← Chapters

မိသားစု

Vol. 1 Ch. 4

မိသားစု

Vol. 1 Ch. 4

လုမင်ယွိသည် လီဟောက်ကို ရိုက်နှက်ပြီးနောက်တွင် သူမ၏စိတ်အခြေအနေမှာ အများကြီး သက်သာသွားခဲ့၏။

လုမင်ယွိက ထိုနေရာတွင် ခဏလောက်ရပ်နေပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူမ၏ညာဖက်လက်က လှုပ်ရှားမှုတစ်ခုနှင့်အတူ သူမ၏လက်ထဲက ဓားရှည်သည် မျက်လုံးများပါနေသယောင် လက်နက်စင်ဆီသို့ ပျံသန်းသွားတော့သည်။

"စစ်ကျဲ (နံပါတ်လေး အစ်မ)!"

"စစ်မေ့ (နံပါတ်လေး ညီမ)!"

ရင်းနှီးနေပြီးသားခြေသံများသည် ကွင်းထဲတွင် ချည်းကပ်လာပြီး အရပ်အမောင်း မတူညီသည့် ပုံရိပ်၃ခုသည် သူမရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

လုမင်ယွိသည် ခေါင်းကို လှည့်လိုက်ပြီး လှမ်းကြည့်လိုက်သောအခါ သူမ၏နှာခေါင်းမှာ မွှန်ထူသွားပြီး မျက်လုံးများကလည်း အနည်းငယ် နွေးထွေးလာခဲ့သည်။

စစ်ပွဲအတွင်းတွင် ရဲမက်တစ်ယောက်သည် စစ်မြေပြင်၌ သေဆုံးရမည်။ သူမ အဖေလုလင်းသည် သဘောထားကြီးမားသူဖြစ်ပြီး စစ်ပွဲအတွင်းတွင် သေဆုံးသွားခဲ့သည့် ရဲမက်များအား များပြားသည့်အငြိမ်းစားလစာကို ပေးအပ်ခဲ့သည်။ မျိုးနွယ်ထဲတွင် စောင့်ရှောက်ပေးကြမည့် ဆွေမျိုးသားချင်းများ မရှိသည့် သေဆုံးသွားပြီဖြစ်သော ရဲမက်များ၏ကလေးများကို မွေးစားသား မွေးစားသမီးများအဖြစ် သဘောထားခဲ့သည်။

အကြီးဆုံးအစ်မ လုမင်ဖန်းသည် လုမင်ယွိထက် ၈နှစ်ပိုကြီး၏။

လုမင်ဖန်း၏အဖေအရင်းသည် လုလင်း၏ လက်ထောက်ရဲမက် တစ်ယောက်ဖြစ်ပြီး လုလင်းအတွက် မြှားကို ကာကွယ်ပေးခြင်းက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထိုနှစ်က လုမင်ယွိသည် အသက်၃နှစ်သာ ရှိသေးသည်။ လုမင်ဖန်းကတော့ တည်တည်ငြိမ်ငြိမ် ဂရုတစိုက်ဖြင့် သတိကြီးသူဖြစ်ကာ အစ်မကြီးက အမေနှင့်တူသဖြင့် လုမင်ယွိသည် သူမ၏အကြီးဆုံးအစ်မအပေါ် နက်ရှိုင်းသည့်ခံစားချက်များ ရှိလေသည်။

လုမင်ဖန်းသည် အသက်၁၈နှစ်အရွယ်တွင် လက်ထပ်ခဲ့ပြီး သူမ၏ယောက္ခမသည် လုလင်း၏လက်အောက်က စစ်ရေးစစ်သူကြီး တစ်ယောက်ဖြစ်ကာ သူမ၏ယောကျာ်း ကျန်းကျုံ့ကလည်း အရည်အချင်းရှိသည့် လူငယ်တစ်ယောက်ဟု မှတ်ယူနိုင်သည်။

