စစ်မှန်သော နဂါးသိုင်းနတ်ဘုရား။
Vol. 22 Ch. 314
ချိုင့်ဝှမ်းထဲ၌။
နေမင်းကြီးသည် ၎င်း၏ အထွတ်အထိပ် အပူချိန်ကို ကျော်ဖြတ်ကာ အနောက်ဖက်သို့ တိုးဝင်သွားချေပြီ။
တစ်ဖက်တစ်ချက်စီရှိ ချောက်ကမ်းပါးများသည် တိမ်ညိုများ ဖုံးလွှမ်းနေသကဲ့သို့ နီညိုရောင် သမ်းနေကာ အရိုးအကြွင်းအကျန်များ ပြည့်နှက်နေသည့် ချိုင့်ဝှမ်းထဲတွင်တော့ သန်းခေါင်ယံအချိန်ကဲ့သို့ မည်းမှောင်နေသည်။
အလယ်ဗဟိုရှိ ယဇ်ပလ္လင်သည် သွေးနီရောင် အလင်းများဖြင့် တောက်ပနေပြီး ၎င်းဘေးရှိ ဖယောင်းတိုင်မီးမှာတော့ တဖျပ်ဖျပ် လှုပ်ခတ်နေသည်။ အမှောင်ထဲတွင် ယဇ်ပလ္လင်မှ ယင်စွမ်းအင်များ စိမ့်ထွက်လာကာ မှုန်ဝါးဝါး အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
“သိပ်မလိုတော့ဘူး”
နန်းကုန်းလီသည် ယဇ်ပလ္လင်ရှေ့တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ့ဝတ်ရုံစများသည် လေထဲတွင် လေလွင့်နေကာ မျက်စိစုံမှိတ်လျက် မနီးမဝေးမှ ယဇ်ပုလ္လင်ကို ကာကွယ် စောင့်ရှောက်ထားလေသည်။
ယခု သူ၏စိတ်ဝိညာဉ်ကို သားရဲနတ်အရှင်နှင့် ချိတ်ဆက်ထားသည်။ သားရဲနတ်အရှင် မုန့်ထျန်းရွှမ်ကို စားပြီးသည်က သုံးရက်ပင် ကြာသွားချေပြီ။
နန်းကုန်းလီ ထိုနေ့ရက်များကို တွက်ချက်နေခဲ့သည်။ သားရဲနတ်အရှင်သည် ထူးကဲသော စွမ်းရည်များ ပိုင်ဆိုင်ထားသော်လည်း သူ၏ ခွန်အားများ ပျက်စီးသွားပြီးနောက် သူ့ကိုယ်သူ ယဇ်ပုလ္လင်ထဲတွင် ဝှက်ထားခဲ့ရသည်။ ထို့ကြောင့် ကောင်းကင်အရှင် ကျွမ်းကျင်သူကို စုပ်ယူရန် သူ့အတွက် အချိန်ယူရလိမ့်မည်။
ထိုအချိန်တွင် မုန့်ထျန်းရွှမ်၏ အကြွင်းအကျန်ဝိညာဉ်သည် ခုန်တက်လာပြီး ခုခံရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သူသည် မနေ့ညနေမွန်းတည့်ချိန်အထိ သားရဲနတ်အရှင်ထံမှ အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရသည်။
ဒီနေ့ နေ့လယ်က ဘူးကိုဖွင့်မယ့်အချိန်ပဲ။
“…”
နန်းကုန်းလီသည် ထိုအတွေးဖြင့် မျက်မှောင်ကြုတ်ကာ မျှော်လင့်ချက်များလည်း တိုးလာသည်။ သူ မသိလိုက်ခင်မှာပင် အပေါ်က တိမ်မည်းများ ဝိုင်းအုံလာကာ ပတ်ဝန်းကျင်က အမှောင်ထုထဲ ထိုးကျသွားခဲ့သည်။
ဗုန်း!
မိုးခြိမ်းသံကြီး ထွက်ပေါ်လာခိုက် ကြက်သွေးရောင် လျှပ်စီးကြောင်းများသည် ကောင်းကင်တစ်ခွင်နှင့် ချောက်ကြီးတစ်ခုလုံးကိုပါ လင်းထိန်သွားစေသည်။ ၎င်းမှာ သွေးထွက်သံယို မုန်တိုင်းကြီးတစ်ခု ကောင်းကင်မှ ဆင်းသက်လာတော့မည့် အတိုင်းပင်။
ထိုအခိုက် ချောက်၏အလယ်ဗဟိုရှိ ယဇ်ပလ္လင်သည်လည်း တုန်တုန်ယင်ယင်နှင့် ဟစ်အော်သည်။ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု တဖြည်းဖြည်း ပျံ့နှံ့လာ၏။
"သားရဲနတ်အရှင်?"
