သတ္တိအတွက်ဆု
Vol. 12 Ch. 174
ကူယွဲ့ ဆက်မေးမို့ပဲရှိသေး ဧကရာဇ်တွေက ဂုဏ်ပြုဖို့ထရပ်နေကြပြီ။
"သူက တကယ်ပဲ အဇဋာဧကရာဇ့်တပည့်ပဲ၊ ကျင့်ကြံဆင့်ကထူးချွန်လှတယ်"
"သူတို့ပြောသလိုပဲ ဆရာကောငခးဆိုတာက အရည်အချင်းရှိတဲ့ တပည့်တွေကို မွေးထုတ်တာပဲ၊ အဇဋာဧကရာဇ်က အရည်အချင်းကို သတိထားမိတဲ့နေရာမှာ တကယ်ကိုတော်တာပဲ၊ အဲဒါကြောင့် အထက်ဘုံဆီခေါ်လာတာပေါ့"
"အဇဋာဧကရာဇ် ကျုပ်တို့ ဒီလိုအရည်အချင်းရှိတဲ့ တပည့်တွေကို ခင်ဗျားလို ဘာလို့ရှာမရတာပါလိမ့်"
"ခင်ဗျားတို့အားလုံး ချီးကျူးလွန်းနေပါပြီ" ချန်ကောက ရယ်ရယ်မောမောနဲ့ပြောတယ်။
"ကျုပ်ရဲ့ဒီတပည့်က ကြိုးကြိုးစားစား လေ့ကျင့်တာမို့ပါ"
ဒါပေမဲ့ ချန်ကောလည်း သူ့တပည့်ကို သံသယတော့ ရှိနေမိတယ်။ တကယ်ဆို ဟွေ့လင်က ခန္ဓာကျင့်ကြံသူတွေအတွက် ပြိုင်ဘက် မဟုတ်ဘူး။ ဒီနေ့ရလဒ်က... ဒါပေမဲ့ သူ ဒီကိစ္စကို ဆက်မတွေးတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမက သူ့တပည့်လေ။
တခြားအုပ်စုတွေကလည်း သူတို့ပြိုင်ပွဲပြီးသွားတယ်။ ဧကရာဇ်တွေက အပြန်အလှန်ဂုဏ်ပြုပြီးတာနဲ့ ချန်ကောက ပြိုင်ပွဲအဆုံးမှာ တရားဝင်ကြေညာတော့တယ်။ လက်ကိုယမ်းပြီး သူက စည်းတံဆိပ်တစ်ခု ဖန်တီးလိုက်တယ်။ အောက်က စင်မြင့်လေးခုက ချက်ချင်း တစ်ခုတည်းဖြစ်သွားပြီး တဖြည်းဖြည်းမြင့်တက်လာတယ်။
စင်မြင့်ပေါ်ရပ်နေတာကတော့ ပြိုင်ပွဲဝင်အုပ်စုတွေဆီက ထိပ်သီးသုံးယောက်စီ။ စစ်ယွီက ရွှေအမြုတေအုပ်စုမှာ ပထမ။ ဖြစ်နိုင်တာက မြေအမတအုပ်စုမှာဖြစ်သွားတာကို သိလို့ထင် သူမက ပျော်တဲ့အရိပ်အယောင်တစ်ချက်မပြဘူး။ အခမ်းအနားတစ်လျှောက်လုံး ခေါင်းငုံ့ထားခဲ့တယ်။
ကူယွဲ့ရင်ထဲ ဖော်မပြနိုင်တဲ့ ဒေါသခံစားနေရတယ်။ ဒီလက်ဖက်စိမ်းမကို သဘောမကျမှုလည်း မြင့်တက်သွားပြီ။ ယိချင်းက မသေမျိုးချီနဲ့ပတ်သက်ပြီး အရမ်းသိလွယ်တယ်။ သူက စင်မြင့်ပေါ်ကလူတွေ အာရုံမခံနိုင်တာကို အာရုံခံနိုင်တယ်။ ပြီးတော့ ခုလေးတင် သူက ဟွေ့လင်ရဲ့ နည်းဗျူဟာနဲ့ပတ်သက်ပြီး သံသယဖြစ်စရာရှိကြောင်း ပြောခဲ့တာ။ ကူယွဲ့ သူ့ကိုယုံတယ်။ ဒါပေမဲ့ ဘာလဲဆိုတာပဲ အတိအကျမပြောနိုင်တာ။
