← Chapters

ရွေးချယ်စရာတစ်ခု။

Vol. 22 Ch. 320

ရွေးချယ်စရာတစ်ခု။

Vol. 22 Ch. 320

ရေကန်၏ အောက်ခြေတွင် ရေညှိစိမ်းများ လှုပ်ခါကာ ငါးမျိုးစိတ်ပေါင်းများစွာ ကူးခတ်နေသည်။ နေရောင်သည် အထက်ရေကန် မျက်နှာပြင်မှ တောက်ပနေပြီး ရေလှိုင်းများဟာလည်း အလင်းရောင်နှင့်အတူ ကခုန်လျက်ရှိ၏။

သွေးဝိညာဉ်အစီအရင်ဟာ အဆက်မပြတ် လည်ပတ်နေကာ ယဇ်ပလ္လင်ပေါ်၌ အသက်ဝင်နေဆဲ ဖြစ်သည်။ ရွှမ်ဝူအစီအရင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိတော့သောကြောင့် နောက်ထပ် ရေနေသတ္တဝါများသည် အစီအရင်အနီးသို့ ချဉ်းကပ်လာနိုင်သည်။ အချို့သော koi ငါးများဆိုလျှင် အမြီးများ လှုပ်ယမ်းကာ သုံးမီတာအကွာအထိ ရောက်လာကြ၏။

ဝုန်း!

သွေးဝိညာဥ်အစီအရင် အသက်ဝင်နေသဖြင့် ငါးများ၏ သွေးစက်ကလေးများ စိမ့်ထွက်လာကာ ၎င်းတို့၏ ရွှေရောင်အကြေးခွံများ အောက်၌ ဖောင်းကားနေခဲ့သော ခန္ဓာကိုယ်က လျင်မြန်စွာ ရှုံ့တွလာလေသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ငါးခြောက်အဖြစ် ကျုံ့သွား၏။

၎င်းတို့၏ အလောင်းများကတော့ ထူထဲသော နုန်းထဲသို့ နစ်မြုပ်သွားကြသည်။

"ဒါဆိုဒါက သွေးဝိညာဉ်အစီအရင်ရဲ့ အလုပ်လုပ်ပုံပေါ့။ "

ချင်းယန် အနည်းငယ် နီးကပ်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်၌ ခင်းကျင်းထားသော ပုံစံလေးများကို ဂရုတစိုက် ကြည့်လိုက်သည့်အခိုက် သူ၏မျက်ခုံးလေးများ အနည်းငယ် ကွေးသွားသည်။

"အားနည်းတဲ့ အကောင်တွေ ချဉ်းကပ်လာရင် သေမှာ သေချာတယ်။ ရွှမ်ဝူအစီအရင်နဲ့ ဖုံးကွယ်ဖို့ သုံးခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး... ယဇ်ပလ္လင်ကို ဖွင့်တဲ့လူက ကျင့်ကြံမှု နိမ့်လို့မဖြစ်ဘူး။ တကယ်တော့ သွေးနိယာမစွမ်းအင်ကို ယဇ်ပလ္လင်နဲ့ ချည်နှောင်ထားတာ..."

"ဂိုဏ်းချုပ်လေး သတိထားပါ"

လျိုဝူရွှမ်းသည် ချင်းယန်အနားတွင် အကာအကွယ်ဖြင့် ရပ်ကာ ရှေ့ကို တိုးလာသည်။

"ဒါကို ဘယ်လိုကိုင်တွယ်ဖို့ ဆုံးဖြတ်ထားတာလဲ"

"ကိုင်တွယ်ရမှာလား?"

