ဇဝေဇဝါဖြစ်စေသောပုံရိပ်ယောင်များ
Vol. 12 Ch. 180
ရှန်းရင်တို့တွေ ရွှီးမီကွင်းကို ပြန်ရောက်ချိန် အင်းကွက်အပြင်မှာ အမတတွေ မရှိတော့ဘူး။ တခြားအမတတွေ ထွက်ပြေးသွားတာလား လူကယ်ဖို့ အင်းကွက်ထဲဝင်သွားတာလားမသိ။ သူတို့ပြောနိုင်တာကတော့ ကီလိုမီတာပတ်လည်ကျယ်တဲ့ သွေးရဲရဲနီ အမိုးခုံးကြီးပဲ။ သူတို့ အမိုးခုံးကြီးပေါ် ပျံတက်သွားပြီး အထဲကိုကြည့်လိုက်တယ်။ သူတို့ ညာဘက်ခြမ်းမှာ လူတစ်စုကို ခပ်ရေးရေးမြင်လိုက်ရတယ်။ သူတို့က တိုက်ပွဲကိုကြည့်နေခဲ့ကြတဲ့ ဧကရာဇ်တွေပဲ။ စားဖိုမှူးနဲ့ဖေဖေနျိုလည်း အဲမှာရှိနေတယ်။ ဒါပေမဲ့ အားလုံးက မလှုက်မယှက် ကြမ်းပြင်ပေါ်လဲနေကျတာ။ အင်းကွက်တစ်ခုလုံးထဲ အားလုံးက ပကတိတိတ်ဆိတ်နေတယ်။ လူတစ်ယောက်မှ အသက်ရှူနေပုံမပေါ်။ ကြည့်ရတာ အိပ်ပျော်နေကြသလိုမျိုး။ "ဘာတွေဖြစ်နေတာလဲ" လန်ဟွားက ချူရွှမ့်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ ဒါက အမတသုတ်သင်အင်းကွက်လား၊ ဒါမှမဟုတ် ဝိညာဉ်ရှုပ်ထွေးအင်းကွက်လား။ ဘာလို့အားလုံး သတိလစ်နေကျတာလဲ။ "အဇဋာ... ဧကရာဇ် ဒါ လက္ခဏာတစ်ခုပါပဲ၊ အင်းကွင်က ပြီးသွားပြီဆိုတော့ သူတို့ရဲ့ မူလဝိညာဉ်တွေက အထဲမှာပိတ်မိနေတာ" ချူရွှမ်က ရှင်းပြရင်း နောက်ထပ်သိုင်းတစ်ခုထုတ်ပြီး လက်ကိုမြှောက်ကာ အင်းကွက်ဆှ ယမ်းလိုက်တယ်။ ရဲရဲနီနေတဲ့သွေးရောင်က ခဏတာ ရပ်ဆိုင်းသွားပြီးတော့ ရွှေရောင်အလင်းတန်းကြီး ဖြတ်ခနဲလင်းသွားပြီး အမိုးခုံးထဲက အရာအားလုံး ပြောင်းလဲသွားတယ်။ ရှေးဟောင်းစွန့်ပစ်မြေ မဟုတ်တော့ဘူး။ အဲနေရာမှာ ချော်ရည်တွေ၊ ကျောက်တွေနဲ့ တောင်ထွတ်ကြီးတစ်ခုပဲ ရှိနေတယ်။ သူတို့ဘယ်နေရာပဲကြည့်ကြည့် ငရဲပမာ ကြောက်စရာကောင်းနေတယ်။ ပထဲက လေက လေပြင်းဓားတွေ၊ ဓားချီတွေနဲ့ ပြည့်နေတယ်။ စောနက သတိလစ်နေတယ်လို့ မြင်ခဲ့ရတဲ့ အမမတွေက အထဲမှာ တကွဲတပြားစီနဲ့ လေပြင်းဓားတွေကို တိုက်ခိုက်နေပေမဲ့ ဘယ်သူမှ အဲတိုက်ခိုက်ချက်တွေ အများကြီးကို မကာကွယ်နိုင်ခဲ့ဘူး။ တချို့လေပြင်းဓားတွေက လူအုပ်ကြီးတွေကို ထိမှန်ကုန်မှာ။ ကြည့်ရတာ တိုက်ခိုက်မှုက