← Chapters

ကောင်းကင်အရှင်တို့ တိုက်ပွဲ

Vol. 22 Ch. 321

ကောင်းကင်အရှင်တို့ တိုက်ပွဲ

Vol. 22 Ch. 321

လီရွှေ ရေကန်ပေါ်တွင်။

အဖြူရောင် မြူမှုန်များ ဝဲလွင့်သွားသည်။

စွမ်းအင်အမှုန်အမွှားများသည် မရေမတွက်နိုင်သော တောက်တောက်ပပ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ နန်းကုန်းလီခမျာ လက်တစ်ဖက်က နာကျင်သွားသဖြင့် ထိုလက်ကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး ရေကန်၏ မျက်နှာပြင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ တစ်ဆက်တည်း တစ်ခုခု လွဲမှားနေကြောင်းပါ ချက်ချင်း ခံစားလိုက်ရ၏။

ထိုအခိုက် မြူမှုန်များအတွင်းမှ ချင်းယန်နှင့် လျိုဝူရွှမ်းတို့ ပေါ်ထွက်လာပြီး လှိုင်းပုတ်နေသော ရေမျက်နှာပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်လာကြသည်။

"မင်းတို့?!"

နန်းကုန်းလီ အံ့အားသင့်သွားမိသည်။ ချင်းယန်ကို တွေ့လိုက်ရသည့်အပြင် သူ၏ သူငယ်အိမ်များသည် သူ့ရှေ့က မြင်ကွင်းကြောင့်ပါ မယုံနိုင်စွာဖြင့် ပြူးကျယ်သွားခဲ့သည်။

ယခုအချိန်တွင်

ချင်းယန်၏ ရောင်ဝါသည် ကြီးကျယ်ခမ်းနားလာပြီး ကောင်းကင်နှင့် မြေကြီး၏ အဆုံးမရှိသော စွမ်းအင်စီးဆင်းမှုကြား လိုက်လျောညီထွေ ရှိနေသည်။ သူ၏တာအိုသည် ကောင်းကင်နှင့် တန်းတူဖြစ်လာသောကြောင့် ပိုမိုမြင့်မားသော နယ်ပယ်ထဲသို့ ရောက်ရှိသွားကြောင်း ထင်ရှားလေ၏။

ကောင်းကင်အရှင် နယ်ပယ်။

ချင်းယန်သည် အမှန်တကယ်ပင် ကောင်းကင်အရှင် နယ်ပယ်သို့ ရောက်ရှိနေချေပြီ။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

နန်းကုန်းလီ ငြီးတွားရင်း ခေတ္တ တိတ်ဆိတ်သွား၏။

လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းဟိုင်ရှိ နဂါးပုံရိပ်၏ ထူးဆန်းသော ဖြစ်စဉ်က သူ့စိတ်ထဲတွင် ဆန်းသစ်နေဆဲ ဖြစ်သည်။ မူလ၌ ဤအရာမှာ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းမှ အဆင့်တက်သွားသော ဘီလူးဟောင်းတစ်ဦးဟု ထင်မှတ်ခဲ့သည်။

သို့သော် သူဘယ်တုန်းကမှ မမျှော်လင့်ထားသည့် ချင်းယန် ဖြစ်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။ သူတို့၏ နောက်ဆုံးတိုက်ပွဲ ဆင်နွှဲခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်ပင်။ ကောင်းကင်အရှင် လောက၏ တံခါးပေါက်ကို ဖြတ်ကျော်ပြီး မိမိကိုယ်တိုင်လည်း အဓိပတိခန္ဓာကို ရရှိရန် ဆယ်စုနှစ်များစွာ ကုန်ဆုံးခဲ့ပြီး ကံဒဏ်ဖြင့်သာ အောင်မြင်ခဲ့သည်။

နှစ်ယောက်သား မျက်နှာချင်း ဆိုင်လိုက်ကြပြီးနောက် လေပြည်က တဝွီးဝွီး တိုက်ခတ်ကာ ရေကန်ကြီးကို လှုပ်ခတ်သွားစေခဲ့၏။ လျိုဝူရွှမ်းသည် ချင်းယန်အတွက် အဟန့်အတား မဖြစ်စေရန် ဘေးသို့ လိမ္မာပါးနပ်စွာ ရွှေ့သွားလေသည်။

ကောင်းကင်အရှင်တို့ကြားက တိုက်ပွဲသည် ထူးကဲလှပြီး အမူအရာတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည်။

၎င်းက သူပါဝင်နိုင်သည့် အရာ မဟုတ်တော့ပေ။

…

"နန်းကုန်းလီ ဒီတစ်ခါတော့ မင်း ငါတို့ထောင်ချောက်ထဲ ဝင်လာမိသွားပြီ!"

