← Chapters

ဗလာခြေလှမ်း ဓားဦးချိုသားရဲနှင့် ရင်ဆိုင်ခြင်း

Vol. 25 Ch. 375

ဗလာခြေလှမ်း ဓားဦးချိုသားရဲနှင့် ရင်ဆိုင်ခြင်း

Vol. 25 Ch. 375

"ဝူးးးးးးးးးးးးးးး”

မြေကမ္ဘာတစ်ခုလုံး တုန်ဟည်းသွားစေမည့် ဟိန်းဟောက်သံကြီးသည် စစ်မြေပြင်တစ်ခုလုံးကို ရိုက်ခတ်သွားပြီး အဆင့် (၁၀) မိစ္ဆာသားရဲဖြစ်သော ဗလာခြေလှမ်း ဓားဦးချိုသားသားရဲသည် အရိပ်များ၊ လေပြင်းများနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များအကြား ဝေဝါးသောအရှိန်ဖြင့် ပြေးဝင်လာပေသည်။

ပိုင်ကျီဟန်၏ အာရုံခံစားမှုများသည် ချက်ချင်းပင် ထက်မြက်လာပေသည်။

အဆင့် (၁၀) မိစ္ဆာသားရဲဟူသည်မှာ သူ သတ်ဖြတ်ခဲ့သော သားရဲများနှင့် လုံးတူညီမည်မဟုတ်ကြောင်း သူ သိရှိထားပေသည်။

သို့သော်လည်း ဤသားရဲက ပို၍ပင် ဆိုးရွားနေပေသည်။

၎င်း၏ လှုပ်ရှားမှုကို လိုက်ကြည့်ရန်ပင် ခက်ခဲလှပေသည်။

၎င်း၏ ခန္ဓာကိုယ်မှာ လုံးဝနီးပါး မမြင်နိုင်ဘဲ ဖြစ်နေပေသည်။ ပိုင်ကျီဟန်အနေဖြင့် ၎င်း၏ လှုပ်ရှားမှုကို လိုက်ပါကြည့်ရှုနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ၎င်းထံမှ ထွက်ပေါ်နေသော အသက်ရှူကျပ်မတတ် ပြင်းထန်လှသည့် ဖိအားကြောင့်သာ ဖြစ်ပေသည်။

အကယ်၍ အမြင်အာရုံတစ်ခုတည်းကိုသာ အားကိုးမည်ဆိုပါက ၎င်း၏ ရိပ်ခနဲဖြစ်သွားမှုကိုပင် မြင်တွေ့နိုင်မည် မဟုတ်ပေ။

ပိုင်ထျန်းဟမ်သည် ဖြစ်ပျက်နေသည်ကို သတိပြုမိသွားသည့်အခါ မျက်လုံးများ ပြူးကျယ်သွားရပေသည်။

"မဖြစ်ဘူး”

သူသည် ဗလာခြေလှမ်း ဓားဦးချိုသားရဲကို ကြားဖြတ်တားဆီးရန် ခွဲထွက်ဖို့ ကြိုးစားခဲ့သော်လည်း သူ၏ပြိုင်ဘက်က သူ့ကို အလွယ်တကူ လွှတ်ပေးရန် ငြင်းဆန်နေပေသည်။

ဧရာမငရဲ နဂါးသည် သူ၏လမ်းကို ပိတ်ဆို့ထားပြီး ပိုင်ထျန်းဟမ်ကို အလွယ်တကူ လွတ်ထွက်မသွားစေရန် တားဆီးထားပေသည်။

ပိုင်မျိုးနွယ်စုမှ အခြားသော မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် အကြီးအကဲများအတွက်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေသည်။ သူတို့သည် ပိုင်ကျီဟန်ရှိရာသို့ သွားရန် ခွဲထွက်ဖို့ ကြိုးစားတိုင်း သူတို့ တိုက်ခိုက်နေသော မိစ္ဆာသားရဲများသည် ပို၍ ပြင်းထန်စွာ တိုက်ခိုက်လာကြပြီး သူတို့ကို တိုက်ပွဲအတွင်းသို့ အတင်းအကျပ် ပြန်လည် ဆွဲခေါ်နေကြပေသည်။

ပိုင်မျိုးနွယ်စုတစ်ခုလုံးမှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြပေသည်။

တစ်ဖက်တွင်မူ လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ ပညာရှင်များကမူ... တိတ်တဆိတ် ပြုံးနေကြပေသည်။

