← Chapters

သားရဲဒီရေလှိုင်း မတိုင်မီ ညတစ်ည

Vol. 25 Ch. 368

သားရဲဒီရေလှိုင်း မတိုင်မီ ညတစ်ည

Vol. 25 Ch. 368

တစ်ချိန်တည်းမှာပင် ရာပေါင်းများစွာသော ကျင့်ကြံသူများသည် ၎င်းတို့၏ ခေါင်းဆောင်များကို စောင့်ဆိုင်းနေကြသည်။

သူတို့ထဲမှ အများစုမှာ စကားစမြည်ပြောဆိုနေကြပြီး နှစ်ပေါင်းများစွာ မတွေ့ရသည့် သူငယ်ချင်းဟောင်းများနှင့် ပြန်လည်ဆုံဆည်းနေကြသည်။

အချင်းချင်း ဆဲဆိုအော်ဟစ်နေကြသည့် ရန်သူများလည်း ရှိသော်လည်း မည်သည့် အကြမ်းဖက်မှုမှ မရှိပေ။ သူတို့အားလုံးကို ဂိုဏ်းချုပ်များ သို့မဟုတ် မျိုးနွယ်စုခေါင်းဆောင်များက တင်းတင်းကျပ်ကျပ် အမိန့်ပေးထားသောကြောင့် ဖြစ်သည်။

ကျန်ရှိသူများမှာမူ ဘာလုပ်ရမှန်းမသိဘဲ ဟိုဟိုဒီဒီ လျှောက်ကြည့်နေကြသည်။

"ကျီယန်အာ... နင် ရောက်လာတာလား"

ပိုင်ရွှယ်ချင်း အံ့ဩသွားရသည်က ချူကျီယန်သည် လုရွှမ်ယွမ်နှင့် တိုက်ခိုက်စဉ်က ဒဏ်ရာရရှိခဲ့သောကြောင့် သူမ ဒဏ်ရာကုသနေရဦးမည်ဟု ပိုင်ရွှယ်ချင်းက ယူဆထားခြင်း ဖြစ်သည်။

ချူကျီယန် လာလိမ့်မည်ဟု သူမ မသိခဲ့သဖြင့် သွား၍လည်း မတွေ့ခဲ့ပေ။

"နင့်ဒဏ်ရာတွေ ဘယ်လိုလဲ။ နင် အနားယူနေရမှာလေ"

ပိုင်ရွှယ်ချင်းက ပြောလိုက်သည်။

"ငါ သက်သာသွားပါပြီ။ ရွှယ်ချင်းအာ... နင် သိပ်စိုးရိမ်မနေပါနဲ့" ချူကျီယန်က ပြန်ပြောသည်။

ချူကျီယန်က ယုံကြည်မှုရှိရှိ ပြောနေသော်လည်း ပိုင်ရွှယ်ချင်း၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး စိုးရိမ်ပူပန်မှုများသည် မျက်နှာပေါ်တွင် ကျန်ရှိနေဆဲဖြစ်သည်။

"နင်ကတော့... အမြဲတမ်း အဲဒီလိုပဲ ပြောတာပဲ" ပိုင်ရွှယ်ချင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ "ပြီးခဲ့တဲ့ တစ်ခါကလည်း

နေကောင်းပါတယ် ဆိုပြီးမှ ဒဏ်ရာတွေ ပြန်ထလာတာ မဟုတ်လား"

ချူကျီယန်က ပြုံးရုံသာ ပြုံးပြသည်။

"ဒီတစ်ခါတော့ တကယ် သက်သာသွားပါပြီ"

ပိုင်ရွှယ်ချင်းမှာ သက်ပြင်းချလိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

(ဒီကောင်မလေးကတော့... တစ်ခုခု ဆုံးဖြတ်ပြီးရင် ဘယ်သူ့စကားမှ နားမထောင်တော့ဘူး။ တကယ် ခေါင်းမာတာပဲ)

အကယ်၍ ပိုင်ကျီဟန်သာ သူမ၏ အတွေးများကို ကြားနိုင်လျှင် ကိုယ့်ကိုယ်ကိုယ် ခေါင်းအမာဆုံးဖြစ်နေပြီး တခြားသူကို ခေါင်းမာသည်ဟု ပြောနေသော အစ်မဖြစ်သူကို ကြည့်ကာ သွေးအန်မိပေလိမ့်မည်။

