ကြောက်မက်ဖွယ်ကောင်းသော မြှားတစ်စင်းကြောင့် နန်းကုန်းလီ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ။
Vol. 22 Ch. 322
ဤအခိုက်၌ သူ၏ကြောက်စိတ်များက ပိုမိုနက်နဲလာသည်။ ယခုတိုက်ပွဲသညိ ကောင်းကင်အရှင်များကြားက တိုက်ပွဲဖြစ်ရုံသာမက ဆန္ဒ၏တိုက်ပွဲလည်း ဟုတ်လေသည်။
ချင်းယန်၏ ဓားစွမ်းအင်ကို တွေ့မြင်ပြီးနောက် သူသည် ဆုတ်ခွာရန် အကြံအစည်ကို ကြံစည်နေပြီ ဖြစ်သည်။
"ဘာတွေကြံနေတာလဲ?!"
ထိုအခိုက် ချင်းယန်က မျက်ခုံးပင့်ကြည့်ကာ အရေးကြီးသော အခွင့်အရေးကို ရယူလိုက်သည်။ သူသည် ဓားဆယ့်နှစ်ချောင်းကို တစ်ပြိုင်နက်တည်း လွှတ်ထုတ်လိုက်၏။ ၎င်းတို့၏ စူးရှတောက်ပသော အလင်းရောင်များသည် ကောင်းကင်ရှိ မြင်ကွင်းကို ရုတ်ခြည်း တောက်ပသွားစေပြီး လူသတ်တော့မည့် ရည်ရွယ်ချက်များကို ဖြာထွက်သွားစေသည်။
ဝုန်း!
အသက်နက်ကြီးနှင့်အတူ လှိုင်းလုံးကြီးများ ကောင်းကင် အထက်သို့ လျှံတက်သွားသည်။ အနှီရေလှိုင်းများကြောင့် နှစ်ဖက်စလုံးရှိ အဆောက်အအုံများ ဖျက်ဆီးခံလိုက်ရ၏။
နန်းကုန်းလီသည် ၎င်း၏မျက်လုံးထောင့်မှ တိုက်ခိုက်မှုကို တစ်ချက် ကြည့်လိုက်ပြီး တားဆီးရန် သူ၏လက်ကို ထပ်မံ၍ မြှောက်လိုက်သည်။
သို့သော်ငြားလည်း ချင်းယန်၏ ပြင်းထန်သော ထိုးစစ်ကို သူနှင့် မယှဉ်နိုင်ပေ။ ယခုအခိုက်တွင် ချင်းယန်တစ်ယောက်ဟာ သူ၏လက်ကောက်ဝတ်ကို လှန်လိုက်ပြီး ဓားအလင်း၏ လမ်းကြောင်းကို အဆက်မပြတ် ပြောင်းလဲနေကာ လျင်မြန်သော တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်နေသည်။ သမိုင်းတစ်လျှောက် မရေမတွက်နိုင်သော ဓားဆရာများ၏ ဓားသိုင်းများကို သူ့လက်ထဲ၌ ပြန်လည် ဖန်တီးထားသည့် အတိုင်းပင်။
ကောင်းကင်အရှင် နယ်ပယ်ကြောင့် သူ့စွမ်းအားက ပိုကြီးမားလာရာ ကျစ်ဝေးနတ်ဓားမှာလည်း ပျော်မြူးနေသော အော်ဟစ်သံနှင့်အတူ ဓားပေါက်ကွဲသံများအား တရစပ် ထုတ်လွှတ်နေသည်။ နတ်လက်နက်၏ မြှင့်တင်မှုနှင့်အတူ သူ၏ဓားပညာသည် လေးနက်သော အဆင့်သို့ပင် ရောက်ရှိသွား၏။
