← Chapters

မက်မွန်ပွင့်ကျိန်စာ(1): ​​ဘိုးဘွားများ၏ ကောင်းချီးမင်္ဂလာ ပီယအဆောင်(5)

Vol. 43 Ch. 421

မက်မွန်ပွင့်ကျိန်စာ(1): ​​ဘိုးဘွားများ၏ ကောင်းချီးမင်္ဂလာ ပီယအဆောင်(5)

Vol. 43 Ch. 421

သူမ တံတွေးမြိုချလိုက်ပြီးနောက် ဆက်ပြောသည်။

သူတို့ချစ်သူဖြစ်ကြောင်း ကြေညာလိုက်ပြီးချိန်တွင် သူမအနေဖြင့် နှလုံးသားထဲမှ အချစ်တရားကို အောင့်မထားနိုင်ပဲ ကောင်လေးအား ယုယကြင်နာပြခဲ့သည်။

ထိုခွေးသားရေကောင်က လက်မလျှော့သေးဟု ထင်မထားခဲ့မိပေ။ သူသည်က သူငယ်ချင်းများမှတဆင့် သူမထံသို့ စာများပို့တတ်သည်။ အကောင့်တုများဖြင့် တောင်းပန်စကားပြောတတ်သည်။

နောက်ဆုံးတွင်တော့ သူမ၏ မိဘများ နားထံသို့ ရောက်သွားခဲ့သည်။

မိဘများသည်က သူမထံသို့ ဖုန်းဆက်၍ ကလေးများအချင်းချင်း ပြဿနာဖြစ်ရန် မလိုအပ်ကြောင်း၊ နောင်တွင် တွေ့ဆုံရမည့် မိသားစုများအတွင်း ပဋိပက္ခမဖြစ်လိုကြောင်း ဖျောင်းဖြလာခဲ့သည်။

မိသားစုနှစ်ခု ပူးပေါင်းလုပ်ဆောင်ကြသည့် လုပ်ငန်းများလည်း ရှိသည်ကတစ်ကြောင်း၊ ထိုကောင်လေးသည်လည်း အမှန်တကယ် နောင်တရနေပုံပေါ်သည်ကြောင့် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ စိတ်မသက်မသာဖြစ်သော်လည်း ပြန်၍ contact လက်ခံခဲ့သည်။

ပြန်အပ်ပြီးချိန်တွင် ကောင်လေးသည် ပို၍ ပုံမှန်ဖြစ်ပြီး ယခင်ကဲ့သို့ ရူးနှမ်းနှမ်းစာများ မပို့တော့ပေ။

သူမအနေဖြင့် ထိုကောင်လေး နောက်ဆုံးတွင် လက်လျှော့လိုက်ပြီဟု တွေးခဲ့မိသည်။

ထိုအချိန်က သူမမွေးနေ့ဖြစ်သောကြောင့် မိတ်ဆွေသူငယ်ချင်းများထံမှ လက်ဆောင်များစွာ ရရှိခဲ့လေ

သည်။

လက်ဆောင်များထဲတွင် တကယ့်မျက်နှာပုံစံအစစ်တိုင်း တူညီအောင် ပြုလုပ်ထားသော အမွှေးပွရုပ်လေးတစ်ရုပ်လည်း ပါဝင်သည်။ ထိုအရုပ်လေးသည်က သီးသန့် ဈေးကြီးပေး၍ ပြုလုပ်ထားသည့် အရုပ်ဖြစ်ကာ အထက်တန်းကျောင်းနေဖက် သူငယ်ချင်းမှ လက်ဆောင်ပေးထားခြင်းဖြစ်သည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’မှာ ထိုအရုပ်လေးအား အင်မတန် သဘောကျသောကြောင့် အိပ်ရာဘေးတွင် ထား၍ နေ့တိုင်း ထိုအရုပ်လေးဖြင့် ကစားလေ့ရှိသည်။

ထိုအချိန်တွင် သူမနှင့် ချစ်သူကောင်လေးတွဲသည်မှာ လဝက်ခန့်သာ ရှိသေးသည်ဖြစ်သော်ငြား နေ့စဉ်နေ့တိုင်း မကြာခဏ စကားများလေ့ရှိသည်။

ထိုကောင်လေးအား သူမဘက်မှ စ၍ လိုက်ခဲ့ခြင်းဖြစ်သောကြောင့် စိတ်ထဲတွင် အနည်းငယ် ဘဝင်မကျဖြစ်တတ်ပြီး မကြာခဏ စိတ်ကောက်မိတတ်သည်။

