတစ်ခု ရရှိလိုလျှင် လူသားကျင့်ကြံသူတစ်ဦး၏ အသက်နှင့် လဲလှယ်ရမည်မှာ မလွဲမသွေလိုအပ်ချက်တစ်ခု ဖြစ်လာသည်။
သူသည် နတ်ဆိုးအဖြစ် ဟန်ဆောင်နေခြင်းသာ ဖြစ်ပြီး စစ်မှန်သော နတ်ဆိုးတစ်ကောင် ဖြစ်လာရန် ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ပေ။
ယခု သူသည်ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခုကို ရယူရမည်။
အဆိုးဆုံး အခြေအနေရောက်သွားပြီး ဤဝိသေသလက္ခဏာပျက်စီးသွားခဲ့လျှင်ပင် သူ့တွင် ယိုဝေနတ်ဆိုးဧကရာဇ်၏ အသွင်အပြင်ကို အသုံးပြုရန် ရှိသေးသည်။
ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီး ဆယ်ပါးထဲမှ တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့ခြင်းသည် တည်သို့ပင် ဖြစ်စေ တန်နေသေး၏။
သွေးနီရောင်မှင်ရည်များသည် လင်းရှီနှင့် ချောက်နက်ပင့်ကူဧကရာဇ်တို့၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။
ထို့နောက် ၎င်းတို့သည် ပင့်ကူဧကရာဇ်အပေါ်သို့ တိတ်တဆိတ် ကျရောက်သွား၏။
တစ်ခဏအတွင်း အသားများ ပွက်ပွက်ဆူလာသည့် အသံများထွက်ပေါ်လာပြီး ထိပ်တန်းအဆင့် နတ်ဆိုးခန္ဓာကိုယ်ကြီးသည် တိုက်ရိုက် ပွက်ပွက်ဆူလာသည်။
နီးရဲပူပြင်းနေသောသံပူဖြင့် ကပ်လိုက်သကဲ့သို့ သွေးနီရောင်မှင်ရည်များသည် ခန္ဓာကိုယ်ပေါ်တွင် အကွက်လိုက် ဖြစ်ပေါ်လာ၏။
"အား အစီအရင်ခင်းတဲ့ကောင်ကို သတ် သူ့ကို သတ်"
ချောက်နက်ပင့်ကူဧကရာဇ်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေကြီးပေါ်တွင် လူးလိမ့်နေသည်။
ဤကြောက်မက်ဖွယ်မြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရှီ ခေတ္တမျှကြောင်အမ်းသွားပြီး သူမ၏အမြင်တွင် အစီအရင်ခင်းကျင်းသူမှာ... ထိုခြင်္သေ့ ဖြစ်နေပုံရသည်ကို သတိထားမိလိုက်သည်။
သူမ၏ဂျူနီယာမောင်လေး အရင်က ပြောဖူးသည်ကို ရုတ်တရက်သတိရသွားသည်။
ဤခြင်္သေ့သည် ရည်မှန်းချက်ကြီးပြီး နတ်ဆိုးအချင်းချင်းပြန်သတ်ရန်အတွက် ကျင့်ကြံသူများကို အသုံးချတတ်သည့်အကျင့်ရှိပုံရပေ၏။
ထားလိုက်တော့ တစ်ကောင်သတ်ရရင်လည်း အမြတ်ပဲ။
လင်းရှီ ရုတ်တရက် အသိဝင်လာ၏။ ပြီးခဲ့သည့်တစ်ကြိမ်က သူမခဏတာ အာရုံလွင့်ခဲ့သောကြောင့် သူမ၏ဂိုဏ်းတူမောင်နှမများ သေဆုံးခဲ့ရသည်မဟုတ်လော။
သူမအနေနှင့် အမှားတစ်ခုတည်းကို နှစ်ခါပြန်မလုပ်နိုင်ပေ။
"တိမ်တိုက်ပင်လယ်နင်းခြေတံဆိပ်တော်"
အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီ၏ လက်နှစ်ဖက်သည် မန္တန်ဖွဲ့စည်းရင်း တစ်ပြိုင်နက် လှုပ်ရှားလိုက်၏။