ခမ်းနားထည်ဝါသော ဓားအလင်းလှိုင်းများသည် အာကာသနိယာမများဖြင့် ပေါင်းစပ် ချုပ်နှောင်ထားသဖြင့် အဆုံးမဲ့ သမုဒ္ဒရာလှိုင်းများကဲ့သို့ တစ်ခုပြီးတစ်ခု ခုန်တက်လာသည်။
ကောင်းကင်တစ်ခုလုံး စူးရှတောက်ပသော ဓားအလင်းများဖြင့်သာ ပြည့်နေ၏။
ဤခဏတိုလေး အတွင်းမှာပင် နန်းကုန်းလီတစ်ယောက် လုံးလုံးလျားလျား ရှုံးနိမ့်သွားခဲ့ပြီး အနောက်သို့ ပေဒါဇင်နှင့်ချီ လွင့်သွားခဲ့သည်။ လက်တစ်ဖက်ဖြင့် တုန်နေသော သူ့ပခုံးများကို ဖိထားကာ ကြောက်စိတ်များက တစ်ဟုန်ထိုး လွှမ်းမိုးလာသည်။ ချင်းယန်၏ တိုက်ခိုက်မှုများဟာ သူ၏ အရေးကြီးသော နေရာများကို အကြိမ်ရေ အထပ်ထပ်အခါခါ လုပ်ဆောင်နေခဲ့၏။
သူသည် သူ့အခြေအနေကို ကူကယ်ရာမဲ့ စိုက်ကြည့်နေရုံသာ တတ်နိုင်ရှာသည်။ ထို့ထက် ကောင်းကင်အရှင်အဆင့်၏ တိုက်ပွဲတစ်ခုသည် ပတ်ဝန်းကျင်အပေါ် အလွန်ကြီးမားသော ကပ်ဘေးတစ်ခုပမာ သက်ရောက်နေခဲ့သည်။
တစ်ဟုန်ထိုး တက်လာသော ကန်ရေပြင်သည် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးများအဖြစ် အညှာအတာမဲ့ ရိုက်ပစ်လေသောကြောင့် ကန်ထဲရှိငါးများ ထိတ်လန့်တုန်လှုပ်ကာ ထိခိုက်သေဆုံးမှုများ များလာ၏။
ရေကန်၏ မျက်နှာပြင်သည်ပင် အနက်ပိုင်းထဲအထိ ကြက်သွေးရောင်များ ပြောင်းလဲသွားသည်။
အနီးနားရှိ တာတမံများဟာလည်း အနှီရိုက်ခတ်မှုကြောင့် ကျိုးပဲ့နေပြီ။
သူတို့နှစ်ယောက်သည် ထိုဧရိယာကို တမင်ရှောင်ပြီးမှ တိုက်ခိုက်နေ၍ မဟုတ်လျှင် ကန်တစ်ခုလုံး အငွေ့ပျံသွားလိမ့်မည်။
…
တစ်ဖက်ရှိ ကျန်းဟိုင် မြို့လယ်တွင်မူ။
ကျယ်လောင်သော ဟောက်သံကြီးများ ကောင်းကင်နှင့်မြေကြီး အနှံ့ ပဲ့တင်ထပ်ကာ ကောင်းကင်ကြီးပင် ကြက်သွေးရောင် ပြောင်းသွားခဲ့သည်။ ရေခိုးရေငွေ့များ မြင့်တက်လာပြီး လေထုတစ်ခုလုံး စိုစွတ်လာကာ အဆောက်အအုံများကြားတွင် ခမ်းနားသော သက်တံကြီးတစ်စင်း ပေါ်ထွက်လာ၏။
မရေမတွက်နိုင်သော နိုင်ငံသားများသည် လက်ထဲတွင် ထီးကိုယ်စီကိုင်ကာ လီရွှေရေကန်ဆီသို့ မျှော်ကြည့်နေကြသည်။
"ကောင်းကင်ကို ကြည့်လိုက်! နတ်ဘုရားတွေ ဒေါသထွက်နေတာများလား!"
