← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း ၁၉၀ ။ အပိုဆောင်းဝဋ်ကြွေးချေမှု

"ဒါက... ဝဋ်ကြွေးချေခြင်းနဲ့တူတယ်" ကူယွဲ့က တောင်ခြေကို လှမ်းကြည့်ပြီး အမူအရာက မည်းမှောင်သွားခဲ့တယ်။ စိတ်ပူပန်စွာနဲ့ သူပြောလိုက်တယ်။

"ကြက်ကင်... အာဖွီ ချန်းယွီ အဲအောက်မှာ ဘာဖြစ်နေတာလဲ" ဂိုဏ်းထဲက တပည့်တွေရဲ့ ကျင့်ကြံဆင့်အရ ဘယ်သူမှ ဝဋ်ကြွေးချေခြင်းကို မဖြတ်သန်းသင့်သေးဘူးလေ။

"ရွှမ်ထုံပါ" ချီချန်းယွီ သွေးပျက်စွာနဲ့ ပြန်ဖြေလိုက်တယ်။

"စောနတုန်းက ကျွန်မတို့ သူ အမတအရိုးတွေ ကြီးထွားလာတော့မဲ့ အရိပ်အယောင်ပြနေတာ နားလည်လိုက်ရတော့ အကာအကွယ် တည်ဆောက်ပေးဖို့ ကြိုးစားနေကြတာ၊ စောနက... သူ့အမတအရိုးတွေ ဖွဲ့စည်းပြီးသွားပြီဆိုပေမဲ့ ဝဋ်ကြွေးချေခြင်းက ဘယ်ကမှန်းမသိ ရုတ်တရက် စလာတာပဲ"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ" ကူယွဲ့အမူအရာ ပြောင်းသွားတယ်။

"တကယ်လို့ သူက အမတအရိုးတွေ ဖြစ်ပေါ်လာပြီဆိုရင်တောင် မြေအမတအဆင့်ပဲရှိသေးတယ်၊ ဒါက အောက်ဘုံမှမဟုတ်တာ + သူမ မြေအမတဖြစ်လာချိန် ဝဋ်ကြွေးချေခြင်းမရှိသင့်ဘူးလေ" ဂိုဏ်းထဲမှာ ကျင့်ကြံဆင့်နိမ့်နိမ့်လေးတွေနဲ့ တက်လှမ်းလာခဲ့တဲ့ တပည့်တွေအများကြီး။ သူတို့တွေ မြေအမတတွေဖြစ်လာချိန် ဘယ်သူမှ ဝဋ်ကြွေးချေခြင်းကို မဖြတ်သန်းခဲ့ရဘူး။

"ကျွန်မလည်းမသိဘူး" သူမ စိုးရိမ်နေတာ အသိသာကြီး။ "ကျင့်ကြံဆင့်က မြေအမတအဆင့်နဲ့ နီးနေပြီဆိုပေမဲ့ ဝဋ်ကြွေးချေခြင်းကရုတ်တရက်စလာတာပဲ၊ ဖုန်းယင်က အခု အပြင်မှာ ရွှမ်ထုံ့အတွက် အင်းကွက်တစ်ခုကူချပေးနေတယ်၊ တခဏလောက် သူမကိုကာကွယ်ပေးနိုင်အောင်ပေါ့"

သူမ စကားမဆုံးခင် ဝုန်းခနဲအသံကြီးပေါ်လာတယ်။ မိုးကြိုးကြီးတစ်ခု တောင်ခြေကိုထိမှန်သွားတယ်။

"စနေပြီ" ချီချန်းယွီ မျက်နှာက စိုးရိမ်မှုတွေနဲ့ပြည့်နေတယ်။ ရွှမ်ထုံ တောင့်ခံနိုင်မတောင့်ခံနိုင်ကို မေ့လိုက် - တကယ်လို့ ဒီလိုသာဆက်သွားနိုင်ရင် ဝဋ်ကြွေးချေခြင်းက ဂိုဏ်းထဲကလူတိုင်းကို သက်ရောက်တော့မှာ။