ချင်းယန်သည် ကျစ်ဝေးနတ်ဓားကို တည်ငြိမ်စွာ ဆွဲထုတ်လိုက်ကာ လက်နှစ်ချောင်းဖြင့် ဓားသွားပေါ် သပ်လိုက်သည်။

“မင်းကို ဘယ်မှာရှာရမလဲ သိချင်နေတာ။ အခုတော့ မင်းဘာသာ ရောက်လာတာပဲ”

သူ အေးအေးဆေးဆေး ပြောနေစဥ် ကျစ်ဝေးနတ်ဓားထံမှ ထက်ရှသော ဓားရောင်ဝါများ ပေါက်ကွဲထွက်လာသည်။ ထိုရောင်ဝါမှာ နန်းကုန်းလီ၏ ကြောက်စိတ်များကို ချက်ချင်း အသက်ဝင်လာစေ၏။

နန်းကုန်းလီ အသက်ပြင်းပြင်း ရှူကာ သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်သွားအောင် ထိန်းချုပ်လိုက်သည်။

"ဟမ့် မင်းကငါ့ကို မျှားခေါ်နိုင်မယ် ထင်နေလား။"

နန်းကုန်းလီ အေးစက်စွာ ဟစ်အော်ကာ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်၏။

"မင်း ကောင်းကင်အရှင်ကို ရောက်နေတော့ဂေါ မင်းရဲ့ ဝိညာဥ်မျှော်စင်က မတည်သေးဘူး။ ငါက ဘာကိုကြောက်နေရမှာလဲ။"

"ဟုတ်လား?"

ချင်းယန်ကတော့ စိုးရိမ်မှု မရှိသည့်အတိုင်း ပြုံးပြလေသည်။ ရေကန်ထဲက ထွက်လာကတည်းက သူ အပြည့်အဝ ပြင်ဆင်ထားပြီးသားပင်။ ထို့အပြင် သူ့တွင် အနိုင်ရနိုင်မည့် အခွင့်အလမ်းများ ရှိကြောင်း လက်တွေ့ကျကျ အာမခံပါ၏။

သူ၏ ဂရုမစိုက်သော အမူအရာကို မြင်လိုက်သည့်အခိုက် နန်းကုန်းလီ၏ နှလုံးခုန်သံများ ဆောင့်ခုန်သွားသည်။ သူသည် မသေချာမရေရာသော စိတ်အခြေအနေကြောင့် သူ၏ ကြယ်လက်စွပ်ကို အမှတ်တမဲ့ လှမ်းထားမိသည်။

နန်းကုန်းလီသည် ချင်းယန်၏ အစွမ်းအစ အစစ်အမှန်ကို ဖြတ်မမြင်နိုင်သော်လည်း လှုပ်ရှားမှု အနည်းငယ်ကြာသည်အထိတော့ သူ့ကိုယ်သူ ထိန်းထားနိုင်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။

သို့ရာတွင် ပြဿနာမှာ ပြိုင်ဘက်က ဖောက်ခွဲကောင်းကင်ဂိုဏ်းက ဖြစ်နေ၏။ တစ်ဖန် ဂိုဏ်းချုပ်ငယ်လေးလည်း ဖြစ်နေသေးသည်။ အနိုင်မယူနိုင်လျှင် ကိုယ်ကိုယ့်ကိုယ် ဖျက်စီးလိမ့်မည်။ ဤသည်မှာ ဤအရူးများ၏ ထုံးစံပင်။

ဘယ်သူက သူတို့ကို ကျော်ဖြတ်နိုင်မှာလဲ။

ကောင်းကင်အရှင် တစ်ယောက် ဖောက်ခွဲလိုက်ပါက ဤကမ္ဘာပေါ်ရှိ မည်သည့် ကျင့်ကြံသူက ခံနိုင်ရည် ရှိမည်နည်း။

ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ မိမိကိုယ်ကို ဖျက်ဆီးခြင်းကို အကြိမ်များစွာ မြင်တွေ့ခဲ့ရပြီးနောက် နန်းကုန်းလီက သူ့ကိုယ်သူ ရိုးရိုးသားသား မေးလိုက်သည်။ သူ အလောင်းအစား မလုပ်ဝံ့ချေ။ ချင်းယန်သာ အမှန်တကယ် ရူးသွပ်ပြီး မိမိကိုယ်မိမိ ပျက်စီးပစ်ပါက အပြန်အလှန်အားဖြင့် သူလည်း ပျက်စီးသွားလိမ့်မည်။

"အရင်ဆုံး ဒီအရူးကို တည်ငြိမ်အောင်လုပ်ဖို့ နည်းလမ်းရှာရမယ်။ ကျန်တာတွေကို နောက်မှ ဆုံးဖြတ်တာပေါ့။"

