သားရဲနတ်အရှင် နိုးထတော့မှာမို့ မုန်တိုင်းတစ်ခု တိုက်နေပြီ။
Vol. 22 Ch. 326
ခဏအကြာ။
ဖုဟိုင်လူနေအိမ်ရာ။
"သားရဲနတ်အရှင်? ဒီသတင်းက မမှားတာသေချာလား ဂိုဏ်းချုပ်လေး"
လျိုဝူရွှမ်းသည် သူ့လက်ဖက်ရည်ခွက်ကို ကိုင်ကာ 'သားရဲနတ်အရှင်' ဟူသော နာမည်ကို ထပ်ခါတလဲလဲ အတည်ပြုလိုက်ပြီး သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ရှောင်ပိုင်ဆီက ဖုန်းလက်ခံပြီးနောက် လူနေအိမ်ရာဆီသို့ အမြန် ပြေးသွားခဲ့သည်။
သို့သော် သူ ဤကဲ့သို့ သတင်းကို ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဟုတ်တယ် ကျွန်တော့်ညီမပြောတာ။ နောက်တော့ ကျွန်တော် အဲဒါကို လောင်လီနဲ့လည်း အတည်ပြုခဲ့ပြီးပြီ သူလည်း ကြားလိုက်တယ်။ နန်းကုန်းလီက သားရဲနတ်အရှင်ကို သွေးနဲ့ ယဇ်ပူဇော်နေတာ။ မကြာသေးမီက ပျောက်ဆုံးသွားတဲ့ ကြယ်စစ်သည် တော်တော်များများရဲ့ ကိစ္စက သူတို့နဲ့ သက်ဆိုင်နေတယ်။"
"ဒီလိုမဖြစ်သင့်ဘူး..."
ဤစကားကို ကြားသောအခါ လျိုဝူရွှမ်း၏ အမူအရာက ထပ်ခါတလဲလဲ ပြောင်းလဲသွားသည်။ တစ်ခါတစ်ရံ အုံ့မှိုင်းသွားကာ တစ်ခါတစ်ရံ ကြောက်လန့်လာပြီး နောက်ဆုံးတွင်တော့ ညည်းညူသံများ ဆက်တိုက်ထွက်လာသည်။
"သူ အဲဒီမှာမရှိနေသင့်ဘူး..သူသေသွားပြီလေ...."
"ဘာမဖြစ်သင့်တာ? အကြီးအကဲ လျိုဝူရွှမ်း ခင်ဗျား ဘာသိထားသေးလဲ"
လျိုဝူရွှမ်းသည့ သူ့ကိုယ်သူ ငြိမ်သက်သွားအောင် လက်ဖက်ရည်တစ်ခွက် သောက်ပြီး စိတ်ဖြေလိုက်၏။ ထို့နောက် ချင်းယန်ကို လေးလေးနက်နက် ကြည့်ကာ ဆိုလိုက်သည်။
"ဂိုဏ်းချုပ်လေး တစ်ခုခုကို သတိမထားမိခဲ့တာ ဖြစ်မယ်။ သားရဲနတ်အရှင် ဆိုတဲ့ နာမည်က ကျုပ်တို့ အဓိပတိမဟာမိတ်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်မှုရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာလောက်က အဓိပတိမဟာမိတ်ရဲ့ ဘိုးဘေးတွေက သားရဲနတ်အရှင် ဂိုဏ်းဝင်တွေကို ပိတ်ပစ်ဖို့ ကြီးကြီးမားမား ပေးဆပ်ပြီး သတ္တိရှိရှိ တိုက်ခိုက်ခဲ့ကြတဲ့ အကြောင်း ရှေးစာအုပ်ထဲမှာ ဖတ်ဖူးတယ်။ အဲဒီထဲကတစ်ယောက်က အခြားကမ္ဘာကလာတဲ့ သန်မာသူတစ်ဦး။ သားရဲနတ်အရှင်ကို သူတို့က သားရဲနတ်ဘုရားလို့ ခေါ်ကြတယ်"
"အခြားကမ္ဘာက သန်မာတဲ့လူတဲ့လား?"