ထိုသို့ ဖြစ်တိုင်း သူမ၏ ငယ်သူငယ်ချင်းက ဂရုတစိုက်ဖြင့် အဘယ်ကြောင့် ထိုသို့ ဖြစ်ရသည်ကို မေးလေ့ရှိကာ သူမအား အကြံပေးတတ်သည်။

သူမ စိတ်အခြေအနေ ပို၍ ကောင်းလာအောင် ဂရုစိုက်ပေးတတ်သည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည် ကသူမ လုပ်ရပ် မှားယွင်းနေကြောင်း သိသော်လည်း တစ်ဖက်ကောင်လေးသည် သူမကို စိတ်ဝင်စားနေသူဖြစ်ကြောင်း သိ၍ ထိုကောင်လေးဖြင့် စကားပြောချင်ခဲ့သည်။

သို့သော် သူမအနေဖြင့် ထိုအချိန်က အင်မတန် ဒေါသထွက်နေခဲ့၍သာဖြစ်ပြီး တစ်ခါတစ်ရံတွင် ချစ်သူကောင်လေးရှေ့မှာပင် ထိုကောင်လေးအကြောင်းကို တမင် ထုတ်ပြောတတ်သည်။

ချစ်သူကောင်လေးက ဒေါသထွက်မည်လောဟု သိချင်ခဲ့သည်။

မကြာခဏ စကားများကြပြီးနောက် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သတိပြုလိုက်မိသည်မှာ သူမ၏ ငယ်သူငယ်ချင်းအပေါ် အထင်အမြင်များ မတူတော့ကြောင်းကိုပင်။

သူမ ယခင်က အင်မတန် တဖက်သတ်ဆန်ခဲ့သည်ဟု ထင်မိလာသည်။

ငယ်သူငယ်ချင်းက ရုပ်မချောသော်လည်း လူကောင်းတစ်ယောက်ဖြစ်သည်ဟု တွေးမိသည်။

ထို့နောက် သူမ၏ချစ်သူနှင့် သူမကြားတွင်လည်း မကြာခဏ စကားများ၊ ကတောက်ကဆ ဖြစ်လာခဲ့သည်။ သူမသည်က ထိုချစ်သူအား အင်မတန် ချစ်မြတ်နိုးခဲ့ပြီး ကောင်လေးအား အရာရာ ‘လိုက်လျော’ပေးနိုင်သည်ဟု ထင်ခဲ့သော်လည်း ယခုရက်များတွင်တော့ ဒေါသသာ ထွက်နေခဲ့မိသည်။

ထိုသို့ ဒေါသထွက်လာတိုင်း ငယ်သူငယ်ချင်းထံသို့ သွား၍ ရင်ဖွင့်ချင်လာရသည်။ တဖြည်းဖြည်းနှင့်ပင် သူမက ငယ်သူငယ်ချင်းထံသို့ နေ့စဉ် ရင်ဖွင့်တတ်လာပြီး သူမ မသိလိုက်ခင်မှာပင် အကျင့်တစ်ခု ဖြစ်လာခဲ့သည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သူမ၏ စိတ်အနည်းငယ် ပြောင်းလဲလာပြီဟု ခံစားလိုက်မိသည်။

မည်သည့်အချိန်မှ စသည်ကို မသိနိုင်သော်ငြား သူမသည်က ငယ်သူငယ်ချင်းထံသို့ အနည်းငယ် သံယောဇဉ်တွယ်လာခဲ့ပေပြီ။

သူမ၏ချစ်သူနှင့် စကားများပြီးနောက် ငယ်သူငယ်ချင်းနှင့်အတူ ကျောင်းတစ်ပတ်ခန့် စိတ်ပြေလက်ပျောက် လမ်းလျှောက်တတ်သည်။

ထုငယ်သူငယ်ချင်း၏ မျက်နှာကို မြင်တိုင်း သူမစိတ်ထဲတွင် အသံတစ်ခု ပေါ်လာတတ်သည်။

‘သူမက ဘာလို့ အဲဒီလိုလူမျိုးကို စိတ်ကစားမိနေတာလဲ?’

