← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 17 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 17 Ch. 227-228

အခန်း (၂၂၇) - လက်ဦးမှုယူကာ အသာစီးရယူခြင်း၊ ဝူမိသားစု ကျင့်ကြံသူကို လုပ်ကြံခြင်း (အပိုင်း ၂)

"အကယ်၍ ငါ့ရဲ့ သရုပ်မှန်သာ ပေါ်သွားရင် ဝူမိသားစုက ငါ့ကို သတ်ဖို့ အင်အားအပြည့်နဲ့ ရောက်လာကြမှာပဲ"

ကျန်းဖန်သည် အကောင်းဆုံး ရွေးချယ်မှုကို သိရှိနိုင်ရန် အတွက် သူ၏ နိမိတ်ဖတ်အင်းကို တိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။

ဝူမိသားစုကို သူကိုယ်တိုင် လက်ဦးမှုယူပြီး တိုက်ခိုက်သင့်သလား၊ သို့မဟုတ် ဆင်းရဲသားရပ်ကွက်မှ ခေတ္တရှောင်တိမ်းသွားသင့်သလား၊ သို့မဟုတ် သူတို့၏ ငွေညှစ်မှုများကို သည်းခံနေသင့်သလား။

"လက်ဦးမှုယူ တိုက်ခိုက်ခြင်း - ကံကောင်းခြင်း အနည်းငယ်"

"ခေတ္တရှောင်တိမ်းခြင်း - ကံဆိုးခြင်း အနည်းငယ်"

"ငွေညှစ်မှုကို သည်းခံခြင်း - ကံဆိုးခြင်း အနည်းငယ်"

ကျန်းဖန်၏ တန်းထျန် အတွင်းရှိ နိမိတ်ဖတ်အင်းမှာ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သတင်းစကားတစ်ခု ပေးပို့လာခဲ့သည်။

"ဘာ..."

"သည်းခံတာလည်း မဖြစ်ဘူး၊ ရှောင်တိမ်းတာလည်း မရဘူးလား။ လက်ဦးမှုယူပြီး တိုက်ခိုက်တာကမှ အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်နေတာလား"

ကျန်းဖန်၏ မျက်လုံးများထဲတွင် ထိုးထွင်းသိမြင်မှုများ ပေါ်လာသည်။

ဤရလဒ်က သူ့ကို အံ့အားသင့်စေခဲ့သော်လည်း နိမိတ်ဖတ်အင်း၏ ပြသမှုအရ လက်ဦးမှုယူ တိုက်ခိုက်ခြင်းကသာ ပြဿနာများကို လျော့နည်းစေမည် ဖြစ်သည်။ အကယ်၍ သူသာ ငြိမ်ခံနေလျှင် ရန်သူက သူ့ကို အလွယ်တကူ ဗိုလ်ကျ၍ရသော သားကောင်ဟု အထင်မှားသွားပေလိမ့်မည်။

"ဝူမိသားစုက အခုလောလောဆယ် အပြင်ပန်းသာ ဟန်ကြီးနေတာ ဖြစ်နိုင်တယ်။ ငါသာ သူတို့ကျင့်ကြံသူတွေကို လက်ဦးမှုယူပြီး သတ်ပြလိုက်ရင် သူတို့ကို ခြောက်လှန့်ပြီးသား ဖြစ်သွားလိမ့်မယ်"

ကျန်းဖန်က မျက်လုံးကို မှေးကာ တွေးလိုက်မိသည်။ ထိုအခိုက် သူ၏ ကိုယ်ပေါ်မှ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ အေးစက်စွာ ထွက်ပေါ်လာတော့သည်။

ယွန်လိုင်းမြို့၊ ဆင်းရဲသားရပ်ကွက် အတွင်းရှိ လမ်းမထက်တွင် ဝူမိသားစု ကျင့်ကြံသူ ခုနစ်ဦး ပါဝင်သော အဖွဲ့တစ်ဖွဲ့မှာ လှည့်ကင်းလှည့်နေကြသည်။

သူတို့သည် ခုနကတင် လေလွင့်ကျင့်ကြံသူ မိသားစုတစ်ခုထံမှ ငွေညှစ်ခဲ့ကြပြီးနောက် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအိမ်အတွင်းမှ နာကျင်စွာ အော်ဟစ်သံများမှာ လမ်းမပေါ်အထိ ပျံ့လွင့်နေ၏။

