← Chapters

ရိုးသားပြီးဖြူစင်

Vol. 12 Ch. 170

ရိုးသားပြီးဖြူစင်

Vol. 12 Ch. 170

လူတိုင်း ကလေးမကို လှည့်ကြည့်လိုက်ပေမဲ့ သူတို့က အမတသက်တံနန်းတော်က အမတအရာရှိအနေနဲ့ပဲ စိတ်ထဲကထုတ်လိုက်ကြတယ်။ သူမက ခန်းဆောင်ထဲ အပြစ်ကင်းဖြူစင်တဲ့ အမူအရာနဲ့ ဝင်လာပြီး လူတိုင်းကို ရဲရဲတင်းတင်းကြီး အကဲခတ်လေရဲ့။

"ဝိုး တိုင်းပြည်အသီးသီးက ဧကရာဇ်တွေအများကြီးပဲ" သူမက ရုတ်တရက် ပြောလာတယ်။ ဒါပေမဲ့ သူမအကြည့်က အသီးစားနေတဲ့ရှန်းရင်ဆီ ရောက်သွားတယ်။ ကြောင်အမ်းသွားပြီးတော့ မျက်လုံးတွေ တောက်ပသွားပြီး ရှန်းရင်ရှေ့ရပ်လေတယ်။

"အာ အစ်မကြီးတစ်ယောက်တောင် ရှိတာပဲ"

သူမက ရှန်းရင်ကို မျက်လုံးပြူးပြီး ခေါင်းစခြေဆုံး ကြည့်တော့တယ်။ ရှန်းရင်ကို တစ်ဘဝလုံး သိလာသလိုမျိုး သူမက မေးတော့တယ်။

"အစ်မကြီး၊ အစ်မကြီးက ဘယ်တိုင်းပြည်ရဲ့ ဧကရာဇ်လဲ" သူမက ရှန်းရင်လက်ကိုပါ လှမ်းကိုင်ဖို့လုပ်သေး။

ယိချင်းက မျက်မှောင်ကြုတ်ပြီး သူမကို တားလိုက်တယ်။

"ကျုပ်ဆရာက လက်ဖက်‌ရည်သောက်နေတာ၊ မရိုင်းပျပါနဲ့"

"အာ" မိန်းကလေးက ခုမှ ရှန်းရင်လက်ထဲက လက်ဖက်ရည်ခွက်ကို သတိထားမိသွားတဲ့ပုံ။ သူမက နောက်ပြန်ဆုတ်ပြီး ရှက်ကိုးရှက်ကန်း လျှာထုတ်လေတယ်။

"တောင်းပန်ပါတယ် အစ်မကြီး အစ်မကြီးကို မြင်ချိန် အရမ်းစိတ်လှုပ်ရှားသွားလို့ပါ၊ လက်ဖက်ရည်သောက်နေတာ သတိမထားမိလိုက်ဘူး"

ရှန်းရင် ဘာမှမတုံ့ပြန်ဘူး။ သူမက ခေါင်းသာငုံ့ပြီး လက်ဖက်ရည်တစ်ငုံ သောက်နေတယ်။

"အစ်မကြီး ဘာလို့ ဘာမှမပြောတာလဲ" မိန်းကလေးက ခေါင်းကိုစောင်းပြီး ရှန်းရင်ကို သေချာ ဆက်လေ့လာနေတယ်။

"တိုင်းပြည်ဧကရာဇ်တွေကြားထဲ ဘာလို့ အစ်မကြီးတစ်ယောက် ရောက်နေလဲ သိချင်ရုံပါ၊ ဟုတ်သား၊ ကျွန်မနာမည်က ဟွေ့လင်ပါ၊ အစ်မကြီးကရော"

"ဟွေ့လင်" သူမ စကားပြောပြီးပြီးချင်း ဝတ်ရုံဖြူနဲ့ အမျိုးသားတစ်ယောက်က ခန်းမထဲ ပြေးဝင်လာတယ်။ သူက ဧကရာဇ်တွေကို ဂါရ၀ပြုပြီး မိန်းကလေးကို မချင့်မရဲကြည့်တော့တယ်။