ဝိညာဉ်အလင်းရောင်များ ထပ်မံတောက်ပလာပြီး လေးလံသော တံဆိပ်တော်ကြီး ပေါ်ထွက်လာကာ ပင့်ကူဧကရာဇ်အပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ပင့်ကူဧကရာဇ် ရှောင်တိမ်းလိုက်စဉ်မှာပင် နောက်ထပ် သွေးနီရောင်မှင်ရည်တစ်ကြောင်းသည် ၎င်းဆီသို့ တိုးဝင်လာပြီး နေရာတွင် မြဲမြံစွာ ချုပ်နှောင်လိုက်၏။
ဝိညာဉ်တံဆိပ်တော်သည် ပင့်ကူဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ ယထိုးဖောက်ဝင်ရောက်သွားပြီး ပူလောင်နေသော နတ်ဆိုးသွေးများကို မွှေနှောက်ကာ အတွင်း၌ပေါက်ကွဲသွားလေ၏။
အခြားတစ်ဖက်တွင် သွေးနီရောင်မှင်ရည်များ လွင့်စဉ်ထွက်လာသည်။
ကြီးမားသော ခန္ဓာကိုယ်ဖြင့် ချောက်နက်ပင့်ကူဧကရာဇ်သည် မြေပြင်ပေါ်တွင် လူးလိမ့်သွားပြီး ပေ ၁၀၀ ခန့်မြင့်သော မိုးကြိုးရည်များကို လွယ်ကူစွာပင် လှုပ်ခတ်သွားစေသည်။
"..."
အစစ်အမှန်ပုဂ္ဂိုလ်လင်းရှီသည် ကပျာကယာ ရှောင်တိမ်းလိုက်၏။
သို့သော် ပင့်ကူဧကရာဇ်သည် ပြင်းထန်စွာဒဏ်ရာရနေသော်လည်း အခွင့်အရေးကို အရယူကာ စေးကပ်သော ပင့်ကူမျှင်များကို ထွေးထုတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို တိုက်ရိုက် ရစ်ပတ်လိုက်သည်။
"ရွှမ်း"
မိုးကြိုးစွမ်းအင်များက လင်းရှီကို ဝါးမြိုသွားသည်ကိုကြည့်ရင်း ချောက်နက်ပင့်ကူဧကရာဇ်သည် တစ်ကိုယ်လုံးတုန်ရီနေပြီး ဒဏ်ရာများကို ပင့်ကူမျှင်ဖြင့် ပတ်စည်းကာ ရှန်းယီဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းကိုး..."
သူဦးနှောက်မရှိသည်အထိ မတုံးအပေ။
လင်းရှီနှင့် ဤမျှအထိ အချိတ်အဆက်မိမိ ပူးပေါင်းနိုင်သည်သူမှာ ဤအခင်းအကျင်း၌သာ ရှိနေသည့်သာဖြစ်ရမည်။
"မင်းသေပြီ... မင်းတော့ သွားပြီ..."
ချောက်နက်ပင့်ကူဧကရာဇ်သည် ယိုင်နဲ့စွာဖြင့် မတ်တပ်ရပ်လိုက်သည်။ ကျင့်ကြံသူကို အသုံးပြုပြီး သူ့ကိုရှင်းထုတ်ဖို့ ကြံစည်တာ၊ ရည်မှန်းချက်မှာ ကြီးမားပြီးအလွန်ရက်စက်ပေ၏။
သူအသက်လျက်ဖြင့် ဤနေရာကနေ ထွက်သွားရမည်။
သွေးနီရောင်မှင်ရည်များက သူ့ကို ဆက်လက် ရိုက်နှိပ်နေ၏။
ချောက်နက်ပင့်ကူဧကရာဇ်သည် ကိုယ့်ကိုယ်ကိုယ် ပင့်ကူမျှင်များဖြင့်ရစ်ပတ်ကာ ခုခံရင်း အစီအရင်ကို ဖျက်ဆီးရန် စိတ်ကို စုစည်းလိုက်သည်။
သံစုတ်တံငွေချိတ်အစီအရင်၊ သူ ဤအရာကို ယခင်က မြင်ဖူးပေသည်။
အကုန်လုံးကိုမမှတ်မိတော့ပေမဲ့ အချိန်အလုံအလောက်ရလျှင် ထောင်ချောက်ထဲမှ လွတ်ရန်မခက်ခဲပေ။
"ဒီအစီအရင်ကြီးကို မင်းဘယ်လို သင်ယူခဲ့လဲဆိုတာ ဒီဧကရာဇ်မသိပေမဲ့၊တစ်ခုတော့ မှတ်ထားလိုက်၊ အခု မင်းလုပ်သမျှ လှုပ်ရှားမှုတိုင်းကို..."