နန်းကုန်းလီသည် ထိုရောင်ဝါကို ခံစားမိသည်နှင့် မျက်လုံးများကို ဇတ်ခနဲ ဖွင့်ကာ ချောက်အလယ်ဗဟိုရှိ ယဇ်ပလ္လင်ဆီသို့ လျင်မြန်စွာ ကြည့်လိုက်သည်။ သူ ချက်ချင်း ဝမ်းသာသွားသည်။
ယဇ်ပုလ္လင်သည် သွေးအလင်းတန်းတစ်ခုကို ကောင်းကင်သို့ ပစ်လွှတ်လိုက်လေ၏။ ထိုတစ်ခဏအတွင်းတွင်၌ပင် ဤကမ္ဘာနှင့် မသက်ဆိုင်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသော်လည်း နန်းကုန်းလီတစ်ယောက် အံ့အားသင့်စွာ မချဉ်းကပ်သွားရမီတွင် သွေးအလင်းတန်းက တဖျပ်ဖျပ်ခတ်ကာ တိမ်များထဲသို့ လျင်မြန်စွာ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
ယခင်က လွတ်နေခဲ့သော ယဇ်ပလ္လင်၏ မျက်နှာပြင်ပေါ်တွင် မှော်ဆန်သော ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုသူ၏အနက်ရောင်ဆံပင်များသည် မှင်နက်များကဲ့သို့ ဖြာကျလျက်ရှိ၏။ အေးစက်နေသော သံကြိုးများသည် သူ၏ညှပ်ရိုးကို ထိုးဖောက်ထားကာ သံကြိုးတစ်ခုစီသည် သူ့အား လှောင်အိမ်ထဲရှိ ပင့်ကူမျှင်ကဲ့သို့ ချည်နှောင်ထားလေသည်။
နန်းကုန်းလီလည်း ဒါကိုမြင်တော့ တွန့်ဆုတ်မနေရဲတော့ပေ။ သူသည် လျင်မြန်စွာ ထလိုက်ပြီး သတိကြီးကြီးဖြင့် ယဇ်ပလ္လင်အနီးသို့ ချဥ်းကပ်သွားလေသည်။
"သားရဲနတ်အရှင်"
"ငါပဲ။"
သားရဲနတ်အရှင်၏ ရုပ်သွင်က ဆိုသည်။
“ဒီနေရာကို မင်းစောင့်နေတာ ဘယ်လောက်ကြာပြီလဲ"
"သုံးရက်ပါ"
နန်းကုန်းလီသည် အသံတိုးတိုးလေးဖြင့် ဆိုရင်း မြေပြင်ပေါ် ဦးညွတ်လိုက်ကာ: "အရှင် မဟာမိတ်ခေါင်းဆောင်ကို ဝါးမျိုနေခဲ့တာ သုံးရက် ရှိသွားပါပြီ"
"အချိန်တွေ အများကြီး ကုန်သွားတာပဲ။"
သားရဲနတ်အရှင်၏ ရုပ်ပုံသဏ္ဌာန်သည် သူ့ပခုံးကိုဆန့်ကာ "ဒီအောက်ပိုင်းနယ်ပယ်မှာ ကြယ်စွမ်းအားက တကယ်ရှားပါးတယ်... လျှို့ဝှက်နည်းကို သုံးပြီး ပြန်ကောင်းလာရင်တောင်မှ ဆယ်ပုံတစ်ပုံလောက်ပဲ ပြန်ကောင်းလာသေးတယ်"
"အရှင့်ရဲ့ လက်အောက်ငယ်သားတွေဆီက ဘာလိုပါသေးလဲ။"
“သွားပြီးတော့ ငါ့အတွက် နောက်ထပ် သွေးအစာတွေ ရှာလာခဲ့။ ငါ ခွန်အားတွေ အဆင့်တစ်ခုအထိ ပြန်ရသရွေ့ ဒီတံဆိပ်ခတ်ထားတဲ့ သံကြိုးတွေကို ဖြတ်နိုင်ပြီ။"
"ကောင်းပါပြီ... ငယ်သား အရှင့်ကို ကြိုပြီး ဂုဏ်ပြုပါတယ်!"
