← Chapters

နန်းကုန်းလီ၏ကျဆုံးခြင်း

Vol. 22 Ch. 324

နန်းကုန်းလီ၏ကျဆုံးခြင်း

Vol. 22 Ch. 324

"သားရဲနတ်အရှင် ခင်ဗျားကျွန်တော့်ကို အစာအဖြစ် သုံးချင်နေတာလား။"

ကြီးမားလှသော လက်ဖဝါးအတွင်းမှ နန်းကုန်းလီသည် မယုံကြည်နိုင်မှုများဖြင့် မော့ကြည့်လိုက်ကာ သူ့ခန္ဓာကိုယ်ကို လိမ်၍ ရုန်းကန်လေသည်။ ထိုလက်ဖဝါးကြီး ဆုပ်ကိုင်ထားရာမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားသည်။

သို့ရာတွင် အရာအားလုံးက အချည်းနှီးသာ။

ဤလက်ဖဝါးကြီးထဲ၌ သွေးနိယာမများ ပါရှိသည်။ သူ၏ ကြယ်စွမ်းအင်များ အားလုံး ယဇ်ပလ္လင်ဆီသို့ စီးဆင်းနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားရနိုင်ပြီး သွေးများကိုလည်း သူ့ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထုတ်ယူနေ၏။

ဤသည်မှာ အပြောမဟုတ်တော့ချေ။ သားရဲနတ်အရှင်က သူ့အား အစာအဖြစ် တကယ် သုံးချင်နေခြင်းပင်။

“မဖြစ်နိုင်ဘူး…”

နန်းကုန်းလီ၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ ယခု သူမြင်နေရသည်ကို လုံးဝ မယုံနိုင်ချေ။ သူသည် သားရဲနတ်အရှင်ဂိုဏ်းအတွက် အများဆုံး ပေးဆပ်ခဲ့ရသည်။

ယခုမူ ဤကဲ့သို့ အဖြစ်မျိုးကို တွေ့ကြုံခဲ့ရပေပြီ။ ဂိုဏ်းခေါင်းဆောင် အနေဖြင့် မည်သို့ လက်ခံနိုင်မည်နည်း။

“မဟုတ်ဘူး မဟုတ်ဘူး…”

နန်းကုန်းလီသည် သွေးနီရောင် ယဇ်ပလ္လင်ကို မျှော်ကြည့်ကာ တုန်တုန်ယင်ယင် အသံဖြင့် အော်ပြောလိုက်သည်။

“သားရဲနတ်အရှင်ဂိုဏ်းအတွက် ကျွန်တော် အများကြီး လုပ်ခဲ့ပြီးပြီ ခင်ဗျားကျွန်တော့်ကို ဘာလို့ ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ။ သွေးလိုချင်တာလား။ အခုချက်ချင်း သွားရှာလိုက်မယ် လွှတ်ပေး!…”

သို့သော် သူပြောနေသည့်တိုင်အောင် လက်ဖဝါးမှ ဖိအားများ ထပ်တိုးလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲက အရိုးကွဲအက်ကွဲသံများကလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။

"ကောင်းပြီ ကိုးလေး မင်း ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး"

သားရဲနတ်အရှင်သည် သေလုမြောပါး ဖြစ်နေသော နန်းကုန်းလီကို ဘာမှမထူးခြားသလို အေးစက်စွာ ကြည့်ကာ ရယ်မောလိုက်သည်။

ကြီးမားသော လက်ဖဝါးကြီး ကျုံ့သွားသည်နှင့် နန်းကုန်းလီ၏ ခန္ဓာကိုယ်မှ ကြက်သွေးရောင်သွေးများ ထွက်လာပြီး ဧရာမလက်ကြီး၏ ဖြတ်၍ ယဇ်ပလ္လင်ထဲသို့ အဆက်မပြတ် စီးဆင်းသွားလေတော့သည်။

ဗုန်း!

သွေးစက်များသည် ကြောက်စရာကောင်းသော လေပြင်းများနှင့်အတူ အစီအရင် စာတန်းတစ်လျှောက် ပျံ့နှံ့သွားသည်။ ချိုင့်ဝှမ်းမှာ ရုတ်ခြည်းဆိုသလို မရဏကမ္ဘာနှင့် တူလာ၏။

"ကိုးလေး မင်းရဲ့အလောင်းကို ငါ့ဆီ ပူဇော်တာက မင်းတို့ အောက်ပြည်က ပုရွက်ဆိတ်တွေအတွက် ဂုဏ်ယူစရာပဲ ငြိမ်းငြိမ်းချမ်းချမ်း အနားယူလိုက်တော့"

"ဒီနေ့ကစပြီး သားရဲနတ်အရှင်ဂိုဏ်းက မင်းရဲ့ ဘုန်းအသရေကို သတိရနေမှာပါ။ ငါ ခြေချင်းတွေကို ချိုးဖျက်ပြီးရင် မင်းအတွက် အထိမ်းအမှတ် အဆောက်အအုံနဲ့ နတ်ကွန်းကို ကိုယ်တိုင် စိုက်ထူပေးမယ်။ မရေမတွက်နိုင်တဲ့ သားရဲနတ်အရှင်ဂိုဏ်းရဲ့ တပည့်တွေက နန်းကုန်းလီ ဆိုတဲ့ နာမည်ကို မှတ်မိနေကြမှာပါ!”

