← Chapters

စိတ်နှလုံးကောင်း ဒေဝါလီခံရမှု

Vol. 11 Ch. 164

စိတ်နှလုံးကောင်း ဒေဝါလီခံရမှု

Vol. 11 Ch. 164

အဲလူက ဆက်အတွေးနယ်ချဲ့နေပြီး ရှန်းရင်ကို စိတ်တိုတိုနဲ့ကြည့်နေတယ်။ တစ်စက္ကန့်မှာ သူက သူမကို သတ်ချင်နေပြီး နောက်တစ်စက္ကန့်မှာ သူက သူမကို ပစ္စည်းတွေကမ်းလှမ်းချင်စိတ်ကို မတွန်းလှန်နိုင်ဘဲ သူမ လက်ခံဖို့ အတင်းပြောနေတယ်။ ဒီတစ်ချိန်လုံးမှာ သူ့ဓားနက်က ရှန်းရင်ရဲ့ တစ်မီတာအတွင်း ဝင်မလာခဲ့ဘူး။ အဲအစား သူ့ရှေ့မှာ ပစ္စည်းတွေ တောင်လိုပုံလာခဲ့တယ်။ အမတလက်နက်တွေ၊ ရတနာတွေ၊ အမတအဆောင်တွေ၊ အမတဆေးလုံးတွေနဲ့ အမတအသီးတွေ အပင်တွေပါ ပါလိုက်သေး။

ရှန်းရင် အတည်ပြုလိုက်တာက ဒီလူဟာ... ရူးနေတာပဲ

အဲအချိန်မတိုင်ခင်ထိ...

ပေးစရာပစ္စည်းတွေ ကုန်သွားပြီး နောက်ဆုံးတော့ ရူးနှမ်းနှမ်းအမူအရာက ရပ်တန့်သွားခဲ့တယ်။ လုံးဝကူကယ်ရာမဲ့နေတဲ့ပုံစံနဲ့ သူက သစ်ပင်တစ်ပင်ဘေးထိုင်ချတယ်။ သစ်ရွက်ခြောက်တွေ သူ့ပေါ်ကြွေကျလာပေမဲ့ ဖယ်တောင်မဖယ်ဘူး။ သူ့ပုံစံက စောနကနဲ့ အတော်လေးကို ကွဲပြားသွားခဲ့တယ်။

ဘာကြောင့်မှန်းမသိ ရှန်းရင်က အပြစ်ရှိသလိုခံစားလိုက်ရတယ်။

"ဒါနဲ့ပတ်သက်ပြီး..."

"အဘွား... ကျုပ်နားကပ်မလာဖို့ တောင်းပန်ပါတယ်" လန်ဟွားက ငိုချတော့မဲ့ပုံပဲ။

"ကျုပ်ဝတ်ထားတဲ့ အဝတ်အစားတောင် ပေးပြီးပြီပဲ၊ ဘာပေးစရာကျန်သေးလို့လဲ" သူမသာ နောက်တစ်လှမ်းတိုးလာရင် သူ့ဘောင်းဘီတွေသာ ချွတ်ပစ်ရလောက်တယ်။

သူ့စိတ်ထဲက စိတ်ကောင်းက ဒီလိုလက်ဖွာတဲ့သူလို့ မသိခဲ့ဘူး သူ အမတနတ်ဆိုးဖြစ်လာဖို့ လမ်းပေါ် ကောင်းကောင်းရောက်နေပြီ။ နတ်ဆိုးချီတွေက သူ့ကိုကောင်းကင်မိစ္ဆာအဖြစ် ပြောင်းလဲပေးတော့မှာ။ ဒါပေမဲ့ ဒီမတော်တဆမှုကဖြစ်လာရတယ်လို့။

သူပဲ တစ်ဘုံလုံးမှာ နတ်ဆိုးဖြစ်လာဖို့ လမ်းကြောင်းလျှောက်နေချိန် ဒီလိုမျိုးဖြစ်သွားတဲ့ တစ်ဦးတည်းသောလူဖြစ်ရမယ်...။ ရင်နာလိုက်တာ...။

"အာ..." ရှန်းရင် မျက်မှောင်ကြုတ်ပြီး သူမရှေ့ကရတနာတောင်ကို လှမ်းကြည့်လိုက်တယ်။ နောက်တော့ ကျန်ရစ်တဲ့ နတ်ဆိုးချီတွေကို လေ့လာလိုက်တယ်။ သူမ နောက်ထပ်အပြစ်ရှိသလို ခံစားချက်တွေ အတော်လေး ခံစားလိုက်ရလို့ သက်ပြင်းချမိသွားတယ်။

"နင့်မှာ အမတကျောက်တုံးရှိလား"

လန်ဟွား ။ ။ "..."