"ဘယ်လိုလုပ် ဒီနေရာဆီ ပြေးလာရတာလဲ၊ ဒါဧကရာဇ်တွေ အစည်းအဝေးကျင်းပတဲ့နေရာလေ"

"ဂိုဏ်းတူအစ်ကိုလုမင်၊ ညီမက နည်းနည်းလောက် စပ်စုချင်ရုံပါပဲ" မိန်းကလေးက နှုတ်ခမ်းဆူလိုက်ပေမဲ့ အပြစ်ရှိစိတ်မတွေ့ရ။ အဲအစား သူမက အဲလူရဲ့ဝတ်ရုံလက်ကိုဆွဲပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောတော့တယ်။

"ဂိုဏ်းတူအစ်ကို ကြည့်ပါဦး ဧကရာဇ်တွေကကြား အစ်မကြီးတစ်ယောက်ကို တွေ့ထားတယ်၊ ဒါပေမဲ့ အစ်မကြီးက သူကဘယ်တိုင်းပြည်ရဲ့ဧကရာဇ်လဲ မပြောတာ အရမ်းဆိုးတယ်"

လုမင်က ရပ်သွားပြီး ရှန်းရင်ကို ကြည့်လိုက်တယ်။ သူက သူမကျင့်ကြံဆင့်ကို အာရုံခံမိပြီး ကြောင်အမ်းသွားတယ်။ နောက်တော့ မိန်းကလေးကို ထိန်းလိုက်တယ်။

"ဂိုဏ်းတူညီမ၊ စကားပြောတာ သတိထားဦး"

"မဆင်မခြင် လုပ်တာ မဟုတ်ပါဘူး" ဟွေ့လင်က တရှူးရှူးတရှဲရှဲဖြစ်ပြီး ရှန်းရင်ဘက် ပြန်လှည့်ကြည့်တယ်။

"ဂိုဏ်းတူအစ်ကို၊ ကျွန်မကို ဘယ်လိုလုပ် လိမ်ပြောနိုင်ရတာလဲ၊ ပြောတော့ ဖုန့်ချန်တိုက်ကြီးမှာ ဧကရာဇ်ဖြစ်လာတဲ့ အမျိုးသမီးကျင့်ကြံသူ မရှိဘူးဆို၊ ဒီမှာတစ်ယောက်လေ"

"ဂိုဏ်းတူညီမ" လုမင်က အနေရခက်ခက် ရေရွတ်လာတယ်။ သူက ရှန်းရင်ဘက် အားတုံ့အားနာ ကြည့်ပြီး ဟွေ့လင်ကို မျက်နှာချင်းဆိုင်လိုက်တယ်။ သူက လုံးဝ အပြစ်မတင်ဘဲ ချစ်ခင်တဲ့လေသံတစ်မျိုးနဲ့တောင် ပြောလိုက်တယ်။

"ဒါဧကရာဇ် မဟုတ်ဘူး၊ လိမ္မာပါ၊ ငါနဲ့ပြန်လိုက်ခဲ့"

"မဟုတ်တာ" ဟွေ့လင်က ကြောင်အမ်းသွားတဲ့ပုံ။ သူမရဲ့ဂိုဏ်းတူအစ်ကိုကြီး ပြောနေတာကို မယုံကြည်နိုင်ဟန်နဲ့ မျက်လုံးတွေပြူးကုန်တယ်။ သူမက ရှန်းရင်ကိုလှည့်ကြည့်တယ်။

"တကယ်လို့ အစ်မကြီးက ဧကရာဇ်မဟုတ်ရင် ဘာလို့ ဒီမှာထိုင်နေတာလဲ၊ ဒါက ဧကရာဇ်တွေပဲ ထိုင်ဖို့နေရာ မဟုတ်ဘူးလား၊ အစ်မကြီး မြန်မြန်ထပါ ဒါစည်းကမ်းတွေနဲ့ မညီဘူး"

သူမဒါကိုပြောချိန် ပတ်လည်ကလူတိုင်း အမူအရာတွေပြောင်းကုန်တယ်။ အထူးသဖြင့် ကူယွဲ့နဲ့ယိချင်း။ ဧကရာဇ်တွေတောင် ဘာဖြစ်နေလဲ စိတ်ဝင်စားကုန်တဲ့ပုံ။ သူတို့တွေ အဲအမျိုးသမီးက ဘယ်သူလဲ သိချင်နေတာ။ မေးပဲမမေးရဲလို့လေ။