ထာဝရဆက်သွားနေမဲ့ပုံ။ တကယ်လို့ ဒီလိုသာ ဆက်သွားနေရင် သေချာပေါက် အထဲကလူတွေတော့ အသေထိုးခံရတော့မှာပဲ။ "အမတတွေက အသက်ရှည်ကြတယ်၊ သူတို့ နောက်ဆုံးလက်ကျန် အသက်ရှိသရွေ့ အသက်ပြန်ရှင်လာနိုင်တယ်" ချူရွှမ်က ရှင်းပြလာတယ်။ "အဲဒါကြောင့် အမတတွေကို တိုက်ခိုက်ဖို့ သာမန်တိုက်ခိုက်မှုတွေ သုံးလို့မရတာ၊ အမတသုတ်သင်အင်းကွက်က အမတရဲ့ မူလဝိညာဉ် ပျက်စီးပြီး အမတမသေခင်ထိ ပိတ်လှောင်ထားလိုက်တာ" ဒါကြောင့် သူတို့လှဲနေတယ်လို့မြင်ရတာက အမတတွေရဲ့ ကိုယ်တွေပဲ။ "အဓိပ္ပာယ်မရှိတာတွေရပ်တော့ - ချက်ချင်း အင်းကွက်ကိုဖျက်ဆီးပစ်" ရှန်းရင်က ချူရွှမ်ကို လန်ဟွားနောက်ကနေ ဆွဲခေါ်လိုက်တယ်။ နေ့လယ်ချိန်တောင်ရောက်နေပြီ။ "ကျုပ်... ကျုပ်... ချိုးဖောက်လို့မရဘူး" ချုရွှမ့်ခြေထောက်တွေက ပျော့ခွေပြီး ဒူးထောက်ကျလုနီးပါးဖြစ်သွားခဲ့တယ်။ "မင်းက အင်းကွက်ကို ဖန်တီးခဲ့ပြီး မချိုးဖောက်နိုင်ဘူးတဲ့လား" လန်ဟွားက သူ့ကို သံသယနဲ့ ကြည့်လိုက်တယ်။ သူနောက်နေတာလား။ "ကျွန်တော် တကယ်ကို မချိုးဖောက်နိုင်တာ၊ ဒါက ရှေးဟောင်းအင်းကွက်ပဲ - အစတည်းက ဒီမှာရှိနေခဲ့တာ၊ ကျွန်တော်လည်း လွန်ခဲ့တဲ့နှစ်ရာချီလောက်ကမှသိခဲ့ရတာ" ချူရွှမ်က မျက်ရည်ထွက်မတတ်ဖြစ်နေတယ်။ အဇဋာဧကရာဇ်တွေသာ အင်းကွက်ကို ချိုးဖောက်နည်းသိရင် သူချန်ကောအပေါ် သုံးခဲ့မှာမဟုတ်ဘူး။ "ဒီအင်းကွက်က ယင်ယန် ဓာတ်ကြီးငါးပါးပေါ် ရှာတွေ့ထားတာ၊ အင်းကွက်အလယ်နဲ့နီးလေ အန္တရာယ်များလေပဲ၊ အင်းကွက်ထဲက မြင်ကွင်းကလည်း ဆက်တိုက်ပြောင်းနေတာ၊ သူတို့ အင်းကွက်ကိုချိုးဖောက်ဖို့ အိပ်မက်မမက်ခင် အင်းကွက်နှလုံးသားကိုဖျက်ဆီးရမှာ၊ ဝင်သွားရင်တောင် အဲကိုရောက်နိုင်မှာမဟုတ်ဘူး" အဲတော့ အပြင်ကနေ ဖျက်ဆီးဖို့နည်းမရှိသလို အထဲဝင်သွားတာနဲ့ လွတ်မြောက်ဖို့ကို မေ့ပစ်လိုက်ရမယ်ပေါ့။ "ပြီးတော့..." သူက အောက်က အမိုးခုံးကိုလက်ညှိုးထိုးပြလာတယ်။ "အင်းကွက်က ပြီးသွားမို့ အမိုးခုံးထဲ တခြားကမ္ဘာဖြစ်သွားပြီ၊ ဒီအင်းကွက်ထဲက နံရံတွေက ဘုံတံခါးတွေထက်တောင် မာသေးတယ်၊ လုံးဝနည်းမ..." ဂျွတ်...