မတတ်သာသည့်အဆုံး ပိုင်ရွှယ်ချင်းသည် ချူကျီယန်ကို နားချနိုင်မည့် တစ်ဦးတည်းသော လူသားထံသို့ လှည့်ကြည့်လိုက်သည်။

"ပိုင်ကျီဟန်" သူမက ခေါ်လိုက်သည်။

"ကျီယန်အာကို ပြောပေးပါဦး။ ဒီတစ်ခါတော့ သူမ ရှေ့တန်းကို မသွားသင့်ဘူး”

ပိုင်ကျီဟန်က မျက်လုံးပင့်ကြည့်ကာ ချူကျီယန်ကို စိုက်ကြည့်လိုက်သည်။

သူတို့နှစ်ဦး၏ အကြည့်များ ခဏတာ ဆုံသွားပြီးနောက် ချူကျီယန်မှာ ချက်ချင်းပင် မျက်လုံးလွှဲကာ အင်္ကျီလက်နားကို ပွတ်သပ်နေမိသည်။

ခဏအကြာတွင် သူမ ပြန်လည် ခိုးကြည့်လိုက်သည်။

ပိုင်ကျီဟန်မှာ တည်ငြိမ် လေးနက်သော အကြည့်ဖြင့် သူမကို စိုက်ကြည့်နေဆဲ ဖြစ်သည်။

သူမ တကယ်သက်သာပြီလား ဆိုသည်ကို သူက စစ်ဆေးနေခြင်း ဖြစ်သည်။

သူမ၏ ကျင့်စဉ်စွမ်းအား စီးဆင်းမှုမှာ တည်ငြိမ်ပြီး အသက်ရှူနှုန်းမှာလည်း ဖြောင့်ဖြူးနေသည်။

အပြင်ပန်းအရလည်း လုံးဝ ပုံမှန်အတိုင်းပင်။

နောက်ဆုံးတွေ့ခဲ့သည့် အချိန်နှင့် နှိုင်းယှဉ်ပါက သူမ၏ ဒဏ်ရာများမှာ အမှန်တကယ်ပင် သက်သာသွားပြီဟု ဆိုနိုင်သည်။

ပိုင်ကျီဟန်သည် သူမဘက်က ကူပြောပြီး ချူကျီယန်ကို ကျန်နေခဲ့ရန် ပြောလိမ့်မည်ဟု ပိုင်ရွှယ်ချင်းက မျှော်လင့်ထားသည်။ ချူကျီယန်သည် သူမစကားကို နားမထောင်သော်လည်း ပိုင်ကျီဟန်၏ စကားကိုမူ လျစ်လျူရှုမည် မဟုတ်ပေ။

သို့သော်—

"သူမ နေကောင်းနေပုံပဲ"

ပိုင်ကျီဟန်က ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။

ပိုင်ရွှယ်ချင်းမှာ ဆွံ့အသွားရသည်။ သူမသည် အခြားကျင့်ကြံသူများဘက်သို့ မျက်နှာလွှဲသွားသော ပိုင်ကျီဟန်ကို စိုက်ကြည့်လိုက်သည်။

ပိုင်ကျီဟန်မှာ သူမ အလိုရှိသည့်အရာကို နားလည်သော်လည်း ချူကျီယန်မှာ အမှန်တကယ် သက်သာနေပြီဖြစ်သောကြောင့် သူမ၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ဟု သူ ယူဆလိုက်ခြင်း ဖြစ်သည်။

ချူကျီယန်၏ နှုတ်ခမ်းများမှာ အောင်နိုင်သူအပြုံးဖြင့် ကွေးညွှတ်သွားသည်။

"တွေ့လား။ ပိုင်ကျီဟန်တောင် သဘောတူတယ်လေ"

"ဟွန်း! သူက ဘာသိမှာလဲ"

ပိုင်ရွှယ်ချင်းက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။

သို့သော် အမှန်အတိုင်း ပြောရလျှင် သူမ၏ ဒေါသထွက်နေသည့် ပုံစံမှာပင် လှပနေဆဲ ဖြစ်သည်။

