← Chapters

ပိုင်ကျီဟန် နှင့် ဗလာခြေလှမ်း ဓားဦးချိုသားရဲ

Vol. 25 Ch. 376

ပိုင်ကျီဟန် နှင့် ဗလာခြေလှမ်း ဓားဦးချိုသားရဲ

Vol. 25 Ch. 376

"မင်းနဲ့ငါကတော့ အတော်လေး ကြာကြာ တတွဲတွဲ ရှိနေရမယ့်ပုံပဲ”

ပိုင်ကျီဟန်က ဆိုလိုက်ပေသည်။

၎င်းမှာ လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ။

ချွင်! ချွင်

သူတို့နှစ်ဦး ထိပ်တိုက်ရင်ဆိုင်မိကြစဉ် ဓားနှင့် သားရဲဦးချိုတို့ ထိခိုက်သံသည် အကြိမ်ကြိမ် ထွက်ပေါ်နေပေသည်။

ထိပ်တိုက်ရင်ဆိုင်သည်ဟု ဆိုသော်လည်း အမှန်စင်စစ်တွင်မူ ဗလာခြေလှမ်း ဓားဦးချိုသားရဲကသာ အဆက်မပြတ် တိုက်ခိုက်နေခြင်းဖြစ်ပြီး ပိုင်ကျီဟန်မှာမူ ငြိမ်သက်စွာဖြင့် အခြေအနေကို အကဲခတ်

လေ့လာနေခြင်းသာ ဖြစ်ပေသည်။

ဓားဦးချိုသားရဲ ပျောက်ကွယ်သွားတိုင်း ဟင်းလင်းပြင်မှာ လှိုင်းထသွားရပေသည်။

၎င်း ပြန်လည်ပေါ်လာတိုင်းတွင်လည်း ပိုင်ကျီဟန်၏ ဓားမှာ အသင့်ရှိနေပြီး တိုက်ခိုက်မှုကို ခုခံတားဆီးလေသည်။

သို့သော်လည်း ဓားဦးချိုသားရဲမှာ ပို၍ စိတ်မရှည် ဖြစ်လာပေသည်။

အလွန်အမင်းပင် စိတ်တိုလာရပေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်ပညာရှင်များနှင့် ရင်ပေါင်တန်းနိုင်သော အဆင့် (၁၀) မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေသောကြောင့်ပင် ဖြစ်ပေသည်။

သို့သော်လည်း ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ရှိသော လူသားတစ်ဦးကို ဤမျှကြာအောင် တိုက်ခိုက်နေရသော်လည်း အခုထက်ထိ သတ်ဖြတ်နိုင်ခြင်း မရှိသေးပေ။

"ဝူးးးးးးးးးးးးးးး”

၎င်း၏ ဒေါသတကြီး ဟိန်းဟောက်သံမှာ စစ်မြေပြင်တစ်ခုလုံးကို တုန်ဟည်းသွားစေပေသည်။

၎င်း၏ ခြေထောက်များတွင် လေပြင်းများ ပြင်းထန်စွာ စုစည်းလာပြီး လေဆင်နှာမောင်းတစ်ခု သဏ္ဌာန် ရုတ်ခြည်း ဖြစ်ပေါ်လာပေသည်။

ပိုင်ကျီဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားရပေသည်။

(အစွမ်းထက် တိုက်ကွက်တစ်ခုကို အသုံးပြုတော့မယ်)

ရွှပ်

မည်သည့်ဓားထက်မဆို ပို၍ထက်မြက်သော လေဖိအားလှိုင်းသည် ဓားဦးချိုသားရဲ၏ ပြေးဝင်လာမှုနှင့်အတူ ပေါက်ကွဲထွက်လာပြီး သူ့ထံသို့ ဦးတည်လာပေသည်။

၎င်းမှာ လေဟုန်ဓားသွားတိုက်ကွက် ဖြစ်ပေသည်။

မြန်လွန်းလှပေသည်။ အလွန်အမင်းပင် မြန်

လွန်းလှပေသည်။

ရှောင်တိမ်းရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

"ထာဝရစီးဆင်းနေတဲ့ ရေလှိုင်းဓား”