ဒုတိယအစ်ကိုလုဖေးကတော့ လုမင်ယွိထက် ၃နှစ်ကြီးသည်။ ရှင်းရန်ဝမ် သေဆုံးပြီးနောက်တွင် လုဖေးသည် ရှင်းရန်စစ်တပ်ကို တာဝန်ယူပြီး စစ်ပွဲတွင် အောင်မြင်မှုအများကြီး ပြုလုပ်နိုင်ခဲ့သဖြင့် ကျုံးယုံဟိုအဖြစ် အမည်ခံ နိုင်ခဲ့သည်။

တတိယအစ်မ လုမင်ဟွားသည် လုမင်ယွိထက် ၁နှစ်ကြီးသည်။

လုမင်ယွိက ၄ယောက်မြောက်ဖြစ်သည်။

၅ယောက်မြောက်ညီမလေး လုမင်ယွဲ့သည် လုမင်ယွိထက် ၃နှစ်ပိုငယ်သည်။

နံပါတ်၆မောင်လေး လုရွှမ်းကတော့ လုမင်ယွိထက် ၅နှစ်ပိုငယ်သည်။ လုရွှမ်းသည် မှုခင်းဆိုင်ရာကိစ္စရပ်များကို ပိုပြီးစိတ်ဝင်စား၏။ လီဟောက် ဘုရင်ဖြစ်လာပြီးနောက်တွင် လုလင်းက အရှင်မင်းကြီးထံမှ ခွင့်ပြုချက်တောင်းဆိုခဲ့ပြီး လုရွှမ်းကို တရားရေးဝန်ကြီးဋ္ဌာနတွင် ရာထူးတစ်ခု ထမ်းဆောင်စေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ လုရွှမ်းသည် ရာထူးများ တစ်ဆင့်ပြီးတစ်ဆင့် တက်လာပြီး နောက်ဆုံးတော့ တရားရေးဝန်ကြီးဋ္ဌာန၏ လက်ထောက်ဝန်ကြီး တစ်ယောက် ဖြစ်လာခဲ့သည်။

သူတို့သည် လုမင်ယွိ၏အရင်းနှီးဆုံး မိသားစုဝင်များဖြစ်ကာ သူမ၏သစ္စာအရှိဆုံး အားပေးသူများလည်း ဖြစ်သည်။

သူမ၏အရင်ဘဝတွင် လီဟောက်သည် နန်းတက်ပြီးနောက်တွင် လုမိသားစုကို တိုက်ခိုက်ခဲ့၏။ လီချန်သည် နဂါးပုလ္လင်ပေါ်၌ ထိုင်ခဲ့ပြီးနောက်တွင် သူသည်လုမောင်နှမများကို ပိုပြီးကြောက်ရွံ့လာခဲ့သည်။ လုမိသားစုသည် သာ့ဝေတိုင်းပြည်တွင် နံပါတ်တစ် စစ်ဖက်မိသားစုတစ်ခုဟု လူသိများပြီး နှစ်အနည်းငယ် အတွင်းမှာပင် အားနည်းလာခဲ့သည်။

သူမ သေဆုံးသွားပြီးကတည်းက လုမိသားစုကို ကာကွယ်ပေးမည့်သူ မရှိတော့ချေ။ လီချန်၏အငြိုးအတေးကြီးမားသည့် စိတ်သဘောထားကို မှန်းကြည့်မည်ဆိုလျှင် လုမိသားစုထဲက လူတိုင်း၏ကံတရားကို ခန့်မှန်းနိုင်ပေသည်။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး လုမင်ယွိ၏ရင်ထဲတွင် ညိုးငယ်သွားတော့၏။

ငါ မျက်ကန်းတစ်ယောက် ဖြစ်ခဲ့ပြီး မှားယွင်းတဲ့လူကို လက်ထပ်ခဲ့မိတာပဲ!