။ သူစကားမဆုံးခင် ရှန်းရင်က ငုံ့ပြီး အမိုးခုံးဆီ လက်လှမ်းကာ အားနည်းနည်းထည့် ဆွဲဖြဲလိုက်တယ်။ ချူရွှမ် ပြောနေတဲ့ ဘုံတံခါးတွေထက်တောင် သန်မာတယ်ဆိုတဲ့နံရံတွေက ကျိုး... ကျိုး... ကျိုးသွားလေရဲ့... စာရွက်လေးလို Σ(°△°|||) ချူရွှမ် ။ ။ "..." လန်ဟွား ။ ။ "..." ကံစမ်းရုံသက်သက်ရှန်းရင် ။ ။ "..." ချူရွှမ် ။ ။ ဒါက အမတသုတ်သင်အင်းကွက်အတုဖြစ်ရမယ်။ ဒါက ခိုင်ခံ့ပြီး ကြောက်စရာကောင်းတဲ့ ရှေးဟောင်းအင်းကွက်လို့ထင်နေခဲ့တာလေ။ လန်ဟွား ။ ။ ဒါက အမတသုတ်သင်အင်းကွက်အတုဖြစ်ရမယ်။ တကယ်ပဲ အဇဋာဧကရာဇ်တွေ ပြောတဲ့စကားကို ယုံလို့မရဘူး ရှန်းရင် ။ ။ ဒါက အမတသုတ်သင်အင်းကွက်အတုဖြစ်ရမယ်။ ဝိညာဉ်ချုပ်နှောင်စာရင်းကို ဖတ်ဖူးထားတာ - သူတော်ကောင်းတွေပဲ ဖွင့်နိုင်တယ်လို့ ပြောထားတာမဟုတ်လား။ ဟိုက် ဒီလိုသာစောစောကသိခဲ့မယ်ဆိုရင် သူဌေးရဲ့ သူငယ်ချင်းကောင်းကိုပါ ခေါ်မလာပါဘူး။ သူတို့ဆက်ဆံရေးကို ဆက်ဖြေရှင်းဖို့ နှစ်ယောက်ကို အဲမှာထားခဲ့မိမှာ။ "အာ... ကောင်းပြီလေ စားဖိုမှူးကို ကူရှာပေးဦး" သူမ လောလောဆယ် အရေးကြီးကိစ္စကို မှတ်မိသွားတယ်။ ရှန်းရင်က လန်ဟွားကိုဘေးတွန်းပြီး ရုတ်ထရက် ထပ်ပြောလာတယ်။ "ဖေဖေနျိုကိုရောပဲ" လန်ဟွားက အင်းကွက်အဟကို မယုံကြည်နိုင်စွာ ကြည့်နေပြီးမှ ခေါင်းငုံ့ပြီး သေချာကြည့်လိုက်တယ်။ "သူတို့တွေအဲမှာပဲ" လန်ဟွားက ကောင်းကင်စိတ်အာရုံကိုသုံးပြီး ဝူတိဂိုဏ်းအုပ်စုတည်နေရာကို ရှာလိုက်တယ်။ သူ အမိုးခုံးညာဘက်အောက်ခြေထောင့်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။ "သွားကြရအောင်" ရှန်းရင် သူတို့ကိုသွားခေါ်ဖို့လုပ်ပေမဲ့ သူမက လန်ဟွားတားတာခံလိုက်ရတယ်။ "ခဏ" လန်ဟွား မျက်မှောင်ကြုတ်လိုက်တယ်။ "တစ်ခုခုပုံမှန်မဟုတ်ပါဘူး" သေချာကြည့်လိုက်တော့ အုပ်စုက ဝူတိဂိုဏ်းရှိနေတဲ့ထောင့်က တခြားနေရာတွေထက် အများကြီး တိတ်ဆိတ်နေတာမြင်လိုက်ရတယ်။ အန္တရာယ်မရှိ၊ လေပြင်းဓားတွေမရှိ၊ ဓားချီမရှိ။ အဲအစား ငြိမ်းချမ်းနေတဲ့ပန်းဥယျာဉ်တစ်ခုပဲရှိနေပြီး သူတို့ရှိနေတဲ့နေရာက