ရှူးးး

သူ၏ရှေ့တွင် စီးဆင်းနေသော ဓားချီလွှာများသည် လည်ပတ်နေသော မြစ်တစ်စင်းကဲ့သို့ ဖြစ်ပေါ်လာပြီး ထိုပြင်းထန်လှသော တိုက်ခိုက်မှုကို ကြားဖြတ်ခုခံလိုက်ပေသည်။

ဝုန်း

လေဟုန်ဓားသွားသည် ပထမဆုံး အကာအကွယ်အလွှာကို ရိုက်ခွဲပစ်လိုက်ပေသည်။

ထို့နောက် ဒုတိယအလွှာ။

တတိယအလွှာ။

ပိုင်ကျီဟန်သည် မိမိကိုယ်ကိုယ် အခိုင်အမာ ပြင်ဆင်ထားလိုက်၏

တိုက်ကွက်၏ လက်ကျန်အရှိန်အဟုန်က သူ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်သွားသဖြင့် နောက်သို့ လွင့်ထွက်သွားရပေသည်။

သူ နောက်သို့ ချော်ထွက်ရပ်တန့်သွားသည့် မြေပြင်တွင် အက်ကြောင်းများ ထင်ကျန်ရစ်ပေသည်။

ဖုန်မှုန့်များ လွင့်ပျံသွားပေသည်။

ဗလာခြေလှမ်း ဓားဦးချိုသားရဲသည် ပိုင်ကျီဟန်ကို သတ်ဖြတ်လိုက်နိုင်ပြီဟု ထင်မှတ်နေပေသည်။

သို့သော်လည်း ပိုင်ကျီဟန်သည် ဖုန်မှုန့်များကြားမှ မည်သည့်အန္တရာယ်မျှ မရှိဘဲ ပြန်လည်ထွက်ပေါ်လာပေသည်။

သူ၏ သန်မာသော ခန္ဓာကိုယ်က ထိုတိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့ခြင်းဖြစ်ပြီး သူ၏ ရင်ဘတ်တွင် ဝတ်ဆင်ထားသော ကောင်းကင်အဆင့် အကာအကွယ်ပစ္စည်းသည်လည်း မှိန်ဖျော့စွာ လင်းလက်သွားကာ သေစေနိုင်သော စွမ်းအားအများစုကို စုပ်ယူပေးလိုက်ပေသည်။

သို့သော် ပိုင်ကျီဟန်မှာ လုံးဝ ဒဏ်ရာမရဘဲတော့ မဟုတ်ပေ။ သူ၏ ကိုယ်ပေါ်တွင် ဓားရာကဲ့သို့ ရှနာများစွာ ရှိနေသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာမျိုးတော့ မဟုတ်ပေ။

ပိုင်ကျီဟန်သည် တည်ငြိမ်စွာ အသက်ကို မှုတ်ထုတ်လိုက်ပေသည်။

မြစိမ်းရောင်နေမင်း ဂိုဏ်းချုပ်၏ သနားစဖွယ် အခြေအနေကို ပြန်တွေးကြည့်ပါက ဓားဦးချိုသားရဲသည် အစောပိုင်းက ထိုသူကို ဒဏ်ရာရစေရန် ဤတိုက်ကွက်ကိုပင် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

ကံကောင်းထောက်မစွာဖြင့် ပိုင်ကျီဟန်သည် ထိုတိုက်ကွက်ကို ရှောင်တိမ်းရန် မကြိုးစားဘဲ ထိပ်တိုက်ရင်ဆိုင်ရန် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

မဟုတ်ပါက အစွမ်းထက် အကာအကွယ်ပစ္စည်းများနှင့် ကျင့်ကြံထားသော ခန္ဓာကိုယ် ရှိနေသည့်တိုင် သူ၏ လက်ခြေတစ်ဖက်နှစ်ဖက်မှာ ဆုံးရှုံးသွားနိုင်ပေသည်။

ဓားဦးချိုသားရဲသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားရပေသည်။

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ရှိသော ပုရွက်ဆိတ်တစ်ကောင်က ၎င်း၏ တိုက်ကွက်မှ အသက်ရှင်လွတ်မြောက်သွားသည်လော?