ထိုသို့တွေးပြီး နန်းကုန်းလီ၏ မျက်လုံးများ ပြူးသွားပြီးနောက် သူ တုံ့ဆိုင်းမနေတော့ဘဲ သူ့ရှေ့က ချင်းယန်ကို လှမ်းကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"ချင်းယန် မင်းက သွေးဝိညာဉ်အစီအရင်ကို ဘာလုပ်ချင်နေတာလဲ။"

"ကျစ် ဘာတွေပြောနေတာလဲ လာကြည့်လို့တောင် မရဘူးလား။ ဒါက ကျန်းဟိုင်... ကျန်းဟိုင်ပြည်သူ အနေနဲ့ ဒီဒေသမှာ လမ်းလျှောက်တာ မှားလား"

"ဟမ့် အပြောကောင်းနေတဲ့ကောင်။"

နန်းကုန်းလီ တစ်ဖက်လူကို သတိထားပြီး စိုက်ကြည့်နေသည်။

"ဒါပေမဲ့ မင်း အဲဒီဆိုးသွမ်းတဲ့ အတွေးတွေကို ချုပ်နှောင်မထားဖို့ ငါ အကြံပေးလိုက်မယ်။ သွေးဝိညာဥ်အစီအရင်ကို ဖျက်ဆီးလိုက်တာနဲ့ ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်းသိလောက်ပါတယ်။ ကမ္ဘာတစ်ခုလုံး ကြယ်စွမ်းအားရင်းမြစ်ကို ဆုံးရှုံးသွားလိမ့်မယ်။ မင်း ဇွတ်အတင်းပိတ်လိုက်မယ်ဆိုရင် မရေမတွက်နိုင်တဲ့ ကြယ်စစ်သည်တွေရဲ့ အသက်သွေးကြောကို ဖြတ်တောက်ပစ်လိုက်တာပဲ။ ချင်းယန် မင်း တစ်ချိန်လုံး အပြစ်သား ဖြစ်သွားလိမ့်မယ်။"

သူ၏ စကားဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

"စိတ်မပူပါနဲ့ လောလောဆယ်တော့ ဖျက်ဖို့ စိတ်ကူးမရှိပါဘူး"

ချင်းယန် ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူ၏အကြည့်များကို ရေကန်မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းတစ်ဝိုက်ကို စိုက်ကြည့်ရင်း နူးညံ့သိမ်မွေ့သော အရိပ်အမြွက်တစ်ခု ပြသလိုက်သည်။

"ကောင်းကင်ဘုံမှာ နိယာမတွေရှိတယ်၊ လူတွေက အဲဒီထဲက တချို့ကို အမြဲတမ်း လွတ်သွားတတ်တယ် ကျန်းဟိုင်မြို့မှာ သွေးဝိညာဉ်အစီအရင် ခင်းကျင်းထားရင် ငါသူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ပြီး ကမ္ဘာ့ကြယ်သူရဲကောင်းတွေဆီ ချပြရင်း ငြိမ်းချမ်းအောင် လုပ်ပေးလို့ရတယ်။"

"ဒါပေမဲ့..."

သူက ခေတ္တရပ်လိုက်ကာ နန်းကုန်းလီကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်က ကျစ်ဝေးနတ်ဓားကို စောင်းလိုက်ကာ။

"မင်းရဲ့ သားရဲနတ်အရှင် ဂိုဏ်းကတော့ အသက်တက်ရှင်နေဖို့ မလိုဘူး!"

စကားဆုံးသည်နှင့် ချင်းယန် သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်။

*ချွင်း!*

ထက်မြက်သော ဓားအလင်းတန်းကြီး ပြေးထွက်သွားသည်။ ကန်ရေပြင်ကြီးက လှိုင်းလုံးကြီးများနှင့်အတူ လှိုင်းထလာကာ ကျစ်ဝေးဓားအလင်း ပြေးသွားရာအတိုင်း လိုက်ပါသွား၏။ ဓား၏ မျက်နှာပြင်အနှံ့တွင် လျှပ်စီးကြောင်းများဖြင့် ပြန့်ကျဲနေပြီး အကန့်အသတ်မရှိ လူသတ်ချင်နေသော ရည်ရွယ်ချက်များအား သယ်ဆောင်လာသည်။

ဤသည်မှာ ကောင်းကင်ဖြတ်ဓား၏ စွမ်းအားအပြည့် ဖြစ်သည်။

လွင့်မျောနေသော တိမ်များနှင့် မြူခိုးများကြားတွင် ဓားအလင်းသည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာကာ နန်းကုန်းလီ၏ မျက်နှာဆီသို့ တိုက်ရိုက် တိုက်ခိုက်လိုက်ပေ၏။

ဤဓားအလင်းသည် အလွန်လျင်မြန်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်အရာကမျှ ၎င်းကို တားဆီးနိုင်ခြင်း မရှိသကဲ့သို့ပင်။

"မကောင်းတော့!"