ဒီနေရာမှာ ဘယ်သူက နတ်ဆိုးလဲ။

လန်ဟွားနှုတ်ခမ်းတွေ တွန့်သွားတယ်။ သူ အရှုံးပေးလိုက်ပြီ။ သူလက်ထုတ်ပြီး သိုင်းကွက်တစ်ခု ပုံဖော်လိုက်တယ်။ ရုတ်တရက် လက်ထဲ ပြည့်မောက်နေတဲ့ သိုလှောင်အိတ်တစ်ခုပေါ်လာတယ်။ သူက ရှန်းရင်ကို လှမ်းပစ်ပေးလေတယ်။

"ယူ ယူ အားလုံးယူသွား" ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ ဘာမှမှမကျန်တော့တာ။

"ကျေးဇူးတင်ပါတယ် သူဌေး" ရှန်းရင်က အိတ်ကို ကြည့်ပြီး ခပ်ပြုံးပြုံးလုပ်တော့တယ်။

"နင်မသိလောက်ပေမဲ့ ဒီမြူခိုးက ဖေဖေနျို့စီးပွားရေးတစ်စိတ်တစ်ပိုင်းလေ၊ စိတ်တိုင်းကျ ယူလို့မရဘူး၊ နင်က အများကြီးယူသွင်းသွားတာကိုး၊ သေချာပေါက်ပေးရမှာပေါ့"

ကျေးဇူးတင်စရာက သူမက သူ့ကိုတွေ့တဲ့သူမို့။ ဖေဖေနျိုသာဆိုရင်...။

သူမ ဘောင်းဘီနဲ့ ငုတ်တုတ်ထိုင်နေတဲ့လူကို ကြည့်လိုက်တယ်။ ဟင်း ငါကအတော်လေး ကြင်နာတာပဲ အနည်းဆုံးတော့ သူ့မှာဘောင်းဘီရှိသေးတယ်။

"..." သူက သူမကို ငွေလျှော့ပေးတာလား။

ရှန်းရင် ‌စောနကသူချွတ်ထားတဲ့ ဝတ်ရုံကိုယူပြီး ပစ်ပေးလိုက်တယ်။

"ငါဒါမလိုဘူး နင်ဝတ်ထားလို့ရတယ်၊ မဟုတ်ရင် အအေးမိလိမ့်မယ်"

‌လန်ဟွား လှမ်းဖမ်းလိုက်တယ်။ ရုတ်တရက် ရင်ထဲနွေးသွားသလိုပဲ။ ဒါက ရင်းနှီးနေတဲ့ခံစားချက်။ သူ့ဘောင်းဘီတွေကို ချွတ်ပြီး ရှန်းရင်ဆီပစ်ပေးချင်တဲ့ ထူးထူးဆန်းဆန်းဆန္ဒပေါ်လာတယ်။ ဒါပေမဲ့ အံကြိတ်ပြီး ရှက်စရာဆန္ဒကို ထိန်းချုပ်လိုက်ရတယ်။

ဒီသေချင်းဆိုးစိတ်ကောင်းကတော့

သူ အသက်ပြင်းပြင်းရှူသွင်းပြီး အောင်အောင်မြင်မြင်ဝတ်ရုံဝတ်လိုက်တယ်။ သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အမျိုးသမီးကို ကြည့်နေရင်း သူတို့ကြား ဘေးကင်းတဲ့အကွာအဝေးဖြစ်အောင် သတိတကြီး နောက်တစ်လှမ်းဆုတ်လိုက်တယ်။

"ဟေး ဘယ်သူ..." သူ သူမဘယ်သူဘယ်ဝါဆိုတာ သိရအောင်လုပ်ချင်ပေမဲ့ ရုတ်တရက်အားပြင်းတဲ့ အမတဖိအားတွေကို ခံစားလိုက်ရတယ်။ ဖိအားတွေကြား သိသိသာသာကိုပြင်းတဲ့တစ်ခုက... ဧကရာဇ်ငယ်တစ်ပါးရဲ့ဟာ။