ပိုင်ကျီဟန်သည် ၎င်းကို စဉ်းစားရန် အချိန်မပေးပေ။

"အခွင့်အရေးပဲ”

သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာပြီး ရှေ့သို့ ခုန်တက်လိုက်ရာ ဓားရည်ရွယ်ချက်များမှာ ဒီရေအလား တဟုန်ထိုး ထွက်ပေါ်လာပေသည်။

"အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်းဓား”

ချွင်

သူ၏ ဓားသွားသည် သန့်ရှင်းစင်ကြယ်သော အဝိုင်းပုံစံအတိုင်း လှုပ်ရှားသွားပြီး သူ့ကို တိုက်ခိုက်ခဲ့သော လေထုထက်ပင် ပို၍ ထက်မြက်နေပေသည်။

ပထမဆုံးအကြိမ်အဖြစ်

ရွှပ်

သွေးများ လွင့်စင်သွားပေသည်။

ဓားဦးချိုသားရဲ၏ နံဘေးတွင် ဓားရာတစ်ခု ထင်ကျန်ရစ်ပေသည်။

သားရဲကြီးသည် မယုံကြည်နိုင်စွာဖြင့် တောင့်ခဲသွားရပေသည်။

၎င်းသည် ဒဏ်ရာရရှိသွားခဲ့ပြီ ဖြစ်ပေသည်။

အားနည်းသော လူသားတစ်ဦး၏ လက်ချက်ဖြင့် ဖြစ်ပေသည်။

ပိုင်ကျီဟန်သည် စိတ်မကျေမနပ် ဖြစ်သွားပေသည်။

"တောက်..ထင်တဲ့အတိုင်းပဲ၊ မလုံလောက်သေးဘူး။"

သူသည် သားရဲ၏ အရေခွံကို ဖောက်ထွက်သွားရန် မျှော်လင့်ခဲ့ခြင်း ဖြစ်သော်လည်း အခုမူ သွေးထွက်ရုံမျှသာ ရှိပေသည်။

သူ၏ စိတ်ပျက်မှုမှာ သိသာလှပေသည်။

သို့သော် ဓားဦးချိုသားရဲအတွက်မူ ဆန့်ကျင်ဘက်ပင် ဖြစ်ပေသည်။

၎င်း၏ အံ့အားသင့်မှုမှာ ပြင်းထန်သော ဒေါသအဖြစ်သို့ ပြောင်းလဲသွားပေသည်။

"ဝူးးးးးးးးးးးးးးးးး”

သားရဲ၏ အရှိန်အဝါမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး မျက်လုံးများမှာလည်း သတ်ဖြတ်လိုသော ဒေါသများဖြင့် တောက်ပနေပေသည်။

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ရှိသော လူသားတစ်ဦး၏ ဒဏ်ရာပေးခြင်းကို ခံရသည်မှာ ၎င်းအတွက် လုံးဝ ခွင့်မလွှတ်

နိုင်သော အရာဖြစ်ပေသည်။

အခုမူ ၎င်းသည် ပိုင်ကျီဟန်ကို တစ်စစီ ဆွဲဖြဲပစ်ရန်သာ အလိုရှိတော့ပေသည်။

"မင်း စိတ်တိုနေတာလား?"

ပိုင်ကျီဟန်က လှောင်ပြောင်လိုက်ပေသည်။

"ငါကမှ စိတ်တိုသင့်တာပ။ မင်းက ငါ့ရဲ့ ရမှတ်တွေကို မရအောင် နှောင့်ယှက်နေတာ”

ပိုင်ကျီဟန်က သေရန် ငြင်းဆန်နေသော ထိုသားရဲကို ဒေါသတကြီး အော်ဟစ်လိုက်ပေသည်။အခြားသော နေ့ရက်များတွင် ဖြစ်ပါက သူသည် အဆင့် (၁၀) သားရဲတစ်ကောင်နှင့် တိုက်ခိုက်ခြင်းကို မိမိနှင့် ပြိုင်ဘက်၏ စွမ်းအားကို လေ့လာရန် အခွင့်အရေးကောင်းတစ်ခုအဖြစ် မှတ်ယူပေလိမ့်မည်။ သို့သော် ယနေ့တွင်မူ မဟုတ်ပေ။ ယနေ့တွင် သူသည် စနစ်ရမှတ် များကိုသာ အသေအလဲ ရှာဖွေလိုခြင်း ဖြစ်ပေသည်။

