← Chapters

တိုက်ကြီးနှစ်ခု၏ တိုက်ပွဲ

Vol. 12 Ch. 178

တိုက်ကြီးနှစ်ခု၏ တိုက်ပွဲ

Vol. 12 Ch. 178

ငါးမိနစ်အတွင်း သူမပြိုင်ဘက်က စင်ပေါ်ကနေ ဆုတ်ခွာရခါနီးဖြစ်နေပြီ။ ဟွေ့လင် လက်ထဲက ဓားကိုလှည့်လိုက်တော့ ဓမ္မဂါထာက ပြောင်းသွားတယ်။ သံကွင်းတွေထောင်ချီ ကောင်းကင်မှာ ချက်ချင်းစုဝေးလာပြီး‌တဲ့နောက် ကြိုးအဖြစ် အသွင်ပြောင်းသွားပြီး သူမပြိုင်ဘက်ဆီ ပျံသန်းသွားတယ်။ ဟွေ့လင်က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်။ သူမမျက်နှာပေါ်မှာတော့ အောင်ပွဲခံအပြုံးနဲ့။ "ပြီးသွားပြီ" "မှန်တယ်" အဲမှာတင် အမျိုးသားတစ်ယောက်ရဲ့ အသံက ရုတ်တရက် သူမနောက်ကနေ ထွက်လာတယ်။ နောက်အခိုက်အတန့်မှာတင် ကြောက်မက်စရာ ဓားတစ်ချောင်းက‌သူမဆီ လွှဲယမ်းလာလေရဲ့။ ကြောင်အမ်းနေပြီး ဟွေ့လင် သူမကိုယ်သူမကာကွယ်ချင်ပေမဲ့နောက်ကျလွန်းသွားခဲ့ပြီ။ တလက်လက်တောက်နေတဲ့ ဓားက သူမမျက်နှာဆီ ရောက်လာတယ်။ "တကယ်ပြီးပြီ.." "အား" ဟွေ့လင် အော်လိုက်တယ်။ အဲအရေးကြီးအခိုက်အတန့်မှာတင် သူမရဲ့ ဓမ္မဝတ်ရုံ အကာအကွယ်အင်္ကျီက အသက်ဝင်သွားပြီး ဓားက သူမကိုယ်ပေါ် ရောက်မလာဘဲ ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို တားဆီးသွားတယ်။ "ဟမ်" သူမကို တိုက်ခိုက်သူက အံ့ဩတကြီး နောက်ဆုတ်သွားခဲ့တယ်။ ဟွေ့လင်လည်း နောက်‌ကိုဆုတ်ခဲ့တယ်။ အခု သူမကို တိုက်ခိုက်သူဟာ ပြိုင်ဘက်အဖွဲ့ရဲ့ သုံးယောက်ထဲက တစ်ယောက်ဆိုတာ သေချာပေါက်မြင်လိုက်ရပြီ။ သူ သူမနောက် ဘယ်ချိန်ရောက်လာလဲဆိုတာတောင် မသိလိုက်ဘူး။ အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဟွေ့လင်ရဲ့ တိုက်ခိုက်မှု အတွေ့အကြုံမရှိတာက ပြသနေပြီ။ သူမက ပြိုင်ဘက်ရဲ့ သိုင်းကွက်ကြောင့် ဆိုးဆိုးဝါးဝါး ပျာယာခတ်သွားခဲ့တယ်။ အလိုလိုနေရင်း သူမက မီးတောက်နှိမ်နင်းယပ်တောင်ကို ဆုပ်ကိုင်ပြီး အနောက်ဘက်ကို လွှဲယမ်းလိုက်တယ်။ ချက်ချင်းပဲ သွေဖည်မီးလျှံက