ထို့နောက် အနက်ရောင် ကြိုးများစွာသည် မရဏကမ္ဘာမှ တစ္ဆေတမန်များကဲ့သို့ ပေါ်ထွက်လာပြီး နန်းကုန်းလီ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ထိုးဖောက် ဝင်ရောက်သွားတော့သည်။ အနှီသံကြိုးများသည် သူ့အသားထဲ ထိုးဖောက်ပြီး ပြင်းထန်သော စွမ်းအားကို ထုတ်ယူသွား၏။ ၎င်းတို့က နန်းကုန်းလီ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများ ညှစ်ထုတ်သွားသည်။

"မဟုတ်ဘူး!"

နန်းကုန်းလီသည် စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်နေပြီး ထိုနာကျင်မှုများကြောင့် သူ၏ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ယမ်းသွားခဲ့သည်။ သံကြိုးများ၏ တချွင်းချွင်း မြည်သံက လေထဲ ပဲ့တင်ထပ်သွား၏။ သူသည် သေခြင်းတရားကို ထိုင်စောင့်နေရန် ငြင်းဆန်နေဆဲပင်။

ကောင်းကင်အရှင် နယ်ပယ်အထိ ကျင့်ကြံရန်မှာ မရေမတွက်နိုင်သော ရှားပါး အဖိုးတန်ပစ္စည်းများကို စားသုံးရန် လိုအပ်သည်သာမက မယုံနိုင်လောက်အောင်လည်း ခက်ခဲလှသည်။ သားရဲနတ်အရှင် ဂိုဏ်းချုပ် ဖြစ်လာရန် မရေမတွက်နိုင်တဲ့ ဆရာတူတပည့်များး အလောင်းများကိုပင် နင်းရ၏။

သို့ဖြစ်ရာ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှဟာ အချည်းနှီး ဖြစ်ပြီး သေသွားရခြင်းကို မည်သူက လက်ခံနိုင်မည်နည်း။

ဤသို့တွေးနေသည့် တစ်ခဏအတွင်း တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာတော့သည်။

"ငါသေရင်တောင် မင်းကိုအောင်မြင်ခွင့် မပေးဘူး!"

နန်းကုန်းလီသည် စိတ်အားထက်သန်စွာ ရူးသွပ်သွားသော ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြလိုက်ပြီး တစ်ဖက်သား၏ ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ရုန်းကန်ရင်း ဝိညာဥ်တစ်ခုကို ဖောက်ခွဲပစ်လိုက်သည်။

*ဝုန်း!*

ဧရာမလက်ဖဝါးကြီး အနည်းငယ် ပြေလျော့သွား၏။ ၎င်းမှာ လွတ်မြောက်ရန် မလုံလောက်သော်လည်း နန်းကုန်းလီအား ထွက်ပြေးနိုင်ကြောင်း မျှော်လင့်ချက်များကို ပေးနေခဲ့သည်။

သားရဲနတ်အရှင်သည် ယခုလောလောဆယ်တွင် ယဇ်ပလ္လင်အတွင်း၌ ချည်နှောင်ခံထားရသဖြင့် ချိုင့်နက်ထဲမှ မထွက်ခွာနိုင်ချေ။ သူ ချိုင့်ဝှမ်းမှ လွတ်မြောက်နိုင်လျှင် နတ်ဆိုး၏လက်မှ လွတ်မြောက်နိုင်ပြီ။ ထို့နောက် သူသည် ယဇ်ပလ္လင်ကို ဖျက်ဆီးရန် နည်းလမ်းရှာနိုင်သည် သို့မဟုတ် ဖောက်ခွဲကောင်းကင်ဂိုဏ်းနှင့်ပင် ပေါင်း၍ အခြေအနေကို ပြောင်းလဲပစ်နိုင်သည်။

"ဟမ့် ကျေးဇူးကန်းတဲ့ကောင်!"