ချောက်နက်ပင့်ကူဧကရာဇ်သည် ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း ထွက်ပေါက်ကို အားနည်းစွာ ရှာဖွေနေသည်။ သို့သော် ၎င်း၏ အသံတွင်အကန့်အသတ်မဲ့သော အမုန်းတရားများ ပြည့်နှက်နေ၏။
"ဒီဧကရာဇ်ပြန်လာခဲ့ရင် မင်းထာဝရမလွတ်မြောက်နိုင်အောင်အတိုးချပြီး ပြန်ပေးဆပ်စေရမယ်"
"..."
ရှန်းယီသည် ဂရုမစိုက်သလို လက်ကို ဝှေ့ယမ်းလိုက်ပြီး သွေးနီရောင်မှင်ရည်နှစ်ကြောင်းကို ထပ်မံ ပစ်လွှတ်လိုက်သည်။
အစီအရင်စတင်ချိန်မှ ယခုအထိ အသက်ရှူချိန် ရာဂဏန်းမျှသာ ကြာမြင့်သေးသော်လည်း သူသည် ပင့်ကူဧကရာဇ်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး သေလုမျောပါး ဖြစ်စေခဲ့သည်။
သံစုတ်တံငွေချိတ်အစီအရင်သည် ဟင်းလင်းလျှောက်လှမ်းခြင်းအဆင့် အစီအရင်ဟူသော အမည်နာမနှင့် ထိုက်တန်လှပေ၏။
အကယ်၍ တားမြစ်အစီအရင်သာ ထပ်ပေါင်းထည့်လိုက်လျှင် ဟင်းလင်းပြင်အဆင့် အောက်ရှိသူ မည်သူမဆို အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။
သို့သော် ဤပင့်ကူ၏ဗဟုသုတ ကြွယ်ဝမှုသည် ရှန်းယီ မျှော်လင့်ထားသည်ထက် အနည်းငယ် ကျော်လွန်နေ၏။
သူသည် မိုးကြိုးရေကန်ကို စိုက်ကြည့်ရင်း ခဏမျှ စဉ်းစားလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်မှ စူးရှသော အသံများ ထပ်မံ ထွက်ပေါ်လာသည်။
"အား အား"
ဝိညာဉ်အလင်းရောင်များတောက်ပလျက် ပုံရိပ်တစ်ခုသည် မည်သည့် မန္တန်မျှမရွတ်ဖတ်တော့ဘဲ မိုးကြိုးရေကန်ထဲမှ ခုန်ထွက်လာသည်။ သူမသည် ပင့်ကူဧကရာဇ်အပေါ်သို့ ရက်စက်စွာ ခုန်အုပ်လိုက်ပြီး ခေါင်းပေါ်ရှိအမွေးအမျှင်များကို ဆွဲဆောင့်လိုက်၏။
ဝိညာဉ်စွမ်းအင် အကူအညီဖြင့် သူမသည် ကြီးမားသောပင့်ကူကြီးကို တစ်ဖက်သို့ လှန်ပစ်လိုက်နိုင်သည်အထိ ဖြစ်သွားသည်။
ဓားသွားကဲ့သို့ ထက်ရှသော သူမ၏ လက်များသည် ပင့်ကူဧကရာဇ်၏မျက်လုံးများကို ရက်စက်စွာထိုးဖောက်လိုက်ရာ ထူထဲပြီး အနံ့ဆိုးသောပြည်ရည်များ ပန်းထွက်လာသည်။
သူမသည် ကိုယ့်ကိုယ်ကိုယ် ထိုအထဲတွင် မြှုပ်နှံပစ်ချင်နေသကဲ့သို့ပင်။
"မင်းလို ကောင်မစုတ်..."