လမ်းမပေါ်ရှိ အခြားသော ကျင့်ကြံသူများမှာမူ ကြောက်ရွံ့စိတ်ဖြင့် ဝူမိသားစုဝင်များနှင့် မတိုးအောင် ရှောင်တိမ်းနေကြရသည်။ သို့သော် ထိုသူများကြားတွင် လူတစ်ဦးမှာမူ ဝူမိသားစု အဖွဲ့နောက်သို့ တိတ်တဆိတ် လိုက်ပါနေခဲ့သည်။

၎င်းမှာ ကျန်းဖန်ပင် ဖြစ်သည်။

ကျန်းဖန်သည် ပြီးပြည့်စုံသောအဆင့် ရှိသည့် အရှိန်အဝါဖျောက်အင်းကို အသုံးပြုကာ အရိပ်ထဲ၌ ပုန်းကွယ်နေသည်။

သူသည် အမဲလိုက်ရန် ပြင်ဆင်နေသော သစ်ကျားတစ်ကောင်ကဲ့သို့ အခွင့်ကောင်းကို စောင့်ဆိုင်းနေ၏။ သူ၏ တည်ရှိမှုကို ပတ်ဝန်းကျင်ရှိ မည်သူမျှ သတိမထားမိကြပေ။

"တောက်... ဒီအကောင်တွေကတော့ တကယ် အသုံးမကျတာပဲ"

"ဝိညာဉ်ကျောက်တုံးလေး နည်းနည်းပါးပါး ပေးဖို့ ပြောတာကို၊ အဲဒါကို အကြောင်းပြချက်တွေ ပေးပြီး ရှောင်နေကြတယ်" ဟု ဝူမိသားစုဝင် လူငယ်တစ်ဦးက မကျေမနပ် ဆဲဆိုလိုက်သည်။

သူသည် လေလွင့်ကျင့်ကြံသူ များကို လူဟုပင် သတ်မှတ်ထားပုံမရပေ။

"တော်စမ်းပါ... အဲ့ဒီအကောင်တွေကို ဒေါသထွက်မနေနဲ့။ အခု ငါတို့အတွက် အရေးကြီးဆုံးက ဝူဖုန်းနဲ့ ဝူဟွေးကို သတ်သွားတဲ့ တရားခံကို ရှာဖို့ပဲ။ အဲဒါက ဝူမိသားစုရဲ့ နံပါတ်တစ် ဦးစားပေးပဲ" ဟု အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူက သတိပေးလိုက်သည်။

"တရားခံ ရှာရမယ် ဟုတ်လား။ ဘယ်လိုလုပ် ရှာမှာလဲ။ ဘယ်သူမှန်းတောင် မသိတာကို။ အဲဒီလူက မြို့ကနေ ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တာပဲ။ အခု ငါတို့ လုပ်နေတာက သမုဒ္ဒရာထဲမှာ အပ်ရှာနေသလိုပဲ။ အဲဒီတော့ ဒီကြားထဲမှာ ကိုယ့်အတွက် ကျင့်စဉ်စရိတ်လေး ရအောင် ငွေညှစ်တာကမှ ပိုအကျိုးရှိဦးမယ်" ဟု အခြားတစ်ဦးကလည်း ဆိုလိုက်သည်။

အမှန်တကယ်ပင် ဝူမိသားစု ကျင့်ကြံသူအားလုံးမှာ ထိုသို့ပင် တွေးတောနေကြခြင်း ဖြစ်သည်။

ဝူမိသားစု၏ အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူမှာ အိုမင်းမစွမ်း ဖြစ်နေပြီဖြစ်ရာ မျိုးနွယ်စုကြီး ပြိုကွဲမသွားစေရန် ပတ်ဝန်းကျင်ကို ခြောက်လှန့်ပြရန် လိုအပ်နေခြင်း ဖြစ်သည်။

ဝူမိသားစုဝင်များ စကားပြောဆိုနေစဉ်မှာပင် သူတို့အားလုံးမှာ ရုတ်တရက် အန္တရာယ် အငွေ့အသက်ကို အာရုံခံမိလိုက်ပြီး ကျောရိုးထဲအထိ စိမ့်သွားကြရသည်။