သူမကို ငေးကြည့်နေကြသော အမျိုးသားကျင့်ကြံသူ အများစုကလည်း ၎င်းကို သဘောတူကြပေလိမ့်မည်။

ပိုင်ရွှယ်ချင်း တစ်ဦးတည်းသာ မဟုတ်ဘဲ ပိုင်ကျီဟန်နှင့် ချူကျီယန်တို့သည်လည်း အများ၏ အကြည့်များကို ရရှိနေကြသည်။

သူတို့သည် ကျင့်ကြံသူလောကတွင် နာမည်ကျော် လူပုဂ္ဂိုလ်များသဖွယ် ဖြစ်နေကြသည်။

ရာပေါင်းများစွာသော လူအုပ်ကြီးကြားတွင် သူတို့အား တစ်ခါမျှ မမြင်ဖူးသူများမှာ သူတို့၏ ရုပ်ရည်ကို မြင်တွေ့နိုင်ရန် စူးစမ်းနေကြသည်။

ထိုအကြည့်များအားလုံးမှာလည်း စေတနာအပြည့် ရှိနေကြသည်တော့ မဟုတ်ပေ။

အငြိုးအတေး ထားရှိသူများစွာလည်း ရှိနေသည်။

အထူးသဖြင့် ပိုင်ကျီဟန်၌ ရန်သူအတော်များများ ရှိနေပုံရသည်။

ကျောက်မျိုးနွယ်နှင့် လီမျိုးနွယ်တို့ဆီမှ ရန်လိုမှုများ၊ ပိုင်ကျီဟန်မှ သူတို့၏ ဘိုးဘေးများကို သတ်ဖြတ်ခဲ့သလို စိုက်ကြည့်နေကြသော မြစိမ်းရောင်နေမင်းဂိုဏ်းမှ လူများနှင့် ကောင်းကင်ဓားဂိုဏ်းမှ လုရွှမ်ယွမ်တို့မှာလည်း သူ့ကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်နေကြသည်။

ပိုင်ကျီဟန်မှာမူ ဂရုမစိုက်ဘဲ ဟိုဟိုဒီဒီ ကြည့်နေလိုက်သည်။

သူ ဘာမှမလုပ်နေသလို ထင်ရသော်လည်း အမှန်တကယ်တွင်မူ မဟုတ်ပေ။

(ဟင်... ကောင်းကင်ရွေးချယ်ခံရသူတစ်ယောက်မှ မရှိဘူးလား)

ဤမျှ ကြီးကျယ်သော လူစုလူဝေးတွင် အနည်းဆုံး ကောင်းကင်ရွေးချယ်ခံ တစ်ဦးစ၊ နှစ်ဦးစ ပေါ်လာလိမ့်မည်ဟု ပိုင်ကျီဟန် မျှော်လင့်ထားခဲ့သော်လည်း ယခုအချိန်ထိ တစ်ဦးမျှ မတွေ့ရသေးပေ။

(ကောင်းကင်အင်ပါယာမှာ ကောင်းကင်ရွေးချယ်ခံတွေ ကုန်သွားပြီလား)

ဖြစ်နိုင်ပေသည်။

သူသည် ဤအင်ပါယာတစ်ခုတည်းတွင်ပင် ကောင်းကင်ရွေးချယ်ခံ ငါးဦးနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ပိုင်ရွှယ်ချင်း၏ စေ့စပ်ထားသူဟောင်းဖြစ်သော နီဖုန်းကျိုး ပေါ်လာမလားဟုလည်း သူ ကြည့်နေမိသည်။

ပုံမှန်အားဖြင့် ဆိုလျှင် ထိုကဲ့သို့သောသူမျိုးသည် ယခုကဲ့သို့ ခမ်းနားသောပွဲတွင် ပေါ်လာသင့်သော်လည်း ပိုင်ကျီဟန် တစ်ယောက်မှ မတွေ့သေးပေ။

"သခင်လေးပိုင်”

လင်းရွှမ်သည် ကောင်းကင်ဓားဂိုဏ်း အုပ်စုထဲမှ ထွက်လာပြီး ပိုင်ကျီဟန်ကို နှုတ်ဆက်လိုက်သည်။