နန်းကုန်းလီ လေးလေးနက်နက် မျက်နှာထားဖြင့် အမိန့်နာခံလိုက်သည်။
"အရှင့်မှာ သွေးအတွက် အထူးလိုအပ်ချက်တွေ ရှိလား"
“အဲဒီလောက်အထိ မလိုပါဘူး၊ ငါ ခွန်အား အဆင့်တစ်ခုအထိ ပြန်ရရင် အဆင်ပြေတယ်။ စိတ်ဝိညာဉ်တွေကို စုဆောင်းတဲ့ နေရာမှာ မင်းအလုပ်ကောင်းကောင်း လုပ်ခဲ့တယ်လို့ ငါထင်တယ်၊ ဂိုဏ်းထဲမှာ အရင်းအမြစ်တွေ အများကြီးကုန်သွားလောက်ပြီလို့ ဖြုန်းတီးနေစရာ မလိုတော့ဘူး"
ခေတ္တနားပြီးနောက် ထိုလူက :"ဒီတစ်ခါ မင်းသွားရင် ဂိုဏ်းဆရာနယ်ပယ်တွေပဲ ယူခဲ့။ အဓိပတိ နယ်ပယ်ကို ရှာနေစရာ မလိုတော့ဘူး။"
"ဟုတ်ကဲ့ နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် အရှင်"
နန်းကုန်းလီသည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်ကာ သူ့မျက်လုံးများက စိတ်အားထက်သန်မှုကြောင့် ပို၍ပင် တောက်လောင်လာသည်။
"အရှင် မသိသေးတာ တစ်ခုရှိပါတယ်။ ကျန်းဟိုင်မြို့မှာ လူတိုင်းရဲ့ ကျင့်ကြံမှုတွေ သိသိသာသာ တိုးလာတဲ့အတွက် ကောင်းချီးတစ်ခု ရထားတယ်။ သူတို့အားလုံးက သွေးလှူဖို့ အကောင်းဆုံး ကိုယ်စားလှယ်တွေပဲ..."
သူပြောနေစဥ် ယဇ်ပလ္လင်ပေါ်ရှိ ပုံရိပ်က စိတ်မရှည်တော့ပေ။ စကား အဆုံးမသတ်ခင်မှာ လက်ကိုဝှေ့ယမ်းပြီး ဝင်ဖြတ်လိုက်သည်။
"ကောင်းပြီ နောက်ပြန်ဆုတ်တော့။ သွေးရပြီးရင် ငါ့ရဲ့ အစစ်အမှန်ပုံစံကို ပြန်နိုးထလို့ရပြီ။"
နက်မှောင်သော တိမ်တိုက်များသည် ချောက်ကြီး၏အထက်တွင် စုရုံးလာကာ သူတို့နှင့်အတူ ရူးသွပ်နေသော တောင်လေကို သယ်ဆောင်လာလေသည်။ သွေးညှီနံ့များက အပြင်သို့ ဖြည်းညှင်းစွာ ပျံ့နှံ့သွားပြီး ဧရိယာတစ်ဝိုက်တွင် မြူတိမ်များကဲ့သို့ ဖုံးလွှမ်းလာခဲ့သည်။
ခဏအကြာ၌ နန်းကုန်းလီလည်း ချောက်ထဲမှ ထွက်လာ၏။
...
...
ကျန်းဟိုင်မြို့ လမ်းမကြီးပေါ်၌။
လွန်ခဲ့သည့် ရက်အနည်းငယ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တွင်း၌ ဖုံးလွှမ်းနေသော အမှုန်အမွှားများကို ဖယ်ရှားခဲ့ပြီး လေကောင်းလေသန့်များ ထွက်ပေါ်လာခဲ့သည်။
လမ်းမများပေါ်တွင် လူစွာများဖြင့် ပြည့်ကျပ်နေပြီး တစ်ယောက်စီတိုင်းဟာ ဖောက်ခွဲကောင်းကင်ဂိုဏ်းနှင့် ပတ်သက်သော အမှတ်တရ လက်ဆောင်များကို ကိုင်ဆောင်ထားလျက် ရှိသည်။ ဖောက်ခွဲကောင်းကင်ဂိုဏ်းသည် ယခုအခါ ဓားနတ်ဘုရားနည်းတူ ကျန်းဟိုင်မြို့၏ သင်္ကေတတစ်ခု ဖြစ်လာသည်။
ဂိုဏ်း၏အမည်ပါသည့် ခေတ်မီသော တီရှပ်မျိုးစုံသည်ပင် ပျံ့နှံ့နေချေပြီ။ "ဖောက်ခွဲကောင်းကင်ဂိုဏ်း" ပါသော စာလုံးကြီးများပင်လျှင် အွန်လိုင်းစျေးဝယ် ပလပ်ဖောင်းများတွင် ရောင်းအားအလွန်ကောင်းသော ပစ္စည်းများ ဖြစ်လာကြသည်။
အင်တာနက်ပေါ်တွင်လည်း ဖောက်ခွဲကောင်းကင်ဂိုဏ်း အကြောင်း ပိုမိုသိရှိလာကြသည်။ မကြာသေးမီ ရက်များအတွင်း၍ နဂါးရုပ်အသွင် ဟူသော ခေါင်းစဉ်သည် ဆိုရှယ်မီဒီယာပေါ်တွင် ရေပန်းစားနေပြီး ဆွေးနွေးမှုများမှာလည်း တသမတ်တည်း ရှေ့ပြေးနေ၏။