ချောက်နက်ပင့်ကူဧကရာဇ်သည် သူ ရှာဖွေတွေ့ရှိခါစထွက်ပေါက်လမ်းကြောင်းကို စိုက်ကြည့်ရင်း ဒေါသတကြီးဖြင့် ပင့်ကူခြေထောက်များကို ရုပ်သိမ်းကာ လင်းရှီ၏ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး လေထဲသို့ မြှောက်တင်လိုက်သည်။
စုတ်ပြဲသံနှင့်အတူ သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ ပြတ်ထွက်သွား၏။
ထို့နောက် ပြင်းထန်စွာလွှဲရိုက်လိုက်ပြီး ကျန်ရှိသော အပိုင်းအစများကို မိုးကြိုးရေကန်ထဲသို့ ပစ်ချလိုက်သည်။
"ဘုန်း"
လင်းရှီသည် မိုးကြိုးရေကန်ထဲတွင် လက်တစ်ဖက်ဖြင့် ယက်ကန်ယက်ကန်လုပ်နေသည်။ သူမ၏ မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး ပြန်တက်လာကာ ထပ်မံတိုက်ခိုက်ရန် စိတ်အားထက်သန်နေပုံရသည်။
ယခု သူမတွင် အတွေးတစ်ခုတည်းသာ ရှိသည်။
ထိုအရာကတော့ သူမဟာ အသုံးမကျသည့်သူ မဟုတ်ကြောင်း သက်သေပြဖို့ပင်။
"ဝုန်း"
ပင့်ကူဧကရာဇ်သည် ရုတ်တရက်ခုန်ထွက်လိုက်ပြီး သံစုတ်တံငွေချိတ်မဟာအစီအရင်၏ ဖွဲ့စည်းပုံကို စိတ်ထဲတွင် အသည်းအသန် ရှာဖွေနေ၏။
သေရေးရှင်ရေး အခြေအနေတွင် ဉာဏ်အလင်းတစ်ချက် ပွင့်သွားပုံရသည်။
၎င်းသည် နေရာတစ်ခုကိုအံ့သြစွာ ကြည့်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ထိုနေရာသို့ ခုန်ထွက်လိုက်သည်။
"ဟွန့်။"
ရှန်းယီ၏မျက်လုံးများ ပိုမို နက်ရှိုင်းသွား၏။
အသက်ငွေ့ငွေ့သာ ကျန်တော့သော မဟာနတ်ဆိုးဧကရာဇ်ကိုကြည့်ရင်း သူ ရုတ်တရက် နေရာမှ ပျောက်ကွယ်သွားသည်။
ဝုန်း
သူ၏ ကြွက်သားအပြည့်ဖြင့် ခန္ဓာကိုယ်ကြီးသည် မတ်မတ်ရပ်လိုက်ပြီး သန်မာသော လက်မောင်းများဖြင့် ပင့်ကူဧကရာဇ်၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
လည်ဆံမွေးများအောက်တွင် သူ၏ရွှေရောင်မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
"ဒီဧကရာဇ်အတွက် မင်းနေရာမင်း ပြန်သွားစမ်း"ရှန်းယီ၏ခန္ဓာကိုယ်ထဲတွင် နတ်ဆိုးကိုးပါး၏သံပြိုင်ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး သန်မာသော နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။
နောက်ဆုံးတွင် သူသည် ချောက်နက်ပင့်ကူဧကရာဇ်ကို ကိုက်အနည်းငယ်ခန့် နောက်သို့ တွန်းထုတ်လိုက်နိုင်လေသည်။