သူ ဆုံးရှုံးသွားသည့်အရာများကို တွေးမိလေ ပို၍ ဒေါသထွက်လေ ဖြစ်ပေသည်။

"မင်းက ဆုတ်ခွာဖို့ ဆန္ဒမရှိဘူးဆိုမှတော့ မင်းကို အမြန်ဆုံး သတ်ပစ်ရတာပေါ့”

ပိုင်ကျီဟန်က မာန်ပါပါဖြင့် ကြေညာလိုက်ပေသည်။

သူသည် ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်ကို အသုံးပြုရန် ပြင်ဆင်လိုက်ပေသည်။ ဤတိုက်ကွက်ကိုသာ ဓားဦးချိုသားရဲအပေါ် သက်ရောက်အောင် လုပ်နိုင်ပါက ၎င်း သေဆုံးသွားမည်ဖြစ်ကြောင်း သူ ယုံကြည်နေပေသည်။

အရိပ်ကိုးပါး စီးဆင်းနေတဲ့အလင်းဓားပင်လျှင် ၎င်းကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။ ထိုတိုက်ကွက်နှင့် နှိုင်းယှဉ်ပါက ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်မှာ များစွာ ပိုမိုပြင်းထန်လှပြီး သူတော်စင်အဆင့်တိုက်ကွက်တစ်ခုလည်း ဖြစ်ပေသည်။သို့သော် ပြဿနာတစ်ခု ရှိနေပေသည်။ ဗလာခြေလှမ်း ဓားဦးချိုသားရဲ၏ အကာအကွယ်မှာ အခြားအဆင့် (၁၀) သားရဲများထက် အနည်းငယ် လျော့နည်းသော်လည်း ၎င်း၏ အရှိန်အဟုန်မှာမူ မည်သည့်သားရဲထက်မဆို သာလွန်နေပေသည်။

အထူးသဖြင့် အချိန်ယူ၍ အာရုံစိုက်ရသော တိုက်ကွက်မျိုးဖြင့် ၎င်းကို ထိမှန်အောင် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်ပေသည်။

၎င်းကို မထိမှန်ဘဲ လွဲချော်သွားပါက သူ၏ ချီစွမ်းအင်များသာ ကုန်ခမ်းသွားပေလိမ့်မည်။

ပိုင်ကျီဟန်၌ အခြားသူများထက် ချီစွမ်းအင် ပိုမိုကြွယ်ဝသော်လည်း သူတော်စင်အဆင့် တိုက်ကွက်များသည် စွမ်းအင်အမြောက်အမြားကို ကုန်ခမ်းစေပေသည်။

ထို့ကြောင့် သူသည် ဤတိုက်ကွက်ကို အခြားသာမန်တိုက်ကွက်များကဲ့သို့ စိတ်ကြိုက်အသုံးပြု၍ မရနိုင်ပေ၊ မဟုတ်ပါက သူသည် စွမ်းအင်ကုန်ခမ်းကာ မောဟိုက်သွားပေလိမ့်မည်။

ထို့ကြောင့် ဗလာခြေလှမ်း ဓားဦးချိုသားရဲလုံးဝ မလှုပ်ရှားနိုင်တော့မည့် အခွင့်အရေးတစ်ခုကို ဖန်တီးရမည်ဟု ပိုင်ကျီဟန် သိထားပေသည်။

သို့သော် မည်သို့ဖန်တီးမည်နည်း?