မီးတောက်တွေအဖြစ် ပေါက်ကွဲထွက်လာပြီး စင်မြင့်ပေါ်က တစ်ခုတည်းသောဘေးကင်းတဲ့နေရာဆီ ဝါးမျိုသွားလေတယ်။ သူမပြိုင်ဘက်က တစ်ခဏ မှင်တက်နေပြီးတဲ့နောက် သရော်ပြုံးထပြုံးတယ်။ မိုက်မဲလိုက်တဲ့အရူးပဲ သူက သွေဖည်မီးလျှံကို လမ်းလွှဲဖို့ချိပ်တစ်ခု ဖန်တီးလိုက်တယ်။ သူမ သွေဖည်မီးလျှံထဲ ချောင်ပိတ်မိနေအောင် ဘယ်လိုလုပ်ရမလဲ ဦးနှောက်ထဲအကြံထုတ်နေခဲ့တာ။ ချက်ချင်းပဲ သူက အရှေ့ကိုလှည့်ပြီး အမိန့်ပေးလိုက်တယ်။ "အစီအရင်ကို အသက်သွင်း" တစ်ခါတည်းနဲ့ ယောက်ျားနှစ်ယောက်က ကောင်းကင်ကနေ ဆင်းသက်လာတယ်။ သူ့လက်ထဲ ဓမ္မချိပ်တစ်ခုကို ကိုင်ထားပြီး ကိုယ်ကိုကိုင်း မြေကြီးထဲ စိုက်လိုက်တယ်။ မြေကြီးကို ဖုံးလွှမ်းနေတဲ့ သွေဖည်မီးလျှံက မျက်စိကျိန်းစရာ အဖြူရောင်အလင်းတန်းတွေ ထွက်လာပြီး အင်းကွက်အစီအရင်က တောက်ပစွာ ထိန်လင်းသွားတယ်။ အင်းကွက်အစီအရင် ပုံစံက ရုတ်တရက် စင်မြင့်ပေါ် ပေါ်လာတယ်။ ဟွေ့လင်ဆင့်ခေါ်ထားပေမဲ့ သူမပြိုင်ဘက်သုံးယောက် ရိုက်ချတာခံလိုက်ရတဲ့ ရွှေရောင်သံကွင်းက တကယ်တော့ အစီအရင်ကိုအသက်သွင်းပေးတဲ့ ကြားခံပဲ။ သုံးယောက်သားက အစီအရင်အင်းကွက်ချတဲ့သူတွေ၊ ပြီးတော့လည်း...။ "ဓာတ်ကြီးငါးပါး ပြောင်းပြန်အစီအရင်" လူအုပ်ကြီးထဲက တစ်ယောက်က အံ့ဩတကြီး ထအော်လာတယ်။ အင်းကွက်အစီအရင်က ခုတော့ စင်မြင့်တစ်ခုလုံးမှာ လင်းထိန်သွားပြီ။ ‌တောက်ပစွာ လောင်ကျွမ်းနေတဲ့ သွေဖည်မီးလျှံက ချက်ချင်းပဲ ‌ငြိမ်းသက်သွားလေရဲ့။ စင်မြင့်တစ်ခုလုံးက အခုတော့ ရေခဲပြင်လွှာဖုံးနေပြီ။ ချွန်မြတဲ့ ရေခဲဓားသွားအလင်းတန်းတွေက အင်းကွက်အစီအရင်ကနေ ထွက်ပေါ်လာပြီး ဟွေ့လင်ဆီ တန်းတန်းမတ်မတ်ဦးတည်တော့တယ်။ "အား" ဟွေ့လင်က ကြောက်လန့်တကြား ထအော်တယ်။ သူမက ရေခဲကို အရည်ဖျော်ဖို့ မီးတောက်နှိမ်နင်းယပ်တောင်သုံးပြီး သွေဖည်မီးလျှံဆင့်ခေါ်ချင်ပေမဲ့ လက်ထဲ ရုတ်တရက် လေးသွားတယ်။ ငုံ့ကြည့်လိုက်တော့ သူမလက်တစ်ဖက်လုံးက ရေခဲလွှာထူကြီးဖုံးအုပ်နေပြီ။ အခု သူမက