ထိုအမေးကြောင့် ချင်းယန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့စိတ်ထဲ၌ သွေးဝိညာဥ်အစီအရင်ကို မည်သို့ ကိုင်တွယ်ရမည်အား တကယ် မစဉ်းစားမိခဲ့ချေ။

၎င်းကို ပိတ်လိုက်ခြင်းသည် ကမ္ဘာပေါ်ရှိ ကြယ်စစ်သည်များ အားလုံး၏ အခြေခံအုတ်မြစ်ကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး ရှိပြီးသား လူ့ယဉ်ကျေးမှု၏ အခြေခံအုတ်မြစ်ကို လှုပ်ခါသွားစေခြင်းနှင့် ညီမျှသည်။ မလွဲမသွေ ပြန်လှည့်လို့မရသော အခြေအနေတစ်ခုကို ဖန်တီးပေးမိလိမ့်မည်။

သို့သော် ဖွင့်ချလိုက်ခြင်းဟာလည်း လက်ခံနိုင်စရာ မရှိချေ။ သွေးဝိညာဉ်အစီအရင်ကို ဖွင့်လိုက်ပါက တွင်းနက်အပြင်က ကမ္ဘာကို လမ်းဖွင့်ပေးမိကာ အခြားနယ်ပယ်မှ စွမ်းအားကြီးသော သတ္တဝါများကို အိမ်ထဲ ဝံပုလွေဖိတ်ခေါ်မိကဲ့သို့ပင် ဆင်းသက်ခိုင်းမိမည်။

အကျပ်ရိုက်စရာ အခြေအနေမို့ ချင်းယန် ခဏမျှ စဉ်းစားနေမိသည်။

သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ လက်ရှိအနေအထားကို ထိန်းသိမ်းထားပြီး အစီအရင်ကို မနှိုးဆော်မိရန် ကြိုးစားခြင်းပင်။ သို့ရာတွင် သားရဲနတ်အရှင်ဂိုဏ်းနှင့် အဓိပတိမဟာမိတ်တို့ သွားရာ လမ်းကြောင်းကို လိုက်လျှောက်ဖို့ဆိုသည်ကလည်း လုံးဝ မဖြစ်နိုင်ချေ။

မုန့်ထျန်းရွှမ်နှင့် အခြားသူများသည် သက်ရှိသတ္တဝါများ၏ သွေးကို သွေးဝိညာဉ်အစီအရင်ဆီ တစ်နှစ်ပြီးတစ်နှစ် ယဇ်ပူဇော်ခဲ့ကြသည်။ ဤအရာသည် လက်ရှိအနေအထားကို ထိန်းသိမ်းထားနိုင်သော်လည်း နောက်ဆုံးတွင် စိတ်ပျက်ဖွယ်ကောင်းသော အခြေအနေသာ ဖြစ်လာမည်သာ။

အမှန်တရားက တစ်နေ့တော့ ထွက်လာဦးမှာပင်။ အစီအရင်ထဲသို့ သွေးပူဇော်မှုများ များလေလေ၊ အစီအရင်၏ စုပ်ယူမှု ပမာဏသည်လည်း မြင့်မားလေ ဖြစ်သည်။ ယနေ့တွင် ယဇ်ကောင် တစ်ဦး သို့မဟုတ် နှစ်ဦးကို စွန့်လွှတ်ခြင်းက အလုပ်ဖြစ်နိုင်၏။

သို့သော် မနက်ဖြန် သို့မဟုတ် နောက်နှစ်ဆိုလျှင်ရော။ သာမန်လူမှစ၍ ကြယ်စစ်သည်၊ ဂိုဏ်းဆရာနှင့် မြေအဓိပတိအထိ တစ်ယောက်ပြီးတစ်ယောက် ထိုးကျသွားလိမ့်မည်။

ယခုလောလောဆယ်တွင် ဤကမ္ဘာပေါ်ရှိ အမြင့်ဆုံးနယ်ပယ်မှာ ကောင်းကင်အရှင် ဖြစ်သော်လည်း သွေးဝိညာဥ်အစီအရင်၏ ကန့်သတ်ချက်သည် မည်သည့်နေရာတွင်ရှိမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