သားရဲနတ်အရှင်သည် နန်းကုန်းလီ၏ ရုန်းကန်မှုများကို အေးစက်စွာ ကြည့်ရှုခဲ့ပြီး အံ့သြသွားခြင်းမျိုး မရှိချေ။ သူ့လက်ကြီးကို ဖြည်းညှင်းစွာ ပြန်ဆုပ်ထားလိုက်သည်။

"ဒီလောက်နဲ့ ပြီးသွားပြီလို့ ထင်လား"

သူပြောပြီးသည်နှင့် ပြေသွားသည့် လက်ချောင်းများက ပြန်ပိတ်သွားတော့၏။ နန်းကုန်းလီ၏ ညှပ်ရိုး၊ နံရိုးနှင့် သူ၏ လက်ခြေရိုးများ အားလုံးကို ချိုးပစ်လိုက်ကာ သူ့ခန္ဓာကိုယ်ထဲမှ သွေးများကို အငမ်းမရ ဆွဲစုပ်နေခဲ့သည်။

အရေပြား၊ အရွတ်များနှင့် အသားများသည်လည်း တုန်လှုပ်ခြောက်ခြားဖွယ် အရှိန်ဖြင့် ညှိုးနွမ်းသွားခဲ့သည်။

"ကိုးလေး မင်းက မင်းရဲ့ အထွတ်အထိပ်မှာ ရောက်နေတယ်ဆိုရင် ငါ့ရဲ့ လက်ရှိအခြေအနေက မင်းကို ဘာမှ မလုပ်နိုင်ဘူး"

သားရဲနတ်အရှင်သည် နန်းကုန်းလီ၏ အသွေးအသားနှင့် ကြယ်စွမ်းအင်များကို မကုန်မချင်း တဖြည်းဖြည်း စားသောက်နေခဲ့သည်။

"ဒါပေမဲ့ အခု မင်းရဲ့ အခြေခံအုတ်မြစ်က ပျက်စီးသွားပြီ၊ မင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပြီလေ။ မင်း ဘယ်လိုလုပ် ငါ့ပြိုင်ဘက် ဖြစ်လာနိုင်မှာလဲ!"

“အား.....”

နန်းကုန်းလီ နာကျင်စွာ အော်ဟစ်လိုက်ကာ သူ၏အမူအရာနှင့် နဖူးပေါ်ရှိ သွေးကြောများသည် ပြင်းထန်စွာ ဒေါသထွက်နေသော မြွေများကဲ့သို့ တဆတ်ဆတ် တုန်နေ၏။

ဧရာမလက်ဝါးကြီးဆီက ဖိအားသည် သူ့သွေးကြောများထဲအထိ ထိုးဖောက်သွားပြီး အတွင်းဘက်သို့ ဖြည်းညင်းစွာ ဖိလိုက်သည်။ သူ၏ ကြယ်စွမ်းအင်အားလုံးက အားနည်းနေပြီ ဖြစ်ရာ အကူအညီမဲ့ကာ နောက်ဆုံး၌ မောဟိုက်လာသည်။

နောက်ဆုံးအဆင့် တစ်ဆင့်သာ ကျန်တော့သည်။ ၎င်းက သားရဲ၏ ပါးစပ်ထဲသို့ ထည့်သွင်းကာ သွေးကျွေးမွေးသည့် ထုံးတမ်းစဉ်လာအား ပြီးမြောက်စေမည် ဖြစ်သည်။

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ထွက်လာ၏။

ထိုမှသာ နန်းကုန်းလီ၏ အရေပြားသည် ချက်ချင်းပင် လျှပ်စီးကြောင်းများကဲ့သို့ ကွဲပြဲကာ အက်ကြောင်းများက တစ်ကိုယ်လုံးအနှံ့ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့သည်။

မိမိကိုယ်ကို ဖျက်ဆီးခြင်း!

ကောင်းကင်အရှင်၏ မိမိကိုယ်ကို ဖျက်ဆီးခြင်းသည် ဤချောက်နက်ကြီးကို ဖျက်စီးပစ်ရန် လုံလောက်ပါ၏။ နောက်ဆက်တွဲ ငလျင်များတွင် အခိုင်ခံ့ဆုံးသော ယဇ်ပလ္လင်ကိုပင် ပြာအဖြစ်သို့ လျှော့ချလိုက်ပေလိမ့်မည်။

"သားရဲကောင်! ငါမင်းကိုမသတ်နိုင်ရင်တောင် မင်းကို လွယ်လွယ်နဲ့ မလွှတ်ပေးဘူး!"

နန်းကုန်းလီ၏ မျက်လုံးများသည် ရူးသွပ်သွားသော မီးတောက်များ တောက်လောင်လာခဲ့သည်။ ယခုအချိန်မှာ သူဘာမျှ ဂရုမစိုက်နိုင်တော့ချေ။

သူ့ခန္ဓာကိုယ်မှ ကြယ်ရောင်များ ထွက်ပေါ်လာပြီး သူ၏ကွဲအက်နေသော အက်ကြောင်းများ ပြင်းထန်စွာ တုန်ခါသွားသည်။ တစ်ခဏအတွင်းမှာပင် ချိုင့်ဝှမ်းအတွင်းက လေထုဟာလည်း ပြောင်းလဲသွားလေ၏။

ငှက်များနှင့် သားရဲများ ထိတ်လန့်စွာ ပြန့်ကျဲကုန်သည်။ သို့တင်မက လျှို့ဝှက်ဆန်းကြယ်သော ချောက်ကြီးတစ်ဝိုက် ကီလိုမီတာများစွာ အချင်းဝက်အတွင်းရှိ ကြယ်သားရဲများသည်လည်း ထွက်ပြေးရန် အရူးအမူး ကြိုးစားနေကြသည်။

"ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတာလား?"