လင်းရွှမ်မှာ အခြေတည်ဝိညာဉ်အဆင့် တွင်သာ ရှိနေသေးသော်လည်း မကြာမီ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်တော့မည့်ပုံ ပေါ်နေသည်။

ဤသားရဲဒီရေလှိုင်းသည် လင်းရွှမ်အတွက် အတွေ့အကြုံယူရန် အခွင့်ကောင်းတစ်ခုဟု ဂိုဏ်းချုပ်က ဆုံးဖြတ်ခဲ့ပုံရသည်။

သို့မဟုတ်ပါက ကောင်းကင်ဓားဂိုဏ်း၏ ဆက်ခံသူအဖြစ် မွေးမြူခံထားရသော သူ့ကို ယခုကဲ့သို့ ခေါ်လာမည် မဟုတ်ပေ။

လင်းရွှမ်သည် ပိုင်ကျီဟန်ကို "သခင်လေး" ဟု ရိုရိုသေသေ ခေါ်ဝေါ်နေသည်ကို မြင်သောအခါ ဂိုဏ်းချုပ်ကို ဆန့်ကျင်သော အုပ်စုများမှာ ပိုင်ကျီဟန်သည် ဂိုဏ်းချုပ်ဘက်တော်သား ဖြစ်နေသည်ကို ပို၍ပင် ယုံကြည်သွားကြသည်။

ဂိုဏ်းချုပ်ဘက်တော်သားများကလည်း ၎င်းကို အလွန်အမင်း နှစ်သက်ကြသည်တော့ မဟုတ်ပေ။

လင်းရွှမ်သည် ပိုင်ကျီဟန်ကို အဘယ်ကြောင့် လေးစားသည်ကို သူတို့ နားလည်သော်လည်း အနာဂတ်ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းစေချင်ကြသည်။

သို့သော် လင်းရွှမ်အတွက်မူ... ပိုင်ကျီဟန်အပေါ် ထားရှိသည့် သူ၏ သစ္စာရှိမှုထက် အခြားအရာ မည်သည်မျှ အရေးမကြီးပေ။

လင်းရွှမ်သည် အရိုအသေပေးကာ ဦးညွှတ်

လိုက်သည်။

"စီနီယာအမ”

ထို့နောက် သူက လေသံပြောင်းကာ နှုတ်ဆက်ပြန်သည်။

"သခင်မလေး ကျီယန်"

ချူကျီယန်အဖို့ လင်းရွှမ်သည် သူမကို ထိုသို့ခေါ်တိုင်း အမြဲတမ်း အံ့သြသွားရသော်လည်း ယခုတစ်ကြိမ်တွင်မူ မတားမြစ်တော့ပေ။

သူပြောသည်မှာလည်း မှားသည်မှ မဟုတ်ပေ။

လင်းရွှမ်သည် ပိုင်ကျီဟန်ဘက်သို့ ပြန်လှည့်လိုက်သည်။

"သခင်လေးပိုင်... မတွေ့ရတာ ကြာပါပြီ။ လာပြီး နှုတ်ဆက်တာပါ"

သူက ပို၍ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"ပြီးတော့... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ တာဝန်တွေကို ပျက်ကွက်ခဲ့မိတယ်"

ပိုင်ကျီဟန်က သူ့ကို စူးစိုက်ကြည့်လေ၏

"ဘာတာဝန်လဲ"

လင်းရွှမ်က လေးနက်ပြီး ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြန်ဖြေသည်။

"ပြီးခဲ့တဲ့ လတွေမှာ ကျင့်ကြံမှုတွေနဲ့တင် အချိန်ကုန်နေခဲ့တာပါ။ ဂိုဏ်းချုပ်ကလည်း ကျွန်တော့်ကို အမြန်ဆုံး အဆင့်တက်နိုင်အောင် အရမ်း ဖိအားပေးနေတယ်... ဘာကြောင့်လဲဆိုတာလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့..."