ဆက်တိုးရင် ဘာဖြစ်မလဲ...။

သွေးဝိညာဉ်အစီအရင်ကို အစာကျွေးဖို့ လူတွေကို ဘယ်ကရမှာလဲ။

အနှစ်တစ်ရာအတွင်း ဤအစီအရင်သည် ၎င်း၏ကန့်သတ်ချက်သို့ ရောက်ရှိပြီး ကောင်းကင်ဘုံတံခါးကို ဖွင့်လာအည့် အခြေအနေများကို ဖြည့်ဆည်းပေးလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သွေးပူဇော်မှုမှာ သေချာပေါက် နည်းလမ်းကောင်း မဟုတ်ပေ။

“အနည်းဆုံးတော့ နောက်ဆုံးအဆင့်အထိ မရောက်မချင်း ငါတို့ ရွေးချယ်နေလို် မရဘူး။”

ချင်းယန် တိုးတိုးလေး ညည်းတွားလိုက်သည်။

"ဂိုဏ်းချုပ်လေး?။ ဆုံးဖြတ်ပြီးပြီလား။ ဒီသွေးဝိညာဥ်အစီအရင်ကို ဘယ်လိုဖြေရှင်းမှာလဲ?"

"အင်း ကျွန်တော့်မှာ အကြံနည်းနည်းရှိတယ်။"

ချင်းယန် မေးစေ့ကို ပွတ်သပ်ကာ ဖြည်းညင်းစွာပြောလိုက်သည်။

"လက်ရှိ ထုံးတမ်းဓလေ့တွေက လွန်ကဲလွန်းတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးက တခြားနည်းလမ်းကို ရှာဖို့။"

"အခြားနည်းလမ်း?"

"ဟုတ်တယ်။ ကျွန်တော် သွေးဝိညာဉ် အစီအရင်ကို ပြောင်းလဲဖို့ သူ့ရဲ့ အခြေခံ နိယာမတွေကို ပြောင်းပြန်မယ် ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ လုပ်ကြည့်ချင်ပါတယ်..."

"ဂိုဏ်းချုပ်လေးမှာ ဘာအကြံကောင်းရှိလဲ!"

ထိုသို့ ကြားသောအခါ လျိုဝူရွှမ်းက ချက်ချင်းလက်ခုပ်ထတီးပြီး အံ့သြတကြီးဖြင့် ဆိုလိုက်သည်။

"မင်းသာ တခြားရွေးချယ်စရာ တစ်ခုကို ရှာတွေ့ခဲ့ရင် ဒီသွေးဝိညာဥ်ကို မပိတ်ဘဲ ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာတစ်ဝှမ်းက ကြယ်စစ်သည်တွေရဲ့ ကြယ်စွမ်းအားတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ်။"

"အင်း ကျွန်တော်လည်း မျှော်လင့်ပါတယ်။"

ချင်းယန် သက်ပြင်းချလိုက်ပြီး သူ့အကြည့်များကို ယဇ်ပလ္လင်ဆီသို့ ပြန်ရွေ့လိုက်သည်။ အကယ်၍ သူသာ သွေးဝိညာဥ်အစီအရင်ကို အမှန်တကယ် ထိန်းချုပ်နိုင်ခဲ့ပါက တစ်နေ့တွင် အထက်ကမ္ဘာ၏ လျှို့ဝှက်ချက်များကို သူ တစ်ချက်တည်းဖြင့် လှမ်းကြည့်နိုင်လောက်သည်။

သူ သွေးဝိညာဉ်အစီအရင်ကို ကိုင်ဆောင်ထားသရွေ့ အထက်ဘုံသို့ တက်နိုင်ပြီး မြင့်မားသော ကျင့်ကြံမှုနယ်ပယ်ကို တက်နိုင်မည်။

အရှုံးမရှိပေ။

ဗုန်း!