ချွင်! ချွင်

ပိုင်ကျီဟန်သည် သူ၏အစီအစဉ်ကို စတင်ရေးဆွဲရင်း တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပေသည်။

သူတို့၏ ရင်ဆိုင်မှုများသည် ပြင်းထန်လှပြီး လေထုကိုပင် ဝေဝါးသွားစေလောက်အောင် မြန်ဆန်လှပေသည်။

ပိုင်ကျီဟန်သည် ပယ်ထုတ်သည်၊ လမ်းကြောင်းလွှဲသည်၊ နောက်ဆုတ်သည်၊ ရှေ့တိုးသည် - အမြဲတမ်း အကဲခတ်လျက် အမြဲတမ်း တွေးတောလျက် ရှိနေပေသည်။

ဓားဦးချိုသားရဲသည် သူ့ကို အသက်ရှူချိန်မျှပင် အနားမပေးပေ။ ၎င်းသည် ဗဟိုချက်မမရှိသော မုန်တိုင်းတစ်ခုကဲ့သို့ အဆက်မပြတ် အသက်ရှူကျပ်ဖွယ် အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေပေသည်။

ပိုင်ကျီဟန်၏ မျက်လုံးများသည် သားရဲ၏ လှုပ်ရှားမှုတိုင်းကို လိုက်ပါကြည့်ရှုရင်း အားနည်းချက် အနည်းငယ်ကို ရှာဖွေနေပေသည်။

လှည့်စားမှုတိုင်း၊ အရှိန်အဟုန်တိုင်းကို သူက ခွဲခြမ်းစိတ်ဖြာပြီး ခန့်မှန်းနေရပေသည်။

သို့သော် ဓားဦးချိုသားရဲသည် အတွေ့အကြုံမရှိသူ မဟုတ်ပေ။

၎င်းသည် ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့သူဖြစ်ရာ ၎င်း၏ အာရုံခံစားမှုမှာ ထက်မြက်ပြီး တုံ့ပြန်မှုမှာလည်း ပြီးပြည့်စုံလုနီးပါး ရှိပေသည်။

ပိုင်ကျီဟန် အခွင့်အရေး ဖန်တီးရန် ကြိုးစားတိုင်း သားရဲက ချက်ချင်းပင် ပြုပြင်ပြောင်းလဲလိုက်ပေသည်။

(ငါ တစ်ခဏလေးပဲ လိုတယ်... အသက်တစ်ရှူစာ... ၎င်း လုံးဝ မလှုပ်နိုင်မဲ့ တစ်ခဏလေးပဲ...)

သို့သော် ဘာမှ မရှိပေ။

ဓားဦးချိုသားရဲ၏ အကာအကွယ်မှာ အပြစ်ပြောစရာမရှိဘဲ ၎င်း၏ အရှိန်မှာလည်း ပြိုင်ဘက်ကင်းနေပေသည်။

ပိုင်ကျီဟန် ရှာဖွေတွေ့ရှိသမျှသော အားနည်းချက်ဟူသမျှသည် သူ လှုပ်ရှားမှု မပြုနိုင်ခင်မှာပင် ပြန်လည်ပိတ်ဆို့ခြင်း ခံနေရပေသည်။

ပိုင်ကျီဟန်၏ စိတ်အာရုံမှာ မြန်ဆန်နေသော်လည်း သူ၏ တိုက်ကွက်များသည် အကြိမ်ကြိမ်ပင် ပိတ်ဆို့ခြင်း၊ လမ်းကြောင်းလွှဲခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းတို့ကိုသာ ခံနေရပေသည်။

မိနစ်ပေါင်းများစွာ သို့မဟုတ် စက္ကန့်ပိုင်းမျှသာ ကြာမြင့်နိုင်သော်လည်း ဤကဲ့သို့ ပြင်းထန်သော ဖိအားအောက်တွင် အချိန်ဟူသည်မှာ အဓိပ္ပာယ်မဲ့နေပေသည်။

ပိုင်ကျီဟန်၏ ရင်ထဲတွင် စိတ်ပျက်မှုများ စတင်စုစည်းလာပေသည်။

(ဒါတွေ တော်သင့်ပြီ)

သူ တွေးလိုက်ပေသည်။ ဤအဆုံးမရှိသော အတိုက်အခံ ကစားပွဲနှင့် ရမှတ်များ ပိုမိုရရှိရန် အသုံးချနိုင်သည့် အချိန်များကို အလဟဿ ဖြုန်းတီးနေရခြင်းက သူ့ကို စိတ်မရှည် ဖြစ်စေပေသည်။

သူသည် မသိစိတ်ဖြင့် သူ၏ ဓားကိုင်ထားမှုကို လျှော့ချလိုက်ပြီး အာရုံစူးစိုက်မှု အနည်းငယ် ပျက်ယွင်းသွားဟန်ကို သူ၏ ကိုယ်နေဟန်ထားတွင် ခွင့်ပြုလိုက်ပေသည်။