ဤစကားကို ကြားသောအခါ ချင်းယန်သည် တစ်ခဏတာမျှ အံ့အားသင့်သွားပြီး ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ပြင်ရှိ တွင်းနက်များကို လှည့်ကြည့်လိုက်သည်။
"သားရဲနတ်ဘုရားက အထက်ကမ္ဘာက လူလား?"
"မှန်တယ်! သားရဲနတ်ဘုရားက အထက်ကမ္ဘာက လာတာ။ ဒါပေမဲ့ ယုတ္တိနည်းအရ ပြောရရင် ဒီလောက် အချိန်အတော်ကြာ ချိတ်ပိတ်ခံရပြီး နှစ်ပေါင်းများစွာ မကျင့်ကြံထားနိုင်ရင် လူသားကမ္ဘာကနေ ပျောက်ကွယ်သွားသင့်ပြီ အခုအချိန်အထိ ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ"
ပြောနေရာမှ ချင်းယန်ကို ကြည့်ပြီး ကြောက်လန့်တကြားဖြင့် ဆက်ပြောလိုက်သည်။
"အချိန်မရွေး လွတ်မြောက်နိုင်ပုံရတယ် ဆိုတော့ ဒီကမ္ဘာပေါ်မှာ တကယ် အသက်ရှင်နေတဲ့ သားရဲနတ်ဘုရား ရှိနေတာလား!"
“ညီမလေးက နားကြားမှားတာ မဖြစ်နိုင်ဘူး ဒါက သွေးနဲ့ပတ်သက်တဲ့ အစားအသောက်အကြောင်း တစ်ခုခုကို ပြောခဲ့တာပဲ ဖြစ်မယ်"
ထို့နောက် အခန်းထဲ ရုတ်ခြည်း တိတ်ဆိတ်သွားခဲ့သည်။ ပြတင်းပေါက်မှ လေပြည်အေးများသည် အဖြူရောင် ကန့်လန့်ကာများကို ဖျတ်ကနဲ ရိုက်ခတ်သွား၏။ ထိုအခိုက် လျိုဝူရွှမ်းမှာတော့ ကျောရိုးတစ်ခုလုံး တင်းမာနေကာ အေးစက်သော ချွေးသီးများဟာလည်း သူ၏နဖူးပေါ်မှ စီးကျလာခဲ့သည်။
"အဲဒါတကယ်သာ ဖြစ်ရင် ကျုပ်တို့ဒုက္ခရောက်တော့မယ်..."
သူသည် လက်ဖက်ရည်ခွက်ကို ဖိချလိုက်ပြီး တုန်လှုပ်နေသည့် စိတ်ခံစားချက်များကို ငြိမ်သက်သွားအောင် ကြိုးစားနေ၏။ သူ၏လည်ချောင်းက ပိုတင်းကျပ်လာကာ။
"သားရဲနတ်အရှင်ဂိုဏ်းကို သားရဲဘုရားကိုယ်တိုင် တည်ထောင်ခဲ့တာ။ နန်းကုန်းလီက သွေးပူဇော်ဖို့ စေ့စေ့စပ်စပ် ရှာဖွေနေတာ ဆိုရင် သူ့ကို ပြန်အသက်သွင်းနိုင်ဖွယ် ရှိတယ်... သူ သက်ရှိကမ္ဘာကို ဆင်းလာတာနဲ့ ဒီလောကရဲ့ အထွတ်အထိပ် ဖြစ်သွားလိမ့်မယ်”
သူ စကားပြောနေစဉ်တွင်ပင် ပို၍ တုန်လှုပ်လာ၏။
"သူက အကြွင်းမဲ့ လွှမ်းခြုံတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ကျုပ်တို့ မြေအဓိပတိ ကျင့်ကြံသူတွေက သူ့ရှေ့မှာဆို ပုရွက်ဆိတ်တွေလောက်တောင် အရေးမပါပါဘူး!"
"..."
"သားရဲနတ်ဘုရား... သားရဲနတ်အရှင်ဂိုဏ်းကို တည်ထောင်သူ... တခြားကမ္ဘာက တန်ခိုးကြီးသတ္တဝါ..."