မိသားစုကို နွံအိုင်ထဲကို ဆွဲချခဲ့မိတယ်။

ဒီအချိန်တွင်တော့ ငယ်သေးသည့် စန်းမေ့နှင့် အဆော့သန်ကြသည့် ညီအစ်ကိုမောင်နှမများသည် သူမ၏ရှေ့တည့်တည့်တွင် ရပ်နေကြသည်။ သူတို့သည် သူမကို စိုးရိမ်တကြီး ကြည့်နေကြ၏။

လုမင်ယွိက သူမ၏ရင်ထဲက နာကျင်မှုများကို မြိုချထားလိုက်ကာ သူတို့ကို ပြုံးပြလိုက်သည်။

"စန်းကျဲ(တတိယအစ်မ)၊ ဝူမေ့(ညီမလေး)၊ လျို့တိ(ဆဋ္ဌမမောင်လေး) ဘာဖြစ်လို့ ဒီကိုရောက်လာကြတာလဲ"

အကြီးဆုံး လုမင်ဖန်းသည် အိမ်ထောင်ကျသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။ အစ်ကို၂လုဖေးသည် စစ်တပ်ဖြင့် ရှေ့တန်းထွက်နေပြီ ဖြစ်သည်။ ယခုအချိန်တွင်တော့ လုမင်ယွိတို့ မောင်နှမ၄ယောက်သာ အိမ်တွင် ကျန်ရစ်ခဲ့သည်။

မျက်ခုံးလှလှလေးနှင့် သိမ်မွေ့သည့်စိတ်သဘောထားရှိသည့် လုမင်ဟွားက ရှေ့သို့တက်လာကာ လုမင်ယွိ၏လက်ကို လှမ်းကိုင်လိုက်ပြီး ပျော့ပြောင်းစွာ ပြောလိုက်သည်။

"စစ်ကျဲ(စတုတ္ထအစ်မ) မနေ့ညတုန်းက အပြင်းဖျားထားတယ်လေ။ ဒီနေ့ အနားယူသင့်တာပေါ့ ဘာဖြစ်လို့ သိုင်းလေ့ကျင့်ရေးကွင်းထဲကို ထပ်လာတာလဲ"

လုမင်ယွိသည် အရွယ်ငယ်ငယ် လှပပြီးသိမ်မွေ့သည့် တတိယအစ်မကို ကြည့်လိုက်၏။ သူမ၏စိတ်ထဲတွင် ဖျတ်ကနဲ ပေါ်လာသည့်အရာမှာ ယခင်ဘဝက အိုမင်းရင့်ရော်ပြီး အရွယ်မတိုင်သေးခင် အိုမင်းသွားခဲ့သည့် မျက်နှာလေးတစ်ခုပင်။

သူမ၏အရင်ဘဝတွင် လုမင်ဟွားသည် ကျိုးလီဟူသည့် ချောမောပြီး ပထမအဆင့် ပညာသင်ဆုရရှိခဲ့သည့် ပညာသင်တစ်ယောက်နှင့် အိမ်ထောင်ကျခဲ့သည်။

ကျိုးလီသည် အရည်အချင်းရှိပြီး ချောမောခန့်ညားကာ ဥပတိရုပ် ကောင်းသူတစ်ယောက်ဖြစ်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ မိသားစုနောက်ခံပင်။

ကျိုးမိသားစုသည် သာမန်မိသားစုတစ်ခုဖြစ်ပြီး လယ်လုပ်ပြီး ပညာသင်သည့် မိသားစုတစ်ခုမှ လာခဲ့သဖြင့် သူတို့သည် နာမည်ဂုဏ်သတင်းကို မရှိလှချေ။ ရှင်းရန်ဝမ်က သူ့ကို သားမက်တော်ချင်သည်ဟု အရိပ်အမွှက် ပြောပြလိုက်သည်တွင် ကျိုးမိသားစုတစ်ခုလုံးကလည်း အလွန်ဝမ်းသာသွားကြသည်။

လုမင်ဟွားသည် လက်မထပ်ခင်တွင် ကျိုးလီနှင့် တွေ့ဆုံခဲ့ဖူးသည်။ ကျိုးလီသည် အရည်အချင်း မရှိသူဖြစ်သော်ငြားလည်း အပြင်ပန်းကတော့ ရွှေနှင့်ကျောက်များ ရောစပ်ထားသည့် ကောင်လေးဟု ဆိုနိုင်သည်။။

လုမင်ဟွားကလည်း သူ့ကို မြင်မြင်ချင်း စိတ်လှုပ်ရှားကာ သူ့ကိုလက်ထပ်ဖို့ရန် သဘောတူခဲ့သည်။

