အသုံးမဝင်မှတော့ ငါ့ကိုပဲ ကူညီပေးလိုက်တော့
Vol. 22 Ch. 323
ရေကန်၏ မျက်နှာပြင်ပေါ်တွင် နန်းကုန်းလီ၏ အသံလွှင့်မှုက ပဲ့တင်ထပ်သွားကာ ရေကန်တစ်ဝိုက်တွင် တဝဲလည်လည် ဖြစ်နေသော်ငြား လူကတော့ ပျောက်ကွယ်သွားပေပြီ။
"ကျစ်!? သူ အသက်ရှင်နေသေးတာလား"
ချင်းယန် မျက်မှောင်ကြုတ်ကာ နေပစ်လေးကို ဖြည်းညင်းစွာ နှိမ့်လိုက်သည်။ အဝေးမှ ပျောက်ကွယ်သွားသော သက်ရှိတစ်ယောက်၏ ရောင်ဝါကို ခံစားလိုက်ရသောအခါ စိတ်ပျက်သွားမိ၏။ သူသည် ဤနန်းကုန်းလီကိုသတ်ရန် ဤမြှားကို အချိန်အတော်ကြာအောင် ပြင်ဆင်ထားခဲ့ရသည်။
သူသည် နိယာမစွမ်းအင် သုံးမျိုး၏ အထွတ်အထိပ် စွမ်းအင်ကို ပေါင်းစပ်ကာ နေပစ်လေးဟူသော နတ်လက်နက်ကို ကန့်သတ်ချက်အထိ ရောက်အောင် တွန်းပို့ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ခြေတစ်လှမ်းနောက်ကျပြီး ရန်သူကို လွတ်သွားစေခဲ့သည်။
အမှန်ပင် နှမြောစရာ ကောင်းပေ၏။ သို့သော် ထပ်တွေးကြည့်လျှင် နန်းကုန်းလီ၏ သွေးကြောများက ပြတ်တောက်သွားချေပြီ။
"ဒီကောင် သွားပြီ!"
သူ့မြှားသည် နန်းကုန်းလီ၏ အတွင်းအင်္ဂါများ ဖျက်စီးပစ်လိုက်ပြီ ဖြစ်သောကြောင့် ယခုမှစပြီး သူ၏ စွမ်းအားများ ရပ်တန့်သွားကာ သူ၏ လျှို့ဝှက်ဒဏ်ရာများသည် နေ့စဉ်နှင့်အမျှ သူ၏ ခွန်အားကို ကျဆင်းစေလိမ့်မည်။
ပတ်ပြေးနေလည်း အသုံးမဝင်ပေ။ သူ၏ခွန်အားသည် နေ့စဥ်လျော့ပါးနေမည် ဖြစ်သောကြောင့် အနှစ်တစ်ရာ အနည်းငယ်အတွင်း၌ပင် မြေအဓိပတိသို့ ပြန်ကျသွားလိမ့်မည်။
အခြေခံအားဖြင့် ကြီးမားသော ခြိမ်းခြောက်မှုကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။
"မုန့်ထျန်းရွှမ်ပဲ ကျန်တော့တယ်။"
ချင်းယန်သည် နေပစ်လေးကို တိတ်တဆိတ် ရုတ်သိမ်းလိုက်သော်လည်း အနည်းငယ် ပဟေဠိဆန်ဖြစ်စွာဖြင့် တွေးတောကာ မျက်မှောင်ကြုတ်လိုက်သည်။
ထူးဆန်းတယ်။ အဲဒီအဓိပတိ မဟာမိတ်ခေါင်းဆောင် ဘာလို့ ရောက်မလာတာလဲ။
ယုတ္တိနည်းအားဖြင့် သွေးဝိညာဉ်အစီအရင်က ထိုသူ့ကို အသိပေးသင့်သည်။ သို့သော် ရောက်လာသူက အရှင်ကျိုထျန်း ဖြစ်နေ၏။ ထိုနှစ်ယောက်မှာ သူ့ကို ချောက်ချလုပ်ကြံစဥ်က ခွဲ၍ပင် မရခဲ့ပေ။ ဤကြားထဲ ညီအစ်ကိုများကြား ပြိုလဲသွားစေသည့် လုယူမှုများ၊ ခွဲဝေမှုများ ဖြစ်ခဲ့ခြင်းလား။