"သွားကြည့်ကြည့်ဦးမယ်" ရှန်းရင် ထရပ်ပြီး ပြေးဆင်းသွားဖို့ ပြင်လိုက်တယ်။

"ဒီကိုပြန်လာခဲ့" ကူယွဲ့က ဟောက်ပြီး သူ့နောက်ဘက်ကို လက်ညှိုးထိုးပြလိုက်တယ်။

"ဆင်းတဲ့လမ်းက အဲဘက်မှာ"

"... အော်" ရှန်းရင် တစ်ဖက်ပြန်လှည့်လိုက်တယ်။ နောက်တော့ သူမကတန့်သွားပြီး အနီးဆုံးက တပည့်တစ်ယောက်ကို လှမ်းဆွဲလိုက်တယ်။

"ရှောင်လွိ၊ သူဌေးလန်ကို ခေါ်လာခဲ့ချေ"

"ဟုတ်ကဲ့"

နောက်တော့ သူမ ဝဋ်ကြွေးချေခြင်းဖြစ်ပွားနေတဲ့နေရာဆီသွားမဲ့အုပ်စုနောက် လိုက်ခဲ့တယ်။

သူတို့ ရွှမ်ထုံ့ကို သီးသန့်ထားထားတဲ့နေရာနဲ့ နီးလာလေ မသေမျိုးချီတွေ ပေါကြွယ်ဝလာလေပဲ။ ရူးလောက်စရာအရှိန်နဲ့ကို တလိမ့်လိမ့်တက်လာတာ။ တောင်‌ခြေမှာ မသေမျိုးချီတွေက ထူထဲနေပြီး မကြာခင် ပုံစံတစ်စုံတစ်ရာအဖြစ် ငွေ့ရည်ဖွဲ့သွားတော့မယ်လို့တောင် ခံစားနေရတယ်။ ကြက်ကင်အစ်မနဲ့ တခြားသူတွေ မသေမျိုးတက်လှမ်းချိန်နဲ့ ကွာခြားတယ်။ မသေမျိုးချီက မသေမျိုးတက်လှမ်းမှုစင်မြင့်ဖြစ်ပေါ်လာဖို့ ပုံသဏ္ဌာန်မဖွဲ့စည်းလာခဲ့ဘူး။

ဖုန်းယင်က တောင်ခြေမှာရပ်နေပြီး သူနဲ့မနီးမဝေးက ရွှမ်ထုံ့ကို ကာကွယ်ပေးဖို့ အကာအကွယ်အင်းကွက်တစ်ခု ထိန်းနေတယ်။ ဒါပေမဲ့ အကြာကြီးဆက်မထိန်းထားနိုင်တော့တာ အသိသာကြီး။ အက်ကွဲကြောင်းတွေကို အင်းကွက်မှာမြင်နေရပြီ။ ကြည့်ရတာ အချိန်မရွေး ပြိုလဲသွားတော့မဲ့ပုံ။ မိုးကြိုးထိမှန်မှုကြီးအပြီးမှာ နောက်ထပ် မိုးကြိုးတစ်ချက်က မြေပြင်ကို ထိမှန်လာပြန်တယ်။ အင်းကွက်က အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး ရွှမ်ထုံ့ကို မိုးကြိုးထိမှန်သွားတော့တယ်။

သူမက ခန္ဓာကျင့်ကြံသူ မဟုတ်ဘူး။ သေချာပြင်ဆင်ထားတာတောင် အရှိန်ကြောင့် သွေးအန်သွားခဲ့တယ်။ ဒါပေမဲ့ သူမကိုယ်ထဲက အမတအရိုးတွေကတော့ ပိုပြီးမာကြောလာသလိုပဲ။

"ထုံအာ" ချီချန်းယွီက စိုးရိမ်တကြီး အော်လိုက်တယ်။ သူမခုပိုပြီးတောင် စိတ်ပူပန်နေပြီ။