သို့သော် နောက်ထပ်အသံတစ်ခုမှာလည်း ပေါ်လာတတ်သည်။

‘ဒါပေမဲ့ ဒီငယ်သူငယ်ချင်းက သူမကို ဂရုစိုက်သည်၊ သူမကို အင်မတန် ချစ်မြတ်နိုးသည်’

ငယ်သူငယ်ချင်းဖြစ်သူသည်လည်း သူမ၏ ပြောင်းလဲမှုကို သဘောပေါက်ကာ တဖြည်းဖြည်း ပုခုံးကိုဖက်ခြင်း၊ လက်ကိုင်ခြင်း အစရှိသည်ဖြင့် အသားယူလာတတ်သည်။

ထိုအချိန်က ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ခံစားမိသည်မှာ သူမသည်က မျက်လုံးတိမ်ဖုံးနေသည့်အလား လွှမ်းမိုးခံနေရသည်ဟုပင်။

သူမ ရင်ထဲတွင် အင်မတန် ခါးခါးသီးသီး ငြင်းဆန်နေပြီး အနည်းငယ်ပင် ရွံရှာမိသော်လည်း ငြင်းဆန်နိုင်စွမ်းမရှိခဲ့ပေ။

တစ်ဖက်လူက အကောင်းအဆိုး မခွဲခြားနိုင်သော အပြုံးဖြင့် သူမအား အပြင်တွင် ဟိုတယ်ခန်း ငှားရမ်းရန် ပြောဆိုလာချိန်မှသာ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’က ခေါင်းကို အရိုက်ခံလိုက်ရသည့်အလား နိုးထလာခဲ့သည်။

တစ်ချိန်လုံး ရှုပ်ထွေးနေခဲ့သော စိတ်မှာလည်း တဒင်္ဂမျှ ကြည်လင်သွားခဲ့လေသည်။

ထို့နောက်တွင်တော့ သူမ၏တစ်ကိုယ်လုံး ချွေးစေးများ ရွှဲနစ်နေခဲ့သည်။

တစ်ခုခုက ပုံမှန်မဟုတ်တော့ချေ။

သူမသည်က ရုပ်ရည်ကိုသာ ဦးစားပေးတတ်သူဖြစ်ပြီး ချစ်သူကိုလည်း အင်မတန်ချစ်မြတ်နိုးသူဖြစ်သည်။

အဘယ်ကြောင့် ဤငယ်သူငယ်ချင်းအပေါ် စိတ်ယိုင်မိသွားရပါသနည်း?

သူ၏ ‘ဂရုစိုက်ဦးစားပေးခြင်း’ကို သဘောကျမိသည်ဆိုပါက အဘယ်ကြောင့် လွန်ခဲ့သည့် ၁၈နှစ်လုံးလုံး ထိုလူကို မုန်းတီးနေခဲ့မိပါသနည်း?

သူမအနေဖြင့် ငယ်သူငယ်ချင်း၏ အထိအတွေ့၊ အသားယူမှုကို မနှစ်မြို့သော်လည်း အဘယ်ကြောင့် မငြင်းဆိုနိုင်ရပါသနည်း?

ထိုသို့သော ထူးဆန်းသည့်အခြေအနေများကြောင့် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ဇောချွေးများ ပြန်လာသည်ထိ ထိတ်လန့်မိသွားသည်။

သူမ အနည်းငယ် စိတ်ရှုပ်ထွေးလာကြောင်း ခံစားလိုက်ရပြီး သတိကောင်းကောင်းရနေချိန်မှာပင် ချက်ချင်း တက္ကစီငှားရမ်း၍ အနီးအနားမှ နာမည်ကြီး ဘုန်းကြီးကျောင်းတစ်ခုသို့ သွားရောက်ခဲ့သည်။

သူမ ဘုန်းကြီးကျောင်းတွင်းသို့ ဝင်ကာ အခြေအနေအား ရှင်းပြရန် ပြင်ဆင်နေချိန်မှာပင် အတွင်းမှ ဘုန်းကြီးအိုတစ်ပါးက သူမ၏မျက်နှာအား စိုက်ကြည့်၍ တစ်စုံတစ်ခု၏ ဖမ်းစားခြင်းခံထားရကြောင်း ပြောဆိုလာခဲ့သည်။

ထိုအရာသည်က ‘မက်မွန်ပန်းပွင့် ကျိန်စာ’ပင် ဖြစ်ပေသည်။

ဘုန်းကြီးအိုက သူမ၏ခန္ဓာကိုယ်အနီးသို့ လက်တစ်ချက်ဝှေ့ရမ်း၍ ကိုယ်တွင်းမှ မကောင်းဆိုးဝါးဝိဉာဉ်များကို သန့်စင်ပေးခဲ့သည်။