ချင်းယန်သည်လာ့း ဤစကားကိုကြားသောအခါ တိတ်ဆိတ်သွားပြီး လျိုဝူရွှမ်းအား နှစ်သိမ့်စကား မပြောပေးတော့ပေ။ သူ ခဏမျှ စဉ်းစားကြည့်ပြီးနောက် စိတ်လှုပ်ရှားလာသော ခံစားချက်ကို ခံစားလိုက်ရသည်။
ဒီတော့ သားရဲနတ်အရှင်ဂိုဏ်းက တကယ်ပဲ အသက်ရှင်နေတဲ့ သားရဲနတ်အရှင်ကို ပိုင်ဆိုင်နေတုန်းပဲလား။
ဤသတ္တဝါသည် နက်နဲသော တောင်တန်းများမှ ရှေးကျသော သတ္တဝါ အစစ်ဖြစ်သည်မှာ သေချာသည်သာမက နှစ်ပေါင်း တစ်ထောင်ကျော် နေထိုင်ခဲ့သည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက နန်းကုန်းလီ၊ မုန့်ထျန်းရွှမ် ဟူသော အရာများက လုံးလုံးလျားလျား အားနည်းလှ၏။
ထို့အပြင် နန်းကုန်းလီ၏ သွေးပူဇော်သက္ကာများကို ရှာဖွေခြင်းသည် သားရဲနတ်အရှင် နိုးထလာ၍ဖြစ်ကြောင်း အတိအကျ ဖော်ပြနေချေပြီ။
ပြန်လည်မွေးဖွားခြင်းက မဝေးကွာတော့ပေ။
မုန်တိုင်းတစ်ခု တိုက်နေတယ်။
"ဂိုဏ်းချုပ်လေး အခု ဘာလုပ်သင့်လဲ"
လျိုဝူရွှမ်း တိုးတိုးလေး မေးလိုက်ပြီး သူ၏ ပေါက်ကွဲတော့မည့် ခံစားချက်များကို မျိုသိပ်ထားလိုက်သည်။
"သားရဲနတ်အရှင် ကျန်းဟိုင်မြို့ကို ရောက်လာရင် သွေးဝိညာဉ်အစီအရင်ဆီကို ဦးတည်သွားလိမ့်မယ်။ ကျုပ်တို့ သူ့ကို မတားရင် ကျန်းဟိုင်တစ်မြို့လုံး သူ့ရဲ့ သွေးပူဇော်ပွဲကြီး ဖြစ်လာမယ်၊ ကောင်းကင်တံခါး ပွင့်လာတဲ့အခါ မသေနိုင်တဲ့ အကောင်တွေ ဆင်းလာလိမ့်မယ်... ကျုပ်တို့ ကြိုတင်ပြင်ဆင်ထားရမယ်။"
"ဟုတ်တယ်။"
ချင်းယန် သက်ပြင်းချလိုက်ပြီး ပြတင်းပေါက်မှ အဝေးတစ်နေရာကို လှမ်းကြည့်ကြည့်လိုက်သည်။
"သားရဲနတ်အရှင်ကို တိုက်ခိုက်ဖို့ ပြင်ဆင်ပြရမယ်။ လူတိုင်းကို စုရုံးရမယ်... အခု အချိန်က အနှစ်သာရပဲ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာ။"
……
နေ့ခင်းတွေ့ဆုံပွဲ။
ဖုဟိုင်ဗီလာ၏ ဧည့်ခန်းတွင်။
အခန်းကို ခေတ္တ ရိုးရှင်းသော အစည်းအဝေးခန်းအဖြစ် သတ်မှတ်လိုက်သည်။ ကော်ဖီ စားပွဲပေါ်ရှိ ကြွေခွက်များ အတန်းလိုက် စီထားကာ ရှောင်ပိုင်သည် လက်ဖက်ရည်အိုးထဲမှ ရေနွေးပူပူကို လောင်းထည့်ပေးနေ၏။
ရှောင်ပိုင် နံပါတ် ၂ နှင့် နံပါတ် ၃သည် သူမနောက်ကနေ လိုက်လာပြီး လက်ဖက်ရည်များကို ပေါ့ပေါ့ဆဆပင် ချပေးလိုက်သည်။ ရှောင်ပိုင် အရင် မြည်းစမ်းကြည့်လိုက်ရာ သူမမျက်နှာလေး ချက်ချင်းပင် ရှက်ရွံ့စွာ ဖျော့တော့သွားသည်။
"ဖူး!"