"ဆ..." ရွှမ်ထုံက လှည့်လာပြီး သူမမျက်လုံးတွေကတောက်ပသွားခဲ့တယ်။

"ကောင်းကင်... ဂိုဏ်းချုပ်" သူမ တစ်ကိုယ်တည်း ကျင့်ကြံနေတဲ့ ဒီနှစ်အတွင်း သူမက မိန်းမပျိုလေး တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီ။ သူမက ရှန်းရင်ကို တန်းတန်းမတ်မတ်ကြည့်ရင်း လန်းဆန်းသွားတဲ့ပုံ။

"စိတ်မလွင့်နဲ့၊ ဝဋ်ကြွေးချေခြင်းကို ကိုင်တွယ်ဖို့ အာရုံစိုက်" ကူယွဲ့က ညွှန်ကြားလိုက်တယ်။

"စိတ်အာရုံစုစည်းထား" ရှန်းရင် ထပ်ပြောလိုက်တယ်။

"ဟုတ်ကဲ့" ရွှမ်ထုံ တောင့်တင်းသွားတယ်။ ကြည့်ရတာ ရုတ်တရက် သတ္တိရှိသွားသလိုပဲ။ သူမကိုယ်ထဲက မသေမျိုးချီကို လှည့်ပတ်ဖို့ အာရုံစိုက်လိုက်တယ်။ ခန္ဓာကိုယ်က ဒဏ်ရာတွေက သူတို့မျက်‌စိရှေ့မှာတငိ သက်သာပျောက်ကင်းလာပြီးနောက်တော့ တတိယအကြိမ် မိုးကြိုးထိမှန်သွားတယ်...။

ကူယွဲ့က မိုးကြိုးတွေ ဝူတိဂိုဏ်းကိုမထိမှန်အောင် အင်းကွက်တချို့ အမြန်စီရင်လိုက်တယ်။ သူက ဖုန်းယင်ကို လက်ပြပြီး ခဏအနားယူခိုင်းလိုက်တယ်။ ဝဋ်ကြွေးချေခြင်းက စတင်နေပြီမို့ သူတို့ ကြားထဲ ဘယ်လိုပဲဖြစ်ဖြစ် တားလို့မရတော့ဘူးလေ။ သူတို့ ဒါက ဘာကြောင့်ဖြစ်နေလဲ နားမလည်နိုင်သေးပေမဲ့ သူတို့လုပ်နိုင်တာက ရွှမ်ထုံ ဝဋ်ကြွေးချေခြင်းကို ဖြတ်သန်းနိုင်အောင် ကူညီဖို့ပဲ။

ဒါပေမဲ့ ဒီမိုးကြိုးက...။

သူ မော့ကြည့်လိုက်တော့ ကောင်းကင်ထဲ မိုးကြိုးတိမ်တိုက်တွေ လိမ့်လာတာကို မြင်လိုက်ရတယ်။

မျက်မှောင်ကြုတ်ပြီး သူပြောလိုက်တယ်။

"ဒါက ၈၁ချက် မိုးကြိုးဝဋ်ကြွေးချေခြင်းနဲ့... မတူသလိုပဲ"

"တကယ်ပဲ မဟုတ်ဘူး" ယိချင်းက ဝင်ဖြေလာတယ်။

"အမတဘုံမှာ အမတတက်လှမ်းမှုဝဋ်ကြွေးချေခြင်းဆိုတာ မရှိဘူး"

"အဲတော့... ဒါက ရွှေအမတတွေအတွက် ဝဋ်ကြွေးချေခြင်းလို့ မပြောနဲ့နော်"

"ဟုတ်တယ်" ယိချင်းက ခေါင်းညိတ်ပြလိုက်တယ်။

"ချီး" ကူယွဲ့ အခုတော့ စိုးရိမ်နေပြီ။ သူ ရွှမ်ထုံကို လှမ်းကြည့်လိုက်တယ်။ သူမက မြေအမတရဲ့ကိုယ်ခန္ဓာတောင် မရှိသေးတာ။ ဒါတောင် ရွှေအမတတွေအတွက် ရည်ရွယ်တဲ့ ဝဋ်ကြွေးချေမှုကို ဖြတ်သန်းနေရတယ်...။ ခန္ဓာကျင့်ကြံသူတွေတောင် ဒါနဲ့ပတ်သက်ရင် ခက်ခဲမှာကို အကြာကြီး လေ့မကျင့်ရသေးတဲ့ ရွှမ်ထုံဆို ပြောမနေနဲ့တော့။

