← Chapters

နန်းတော်ထဲက ပွဲတော်

Vol. 1 Ch. 12

နန်းတော်ထဲက ပွဲတော်

Vol. 1 Ch. 12

သိပ်မကြာခင်မှာပင် ကျန်နေသည့်နာမည်ကြီး အမျိုးသမီးငယ်များကိုလဲ ခန်းမတွင်းသို့ ဆင့်ခေါ်လိုက်ကြသည်။

ခန်းမထဲက ထိုင်ခုံသည် အကန့်အသတ်များ ရှိနေသဖြင့် နန်းတွင်းသူလေးများက ပိုးထည်ထိုင်ခုံများကို သယ်လာပေးကြသည်။

မိန်းကလေးများ အားလုံးကလဲ တစ်ယောက်ပြီးတစ်ယောက် နေရာယူလိုက်ကြ၏။ မိမိတို့၏မျက်နှာကို ပြသဖို့ရန် ဆန္ဒရှိကြသည့်သူများကတော့ ရှေ့ဆုံးနေရာသို့ အပြေးအလွှားသွားကာ ထိုင်ကြလေသည်။ ဤနည်းအားဖြင့် ချောင်မိဖုရားခေါင်နှင့် တခြားသူများနှင့် ပိုပြီးနီးစပ်နိုင်ပေသည်။ ဤကဲ့သို့ ပြိုင်ဆိုင်မှုများကြားတွင် လှုပ်ရှားမှုများကလဲ မတတ်သာဘဲ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့၏။

ဥပမာ။ ကျင်းချန်အာသည် ခြေလှမ်းအနည်းငယ် သွက်သွက်လက်လက် လှမ်းလိုက်ကာ မျက်လုံးထဲတွင်လဲ ကိုယ့်ဟာကို ကျေနပ်သွားသည့် အရိပ်အယောင်တစ်ခုဖြင့် ရှေ့ဆုံးတန်းတွင် ဝင်ထိုင်လိုက်လေသည်။ အားလုံး သိကြထားသည့်အတိုင်းပင်။ ချောင်မိဖုရားခေါင်နှင့် တခြားသူများ၏ အမြင်တွင်တော့ လုံးဝကိုအနှောက်အယှက်ဖြစ်ပြီးသား အပြုအမူတစ်ခု ဖြစ်နေ၏။

လုမင်ယွိသည် သက်တူရွယ်တူ မိန်းကလေးများထက် ပိုပြီး အရပ်မြင့်နေသည်။ သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထင်ရှားပြတ်သားသည့် မျက်နှာသွင်ပြင်တစ်ခု ပိုင်ဆိုင်ထားကာ တည်ငြိမ်သည့် အိန္ဒြေတစ်ခုဖြင့် ထူးထူးခြားခြား ဆွဲဆောင်မှု ရှိလို့နေ၏။ မိန်းကလေးများ အားလုံးက ထိုင်ချပြီးသွားသော်အခါ သူမက နောက်ဆုံးတန်းက သူမသူငယ်ချင်း ရှန်းလန်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရှန်းလန်က လုမင်ယွိကို ​မျက်တောင်ခတ်ပြလိုက်၏။

နင် ဘာဖြစ်လို့ ဒီမှာလာထိုင်နေတာလဲ။

အလွန်နာမည်ကြီးလှသည့် အထက်တန်းလွှာအမျိုးသမီးများ အားလုံးထဲတွင် လုမင်ယွိ၏ မိသားစုနောက်ခံနှင့် ရုပ်ရည်သွင်ပြင်က အချောအလှဆုံး အကောင်းဆုံး ဖြစ်ပေသည်။ ချောင်ဝမ်နှင့် ကျောက်ယွိတို့က ချောင်မိဖုရားခေါင်ကို အားကိုးကာ သူတို့၏မျက်နှာကို အရင်ဆုံးပြခဲ့ရခြင်းပင်။

