← Chapters

လူအိုလီ ဂိုဏ်းဆရာနယ်ပယ်ထဲ ဝင်သွားပြီ။

Vol. 22 Ch. 313

လူအိုလီ ဂိုဏ်းဆရာနယ်ပယ်ထဲ ဝင်သွားပြီ။

Vol. 22 Ch. 313

"ရွှမ်းရွှမ်းက နင် ဘယ်လိုနေလဲ"

လီချင်းဟဲသည် သူမအနားကို အမြန်ပြေးသွားပြီး သူမ ဘယ်လိုနေလဲဟု မေးမြန်းရန် အဆင်သင့်ဖြစ်နေခဲ့သော်လည်း သူတို့ မျက်လုံးချင်း ဆုံလိုက်သည်နှင့် သူ ဓားမီးတောက်လို ရောင်ဝါအား ချက်ချင်း ခံစားလိုက်ရသည်။

"အဆင်ပြေပါတယ် အစ်မချင်းဟဲ..."

လီကျစ်ရွှမ်းသည် မျက်လုံးများကို ခေတ္တမှိတ်လိုက်ပြီး ခေါင်းကို အနည်းငယ်ခါယမ်းပြီးမှ ပြန်ဖွင့်လိုက်သည်။ အေးစက်ချွန်ထက်သော ဓားသွားလို ရည်ရွယ်ချက်မှာ သခင်က ဓားကို ထိန်းချုပ်ပစ်လိုက်သကဲ့သို့ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။

“ငါ ဉာဏ်အလင်းရတဲ့အချိန်တွေ အများကြီးရှိပေမယ့် ပိုမြင့်တဲ့နယ်ပယ်ကို ရောက်ဖို့ နည်းနည်းတော့ လိုနေသေးတယ်။"

"ပိုမြင့်မားတဲ့နယ်ပယ်?"

လီချင်းဟဲ အံ့သြသွားသည်။

"ရွှမ်းရွှမ်း နင် အခု ဘယ်နယ်ပယ်မှာလဲ။"

"မွေးရာပါနယ်ပယ် အထွတ်အထိပ်။"

လီကျစ်ရွှမ်း တိုးတိုးလေးသာ ဖြေလိုက်ပြီး ခံစားချက်များက တစ်ဟုန်ထိုး တက်လာသည်။ ဤနယ်ပယ်သို့ ဝင်ရောက်ပြီးမှသာ ဓား၏ပဲ့တင်ထပ်သံကို တီးခတ်ရန် အမှန်တကယ် ခက်ခဲကြောင်း သူမ နားလည်လာခဲ့သည်။

၎င်းမှာ ခွန်အားနှင့် ပတ်သက်ခြင်း မဟုတ်ချေ။ ဓားပညာကို ပိုမိုနားလည်ခြင်းအပေါ် သက်ဆိုင်ခြင်း ဖြစ်သည်။ သူမကိုယ်၌ လေးနက်သော ဓားသွားလို ရည်ရွယ်ချက်ရှိသော်လည်း ဤနေရာငယ်လေးတွင် ဓားသံပဲ့တင်ထပ်ခြင်းကိုသာ ထုတ်ယူနိုင်ခဲ့သည်။ တစ်မြို့လုံးကို ဓားသံဖြင့် ပဲ့တင်ထပ်စေသော သူမ၏ ဆရာတူအစ်ကိုကဲ့သို့ တစ်ခုခုကို အောင်မြင်ဖို့ဆိုလျှင် လိုအပ်သော အစွမ်းအစက စိတ်ကူးမယဉ်နိုင်လောက်ပေ။

သူမ ပိုနားလည်လေလေ ချင်းယန်နှင့် ပိုဝေးလေလေ ဖြစ်လာသည်။

…

တစ်ဖက်တွင်မူ။

"အမိုက်စား လောင်ချင်းရေ!"