ကောင်းကင်ကြီးက သူတို့လုပ်ရမည့် အလုပ်ကို အစားလုပ်ပေးနေသကဲ့သို့ပင် ဖြစ်ပေသည်။

အဆင့် (၁၀) မိစ္ဆာသားရဲမှ ပိုင်ကျီဟန်ကို ပစ်မှတ်ထားခြင်းသည် သူတို့အတွက် နတ်ဘုရား၏ ကောင်းချီးပေးမှုတစ်ခုပင် ဖြစ်ပေသည်။

ဗလာသန့်စင်ခြင်းအဆင့်ရှိသော ပိုင်မျိုးနွယ်စု အကြီးအကဲများကလည်း ရှေ့သို့ ပြေးထွက်ရန် ကြိုးစားကြသော်လည်း သူတို့သည် အလွန်အမင်းပင် နှေးကွေးနေကြပေသည်။

သူတို့ထဲမှ တစ်ဦးဦး ပိုင်ကျီဟန်ဆီသို့ ရောက်ရှိသွားမည့် အချိန်တွင်... ဓားဦးချိုသားရဲသည် ပိုင်ကျီဟန်ကို တစ်စစီ ဆွဲဖြဲပစ်ပြီးလောက်ပေပြီ။

သို့သော်လည်း ပိုင်ရွှယ်ချင်း အပါအဝင် ပိုင်မျိုးနွယ်စုဝင်များသည် အန္တရာယ်ကို မြင်သည်နှင့် မသိစိတ်ဖြင့်ပင် သူရှိရာသို့ ပြေးသွားရန် ကြိုးစားကြသော်လည်း သူတို့လည်း ပိတ်မိနေကြပေသည်။

သားရဲပေါင်း ရာနှင့်ချီ၍ သူတို့၏လမ်းကို ပိတ်ဆို့ထားကြပေသည်။

နောက်ဆုံးတွင်မူ အခြေအနေမှာ အလွန်ပင် ရှင်းလင်းသွားရပေသည်

မည်သည့် အကူအညီမှ ပိုင်ကျီဟန်ထံသို့ အချိန်မီ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။

သို့သော် ပိုင်ကျီဟန်သည်လည်း အသက်ရှင်သန်ရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အားကိုးရန် စဉ်းစားထားခြင်း မရှိပေ။

ဝူး

ပိုင်ကျီဟန်သည် ရှောင်တိမ်းရန်ပင် မစဉ်းစားခဲ့ပေ။

ဗလာခြေလှမ်း ဓားဦးချိုသားရဲသည် အလွန်အမင်းပင် မြန်ဆန်လွန်းလှပေသည်။ ၎င်း၏ လှုပ်ရှားမှုများသည် ဟင်းလင်းပြင်ကို ဆွဲဖြဲနေပြီး ၎င်း၏ နောက်ကွယ်ရှိ ပုံရိပ်ယောင်များမှာလည်း တစ္ဆေဆန်သော မုန်တိုင်းလွှာများသဖွယ် ထပ်နေပေသည်။

ရှောင်တိမ်းရန် ကြိုးစားခြင်းသည် မိမိကိုယ်ကိုယ် အသေခံခြင်းနှင့်သာ တူပေလိမ့်မည်။

ထို့ကြောင့် ၎င်းအစား -

သူသည် ခြေစုံကို ခိုင်မြဲစွာ နင်းလိုက်ပေသည်။

"ထာဝရစီးဆင်းနေတဲ့ ရေလှိုင်းဓား”

သူသည် ပြေးဝင်လာသော တိုက်ခိုက်မှုကို လမ်းကြောင်းလွှဲရန် ဓားချီလှိုင်းများကို အပြင်ဘက်သို့ ရိုက်ခတ်လိုက်ပေသည်။

ဓားဦးချိုသားရဲ၏ အရှိန်ပြင်းပြင်း ပြေးဝင်လာမှုသည် သူ၏တိုက်ကွက်နှင့် ထိတွေ့မိသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပေသည်။

ပိုင်ကျီဟန်သည် နောက်သို့ လွင့်ထွက်သွားရပေသည်။

သို့သော် ဆယ်မီတာခန့်သာ လွင့်သွားခြင်း ဖြစ်ပေသည်။

သူ၏ ဓားသိုင်းသည် အားအင်အများစုကို လမ်းကြောင်းလွှဲပေးနိုင်ခဲ့ပြီး ထိုဓားဦးချိုသားရဲ၏ အစွမ်းသည် အရှိန်အဟုန်အပေါ်တွင်သာ အဓိက အခြေခံကာ တိုက်ရိုက်