ထိုအချက်သည် ဗလာခြေလှမ်း ဓားဦးချိုသားရဲအတွက် လိုအပ်နေသော အခွင့်အရေးပင် ဖြစ်ပေသည်။

ရှူးးးး

၎င်းသည် ရုတ်ချည်း ပျောက်ကွယ်သွားပြီးနောက် သူ၏ရှေ့တွင် ပြန်လည်ပေါ်လာပေသည်။ ၎င်း၏ ဦးချိုမှာ စုစည်းထားသော လေဓာတ်များဖြင့် တောက်ပနေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်သည့် လှံတစ်စင်းကဲ့သို့ သူ့ထံသို့ တည့်တည့်မတ်မတ် ဦးတည်လာပေသည်။

ပိုင်ကျီဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားရပေသည်။ သူ အကြံတစ်ခု ရရှိသွားပေသည်။

သူသည် တွန့်ဆုတ်ခြင်း မရှိပေ။ ရှောင်တိမ်းခြင်းလည်း မပြုပေ။ လမ်းကြောင်းလွှဲရန်ပင် မကြိုးစားခဲ့ပေ။

ပိုင်ကျီဟန်သည် သူ၏ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပေသည်။

(လာပြီ-)

ရှူးးးး

ဓားဦးချိုသားရဲသည် သူ၏ရှေ့တည့်တည့်တွင် ပြန်လည်ပေါ်လာပြီး ၎င်း၏ ဦးချိုမှာ ပြင်းထန်သော လေဓာတ်စွမ်းအင်များဖြင့် တောက်ပနေပေသည်။

၎င်းမှာ အဆင့်မြင့် ထိုးဖောက်တိုက်ခိုက်မှု တစ်ခု ဖြစ်ပေသည်။

သေစေနိုင်သော တိုက်ကွက်ပင် ဖြစ်ပေသည်။

မြန်လွန်းလှပေသည်။

ပိုင်ကျီဟန်ပင်လျှင် မရိပ်မိခင်မှာပင် -

ဂွမ်း

ဦးချိုသည် သူ၏ ဝမ်းဗိုက်ထဲသို့ တည့်

တည့်မတ်မတ် ထိုးစိုက်ဝင်သွားပေသည်။

ထိုဒဏ်ရာကြောင့် သူ၏နောက်ကွယ်မှ မြေပြင်မှာ တစ်စစီ ပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်သည် အမြောက်ဆန်တစ်ခုကဲ့သို့ လွင့်ထွက်သွားကာ ကျောက်တုံးကြီးများကို ရိုက်ခတ်ပြီးမှ ရပ်တန့်သွားပေသည်။

ပိုင်ကျီဟန်သည် ယိုင်တိုင်တိုင်ဖြင့် ထလာရာ ဝမ်းဗိုက်မှ သွေးများ စီးကျနေပေသည်။

ဓားဦးချိုသားရဲသည် သူ၏ပြိုင်ဘက် လဲကျသွားလိမ့်မည်ဟု မျှော်လင့်ရင်း တောင့်ခဲကာ ရပ်ကြည့်နေပေသည်။

သို့သော်... ပိုင်ကျီဟန်သည် သူ၏ဦးခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပေသည်။

သွေးများ စိုရွှဲနေသော သူ၏မျက်နှာတွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်ပေါက်နေပေသည်။

"မင်းက... တော်တော်ကြာမှ ငါ့ကို သွေးထွက်အောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ" သူက နိမ့်ရှိုင်းအေးစက်သော အသံဖြင့် ဆိုလိုက်ပေသည်။

"ငါ့ကို သွေးထွက်အောင် လုပ်နိုင်တဲ့ လူအနည်းစုထဲက တစ်ယောက်ပေါ့။"

ပိုင်ကျီဟန်သည် ကြောက်ရွံ့နေမည့်အစား စိတ်လှုပ်ရှားနေပုံရသဖြင့် ဓားဦးချိုသားရဲမှာ ဇဝေဇဝါ ဖြစ်သွားပေသည်။