ချင်းယန်တစ်ယောက် အတွေးထဲ အသိပျောက်နေချိန် လျိုဝူရွှမ်းသည် ဤမြင်ကွင်းကို ကြည့်ရင်း ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ခုန်ပေါက်နေလေသည်။ ချင်းယန် ပစ်လွှတ်လိုက်သော မြှားတစ်စင်း၏ ခမ်းနားသော မြင်ကွင်းက သူ့စိတ်ထဲက ထုတ်မရသေးပေ။
လေးပစ်ကျွမ်းကျင်မှု။
အမှန်ပင် လေးပစ်ကျွမ်းကျင်မှု ဖြစ်သည်။
ပြင်ပလူများက ခမ်းနားမှုကို ကြည့်ကြပြီး အတွင်းလူများက ကျင့်စဥ်ကို မြင်ကြသဖြင့် လျိုဝူရွှမ်း အနေဖြင့် လုံးဝ သေချာသည်။ ချင်းယန်၏မြှားသည် အထွတ်အထိပ် ကျင့်စဥ်မှ လာခြင်းဖြစ်ပြီး သူ့ဘဝတွင် မြင်ဖူးသမျှ အရာအားလုံးကို ကျော်လွန်ပေပြီ။
မြှားတစ်စင်းကပင် သူ့အား လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
"ဂိုဏ်းချုပ်လေးရဲ့ မြှားပစ်စွမ်းရည်က အရမ်းလေးနက်တာပဲ"
လျိုဝူရွှမ်းသည် အတွေးပျက်သွားပြီးနောက် လေးကို ဖြည်လိုက်ကာ ကြိုးတစ်ချောင်းကို လက်ချောင်းများဖြင့် သပ်ကြည့်လိုက်သည်။ တစ်စုံတစ်ခုကို ရုတ်တရက် သတိရလိုက်သောအခါတွင် သူ့မျက်နှာက နီမြန်းလာပြီး သူ့ကိုယ်သူ လူရွှင်တော်တစ်ယောက်လို ခံစားလိုက်ရလေ၏။
ချင်းယန်တွင် ဤကဲ့သို့ စွမ်းရည်ရှိကြောင်း သိခဲ့လျှင် သူ၏ လေးမြှားပစ်နည်းများကို စာအုပ်တစ်အုပ်ဖြင့် ပေးခဲ့မည်မဟုတ်။
ကျွမ်းကျင်သူရှေ့၌ သူ၏ အကန့်အသတ်ရှိသော အရည်အချင်းများကို ပြသနေသလို ဖြစ်မနေဘူးလား။
ထိုအချိန်တွင် ချင်းယန်ဘက်မှ ရုတ်တရက် အသံထွက်လာသည်။
"အကြီးအကဲ လျိုဝူရွှမ်း ခင်ဗျား အရင်ပြန်သွားသင့်တယ်"
"ဟမ် ဂိုဏ်းချုပ်လေးက ဘာကိုဆိုလိုတာလဲ"
လျိုဝူရွှမ်း ထိုစကားကိုကြားသောအခါ ဇတ်ခနဲ လန့်သွားပြီး သူ့ကို ကြည့်လိုက်သည်။
“နောက်ထပ် ဘာအစီအစဉ်ရှိလို့လဲ”
"အစီအရင် ပုံစံတချို့ကို ပြင်ဆင်မလို့ ပြန်သွားပြီး စောင့်သင့်တယ်။"
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်လေး”
လျိုဝူရွှမ်း ထွက်ခွာသွားပြီးနောက် ချင်းယန်သည် ရေကန်အောက်ခြေသို့ ပြန်ဆင်းသွားကာ သွေးဝိညာဉ်အစီအရင် အနား ပြန်ရောက်လာခဲ့သည်။ ပြီးသည်နှင့် ကြယ်စွမ်းအင်ကို ဆွဲထုတ်ရန် လက်ကို မြှောက်ထားသည်။
သူသည် အစီအရင် ပုံစံများကို စေ့စေ့စပ်စပ် ခြေရာခံကြည့်နေ၏။
ရှေးခေတ် ကြယ်မြေပုံကို အတုယူကာ သူ့အနားတွင် ကြယ်ခုနစ်လုံးအား ချိတ်ဆွဲလိုက်သည်။
နန်းကုန်းလီ ထွက်သွားသော်လည်း သားရဲနတ်အရှင် ဂိုဏ်းဟာ တစ်နေ့နေ့တွင် သွေးဝိညာဉ်အစီအရင်ကို ဖျက်ဆီးရန် ကြိုးစားလာမည်ကို စိုးရိမ်ရသည်။
...