သူတို့သည် တိုက်ပွဲ အတွေ့အကြုံရှိသူများပီပီ ချက်ချင်းပင် သူတို့၏ ဝိညာဉ်ဝတ်ရုံများမှ အကာအကွယ်ဒိုင်းများကို နှိုးဆွလိုက်ကြ၏။

သို့သော်လည်း ၎င်းမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ အကြောင်းမှာ ကျန်းဖန်၏ တိုက်ခိုက်မှုမှာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု မဟုတ်ဘဲ ဝိညာဉ်တိုက်ခိုက်မှု ဖြစ်နေသောကြောင့်ပင်။

ဝုန်း…

ကျန်းဖန် ထုတ်လွှတ်လိုက်သော ဝိညာဉ်တုန်ဟိန်းအင်း၏ စွမ်းအားလှိုင်းမှာ လေထုအတွင်း၌ မျက်စိဖြင့် မြင်နိုင်သော ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုဝိညာဉ်တုန်ခါမှုမှာ ဝူမိသားစုဝင်များ၏ အကာအကွယ်ဒိုင်းများကို အလွယ်တကူ ဖြတ်ကျော်ကာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

ဘုန်း

တစ်ချက်တည်းနှင့်ပင် ထိုခုနစ်ဦးစလုံးမှာ သူတို့၏ ဝိညာဉ်များ ပြင်းထန်စွာ ထိခိုက်သွားခဲ့ရသည်။

သူတို့၏ ဦးခေါင်းကို သံတူကြီးဖြင့် အားကုန်လွှဲထုလိုက်သကဲ့သို့ ခံစားလိုက်ရပြီး မျက်လုံး၊ နှာခေါင်းနှင့် နားများမှ သွေးများ အလုံးအရင်းနှင့် စီးကျလာတော့သည်။ သူတို့သည် ကြောင်အမ်းအမ်းဖြစ်ကာ စဉ်းစားဆင်ခြင်နိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားခဲ့ကြချေပြီ။

နောက်တစ်စက္ကန့် အကြာတွင်တော့…

ရွှေရောင်အလင်းတန်းများမှာ ဓားချီများကဲ့သို့ ထွက်ပေါ်လာပြီး ထိုခုနစ်ဦးစလုံး၏ ဦးခေါင်းများကို မျက်တောင်တစ်ခတ်အတွင်း ဖောက်ထွက်သွားတော့သည်။ မြေပြင်ပေါ်၌ ခေါင်းမပါသော အလောင်း ခုနစ်လောင်းမှာ သွေးအိုင်များကြား၌ လဲကျသွားခဲ့ရလေပြီ။

"ဘာ... ဘာဖြစ်သွားတာလဲ"

ပတ်ဝန်းကျင်ရှိ လေလွင့်ကျင့်ကြံသူ များမှာ ကြောင်အမ်းကာ ကျန်ရစ်ခဲ့ကြသည်။ အရာအားလုံးမှာ မြန်ဆန်လွန်းလှသဖြင့် မည်သူက တိုက်ခိုက်လိုက်သည်ကိုပင် မမြင်လိုက်ကြပေ။

"တစ်ယောက်ယောက်က ဝူမိသားစု ကျင့်ကြံသူတွေကို သတ်လိုက်ပြီ"

"ခုနစ်ယောက်လုံးကို မျက်တောင်တစ်ခတ် အတွင်းမှာတင် အပြတ်ရှင်းလိုက်တာ။ အရမ်း ကြောက်စရာကောင်းတာပဲ"

လူအများက တိုက်ခိုက်သူကို ရှာဖွေနေကြသော်လည်း ကျန်းဖန်ကမူ ပြီးပြည့်စုံသောအဆင့် ရှိသည့် အရှိန်အဝါဖျောက်အင်းကြောင့် လူအများကြားမှ အေးအေးဆေးဆေးပင် ထွက်ခွာသွားနိုင်ခဲ့ချေပြီ။

သူသည် ရန်သူ့ရှေ့တည့်တည့်၌ ရပ်နေလျှင်ပင် သူ၏ တည်ရှိမှုကို မည်သူမျှ သတိထားမိကြလိမ့်မည် မဟုတ်ပေ။

…..

