← Chapters

အဆင့် (၉) မိစ္ဆာသားရဲများကို သုတ်သင်ခြင်း စတင်ပြီ

Vol. 25 Ch. 371

အဆင့် (၉) မိစ္ဆာသားရဲများကို သုတ်သင်ခြင်း စတင်ပြီ

Vol. 25 Ch. 371

ပိုင်ကျီဟန်အနေဖြင့် အဆင့် (၉) မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်သည်ကို လူပေါင်းများစွာ မြင်တွေ့လိုက်ရပြီး

အထူးသဖြင့် ပိုင်ကျီဟန်ကို သေစေချင်နေကြသည့် လီမိသားစုနှင့် ကျောက်မိသားစုဝင်များမြင်တွေ့ရချေပြီ

သို့သော်လည်း မျှော်လင့်ချက် ကြီးမားလေလေ၊ စိတ်ပျက်ရမှုက ပို၍ ကြီးမားလေလေပင်။

တကယ်တမ်းတွင် သူတို့စိတ်ထဲ၌ စိတ်ပျက်ရခြင်းထက် တုန်လှုပ်ချောက်ချားမှုက ပို၍ လွှမ်းမိုးသွားသည်။

အသက် (၁၈) နှစ်မျှသာ ရှိသေးပြီး ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်သို့ မယုံနိုင်လောက်အောင် ရောက်ရှိနေသည့် လူငယ်လေးတစ်ယောက်က အဆင့် (၉) မိစ္ဆာသားရဲကို သတ်ပစ်လိုက်ပေသည်။

ထိုမျှသာမကသေး၊ သူ၏ လုပ်ဆောင်ချက်မှာ အလွန်လွယ်ကူပြီး အားစိုက်ထုတ်စရာပင် မလိုသယောင် ရှိကာ အဆင့် (၉) သားရဲများကိုယ်စီနှင့် အသည်းအသန် တိုက်ခိုက်နေရဆဲဖြစ်သော ဗလာသန့်စင်ခြင်းအဆင့်အကြီးအကဲများထက်ပင် သူက ပို၍ အစွမ်းထက်နေသယောင် ရှိနေသည်။

အထက်ကောင်းကင်ယံ၌ ကျောက်မိသားစု အကြီးအကဲမှာ လေထုထဲတွင်ပင် ရပ်တန့်သွားပြီး သူငယ်အိမ်များမှာ ထိတ်လန့်မှုကြောင့် ကျဉ်းမြောင်းသွားရသည်။

(...မဖြစ်နိုင်တာ။ ဒီကောင်လေးက... ဒီကောင်လေးက တကယ့် မိစ္ဆာတစ်ကောင်ပဲ။)

ထိုသံချပ်ကာကြံ့သားရဲနှင့် သူကိုယ်တိုင် တိုက်ခိုက်ခဲ့ဖူး၍ ၎င်း၏ ခန္ဓာကိုယ် မည်မျှအထိ မာကျောတောင့်တင်းသည်ကို သူ ကောင်းကောင်းသိသည်။

ထိုသားရဲကို နှစ်ကွက်အတွင်း အပြတ်ရှင်းနိုင်ရန်မှာ သူကိုယ်တိုင်ပင် မလုပ်နိုင်သည့် ကိစ္စဖြစ်ရာ လုံးဝ မဖြစ်နိုင်ဟုသာ သူ တွေးနေမိတော့သည်။

ဂလု

တစ်ဖက်တွင်မူ ပိုင်ကျီဟန်သည် အဆင့် (၉) မိစ္ဆာသားရဲကို သတ်ဖြတ်လိုက်ရခြင်းအပေါ် မည်သို့မျှ မခံစားရပေ။

အဆင့် (၉) မိစ္ဆာသားရဲများမှာ အဆင့် (၈) သားရဲများထက် ပို၍ အားစိုက်ရသည်မှာ မှန်သော်လည်း သူ့အတွက်မူ အားနည်းချက်များစွာ ရှိနေဆဲဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်။

ထို့နောက် သူသည် ကျောက်မိသားစု အကြီးအကဲဘက်သို့ အေးစက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ရာ အကြီးအကဲမှာ ဒေါသနှင့် ကြောက်ရွံ့မှုတို့ ရောပြွမ်းလျက် ချက်ချင်းပင် မျက်နှာလွှဲသွားတော့သည်။