ကြယ်သိုင်းရဲစခန်းက ၎င်းတို့၏ ကာကွယ်ရေးကို ဖြန့်ကျက်ထားသည်။ ရှဟဲသည် သူ၏ရဲယူနီဖောင်းကို ၀တ်ဆင်ထားကာ ထိန်းမနိုင်သိမ်းမရ အကြိမ်များစွာ ခုန်ပေါက်နေ၏။ သူ့အတွင်းမှ စွမ်းအားများလည်း တစ်ဟုန်ထိုး တက်လာကာ ပြင်းထန်သော စွမ်းအင်စီးဆင်းမှုကို ခံစားလိုက်ရသည်။

အဆုံးမရှိသော ကြယ်စွမ်းအားများ ပေါက်ကွဲထွက်နေသလို ခံစားရသည်။

"ခေါင်းဆောင်ရှ မင်းလည်း တက်သွားပြီ!"

သူ့အဖွဲ့သားများက ဝိုင်းလာပြီး ငြူစူသည့် အကြည့်များဖြင့် ကြည့်လာကြသည်။ အခြားသူများ မသိနိုင်သော်လည်း ရှဟဲဟာ ကိုယ်တွေ့မြင်တွေ့ အနီးကပ် စောင့်ကြည့်နေခဲ့၏။

အခြားလူတိုင်းသည် ကောင်းချီးများကို စုပ်ယူနေကြသော်လည်း ရှဟဲကဲ့သို့ တူညီသောအကျိုးသက်ရောက်မှုကို မည်သူမျှ မခံစားခဲ့ကြပေ။ ကောင်းချီးပင်လယ် အထက်ရှိ နဂါးစွမ်းအင်သည် သူ့အပေါ်၌ ပေါင်းစည်းထားသဖြင့် မယုံနိုင်လောက်အောင် ထူထပ်စွာ စုပ်ယူနိုင်ခဲ့သည်။

"မကြာခင် ငါလည်း မွေးရာပါနယ်ပယ်ထဲကို ၀င်တော့မယ်။"

ရှဟဲ လက်သီးဆုပ်လျက် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ယခုဆိုလျှင် သူ့ခန္ဓာကိုယ်အတွင်းရှိ ရှင်းလင်း ပြတ်သားသော ပြောင်းလဲမှုများကို ခံစားနိုင်နေပြီ။ ကြယ်စွမ်းအင်များသည် သူ၏ သွေးကြော တစ်လျှောက် အဆက်မပြတ် စီးဆင်းနေလျက် ရှိသည်။ နဂါးစွမ်းအင် ဆင်းသက်လာသောအခါ၌ လွဲမှားမှုတစ်ခုခုကို သူခံစားလိုက်ရသည်။ ပတ်ဝန်းကျင်က လူများနှင့် ယှဉ်ရင် သူ့အနီးမှာသာ နဂါးစွမ်းအင် အများကြီး စုဝေးနေသကဲ့သို့ပင်။

တစ်နည်းအားဖြင့် ပြောရလျှင် အခြားသူများပေါ် ဖြည်းညင်းစွာ စီးကျလာသော်လည်း သူသည် အခြားသူများ၏ အရင်းအမြစ်များထက် အဆများစွာ ပိုလျှံနေသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံမှုမှာ အံ့မခန်းအရှိန်အဟုန်ဖြင့် အရှိန်မြှင့်လျက်ရှိ၏။

"တကယ် အလားအလာရှိတဲ့ လူငယ်တစ်ယောက်ပဲ။"

ဤအခိုက်အတန့်တွင် လောင်လီသည် ဂုဏ်ပြုစကားဖြင့် လက်ခုပ်တီးကာ ရှေ့သို့ တိုးလာသည်။

"နောင်မင်းမှာ မေးစရာတွေ ရှိရင် ငါ့ရဲ့ လမ်းညွှန်မှုကို လိုရင် အကယ်ဒမီကို လာလို့ရတယ်"

"လောင်လီကတော့ ကျွန်တော့်ကို မြှောက်ပင့်နေပါပြီဗျာ။"

ရှဟဲ ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။

"လောင်ချင်းရဲ့ အကူအညီကြောင့်ပါ။"