အခန်း (၂၂၈) - ဘေးဒုက္ခကို ဘေးကင်းစွာ ကျော်ဖြတ်ခြင်း၊ ဝူမိသားစု ဆုတ်ခွာခြင်းနှင့် ယွန်လိုင်းအရှင်သခင် ထွက်ခွာသွားခြင်း။

"ဝူမိသားစု ကျင့်ကြံသူတွေကို တကယ်ပဲ တစ်ယောက်ယောက်က လက်စွမ်းပြရဲတာလား..."

"ဝူဖုန်းနဲ့ ဝူဟွေးကို နှိမ်နင်းခဲ့တဲ့ အဲဒီလျှို့ဝှက်ကျင့်ကြံသူများလား။ သူ ဒီနေရာကနေ မထွက်သွားသေးဘူး ထင်တယ်"

"အဲဒီလျှို့ဝှက်ကျင့်ကြံသူပဲ ဖြစ်ရမယ်လို့တော့ မဟုတ်ပါဘူး။ တခြားသူလည်း ဖြစ်နိုင်တာပဲ"

"ဟုတ်တယ်... ဆင်းရဲသားရပ်ကွက်ထဲမှာက လူမျိုးစုံ ပုန်းအောင်းနေကြတာလေ။ ဝူမိသားစုကလည်း အခုတလော အရမ်းဗိုလ်ကျနေတာဆိုတော့ သူတို့နဲ့ ငြိထားတဲ့ လေလွင့်ကျင့်ကြံသူတွေ အများကြီး ရှိမှာပဲ"

ကျင့်ကြံသူများစွာမှာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။ ဝူမိသားစု၏ လုပ်ရပ်များကို မကျေနပ်ကြသူများပီပီ ယခုကဲ့သို့ ဝူမိသားစုဝင် ခုနစ်ဦး အသတ်ခံလိုက်ရခြင်းမှာ သူတို့အတွက် တကယ့်ကို အားရစရာ ဖြစ်နေတော့သည်။

"နေဦး... အဲဒီ ဝူမိသားစု ကျင့်ကြံသူတွေရဲ့ ဝိညာဉ်သိုလှောင်အိတ်တွေ ကျန်ခဲ့တယ်ဟ"

"အထဲမှာ ဝိညာဉ်ကျောက်တုံးတွေနဲ့ ရတနာတွေ အများကြီး ရှိမှာ သေချာတယ်။ အဲဒီလျှို့ဝှက်ကျင့်ကြံသူကတော့ မလိုအပ်လို့ ထားခဲ့တာဖြစ်ပေမဲ့ ငါတို့အတွက်တော့ မတူဘူးလေ"

"ဒါတွေကိုသာ ရလိုက်ရင် ငါတို့ ချမ်းသာပြီပဲ"

အချို့သော လေလွင့်ကျင့်ကြံသူများမှာ လောဘဇော တက်လာကြသည်။ ဝူမိသားစု၏ ပစ္စည်းကို လုယူခြင်းမှာ အန္တရာယ်ကြီးသော်လည်း အခြေအနေ အရပ်ရပ်ကြောင့် အရာအားလုံးကို ရင်းပြီး လုယူရန် ဆုံးဖြတ်လိုက်ကြတော့သည်။

တစ်ဦးက စတင်လိုက်သည်နှင့် အခြားသူများကလည်း ဝိုင်းအုံလာကြပြီး နေရာမှာတင် တိုက်ပွဲငယ်လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အလောင်း ခုနစ်လောင်းမှာလည်း ထိုတိုက်ပွဲကြား၌ အသားစိုင်များအဖြစ် ပျက်စီးသွားခဲ့ရချေပြီ။

ထိုအချိန်တွင် ကျန်းဖန်မှာမူ အခင်းဖြစ်ပွားရာနေရာမှ တိတ်တဆိတ် ထွက်ခွာခဲ့ပြီ ဖြစ်သည်။ သူသည် အရှိန်အဝါဖျောက်အင်း၏ စွမ်းအားကို အသုံးပြုကာ သဘာဝပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသဖြင့် မည်သူမျှ သူ့ကို သတိမပြုမိကြပေ။

"တကယ်ပဲ... ဝိညာဉ်တုန်ဟိန်းအင်းရဲ့ စွမ်းအားက အနှိုင်းမဲ့တာပဲ"