သူမ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အမြန်ပြောင်းကာ လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။
"နင်တို့နှစ်ယောက် အရမ်းတုံးတာပဲ! ဧည့်သည်တွေရောက်လာရင် နင်တို့နှစ်ယောက်လုံး အပြင်ကို ထွက်ခွင့်မပေးဘူး။ ဒီနတ်သမီးတော့ ရှက်လိုက်တာ"
"..."
အဖြူရောင် နတ်သမီး နံပါတ်နှစ် နှင့် သုံးသည် ထိုနေရာ၌သာ ရှက်ရွံ့စွာ ရပ်နေကြ၏။ ၎င်းတို့၏ မြေခွေးနားရွက်များက ကွေးကျနေကာ မျက်နှာလေးများက ရှက်ကိုးရှက်ကန်းဖြင့် နီမြန်းနေပြီး သနားစရာလေးလို ဖြစ်နေသည်။
သူမတို့သည် မြေပြင်ပေါ်ရှိ လက်ဖက်ရွက်များကို ကောက်ယူရန်သာ ခေါင်းငုံ့ငြိမ်သက်နေခဲ့သည်။
"ဟူး"
သို့ဖြင့် ရှောင်ပိုင်ခမျာ သူမတို့ကို ထပ်ပြီး ဆူပူကြိမ်းမောင်းရန် မစွမ်းဆောင်နိုင်တော့ဘဲ သက်ပြင်းသာ ချလိုက်၏။ သူမလုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။ နောက်ဆုံးတော့ နှစ်ယောက်စလုံးက သူမ၏ ကိုယ်ပွားများပင်။ ဤသည်မှာ ချင်းယန်ကဲ့သို့ ၎င်းတို့၏စွမ်းရည်များကို လွတ်လွတ်လပ်လပ်သုံးရန် မကျွမ်းကျင်သောကြောင့် ဖြစ်ရသည်သာ။
"ကောင်းပြီ နင်တို့နှစ်ယောက် ကြမ်းပြင်ကို ကြမ်းတိုက်သွားကြ။ ဧည့်သည်တွေ လာတဲ့အခါ လှည့်မလာနဲ့ နားလည်လား"
"ကောင်းပါပြီ။"
အဖြူရောင်ကိုယ်ပွားလေး နှစ်ကောင်လည်း ကြမ်းတိုက်တံများကို ယူကာ ထွက်ခွာသွားခဲ့သည်။ သူမတို့ ထွက်သွားသည်ကို ကြည့်ရင်း ရှောင်ပိုင်မှာ မထိန်းနိုင်ဘဲ သက်ပြင်းချကာ နဖူးကို ပွတ်သပ်မိပြန်သည်။ ကိုယ်ပွားများကို ထုတ်လွှတ်ခြင်းသည် စိတ်ကူးထားသည်ထက် ပိုမိုခက်ခဲနေ၏။
ယခင်က လက်ထဲ ကိုင်ထားရသလောက် ရိုးရှင်းသည်ဟု ယူဆကာ အခက်အခဲကို လုံးဝ သတိမထားမိခဲ့ပေ။ သို့သော် ကိုယ်တိုင်စမ်းကြည့်ပြီးမှ မြင်ရခြင်းနှင့် လေ့ကျင့်ရခြင်းက လုံးဝ ကွဲပြားသော အရာနှစ်ခုဖြစ်ကြောင်း သိလိုက်ရ၏။ ကိုယ်ပွား တစ်ခုစီကို ထိန်းချုပ်ရန် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ပမာဏ များစွာလိုအပ်သည်။ ၎င်းသည် ကြီးမားသော တွေးခေါ်မှုကို ထောက်ပံ့ထားရရုံသာမက ကြယ်စွမ်းအင် အများအပြားဖြင့် ထိန်းသိမ်းထညးရန်လည်း လိုအပ်သည်။