"သူမက မြေအမတဖြစ်လာဖို့ တက်လှမ်းနေတာကို၊ ဂိုဏ်းထဲမှာ တပည့်တွေအများကြီးရှိတာတောင် ဒီလိုကောင်းကင်ဝဋ်ကြွေးချေမှုကို ပထမဆုံး ဖြတ်သန်းတာ သူပေါ့၊ ဘာလို့အဲလိုဖြစ်ရတာပါလိမ့်" ကူယွဲ့ အဖြေမထုတ်နိုင်သေးဘူး။ ဇာတ်လိုက်မင်းသမီးက ဆွဲဆောင်မှုရှိတာ ဘာဖြစ်သွားခဲ့တာလဲ။ ဇာတ်လိုက်မင်းသမီးက ဒီလိုဆက်ဆံခံရတာလား။ စာရေးဆရာက ဒါကိုသိလား။

ကူယွဲ့ ဒီကိစ္စတွေအားလုံးကို စဉ်းစားနေတုန်း လန်ဟွားက မုန်လာဥဖြူကို ကျောပေါ်တင်ပြီး ဆင်းလာခဲ့တယ်။ သူက အနောက်တောင်မှာရှိနေတာမို့ အချိန်တိုအတွင်းရောက်လာနိုင်ခဲ့တယ်။

"စိတ်နှလုံးကောင်း ငါ့ကို ဘာလို့ခေါ်ရတာလဲ"

"မမလေး" မုန်လာဥက ရဲဘော်ရဲဘက်ရသွားပြီဆိုတော့ လူတွေရဲ့ပေါင်ကိုဖက်တာကနေ ကျောပေါ်တွယ်ထားတဲ့အထိ အဆင့်တက်သွားပြီ။ လန်ဟွားကျောပေါ်ကနေ ခုန်ဆင်းလာပြီး ကျည်ဆံလို အရှိန်နဲ့ ရှန်းရင်ဆီ ခုန်ပြေးလာတော့တယ်။

နောက်တော့... သူမနောက်က မြေကြီးထဲ ခေါင်းတန်းတန်းမတ်မတ် စိုက်သွားလေတယ်။

ရှန်းရင်က ရှေ့တက်ပြီး မျက်နှာထားတည်တံ့စွာနဲ့ လန်ဟွားကို လက်ယမ်းပြလိုက်တယ်။

"သူဌေးလန် ဒါကိုလာကြည့်ပါဦး"

"ဘာကြည့်ရမှာလဲ" လန်ဟွား သိသိသာသာ အူကြောင်ကြောင်ဖြစ်နေတယ်။ လူတိုင်းက ရှန်းရင် ဘာကြောင့်ဒီလိုလုပ်မှန်း မသိကြဘူး။

"ဝဋ်ကြွေးချေခြင်းက ဘာတွေအဲလောက်စိတ်ဝင်စား... အာ"

သူ တန့်သွားပြီး ဝဋ်ကြွေးချေခြင်းထဲက လူကို အံ့ဩတကြီးလှမ်းကြည့်မိလိုက်တယ်။

"အဲမိန်းကလေးက ဘယ်သူလဲ၊ ဘာလို့သူ့ကိုယ်ထဲ နတ်ဆိုးချီရှိနေရတာလဲ" တခြားသူတွေက မပြောနိုင်ပေမဲ့ သူက နတ်ဆိုးမို့ နတ်ဆိုးချီကို အရမ်းတုံ့ပြန်ခံစားနိုင်စွမ်းရှိတယ်။ အများကြီးမဟုတ်ပေမဲ့ နတ်ဆိုးချီ ခပ်ပါးပါး ဝိုင်းနေတာတော့ သိသာတယ်။ နတ်ဆိုးချီက သူမကိုယ်ထဲကနေ လာနေတယ်ဆိုတာလည်းပြောနိုင်တယ်။ ဒါပေမဲ့ သူမက အမတကျင့်ကြံသူလေ။