...
ခဏအကြာ။
လျှို့ဝှက်ဆန်းကြယ်သော ချိုင့်ဝှမ်းအတွင်း၌။
ပြင်းထန်သည့် လေပြင်းတစ်ချက်နှင့်အတူ ကြက်သွေးရောင် ကြယ်တံခွန်တစ်ခု ကောင်းကင်မှ ပြုတ်ကျလာသည်။
ဗုန်း!
၎င်းကြောင့် မီးတောင်ဝကြီး တစ်ခုပင် လောင်ကျွမ်းသွားခဲ့သည်။
နန်းကုနိးလီသည် သူ၏ စုတ်ပြဲသွားသော ဝတ်ရုံနှင့် ကျိုးပဲ့သွားကာ ခန္ဓာကိုယ်ကို ဆွဲငင်ကာ ယဇ်ပလ္လင်ရှေ့သို့ လေသံများနှင့်အတူ ဆင်းသက်ခဲ့ရာမှ ချိုင့်ဝှမ်းတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားပေ၏။
ပြင်းထန်သော လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာသည်။
ယဇ်ပလ္လင်က ဝုန်းခနဲ မီးထတောက်လာကာ သူ ဤနေရာတွင် ရှိနေသည်ကို မကျေနပ်သည့် အတိုင်းပင်။
သို့သော် ယဇ်ပလ္လင်ပေါ်၌ ထင်ယောင်ထင်မှား ရုပ်ပုံမပေါ်မီ နန်းကုန်းလီက လျင်မြန်စွာ ဦးညွှတ်ကာ ဒူးထောက်လိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးထွက်နေသော ဒဏ်ရာများကို လျစ်လျူရှုကာ နဖူးနှင့် မြေကြီး တိုက်ရိုက် ဖိလိုက်သည်။
ဒုန်း ဒုန်း ဒုန်း!
"အရှင် ဒီငယ်သားက တာဝန်ကို မကျေပွန်ခဲ့ပါဘူး။ အပြစ်ပေးတော်မူပါ။"
နန်းကုန်းလီသည် ဒဏ်ရာများကြောင့် သိသိသာသာ တုန်လှုပ်လျက်ရှိသည်။
"ကိုးလေး? ဂိုဏ်းဆရာကိုရှာဖို့ ပြောထားတာ မဟုတ်ဘူးလား။ မင်းဘယ်လိုဖြစ်လာတာလဲ"
"အရှင် ကျွန်တော့်ရဲ့ တာဝန်က ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် သတိလက်လွတ်နဲ့ ပုရွက်ဆိတ်တွေရဲ့ ထောင်ချောက်ထဲ ရောက်သွားမိတာပါ။"
"ထောင်ချောက်?"