"ဟားဟား အဲဒါမှန်ပါတယ်။"

လောင်လီလည်း ပြုံးလိုက်သည်။ ထိုအခိုက်အတန့်၌ သူ၏ အရေးအကြောင်းများ ပြေလျော့သွားကာ သူ့မျက်ခုံးကြားရှိ တောင်ပုံသဏ္ဍာန် မျဉ်းကြောင်းများလည်း ပြေလျော့သွားသည်။

"မိတ်ဆွေလေးချင်းရဲ့ ကောင်းချီးပေးမှုကြောင့် နောက်ဆုံးတော့ ငါလည်း ကြီးကျယ်ခမ်းနားတဲ့ ဆန္ဒကို ဖြည့်ဆည်းရင်း ဂိုဏ်းဆရာနယ်ပယ်ကို ရောက်ရှိသွားပါပြီ။"

သူစကားပြောနေစဉ် မဝေးသော အရပ်မှ အသံများ ရုတ်ခြည်း ထွက်ပေါ်လာသည်။

ဝုန်း! ဝုန်း!

မည်သူက စတင်ခဲ့သည် မသိ။ ကြယ်စစ်သည်များသည် တစ်ပြိုင်တည်း ဒူးထောက်ကာ အိမ်ကြီးဆီသို့ တလေးတစား ဦးညွှတ်လျက် ရှိကြသည်။ သူတို့သည် ယနေ့တွင် များပြားလှသော ရိတ်သိမ်းမှုကို ရိတ်သိမ်းနိုင်ခဲ့သဖြင့် ချင်းယန်အား အထူးပင် ကျေးဇူးတင်ရှိခဲ့ကြသည်။

...

အိမ်အတွင်းပိုင်း၌မူ။

ချင်းယန်သည် ဆိုဖာပေါ်တွင် ထိုင်ကာ ဖရဲသီးကို ပျော်ရွှင်စွာ စားရင်း ဗီဒီယိုများ ကြည့်နေခဲ့သည်။ အင်တာနက်ကြည့်ရင်း အပန်းဖြေရင်း သက်တောင့်သက်သာ ရှိသော လေနုအေးများကိုလည်း ခံစားရင်း ဖြစ်သည်။

ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်၏။

သူ့ဘေးမှာရပ်နေသူ ရှောင်ပိုင်သည် သူ၏ပခုံးနှင့် နောက်ကျောကို နှိပ်နယ်ပေးနေခဲ့ရာ ထိုအမူအရာကို သတိပြုမိသွားသည်။

"ဘာဖြစ်တာလဲ သခင် ကျွန်မအရမ်း နှိပ်မိသွားတာလား"

"မဟုတ်ဘူး မဟုတ်ဘူး"

ချင်းယန်သည် ခေါင်းကို အနည်းငယ်ခါယမ်းကာ ထကာ ပြတင်းပေါက်မှ လှမ်းကြည့်သည်။ ထူးထူးခြားခြား တစ်ခုခုကို သူခံစားမိပုံရသည်။

အကယ်၍ သူသည် မြေအဓိပတိနယ်ပယ်၌သာ ရှိနေလျှင်မူ မရေမတွက်နိုင်သော အာရုံတစ်ခုသာ ရှိပေလိမ့်မည်။ ယခုမူ ကောင်းကင်အဓိပတိ ကောင်းကင်အရှင်နယ်ပယ်အထိ ထိုးတက်လာပြီးနောက် ကောင်းကင်နှင့် မြေကြီး၏ နိယာမတရားများနှင့် ဆက်စပ်နေပြီး ၎င်းတို့အတွင်းရှိ သိမ်မွေ့သော လွှမ်းမိုးမှုများကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်နေပေပြီ။

ဤသည်မှာ သက်ရှိလောကသည် နတ်ဘုရားအတွက် အမွှေးတိုင်များ မီးရှို့နေသကဲ့သို့ပင်။

"အပြင်မှာလား?"