ချက်ချင်းပင် ခန္ဓာကိုယ်သည် ပေါ့ပါးသွားခဲ့ပြီး ခေါင်းတွင်းမှ တွေဝေနေသော ခံစားချက်များလည်း ပျောက်ကွယ်သွားခဲ့လေသည်။

သူမ ဖုန်းကိုထုတ်၍ ငယ်သူငယ်ချင်းဖြင့် ပြောဆိုထားသော chat record များအား ပြန်ဖတ်ကြည့်လိုက်ချိန်တွင် ရွံရှာခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းတို့ကိုသာ ခံစားမိတော့သည်။

ယခင်ကကဲ့သို့ ဒွိဟဖြစ်နေခြင်းများ ပျောက်ကွယ်သွားခဲ့သည်။

ဘုန်းကြီးအိုကြီး၏ ပြောစကားအရ သူမသည်က မကောင်းသော မက်မွန်ပန်းပွင့်၏ ဆွဲဆောင်ခြင်းခံလိုက်ရခြင်းဖြစ်သည်။

သူမက ထိုငယ်သူငယ်ချင်းအပေါ်တွင် စိတ်ယိုင်သွားမိခြင်းသည်လည်း ထိုမကောင်းသောနည်းလမ်းဖြင့် ဆွဲဆောင်ခံလိုက်ရသောကြောင့်သာ ဖြစ်သည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ အင်မတန် တုန်လှုပ်သွားခဲ့ပြီး ရွတ်ဖတ်ပူဇော်ထားသော ပုတီးကုံးများ ဝယ်ယူကာ ဘုန်းကြီးအိုကြီး၏ ညွှန်ကြားချက်အတိုင်း ဝတ်ဆင်ထားလိုက်သည်။

အိမ်သိုးပြန်ရောက်ပြီးနောက် သူမ ရေချိုးသန့်စင်ပြီးချိန်တွင် ပုတီးကုံးများကို ဝတ်ဆင်၍ အိပ်ယာဝင်ခဲ့သည်။ ထိုပုတီးကုံးများကို မချွတ်ရဲပေ။

ထိုအချိန်တွင်း ခေါင်းတွင်း၌ ရှုပ်ထွေးသော ခံစားချက်များလည်း မရှိတော့၊ ငယ်သူငယ်ချင်းနှင့် စကားပြောချင်စိတ်များလည်း ပျောက်ကွယ်သွားခဲ့သည်။

သူမ၏ စိတ်တွင် ဒေါသစိတ်သာ ပြည့်နှက်နေခဲ့ပြီး ထိုရွံစရာကောင်းသည့် ခွေးသားရေကောင်အား မည်သို့ လက်စားချေရမည်ကိုသာ တွေးနေခဲ့မိသည်။

ထိုသို့တွေးနေချိန်မှာပင် ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ က အိပ်ရာဘေးမှ အရုပ်ငယ်ကို လှမ်းယူလိုက်ပြီး ထိုအရုပ်ဖြင့် ဆော့နေခဲ့မိသည်။

ထိုအခိုက်တွင် မနက်ခင်းက သူမဝယ်ယူခဲ့သော အကာအကွယ်မှော်အဆောင်ဖြစ်သည့် လက်တွင် ဝတ်ဆင်ထားသော ပုတီးကုံးများက ရုတ်တရက် အကြောင်းမရှိပါဘဲနှင့် ပြတ်ထွက်သွားခဲ့လေသည်။

ပုတီးစေ့များသည်လည်း အိပ်ရာပေါ်နှင့် ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲသွားခဲ့သည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’မှာ ထိုအဖြစ်ကြောင့် အင်မတန် အံ့အားသင့်သွားခဲ့ရသည်။

ဘုန်းကြီးအိုကြီး၏ အမှာစကားကိုလည်း အမှတ်ရသွားသည်။

‘ဒီဗုဒ္ဓပုတီးတွေက သေချာရွတ်ဖတ်ပူဇော်ထားတာ၊ မင်းရဲ့အနားမှာ မကောင်းတဲ့အရာတွေ ရှိနေတာကို အာရုံခံမိရင်၊

ဒါမှမဟုတ် တစ်ယောက်ယောက်က မှော်ပညာကို အသုံးချပြီး မင်းကို အန္တရာယ်ပေးခဲ့ရင် အဲဒါက မင်းအစား ကာကွယ်ပေးလိမ့်မယ်၊ ကြိုးတွေ ပြတ်မသွားခင်ထိတော့ အဲ့ပုတီးကုံးတွေက အလုပ်,မလုပ်သေးဘူးလို့ ယူဆလို့ရတယ်’

ယခု အဖြစ်အပျက်မှာ သူမ၏ အခန်းက မသန့်စင်ဟု ဆိုလိုခြင်းမဟုတ်ပါလော?