ကျိုးလီသည် ရာထူးဂုဏ်ဒြပ်တစ်ခုကို စိတ်အားထက်သန်ပြီး တော်တော်လေးလည်း သွေးနားထင်ကြီးသူတစ်ယောက်ပင်။ လက်ထပ်ပြီး နှစ်အနည်းငယ်အတွင်းတွင်တော့ လုမင်ဟွားအပေါ် ညင်သာသိမ်မွေ့ပြီး စဥ်းစားတွေးတောပေးတတ်ကာ တော်တော်လေးလည်း အသေးစိတ်ကျခဲ့သည်။ လုမင်ဟွားသည် အိမ်ထောင်ကျပြီး အစောပိုင်းတွင် ပျော်ရွှင်ခဲ့ရပြီး သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို မွေးဖွားခဲ့သည်။

လုလင်းက စစ်မြေပြင်တွင် ဆုံးပါးသွားပြီးနောက်တွင် သူမ၏ဒုတိယအစ်ကိုလုဖေးသည် ကျုံးယုံဟိုဟု အမည်ခံပြီး ရှင်းရန်စစ်တပ်ကို တာဝန်ယူခဲ့ရသည်။ သူမကလည်း အိမ်ရှေ့စံမိဖုရား ဖြစ်လာပြီးနောက် တိုင်းပြည်၏မိဖုရားခေါင် ဖြစ်လာခဲ့သည်။

လုမိသားစုတွင် အတောင်များ ပြည့်စုံနေသည့်အချိန်တွင် ကျိုးလီသည် လုမင်ဟွားအပေါ် အလွန်ကောင်းမွန်ခဲ့၏။ ယုံရှီဘုရင် ဆုံးပါးသွားပြီးနောက်တွင် ယုံရှန့်ဘုရင်သည် ပုလ္လင်ပေါ်ထိုင်ပြီး ရုံးတော်ကလည်း ဦးတည်ချက်များ ပြောင်းလဲသွားကာ ထိုလူယုတ်မာ ကျိုးလီကလည်း မျက်နှာပုံစံပြောင်းလဲသွားတော့သည်။

သူသည် သူ့မိန်းမကို ကွာရှင်းဖို့ရန်သတ္တိမရှိခဲ့ဘဲ နောက်ထပ်တစ်ယောက်ကို တော်ကောက်လိုက်ကာ ကိုယ်လုပ်တော်များကိုလည်း ဆက်တိုက် ကောက်ယူခဲ့ပြီး နာမည်ဆိုးနှင့် ကျော်ကြားနေသည့် ဆောင်ကြာမြိုင်က အဆိုမယ်တစ်ယောက်ကိုပင် အိမ်တော်ထဲသို့ ခေါ်ဝင်လာခဲ့သည်။ လုမင်ဟွား၏ သားသမီး ၂ယောက်သည်လည်း ကျိုးရှီ၏အိမ်ဝင်းသို့ ခေါ်သွားခြင်းခံခဲ့ရသည်။

၃နှစ်အတွင်းတွင် လုမင်ဟွားသည် ခြောက်သွေ့နေသည့် ရေတွင်းကြီးတစ်ခုလို ဖြစ်သွားတော့သည်။

လုမင်ယွဲ့က မျက်ခုံးကို တွန့်ချိုးထားပြီးနောက် အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်၏။

"ဒါက ပြောစရာလိုသေးလို့လား။ ဟုတ်တယ်လေ။ တတိယမင်းသား လာသွားလို့ပေါ့"

အသက်၂၀အရွယ် လုမင်ယွဲ့သည် တောက်ပသည့် မျက်လုံးများ ပိုင်ဆိုင်ထားပြီး သွားများကလည်း ဖြူဖွေးနေကာ အဆော့သန်ပြီး ချစ်စဖွယ်ကောင်းလေသည်။

သူမ၏အရင်ဘဝတွင် လုမင်ယွဲ့သည် တော်ဝင်မိသားစုထဲသို့ လက်ထပ်လိုက်ပြီး တုံးပင်မင်းသားနှင့် လက်ထပ်ခဲ့ကာ မင်းသား၏ ကြင်ယာတော်တစ်ယောက် ဖြစ်လာခဲ့သည်။