"နတ်ဆိုးချီ" ကူယွဲ့က အံ့အားသင့်သွားတယ်။ သူ ရွှမ်ထုံ့ရဲ့မူလဇာတ်မြစ်ကို သတိရသွားပြီးနောက်တော့ လန်ဟွားကို ဘာလို့ ရှန်းရင်လှမ်းခေါ်ရလဲ နားလည်သွားခဲ့ပြီ။

"အဲဒါကြောင့် သူမက မြေအမတဖြစ်ဖို့ တက်လှမ်းချိန် ဝဋ်ကြွေးချေခြင်းကို အသက်သွင်းမိတဲ့အကြောင်းရင်းလား"

"သူမက မြေအမတလား" လန်ဟွား ရပ်တန့်သွားပြီး နောက်တော့ ခေါင်းညိတ်ပြလိုက်တယ်။

"ဖြစ်နိုင်တယ်၊ ငါလည်း ပထမဆုံးအကြိမ် ဒီလိုမြင်ဖူးတာပဲ၊ ပုံမှန်ဆို အမတချီနဲ့ နတ်ဆိုးချီတွေက ဘယ်တော့မှ အစပ်မတည့်ဘူးလေ၊ ဒါပေမဲ့ သူမကိုယ်ထဲမှာ သူတို့ကအတူတည်ရှိနေတယ်၊ အဲဒါကြောင့် မသေမျိုးတက်လှမ်းချိန် ဝဋ်ကြွေးချေမှုကို အသက်သွင်းမိတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်တာပဲ၊ အဲဒီဝဋ်ကြွေးချေမှုက သူမကိုယ်ထဲက နတ်ဆိုးချီအတွက်ပဲဖြစ်ရမယ်" တကယ်ပဲ မိုးကြိုးတစ်ချက်ချင်းစီနဲ့အတူ နတ်ဆိုးချီနည်းနည်းစီက လွင့်ပျောက်သွားလေတယ်။

လန်ဟွား ခဏလောက်ဆက်ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်တယ်။

"ဒါပေမဲ့... နတ်ဆိုးချီက သူမမူလဝိညာဉ်ထဲက လာတဲ့ပုံပဲ၊ ဝဋ်ကြွေးချေခြင်းက လုံးဝအပြီးသတ်ရှင်းလို့ မရလောက်ဘူး..."

"သူမရဲ့ မူလဝိညာဉ်ကို ထိမှန်ပြီး မဖျက်ဆီးသရွေ့ပေါ့"

ယိချင်းက လန်ဟွားစကားကို အဆုံးသတ်လိုက်တယ်။

လန်ဟွားက ခေါင်းညိတ်ပြလိုက်တော့ ရှိနေတဲ့လူတိုင်း ရုတ်တရက် နေမကောင်းဖြစ်သွားတဲ့ပုံ။ အထူးသဖြင့် ချီချန်းယွီ။

"ဒီအမျိုးသမီးက တကယ်ပဲဘယ်သူများလဲ၊ သူက နတ်ဆိုးမျိုးနွယ်ကလား" လန်ဟွားမနေနိုင်ဘဲ မေးလိုက်တယ်။ သူမမူလဝိညာဉ်ထဲ နတ်ဆိုးချီတွေရှိပေမဲ့ မသေမျိုးချီပဲ သူမသွေးကြောထဲရှိနေတယ်၊ သူမက အမတသိုင်းတွေလည်း ကျင့်ထားတယ်၊ အမတတွေ နတ်ဆိုးဖြစ်လာဖို့ ကြွေကျလာတာကို ကြားဖူးပေမဲ့ နတ်ဆိုးတွေက အမတဖြစ်လာဖို့တက်လှမ်းတာတော့ တစ်ခါမှမကြားဖူးဘူး"

"ဖြေရှင်းနည်းရှိလား" ကူယွဲ့ သူ့မေးခွန်းကိုလျစ်လျူရှုလိုက်တယ်။

"ရှိတယ်" လန်ဟွားက ကြောက်သွားတဲ့ပုံ။

"ဒါပေမဲ့ နည်းနည်းအလုပ်ရှုပ်တယ်"