ချန်ကောက ပြိုင်ပွဲဝင်တွေကိုချီးကျူးပြီးတော့ ဆုတွေစတင်ပေးအပ်တော့တယ်။ အများစုက အမတလက်နက်အဆောင်တွေနဲ့ သက်စောင့်ဆေးတွေ။ တစ်ဖွဲ့စီက ထိပ်သီးဆယ်ယောက်လုံး ဆုရကြတယ်။ အဇဋာဧကရာဇ်ဖြစ်တာမို့ ဓမ္မအသုံးအဆောင်တွေအားလုံးကို မျက်တောင်တစ်ချက်မခတ်ဘဲ အကုန်ကမ်းပေးနိုင်တာပေါ့။
ပြီးတော့ အုပ်စုတစ်ခုချင်းစီက ထိပ်သီးပြိုင်ပွဲဝင်က သူတို့နဲ့သင့်တော်တဲ့ ထိပ်တန်းအဆင့်အမတဓမ္မလက်နက် ရွေးခွင့်ရတယ်။ သူတို့ရဲ့ဆုတွေက အထူးတလည် ပြုလုပ်ထားသလိုမျိုး အရည်အသွေးကထိပ်တန်း။ ကူယွဲ့ကတော့ ဟွေ့လင်ပြိုင်ပွဲအကြောင်း စဉ်းစားနေဆဲဖြစ်ပြီး ဆုအပ်နှင်းပွဲမှာစိတ်မဝင်စားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့မှာရှိတဲ့ ဓမ္မလက်နက်တွေအားလုံးက ရွှင်ရှူးကိုယ်တိုင်ကိုယ်ကျ လုပ်ပေးထားတာလေ။
"ဆရာ" ဆုလက်ခံယူဖို့ ဟွေ့လင်အလှည့်ရောက်လာတော့ သူမ လိုချင်တာကို ချန်ကောကို ပြောရမဲ့အစား ရှေ့တက်ပြီးမေးလာတယ်။
"ဓမ္မလက်နက်အဆောင်ကို ငြင်းလို့ရမလားဟင်"
ချန်ကောကသူမကိုပြုံးပြတယ်။ သူက သူ့တပည့်ရဲ့ တဇွတ်ထိုးအကျင့်ကို ကျင့်သားရနေပြီ။ ဒါကြောင့် ချစ်မြတ်နိုးစွာမေးလိုက်တယ်။
"အော် မလိုချင်ဘူးလား" သူ့တပည့်က ဘယ်လိုပဲဖြစ်ဖြစ် ဓမ္မလက်နက်အဆောင် ချို့တဲ့တာမှ မဟုတ်တာ။
"ကျွန်မရဲ့ ကျင့်ကြံဆင့်က အားနည်းတယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ တာအိုလမ်းစဉ်ကို လိုက်ဖို့ ဆုံးဖြတ်ထားတာလေ၊ ကျွန်မရဲ့ အကန့်အသတ်ကိုစမ်းသပ်ဖို့နဲ့ လေ့ကျင့်ဖို့ ပြိုင်ပွဲထဲဝင်ခဲ့တာပါ၊ ဒါပေမဲ့ တစ်ခါမှ မတွေးမိခဲ့ဘူး..." သူမက ဝူတိဂိုဏ်းဆီလှမ်းကြည့်ပြီး နည်းနည်း ရန်လိုနေတဲ့လေသံနဲ့ ဆက်ပြောလေတယ်။
"အနိုင်ရသူ ဖြစ်လာလိမ့်မယ်လို့ပေါ့၊ ဒါကြောင့်... တိုက်ခိုက်ရေးအတွေ့အကြုံစုဆောင်းဖို့ကလွဲ တခြား ဘာမှမလိုချင်ပါဘူး"
ချန်ကော ခေါင်းညိတ်ပြလိုက်တယ်။
"ဒါဆိုမင်းဘာလုပ်ချင်လဲ"
"ကျွန်မ..." ဟွေ့လင်က အကြည့်လွှဲသွားပြီး ရုတ်တရက် စင်မြင့်ပေါ်ထိုင်နေတဲ့ ရှန်းရင်ကို လှမ်းကြည့်တယ်။ သူမက ကျယ်လောင်စွာ ဖြေလိုက်လေတယ်။
"ဝူတိဂိုဏ်းချုပ်နဲ့ နှစ်ယောက်တည်း တိုက်ခိုက်ဖို့ တောင်းဆိုချင်ပါတယ်"
ဘာ။
(⊙_⊙)
လူတိုင်း သူမစကားကြောင့် တိတ်ကုန်ကြတယ်။
"..."