အရမ်းကို ဘေးကင်းနေတဲ့ပုံ။ ဘာကြောင့်မှန်းမသိ အတူတူရပ်နေတဲ့ ကူယွဲ့နဲ့ ယိချင်းကလွဲ အားလုံးက တကွဲတပြား။ ကြည့်ရတာ... သူတို့က တခြားလူတိုင်းကို ရွံရှာတဲ့ပုံမျိုး။ "အဲဒါ... ပုံရိပ်ယောင်တောင်ကြားပဲ" ချူရွှမ်က ထစ်ငေါ့ပြီး ထိတ်လန့်နေတယ်။ သူ ရှန်းရင်ဘက်လှည့်ပြီး သူမက သူ့ကိုလှမ်းရိုက်မှာကြောက်နေသလိုမျိုး နောက်နှစ်လှမ်းဆုတ်သွားတယ်။ "အဲဒါဘာသဘောလဲ" ရှန်းရင်က တန့်သွားတယ်။ "ပုံရိပ်ယောင်တောင်ကြားက ပုံရိပ်ယောင်တွေ အစစ်အမှန်ဖြစ်လာတဲ့နေရာပဲ" လန်ဟွားအမူအရာက ပျက်သွားပြီးမျက်မှောင်ကြုတ်လိုက်တယ်။ သူ အဲလိုနေရာမှာ အမတသုတ်သင်အင်းကွက်ရဲ့အထဲမှာ ရှိနေမယ်လို့ မထင်ခဲ့ဘူး။ "အထဲမှာ ပန်းရနံ့တွေက လူတစ်ယောက်အကြောက်ဆုံး ဒါမှမဟုတ် တန်ဖိုးအထားဆုံး အရာအဖြစ် ပုံစံဖွဲ့သွားလိမ့်မယ်၊ စိတ်နတ်ဆိုးတွေနဲ့ အရမ်းကိုဆင်တယ်၊ ဒါပေမဲ့ သူတို့က အကောင်အထည်ရှိပြီးဆက်ဆံလို့ရတယ်၊ အဲဒါကြောင့် ပုံရိပ်ယောင်နဲ့အစစ်ကြား ခွဲခြားဖို့ သူတို့အတွက် အရမ်းခက်တာပဲ" လန်ဟွားက သူတို့သုံးယောက်ကိုကာကွယ်ဖို့ အင်းကွက်တစ်ခုဖန်တီးလိုက်တယ်။ နောက်တော့ သူက အသံတိုးပြီး ညွှန်ကြားလာတယ်။ "အဲအင်းကွက်နား မသွားနဲ့၊ မဟုတ်ရင် ငါတို့ ပန်းရနံ့တွေသက်ရောက်တာခံရလိမ့်မယ်" "အော်" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ လန်ဟွားက သူ့ဓားပျံပေါ်တက်ပြီး အင်းကွက်ထဲက အပေါက်ဆီဝင်လာခဲ့တယ်။ အဲအချိန် ပုံရိပ်ယောင်တောင်ကြားထဲရောက်နေတဲ့ ယိချင်းနဲ့ ကူယွဲ့တို့ တစ်ခုခုလွဲနေတာ သတိထားမိသွားခဲ့တယ်။ သူတို့ဟိုဟိုဒီဒီကြည့်လိုက်တယ်။ "ဘာတွေဖြစ်နေတာလဲ၊ ယွီဟုန်တို့ရော" လူတိုင်း စောနက တူတူစုဝေးခဲ့ကြပေမဲ့ ဥယျာဉ်ထဲ ဝင်ဝင်ချင်းမှာတင် နှစ်ယောက်ပဲကျန်ခဲ့တယ်။ သူတို့အရှေ့မှာတော့ ပန်းတွေကလွဲ မြင်ရသမျှက မီးခိုးတွေ။ "သူတို့ အရှိန်အဝါကို ခံစားလို့မရဘူး" ယိချင်းက သူ့ခေါင်းကိုယမ်းလိုက်တယ်။ ကူယွဲ့ မျက်နှာပျက်သွားခဲ့တယ်။ "သူ့ဥယျာဉ်နဲ့ပတ်သက်ပြီး တစ်ခုခုတော့လွဲနေပြီ၊ သတိထား" ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့ သူ ရပ်ပြီး သူ့ရှေ့ကိုမော့ကြည့်မိသွားတယ်။ "အဲဒါ... ဆရာပဲ" မြူခိုးထဲကနေ ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုထွက်လာတယ်။ ဒါပေမဲ့ ကူယွဲ့ ယိချင်းပြန်ဆွဲထားတာခံလိုက်ရတယ်။ "ခဏ" "ဘာလို့လဲ" ကူယွဲ့တန့်သွားခဲ့တယ်။ သူ ယိချင်းကို လှည့်ကြည့်လိုက်တော့ တစ်ခုခုဆိုတာ နားလည်သွားပြီး မလှုပ်တော့ဘူး။ "နင်တို့နှစ်ယောက် ဘာဖြစ်နေတာလဲ၊ ဘာလို့အဲမှာပဲရပ်နေတာလဲ" ရှန်းရင်က အဝေးက လက်ယမ်းပြလာတယ်။ "ငါနဲ့လိုက်ခဲ့၊ ဒီအင်းကွက်ထဲ အန္တရာယ်အရမ်းများတယ်" သူမစကားဆုံးဆုံးချင်း ယိချင်းရော ကူယွဲ့ပါ မျက်မှောင်ကြုတ်လိုက်တယ်။ "ရှန်းရင် ဒီနေရာက ဘယ်လိုထွက်ရမလဲ မင်းသိလား" ကူယွဲ့ မေးလိုက်တယ်။ "ဒါပေါ့ - ငါနင်တို့ကို ဘယ်လိုကယ်မယ်ထင်နေတာလဲ" ရှန်းရင်က မျက်ဆန်လှန်လိုက်တယ်။ "လမ်းက ဘယ်ဘက်လံ" "အဲဘက်၊ ငါနဲ့လိုက်ခဲ့ မြန်မြန်၊ အရှေ့ဘက်ကိုသွားရုံနဲ့တင် အပြင်ရောက်သွားလိမ့်မယ်" နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီး ပြိုင်တူ ဓားတွေကိုမြှောက်လိုက်တယ်။ ရှန်းရင်ဆီ ဦးတည်ပြီး တုံ့ဆိုင်းမှုမရှိ အချက်ပေါင်းများစွာ ဓားနဲ့ထိုးတော့တာပဲ။ "ဒီငကြောင်က ဘယ်ကလာတာပါလိမ့်၊ ပုံတူကူးတာတောင် မတိကျဘူး၊ ရှန်းရင် အဲကောင်မစုတ်လေးက လမ်းဆို ဘယ်ဘက်မှ မမှတ်မိတာကို" "ပေါ့ပျက်လိုက်တဲ့ သရုပ်ဆောင်ချက်ပဲ - ဆရာ့ကိုပုံတူကူးရဲတယ်ပေါ့၊ လေးနှစ်ကြာတာတောင် ရေလောင်းပြီးရင် နောက်ဖေးခြံထဲကနေ တစ်ယောက်တည်း ဘယ်တော့မှ ပြန်မလာတတ်တာကို၊ ဒီပုံတူကူးတဲ့သုက လမ်းသိတယ်လို့ ဘယ်လိုများပြောနိုင်တာပါလိမ့်" တစ်ခဏအတွင်း ဓားအချက်ထောင်ချီ ဥယျာဉ်ထဲက လေထုထဲ ပြည့်သွားခဲ့တယ်။ သူတို့တွေ "ရှန်းရင်" အတုကိုခုတ်တာ ခုတ်တာဆိုတာ မြေကြီးပေါ် သစ်ကိုင်းခြောက်ပုံပဲကျန်တော့တယ်။ မနီးမဝေးတွင်။ ချူရွှမ် ။ ။ "..." လန်ဟွား ။ ။ "..." ဆင်းလာကာစ ရှန်းရင် ။ ။ "..." ကောင်စုတ်တွေ နှစ်ယောက်သား အဆင်ပြေနေပေမဲ့ ဘာလို့ သူမ ဒီလောက်ဆိုးဆိုးဝါးဝါး စိတ်တိုမိတာပါလိမ့်။ ...