ထိုင်ခုံပေါ် ထိုင်နေဆဲ ရှန်းရင်က ဘာမှမကြားရသလိုမျိုး အသီးကိုပဲ ဆက်ဝါးနေတယ်။

လုမင်က ထခုန်ပြီး ကြောက်လန့်နေတယ်။ ညီမကသာမပြောနိုင်တာ သူကတော့ပြောနိုင်တယ်။ အမျိုးသမီးက သာမန်မြေအမတနဲ့တူပေမဲ့ သူမနောက်ကလူ‌ကတော့ ဧကရာဇ်ငယ်ဆိုတာ အသိသာကြီး။ သူ ဟွေ့လင်ကို ပိုပြီးတော့တောင် မာမာတင်းတင်း ပြောလိုက်တယ်။

"ညီမ စကားကို သေချာကြည့်ပြော"

ဟွေ့လင်က သဘောမပေါက်။ သူမက အသံတိုးပြီး ညည်းတော့တယ်။

"ကျွန်မမှမမှားတာ..."

"အမတကလေး၊ မင်းက စကားပြောတာ တကယ်တော်တာပဲ" ကူယွဲ့ ခပ်ခြောက်ခြောက်ရယ်ပြီး အရှေ့ကို တက်လိုက်တယ်။

"ဧကရာဇ်တွေပဲ ဒီနေရာမှာထိုင်ခွင့်ရှိတယ်လို့ ဘယ်မှာရေးထားလဲ မေးလို့ရပါသလား၊ အမတသက်တံနန်းတော်ရဲ့ စည်းမျဉ်းတွေထဲ ဒီလိုစည်းမျဉ်းမျိုး ဘယ်မှာရှိပါသလဲ၊ ကျုပ်ဝူတိဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘာလို့ ဒီနေရာမှာ ထိုင်လို့မရမှာလဲ၊ ဒါမှမဟုတ် ဆိုလိုချင်တာက... အဇဋာဧကရာဇ် ကျုပ်တို့ကို ဒီနေရာဆီ ကိုယ်တိုင်ဖိတ်ကြားခဲ့တာ ဂိုဏ်းချုပ်က အပြစ်ပေးခံရသလိုမျိုး ရပ်နေဖို့လား"

အမတဘုံရော၊ သေမျိုးဘုံမှာရော ဘယ်သူမှ ရှန်းရင်ကို မရိုင်းရဲကြဘူး။ ဒီလက်ဖက်စိမ်းမလေးက ဘယ်လိုလုပ် ဒီလိုလေသံနဲ့ ပြောရဲတာလဲ။

"အာ..." လုမင်လေသံက အကြောက်တရားနဲ့ ရောစွက်နေတယ်။ သူ လက်သီးနှစ်ဖက် အုပ်မိုးပြီး ဂါရ၀ပြုရတော့တယ်။

"ကျွန်တော့်ဂိုဏ်းတူညီမက ငယ်သေးပြီး ဘာမှမသိသေးလို့ပါ၊ အပြစ်ပြုမိတဲ့စကားပြောမိပါပြီ၊ ကျေးဇူးပြုပြီး သဘောထားကြီးပြီး ဒီတစ်ကြိမ်ခွင့်လွှတ်ပေးပါ" ဒါက အဇဋာဧကရာဇ်ပြောနေတဲ့ ဝူတိဂိုဏ်းမှန်း မသိခဲ့ဘူး။

သူတန့်သွားပြီး ဘေးက မိန်းကလေးကို လှည့်ကြည့်လိုက်တယ်။ သူ့လေသံက ဒီတစ်ခါတော့ အတော်လေး ခက်ထန်နေပြီ။

"ဟွေ့လင်"

ကလေးမက ပိုပြီးတောင်နှုတ်ခမ်းဆူ‌လာပေမဲ့ နည်းနည်းလေးတောင် အပြစ်ရှိသလို ခံစားရတဲ့ပုံမပေါ်။ အဲအစား သူမက အတော်လေးကို နစ်နာသွားသလိုမျိုးပုံ။ လုမင်လက်ကိုဆွဲယူပြီးမာန်တက်စွာနဲ့ လွှဲယမ်းလိုက်တယ်။