ရုတ်တရက် အလွန်ကျယ်လောင်လှသည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ စွမ်းအင်လှိုင်းတစ်ခု ရေပြင်အလွှာပေါ်မှ လျင်မြန်စွာ ဖြတ်သန်းသွားကာ ရေနက်ပိုင်းထဲသို့ ပြင်းပြင်းထန်ထန် ထိုးဖောက်ဝင်ရောက်လာ၏။

တိုက်ခိုက်မှုတစ်ခု ရုတ်တရက် ရောက်လာချေပြီ။ တစ်ခဏချင်းတွင် လီရွှေ ရေကန်ကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားကာ ရေအောက်ကမ္ဘာကြီးသည်လည်း တုန်လှုပ်သွားခဲ့သည်။ ထို့ကြောင့် နုန်းများ တုန်ခါသွားကာ ရေအောက်ကြမ်းပြင်မှာ မယုံနိုင်လောက်အောင် ဖရိုဖရဲ ဖြစ်လေသည်။

"ဒါကဘာလဲ!?"

ချင်းယန် မျက်မှောင်ကြုတ်ကာ ဆတ်ခနဲ မော့ကြည့်လိုက်၏။ သူ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ စူးစမ်းလိုက်သောအခါ တွန်းအားပေးနေသော ကြောက်မက်ဖွယ် ရောင်ဝါကို ချက်ချင်း ခံစားလိုက်ရသည်။

"မကောင်းတော့ဘူး ဂိုဏ်းချုပ်လေး တစ်ယောက်ယောက် ရေကန်အောက်ခြေကို တိုက်ခိုက်နေပြီ!"

လျိုဝူရွှမ်း ထိတ်လန့်တကြား မော့၍ အပေါ်က တောက်ပနေသော ရေကန်မျက်နှာပြင်ကို ငေးကြည့်လိုက်သည်။ လက်တစ်ဖက်မှာမူ လေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။

"ကျုပ်တို့ အခု ဘာလုပ်သင့်လဲ။"

"သွားကြည့်ရအောင်!"

………..

ရေကန်မျက်နှာပြင်ပေါ်မှာတွင်မူ ဧရာမသားရဲကြီးပမာ ရုပ်သွင်တစ်ခု လေထဲတွင် ပျံဝဲနေသည်။

ယင်းပုံစံသည် ကောင်းကင်တစ်ခွင်ကို ဖိနှိပ်ထားကာ အဓိပတိခန္ဓာဖြင့် ပြသရင်း ရေကန်မျက်နှာပြင်ကို အဆက်မပြတ် ထုရိုက်နေသဖြင့် ရေခိုးရေငွေ့ လှိုင်းများ လွင့်ပျံ့သွားအောင် လုပ်နေ၏။

"အခုထွက်လာခဲ့!"

ရေကန်ကို အရူးအမူး ဗုံးကြဲတိုက်ခိုက်နေသည့် နန်းကုန်းလီ၏ မျက်လုံးများမှာ သွေးရောင်လွမ်းနေပေပြီ။ ယခုအချိန်တွင် သူ၏ အဓိပတိခန္ဓာကို အပြည့်အဝ အသက်သွင်းလိုက်ပြီ ဖြစ်သည်။

ဗုန်း!

ကြီးမားသော ရိုက်ခတ်မှုကြောင့် ကန်ရေများသည် ကမ်းပါးများတစ်လျှောက် ပြည့်လျှံကုန်ကာ ကမ်းပါးကိုလည်း မီတာဆယ်နှင့်ချီ မြင့်သော လှိုင်းလုံးကြီးများဖြင့် ရိုက်ခတ်ပစ်ခဲ့သည်။ အနှီစွမ်းအားကြောင့် မြေအောက်မြစ်ကြီး အနှောက်အယှက် ဖြစ်သွားပြီး ပေါက်ထွက်ကာ ရေအိုင်ငယ်အဖြစ်သို့ ပြောင်းလဲသွားသည်။

လှိုင်းလုံးကြီးများကြောင့် ကမ်းပါးများ တစ်ဟုန်ထိုး ပြိုကျကာ အဆောက်အအုံများဆီသို့ ကြီးမားသော အနက်ရောင် လှိုင်းလုံးများ ပြေးရိုက်ပစ်၏။ လမ်းမပေါ်ရှိ ကားများလည်း ရေများကြား ဝရုန်းသုန်းကား ဖြစ်ကုန်သည်။

"မင်း ထွက်မလာဘူးလား!"