"တော်စမ်းပါ။ အဲဒါကောင်းကင်အရှင်ကြားက တိုက်ပွဲကွ။ မဟုတ်ရင် လီရွှေရေကန်က အငွေ့ပျံသွားပါ့မလား။"
"ဝါး...အရင်က ပေါ်လာတဲ့ ရွှေနဂါးကြီးကရော အဲဒီမှာများလား!"
စကားဝိုင်း ဟိုဟိုဒီဒီ ပျံ့နေစဥ် ဥဩသံများက အော်ဟစ်မြည်တမ်းလာကြသည်။ ကြယ်သိုင်းရဲစခန်းမှ ယာဉ်တန်းများက အရှိန်ဖြင့် ဖြတ်ပြေးလာသလို ရဟတ်ယာဉ်များသည်လည်း ၎င်းတို့ ခေါင်းပေါ်မှ ဖြတ်ပျံ့နေ၏။
သို့သော် ကြောက်မက်ဖွယ်ကောင်းသော စစ်မြေပြင် စွမ်းအားကြောင့် ၎င်းတို့သည် ရေကန်အနား၌သာ လှည့်ပတ်ကာ အနီးသို့ ချဉ်းကပ်ခြင်းပင် မပြုဝံ့ကြပေ။
တင်း!
ပြည်သူတိုင်းသည် စာသားမက်ဆေ့ခ်ျများ တစ်ပြိုင်နက် လက်ခံရရှိခဲ့သည်။
မြူနီစပယ်အစိုးရထံမှ အရေးပေါ်သတိပေးချက် ဖြစ်သည်- "လီရွှေ ရေကန်နားကို မချဉ်းကပ်ပါနှင့်။"
နှစ်ကီလိုမီတာ ပတ်လည်ဧရိယာကို အန္တရာယ်များသောဇုန်အဖြစ် ချက်ချင်း သတ်မှတ်ပစ်ခဲ့သည်။ မဟုတ်ပါက အချို့သော အခြေအနေမှန်ကို မသိသူများသည် ကောင်းကင်အရှင်များ၏ တိုက်ပွဲကြား၌ သေကြေကုန်လိမ့်မည်။
သူတို့သည် လီရွှေရေကန်ဆီသို့ မျှော်ကြည့်နေကြစဥ် ရွှေနဂါးကြီးသည် တိမ်များကို လှည့်ပတ်ကာ သားရဲဘုရင်တစ်ပါးအလား ဟိန်းဟောက်လိုက်လေ၏။ အနှီအသံသည် တိမ်တိုက်များကို ကွဲကြေစေသည်။ ဤသဘာဝဘေးဒဏ်လို ကပ်ဘေးအောက်တွင် လူသားမျိုးနွယ်သည် သစ်ပင်တစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသည့် ခြင်တစ်ကောင်ကဲ့သို့ အရေးမပါလှပေ။
…
နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရပြီးနောက် ရေကန်၏ မျက်နှာပြင်ပေါ်တွင် ရေငွေ့များ လှိုင်းထ လှုပ်ရှားကုန်သည်။
*ဖူး!*
နန်းကုန်းလီသည် ဒဏ်ရာရနေသော လက်ဖဝါးကို ဆုပ်ကိုင်ကာ လည်ချောင်းထဲမှ သွေးများကို ထွေးထုတ်လိုက်သည်။
သူ တုန်လှုပ်စပြုလာချေပြီ။
ဖောက်ခွဲကောင်းကင်ဂိုဏ်းကို တိုက်ခိုက်ခြင်းမှာ သူမျှော်မှန်းထားသည်ထက် ပိုဆိုးနေ၏။