ချောင်မိဖုရားခေါင်နှင့် တခြားသူများက မျက်လုံးများ မကွယ်နေသရွေ့ သူတို့သည် လုမင်ယွိကို သတိမထားမိဘဲနေလိမ့်မည် မဟုတ်ပေ။

လုမင်ယွိက သူမ၏မျက်ခုံးများကို ပင့်ပြလိုက်ကာ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်၏။

ကျောင်းဖန်းခန်းမအတွင်းတွင် အားလုံးက ဝေ့ဝဲကာကြည့်နေကြသဖြင့် စကားပြောဖို့ရန် အဆင်မပြေလှချေ။ ရှန်းလန်က မျက်ရိပ်ပြလိုက်ပြီးနောက်တွင် သူမသည် မျက်လွှာချထားလိုက်တော့သည်။ လုမင်ယွိ၏မျက်လုံးများက မသိမသာ တဖျပ်ဖျပ် ခတ်သွားပြီး သူမက စူးကျောင်းရုံကို တည်တည်ငြိမ်ငြိမ် ပြန်ကြည့်လိုက်၏။

ဤအခြေအနေကို မြင်တွေ့လိုက်ရသည်တွင် လုမင်ယွိသည် တစ်ခုခု မူမမှန်ဖြစ်နေသည်ကို သတိထားမိလိုက်၏။ ဒီအချိန်တွင် စူးကျောင်းရုံ၏ အနောက်နန်းဆောင်ထဲက အဆင့်အတန်းသည် နိမ့်ပါးနေပြီး သူ့အသံကို မြိုသိပ်ထားရကာ ဘာဝမ်းနည်းနာကျည်းမှုတစ်ခုကိုမှပင် မထုတ်ပြရဲချေ။ သို့သော်ငြား ဒီတစ်ကြိမ်တွင် စူးကျောင်းရုံသည် ဘယ်သူကမှ သူ့ကိုဂရုစိုက်မှာ မဟုတ်ဟု ထင်ထားခဲ့ပြီး နာကျည်းမုန်းတီးနေသည့် မျက်လုံးများဖြင့် ချောင်မိဖုရားခေါင်ကို စိုက်ကြည့်လို့နေသည်...

သူမက အရင်ဘဝက ဒီမြင်ကွင်းကို သတိမထားခဲ့တာလား။ ဒါမှမဟုတ် အမှတ်ပဲမှားနေတာလား။

စူးကျောင်းရုံ ကြည့်ရတာ တစ်စုံတစ်ခုကိုသတိထားမိသွားပြီး လှည့်ကြည့်လာသလိုပဲ။

ထို့နောက်တွင်တော့ လုမင်ယွိ၏မျက်လုံးများနှင့် တွေ့ဆုံသွားတော့သည်။

လုမင်ယွိ၏မျက်ဝန်းများသည် ဓားတစ်လက်လို ထက်ရှလွန်းနေ၏။ စူးကျောင်းရုံမှာ ရုတ်တရက် အသက်ရှုကြပ်သွားကာ အမှတ်တမဲ့ ညာဖက်လက်ဖြင့် သူမ၏ရင်ဘတ်ကို အုပ်ထားလိုက်သည်။

ထိုနေရာက သူမ နောက်ဆုံး ဓားနဲ့ထိုးခဲ့သည့် နေရာပင်။

လုမင်ယွိ၏စိတ်ထဲက ထူးထူးဆန်းဆန်း ခံစားချက်မှာ ပိုလို့ပင် ပြင်းထန်လာခဲ့သည်။

သူမနှင့် စူးကျောင်းရုံတို့၏ သမီးယောက္ခမဆက်ဆံရေးကျေးဇူးကြောင့် သူတို့သည် ၁၀နှစ်ကျော် အချင်းချင်း အလွန်တရာ ရင်းနှီးခဲ့ကြသည်။ အကြည့်တစ်ချက် လှုပ်ရှားမှုတစ်ချက်နှင့် တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိနေ၏။