ကျောက်အကြီးအကဲ၏ အကွက်ဆင်မှုမှာ ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဘာမှ ပြောင်းလဲမသွားပေ။

တစ်ယောက်ယောက်က သူ့ကို သတ်ရန် ကြိုးစားခဲ့သည်။

ထို့ကြောင့် ပိုင်ကျီဟန်အနေဖြင့် ထိုလူကို အလွယ်တကူ လွှတ်ပေးရန် အစီအစဉ် မရှိပေ။

တန်

ထိုစဉ်မှာပင်—

သူ အသံတစ်ခု ကြားလိုက်ရသည်။

၎င်းမှာ သူ၏ စနစ်ထံမှသာ ထွက်ပေါ်လာနိုင်သည့် အချက်ပေးသံလေးပင် ဖြစ်လေသည်။

"စနစ်”

သူ ဇဝေဇဝါ ဖြစ်သွားသည်။ ဤအသံမျိုးကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။

သို့သော် စနစ်မျက်နှာပြင်ကို စစ်ဆေးကြည့်သောအခါ ဘာမှ ပြောင်းလဲနေခြင်း မရှိသည်ကို တွေ့ရသည်။

ပို၍ပင် နားမလည်နိုင်ဖြစ်ကာ ဆုလာဘ်ကဏ္ဍကို ဖွင့်ကြည့်လိုက်ရာ

[ထုတ်ယူရန်ရှိသော ဆုလာဘ်များ]

အဆင့် (၉) မိစ္ဆာသားရဲကို သတ်ဖြတ်ခြင်း - [အမှတ် ၁၀၀]

သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ မိစ္ဆာသားရဲများကို သတ်ဖြတ်ခြင်းဖြင့် စနစ်အမှတ် များ ရနိုင်သည်ကို သူ မသိခဲ့ပေ။

သို့သော် အဆင့် (၈) သားရဲများကို

သတ်စဉ်ကမူ ဘာမှ မရခဲ့ချေ။

"အဆင့် (၉) မိစ္ဆာသားရဲတွေကို သတ်မှပဲ အောင်မြင်မှုအဖြစ် သတ်မှတ်တာလား... ဒါမှမဟုတ် သူတို့ရဲ့ အဆင့်က ငါ့ထက် မြင့်နေလို့လား..."

အဘယ်ကြောင့် အမှတ်ရသည်ကို သူ အသေအချာ မသိသော်လည်း ထိုအချက်က အရေးမကြီးတော့ပေ။

"နောက်ဆုံးတော့ ရပြီဟေ့”

စနစ်အမှတ်များကို မည်သို့ရှာရမည်နည်းဟု သူ စိတ်ပူနေခဲ့ရာ ယခုတော့ အဖြေသည် သူ့လက်ထဲသို့ အလိုအလျောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အဆင့် (၉) သားရဲများကို သတ်ခြင်းက အမှတ်ရစေသည်ဆိုလျှင် အဆင့် (၈) ကောင်များနှင့် အချိန်ဖြုန်းနေရန် အကြောင်းမရှိတော့။

"အဆင်ပြေရဲ့လား"

ပိုင်ကျီဟန်မှာ ဘာမှမလုပ်ဘဲ ငိုင်တိုင်တိုင် ရပ်နေသည်ကို မြင်သောအခါ ပိုင်လုမိန်က စိုးရိမ်တကြီး မေးလိုက်သည်။

သံချပ်ကာကြံ့သားရဲနှင့် တိုက်ခိုက်စဉ် အားကုန်သွားခြင်း သို့မဟုတ် အတွင်းကြေ ဒဏ်ရာရသွားခြင်းလောဟု သူမ ထင်နေမိသည်။

ဤမျှကြီးမားသော သားရဲကြီးကို တစ်ယောက်တည်း ရင်ဆိုင်ခြင်းမှာ သူကဲ့သို့ ပါရမီရှင်အတွက်ပင် လွန်ကဲလွန်းသည် မဟုတ်ပါလော

သို့သော် သူမ ဘာမှ ထပ်မပြောနိုင်ခင်မှာပင်-

"ဟားဟားဟား...”