သူ့အမူအရာပြောင်းလဲသွားခဲ့တယ်။ သူနဲ့ သိပ်မဝေးတဲ့နေရာမှာ ဧကရာဇ်ငယ်ရှိနေမယ်မထင်ခဲ့ဘူး။ သူ တကယ်ကို အဆင်အခြင်မဲ့မိတာပဲ။ အခုအခြေအနေအရဆို သူတို့နဲ့ သူမတိုက်နိုင်ဘူး။

သူ အမတလက်နက်တောင်ပုံကြား မြုပ်နေတဲ့ အမျိုးသမီးကိုလှည့်ကြည့်လိုက်တယ်။ အသံကိုနှိမ့်ပြီး သူသတိပေးလိုက်တယ်။

"ဟေး မင်းမသေချင်ရင် မင်း ငါ့ကို ဒီမှာတွေ့ခဲ့တဲ့အကြောင်း ဘယ်သူ့ကိုမှမပြာနဲ့" သူ သူ့ကိုယ်သူ မတားနိုင်ဘဲ သူထပ်ဖြည့်ပြောလိုက်သေး။

"သေချာပေါက်ပေါ့၊ ငါမင်းကို ဘယ်တော့မှ နာကျင်အောင် မလုပ်ပါဘူး"

သေစမ်း

သူ ဒီလိုပြောပြီးတဲ့နောက် အမူအရာက ချက်ချင်းနောင်တရသွားတဲ့ပုံ။ ဒါပေမဲ့ သူစကားပြန်ရုပ်သိမ်းဖို့ ဆက်မနေတော့ဘူး။ မျက်စိတစ်မှိတ်အတွင်း ကွင်းထဲကပျောက်သွားခဲ့တယ်။

ရှန်းရင် ။ ။ "..."

ရှန်းရင် သူချန်ထားခဲ့တဲ့ ပစ္စည်းတောင်ပုံကြီးကို ကြည့်လိုက်တယ်။ သူ ထွက်သွားရင်တောင် ဒီလောက်သက်သေအများကြီးရှိပုံနဲ့ဆို ကွာခြားတာရှိလို့လား။

ကူယွဲ့နဲ့ယိချင်းက အဲအချိန်ပျံသန်းလာတယ်။

"ဆရာ ကျွန်တော် ဒီမှာ နတ်ဆိုးချီအာရုံခံမိတယ်၊ ဆရာ..." ယိချင်းက သူ့ရှေ့မှာ အမတရတနာတောင်ကြီးမှန်း နားလည်သွားချိန် စကားရပ်သွားခဲ့တယ်။

"ဆရာ ဒါ..."

"ဟိုလီရှစ်"

ကူယွဲ့အမူအရာကလုံးဝကို ထိတ်လန့်သွားတဲ့ပုံ။

"မင်း ၁၅မိနစ်ပဲပျောက်သွားတာ၊ ဘယ်သူ့ရတနာကိုခိုးထားတာလဲ"

"စိတ္တဇဆေးရုံဆို နင်ယုံမလား"

"..."

"အပိုတွေတော်တော့ မြန်မြန် စားဖိုမှူးရေ ငါ့ကို... အပြင်ထုတ်ပေးဦး" သူမ ‌ပစ္စည်းတောင်ပုံကြီးထဲက လက်ထုတ်လိုက်တယ်။

"ငါဒီမှာမြုပ်နေတာ ထွက်လာလို့မရဘူး၊ မုန်လာဥဖြူက ငါ့ပေါင်ပေါ်မှာ မြန်မြန် ငါတို့ ညပ်နေပြီ"

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

——————

ယုံကြည်ရတဲ့သူတစ်ယောက်အနေနဲ့ ရှန်းရင်... ဖေဖေနျို့ကို တောင်ခြေမှာ ဘာဖြစ်ခဲ့လဲဆိုတာ တစ်လုံးမကျန် အကုန်ပြောခဲ့တာပေါ့

ဟာသပဲ သူတို့ ဒီလောက်တောင် အကြီးအကျယ်ဆုံးရှုံးထားတာ - သူမကတော့ ကိုယ်စား အပြစ်တင်မခံနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲသူစိမ်းကိုမှ သေချာမသိတာ။