"ပန်ကုန်း ဒီနေ့ စာသောက်ပွဲတစ်ခုကို ဧည်ခံကျင်းပတယ်"

ချောင်မိဖုရားခေါင်ရဲ့အသံက ထွက်ပေါ်လာပြီး လုမင်ယွိနှင့် စူးကျောင်းရုံတို့၏ အကြည့်ကို ဖြတ်တောက်ထားလိုက်၏။

"ဒီလိုနုပျိုလှပပြီး ချစ်စဖွယ်ကောင်းတဲ့ အမျိုးသမီးတွေကို တွေ့လိုက်ရတော့ ပန်ကုန်းတကယ်ပဲ ဝမ်းသာပျော်ရွှင်မိတယ်"

လုမင်ယွိက သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းထားလိုက်ကာ မိန်းကလေးများနှင့်အတူတူ ပြန်ဖြေလိုက်သည်။

"မယ်မယ်ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်"

ချောင်ဝမ်က သူ့နှုတ်ခမ်းကို စေ့ထားရင်း ပြုံးပြီး သူ့အသံကလဲ နူးညံ့ချိုလွင်စွာ ထွက်ပေါ်လာခဲ့သည်။

"ဒီနေ့ ကျွန်တော်မျိုးမ နန်းတော်ထဲကို ဝင်ရောက်လာပြီး မယ်မယ်နဲ့ တွေ့ဆုံရတာက ကျွန်တော်မျိုးမရဲ့ ၃ဘဝတာ ကံကောင်းခြင်းကြောင့်ပါ"

ချောင်မိဖုရားခေါင်က တူမတော်ကို မတူညီသည့်အကြည့်တစ်ခုနှင့် ကြည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။

"မင်း အဲ့လောက်အထိ သတိထားနေစရာ မလိုပါဘူး။ ပုံမှန်အတိုင်း ပြောလို့ရပါတယ်"

ချောင်ဝမ်က ဘာမှမပြောနိုင်ခင်မှာပင် ကျင်းချန်အာက အလျင်စလို ပြန်ဖြေလိုက်သည်။

"မယ်မယ်က အရမ်းကို ကြင်နာသနား သဘောထားကြီးမားပါပေတယ်။ ကျွန်တော်မျိုးမက ကျွန်တော်မျိုးမတို့အပေါ်ထားတဲ့ မယ်မယ်ရဲ့စေတနာနဲ့ ချစ်ခြင်းမေတ္တာတွေကို အမှန်တကယ်ပဲ လေးစားအားကျမိပါတယ်"

ချောင်မိဖုရားခေါင်သည် ကျင်းချန်အာ၏ လှလှပပမျက်နှာကို လှမ်းကြည့်လိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။

မိန်းကလေးချန်အာက ဖြတ်လတ်တက်ကြွပြီး တောက်ပနေတာပဲ။ ပန်ကုန်းက မိန်းကလေးကို တကယ်ပဲ သဘောကျပါတယ်"

ကျင်းချန်အာသည် ချီးကျူးစကားကြောင့် အလွန်ပျော်ရွှင်သွားပြီး သူမ၏မျက်နှာလှလှလေးကလဲ စိတ်လှုပ်ရှားဝမ်းသာမှုကြောင့် အနီရောင် ခြယ်သထားသလို နီမြန်းသွားတော့သည်။

ကျောက်ယွီသည်လဲ အကျောမခံလိုဘဲ ပျော့ပျောင်းစွာဖြင့် ရယ်မောလိုက်ကာ

"မယ်တော်ကြီးက လတ်တလော သိပ်နေမကောင်းလို့ မလာနိုင်တာတော့ နှမျောစရာပါ။ အဲ့လို့မှ မဟုတ်ရင် ဒီကျောင်းဖန်ခန်းမက ပိုပြီး​တော့တောင် စည်ကားနေအုံးမှာပါ"