"ကျွန်တော် ပူးပေါင်းပြီးပါပြီ။ ဖောက်ခွဲကောင်းကင်ဂိုဏ်းမှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့ တစ်ယောက်ယောက်ရှိလား။"
"ဖီး! ငါတို့ကို လှည့်စားဖို့ မကြိုးစားနဲ့။ မင်းနဲ့ ပူးပေါင်းနိုင်မယ်လို့များ ထင်လား။ အိပ်မက်မက်နေလိုက်။ မင်းကဖြင့် နောက်ဖွားနယ်ပယ်ပဲ ရှိသေးတယ်။"
"အနည်းဆုံး မွေးရာပါနယ်ပယ် ဖြစ်ဖို့ လိုတယ် ဆိုတဲ့ ကောလဟာလတွေ ငါကြားဖူးတယ်။"
"စစ်မှန်တဲ့ နဂါးသိုင်းနတ်ဘုရားကို အဝေးကနေပဲ ကြည့်ကြရအောင်...။"
"နဂါးသိုင်းနတ်ဘုရားက နတ်နဂါးအရိပ်ကို ပြသွားတယ်။ ငါတို့ကို အခွင့်အရေးတစ်ခု ပေးတာများလား။"
စစ်မှန်သော နဂါးရုပ်သွင်၏ အကျိုးသက်ရောက်မှုကြောင့် ချင်းယန်အား "နဂါးသိုင်းနတ်ဘုရား" ဟူသော နာမည်ကိုပင် ပေးအပ်ခဲ့သည်။ ထိုအမည်ကလည်း တောမီးကဲ့သို့ ပျံ့သွားခဲ့လေသည်။
ဤအခိုက်အတန့်တွင် ဖုဟိုင်လူနေအိမ်ရာ ဧရိယာ အပြင်ဘက်တွင် ဖြတ်သန်းသွားသော စီတန်းလှည့်လည်မှု တစ်ခုသည် "နဂါးသိုင်းနတ်ဘုရား" ၏ကျော်ကြားမှုကို အားပေးနေကြကာ မျက်နှာတိုင်းတွင် ရိုသေမှုအပြည့် ရှိ၏။
ဤအရာက သေးငယ်သော အစိတ်အပိုင်းမျှသာ ရှိသေးသည်။
နိုင်ငံသားများ ပိုမိုများပြားလာသည်နှင့်အမျှ နဂါးသိုင်းနတ်ဘုရား၏ အမည်သည် တစ်ပြည်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။
...
"နဂါးသိုင်းနတ်ဘုရား?"
ချင်းယန်သည် သားရေဆိုဖာပေါ်တွင် ထိုင်နေပြီး အပြင်မှ အသံများ စတင်ထွက်ပေါ်လာချိန်တွင် စိတ်အေးလက်အေး အေးအေးဆေးဆေးဖြင့် သူ့ဖုန်းကို ကြည့်နေခဲ့သည်။ အပြင်က ထိုလူများသည် သူ့နားများကို မဆုတ်မနစ် တရစပ် နှိပ်စက်နေကြသည်။
လူများက ပျော်ရွှင်နေသော်လည်း ချင်းယန်ကတော့ အနည်းငယ် ဆူညံနေသည်ဟုသာ ခံစားနေရ၏။
"ကျစ်"
ချင်းယန်သည် ဤအမည်အကြောင့် ကူကယ်ရာမဲ့သွားသော ခံစားချက်ဖြင့် သူ့ဖုန်းကို ချလိုက်သည်။ ဤအင်တာနက် အသုံးပြုသူမျိုးဆက်၏ နတ်ဘုရားများကို ဖန်တီးနိုင်မှုစွမ်းရည်က ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်ပင်။
ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းကို ခံစားသိရှိရန် သူ၏ စိတ်စွမ်းအင်ကို အသုံးပြုလိုက်၏။ ထိုအခိုက် ပရိတ်သတ်များ၏ ချီတက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိုက်ရသည်။
ထိုလူများသည် အလံများဝှေ့ယမ်းကာ ပုံကြီးချဲ့ထားသော နဖူးစည်းများကို လွှင့်ထူထားသည်။ ကြီးမားသော အဖွဲ့များသည် နဂါးသိုင်းနတ်ဘုရား၏ ဘွဲ့အမည်ကို ဂုဏ်ပြုသည့်အနေဖြင့် မကြုံစဖူးခမ်းနားသည့် မြင်ကွင်းတစ်ခုကို ဖန်တီးနေကြသည်။
နဂါးသိုင်းနတ်ဘုရားလား။ စိတ်မကောင်းပါဘူး။ ငါ တကယ် မလုပ်ချင်ဘူးရယ်။