ကျန်တဲ့လူအုပ်ကြီးလည်း ထိတ်လန့်ကုန်ပေမဲ့ ဝူတိဂိုဏ်းက လူတွေကတော့...။
"ဟားဟားဟား၊ ဟားဟားဟား..."
ရယ်သံအကျယ်ကြီးထွက်လာတယ်။ ဝူတိဂိုဏ်းဝင်တွေ မတုံ့ပြန်နိုင်ခင် ရွှင်ရှူးက ခုံကိုထုပြီး အော်ကြီးဟစ်ကျယ်ရယ်နေပြီ။ သူရယ်တာ စားပွဲပေါ် မှောက်လုနီးပါးပဲ။ မျက်လုံးအားလုံး သူ့ပေါ်ရောက်လာတယ်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ် ကျုပ်မနေနိုင်လို့ပါ" ရွှင်ရှူးက မရယ်မိအောင် မနည်းထိန်းနေရတယ်။ နောက်တော့ ချန်ကောဘက်လှည့်ပြီး ပြောလိုက်တယ်။
"အဇဋာဧကရာဇ်၊ ခင်ဗျားရဲ့ ဒီတပည့်က... တကယ့်ကို... ဟားဟား" သူ တကယ်ကို မနေနိုင်တာ။ အရမ်းကို ရယ်စရာကောင်းလွန်းတယ်လေ။
ကူယွဲ့နဲ့ယိချင်းတို့လည်း ထပ်တူထပ်မျှ ဇဝေဇဝါဖြစ်နေတယ်။ သူတို့နှစ်ယောက်လုံး ဒီအသက်အရွယ်ထိ နေလာခဲ့တာတောင် ဒီလောက် သေချင်စိတ်ပြင်းပြနေတဲ့သူ မမြင်ဖူးဘူး။ သူက တကယ်ကြီး ရှန်းရင်ကို တိုက်ခိုက်ချင်တယ်လား။ ဘယ်သူက သူ့ကို သတ္တိပေးထားတာလဲ။ လျန်ကျင့်ရူလား။
[သတ္တိဆိုတဲ့ သီချင်းကိုဆိုခဲ့တဲ့ ထိုင်ဝမ်အဆိုတော်ပါ]
သူတို့မျက်ဝန်းတွေမှာ ရှုပ်ထွေးနေတဲ့အမူအရာနဲ့ ဟွေ့လင်ကို လှမ်းကြည့်ကုန်တယ်။ ဒီလူက... စိတ်ပိုင်းဆိုင်ရာတစ်ခုခု ဖြစ်နေတာများလား။
တကယ်တော့ သူမ တောင်းဆိုရတဲ့အကြောင်းရင်းကို သူတို့နားလည်နိုင်တယ်။ ဒါတွေအားလုံးက သူမ မနေ့က နန်းတော်မှာ အရှက်ခွဲခံရတာကြောင့်မို့ပဲ။ သူမက ဂုဏ်ပြန်ရအောင် အခွင့်အရေး ယူချင်နေတာပဲ။ ခန္ဓာကျင့်ကြံသူတွေကိုအနိုင်ရတာနဲ့တင် မြေအမတရှန်းရင်ကိုပါ အနိုင်ရမယ်လို့ တွေးနေတာပေါ့။
အခုမှပဲ ကူယွဲ့တော့ ဟွေ့လင်က နည်းနည်း - ရိုးအတာလို့ တကယ်ခံစားမိတော့တယ်
သေချာပေါက် ချန်ကောက သူ့တပည့်ရဲ့ ရည်ရွယ်ချက်အစစ်ကို မြင်တာပေါ့။ သူ့အမူအရာက မှောင်မည်းသွားပြီး ဆူလိုက်တယ်။
"လင်အာ မရိုင်းပျနဲ့စမ်း ဂိုဏ်းချုပ်ရှန်းက ဂိုဏ်းတစ်ခုရဲ့ဆရာပဲ၊ ဒါကြောင့် မင်းထက်ဝါကြီးတယ်၊ ဘယ်လိုလုပ် မင်းလို ဝါငယ်တဲ့လူကို တိုက်ခိုက်နိုင်မှာလဲ"