တုံးပင်ကျွင်းဝမ်သည် ဘိုးဘေးများ၏အိမ်တော်ကို တာဝန်ယူပေးရသည့် မြင့်မားသည့်ရာထူးတစ်ခု ပိုင်ဆိုင်ထားသည်။ တုံးပင်ကျွင်းဝမ်သည်လည်း မျိုးနွယ်ထဲက ကလေးများအကြားတွင် ထူးချွန်သူဖြစ်၏။

လုမင်ယွဲ့သည် တုံးပင်ကျွင်းဝမ်၏ ကြင်ယာတော်တစ်ယောက် ဖြစ်ခဲ့ပြီး အစပိုင်းတွင်တော့ အလွန်ဂုဏ်ယူခဲ့ရသည်။ နောက်နှစ်အနည်းငယ် ကြာလာသည်တွင်တော့ ခက်ခဲလာခဲ့တော့၏။ တစ်နေ့လုံး အတွင်းခန်းထဲတွင် ချုပ်နှောင်ခံခဲ့ရပြီး သူမကို တွေ့ဖို့ရန် နန်းတော်သို့ဝင်ဖို့ မလွယ်ခဲ့ချေ။

သူမဆိုသည့် မိဖုရားခေါင်ကလည်း သူမ၏အာဏာ ဆုံးရှုံးသွားခဲ့ကာ နက်ရှိုင်းလှသော နန်းတော်ထဲတွင် ပိတ်မိနေခဲ့သည်။ ဧကရာဇာ်ယုံရှန့် လီချန်၏အကြံပေးချက်အောက်တွင် အတင့်ရဲကြသူများက လုမိသားစုကို အခက်တွေ့အောင် ပြုလုပ်ခဲ့ကြ၏။

လုမင်ယွိသည် မျက်တောင်ခတ်လိုက်ပြီး မျက်ဝန်းထဲက မျက်ရည်များကို အားတင်းကာ မြိုချထားလိုက်ကာ ပျော့ပြောင်းစွာဖြင့် ပြောလိုက်လေသည်။

"ဝူမေ့ တတိယမင်းသားက တော်ဝင်အဆင့်အတန်းတစ်ခု ရှိတယ်လေ။ ဘယ်လိုလုပ်ပြီးတော့ ကိုယ်ရဲ့စိတ်တိုင်းကျ သဘောရှိ ဟာသလုပ်ပြီး ရယ်မောနေတာလဲ"

လုမင်ယွဲ့သည် တအံ့တသြဖြစ်သွားပြီး လုမင်ဟွားကို ကြည့်လိုက်၏။

ဘာဖြစ်သွားတာလဲ။

ပြီးခဲ့တဲ့ရက် အနည်းငယ်တုန်းက မင်းသား၃အကြောင်း ပြောလိုက်တောင် သူ့မျက်လုံးတွေထဲမှာ အလင်းရောင်တွေ ဖြာလင်းနေတာအပြည့်ပဲ။ ဒီနေ့ကျမှ အရမ်းကို အေးစက်ပြီး ဘာဖြစ်လို့ ပြတ်သားသွားတာလဲ။

သာ့ဝေတိုင်းပြည်၏ အပြစ်ပေးသူ၊ အနာဂတ် လက်ထောက်ဝန်ကြီးလုသည် ယခုအချိန်တွင်တော့ အသက်၁၀နှစ်သာ ရှိသေးကာ သူသည် အဆော့သန်သည့် ဆယ်ကျော်သက်လေး ဖြစ်နေသည်။ သူသည် ခြေလက်သေးသေး ခြေတံရှည်၊ လက်တန်ရှည်နှင့် ခေါင်းကတော့ ကြီးသည်။ မျက်ဝန်းတစ်စုံက သိပ်မကြီးလှသော်ငြားလည်း အလွန်ထက်မြက်ပါးနပ်၏။