မီးတောက်နှိမ်နင်းယပ်တောင်ကို သုံးဖို့မပြောနဲ့ မသေမျိုးချီကိုပါ အသက်မသွင်းနိုင်တော့ဘူး။ ဓာတ်ကြီးငါးပါးပြောင်းပြန်အစီအရင်က အင်းကွက်ထဲက ဓာတ်ကြီးငါးပါးမှော်အတတ်ကို ပြောင်းပြန်လှန်ပေးတာပဲ။ မီးတောက်နှိမ်နင်းယပ်တောင်က သွေဖည်မီးလျှံကိုဆင့်ခေါ်တယ်။ အင်းကွက်ထဲကနေ ထွက်လာတာကတော့ မီးနဲ့ပတ်သက်တာဘာကိုမဆို ခဲအောင်လုပ်နိုင်တဲ့ နှစ်တစ်ထောင်ရေခဲ။ ဟွေ့လင် လုံးဝသွေးပျက်နေပြီ။ သူမက ပြေးထွက်ချင်ပေမဲ့ ပတ်ပတ်လည်က ရေခဲက တားမြစ်ထားပြီး သူမကို တောင့်ခဲသွားစေချင်သလိုမျိုး အနည်းကို တဖြည်းဖြည်းတိုးလာတယ်။ သူမမှာ ထွက်ပြေးစရာနေရာ မရှိတော့ဘူး။ သွေဖည်မီးလျှံကြောင့် ထောင့်ကို ကပ်နေခဲ့ရတဲ့လူနှစ်ယောက်ကို သူမ လှမ်းကြည့်မိလိုက်တယ်။ သူတို့က ခုတော့ အင်းကွက်အစီအရင်အပြင်မှာတင် ရပ်နေပြီ။ ဝူတိဂိုဏ်းက အမျိုးသမီးနှစ်ယောက်အဖွဲ့က သူတို့ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတယ်။ နောက်တော့ ဂိုဏ်းကတစ်စုံ‌တစ်ယောက်သော အကြီးအကဲရဲ့ အမြော်အမြင်ကြီးလှတဲ့ အကြံပေးမှုက စိတ်ထဲဝင်လာခဲ့တယ်။ ဒါကြောင့် တပည့်နံပါတ်၁က ရှေ့ကိုတက်လာပြီး လက်ကိုဆန့်ထုတ် မြေကြီးပေါ်လှဲချလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူမက ကြည်လင်စူးရှတဲ့လေသံနဲ့ အော်လိုက်လေရဲ့။ "အိုက်ယား ငါလဲကျသွားပြီ" "ညီမလေး" တပည့်နံပါတ်၂က စိုးရိမ်တကြီး လှမ်းခေါ်တယ်။ ရုတ်တရက် သူလည်း မြေကြီးပေါ် လဲကျသွားတယ်။ "အိုက်ယား ငါလည်းလဲကျသွားပြီ" ရှန်းရင် ။ ။ "..." ယိချင်း ။ ။ "..." ချန်ကော ။ ။ "..." ဧကရာဇ်များ ။ ။ "..." တစ်ချိန်တည်းမှာပဲ မျက်စိပေါင်းများစွာက ကူယွဲ့ဘက် လှည့်လာကြတော့တယ်။ ကူယွဲ့ ။ ။ "..." သောက်ကျိုးနည်း ငါ မင်းတို့ကို အဲလောက်ဟန်များအောင် သရုပ်ဆောင်ဖို့ ဘယ်‌တုန်းကမှ မပြောခဲ့ပါဘူး (╯°Д°)╯(┴┴ တစ်နေရာလုံး ကြက်သီးထစရာ တိတ်ဆိတ်ကုန်တယ်။ ဆန့်ကျင်ဘက်အသင်းက သုံးယောက်က ပထမဆုံးတုံ့ပြန်တဲ့သူ။ တခြားမိန်းကလေးနှစ်ယောက်ကို စိတ်ဝင်စားမှုမရှိဘဲ ဟွေ့လင်ကိုပဲ လက်ညှိုးထိုးပြီး လှမ်းပြောလိုက်တယ်။ "သူ့ကို အရင်အဆုံးသတ်" နောက်တော့ ဓမ္မလက်နက်ကို ဆုပ်ကိုင်ပြီး သူမဆီဦးတည်သွားတော့တယ်။ "ဟင့်အင်း..." ဟွေ့လင်က ချက်ချင်း ဖြူဖျော့သွားပြီ။ ပုန်းစရာနေရာမရှိတာမြင်တော့ သူမရဲ့ လက်ကောက်ကိုဆွဲထုတ်ပြီး ရွှေသံကွင်းထောင်ချီကို ဆင့်ခေါ်လိုက်တယ်။ ဒါပေမဲ့ သူမ ကြောက်နေတာ အသိသာကြီး။ သိုင်းကွက်တွေက လုံးဝကိုဖရိုဖရဲ။ သူမက ရွှေသံကွင်းတွေကိုဆင့်ခေါ်ထို့ပဲ အာရုံစိုက်နေပေမဲ့ ပစ်မှတ်တွေ‌ဆီကိုတော့ မဟုတ်ဘူး။ ထင်ထားသလိုပဲ ကွင်းတွေက ဘယ်ပြိုင်ဘက်ကိုမှ မထိသွားဘဲ ဝိုင်းရံထားတဲ့ရေခဲတိုင်တွေကိုပဲ ထိမှန်သွားတယ်။ ဒီတိုင်တွေက သူမရဲ့ ရွှေသံကွင်းတွေကြောင့်ဖြစ်လာတဲ့ အင်းကွက်ကနေ ဖြစ်ပေါ်လာတာ။ သူတို့က ဓာတ်ချင်းတူတာ‌မို့ ကွင်းတွေက တိုင်တွေကို မဖျက်ဆီးရုံတင်မကဘဲ သူမပေါ်ပြန်ကန်ထွက်လာခဲ့တယ်။ ဟွေ့လင်က အချိန်မီ မရှောင်လိုက်နိုင်ဘူး။ တစ်ခဏအတွင်း သူမမျက်နှာက ယောင်ကိုင်းလာပြီး ပွန်းပဲ့သွားတယ်။ သူမဒဏ်ရာတွေက ပြိုင်ဘက်ကြောင့်မဟုတ်ဘဲ သူမရဲ့ကိုယ်ပိုင်ကွင်းတွေကြောင့်ပဲ။ ကောင်းကင်က သုံးယောက် ။ ။ "..." ရန်သူတွေ သူတို့အသက်ကိုသူ လိုလိုလားလားကမ်းလှမ်းတာ သူတို့အတွက် အသစ်အဆန်းပဲ။ သုံးယောက်က ဆက်ပြီးအချိန်ဆွဲမနေတော့ဘဲ သူတို့ရန်သူ အာရုံမစိုက်နိုင်တော့ဘူးဆိုတော့ အခုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပြီ။ သူမရဲ့ ဓမ္မအကာအကွယ်ဝတ်ရုံကို သူတို့ဓားနဲ့ အမတမှော်အတတ်တွေက မထိရောက်တာမို့ သူတို့ ကန်ကျောက်ပြီး တိုက်ခိုက်ဖို့ပဲလုပ်ရတော့တယ်။ သိပ်မကြာခင် ဧရိယာတစ်ခုလုံးက တစ်စုံတစ်ယောက်သောသူရဲ့ ကြောက်ခမန်းလိလိ ဝက်လို စူးစူးဝါးဝါးအော်သံတွေနဲ့ ပြည့်နေခဲ့တယ်။ သူမရဲ့အပြစ်ကင်းပြီး ဖြူစင်တဲ့ရုပ်သွင်က လုံးဝပျောက်ကွယ်သွားခဲ့ပြီ။ ချန်ကောမျက်နှာက ချက်ချင်းမည်းမှောင်သွားတယ်။ လက်ကို