အားအင် အပေါ်တွင် အခြေမခံကြောင်း ထင်ရှားပေသည်။

အကယ်၍သာ ၎င်းသည် ခွန်အားအခြေပြု အဆင့် (၁၀) သားရဲတစ်ကောင် ဖြစ်နေပါက ထိုတိုက်ခိုက်မှုတစ်ချက်တည်းနှင့်ပင် သူသည် စစ်မြေပြင်၏ အခြားတစ်ဖက်သို့ လွင့်စင်သွားပေလိမ့်မည်။

သို့သော် ယခုမူ သူသည် မည်သည့် ဒဏ်ရာမှ မရဘဲ မတ်တပ်ရပ်နေနိုင်ဆဲ ဖြစ်ပေသည်။

ပိုင်ကျီဟန်သည် ခပ်ယဲ့ယဲ့ပြုံးလိုက်ပေသည်။

"ဟင်း... မင်းက ထင်သလောက်လည်း မဟုတ်ပါလား။"

ထိုလှောင်ပြောင်မှုကို နားလည်သွားသည့်အလား ဗလာခြေလှမ်း ဓားဦးချိုသားရဲ၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပေသည်။

ဝူးးးးးးးးးးးးး

၎င်း၏ ခြေခွာများအောက်မှ လေထုသည် ပေါက်ကွဲသွားပြီး ပို၍မြန်ဆန်၊ ပို၍ထက်မြက်ကာ ပို၍သေစေနိုင်သော အရှိန်ဖြင့် ထပ်မံ၍ ခုန်အုပ်လာပေသည်။

ပိုင်ကျီဟန်မှာမူ ၎င်းကို ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ပြင်ထားလိုက်ပေသည်။

ချွင် ချွင်

ဗလာခြေလှမ်း ဓားဦးချိုသားရဲ၏ တိုက်ကွက်များသည် ပိုင်ကျီဟန်၏ ဓားနှင့် ထိပ်တိုက်တွေ့ဆုံလေသည်။

ထိုသားရဲ၏ အရှိန်အဟုန်သည် မိမိထက် များစွာသာလွန်နေသည်ကို ပိုင်ကျီဟန် ချက်ချင်း သိရှိနားလည်လိုက်သော်လည်း ၎င်း၏ တိုက်ရိုက်ခွန်အားမှာမူ အဆမတန် မြင့်မားနေခြင်း မရှိပေ။

၎င်း၏ခွန်အားမှာ သူ ထုတ်ဖော်နိုင်သည့် အစွမ်းထက် ပို၍သာနေဆဲ ဖြစ်သော်လည်း ကွာခြားချက်မှာ အလွန်အမင်းကြီးမားခြင်း မရှိပေ။ သူသာ အခြေအနေကို စနစ်တကျ ကိုင်တွယ်နိုင်ပါက ထိုသားရဲ၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်ပေသည်။

"အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်းဓား”

သူ၏ ပုံရိပ်သည် အရိပ်ကိုးခုအဖြစ် ကွဲထွက်သွားပြီး ဓားဦးချိုသားရဲကို လှည့်စားရန်နှင့် တစ်ချက် သို့မဟုတ် နှစ်ချက်ခန့် ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းလိုက်ပေသည်။

သို့သော်လည်း ဗလာခြေလှမ်း ဓားဦးချိုသားရဲသည် ထိုအရိပ်များ လှုပ်ရှားမှု မပြုနိုင်ခင်မှာပင် အရိပ်အားလုံးကို ချက်ချင်း ဆွဲဖြဲပစ်လိုက်ပေသည်။

"ဒါကတော့ လွယ်လွယ်ကူကူ ဖြစ်လာမှာ မဟုတ်ဘူးပဲ" ပိုင်ကျီဟန်က တိုးတိုးလေး ရေရွတ်လိုက်ပေသည်။

အမှန်စင်စစ် ဤတိုက်ပွဲသည် အစကတည်းက လွယ်ကူစရာ အကြောင်းမရှိပေ။ သူသည် ယခုအချိန်အထိ အသက်ရှင်နေနိုင်ခြင်းကပင် အံ့ဖွယ်တစ်ပါးဟု သတ်မှတ်နိုင်ပေသည်။

သို့သော် ပိုင်ကျီဟန်သည် အသက်ရှင်ရုံသာမက ဓားဦးချိုသားရဲ၏ တိုက်ကွက်အားလုံးကို ခုခံနိုင်ခဲ့ပြီး မည်သည့်ဒဏ်ရာမှမရဘဲ ရှိနေပေသည်။