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ တုန်လှုပ်သွားခဲ့ပြီးနောက် လက်ထဲတွင် ကိုင်ထားသည့် အရုပ်မှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ခန္ဓာကိုယ်နှင့် ခေါင်းအား တွဲစပ်ထားသည့် နေရာက အနည်းငယ် ချောင်နေခဲ့လေသည်။

သူမ ထိုအချိန်က တစ်ခုခု လွဲမှားနေသည်ဟု ထင်လိုက်မိပြီး အင်မတန် ကြောက်ရွံ့နေသော်လည်း ကြမ်းပြင်ပေါ်မှ အရုပ်အား ကောက်ယူ၍ ခေါင်းကို အသာဖြုတ်ကြည့်လိုက်သည်။

အရုပ်၏ ခန္ဓာကိုယ်အား ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး အတွင်း၌ အခေါင်းပေါက်ဖြစ်သည်။

အရုပ်ထဲတွင် ထည့်သွင်းထားသော အရာများအား မြင်လိုက်ရပြီးချိန်တွင် သူမ သေလုမျောပါး ထိတ်လန့်သွားမိပြီး လက်ထဲမှ အရုပ်အား လွှင့်ပစ်လိုက်မိသည်။

အထဲတွင် စာရေးထားသော စက္ကူလိပ်နှစ်ခုအား သွေးကဲ့သို့ အရာဖြင့် ဖုံးအုပ်ထားပြီး ထူးဆန်းသော အနံ့ထွက်နေခဲ့သည်။

ထို့အပြင် အရှည်မတူသော ဆံပင်မွှေးများ၊ လက်သည်းစများလည်း ပါဝင်နေခဲ့ပြီး သူမ လွှင့်ပစ်လိုက်သောကြောင့် အပြင်သို့ လွင့်စင်ထွက်လာခဲ့လေသည်။

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ဤနေရာတွင် မည်သို့ နေထိုင်ရပါမည်နည်း?

ချက်ချင်းပင် မိသားစုထံ ဆက်သွယ်ခဲ့ပြီးနောက် မိသားစုဝင်များမှပင် ထိုအရုပ်အား ယူဆောင်ကာ ထူးဆန်းသည့်အရာများအား မြင်နိုင်သည့် ဆရာတစ်ဦးထံသို့ ပြသခဲ့သည်။

ဆရာ၏ ပြောစကားအရ အရုပ်ထဲတွင် သူမနှင့် ငယ်သူငယ်ချင်းတို့၏ မွေးရက်များ ပါဝင်သည်။

ဆံပင်များ၊ လက်သည်းများက ငယ်သူငယ်ချင်းထံမှပင်ဖြစ်သည်။

တနည်းပြောရပါက ထိုအရုပ်သည်က သူမ၏ အထက်တန်းကျောင်းနေဖက်မှ ပေးခြင်းမဟုတ်။ ငယ်သူငယ်ချင်းမှ ကျောင်းနေဖက်အား ငွေပေး၍ ပေးခိုင်းထားခြင်းပင်ဖြစ်ချေသည်။

‘ဒီနည်းလမ်းကို ကြည့်ရတာ ဟူနန်ပြည်နယ်က ပီယအစီအရင်တစ်ခုလိုပဲ၊ ဒီအစီအရင်ကို လုပ်ဆောင်သူက သူအမည်သတ်မှတ်ထားတဲ့ လူရဲ့ အချစ်ကို ဇာတာခွင်တွေ၊ နှစ်ဖက်လူရဲ့ ဆံပင်တွေကို ရောယှက်စေပြီးတော့ မကောင်းတဲ့နည်းလမ်းတွေကို အသုံးပြုထားတယ်၊ ပြီးရင်ထည့်စရာတစ်ခုခုထဲမှာ ထည့်ပိတ်ထားပြီးရင် တစ်ဖက်လူရဲ့ နှလုံးသားကို ရယူနိုင်တယ်’

ငယ်သူငယ်ချင်းမှာ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’၏ လက်သည်းနှင့် ဆံပင်မရှိသော်ငြား သေသေချာချာစဉ်းစားပြီး လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်။

*

All Chapters