"ဆရာ အမတဘုံက တခြားအရာအားလုံးထက် အရည်အချင်းအစစ်တွေကို အမြဲတန်ဖိုးထားခဲ့တာပါ၊ သူမက ဂိုဏ်းချုပ်ကြောင့်မို့နဲ့တင် တစ်ယောက်နဲ့တစ်ယောက် လက်ရည်ယှဉ်လို့မရတာမရှိပါဘူး"
အလျှော့ပေးဖို့ငြင်းပြီး ဟွေ့လင်က သမာသမတ်ကျတယ်ဆိုတဲ့လေသံနဲ့ ပြောလာတယ်။
"ပြီးတော့... ဒါကနှစ်ယောက်တည်း ယှဉ်ပြိုင်တာတာပဲလေ၊ ဂိုဏ်းချုပ်က အငယ်တစ်ယောက်ကို လမ်းညွှန်တယ်လို့ပဲ သတ်မှတ်လိုက်ပေါ့... ကြောက်နေတာမဟုတ်ရင်... ပြောပါတယ်"
"ပမာမခန့်နိုင်လိုက်တာ" ချန်ကောမျက်နှာက မည်းမှောင်သွားတယ်။
"ဆရာ..." ဟွေ့လင်က စိတ်ထိခိုက်နစ်နာသွားတဲ့ပုံ။ ဘာလို့ သူက အမြဲရှန်းရင်ဘက် ပါနေရတာလဲ။
ချန်ကောက စိတ်ရှုပ်လာတယ်။ သူက ဝူတိဂိုဏ်းနဲ့ သင့်မြတ်ချင်တာ။ ဒါပေမဲ့ ဟွေ့လင်ရဲ့ မှတ်ချက်တွေက သူမရဲ့ တဇွတ်ထိုးဆန်တဲ့စရိုက်အရ မထင်မှတ်ထားစရာတော့ မဟုတ်ဘူး။ သူ ဘာလုပ်ရမလဲမသိ လွန်ဆွဲနေတယ်။ ဒါပေမဲ့ ရှန်းရင်ရဲ့ တကယ့် အစွမ်းအစစ်ကိုလည်း သိချင်စိတ်က တိတ်တခိုးရှိနေတာ။
"ကျုပ်တပည့်က ခင်ဗျားတို့ကိုရိုင်းပျမိရင် တောင်းပန်ပါတယ်"
"လုံးဝမဖြစ်ပါဘူး အဇဋာဧကရာဇ်" ကူယွဲ့မျက်လုံးထဲ တောက်ပမှုတွေနဲ့။
"ခင်ဗျားတပည့်ကမှန်ပါတယ်၊ ကျင့်ကြံသူတွေကြား လက်ရည်ချင်းယှဉ်ကြတာ ပုံမှန်ပါပဲ၊ ပြီးတော့ သူက အနိုင်ရသူလေ၊ သူက အရည်အချင်းတွေတိုးတက်အောင်လုပ်ဖို့ ဆန္ဒပြင်းပြနေတာ ပျော်သင့်တယ်"
"ဒါပေမဲ့..." ချန်ကောက ကူယွဲ့ရည်ရွယ်ချက်ကို အဖြေမဖော်နိုင်ရှာဘူး။
"သူက အငယ်တစ်ယောက်ပဲလေ"
"ဟုတ်ပါတယ်... မှန်ပါတယ်" ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
"ဒါက ထိခိုက်ဒဏ်ရာရသွားနိုင်တယ်"
"ကျွန်မ မကြောက်ဘူး" ဟွေ့လင်က ရုတ်တရက် အသံမြှင့်ပြောတယ်။
"ဂိုဏ်းချုပ်ရှန်း ကျွန်မတို့စပြီးတိုက်ခိုက်ကြရအောင်၊ ဘာဒဏ်ရာပဲရရ ကျွန်မ မညည်းပါဘူး"
"အဲလိုဆိုရင်တော့... ကောင်းပြီလေ" ကူယွဲ့က သက်ပြင်းချလိုက်ပေမဲ့ မျက်လုံးတွေကတော့ ကွေးသွားတယ်။ ရှန်းရင်ဘက် လှည့်ပြီး သူပြောလိုက်တယ်။
"သွား ရှန်းရင်" ငါ့မျက်နှာထောက်စရာမလိုဘူး။ ကြိတ်သာကြိတ်.
ရှန်းရင် ။ ။ "..."