ချောင်မိဖုရားခေါင်၏အပြုံးသည် အနည်းငယ် ရပ်တန့်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ပြောလိုက်လေသည်။

"ရပါတယ်။ တကယ်လို့ မင်းက မယ်တော်ကြီးကို သတိရတယ်ဆိုရင် ရက်အနည်းငယ် ကြာတဲ့အခါ ရှို့နင်နန်းတော် သွားပြီးတော့ နှုတ်ဆက်လို့ ရပါတယ်"

အားလုံးကလဲ အတူတူရယ်မောလိုက်ကြသည်။

ချင်ဖေးက လက်ကိုင်ပဝါကို ထုတ်ထားလိုက်ကာ သူမ၏ပါးစပ်ကို အုပ်ထားလိုက်ပြီး လက်ကိုင်ပဝါသည် သူမ၏မျက်နှာတစ်ခြမ်းကို ဖုံးကွယ်ထားသဖြင့် သူမ၏မျက်နှာပေါ်က အပြုံးကလဲ သိပ်ပြီး မပီပြင်လှကာ သူမသည် စိတ်ထဲတွင်ကြိတ်ပြီး ဒေါသထွက်သွားတော့သည်။

ကျောက်ယွီက တကယ့်ကို အပေါ်ယံဆန်​ပြီး တုံးအလွန်းလှတယ်။ ဘာဉာဏ်နီဉာဏ်နက်မှလဲ မရှိသလို ပါးနပ်လိမ်မာမှုတွေလဲ မရှိဘူ။ တကယ်လို့ သူမသာ ဆုံးဖြတ်ရမယ်ဆိုရင် သူမရဲ့စတုတ္ထမင်းသားကို ကျောက်ယွီနဲ့ လက်ထပ်ပေးဖို့ ဆန္ဒရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ မယ်တော်ကြီးကျောက်ကလဲ အစောကြီးကတည်းက စကားပြောခဲ့ပြီးသား သူတို့သားအမိကလဲ ငြင်းပယ်ဖို့နည်းလမ်းမရှိလေဘူး။

လုမင်ယွီသည် ထိုအခြေအနေကို မြင်လိုက်သောအခါ ပြုံးမိလိုက်လေသည်။

ကျောက်ယွီကတော့ အရင်ဘဝတုန်းကလိုပဲ တုံးအပြီး မိုက်မဲနေတုန်းပဲ။

ယောက္ခမနဲ့ချွေးမဆိုတာက သဘာဝအရ ရန်သူတွေပဲလေ။ ဒီလိုအချ်န်မျိုးမှာ ယောက္ခမတွေက အမြဲတမ်း ပိုပြီးအဆင့်မြင့်တဲ့ နေရာတစ်ခုမှာ ရှိနေတတ်တယ်။ ကောက်ကျစ်ယုတ်မာတဲ့ ယောက္ခမတစ်ယောက်က သူ့ချွေးမကို သေတာထက် ပိုဆိုးတဲ့ဘဝတစ်ခုကို တွန်းပို့နိုင်တယ်။

အနောက်နန်းဆောင်ရဲ့ ဦးဆောင်သူ တစ်ယောက်အနေနဲ့ ချောင်မိဖုရားခေါင်က ဒီလောကကြီးမှာရှိတဲ့ အမျိုးသမီးအားလုံးရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမယ်။ သူက မယ်တော်ကြီးကျောက်ကိုလဲ ရိုသေလေးစားပြီး လိမ်မာသိတတ်ရမယ်။