ဤအချက်ကို လူတိုင်းက သတိမထားမိဘဲ မနေနိုင်ကြပေ။

"ဒီပိုင်ကျီဟန်... သူက အဆင့် (၁၀) မိစ္ဆာသားရဲကို တကယ် ရင်ဆိုင်နေတာပဲ”

"စက္ကန့်ပိုင်းအတွင်း သူ သေသွားလိမ့်မယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ ဓားဦးချိုသားရဲက အခုထိ သူ့ကို တစ်ချက်တောင် မထိနိုင်သေးဘူး”

"တောက်! ပိုင်ကျီဟန်က ဝိညဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား? သူက ဘယ်လိုလုပ်ပြီး ဓားဦးချိုသားရဲရဲ့ တိုက်ကွက်တွေကို မြင်နိုင်နေရတာလဲ?"

လူတိုင်း၏ တုန်လှုပ်မှုသည် အတိုင်းအဆမရှိ ကြီးမားလှပေသည်။ ပိုင်ကျီဟန်အဖို့ အဆင့် (၉) သားရဲများကို သတ်ဖြတ်ခဲ့သည်နှင့် နှိုင်းယှဉ်ပါက ယခုအခြေအနေမှာ လုံးဝ အဆင့်အတန်း ကွာခြားသွားပြီ ဖြစ်ပေသည်။

နားလည်ထားရမည့်အချက်မှာ အင်မော်တယ်အဆင့် ပညာရှင်များကို ဖယ်ထုတ်ထားပါက အဆင့် (၁၀) မိစ္ဆာသားရဲများနှင့် မဟာကောင်းကင်ဘုံတက်ခြင်း ကျင့်ကြံသူများသည် ဤအင်ပါယာထဲတွင် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

ထိပ်သီးမျိုးနွယ်စုဝင်များနှင့် ဂိုဏ်းချုပ်အားလုံးနီးပါးသည် ထိုအဆင့်တွင်သာ ရှိကြပေသည်။ သို့သော် လူလားပင် ကောင်းကောင်းမမြောက်သေးသည့် ပိုင်ကျီဟန်သည် ထိုအဆင့်ရှိ ပုဂ္ဂိုလ်များနှင့် တူညီသော စွမ်းအားရှင်ကို ရင်ဆိုင်နေပြီ ဖြစ်ပေသည်။

ဒါသည် ပါရမီရှင်အဆင့်မျှသာ မဟုတ်တော့ပေ။ သူတို့ သိရှိထားသမျှ အရာအားလုံးထက် ကျော်လွန်သွားပြီ ဖြစ်ပေသည်။

ပိုင်ထျန်းဟမ်နှင့် အခြားသော ပိုင်မျိုးနွယ်စုဝင်များသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြသလို အံ့အားလည်း သင့်နေကြရပေသည်။

ပိုင်မျိုးနွယ်စုဝင်များသည် ပိုင်ကျီဟန်ကို ကူညီရန်အတွက် ၎င်းတို့၏ ပြိုင်ဘက်များထံမှ ခွဲထွက်ရန် ကြိုးပမ်းနေခြင်းကိုပင် ရပ်တန့်လိုက်ကြပေသည်။

"ဟားဟားဟား... ဒါ ငါ့သားကွ”

ပိုင်ထျန်းဟမ်သည် စိုးရိမ်စိတ်များ လျော့ပါးသွားသလို ခံစားရသဖြင့်လည်းကောင်း၊ အတိုင်းအဆမရှိသော ဂုဏ်ယူမှုကြောင့်လည်းကောင်း အားရပါးရ ရယ်မောလိုက်ပေသည်။

ပိုင်ကျီဟန်သည် ပိုင်ရမ်နှင့် အဆင့်အတန်းတူညီသော ကုံးယောင်ကို ရင်ဆိုင်၍ပင် အသက်ရှင်လွတ်မြောက်ခဲ့ဖူးသည်ကို သူ ပြန်လည်အမှတ်ရမိပေသည်။

သို့သော်ငြားလည်း သူသည် စိတ်ကို လုံးလုံးလျားလျား အေးအေးဆေးဆေး မထားနိုင်သေးပေ။ ပိုင်ကျီဟန်၏ ပြိုင်ဘက်မှာ အဆင့် (၁၀) မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေဆဲပင် မဟုတ်ပါလော