ဘာလို့ သူက သူမထက်တောင် ပျော်နေတယ်လို့ ခံစားမိနေတာပါလိမ့်။
"အဲမြေခွေးအိုကတော့" ရွှင်ရှူး မျက်ဆန်လှန်ပြီး တိတ်တိတ်လေး ဆူလိုက်တယ်။ ကူယွဲ့အစတည်းက သူမကို ပညာပေးချင်နေတာ အသိသာကြီး။ ဒါပေမဲ့ ဒီတောင်စဉ်ရေမရတွေပြောပြီး တမင်ပဲ အတင်းအကြပ် ဖိအားပေးခံရလို့ လုပ်တဲ့ပုံစံမျိုး လုပ်နေသေး။
"ဂိုဏ်းချုပ်ရှန်း ကျေးဇူးပြုပြီး" ဟွေ့လင်က သူမနောက်က စင်မြင့်ဆီလျှောက်သွားပြီး ယုံကြည်ချက်အပြည့်အဝနဲ့။
ဒီအဆင့်ရောက်တော့ ချန်ကော ဆက်ပြီးငြင်းသင့်တယ်မခံစားရတော့မို့ ထိုင်ခုံဆီ ပြန်လာခဲ့တယ်။ စင်မြင့်ပတ်လည်မှာ ထိုင်နေတဲ့ ဧကရာဇ်တွေအားလုံးက စိတ်လှုပ်ရှားနေတဲ့ပုံ။ သူတို့က ယိချင်းကို အငြိုးထားနေတာမို့ တစ်ယောက်ယောက်က အစားဝင်ခံပေးဖို့ဆန္ဒရှိနေတာကို ပျော်တာထက်တောင် ပိုသေး။ ပြီးတော့ ဒီလူက အဇဋာဧကရာဇ်ရဲ့ တပည့်။ ဒီလိုဂိုဏ်းချုပ်ကို ရွေးတာ သူတို့အပြစ်ပဲ။ လူတိုင်းက ဝူတိဂိုဏ်း အရှက်ကွဲမှာကို စောင့်နေကြတယ်။
ရွှင်ရှူးနဲ့ ဝူတိဂိုဏ်းသားတွေကလွဲ အားလုံးက... မျက်နှာပေါ် တုံးအတဲ့အမူအရာတွေနဲ့။
"ရှန်းရင် မြန်မြန်သွားလေ" ကူယွဲ့က လောပြီး သူမလက်ထဲက အသီးကို လုလိုက်တယ်။
"တော်ပြီ၊ စားတာတော်တော့၊ စင်မြင့်ပေါ်တက်"
ရှန်းရင်က နောက်ဆုံးတော့ ထရပ်ပြီး အေးအေးလူလူ စင်မြင့်ဆီ လျှောက်လာခဲ့တယ်။ ဟိုက် စိတ်ရှုပ်စရာကောင်းလိုက်တာ။
သူမစိမ်ပြေနပြေ လမ်းလျှောက်လာပြီး နောက်ဆုံးတော့ စင်လယ်ဆီ ရောက်လာခဲ့တယ်။ ပတ်ပတ်လည်က အင်းကွက်အစီအရင်တွေက လင်းထိန်ပြန်သွားပြီး ပွဲကြည့်ပရိသတ်တွေဆီကနေ ကာထားလိုက်တယ်။
ဟွေ့လင် သူမရှေ့က ပျင်းတိပျင်းရွဲလူကို ကြည့်လိုက်တယ်။ အေးစက်စက်နှာမှုတ်ပြီး သူမက ယုံကြည်ချက်ရှိရှိ ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ရှန်း ကျေးဇူးပြုပြီး ခဏနေကျအပြစ်ပြုမိရင် ခွင့်လွှတ်ပေးပါ၊ မစိုးရိမ်ပါနဲ့ ကျွန်မကိုယ်ကျွန်မ ချုပ်တည်းထားပါ့မယ်၊ ကျွန်မ ရှင့်ကို ထိခိုက်အောင်မလုပ်ပါဘူး... အရမ်းကြီးပေါ့"
သူမက သူမပြိုင်ဘက် ဒူးထောက်ပြီးအသနားခံမှာကို မြင်နိုင်သလိုမျိုး တမင်သက်သက် နောက်ဆုံးစကားလုံးတွေကို ဖိပြောလေရဲ့။
ရှန်းရင်က ပျင်းနေသေးတဲ့ပုံစံမျိုးနဲ့ ခေါင်းကို ငဲ့စောင်းထားတုန်း။ သူမအကြည့်က ဟွေ့လင်လည်ပင်းပေါ် ရောက်သွားခဲ့တယ်။
"နင်နိုင်နိုင်တာ သေချာရဲ့လား"
"သေချာပေါက်ပေါ့" ဟွေ့လင်က ပိုပြီးမော်ကြွားစွာရယ်တော့တယ်။
"ကျွန်မ ရှင့်ဂိုဏ်း