ပိုင်ကျီဟန်၏ ရုတ်တရက် ရယ်မောသံကြောင့် သူမ လန့်ဖျပ်သွားရပြီး အနည်းငယ်ပင် ကြောက်လန့်သွားမိသည်။

(သူ... ရူးသွားပြီလားမသိဘူး)

ပြင်းထန်လှသော စစ်တလင်းပြင်အလယ်တွင် ပိုင်ကျီဟန်မှာ လူရူးတစ်ယောက်နှယ် ရယ်မောနေ၏

ဘေးမှကြည့်သူအဖို့ စိတ်

ဖောက်ပြန်သွားသည်ဟု ထင်စရာပင်။

အမှန်တကယ်တွင်မူ ပိုင်ကျီဟန်မှာ အဆင့် (၉) သားရဲများကို သတ်ပြီး ရရှိလာမည့် အမှတ်ပေါင်းများစွာအတွက် စိတ်လှုပ်ရှားနေခြင်းသာ ဖြစ်သည်။

ထိုသားရဲများ၏ အစွမ်းမှာ သူ့အတွက် ဘာမှမဟုတ်သည်ကို သူ နားလည်သွားပြီ ဖြစ်သည်။

အုပ်စုလိုက်လာလျှင်ပင် သူ့အတွက် ပြဿနာမဟုတ်ပေ။

တောရိုင်းမြေရိုင်းထဲတွင် ပုန်းအောင်းနေသည့် အဆင့် (၉) သားရဲ ရာနှင့်ချီ၊ ထောင်နှင့်ချီ ရှိနေခြင်းမှာ သူ့အတွက်တော့ တောင်ပုံရာပုံရှိသော စနစ်အမှတ်များပင်။

အားလုံးကို အပြတ်ရှင်းရန် မဖြစ်နိုင်သော်လည်း သူကတော့ စိတ်ထဲတွင် အမှတ်များကို တွက်ချက်နေမိသည်။

"ပိုင်လုမိန် အဖွဲ့ဆီ ပြန်သွားတော့။ ကျွန်တော်ကတော့ အဆင့် (၉) မိစ္ဆာသားရဲတွေကို လိုက်သတ်တော့မယ်"

ပိုင်ကျီဟန်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။

မူလက အမိန့်အတိုင်း ပုံမှန်တိုက်ခိုက်ရန် စဉ်းစားထားသော်လည်း ယခုတော့ အခြေအနေက ပြောင်းလဲသွားပြီ။

ဤကဲ့သို့ အခွင့်အရေးမျိုးကို သူ လက်လွတ်မခံနိုင်ပေ။

အဖွဲ့နှင့်အတူ သွားနေခြင်းက သူ့ကို နှောင့်နှေးစေရုံသာ ရှိလိမ့်မည်။

"ဟင်... ပိုင်ကျီဟန်၊ မဖြစ်ဘူးလေ! ငါ့အမိန့်ကို နင် နားထောင်ရမယ်”

ပိုင်လုမိန်က ချက်ချင်း ကန့်ကွက်သည်။ သူမက အာဏာပြချင်၍ မဟုတ်ဘဲ ပိုင်ကျီဟန် တစ်ခုခုဖြစ်သွားပါက တာဝန်ရှိသူမှာ သူမ ဖြစ်နေသောကြောင့်ပင်။

"စကား နှစ်ခါ မပြောဘူးနော်"

ဝှစ်

စကားဆုံးသည်နှင့် ပိုင်ကျီဟန်သည် အနီးဆုံးရှိ အဆင့် (၉) မိစ္ဆာသားရဲရှိရာသို့ လျှပ်တပြတ် ပြေးထွက်သွားတော့သည်။

"သူ... သူ ဘာလို့ အဆင့် (၉) သားရဲတွေဆီ တန်းတန်းမတ်မတ် သွားနေတာလဲ”

အကြီးအကဲများ တိုက်ခိုက်နေသည့် စစ်တလင်းဆီသို့ ပိုင်ကျီဟန် ပြေးဝင်သွားသည်ကို မြင်ရသောအခါ သူမ၏ စိုးရိမ်စိတ်မှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။

"ငါ ဘာလုပ်ရမလဲ"