သက်ဝင်ယုံကြည်မှု၏ ရင်းမြစ်ကို အတည်ပြုပြီးနောက် ချင်းယန်သည် သူ၏ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ လူနေအိမ်ရာ အပြင်ဘက်သို့ ဖြန့်ကြက်လိုက်သည်။ ထို့နောက် ဤအံ့သြဖွယ်ကောင်းသော မြင်ကွင်းကို သူ ချက်ချင်း မြင်လိုက်ရသည်။

လူနေအိမ်ရာ အပြင်ဘက်ရှိ ကြည်လင်သော လရောင်အောက်တွင် ထောင်နှင့်ချီသော ကြယ်စစ်သည်များသည် ရိုးသားစွာ ဦးညွှတ်လျက် ဒူးထောက်နေကြ၏။

"ဒီတစ်ခါတော့ အများကြီး အောင်မြင်သွားကြပုံပဲ"

ချင်းယန်သည် ကျေနပ်မှုဖြင့် အနည်းငယ်ခေါင်းညိတ်လိုက်ပြီး သူ၏ဝိညာဉ်စွမ်းအားကို ရုတ်သိမ်းလိုက်သည်။ ဤရလဒ်အပေါ် အတော်လေး ကျေနပ်သွား၏။

ကျန်းဟိုင်မြို့၏ တိုက်ခိုက်ရေး စွမ်းအားအဆင့်၏ အလယ်ဗဟိုတွင်သာ အမြဲတစေ ရပ်တန့်နေခဲ့သည်။ လောင်လီကဲ့သို့ ဝါရင့် မွေးရာပါနယ်ပယ် ကျွမ်းကျင်သူများ ရှိသော်လည်း စစ်မှန်သော အခြေခံအုတ်မြစ်အရ အခြားမြို့များနှင့် နှိုင်းယှဉ်ရန် ဝေးကွာလွန်းလှသည်။

သို့သော် ကံကောင်းစွာဖြင့် ယခုက မတူတော့ပေ။ ကောင်းကင်အရှင် ဟူသော သူ၏အောင်မြင်မှုနှင့် သူ၏ကောင်းချီးများက တစ်ကမ္ဘာလုံးအပေါ် ပျံ့နှံ့စေပြီး ကျန်းဟိုင် ကြယ်စစ်သည်များ၏ ခွန်အားကို နှစ်ဆတိုးစေသည်။

ထို့ကြောင့် မြို့တော်၏ တိုက်ခိုက်ရေးစွမ်းအားကို ပြန်လည်အဆင့် သတ်မှတ်လိုက်လျှင် ကျန်းဟိုင်မြို့သည် အနည်းဆုံး အထက်တန်းလွှာတွင် ရှိလာပြီး ထိပ်ဆုံးသို့ပင် ရောက်ရှိနိုင်တော့မည်။

“မဆိုးဘူး မဆိုးဘူး”

ထိုသို့တွေးရင်း ချင်းယန်လည်း ကျေနပ်မှုများအား တစ်ဟုန်ထိုး ခံစားလိုက်ရပြီး ဘေးနားက စပျစ်သီးတစ်လုံးကို ဖြုတ်ကာ ပါးစပ်ထဲက ပစ်ထည့်လိုက်သည်။ ပိုပြင်းထန်သော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသောအခါ ယခုလူတိုင်း ပိုမိုအားကောင်းလာပြီမို့ ကျန်းဟိုင်မြို့၏ အင်အားသည်လည်း မလွဲမသွေ တိုးလာပေလိမ့်မည်။

ယခု ကျန်းဟိုင်သည် မြို့တော်၏ ကာကွယ်ရေးကို တိုးတက်စေရုံသာမက လူတိုင်း၏ အင်အားသည်လည်း သိသိသာသာ တိုးမြင့်လာချေပြီ။ အကယ်၍ သူသာ ကြယ်တာရာအစီအရင်ပုံကြမ်းကို ထပ်သုံးခဲ့မည် ဆိုလျှင် ခွန်အားက ပိုတောင် အားကောင်းလာလိမ့်မည်။