နန်းကုန်းလီ၏ မျက်ခွံများ လှုပ်ခတ်သွားပြီး သူ့အမူအရာလည်း ချက်ချင်း ပြောင်းလဲသွားသည်။ ဤဓား၏ ရည်ရွယ်ချက်မှာ လေးနက်လွန်းလှသည်။ သူ ထွက်ပြေးဖို့ ကြိုးစားလျှင် ချင်းယန်၏ ဓားအလင်းကြောင့် သူ မလွဲမသွေ လုပ်ကြံခံရပြီး သေချာပေါက် သေရလိမ့်မည်။

ဒီလိုတွေးမိသွားခိုက် နန်းကုန်းလီ တုံ့ဆိုင်းမနေဝံ့ဘဲ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြယ်စွမ်းအားကို အပြည့်အဝ သွင်းလိုက်တော့သည်။

နောက်အခိုက်အတန့်၌ သူ၏ အဓိပတိခန္ဓာကြီး ပေါ်ထွက်လာကာ ကြယ်စွမ်းအင်များ ဖြာထွက်သွားသည်။ ကြီးမားသော လက်ဖဝါးကြီးသည် ဓားဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရာ ကောင်းကင်တစ်ခွင် ဟိန်းဟောက်သံက ပဲ့တင်ထပ်သွားလေ၏။

ကျယ်လောင်သော အသံလှိုင်းများသည် အဝေးရှိ အဆောက်အအုံများ၏ ပြတင်းပေါက်များကိုပင် အပိုင်းပိုင်း ကွဲအက်သွားစေသည်။

ကြောက်စရာကောင်းသော အင်အားနှစ်ခု ပေါက်ကွဲသွားခိုက် လီရွှေရေကန်၏ ရေမျက်နှာပြင်အထက်၌ မီတာဆယ်ဂဏန်း ကျယ်သော မီးတောင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရေခိုးရေငွေ့များက တိမ်များပေါ်သို့ တက်လာပြီးနောက် လျင်မြန်စွာ ပြန်လည်ကျဆင်းသွားသည်။

ဓားအလင်းသည် ရေစက်များကြားမှ ဆက်လက် ပျံသန်းသွားကာ လက်ဖဝါးကြီးကိုပါ ဖြတ်သွားလေ၏။

"မင်းက အရူးပဲ!"

နန်းကုန်းလီလည်း သူ့လက်ဖဝါးကို ကျန်တစ်ဖက်ဖြင့် ကမန်းကတန်း ဆုပ်ကိုင်ထားရသည်။ သူ့လက်ဖဝါးပေါ် ထောင့်ဖြတ်စီးဆင်းနေတဲ့ သွေးများရှိနေကာ အသားပင် ပွင့်သွားလေပြီ။ သို့တင်မဟုတ် အရိုးပါ ပေါ်နေပြီဖြစ်သောကြောင့် သူ၏အရွတ်များ အထိန်းအကွပ်မရှိ တွန့်လိမ်နေသည်ကို မြင်နေရပြီ။

သူရှုံးခဲ့သည်။

ချင်းယနိ၏ ဓားရှည်သည် သူ့လက်ဝါးစွမ်းအင်ထက် သာလွန်ကောင်းမွန်နေသည်။

ချင်းယန်ကို မယုံကြည်နိုင်စွာ တစ်ဖန်ပြန်ကြည့်ရင်း သူ့မျက်လုံးများထဲ၌ ထိတ်လန့်နေသော အရိပ်အမြွက်များ ဖြတ်ပြေးသွား၏။

ဤကောင်လေးသည် ယခုမှ ကောင်းကင်အရှင် နယ်ပယ်သို့ ရောက်ထားသော်လည်း နှောင်းပိုင်းအဆင့် ကောင်းကင်အရှင် သူ့အတွက် ယှဉ်ဘက်ပင် မဟုတ်ပေ။

ထိုသို့သော အရည်အချင်းများရှိသူ ချင်းယန်၏ တိုးတက်မှုကို ကမ္ဘာပေါ်တွင် မည်သူမျှ မတားဆီးနိုင်လောက်တော့။ အကယ်၍ ချင်းယန် ဆက်လက်တိုးတက်နေပါက သားရဲနတ်အရှင် ဂိုဏ်းအတွက် လျှို့ဝှက်အန္တရာယ်များကို မလွဲမသွေ ယူဆောင်လာမိလိမ့်မည်။

နန်းကုန်းလီ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အမြွက်များ ထွက်ပေါ်လာသည်။

"သားရဲနတ်အရှင် ကိုယ်တိုင်ပဲ ဒီကောင့်ကို နှိမ်နင်းနိုင်မယ့်ပုံပဲ!"

All Chapters