သို့သော် အနည်းဆုံးတော့ သူ၏သားသည် သူစိုးရိမ်သကဲ့သို့ လွယ်လွယ်နှင့် လဲကျသွားမည့်သူ မဟုတ်ကြောင်း သူ နားလည်လိုက်ပေသည်။ သို့သော်လည်း ငရဲနဂါးကမူ ပိုင်ထျန်းဟမ်ကို လွှတ်ပေးရန် ငြင်းဆန်နေဆဲပင် ဖြစ်ပေသည်။

"ဟင်း... မင်းတို့ မိစ္ဆာသားရဲတွေက ငါ့သားကို သတ်ဖို့ အသေအလဲ ကြံစည်နေကြတာပဲ။ ဒါပေမဲ့ မင်းတို့ သိထားဖို့က အဲ့ဒါက လွယ်မှာမဟုတ်ဘူးဆိုတာပဲ”

ပိုင်ထျန်းဟမ်သည် ဟိန်းဟောက်လိုက်ပေသည်။

အခြားတစ်ဖက်တွင်မူ ပိုင်ကျီဟန်သည် ဗလာခြေလှမ်း ဓားဦးချိုသားရဲနှင့် ဆက်လက်တိုက်ခိုက်နေပေသည်။

ဗလာသန့်စင်ခြင်းအဆင့်ရှိသော ပိုင်မျိုးနွယ်စု အကြီးအကဲ အတော်များများ မိမိထံသို့ ရောက်ရှိလာရန် ကြိုးစားနေသည်ကို သူ သတိပြုမိလိုက်ပေသည်။

"အနောက်မှာပဲ နေကြ.. မင်းတို့လာရင် အနှောင့်အယှက်ပဲ ဖြစ်လိမ့်မယ်" ပိုင်ကျီဟန်က အမိန့်ပေးလိုက်ပေသည်။

ဗလာခြေလှမ်း ဓားဦးချိုသားရဲနှင့် ရင်ဆိုင်ရာတွင် လူအင်အားများခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း သူ ကောင်းစွာနားလည်ပေသည်။

မျက်တောင်တစ်ချက် မခတ်ခင်မှာပင် ထိုသားရဲသည် ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ပစ်နိုင်ပေသည်။

သူတို့လာပါက အလဟဿ အသက်ဆုံးရှုံးရသူများသာ ဖြစ်သွားပေလိမ့်မည်။

သူတို့နှင့်မတူဘဲ ပိုင်ကျီဟန်မှာမူ မိမိ၏ ခန္ဓာကိုယ်သည် တိုက်ရိုက်ထိမှန်ခြင်း ခံရလျှင်ပင် အတော်အတန် ခံနိုင်ရည်ရှိမည်ဟု ယုံကြည်ချက်ရှိနေပေသည်။

ပိုင်မျိုးနွယ်စု အကြီးအကဲများသည် သူ၏အမိန့်ကို ကြားသောအခါ ဘာလုပ်ရမှန်းမသိဘဲ တောင့်ခဲသွားကြပေသည်။

သူတို့သည် ပိုင်ကျီဟန်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ရန်အတွက် မိမိတို့၏ အသက်ကို စတေးရန်အထိ ပြင်ဆင်ထားခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော် ယခုမူ... သူသည် ဓားဦးချိုသားရဲကို မည်သည့်ပြဿနာမျှမရှိဘဲ ရင်ဆိုင်နေပေသည်။

အကယ်၍ သူတို့သာ ဝင်ရောက်စွက်ဖက်ပါက အမှန်တကယ်ပင် ဝန်ထုပ်ဝန်ပိုးများ ဖြစ်သွားနိုင်သည်ကို သူတို့ နားလည်လိုက်ကြပေသည်။

ထို့အပြင် ပိုင်ကျီဟန်သည် သူအလိုရှိသည့် အချိန်တိုင်းတွင် ထွက်ပြေးနိုင်သည့် အခြေအနေရှိပုံရပေသည်။

နောက်ဆုံးတွင် သူတို့သည် ပိုင်ကျီဟန်၏ အမိန့်ကို နာခံလိုက်ကြသော်လည်း ဆုတ်ခွာသွားခြင်းမျိုးတော့ မဟုတ်ပေ။

၎င်းအစား သူတို့သည် ဓားဦးချိုသားရဲကို ကူညီရန် ကြိုးစားလာနိုင်သည့် အခြားသော မိစ္ဆာသားရဲများကို တိုက်ခိုက်ရန် ဘက်လှည့်

လိုက်ကြပေသည်။

"မင်းနဲ့ငါကတော့ အတော်လေး ကြာကြာ တတွဲတွဲ ရှိနေရမယ့်ပုံပဲ”

All Chapters