"အင်း သွားကြည့်ဖို့ အချိန်ရောက်ပြီ"

ဤသည်ကို စဉ်းစားရင်း ချင်းယန်သည် ပေါ့ပါးတသော အဝတ်အစားများကို ရွေးဝတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ တံခါးကို တွန်းဖွင့်ပြီး ခြံဝင်း တံခါးဆီသို့ လျှောက်သွားနေစဥ် လီကျစ်ရွှမ်းနှင့် လျိုဝူရွှမ်းတို့ အပြင်တွင် ရပ်စောင့်နေကြသည်အား တွေ့လိုက်ရ၏။

သူ ထွက်လာသည်နှင့် ချက်ချင်းပင် သူ့ကို ဝိုင်းရံလာကြသည်။

"မိတ်ဆွေလေးချင်း ဒီတစ်ခါ မင်းတို့ ဖောက်ခွဲကောင်းကင်ဂိုဏ်းကို ကျေးဇူးအများကြီး တင်ပါတယ်"

လောင်လီသည် လက်သီးကို တင်းတင်းဆုပ်ကာ ဖြူဖွေးသော မျက်ခုံးမွှေးများကို ပင့်လိုက်သည်။ ကျေးဇူးတင်စကား ဆိုနေစဥ် သူ၏ အသက်အရွယ်ကြီးရင့်သော မျက်နှာက အင်မတန် ရွှင်လန်းနေလျက်။

"ဒီအဘိုးအို နောက်ဆုံးတော့ ဂိုဏ်းဆရာနယ်ပယ်ရဲ့ တံခါးခုံကို ထိနိုင်ခဲ့ပါပြီ။ ဒီလိုကရုဏာကို တကယ် ကျေးဇူးတင်မိပါတယ်။"

သူက စကားပြောရင်း ဒူးထောက်ရန်ပင် ပြင်လိုက်သည်။

"ရပါတယ်။"

ချင်းယန် လျှပ်တစ်ပြက်အတွင်း လျင်မြန်စွာ ရှေ့သို့ လှမ်းတက်ကာ လောင်လီကို လက်ဖြင့် ထောက်ကာ တစ်ဖက်လူ ဒူးထောက်တော့မည်ကို တားဆီးလိုက်သည်။

"ဒီလို စည်းမျဥ်းစည်းကမ်းတွေက မလိုပါဘူး။"

လောင်လီက ခေါင်းယမ်းရင်း အသံတုန်တုန်ဖြင့် ဆက်ပြောနေသည်။

"မင်း နားမလည်ပါဘူး၊ ငါခံစားရတဲ့ ကျေးဇူးတရားက လေးနက်တယ်.."

သူသည် စကားပြောနေရင်း ဖုဟိုင်လူနေအိမ်ရာ ၏ အရှေ့ဘက်ဧရိယာကို ညွှန်ပြပြီး :"အသိပညာမျှဝေတာ၊ အတတ်ပညာ သင်ပေးတာနဲ့ သံသယတွေကို ဖြေရှင်းဖို့ ထူးချွန်တဲ့ ဘယ်သူမမဆို ဆရာဖြစ်နိုင်တယ်။"

ချင်းယန်လည်း တခစ်ခစ်ရယ်ကာ သူညွှန်ပြနေသည့် အကွာအဝေးဆီသို့ လှမ်းကြည့်လိုက်သည်။

ပင်လယ်ရေလှိုင်းများ တက်လာသည့်အတိုင်း ပြည်သူတိုင်း ဦးညွှတ်အလေးပြုနေကြ၏။ မီးပွားတစ်ခုသည် မြက်ခင်းပြင် မီးပင်လယ်ကို စတင်စေနိုင်သည် ဟူသည့် ဆိုရိုးစကားအတိုင်း ဤလူတိုင်း၏ ကျေးဇူးတင်ကြောင်း စိတ်နှလုံးများကို ချင်းယန် ရှင်းရှင်းလင်းလင်း ခံစားမိပါသည်။

All Chapters