သူက ခေါင်းကို ကုပ်လိုက်၏

"သခင်လေးရဲ့ ခြံဝင်းကို ကျွန်တော်ကိုယ်တိုင် မသန့်ရှင်းပေးနိုင်ခဲ့တာ လအတော်ကြာသွားပြီ"ပိုင်ရွှယ်ချင်းမှာ မျက်တောင်ခတ်သွားပြီး ချူကျီယန်ကမူ သူမ၏ အင်္ကျီလက်နောက်တွင် ခိုးရယ်လိုက်သည်။ လင်းရွှမ်သည် ကောင်းကင်ဓားဂိုဏ်း၏ အနာဂတ်ဂိုဏ်းချုပ် ဖြစ်လာနိုင်သူဖြစ်သဖြင့် အဆင့်အတန်း မြင့်မားသူဖြစ်၏

ပိုင်ကျီဟန်ရှေ့တွင်မူ အစေခံတစ်ဦးကဲ့သို့ ပြုမူနေမြဲ ဖြစ်သည်။

လင်းရွှမ်က သေရေးရှင်ရေး တိုင်ပင်နေသကဲ့သို့ ဆက်ပြောသည်။

"ကျွန်တော်ကိုယ်တိုင် မသွားနိုင်တဲ့အခါ စိတ်ချရတဲ့ ဂျူနီယာတွေကို တာဝန်ပေးထားပါတယ်။ ဒါပေမဲ့လည်း..."

ပိုင်ကျီဟန်က သူ၏ နှာတံကို လက်ဖြင့် ညှစ်

လိုက်မိသည်။

(...သူက ဒါကို လုပ်နေတုန်းပဲလား)

လွန်ခဲ့သည့် လအနည်းငယ်အတွင်းလင်းရွှမ်သည် ယခင်ကထက် ပိုမိုပြင်းထန်စွာ ကျင့်ကြံအားထုတ်နေခဲ့သည်။ ကောင်းကင်ဓားဂိုဏ်းရှိ လူတိုင်းကမူ ဂိုဏ်းချုပ်ကိုယ်တိုင် လင်းရွှမ်ကို အနာဂတ်ဂိုဏ်းချုပ်အဖြစ် လျာထားပြီး ပျိုးထောင်နေခြင်းကြောင့် အဆင့်တက်မြန်စေရန် ဖိအားပေးနေခြင်းသက်သက်သာ ဖြစ်သည်ဟု ယုံကြည်နေကြသည်။

သို့သော် ၎င်းမှာ အမှန်တရားအကုန် မဟုတ်ပေ

တစ်စိတ်တစ်ပိုင်းသာ ရှိသေး၏။

လင်းရွှမ်သည် ပိုင်ကျီဟန်အတွက် အသုံးဝင်သူတစ်ဦး ဖြစ်ချင်သည်။

သူ အောက်ခြေရောက်နေချိန်တွင် သူ့ကို ယုံကြည်ပြီး ကူညီပေးခဲ့သည့် ပိုင်ကျီဟန်ကို ကျေးဇူးဆပ်ချင်သည်။

မည်မျှပင် အလုပ်များပါစေ၊ မည်မျှပင် ပြင်းထန်သော လေ့ကျင့်မှုများကို လုပ်ဆောင်နေရပါစေ ထိုအတွေးမှာ သူ၏ နှလုံးသားထဲတွင် အမြဲရှိနေသည်။

ထို့ကြောင့်ပင် သူသည် ပိုင်ကျီဟန်၏ ခြံဝင်းကို သန့်ရှင်းရေးလုပ်ရန် အချိန်ဖဲ့ပေးခဲ့ခြင်း ဖြစ်သည်။

သူကိုယ်တိုင် မသွားနိုင်သည့် ရက်များတွင်လည်း တခြားတပည့်များကို သေချာစွာ စီစဉ်ပေးခဲ့ပြီး မည်သူမျှ ပေါ့ပေါ့ဆဆ မလုပ်စေရန် ကိုယ်တိုင် ကြီးကြပ်ခဲ့သည်။

သို့သော် သူ၏ အားထုတ်မှုများကြားမှ သူ၏ စိတ်ထဲတွင် စိတ်ပျက်မှုလေးတစ်ခု ဖြစ်ပေါ်နေသည်။

သူသည် အဆက်မပြတ် ကျင့်ကြံပြီး သူ၏ ကန့်သတ်ချက်များကို ကျော်ဖြတ်နေသော်လည်း ပိုင်ကျီဟန်မှာမူ သူ့ထက် ပိုမိုမြင့်မားသော အဆင့်သို့ အမြဲတမ်း ရောက်ရှိနေသည်ကို သတိပြုမိသွားသည်။