"ဂိုဏ်းတူအစ်ကို တောင်းပန်ပါတယ် တမင်လုပ်တာမဟုတ်ပါဘူး" ဘာလို့ အဲလောက်တောင် ကပ်သပ်နေရတာလဲ။

ကူယွဲ့ အမူအရာ မည်းမှောင်သွားတယ်။ သူမက ဘယ်သူ့ကိုတောင်းပန်နေတာတုံး။

လုမင်က မလှုပ်မယှက်ရှိနေသေးတဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။

"ဂိုဏ်းချုပ်၊ ကျွန်တော့်ဂိုဏ်းတူညီမက အသက်သေးတဲ့ အမတလေးပါ၊ သူမက စောနက ဘောင်ကျော်သွားခဲ့မိတယ်၊ ကျေးဇူးပြုပြီး သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးလို့ရမလား"

ရှန်းရင်က ခေါင်းမော့ပြီး အပြစ်ကင်းတဲ့လုမင်ကို လှမ်းကြည့်လိုက်တယ်။ သူမက ရပ်သွားပြီး တုံးတိခေါင်းညိတ်ပြဝောာ့တယ်။

"ကောင်းပြီလေ"

လုမင်က ‌စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချပြီး တစ်ခုခုပြောဖို့စလိုက်တယ်။

ရှန်းရင် ရုတ်တရက်ထရပ်ပြီး လက်ထဲက လက်ဖက်ရည်ခွက်ကိုမြှောက် စောင်းကာ မိန်းကလေးကို လက်ဖက်ရည်နဲ့ ပက်လိုက်တယ်။ မိန်းကလေးက သူမဒီလိုလုပ်မယ်လို့ မထင်ထားတာ အသိသာကြီး။ သူမက ရှန်းရင်ကို အူကြောင်ကြောင်စိုက်ကြည့်ပြီး လက်ဖက်ရည်တွေမျက်နှာမှာ စီးကျနေသလို လက်ဖက်ရွက်တွေက ဆံပင်မှာကပ်နေတော့တယ်။

လူတိုင်း မှင်တက်ကုန်ကြတယ်။

ရှန်းရင်က ကူယွဲ့ဘက်လှည့်ပြီး နှုတ်ခမ်းဆူကာ ဟွေ့လင်ကို လိုက်တုပလိုက်တယ်။ သူမက စက်ရုပ်သံနဲ့ ပြောတော့တယ်။

"ဖေဖေနျို တောင်းပန်ပါတယ် တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး"

ကူယွဲ့က တစ်စက္ကန့်နေတော့ သတိပြန်ဝင်လာပြီး သဘောပေါက်သွားတယ်။ လက်သီးနှစ်ဖက်ဆုပ်ပြီး လုမင်ကို မျက်နှာချင်းဆိုင်ကာ သူသုံးခဲ့တဲ့လေသံအတိုင်း ပြောလိုက်တယ်။

"အမတရောင်းရင်း ကျုပ်ဂိုဏ်းချုပ်က ငယ်ရွယ်ပြီး ဘာမှမသိသေးလို့ပါ၊ အမှားလုပ်မိခဲ့မှန်း သူသိပါတယ်၊ ကျေးဇူးပြုပြီး ဒီတစ်ကြိမ် ခွင့်လွှတ်ပေးပါ"

လုမင် ။ ။ "..."

ဟွေ့လင် ။ ။ "..."

လူအုပ်ကြီး ။ ။ "..."