သားရဲနတ်အရှင်က ခဏမျှ တိတ်ဆိတ်နေ၏။
"အခု မဟာမိတ်ခေါင်းဆောင်ကြီး ကွယ်လွန်သွားပြီ မင်းကို ဒုက္ခပေးနိုင်တဲ့လူ ဒီကမ္ဘာပေါ်မှာ ရှိနေသေးတာလား။"
"ဟုတ်ပါတယ် အရှင်။ သူတို့က ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက လူတွေပါ။"
နန်ဂွန်လီသည် ချိုင့်ဝှမ်းအပြင်ဘက်ဆီသို့ စူးစူးစိုက်စိုက်ကြည့်ကာ သူ့မျက်လုံးများတွင် စူးရှသော အရိပ်အယောင်။
"အဲဒီအကောင်တွေက ကျွန်တော်တို့သားရဲနတ်ဘုရားဂိုဏ်းရဲ့ အကြီးကျယ်ဆုံး လျှို့ဝှက်ရန်သူတွေပါ!"
ခဏအကြာတွင် နန်းကုန်းလီသည် ဖောက်ခွဲ ကောင်းကင်ဂိုဏ်းနှင့် ပတ်သက်သည့် အကြောင်းအရာ အားလုံးကို ပြန်လည်ပြောပြပြီး ယခင်က ပေါ်ထွန်းခဲ့သော မြေအဓိပတိ များ အပါအဝင် အရာအားလုံးကို သားရဲနတ်အရှင်ထံ အသေးစိတ် တင်ပြခဲ့သည်။
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်း?"
"အသက်အငယ်ဆုံး ကောင်းကင်အရှင်လား?"
"ကိုယ့်ကိုယ်ကိုယ် ဖျက်စီးရတာ ကြိုက်တယ်ပေါ့။"
ယဇ်ပလ္လင်အတွင်းရှိ သားရဲနတ်အရှင်၏ အသံများသည် အတိတ်ကို ပြန်ပြောင်း သတိရနေသကဲ့သို့ လွမ်းဆွတ်ခြင်း၊ အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။
"ငါ့ကို ပိတ်လှောင်ခံထားတဲ့ နှစ်ရာပေါင်းများစွာအတွင်း ဒီကမ္ဘာမြေပေါ်မှာ ထင်ရှားတဲ့ အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားခဲ့ပုံပဲ"
ထူးထူးခြားခြား ထူးချွန်ထက်မြက်သော ပါရမီရှင်မှာ ကောင်းကင်ဘုံ၌ပင် ရှားပါးလှပေ၏။ သို့သော် ယနေ့ နန်းကုန်းလီ၏ စကားများကို ကြားလိုက်ရသည်မှာ အမှန်ပင် သူ၏မျက်လုံးများကို အမြင်ကျယ်လာစေခဲ့သည်။
“အရှင်…”
သတင်းပေးပို့ပြီးနောက် နန်းကုန်းလီ လေးလေးစားစားဖြင့် ထပ်မံ ပြောကြားလိုက်သည်။
"ငယ်သားမှာ တခြားကိစ္စရှိသေးလို့ အရှင် ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်"
“ပြော!”