ဆုပ်ပြီး အသက်ဝဝရှူကာ စင်‌မြင့်ပေါ် ပြေးတက်ချင်စိတ်ကို တောင့်ခံနေရတယ်။ သုံးယောက်က တစ်ခဏနေတော့ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြတယ်။ ဖြစ်နိုင်တာက သူတို့ပြိုင်ဘက်က ခုခံဖို့အားမရှိတာ ပြောနိုင်သွားလို့ထင် သူမကိုစင်မြင့်ပေါ်က တန်းကန်ချလိုက်တော့တယ်။ "လင်အာ" ချန်ကော ရှေ့ပြေးတက်ပြီး သူ့တပည့်ကို ပွေ့ဖက်ကာ ပွဲကြည့်စင်ဆီ ပြန်လာခဲ့တယ်။ သူ ဆိုးဆိုးရွားရွား ထောင်းခံထားရတဲ့ ဟွေ့လင်ကို ကုပေးရင်း တစ်ဖက်ခြမ်းမှာထိုင်နေတဲ့ ချူရွှမ်ကို ဒေါသတကြီး ကြည့်လိုက်တယ်။ လက်ရည်စမ်းပြိုင်ပွဲဖြစ်တာတောင် သူတို့တိုက်ခိုက်မှုမှာ အကြီးအကျယ် လက်ပါတာပဲ။ ဝူတိဂိုဏ်းကိုလည်း နည်းနည်းစိတ်ခုသွားခဲ့တယ်။ သူတို့ သူမကို တမင်သက်သက် လာကူဖို့ရှောင်ခဲ့တာပဲ။ "ဆရာ..." ဟွေ့လင်က သူ့ကို သနားစရာ လှမ်းခေါ်တယ်။ သူမသာ ချောမောပြီး ချစ်စရာကောင်းနေသေးရင်တော့ ပွဲကြည့်ပရိသတ်ဆီက စာနာမှုရကောင်းရနိုင်ခဲ့ပေမဲ့ ခုတော့ ဘယ်သူမှ...။ ချန်ကောက လွဲ‌လို့ပေါ့။ ဟွေ့လင်ကို နှင်းဆီရောင်သန်းနေတဲ့ အမြင်အာရုံကနေတစ်ဆင့် ကြည့်နေဆဲဖြစ်ပြီး နူးညံ့စွာပြောလေတယ်။ "လိမ္မာနော်၊ ပြန်မသက်သာလာခင်ထိ စကားမပြောနဲ့" "အာ... သူက မင်းတပည့်ကိုး" ချူရွှမ်က ဟွေ့လင်ရဲ့ ချန်ကောအတွင် အရေးကြီးမှုကို သတိထားမိလာတဲ့ပုံ။ အေးစက်စက်နှာမှုတ်ပြီး သူက လှောင်ရယ်လိုက်တယ်။ "ဟုတ်သား၊ မင်းလိုလူတစ်ယောက်ကပဲ ဒီလိုအသုံးမကျတဲ့တပည့်ကို ခေါ်ထားမှာ" "မင်း..." ချန်ကော ဒေါသပေါက်ကွဲနေပမဲ့ ထိန်းချုပ်ထားဆဲ။ ချူရွှမ်က မော်ကြွားစွာ ရယ်တော့တယ်။ "ကြည့်ရတာ ငါ့ဟယ်ချွမ်အဖွဲ့က... ဟမ်" သူစကားတောင်မဆုံးခင် စင်မြင့်ပေါ်ကနေ မသေမျိုးချီတွေ အလိပ်လိုက်ကြွလာတာကို ခံစားလိုက်ရတဲ့အတွက် အလိုလိုငုံ့ကြည့်လိုက်တယ်။ သူ ဖြေရှင်းရလွယ်မယ်ထင်ထားတဲ့ တပည့်နှစ်ယောက်က အခု ဟွေ့လင်ထွက်သွားရတော့ စင်မြင့်ပေါ်ရပ်နေပြီး သူတို့ကိုယ်ကနေ မသေမျိုးချီတွေ ပန်းထွက်နေပြီ။ သူတို့ရဲ့နဂိုက ပုပုသေးသေးကိုယ်ခန္ဓာတွေက ရှည်ထွက်လာပြီး ပိန်ပါးတဲ့လက်မောင်းတွေကနေ ကြွက်သားတွေထွက်လာတယ်။ သူတို့တွေက... ခန္ဓာကျင့်ကြံသူတွေပဲ။ အံ့ဩစရာ သူတို့ကရှိသေးတာလား။ Σ(°△°|||) ချူရွှမ်လိုမျိုးပဲ စင်မြင့်ပေါ်ကသုံးယောက်လည်း ဒီခန္ဓာကျင့်ကြံသူတွေကို ဘာလုပ်ရမှန်းမသိတော့ဘူး။ သူတို့ကို တိုက်ခိုက်ဖို့ရှေ့ ပြေးတက်လာတဲ့လူတောင် အူကြောင်ကြောင်ဖြစ်နေတယ်။ သူ နောက်ပြန်ဆုတ်မို့ပဲရှိသေး လက်သီးတစ်ချက်က မျက်စိရှေ့ဖြတ်ပြေးသွားခဲ့တယ်။ သူ့ရင်ဘက်မှာ စူးခနဲအတော်လေးနာကျင်သွားတယ်။ နောက်အခိုက်အတန့်မှာတော့ မြေကြီးပေါ်လဲနေပြီး ထိုးချက်ကြောင့် ပြားနေပြီ။ သူ့လည်မျိုထိ သွေးတွေ ထိုးတက်လာပြီး ပါးစပ်ကနေ အန်ထွက်တော့တယ်။ "ဆရာတူညီလေး" လေထဲကနှစ်ယောက်က ထိတ်လန့်တကြား အော်ခေါ်တော့တယ်။ သူတို့ သူ့ကို သွားကူညီဖို့ရှိသေး အနောက်ကနေ ရွှီးခနဲ အသံတစ်သံကြားလိုက်ရတယ်။ နှစ်ယောက်သား သူတို့ကိုယ်သူတို့ခုခံဖို့ အလိုလို လှည့်လိုက်ချိန် တခြားခန္ဓာကျင့်ကြံသူက ညာဘက်ကလူကို ကန်ဖို့ ခြေထောက်မြှောက်နေပြီ။ သူ နောက်ဆုံးအခိုက်အတန့်လေးမှာ အကာအကွယ်အင်းကွက် ဆင့်ခေါ်နိုင်သွားတယ်။ ခွပ် အင်းကွက်က သူမခြေထောက်အောက် ကြေမွသွားပြီး စင်မြင့်ပေါ်ကနေ ကန်ထုတ်ခံလိုက်ရလေရဲ့။ ဟမ်။ ကျန်တဲ့တစ်ယောက် တုံ့မပြန်နိုင်ခင် လက်သီးတစ်ချက်က သူတို့ဆီ ဝဲပျံလာပြီ။ သူ့ကိုယ်ပေါ် တောင့်မခံနိုင်တဲ့ဖိအားတစ်ခု ခံစားလိုက်ရပြီး‌တဲ့နောက် ထိမှန်ပြီး ကောင်းကင်ကနေ အရှိန်နဲ့ကျလာစေတော့တယ်။ ဘွန်း သူ့တစ်ကိုယ်လုံးက စင်မြင့်ကနေပါ ကျွံကျပြီး မြေကြီးထဲလက်မတချို့စာ ပါဝင်သွားလေတယ်။ နောက်တော့ မေ့သွားလေရဲ့။ ခန္ဓာကျင့်ကြံသူနှစ်ယောက်... ယေး အဲစိတ်အနှောင့်အယှက်ဖြစ်စရာမရှိရင် သူတို့ ဘာစိတ်စနိုးစနောင့်မှမဖြစ်ဘဲ အခုတိုက်ခိုင်လို့ရပြီ။ အိုး၊ ဒါပေမဲ့ ပြိုင်ပွဲက ပြီးသွားပြီပေါ့ လူအုပ်ကြီး ။ ။ "...

All Chapters