ယဇ်ပလ္လင်ပေါ်တွင် ပုံရိပ်တစ်ခုသည် နန်းကုန်းလီ၏ လုပ်ရပ်များကို ကြည့်ကာ သရော်လိုက်သည်။

"မင်း ငါ့ရှေ့မှာ ကိုယ့်ကိုယ်ကို ဖျက်စီးနိုင်မယ်လို့ ထင်နေလား"

နောက်အခိုက်၌ အေးအေးဆေးဆေး ဆုပ်ထားသော သူ့လက်ဖဝါးကို ထပ်မံ ဖိချလိုက်တော့သည်။

*ဝူး!*

ချောက်နက်အတွင်းမှ လေပြင်းများ ရုတ်တရက် ရပ်တန့်သွား၏။

"ဒါ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"

နန်းကုန်းလီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့အတွင်းပိုင်း အခြေအနေကို ငုံ့ကြည့်ရင်း စိတ်ပျက်အားငယ်မှုက သူ၏စိတ်အစဥ်တို့အပေါ် လွှမ်းခြုံသွားလေသည်။ မိမိကိုယ်ကို ဖျက်ဆီးတော့မည့် ကြယ်စင်စွမ်းအားက မှိန်ဖျော့သွားကာ ဖယောင်းတိုင်မီးတောက်လေးပမာသာ ရှိတော့၏။

"လှည့်ကွက် သေးသေးလေးထက် ဘာမှမပိုဘူး... ငါက အဲဒါကို အလေးအနက် ထားနေမယ်လို့ မင်းတကယ် ထင်နေတာလား?"

သားရဲနတ်အရှင်၏ လက်ဖဝါးကို ရုတ်သိမ်းကာ နန်းကုန်းလီကို မျိုချရန် ပြင်ဆင်လိုက်သည်။

"မင်း ငါ့အစားဖြစ်လာတာကမှ အကောင်းဆုံး ရွေးချယ်မှုပဲ"

"မဟုတ်ဘူး မဟုတ်ဘူး!!"

နန်းကုန်းလီ၏ မေးစေ့တွင် မျက်ရည်များနှင့် သွေးများ ရောထွေးနေခဲ့သည်။ သူ ခေါင်းကို နောက်သို့ စောင်းထားကာ ကြောက်မက်ဖွယ်ကောင်းသော နေရာမှ ထွက်ပြေးနိုင်ရန် ကြိုးစားနေဆဲပင်။ သားရဲနတ်အရှင်၏ ခေါင်းအတွင်းထဲ၌ လှုပ်ရှားနေသော အစွယ်များကို မြင်နေရ၏။

"ငါ မကျေနပ်ဘူး!"

သူ့ဘဝတစ်ခုလုံးကို ဤကဲ့သို့ အဆုံးသတ်ရမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။ မုန့်ထျန်းရွှမ်ကို ဖယ်ရှားလိုက်ခြင်းကပင် မလုံလောက်ခဲ့ဘဲ ယခု သားရဲနတ်အရှင်၏ အစာပင် ဖြစ်နေခဲ့ပြီ။

ထို့နောက်တွင် ချိုင့်ဝှမ်းတစ်လျှောက် ချမ်းစိမ့်စိမ့် အော်သံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။ ထိုအော်သံသည် ချောက်ကမ်းပါးများကြားတွင် တစ်ဟုန်ထိုး မြည်လာပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားလေ၏။

……

ကျန်းဟိုင်မြို့။

ဖုဟိုင်လူနေအိမ်ရာ၌။

လေပြည်က အဖြူရောင် ကန့်လန့်ကာများကို ခွဲထုတ်လိုက်ပြီး နွေးထွေးသော နေရောင်ခြည်များကို အခန်းအတွင်း တောက်ပလာစေသည်။

လီကျစ်ရွှမ်းမှာ ခုတင်ပေါ်တွင် လဲလျောင်းနေခဲ့၏။ သူမ၏ သတိလစ်မေ့မြောမှုမှ ရုတ်တရက် ပြန်လည် နိုးထလာချိန်တွင်တော့ အေးစက်သော ချွေးစက်များက သူမနဖူးပေါ်၌ ဖုံးလွှမ်းနေလေသည်။

All Chapters