“ငယ်သား ဒီတစ်ခါတော့ ဒဏ်ရာအပြင်းအထန်ရထားလို့ လောလောဆယ် တာဝန်မထမ်းဆောင်နိုင်မှာ ကြောက်မိပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ပြန်ကောင်းလာဖို့ လိုတယ်။”
ထိုစကားကို ဆိုပြီးသောအခါ နန်းကုန်းလီသည် သူ၏ဝမ်းဗိုက်ရှိ ဒဏ်ရာကြီးကို ဆုပ်ကိုင်လိုက်ပြီး သူ့အင်္ဂါအစိတ်အပိုင်းများ ယိုထွက်မလာအောင် တားဆီးလိုက်သည်။
“သွေးပူဇော်သက္ကာကို ယာယီဆိုင်းငံ့ထားရပါမယ် ငယ်သား ပြန်ကောင်းလာပြီးရင် အရှင့်ကို ပြန်ပြီး အလုပ်အကျွေးပြုပါ့မယ်"
သူ ပြောပြီးသည်နှင့် ချိုင့်ဝှမ်းထဲ ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။ လေညင်းပင် တိုးဝှေ့မလာဘဲ လေထုကြီးတစ်ခုလုံး လုံးလုံးလျားလျား ငြိမ်သွား၏။
ယဇ်ပလ္လင်ပေါ်ရှိ အထင်ကရ ရုပ်သဏ္ဌာန်သည် တဖျပ်ဖျပ်ခတ်ကာ ခေါင်းလှည့်လာပြီး နန်းကုန်းလီ၏ စိတ်ဆင်းရဲစရာ အခြေအနေကို ကြည့်ကာ အတွေးနက်နေပုံရသည်။ ခဏအကြာတွင် တည်ငြိမ်စွာ ပြောလိုက်သည်။
"အဆင်ပြေပါတယ်။ မင်းအသက်ရှင်လျက် ပြန်လာနိုင်တာကတင် ငါ အတော်လေး ကျေနပ်နေပြီ။"
"အရှင့်ရဲ့လက်အောက်ငယ်သားအပေါ် ထားတဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်..."
နန်းကုန်းလီ၏ စိုးရိမ်သောက ရောက်နေသော နှလုံးသည် နောက်ဆုံးတွင်တော့ ငြိမ်သက်သွားပြီး သားရဲဘုရားသခင်အား ကျေးဇူးတင်ကြောင်း ဖော်ပြရန် အမြန်မျှော်ကြည့်ခဲ့သည်။
သို့သော် သူ မော့ကြည့်လိုက်ချိန်တွင်။
*ဝူး!*
တစ်ခဏချင်းမှာပင် သူ၏အမြင်အာရုံ တစ်ခုလုံး မည်းမှောင်သွားလေ၏။
ကြီးမားသော ကြက်သွေးရောင် လက်တစ်စုံက သူ့ခါးကို တိုက်ရိုက် ဆုပ်ကိုင်လာကာ လျှပ်စီးကြောင်းပမာ အလွန်ပင် မြန်ဆန်လှသည်။
"အရှင် ဘာလုပ်နေတာလဲ!"
သတိမထားမိဘဲ ဖမ်းဆုပ်ခံလိုက်ရရာ နန်းကုန်းလီတစ်ယောက် အခြေအနေကို မတုံ့ပြန်နိုင်မီတွင် ဧရာမလက်ကြီးက သူ့လက်နှစ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားချေပြီ။
*ဂျွတ်!*
သူ၏လက်နှစ်ဖက်လုံးရှိ အရိုးများ လုံးလုံးလျားလျား ကြေမွသွားသည်။
"အား...."
နန်းကုန်းလီ နာကျင်စွာ အော်ဟစ်ပစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တဆက်ဆက် တုန်လာကာ နာကျင်မှုက အာရုံကြောတိုင်းကို ဖြတ်သန်းသွားခဲ့သည်။ တစ်ဖက်လူသူ့အား ယခုလိုအချိန်၌ ထိုးနှက်လာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ၏အားနည်းသော အခြေအနေတွင် သူ့ထံ၌ ခုခံနိုင်စွမ်း လုံးလုံးလျားလျား မရှိနေခဲ့ပေ။
"ဟားဟားဟား .. ကိုးလေး..."
သားရဲနတ်အရှင်၏ အေးစက်သော ရယ်မောသံက သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။
"မင်းရဲ့အနှစ်သာရက ပျက်စီးနေပြီ အသက်ရှင်နေရတာက မင်းကို အသုံးမဝင်တဲ့ အမှိုက်တစ်စပဲ ဖြစ်လာစေလိမ့်မယ်... မင်း ဘာလို့ ငါ့ကို လွတ်မြောက်အောင် မကူညီရတာလဲ!"