နောက်ကွယ်မှာ ဘယ်လိုကိစ္စတွေ လုပ်နေတယ်ဆိုတာကိုတော့ ထုတ်ပြောပြလို့ ဘယ်ဖြစ်မှာလဲ။

ကျောက်ယွီ ကိုယ်တိုင်ကိုက မယ်တော်ကြီးကျောက်ရဲ့ တူမတော်ပဲ။ ဒီတော့ ချောင်မိဖုရားခေါင်ကလဲ သူက ပါးစပ်ဖွင့်လာပြီး မယ်တော်ကြီးကျောက်အကြောင်း ထုတ်ပြောလာတဲ့အခါ စိတ်အနှောက်အယှက် မဖြစ်ဘဲ ဘယ်နေပါ့မလဲ။

သူမ အရင်ဘဝတုန်းကတော့ ကျောက်ယွီက စတုတ္ထမင်းသားကို လက်ဆက်ခဲ့ပြီး စတုတ္ထမင်းသား ကြင်ယာတော် ဖြစ်လာခဲ့တယ်။ ဒီလိုတုံးအတဲ့ ချွေးမတစ်ယောက် ရထားတဲ့အတွက် အပြုံးလေးနဲ့ မြှောက်ပင်ပြောဆိုတတ်တဲ့ ချင်ဖေးတစ်ယောက်က တကယ့်ကို ရင်နာရတာပေါ့။

ကျောက်ယွီသည် သူမ၏စကားလုံးများက နည်းနည်းလေးမှ မသင့်တော်လေဘူးဟု မခံစားမိလေရာ သူမသည် လူတိုင်း၏ အကြည့်အောက်တွင် ကျေနပ်လို့နေလေသည်။

ချောင်မိဖုရားခေါင်က စိတ်ရင်းအတိုင်း ပြုံးလိုက်ကာ ပြောလိုက်၏။

"ဒီနေ့ ဒီလိုနေရာမှာ လှပတဲ့အမျိုးသမီးလေးတွေ အတူတူစုဝေးလာတော့ တကယ့်ကို ခန်းနားတဲ့ ပွဲတစ်ခုပဲ။ ဒီလို ထိုင်ပြီးစကားပြောနေရတာက တော်တော်လေး ပျင်းရိငြီးငွေ့စရာ ကောင်းပါတယ်။ မင်းတို့ တစ်ယောက်ချင်းဆီက မင်းတို့ရဲ့အကောင်းဆုံး အရည်အချင်းတွေကို ပြသလို့ရတယ်။ စောင်းတီးတာဖြစ်ဖြစ်၊ စစ်တုရင်၊ လက်ရေးအလှ ဒါမှမဟုတ် ပန်းချီပညာ ဘာမဆိုရတယ်"

သူမသည် တစ်ချက် လှမ်းကြည့်လိုက်ကာ ပြုံးလိုက်လေသည်။

"ဒီအတိုင်း အစီအစဥ်အတိုင်းလုပ်ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ပြသနိုင်တယ်"

မိန်းကလေးများအားလုံးသည် ဝမ်းသာရွှင်လန်းသွားပြီး တစ်ပြိုင်တည်း ပြန်​ဖြေလိုက်ကြသည်။

ဘယ်ဖက်​က ပထမဦးဆုံးလူမှာ ကျင်းချန်အာ ဖြစ်သည်။

ကျင်းချန်အာက ရှက်ရွံ့ခြင်းမရှိဘဲ အရင်ဆုံး ထရပ်လိုက်ကာ အပြုံးဖြင့် ပြောလိုက်လေသည်။

"ဒီလိုဆိုရင် ကျွန်​တော်မျိုးမက ကျွန်​တော်မျိုးမရဲ့ ကျွမ်းကျင်မှုကို အရင်ဆုံးပြသပြီး မယ်တော်ကြီးအတွက် သီချင်းတစ်ပုဒ် တီးခတ်ပေးပါမယ်"