တစ်ချိန်တည်းမှာပင် သွေးနီရောင်မှင်ရည်များသည် လေထဲတွင် သတ် ဟူသော စာလုံးအဖြစ် ပေါင်းစည်းသွားပြီး ပင့်ကူဧကရာဇ်၏ကျောပေါ်သို့ ထပ်မံ ကျရောက်သွား၏။
"မင်းက ဝင်လာရဲသေးတယ်ပေါ့"
တစ်ခုခုကိုကြိုသိနေသကဲ့သို့ ပင့်ကူဧကရာဇ်သည် ပျက်စီးနေသောမျက်လုံးများဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ "ဒီဧကရာဇ် သေရင်တောင် မင်းကရော ဘာအခွင့်အရေးနဲ့အသက်ရှင်မှာလဲ"
ပင့်ကူခြေထောက် အများအပြား ထပ်မံ ထိုးထွက်လာသည်။
ရှန်းယီသည် ထိုခြေထောက်များ သူ့နှလုံးနှင့် ဝမ်းဗိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်ကို ကြည့်နေသော်လည်း ရန်သူ၏လက်မောင်းရှည်ကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင်။
နတ်ဘုရားစိတ်ဝိညာဉ်အစောပိုင်းအဆင့်ဖြင့် သူသည် နတ်ဘုရားစိတ်ဝိညာဉ် ပြီးပြည့်စုံခြင်းအဆင့် မဟာနတ်ဆိုးဧကရာဇ်ကို အတင်းအဓမ္မသတ်ဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
သူ့ထံ၌ ဤအခွင့်အရေး တစ်ခုသာ ရှိ၏။
သွေးနီရောင် သတ် စာလုံးသည် ပင့်ကူဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ စွဲထင်သွားပြီး ၎င်းကို ကြိတ်ချေလုနီးပါးဖြစ်သွားသည်။
ရှန်းယီသည် တွန့်ဆုတ်ခြင်းမရှိဘဲ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ လက်နှိုက်လိုက်ကာ နတ်ဆိုးအမြုတေကို အားကုန် ဆွဲထုတ်လိုက်၏။ ၎င်းပေါ်ရှိ နတ်ဆိုးသွေးများကိုသုတ်ပစ်ရန်ပင် အချိန်မရဘဲ ပါးစပ်ထဲသို့ထည့်ကာ မျိုချလိုက်သည်။
အောက်တွင် ကြောက်မက်ဖွယ် ဒဏ်ရာများဟုထင်ရသော်လည်း တကယ်တမ်းတွင် အမွေးအမျှင်လေးတစ်ချောင်းပင် ထိခိုက်ခြင်း မရှိပေ။
သို့သော် ဝတ်ရုံသည် ရှန်းယီ၏အခြေခံစွမ်းအင်ကို အားကုန်စုပ်ယူနေပြီး တစ်ခဏအတွင်း ကုန်ခမ်းလုနီးပါး ဖြစ်စေသည်။
နတ်ဆိုးအမြုတေလည်ချောင်းထဲ ရောက်သွားပြီး သန်မာသော နတ်ဆိုးစွမ်းအားများ ပြန်လည် ဖြည့်တင်းပေးမှသာ ဤအခြေအနေမှ တိုးတက်လာလေသည်။
"ဝုန်း"
လင်းရှီသည် ပင့်ကူဧကရာဇ်၏ခန္ဓာကိုယ် လဲကျသွားသည်ကို မျက်လုံးပြူးကာ ကြည့်နေမိသည်။
သူမ မျက်လုံးများကို ပြူးကျယ်လျက် မိုးကြိုးရေကန်ထဲမှရုန်းကန်ထွက်လာပြီး သိုလှောင်ရတနာ ထဲမှ ကျောက်စိမ်းဖြူ ဓားရှည်တစ်ချောင်းကို ထုတ်ကာ လက်ထဲတွင်တင်းတင်းဆုပ်ကိုင်လိုက်၏။