မည်သူမဆို ဤသို့ပင် ဖြစ်ပေလိမ့်မည်။ ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကို ပြုလုပ်ပြီးနောက် ပြိုင်ဘက်မှာ ထိတ်လန့်တုန်လှုပ်နေရမည့်အစား ပြုံးနေသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

"ဂုဏ်ယူပါတယ်”

သူသည် သားရဲ၏ဦးချိုကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ပေသည်။ ၎င်းသည် သူ၏ခန္ဓာကိုယ်ထဲတွင် ဆက်လက်စိုက်ဝင်နေစေရန်နှင့် သားရဲ ပြန်လည်ဆုတ်ခွာမသွားနိုင်စေရန် အတင်းအကျပ် ဖမ်းချုပ်ထားခြင်း ဖြစ်ပေသည်။

"အဲ့ဒီအတွက် ဆုလာဘ်ကတော့..."

သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပေသည်။

"... မင်း ငါ့လက်နဲ့ သေရမှာ”

သူ၏ တစ်ကိုယ်လုံးတွင် ချီစွမ်းအင်များ တဟုန်ထိုး မြင့်တက်လာပြီး လေထုတစ်ခုလုံး တုန်ခါသွားရပေသည်။

ပိုင်ကျီဟန်သည် သူ၏ သူတော်စင်အဆင့်ဓားကို မြှောက်လိုက်ပေသည်။

ဗလာခြေလှမ်း ဓားဦးချိုသားရဲသည်လည်း ပြင်းထန်သော ချီစွမ်းအင်များကို အာရုံခံမိသဖြင့် ကြောက်လန့်တကြား ဆုတ်ခွာရန် ကြိုးစားသော်လည်း ပိုင်ကျီဟန်၏ လက်ဖဝါးမှာ သံကင်ပွန်းကဲ့သို့ မြဲမြံနေပေသည်။

"မင်း ရိပ်မိသွားပြီပဲ... ဒါပေမဲ့ ပြေးဖို့ဆိုတာ နောက်ကျသွားပြီ။"

"ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်”

ထိုတိုက်ကွက်သည် နတ်ဘုရား၏ စီရင်ချက်အလား ပေါက်ကွဲထွက်လာပေသည်။

တောင်ကြီးတစ်လုံး၏ အရိပ်ထက် ပိုမိုထူထဲသော ဓားချီအလင်းတန်းသည် ဓားဦးချိုသားရဲ၏ ခန္ဓာကိုယ်ထဲသို့ တည့်တည့်မတ်မတ် ပေါက်ကွဲဝင်ရောက်သွားပေသည်။

ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

ခုခံရန်လည်း မဖြစ်နိုင်ပေ။

အနီးကပ်ဆုံး အကွာအဝေးမှ ထုတ်လွှတ်လိုက်သော သူတော်စင်အဆင့်တိုက်ကွက်တစ်ခုကို ရှောင်တိမ်းနိုင်မည့် အရှိန်အဟုန်မျိုး ဤလောကတွင် မရှိပေ။

စူးရှသော အလင်းတန်းများ ပေါ်ထွက်လာ၏

ကမ္ဘာကြီးမှာ ခဏတာ ငြိမ်သက်သွားရပေသည်။

ထို့နောက်

ရွှမ်

ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်သည် လက်တွေ့ကမ္ဘာကိုပင် ဆွဲဖြဲပစ်လိုက်ပေသည်။

တည်ရှိမှုကိုပါ ဆွဲဖြဲပစ်လိုက်ပေသည်။

ဧရာမ ဓားချီအလင်းတန်းကြီးသည် အပြင်ဘက်သို့ ပေါက်ကွဲထွက်လာရာ ၎င်း၏ စူးရှတောက်ပမှုသည် ကောင်းကင်ယံတွင် ဒုတိယမြောက် နေမင်းတစ်စင်း ထွက်ပေါ်လာသကဲ့သို့ပင် ဖြူဖွေးသော မျဉ်းကြောင်းကြီးတစ်ခုကို ထင်ကျန်ရစ်စေပေသည်။