"တစ်ချက်တည်းနဲ့တင် ဝူမိသားစု ကျင့်ကြံသူ ခုနစ်ယောက်လုံးကို လူအဖြစ်ကနေ လူအအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တယ်။ သူတို့မှာ ခုခံဖို့ အခွင့်အရေးတောင် မရလိုက်ဘူး"

"ဒါပေမဲ့ ဒီအင်းက စွမ်းရည် ထက်မြက်တာထက် ငါ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်စွမ်းအားက ပိုပြီး အခြေခံကျတာပဲ။ ဝိညာဉ်စွမ်းအားသာ မခိုင်မာရင် ဒီအင်းရဲ့ အစွမ်းကို အပြည့်အဝ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး" ဟု ကျန်းဖန်က လေးလေးနက်နက် ခံစားလိုက်ရသည်။

ဝိညာဉ်တိုက်ခိုက်မှုမှာ ပုံသဏ္ဌာန်မရှိ၊ အစအန မရှိသဖြင့် သာမန် ဝိညာဉ်စွမ်းအားဒိုင်းများက တားဆီးရန် မလွယ်ကူပေ။ ကျန်းဖန်၏ ဝိညာဉ်စွမ်းအားမှာ ဘဝနှစ်ခုစာ ပိုင်ဆိုင်ထားသဖြင့် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။

"ဝူမိသားစု ကျင့်ကြံသူတွေသာ ဆင်းရဲသားရပ်ကွက်ထဲမှာ ထပ်ပြီး ဗိုလ်ကျဦးမယ်ဆိုရင် ငါ ထပ်ပြီး သတ်ပြဦးမယ်။ ဝူမိသားစုမှာ လူဘယ်နှယောက် ကျန်ဦးမလဲ ကြည့်ကြသေးတာပေါ့"

ကျန်းဖန်သည် ဝူမိသားစု၏ အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူမှာ တစ်စုံတစ်ရာသော အကြောင်းကြောင့် လှုပ်ရှားနိုင်စွမ်း မရှိကြောင်း ရိပ်မိလိုက်သည်။

မဟုတ်ပါက ဤမျှ ကမောက်ကမဖြစ်နေသည့် ကိစ္စကို ထိုအဘိုးကြီး လစ်လျူရှုထားလိမ့်မည် မဟုတ်ပေ။

နောက်တစ်နေ့တွင်... ဝူမိသားစုဝင် ခုနစ်ဦး လုပ်ကြံခံလိုက်ရသည့် သတင်းမှာ ဆင်းရဲသားရပ်ကွက် တစ်ခုလုံးတွင် ရေပန်းအစားဆုံး သတင်းဖြစ်သွားခဲ့သည်။

"ကြားပြီးကြပြီလား။ မနေ့က ဝူမိသားစု လှည့်ကင်းအဖွဲ့တစ်ခုလုံး အပြတ်ရှင်းခံလိုက်ရတယ်တဲ့"

"မျက်တောင်တစ်ခတ် အတွင်းမှာတင် ခုနစ်ယောက်လုံး သေသွားတာတဲ့။ အဲဒီလျှို့ဝှက်ကျင့်ကြံသူရဲ့ စွမ်းအားကတော့ မယုံနိုင်စရာပဲ"

"တကယ်လားဗျာ... ဝူမိသားစုက လက်စားချေမှာကို မကြောက်ကြဘူးလား"

"ဟဲဟဲ... ကြောက်စရာလား။ သားရဲတစ်သောင်း တောင်တန်းကြီးက ဒီလောက်ကျယ်တာ၊ ဘယ်နေရာပြေးပြေး လွတ်တာပဲ။ ဝူမိသားစုက အုတ်မြစ်တည်ဆောက်ခြင်း အဆင့် မျိုးနွယ်စုဆိုပေမဲ့ ကောင်းကင်ကို လက်ဝါးနဲ့ အုပ်လို့ရတာမှ မဟုတ်တာ။ ငါတို့ လေလွင့်ကျင့်ကြံသူတွေကို လာပြီး ရန်စရင်တော့ သူတို့လည်း အဆုံးသတ်သွားမှာပဲ"

လူအများမှာ ဝူမိသားစု၏ အာဏာစက်ကို မလေးစားတော့ဘဲ ထိုလျှို့ဝှက်ကျင့်ကြံသူ၏ အကြောင်းကိုသာ ချီးကျူး၍ ပြောဆိုနေကြတော့သည်။

All Chapters