ကူယွဲ့က သူမရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက် သက်ပြင်းချပြီး မြေကြီးပေါ်က ပစ္စည်းတွေကိုကောက်နေတယ်။ သူ့ကြည့်ရတာ သက်ရောက်မှုမရှိတဲ့ပုံပဲ။ သူက အော်ဆိုပြီး ထိုင်းထိုင်းမှိုင်းမှိုင်းသာတုံ့ပြန်တယ်။

ရှန်းရင် သူ့ကို အူကြောင်ကြောင်စိုက်ကြည့်မိနေပြီး မနေနိုင်ဘဲမေးလိုက်တယ်။

"နတ်ဆိုးချီအများစု မရှိတော့ဘူး၊ အဆင်ပြေရဲ့လား" သူမ ထင်ခဲ့တာ ဖေဖေနျိုပြောတော့ နတ်ဆိုးချီက ဂိုဏ်းရဲ့ထူးခြားတဲ့ပိုင်ဆိုင်မှုဖြစ်ပြီး လူစိတ်ဝင်စားတဲ့ရောင်းကုန်ဆို။ ဖေဖေနျို့တုံ့ပြန်မှုက သိပ်မဟုတ်သလိုပဲ။

"ဒီရက်ပိုင်း နတ်ဆိုးချီတွေကို ရှင်းထုတ်ဖို့နည်းစဉ်းစားနေတာ" ဒါက သူ့ကို တော်တော်လေး အလုပ်သက်သာသွားစေခဲ့တယ်။

သူ အဲလိုပြောချိန် ယိချင်းတောင် သူ့ကို အံ့ဩတကြီး ပါးစပ်ဟပြီး လှည့်ကြည့်လာတယ်။

"ဘာလို့လဲ"

"ဝိညာဉ်လွင့်အဆောင်ကိုသုံးပြီး နတ်ဆိုးချီတွေကိုရောင်းတဲ့ ဒီနည်းလမ်းက အကြာကြီးလုပ်ဖို့ မဟုတ်ဘူး" ကူယွဲ့ ချက်ကျလက်ကျဖြေလိုက်တယ်။

"အစတည်းက လျှို့ဝှက်တဲ့ အငွေ့အသက်က ငါတို့အလုပ်ကို ဆက်ပြီးအလုပ်ဖြစ်နေစေတာ၊ ဒါပေမဲ့ တစ်နေ့ကျရင် တစ်ယောက်ယောက်က ငါတို့လျှို့ဝှက်ချက်ကို ရှာတွေ့သွားမှာပဲ"

သူ လျှို့ဝှက်တဲ့အငွေ့အသက်ကို ထိန်းဖို့ အဆောင်တွေကို လေလံဆွဲခဲ့တာ။ လူတွေက နတ်ဆိုးချီဆိုတာ မခန့်မှန်းနိုင်သရွေ့ အဆောင်တွေက ရောင်းထွက်မှာပဲ။ ဒါပေမဲ့ လူတွေဆိုတာ ငတုံးမှမဟုတ်တာ။ အဆောင်တွေပိုရောင်းကောင်းလေ လူတွေက ဒီဆန်းကြယ်တဲ့နေရာအကြောင်း ဆွေးနွေးမှာပဲ။ နတ်ဆိုးချီတွေနဲ့ ပြည့်နေတယ်ဆိုတာ သိသွားဖို့အချိန်တစ်ခုပဲကြာမယ်။ အဲဒါကြောင့် လွန်ခဲ့တဲ့ ခြောက်လတည်းက သူ ရှုကျန်းနဲ့အလုပ်တွဲလုပ်တာ ရပ်ခဲ့တာ။

ပြီးတော့ ဂိုဏ်းတပည့်တွေအားလုံးက ရွှမ်ထုံကလွဲရင် မြေအမတတွေ ဖြစ်ပြီးနေကျပြီ။ ဧကရာဇ်ငယ်ယိချင်း ရှိနေရင် သူတို့ အဇဋာဧကရာဇ်ဆယ်ယောက် အိမ်တံခါး လာမခေါက်သရွေ့ ဘယ်သူ့ကိုမှကြောက်ဖို့မလိုဘူး။ ဟုတ်တာပေါ့၊ အဲဒါက သူတို့မှာ cheat ရှန်းရင်ရှိတယ်ဆိုတဲ့ အချက်ကိုတောင် ထည့်မတွက်ထားဘူး။