တိမ်တိုက်များမှာ မျဉ်းဖြောင့်အတိုင်း နှစ်ခြမ်းကွဲသွား၏ ကောင်းကင်ယံကြီးကိုယ်တိုင်ပင်လျှင် ထိုဓားချက်ကြောင့် နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားရသဖြင့် နောက်သို့ လန့်တွန့်သွားပုံရပေသည်။

ဗလာခြေလှမ်း ဓားဦးချိုသားရဲ၏ အောက်ရှိ မြေပြင်မှာ ပြိုကျပျက်စီးသွား၏

လေထုမှာလည်း တစ်စစီ ကြေမွသွားရပေသည်။

ထိုဓားသွား ထိတွေ့သမျှ အရာအားလုံးဖြစ်သော လေထု၊ ကျောက်တုံးနှင့် ဝိညာဉ်စွမ်းအင် များမှာ မည်သည့်ခုခံမှုမျှ မပြုနိုင်ဘဲ ပြတ်တောက်သွားရာ ဤလောကကြီးသည်ပင် ထိုဓားဖြင့် အလှီးခံရရန် စောင့်ဆိုင်းနေခဲ့သလားဟု ထင်မှတ်ရပေသည်။

ဓားဦးချိုသားရဲသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။

ဓားအလင်းတန်းက ၎င်းကို တစ်ကိုယ်လုံး ဝါးမြိုသွားပေသည်။

တစ်ခဏမျှအတွင်း ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စူးရှသော အလင်းတန်းထဲတွင် ပိတ်မိကာ၊ ရပ်တန့်လျက်၊ ပျက်စီးခြင်းသို့ ရောက်ရှိသွားပေသည်။

ထို့နောက် -

ဧရာမ သားရဲကြီးသည် ဦးချိုမှသည် အမြီးတိုင်အောင် တိကျသေသပ်သော နှစ်ခြမ်းအဖြစ် ကွဲအက်သွားပေသည်။

၎င်း၏ ကျော်ကြားလှသော အရှိန်အဟုန်နှင့် လေဓာတ်စွမ်းအင်များသည် အနီးကပ်ဆုံးအကွာအဝေးမှ ထုတ်လွှတ်လိုက်သော သူတော်စင်အဆင့်တိုက်ကွက်ရှေ့တွင် အချည်းနှီးသာ ဖြစ်ခဲ့ရပေသည်။

အသက်တစ်ရှူစာမျှ ကြာပြီးနောက် -

ဝုန်း

ဓားချီများသည် သားရဲ၏နောက်ကွယ်တွင် ပေါက်ကွဲသွားပြီး မြေမျက်နှာသွင်ပြင်၌ ချောက်ကမ်းပါးကြီးတစ်ခုသဖွယ် အက်ကြောင်းကြီးဖြစ်ပေါ်သွားပေသည်။ မိုင်ပေါင်းများစွာအတွင်းရှိ သစ်ပင်များ၊ ကျောက်တုံးများနှင့် မြေပြင်အားလုံးမှာ သေသပ်စွာ လှီးဖြတ်ခြင်း ခံလိုက်ရပေသည်။

ကောင်းကင်ယံ၌လည်း ထိုဓားချက်၏ အမာရွတ်ဖြစ်သော ဖြူလွလွ မျဉ်းကြောင်းကြီးမှာ ပျောက်ကွယ်မသွားဘဲ မိုးကုပ်စက်ဝိုင်းအထိ ဆန့်တန်းကျန်ရစ်နေပေသည်။

ဖုန်မှုန့်များ၊ လေပြင်းများနှင့် ဝိညာဉ်စွမ်းအင်များမှာ ပြင်းထန်စွာ ဝဲလည်နေပြီးမှ ဖြည်းညှင်းစွာ ပြန်လည်တည်ငြိမ်သွားပေသည်။

ဘုန်း

ဗလာခြေလှမ်း ဓားဦးချိုသားရဲ၏ ခန္ဓာကိုယ် နှစ်ခြမ်းသည် သက်မဲ့အဖြစ် မြေပြင်ပေါ်သို့ နောက်ဆုံးအကြိမ်အဖြစ် ပြုတ်ကျသွားပေသည်။

ဒါသည် ပိုင်ကျီဟန်၏ အောင်ပွဲပင် ဖြစ်ပေသည်

All Chapters