သူမ ရှေ့တိုးနောက်ဆုတ်ဖြင့် ဝေခွဲမရ ဖြစ်နေသည်။

လိုက်သွားရန်မှာလည်း အဆင့် (၉) သားရဲနှင့်တွေ့လျှင် သူမ၏ အစွမ်းမှာ ဘာမှသုံးစားမရသည်ကို သိနေသည်။

ပိုင်ကျီဟန်က သံချပ်ကာကြံ့ကို အလွယ်တကူ သတ်နိုင်ခဲ့သည်ကို ပြန်တွေးမိမှသာ သူ တစ်ယောက်တည်း အဆင်ပြေပါစေဟု ဆုတောင်းနေမိတော့သည်။

ဟူး

"သူ ဘေးကင်းကင်းနဲ့ ပြန်လာပါစေလို့ပဲ မျှော်လင့်ရတာပဲ။ မဟုတ်ရင်တော့ ငါ့ဘဝ သွားပြီ..."

အထူးသဖြင့် သားရဲများသွားလာနေသည့်ကြားမှ ပိုင်ကျီဟန်၏ အရှိန်ကို သူမ မမီနိုင်ပေ

အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် အဖွဲ့ကို ပစ်ထားခဲ့၍လည်း မရချေ။

ဝူး

ပိုင်ကျီဟန်သည် အနီးဆုံးရှိ အဆင့် (၉) မိစ္ဆာသားရဲဖြစ်သော စပါးအုန်းကျားဆီသို့ ပြေးဝင်သွားသည်။

ကြားထဲတွင် ကာဆီးနေသော အဆင့် (၈) နှင့် အောက်ဆင့် သားရဲများကိုမူ သူက ဖျတ်ကနဲ အပြတ်ရှင်းပစ်ခဲ့သည်။

သူ့ရှေ့တွင် ပိုင်ကျီဟန် ရုတ်တရက် ပေါ်လာသောအခါ စပါးအုန်းကျားမှာ တုန်လှုပ်သွားသည်။

သို့မဟုတ်လျှင်လည်း

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်သာ ရှိသည့် လူသားတစ်ယောက်က သူ့ကို လာရောက် စိန်ခေါ်ခြင်းအပေါ် အစော်ကားခံရသည်ဟု ခံစားလိုက်ရခြင်း ဖြစ်နိုင်၏။

ရှူး

ပိုင်ကျီဟန်က ရှေ့သို့ တိုးဝင်လိုက်ရာ ငွေရောင်အလင်းတန်းများက သူ့နောက်တွင် ထင်ကျန်ရစ်သည်။

ရှူးးး

စပါးအုန်းကျားကလည်း အဆိပ်ငွေ့များကို မှုတ်ထုတ်ကာ ခုခံရန် ပြင်ဆင်လိုက်၏။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ စွမ်းအားများ ပြည့်လျှံနေသော်လည်း မျက်လုံးထဲတွင်မူ မမျှော်လင့်ထားသော စိုးရိမ်တုန်လှုပ်မှု ရိပ်ယောင်များ ယှက်သန်းနေသည်။

"အရိပ်ကိုးပါးစီးဆင်းနေတဲ့ အလင်းဓားသိုင်း”

ဝူရ

ပိုင်ကျီဟန်၏ ပုံရိပ်ယောင် ကိုးခုမှာ တစ္ဆေများအလား ထွက်ပေါ်လာပြီး တစ်ခုချင်းစီမှာ တူညီသော အရှိန်၊ ဖိအားနှင့် သတ်ဖြတ်လိုစိတ်များ ရှိနေသည်။

စပါးအုန်းကျားက ထိုပုံရိပ်ယောင်များကို လက်သည်းများဖြင့် အပြင်းအထန် ရိုက်ပုတ်လိုက်သော်လည်း ပိုင်ကျီဟန် အစစ်ကို မထိမှန်ပေ။

ဘုန်း ဘုန်း ဘုန်း

တိုက်ချက်တိုင်းသည် ရိပ်ခနဲဖြစ်သွားသော အရိပ်ယောင်တွေကိုသာ ဖျက်ဆီးနိုင်ခဲ့ပြီး ပိုင်ကျီဟန်ကိုတော့ မထိမှန်နိုင်ခဲ့ပေ