မိဖုရားခေါင်ဘေးမှ အပျိုတော်မလေးသည် အသင့်အနေအထားဖြင့် ဖြစ်နေကာ ချက်ချင်းဆိုသလို အကောင်းစားဗျပ်စောင်းတစ်လက်ကို ယူထုတ်လာပေးခဲ့သည်။ ကျင်းချန်အာက ဗျပ်စောင်းရှေ့တွင် ထိုင်ချလိုက်ပြီး သူမ၏သေးသွယ်သွယ် လက်ချောင်းလေးများဖြင့် ​ကြိုးစလေးကို အသာအယာ တီးခတ်ကြည့်လိုက်သည်။ ဗျပ်စောင်းသံသည် သူမ၏လက်ချောင်းဖျားလေးများမှနေ၍ ထွက်ပေါ်လာခဲ့၏။

စောင်းသံ ထွက်ပေါ်နေသဖြင့် စကား တိုးတိုးညှင်းညှင်းပြောလျှင်လဲ အဆင်ပြေလေသည်။

ရှန်းလန်​က သူမ၏အသံကို တိုးထားလိုက်ကာ ပြောလိုက်သည်။

"နင်​ခဏနေ ဘာလုပ်မှာလဲ"

လုမင်ယွိသည် မြင်းစီး မြှားပစ် ဓားသိုင်းပညာ လက်ဝှေ့ပညာများတွင် အလွန်တော်သည်။ ဤကဲ့သို့သော နန်းတော်ထဲတွင် ထိုအရာများကို ပြသဖို့ရန်က အဆင်မပြေလှ​ချေ။ သို့သော်ငြား လုမင်ယွိသည် ​ဗျပ်စောင်း၊ လက်ရေးလှ၊ စစ်တုရင်နှင့် ပန်းချီပညာများနှင့် ပတ်သတ်လာလျှင်တော့ သာမန်မျှသာ ဖြစ်၏။

လုမင်ယွိ၏မျက်လုံးများက မသိမသာ တဖျပ်ဖျပ်လက်သွားကာ သူမက ရှန်းလန်ကို စိတ်ချပါဟူ၍ ပြုံးပြလိုက်သည်။

"စိတ်မပူပါနဲ့။ ငါ့မှာ အမှန်တကယ် အစီအစဥ် ရှိပါတယ်"

ရှန်းလန်သည် ထပ်မေးဖို့ရန်လဲ အဆင်မပြေတော့သဖြင့် သူမက လေသံတိုးတိုးဖြင့် ထပ်ပြီးသတိပေးလိုက်၏။

"အဆင်ပြေ​ပြေလေးနဲ့ ပြီးဆုံးသွား​ရင်တော့ ပိုကောင်းမယ်။ အရမ်းတရားလွန်တာတွေ မလုပ်မိစေနဲ့"

လုမင်ယွိ​ကပြုံးပြီး ခပ်တိုးတိုး အင်းဟု ပြန်ဖြေလိုက်၏။

"အင်းပါ အရမ်းတရားလွန်တာတွေ မလုပ်ပါဘူး။ အလွန်ဆုံး အားလုံးက သူမကို ချွေးမတော်ချင်စိတ် လက်လျော့သွားစေချင်ရုံလောက်ပဲပေါ့..."

ကျင်းချန်အာ၏ တေးသွားလေးသည် အားလုံး၏ချီးကျူးစကားကို ခံယူနိုင်ခံခဲ့၏။ သူမက ပျော်ပျော်ရွှင်ရွှင်ဖြင့် နေရာတွင်ပြန်ထိုင်လိုက်၏။ ထို့နောက်တွင်တော့ ချောင်ဝမ်က ဝါးပုလွေကို တီးမှုတ်လေသည်။ ဝါးပုလွေသံသည် သံစဥ်အလိုက် ရွှင်လန်းတက်ကြွဖွယ် ထွက်ပေါ်လာခဲ့သည်။ ချောင်မိဖုရားခေါင်၏ မျက်ဝန်းထဲတွင်တော့ ကျေနပ်ပြီး ချီးကျူးမှုများပြည့်နေ၏။ ချောင်ဝမ်က သူမ၏နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ပြုံးလိုက်ကာ အိန္ဒြေရရ နေရာတွင် ပြန်ထိုင်လိုက်သည်။