နန်းကုန်းလီ၏အသံမှာ ပြာယာခတ်နေသံ ပေါက်လာကာ အရူးတစ်ယောက်လိုပင် ရေမျက်နှာပြင်ကို အရူးအမူး ရိုက်နေ၏။

ဝုန်း!

သူ့အကြည့်များသည် ရေကန်မျက်နှာပြင်ပေါ်ရျီ တစ်လက်မတိုင်းနှင့် လှိုင်းလုံးများကြားက လှုပ်ရှားမှု တစ်ခုတည်းကိုမျှ လက်လွတ်မခံဝံ့ဘဲ ရေကန်အောက်ခြေက လူ၏ခြေရာလက်ရာကို စောင့်ကြည့်နေသည်။ သွေးဝိညာဥ်အစီအရင်သည် သားရဲနတ်အရှင်ဂိုဏ်း၏ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့သော အစီအစဉ်နှင့် ပတ်သက်သည့် အရေးကြီးဆုံးအရာ ဖြစ်သောကြောင့် ကြုံရာလူအား ထိတွေ့ခွင့် မပြုနိုင်ပါ။

ဤလူကြောင့် ပျက်စီးသွားပါက သားရဲနတ်အရှင်သည်လည်း သူ့ကို ခွင့်လွှတ်မည် မဟုတ်ချေ။

"ကြွက်တစ်ကောင်ကများ!"

ထိုအချက်ကိုတွေးပြီး နန်းကုန်းလီ၏ မျက်နှာထားမှာ အင်မတန် တင်းမာလာကာ လီရွှေရေကန်၏ တုန်လှုပ်နေသော ရေမျက်နှာပြင်ကို စိုက်ကြည့်ကာ ရင်ဘတ်ထဲ တင်းကျပ်လာသည်။

ဤအဖြစ်အပျက်ကြောင့်သာ မဟုတ်ပါက၊ သူသည် လောင်လီကို သားရဲနတ်အရှင်ထံ ပူဇော်လိုက်ပြီပင်။

"မင်းဘယ်သူလဲ ကြည့်ရသေးတာပေါ့!!"

သူသည် ကြယ်စွမ်းအင်များကို စုစည်းကာ ရေကန်မျက်နှာပြင်ပေါ် ဖြည်းညင်းစွာ ဖိချလိုက်သည်။ တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားသော လက်ဝါးသည် ရေကန်ထဲသို့ ထိုးကျသွားကာ အတွင်းနက်နက်ထဲသို့ နှိုက်ရှာတော့၏။

ရေအောက်ကြမ်းပြင်ရှိ သဲများနှင့် ကျောက်တုံးများမှာ တဝုန်းဝုန်း အသံကြီးနှင့်အတူ လှုပ်ခတ်သွားသည်။ ထိုအခိုက်

ရေကန်၏ မျက်နှာပြင်အောက်မှ အေးစက်သော အသံတစ်သံ ပဲ့တင်ထပ်လာ၏။

"နန်းကုန်းလီ မင်းက မင်းမျက်နှာကို ထပ်ပြရဲသေးတယ်ပေါ့။ ဒီတစ်ခါတော့ မင်း အသက်မရှင်တော့ဘူးဆိုတာ သေချာအောင် လုပ်ပေးလိုက်မယ်"

ထိုအသံသည် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်ကာ ငြိမ်သက်နေသော်လည်း နန်းကုန်းလီခမျာတော့ ချက်ချင်းပင် ထိတ်လန့်သွားသည်။

"ဘယ်သူလဲ?!"

ဗုန်း!

ရေထဲကျသွားသော ဧရာမလက်ကြီးသည် ရုတ်တရက် အလွန်အမင်း တုန်လှုပ်လာသည်။ တစ်ချိန်တည်းမှာပင် အလွန်အစွမ်းထက်သော စွမ်းအားများ ပေါက်ထွက်လာပြီး သူ၏လက်ဖဝါးနှင့် အဓိပတိခန္ဓာ စွမ်းအင်အား ဖြိုခွဲပစ်လိုက်သည်။

All Chapters