"ငါ အဇဋာဧကရာဇ်ဝူဟုန်၊ ပြောင်ထင်တို့နဲ့ ဆွေးနွေးပြီးပြီ၊ မကြာခင် အမတဆေးမြစ်အစေ့ ပထမတစ်သုတ် ရောက်လာလိမ့်မယ်" ကူယွဲ့ကဆက်ပြောတယ်။

"ဟုတ်သား၊ တောင်အနောက်ဘက်က ဟင်းသီးဟင်းရွက်တွေကို ရှင်းပေးဦး၊ အဲအသုံးမဝင်တဲ့အပင်တွေ စိုက်ပြီး နေရာဖြုန်းနေတာ တော်တော့၊ အနာဂတ်ကျ မုန်လာဥဖြူကို ကောင်းကင်အလွန်မှ ကောင်းကင်များဆီက အမတဆေးမြစ်တွေကို စိုက်ခိုင်းရမယ်၊ ငါတို့အမြတ်ဝေစုကိုပါ ဆွေးနွေးပြီးပြီ"

ယိချင်း ။ ။ "..."

ရှန်းရင် ။ ။ "..."

သူ ဘယ်တုန်းက ဒါတွေအားလုံးကိုဆွေးနွေးလိုက်တာလဲ။ ငါတို့ဘာလို့ ဘာမှမသိတာလဲ။

ရှန်းရင်က ချက်ချင်းပဲ အမတကျောက်တုံးတွေအားလုံးကို သူ့ဆီအပ်လိုက်မိတာ နောင်တရသွားတယ်။ သူမအတွက်သူမ နည်းနည်းသိမ်းထားသင့်ခဲ့တာ။

——————

ကူယွဲ့ အဇဋာဧကရာဇ်နှစ်ယောက်တောင် မရောက်ခင် သူ့တံခါးရှေ့ ပေါင်ဖေးဖျင် ပေါ်လာမယ်လို့မထင်ထားဘူး။ သူ့ကျင့်ကြံဆင့်က နည်းနည်းမြင့်တက်သွားတယ်။ အခု မဟူရာအမတ ဖြစ်နေပြီ။ သူက ကူယွဲ့နဲ့ယိချင်းကျင့်ကြံဆင့်ကို မြင်ချိန်လုံးဝမအံ့ဩဘူး။ ကြည့်ရတာ တစ်လျှောက်လုံး သိနေခဲ့သလိုမျိုးပဲ။

သူက သူတို့ကိုဂါရ၀ပြုပြီး အရမ်းကိုတောက်ပလွန်းစွာ ပြုံးလာတယ်။ ဘာကြောင့်မှန်းမသိ သူ့သားအတွက်ပဲစိုးရိမ်တဲ့ ဖြူစင်တဲ့မြို့အရှင်ပေါင်ဆီကနေ တစ်ခုခုပျောက်ဆုံးနေပုံပဲ။ သူ့ဆီမှာ စိတ်ကြီးဝင်မှုတချို့ရှိနေတယ်။ သူက ရွှေရောင်ကတ်တစ်ခုကို ကူယွဲ့ဆီကမ်းပေးလာတယ်။

"ဆန်းကြယ်ဝိညာဉ်တွေနဲ့ အမတတွေ တွေ့ဆုံပွဲလား" ကူယွဲ့ မျက်မှောင်ကြုတ်ပြီး လက်ထဲက ကတ်ကိုချကာ ပေါင်ဖေးဖျင်ကို ကြည့်လိုက်တယ်။

"ဒါက..."

"ဒါက အဇဋာဧကရာဇ်ကိုယ်တိုင် ဖိတ်ကြားချက်ပေါ့၊ သူက လဝက်အတွင်း ကောင်းကင်အလွန်မှ ကောင်းကင်များမှာ အမတတွေ့ဆုံပွဲရှိမယ်လို့ အထူးတလည် ညွှန်ကြားထားတယ်၊ သူက အစည်းအဝေးကိုတက်ဖို့ ခင်ဗျားတို့ရဲ့ဂုဏ်သရေရှိဂိုဏ်းကိုလည်းဖိတ်လိုက်ပါတယ်"

ပေါင်ဖေးဖျင်က ပိုတောင်အားရပါးရပြုံးတော့တယ်။

…

All Chapters