လုရွှမ်းသည် သူမ၏အရင်ဘဝတွင် တရားရေးဝန်ကြီးဋ္ဌာန၏ ဝန်ကြီးတစ်ယောက် ဖြစ်ခဲ့သည်။ သူသည် လှည့်ကွက်များအပြည့်ဖြင့် ရက်စက်ကြမ်းကြုတ်၏။ ထို့ကြောင့် ဘယ်သူကမှ အလွယ်တကူ သွားမဆွရဲကြချေ။

သို့သော်ငြား လုရွှမ်းသည် ဝရမ်းပြေးတစ်ယောက်ကို လိုက်ဖမ်းချိန်တွင် ထိုဝရမ်းပြေးကြောင့် ညာဖက်ခြေထောက်တွင် မတော်တဆ ဒဏ်ရာရသွားပြီး ထိုကတည်းက ခြေထောက်တစ်ဖက်မှာ မသန်မစွမ်း ဖြစ်သွားခဲ့သည်။

"စစ်ကျဲက အရှင်မင်းသား မင်းသား၃နှင့် အငြင်းပွားခဲ့တာလား"

လုရွှမ်းက သူ့မျက်လုံး သေးသေးလေးကို ကျဥ်းမြောင်းထားလိုက်ကာ ညစ်ကျယ်ကျယ် အမူအယာတစ်ခုသည် သူ့မျက်လုံးထဲတွ င်ဖျတ်ကနဲ လင်းလက်သွား၏။

"စစ်ကျဲအတွက် ဒေါသကို ဖွင့်ချပေးဖို့ အခွင့်အရေးတစ်ခု သေချာပေါက် ရှာပေးမယ်"

ထိုကဲ့သို့သော ဉာဏ်နီဉာဏ်နက်များသည့်ရုပ်လေးက လုမင်ယွိကို သဘောကျရစေတော့သည်။

ပြန်လည်မွေးဖွားလာပြီးကတည်းက ရှုပ်ထွေးပြီး ဖယိုဖရဲဖြစ်နေကာ တင်းမာနေသည့် စိတ်အခြေအနေသည် ရုတ်တရက်ဆိုသလို ပြေလျော့သွားတော့သည်။

လုမင်ယွိက သူမ၏မျက်ခုံးကို ဖြေလျော့ထားလိုက်ကာ လုရွှမ်း၏ အကောင်းအတိုင်း ရှိနေသေးသည့် ညာဖက်ခြေထောက်ကို လှမ်းကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။

"မလိုပါဘူး။ တကယ်လို့ ငါက စာရင်းရှင်းချင်ပြီး ဒေါသကို ဖွင့်ချချင်တယ်ဆိုရင် ကိုယ့်ဟာကို လုပ်မှာပါ"

လုမင်ယွိ၏စွမ်းရည်ကို အပြင်လူများက မသိကြသော်ငြားလည်း သူမ၏မိသားစုဝင်များကတော့ ကောင်းကောင်းသိကြ၏။ သူမသည် အမှန်တကယ် စလုပ်ပြီဆိုလျှင် စစ်တပ်၃ခု၏ခေါင်းဆောင် ရှင်းရန်ဝမ် လုလင်းကပင် လုမင်ယွိကို အရှုံးပေးရလေသည်။

လုရွှမ်းသည် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် သွားများပေါ်သည်အထိ ပြုံးပြလိုက်ပြီး လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။

"စစ်ကျဲက ပိုပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ရှိသင့်တယ်နော်။ အရှင်မင်းသား မင်းသား၃ကို လန့်ပြီး ထွက်ပြေးသွားအောင် မလုပ်ပါနဲ့"

လုမင်ဟွားနှင့် လုမင်ယွဲ့တို့သည် ပြိုင်တူရယ်မောလိုက်ကြတော့၏။

လုမိသားစုထဲက လူတိုင်းနီးပါးက လုမင်ယွိအပေါ်ထားသည့် မင်းသား၃၏ခံစားချက်များကို သိကြသည်။ လုမင်ယွိကတော့ လီဟောက်အပေါ်တွင် ချဲ့ကားပြောဖို့ရန် မလိုချေ- လိုရင်းကို ပြောရမည်ဆိုလျှင် ကျောက်စိမ်းမိန်းကလေးနှင့် ရွှေရောင်ကောင်လေး တို့သည် ကောင်းကင်က စုံမက်ပေးထားသည့် စုံတွဲတစ်ခုပင်။