သူသည် ချင်းယန်၏ အမြင့်မြတ်ဆုံး ဓားသိုင်းကို ခုခံကာကွယ်နေရရုံသာမက ချင်းယန် အချိန်မရွေး မိမိကိုယ်ကို ဖျကိစီးမည့် အန္တရာယ်ကိုလည်း သတိထားနေရသည်။ ထိုလူငယ်၏ တိုက်ခိုက်မှုတိုင်းဟာ သူ့အာရုံကြောများ အလွန်အမင်း တုန်လှုပ်သွားစေ၏။
ဤကဲ့သို့ စိတ်ပျက်စရာကောင်းသော တိုက်ပွဲကို သူပထမဆုံးအကြိမ် ရင်ဆိုင်ခြင်း ဖြစ်လေသည်။
"ဒီအတိုင်း ဆက်သွားနေလို့ မရဘူး။"
ထိုသို့တွေးပြီး နန်းကုန်းလီ ရုတ်တရက် သူ့လက်ကို လှန်လိုက်ရာ လျှို့ဝှက်ရတနာ ဖြစ်သည့် လွမ့်ခုန်းလွန်းပျံယာဥ် ပေါ်လာ၏။ အစီအရင်ပုံစံများသည် လွန်းပျံယာဥ်ငယ်လေးအပေါ် ထူထပ်စွာ ဖုံးလွှမ်းထားပြီး ၎င်းထွက်လာသည်နှင့် ပြိုးပြိုးပြက်ပြက် အလင်းတန်းတစ်ခု ထွက်လာသည်။
စွမ်းအားအပြည့်ဖြင့် အသက်သွင်းထားသည့် လျှို့ဝှက်ရတနာသည် ၎င်း၏အနှစ်သာရကို မျက်စိတစ်မှိတ်အတွင်း ထုတ်လွှတ်လိုက်ကာ လွန်းပျံယာဉ်၏ လှုပ်ရှားမှုအမြန်နှုန်းကို အထွတ်အထိပ်အထိ တွန်းပို့ပစ်လိုက်သည်။
ဗုန်း!
"ငါက မင်းကို ထွက်သွားခွင့်ပေးလို့လား"
ချင်းယန်သည် ရန်ပွဲ၏ စိတ်လှုပ်ရှားမှုကို အရသာတွေ့နေပြီ ဖြစ်ရာ နန်းကုန်းလီ ထွက်ပြေးရန် ကြိုးစားနေသည်ကိုလည်း သတိပြုမိလေသည်။ တည်ငြိမ်သော အပြုံးတစ်ခု သူ၏နှုတ်ခမ်းပေါ် ဖြစ်လာပုံမှာ ဤအခြေအနေကို သူမျှော်လင့်ထားကြောင်း ပြသနေသည်။
ယခင်တစ်ခေါက်က သူ့ကို လွှတ်လိုက်ခြင်းဟာ မထင်မှတ်ဘဲ ဖြစ်သွားခဲ့၍ပင်။ သို့သော် ယနေ့က မတူတော့ချေ။
'ဒီတစ်ခါလည်း လွမ့်ခုန်းလွန်းပျံယာဥ်ကို ထပ်ထုတ်ဖို့ သတ္တိရှိသေးတယ်ပေါ့။ '
နောက်အခိုက်၌ ချင်းယန် သူ့လက်ကိုလှန်ကာ ကြယ်လက်စွပ်ထဲမှ နေပစ်လေးကို ထုတ်ယူလိုက်လေသည်။ လီရွှေရေကန် အထက်အတွင် တစ်ခဏအတွင်း ပူလောင်လာကာ အနှီပူပြင်းသော အပူရှိန်သည် ကုန်းမြေတစ်ခွင်လုံးသို့ ပျံ့နှံ့သွား၏။
ယခု ကောင်းကင်အရှင်နယ်ပယ်သို့ တက်လှမ်းပြီ ဖြစ်သဖြင့် ချင်းယန် နောက်ဆုံးတွင် သူ့နတ်လက်နက်ကို စွမ်းအားအပြည့် ထုတ်လွှတ်နိုင်ခဲ့ပေပြီ။
လေးကြိုးကို ဆွဲလိုက်သည့်နှင့် မြှားတစ်စင်း ပြေးထွက်သွားသည်။ ချင်းယန်သည် နန်းကုန်းလီ ထွက်ပြေးသွားသည့် လမ်းကြောင်းဆီသို့ ချိန်ထားရာ မြှားသည် လေပြင်းများကို ဖြိုခွင်းကာ ပြေးလိုက်သွား၏။
ထိုအခိုက်၌ နန်းကုန်းလီသည်လည်း သူ့အနောက်မှ မြှားကို ဖယ်ထုတ်ရန် အရူးအမူး ကြိုးစားနေရှာသည်။ သို့သော် နန်းကုန်းလီမည်မျှပင် ကြိုးစားနေပါစေ မြှားက သူ့နောက်သာ မဆုတ်မနစ် လိုက်နေဆဲပင်။
သူ၏ လွတ်မြောက်မှုက အလင်းတန်းများ ဖြတ်ပြေးသွားသကဲ့သို့ လျင်မြန်လှသည့်တိုင် မြှားက အံ့သြထိတ်လန့်ဖွယ် ကောင်းသော ရောင်ဝါဖြင့် မျက်ခြေမပြတ် လိုက်လာနေ၏။
ဗုန်း!
မြှားသည် လွန်းပျံယာဉ်ဆီသို့ တည့်တည့် ဖြတ်သွားကာ ၎င်း၏ဦးတည်ရာသို့ ရောက်ရှိပြီးသည်နှင့် လွန်းပျံယာဉ်၏မျက်နှာပြင်ကို ဦးစွာထိုးဖောက်ကာ ဖျက်စီးပစ်လိုက်သည်။ မရေမတွက်နိုင်သော သစ်သားတုံးများ လွင့်ပျံသွားကာ ပေါက်ကွဲနေသော အပိုင်းအစများက နန်းကုန်းလီ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်သွားသည်။
နေပစ်လေးကြောင့် အထက်ကမ္ဘာမှ လာသည့် မပျက်စီးနိုင်သော ဤရတနာမှာ ချက်ချင်းပင် အပိုင်းပိုင်း ကွဲသွားသည်။ သို့တင်မကသေး
အာကာသနိယာမများ တစ်ဟုန်ထိုး ခုန်တက်လာကာ မြှား၏ထိပ်ဖျားသည် နန်းကုန်းလီ၏ ရင်ဘတ်ပေါ်ထဲ ဖောက်ဝင်သွားခဲ့သည်။
*ဖုန်း!*
ထိုမြှား အသားထဲသို့ စိမ့်ဝင်သွားချိန်၌ ဓားစွမ်းအင်များ ပေါက်ကွဲထွက်ကာ သူ့အတွင်းပိုင်း အင်္ဂါများကို ဖျက်စီးပစ်လိုက်သည်။ ၎င်းသည် သူ၏ သွေးကြောအများစုအား ထိုနေရာ၌ပင် ပြတ်တောက်သွားစေ၏။
သို့သော် ထိုအချိန်တွင် အသက်ရှင်ရန် စိတ်အားထက်သန်နေသော နန်းကုန်းလီသည် အံကိုကြိတ်ကာ လွတ်မြောက်နိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်ကာ ထွက်ပြေးရန် သူ၏ လျှို့ဝှက်နည်းလမ်းကို တစ်ဖန် ပြန်လည် အသက်သွင်းခဲ့ပြန်သည်။
နောက်ဆုံး စွမ်းအင်ဖြင့် သူ၏လွတ်မြောက်ခြင်း နည်းလမ်းကို အကန့်အသတ်အထိ ချဲ့ထွင်ပစ်ခဲ့၏။
*ဗုန်း!*
အသံတစ်သံနှင့်အတူ နန်းကုန်းလီ၏ ရုပ်သွင်မှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြန်သည်။
"ချင်းယန် ငါ သေချာပေါက် ပြန်လာခဲ့မယ်!"