နှစ်စက္ကန့်အကြာ...။

ဖွီ...။

"ဟားဟားဟား..." ရွှင်ရှူးက ရူးရူးနှမ်းနှမ်းရယ်ရင်း စားပွဲပေါ် လဲကျသွားခဲ့တယ်။ သူနောက်ဆုံးတော့ နားလည်သွားပြီ။ အထက်လောကမှာ ဘယ်သူက တကယ်တော့ ငယ်သေးလို့လဲ။ ရှန်းရင်က သူတို့ပြောတဲ့ပုံစံက ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလဲ ပြလိုက်ရုံပဲ။

ဒီရိုက်ချက်က တကယ်ကို...။

သု တကယ်ကို ဒီငယ်ရွယ်ပြီး မသိလို့ပါဆိုတဲ့ ဆင်ခြေကို ဘယ်တော့မှ အတည်အတံ့ ယူနိုင်တော့မှာ မဟုတ်ဘူး။

ဟွေ့လင်က သူတို့ သူမကိုလှောင်နေတယ်ဆိုတာ ပြောနိုင်တယ်။ ချက်ချင်း ရှက်သွားပြီး ဒေါသထွက်သွားတာပေါ့။ သူမမျက်နှာက ခံစားချက်မျိုးစုံရောပြီး နီရဲနေတယ်။ ရေတစ်စက်စက်နဲ့ သူမက ခန်းမထဲက လှည့်ထွက်ပြေးသွားတော့တယ်။

"ညီမ..." လုမင်က သူမကိုလှမ်းခေါ်တော့တယ်။ သူက ကူယွဲ့နဲ့ရှန်းရင်ကို တစ်ချက် စိန်းစိန်းဝါးဝါး ကြည့်ပြီး ပြေးလိုက်သွားတော့တယ်။

ကူယွဲ့က ရှန်းရင်ကို လက်မထောင်ပြပြီး နောက်ဆုံးတော့ ဒေါသပြေသွားပြီ။ သူ ကလေးမကို ဒေါသထွက်စ ပြုနေတာ။ ရှန်းရင်ကို အခွင့်ကောင်းယူပြီး မြေအမတလေးပဲမို့ အထင်သေးနေတာ အသိသာကြီး။ သူမက ရှန်းရင် ဒီမှာထိုင်ဖို့ မထိုက်တန်ဘူးလို့ ပြောချင်နေတာ အသိသာကြီး။

ဘာမှမသိတဲ့ငနဲတစ်သိုက်ပဲ။ ရှန်းရင်က ဒီမှာထိုင်ဖို့ မသင့်တော်ဘူးဆိုရင် အမတဘုံက ဘယ်သူမှ မသင့်တော်တော့ဘူး။

"တော်တယ်၊ ငါမင်းကို နောက်ထမင်းတစ်နပ်အတွက် ဟင်းပွဲတွေ ထပ်ထည့်ခွင့်ပြုမယ်"

ဟင်းပွဲတွေ

(⊙ o ⊙)

ရှန်းရင် ခေါင်းစောင်းပြီး‌ စောနကအတိုင်း စက်ရုပ်သံနဲ့ ပြောလိုက်တယ်။

"ဖေဖေနျို၊ နင်ဘာတွေပြောနေတာလဲ၊ ငါဘာမှမလုပ်ခဲ့ပါဘူး"

"ဟေးဟေးဟေး... မင်း အဲလက်ဖက်စိမ်းမလိုမျိုး ပြုမူရတာ စွဲလမ်းနေပြီလား"

"ငါနင့်ကိုအမှန်ပြောနေတာပါ"

"တော်လောက်ပြီ လိုက်တုနေတာတော်တော့ မင်း သူနဲ့လုံးဝမတူဘူး၊ လေသံမပြောနဲ့ - အမူအရာပါ ကွဲနေတာ"

"အရမ်းဆိုးတာပဲ အနိုင်မကျင့်ပါနဲ့တော့ ကွင်းစ ရှက်ရှက်ရှက် ကွင်းပိတ်"

"မင်းရဲ့သောက်ကျိုးနည်းအမူအရာကို အသံထွက်ရွတ်ပြနေတာလား"

"ငါကွင်းစကွင်းပိတ် ထည့်တယ်လေ"

"ငါ့ဖင်ကိုကွင်းစကွင်းပိတ် ဒီမှာ စာပို့နေတယ်များ ထင်နေလား၊ ကွင်းစကွင်းပိတ်တွေက မင်းအမူအရာကို နည်းနည်းလေးတောင် မပြောင်းလဲပေးဘူး"

"အိုး"

"ခဏ၊ မင်းကို အူကြောင်ကြောင် အမူအရာ မလုပ်ခိုင်းထားဘူး၊ လက်တွေကိုချလိုက်"

"..."

All Chapters