လုမင်ဟွားတို့ မောင်နှမများ၏အမြင်တွင် လုမင်ယွိသည် ဒီအတိုင်း ဒေါသထွက်သွားသဖြင့် စကားသက်သက် ပြောလိုက်ခြင်းပင်။ လုမင်ယွိက အရွယ်ရောက်လာပြီး မင်္ဂလာပွဲအပ်နှင်းခြင်း အမိန့်တော်က လုမိသားစုကို ရောက်လာလိမ့်မည်ကို သိနေခြင်းကြောင့်ပင်။

လုမင်ယွိကတော့ ဘာမှထပ်ပြီး မရှင်းပြတော့ချေ။

ဤကိစ္စမျိုးကလည်း အစောကြီးကတည်းက ရှင်းပြလို့ရနိုင်သည့်အရာ မဟုတ်ချေ။

နောက်ပိုင်းကျလျှင်တော့ သူတို့သည် သူမက ဆုံးဖြတ်ပြီးသွားပြီကို အလိုလို သိလာကြလိမ့်မည်။

လုမင်ယွိကတော့ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။

"နင်တို့လည်း ဒီကို ရောက်လာပြီပဲလေ။ ဘာပဲဖြစ်ဖြစ် ငါလည်း လုပ်းရာမရှိဘူး။ ဒီတော့ ငါနဲ့အတူတူ သိုင်းလေ့ကျင့်ကြပါလား"

ထိုစကား ထွက်လာသည်နှင့်ချက်ချင်း လုရွှမ်းက အရင်ဆုံး သူ့ဗိုက်ကို အုပ်လိုက်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူထုတ်လိုက်ပြီးနောက် မျက်နှာပေါ်တွင်လည်း နာကျင်သွားသည့် အမူအယာတစ်ခုဖြင့် သူ့နဖူးပေါ်တွင်လည်း ချွေးတစ်စက်နှစ်စက်က အမှန်စင်စစ် ပေါ်ထွက်လာလေသည်။ ထို့နောက်တွင်တော့ သူက ပြောလိုက်သည်။

"ဟာ ရုတ်တရက် ဘာဖြစ်လို့ ဗိုက်နာလာတာဲ"

"မဖြစ်သေးဘူး ရေအိမ် အရင်သွားအုံးမှရမယ်"

"စစ်ကျဲ စိတ်မပူနဲ့နော်။ ကျွန်တော် ခဏနေ ပြန်ရောက်လာခဲ့မယ်။ ဒီနေရာမှာ ကျွန်တော်ကို စောင့်နေ!"

သူ့ဗိုက်ကို အုပ်ကာ သူသည် "အား" ဟူသည့် အသံတစ်ချက်ထုတ်ကာ လျှောက်ကာ ထွက်သွားလေတော့သည်။

လုမင်ယွဲ့ကလည်း မြန်မြန်တုံ့ပြန်လိုက်ပြီး စိုးရိမ်နေသည့်ရုပ်တစ်ခုဖြင့် သူ့နောက်မှ လိုက်ပြေးသွားလေသည်။

"လျို့တိ နင် ဗိုက်နာတာ အရမ်းဆိုးရွားနေတာလား။ တစ်ယောက်တည်း လမ်းလျှောက်နိုင်ရဲ့လား။ ငါ နင့်ကို တွဲပေးမယ်လေ။ သတိထား။ လဲမကျစေနဲ့နော်!"

သူမသည် လုရွှမ်း၏လက်ကို တွဲထားလိုက်ပြီး မြန်မြန် ထွက်ပြေးသွားတော့၏။ လုမင်ဟွားတစ်ယောက်တည်းသာ ကျန်ရစ်တော့၏။

လုမင်ဟွားသည် ခဏလောက် ချိတုံချတုံဖြစ်သွားပြီးမှ တိုးတိုးလေး ပြောလိုက်လေသည်။

"စစ်မေ့ ငါ့မျက်နှာကိုတော့ ထိခိုက်အောင် မလုပ်နဲ့နော် ဟုတ်ပြီလား"

လုမင်ယွိ "..."

...

All Chapters