ထို့ကြောင့် လိုအပ်သော စွမ်းအင်က အမှန်ပင် ကြောက်စရာကောင်းလှသည်။ ဂိုဏ်းဆရာအဆင့် မြေခွေးတစ်ကောင် ဆိုသော်လည်း ကိုယ်ပွားအနည်းငယ်ကို ထိန်းသိမ်းထားရန်ပင် ရုန်းကန်နေရပြီ ဖြစ်သည်။
ဒါဇင်နှင့်ချီ ထုတ်နိုင်သူ ချင်းယန်ကို ယှဥ်ကြည့်ရန် ဘယ်လိုမှ မဖြစ်နိုင်ချေ။
တစ်ဖက်တွင်မူ ချင်းယန်သည် သူ၏စွမ်းအားကို ပေါ့ပေါ့ဆဆ ထုတ်လွှတ်ရုံသာမကဘဲ ၎င်းတို့ကို တိုက်ရိုက်ပြသကာ ကွက်ကွက်ကွင်းကွင်းနှင့် သက်ရှိထင်ရှားရှိသော သရုပ်ဖော်မှုကို ပေးစွမ်းနိုင်သည်။ အခြေခံအားဖြင့် ဂိုဏ်းတစ်ခုလုံးကို ဖန်တီးပစ်နိုင်၏။
လူတစ်ယောက်နှင့် စစ်တပ်တစ်ခုပင်။
"သခင့်ရဲ့ ဝိညာဉ်စွမ်းအားက အကန့်အသတ်မရှိပါလား။"
ရှောင်ပိုင်တစ်ယောက် ထိတ်လန့်တကြား တွေးကာ သူမ၏မျက်လုံးထောင့်မှ ချင်းယန်ကို ချောင်းကြည့်ကာ မယုံနိုင်လောက်အောင် ခံစားရသည်။
"နဂါးမျိုးနွယ်လို့ကို မပြောရဘူး အရည်အချင်းက တကယ်ကို ထူးခြားတာပဲ!"
ထိုအခိုက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
"သူတို့ ရောက်လာပြီ!"
ဆိုဖာပေါ်မှ ချင်းယမ်သည် အသံကြောင့် ထလာပြီး လျိုဝူရွှမ်းနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏မျက်နှာများသည် ကြမ်းတမ်းပြီး ပြင်းထန်သော တိုက်ခိုက်ရေးစိတ်ဓာတ်များ ဖြာထွက်နေ၏။ လောင်လီနှင့် အခြားသူများ ရောက်လာပေပြီ။
ယခုအချိန်ကစပြီး သားရဲနတ်အရှင် အပေါ် တန်ပြန်တိုက်ခိုက်မှုသည် ကြိုတင်ပြင်ဆင်မှုအဆင့်သို့ တရားဝင်ရောက်ရှိလာတော့မည် ဖြစ်သည်။
"နောက်ဆုံးတော့ သူတို့ဒီကို ရောက်လာပြီ"
လျိုဝူရွှမ်းသည် သူ၏လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်လိုက်သည်။ ထိုအခိုက် ချင်းယန်က တံခါးဆီသို့ ဖြည်းညင်းစွာ လမ်းလျှောက်သွားကာ တံခါး ဖွင့်လိုက်ချေပြီ။
အပြင်ဘက်မှာ မိုးဖွဲဖွဲလေးများ ကင်းစင်သွားပြီဖြစ်၍ ကောင်းကင်အထက်၌ ကြည်လင်လျက်ရှိသည်။ ကျန်းဟိုင်မြို့မှ ဂိုဏ်းဆရာနယ်ပယ် အဖွဲ့တစ်ဖွဲ့ စုရုံးရောက်ရှိလာခြင်း။ လောင်လီ၊ ဦးစီးချုပ်နှင့် လီတောက်မင်တို့က ဦးဆောင်လာကြကာ ၎င်းတို့၏ မျက်နှာများက အလွန်အမင်း လေးနက်နေကြသည်။