ထို့နောက်တွင်တော့ ကျောက်ယွီ၊ မုန့်ယွင်လော်နှင့် တခြားသူများက အတူတူ ထွက်ပေါ်လာကြသည်။ တချို့ကတီးခတ်ကြပြီး တချို့ကသီဆိုကြကာ တချို့ကတော့ ကဗျာ သို့မဟုတ် ပန်းချီများကို ရေးသားကြလေသည်။ မိန်းကလေးများက အကောင်းဆုံးကြိုးစားခဲ့ကြပြီး လူအုပ်ကြီးကလဲ ပျော်ရွှင်မှုအပြည့်ဖြစ်နေ၏။

ချောင်မိဖုရားခေါင်ကတော့ တစ်ယောက်ချင်းဆီကို သေသေချာချာလေး ကြည့်လိုက်ကာ သူမ၏မျက်ဝန်းထဲကအပြုံးကလဲ တဖြည်းဖြည်းပိုပြီး သိသာထင်ရှားလာခဲ့သည်။

ချေးများလွန်းလှသည့် ဟွေ့အန်းကုန်းကျူကပင် မသိမသာ ခေါင်းငြိမ့်လေသည်။

ရှန်းလန်သည် နောက်ဆုံးမှနေလျှင် ဒုတိယမြောက်ဖြစ်၏။ ထလာခဲ့ပြီး​နောက် သူက နှိမ့်နှိမ့်ချချဖြင့် ပြောလိုက်၏။

"ကျွန်တော်မျိုးမက ဗျပ်စောင်း၊ စစ်တုရင်၊ လက်ရေးအလှနဲ့ ပန်းချီပညာတွေမှာ မတော်ပါဘူး။ ဒီတော့ ဒီနေ့ ကျွန်မမှာ ထူးထူးခြားခြား ပြသစရာ မရှိပါဘူး။ မယ်မယ် ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးပါ"

လုမင်ယွိသည် သူမ၏စိတ်ထဲတွင် နွေးထွေးသွားသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။

ရှန်းလန်၏ကဗျာ အရည်အချင်းနှင့် ပန်းချီအရည်အချင်းတို့သည် ပြိုင်ဖက်ကင်းလှကာ သူမ၏ဗျပ်စောင်းအရည်အချင်းကလဲ ကျင်းချန်အာထက် မနိမ့်ပေ။ ဒီအချိန်တွင် ဒါသည် တမင်ရည်ရွယ်ချက်ရှိရှိ ပြုမူနေခြင်းဖြစ်ပြီး နောက်ပိုင်း သူမက ထရပ်ပြီး ငြင်းဆိုခဲ့လျှင်လဲ ရုတ်တရက် ဆန်နေလိမ့်မည် မဟုတ်တော့ပေ။ ကံဆိုးချင်တော့ ဒီနေ့တွင် သူမသည် ရှန်းလန်၏စေတနာကို ဖြည်းဆည်းပေးရပေလိမ့်မည်။

လုမင်ယွိသည် အားလုံး၏အကြည့်အောက်တွင် ထရပ်လိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်တော်မျိုးမကလဲ စောင်း၊ စစ်တုရင်၊ လက်ရေးအလှနဲ့ ပန်းချီပညာမှာ မယှဥ်ပြိုင်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးမမှာ အားသာချက်တချို့တော့ ရှိပါတယ်။ ကျွန်တော်မျိုးမက ဒီနေ့ နည်းနည်းလောက် ရုပ်ဆိုးအကျည်းတန်ပြီး မယ်မယ်ကို ပျော်ရွှင်အောင်လုပ်ပေးရပါလိမ့်မယ်"

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် စူးကျောင်းရုံဆီသို့ လျှောက်သွားလိုက်လေတော့သည်။

စူးကျောင်းရုံ "..."

...

All Chapters