ထို့နောက် လဲကျနေသော ပင့်ကူဧကရာဇ်၏ အလောင်းဆီသို့ ရုန်းကန်သွားလိုက်သည်။
အောင်မြင်ဖို့ နီးစပ်နေပြီ။နောက်ထပ် ခြေလှမ်းတစ်လှမ်းပဲ လိုတော့တယ်... အဲဒီခြင်္သေ့ကို သတ်ဖို့။
"ငါ့အတွက် သေလိုက်စမ်း"
သူမ စူးရှစွာအော်ဟစ်လိုက်ချိန်တွင် ပင့်ကူဧကရာဇ် အလောင်းပေါ်တွင် စကားမပြောနိုင်လောက်အောင် ဖြစ်နေသောခန့်ညားသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။
သွေးစွန်းနေသော ဆံပင်နက်များသည် အနည်းငယ် လွင့်ပျံနေသည်။
သူ၏ကြည်လင်သော မျက်လုံးများတွင် မောပန်းနွမ်းနယ်မှု အရိပ်အယောင်များ ရှိနေ၏။
"ဘုန်း"
ရှန်းယီသည် လင်းရှီ၏ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ မြေကြီးထဲစိုက်ဝင်သွား၏။ သူမလက်ထဲမှဓားရှည်ကို လွှင့်ပစ်လိုက်ပြီး မြေကြီးပေါ်တွင် ပြန်လှဲချကာပြင်းပြင်းထန်ထန် အသက်ရှူရင်း တိုးတိုးလေး မေးလိုက်သည်။
"မသွားသေးဘူးလား။"
လင်းရှီသည် သူမ၏ခေါင်းကို မြေကြီးထဲမှ ဆွဲထုတ်ပြီး ပြန်ကြည့်လိုက်ရာ ထို ခန့်ညားသော လူငယ်လေး ကိုမတွေ့တော့ပေ။ သူမရှေ့တွင် ရက်စက်ကြမ်းကြုတ်သော ခြင်္သေ့ဧကရာဇ်၏ ပုံရိပ်ကိုသာ တွေ့ရပြန်သည်။
"အာ..."
သူမ ဇဝေဇဝါဖြင့် ခေါင်းခါလိုက်၏။
စောစောက ကြားလိုက်ရတဲ့ စကားတွေက စိတ်ထင်တာပဲ ဖြစ်လိမ့်မယ်။
ဟုတ်တယ်၊ သေချာပေါက်... သွားရမယ့်အချိန်ပဲ။
သူမ ခြင်္သေ့ဧကရာဇ်၏မျက်နှာကို ပြန်ကြည့်လိုက်သော်လည်း အစောပိုင်းက မြင်လိုက်ရသော ခန့်ညားသည့် မျက်နှာနှင့် ဆက်စပ်၍ မရတော့ပေ။
"..."
ရှန်းယီ သက်ပြင်းချလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို ဖမ်းဆွဲကာ အပြင်သို့ ပစ်ထုတ်လိုက်လေ၏။
ဒီလောက် တုံးအတာတောင် ဒီကျင့်ကြံခြင်းအဆင့်ကို ဘယ်လိုရောက်လာပါလိမ့်။
အားလုံးပြီးစီးသွားသောအခါ နတ်ဆိုးအမြုတေ လုံးဝကုန်ဆုံးသွားမှသာ ရှန်းယီသည် နန်ယန်အသွင်ပြောင်းကျင့်စဉ်ကို အသုံးပြုပြီး ဒဏ်ရာများကို ပြုပြင်ရန်အားအင် ရှိလာသည်။
သူသည် ပင့်ကူခြေထောက်ဖြင့် ထိုးဖောက်ခံထားရသောဒဏ်ရာအားလုံးကို ဝိညာဉ်တံဆိပ်တော်နှင့် ဓားဒဏ်ရာများအဖြစ် ပြောင်းလဲလိုက်၏။
ထို့နောက် သက်သောင့်သက်သာရှိသော အနေအထားတစ်ခုကိုရှာကာ ခေါင်းကို စောင်းပြီး သေချင်ယောင် ဆောင်လိုက်လေတော့သည်။