သူတို့ကြားမှ ကွာဟချက်မှာ ပို၍သာ ကျယ်ပြန့်လာသည်။ လိုက်မီရန် မဖြစ်နိုင်သလိုပင်။

သို့သော် လင်းရွှမ်မှာ မကျေမနပ် မဖြစ်ခဲ့ပေ။ ထိုအရာက သူ၏ စိတ်ဓာတ်ကို ပို၍ပင် ခိုင်မာစေသည်။

ပိုင်ကျီဟန်က သက်ပြင်းချကာ ခေါင်းကို အသာအယာ ယမ်းလိုက်သည်။

"ဒါတွေကို စိတ်မပူပါနဲ့" သူသည် နားမလည်နိုင်လောက်အောင် တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းရဲ့ ကျင့်ကြံမှုက ပထမပဲ"

လင်းရွှမ်သည် အမိန့်တစ်ခု ရရှိလိုက်သကဲ့သို့ ခန္ဓာကိုယ်ကို ချက်ချင်း မတ်လိုက်သည်။

ပိုင်ကျီဟန်က ဆက်ပြောလိုက်ပြီး သူ၏ လေသံမှာ အနည်းငယ် တိုးညှင်းသွားသော်လည်း ပတ်ဝန်းကျင်ရှိ လူတိုင်း ကြားနိုင်လောက်သည့် အနေအထားမျိုးဖြစ်ကာ လင်းရွှမ် တစ်ဦးတည်းကိုသာ ရည်ရွယ်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ပြီးတော့ ဒီသားရဲဒီရေလှိုင်းအတွင်းမှာ သတိနဲ့နေပါ။ အမှားတစ်ခုက မင်းရဲ့ အသက်ကို ဆုံးရှုံးစေနိုင်တယ်”

(သူ့အတွက် သိပ်စိတ်ပူစရာ မလိုဘူးဆိုပေမဲ့လည်း...)

ကြယ်သုံးပွင့် ကောင်းကင်ရွေးချယ်ခံသူဖြစ်သည့်အတွက် သူ၏ အသက်အန္တရာယ်မှာ သိပ်မစိုးရိမ်ရပေ။

သို့သော်လည်း ပိုင်ကျီဟန်က ထိုစကားကို ပြောလိုက်ခြင်းမှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ လင်းရွှမ်ကို တကယ် ဂရုစိုက်

သောကြောင့် ဖြစ်သည်။

လင်းရွှမ်မှာ ထိုစကားကို ကြားရသဖြင့် အလွန်ဝမ်းသာသွားသည်။

သူက မျက်လုံးများ တောက်ပစွာဖြင့် ဦးညွှတ်လိုက်သည်။

"သခင်လေးပိုင်ရဲ့ စကားကို နှလုံးသားထဲမှာ အမြဲမှတ်ထားပါ့မယ်”

သူကပြောလေ၏

ပိုင်ကျီဟန်သည် သူ၏ အဖြေကို ကျေနပ်သွားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အားလုံးမှာ ပျော်ပွဲရွှင်ပွဲကဲ့သို့ ဖြစ်နေသော်လည်း—

မနက်ဖြန်တွင် အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။

ယနေ့ညသည် သူတို့ ယခုကဲ့သို့ ရယ်ရယ်မောမော၊ စနောက်ရင်း လွတ်လပ်စွာ စကားပြောနိုင်မည့် နောက်ဆုံးည ဖြစ်ပေလိမ့်မည်။ မနက်မိုးလင်းသည်နှင့် အခြေအနေအားလုံး ပြောင်းလဲသွားမည်။

သူတို့၏ မျိုးနွယ်စု သို့မဟုတ် ဂိုဏ်းများ မည်မျှပင် ကြီးကျယ်ပါစေ၊ သူတို့ကိုယ်တိုင် မည်မျှပင် အစွမ်းထက်ပါစေ... သားရဲဒီရေလှိုင်းကမူ ဂရုစိုက်မည် မဟုတ်ပေ။ ထိုမိစ္ဆာသားရဲများသည် ဘာမှမကျန်တော့သည်အထိ သတ်ဖြတ်ဖျက်ဆီးကြပေလိမ့်မည်။

All Chapters