ပုံရိပ်ယောင်များမှာ အတုဖြစ်ကြောင်း သားရဲကြီး သိသွားချိန်တွင်မူ အေးစက်သော အငွေ့အသက်တစ်ခုက ၎င်း၏ နားရွက်ဘေးမှ ဖြတ်သန်းသွားလေပြီ။

"ဒုတိယပုံစံ - ပုံရိပ်ယောင် အလင်းချက်”

ရွှမ်

ငွေရောင် အလင်းတန်းတစ်ခုက စစ်တလင်းကို ဖြတ်သန်းသွားသည်။

ထို့နောက်

ဖူး

စပါးအုန်းကျား၏ လည်ပင်းကြီးတွင် နီရဲသော မျဉ်းကြောင်းတစ်ခု ပေါ်လာပြီးနောက် ၎င်း၏ ဦးခေါင်းမှာ ခန္ဓာကိုယ်မှ တဖြည်းဖြည်း လျှောကျကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဝုန်း

ဧရာမ အဆင့် (၉) မိစ္ဆာသားရဲကြီးမှာ တစ်ကွက်တည်းဖြင့် အသက်ပျောက်သွားရရှာသည်။

သူ့၏ခံနိုင်ရည်စွမ်းအားတွေ၊ ကြောက်ခမန်းလိလိ အသက်ပြင်းမှုတွေ ရှိနေပါစေဦးတော့... ဘာတစ်ချက်မှ ပြန်မတွန်းလှန်နိုင်ခဲ့ပေ

ကောင်းကင်အဆင့် ဓားသိုင်း ၊ ဓားရည်ရွယ်ချက်နှင့် အဆင့်မြင့်တာအိုအရိုးတို့ ပေါင်းစပ်ထားသည့် ပိုင်ကျီဟန်၏ တိုက်ကွက်ရှေ့တွင်တော့ အသုံးမဝင်ပေ

စပါးအုံးကျားသစ် အတွက်မူကား... ၎င်းသည် တိုက်ပွဲတစ်ခုမဟုတ်တော့ဘဲ သတ်ဖြတ်ခြင်းသက်သက်သာ ဖြစ်ပေတော့သည်။

ပိုင်ကျီဟန်က သားရဲအလောင်းကို လှည့်ပင်မကြည့်ဘဲ တက်နင်းသွား၏

စနစ်မျက်နှာပြင်ကို စစ်ဆေးလိုက်ရာ နောက်ထပ် အမှတ် ၁၀၀ တိုးလာသည်ကို တွေ့ရသည်။

အမှန်ပင်... အဆင့် (၉) သတ္တဝါတစ်ကောင်ကို သတ်ဖြတ်နိုင်ခြင်းက သူ့အတွက် ရမှတ် ၁၀၀ ရရှိစေသည်။

သူသည် နောက်ထပ်ပစ်မှတ်ကို ရှာဖွေရန် ထိုနေရာတွင် ရပ်မနေခဲ့ပေ။

အသုံးပြုလိုက်ရသည့် ကျင့်ကြံခြင်းစွမ်းအင် များမှာလည်း ပြန်လည်ပြည့်ဖြိုးသွားပြီ ဖြစ်၍ စောင့်ဆိုင်းနေရန် မလိုတော့ပေ။

အနန္တအသက်ရှုခြင်းနည်းစနစ်နှင့် အဆင့်မြင့်တာအိုအရိုးတို့ကို ပိုင်ဆိုင်ထားသဖြင့် သူ၏ ချီစွမ်းအင် သိုလှောင်မှုအတွက် စိုးရိမ်စရာ မလိုတော့ပြီ။

သူ့တွင် ရှိနေသည့် အဆုံးမရှိသော အဆင့်မြင့်ဆေးလုံးများကိုမူ ထည့်ပင်မပြောလိုတော့ချေ။

သူသည် သူတော်စင်အဆင့်သိုင်းကွက်ကို အသုံးမပြုသရွေ့ အနားယူခြင်းမရှိဘဲ ဆက်တိုက် တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ထာဝရ တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟုပင် ဆိုနိုင်သည်။

၎င်းမှာလည်း သူ အမှန်တကယ် ရည်ရွယ်ထားသည့် အတိုင်းပင် ဖြစ်တော့သည်။

All Chapters