"ဘာဖြေရှင်းနည်းလဲ" ချီချန်းယွီ မေးလိုက်တယ်။

"သူ့နတ်ဆိုးချီအားလုံးကို ငါ့ကိုယ်ထဲ ထည့်လိုက်တာ"

သူ့မှာ နတ်ဆိုးချီ အများကြီးရှိလို့ အပြစ်တင်မှာမဟုတ်ဘူး။

"ဒါပေမဲ့ သူမနတ်ဆိုးချီအားလုံးကို စုပ်မယူနိုင်ခင် မူလဝိညာဉ်နဲ့ ထိတွေ့ဖို့လိုတယ်"

ချီချန်းယွီက ရင်တုန်သွားတယ်။

"အရှင်မင်းကြီးလန်ဟွား ကျေးဇူးပြုပြီးထုံအာ့ကို ကယ်ပါဦး"

"ဟင့်အင်း" လန်ဟွားငြင်းလိုက်တယ်။

"ငါသူ့ကိုသေချာမသိသလို သူ့ကိုကယ်ဖို့ ဝဋ်ကြွေးချေခြင်းထဲဖြတ်ရမှာ၊ ငါမလုပ်-"

"သူဌေး သူမကို ကယ်ပါ" ရှန်းရင် ကြားဖြတ်ပြောလိုက်တယ်။

"ကောင်းပြီလေ"

သူက သူမကိုဖြေပြီး သူ့ကိုယ်သူ မတားနိုင်ခင်မှာတင် လန်ဟွားက ဝဋ်ကြွေးချေခြင်းထဲ ခုန်ဝင်ခဲ့တော့တယ်။

လူအုပ်ကြီး ။ ။ "..."

မေ - ိုး သူ့စိတ်နှလုံးကောင်းကို မုန်းလိုက်တာဟေ့။

....

အခန်း ၁၉၁ ။ သက်‌တမ်းကုန်သွားသော ဇာတ်လိုက်မင်းသမီး

လန်ဟွား ရုတ်တရက် ဝင်ရောက်မှုအပြီးမှာ မိုးကြိုးဝဋ်ကြွေးချေမှုအရှိန်က ပြင်းထန်လာခဲ့တယ်။ ဒါပေမဲ့ အဇဋာဧကရာဇ်လန်ဟွားအတွက်တော့ ရွှေအမတရဲ့ ဝဋ်ကြွေးချေမှုက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ တကယ်တော့ သူက မိုးကြိုးတွေကို ကာကွယ်ပေးပြီး ရွှမ်ထုံ့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ပေးလိုက်တာ။

လန်ဟွားက ရွှမ်ထုံရဲ့အပေါ်ဘက်ကနေ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူ့နတ်ဆိုးချီက တလိမ့်လိမ့်တက်လာပြီး သူမခန္ဓာကိုယ်ထဲက နတ်ဆိုးချီကို နှင်ထုတ်ဖို့ ကောင်းကင်စိတ်အာရုံကို အသက်သွင်းလိုက်တယ်။ ဒါပေမဲ့ ရွှမ်ထုံက အသိစိတ်ငါးပါးကို ပိတ်ထားမိပြီး မရင်းနှီးတဲ့ အရှိန်အဝါတွေ အနားကပ်လုမှာကို အလိုလိုတားဆီးနေမိတယ်။

"စိတ်နှလုံးကောင်းက မင်းကိုကယ်ခိုင်းလိုက်တာ" လန်ဟွားက ရှင်းပြပြီး နောက်တော့ နောက်တစ်ချက် ထပ်ဖြည့်လိုက်တယ်။

"မင်းဂိုဏ်းချုပ်"

ရွှမ်ထုံက ဒါကိုကြားချိန် မတောင့်ခံတော့ဘဲ သူ့ကောင်းကင်စိတ်အာရုံကို သူမကိုယ်ထဲ ဝင်ခွင့်ပြုလိုက်တယ်။

ခဏအတွင်း လန်ဟွားက နတ်ဆိုးချီအရင်းအမြစ်ကို ရှာတွေ့ပြီး မဆိုစလောက် လန့်သွားတော့တယ်။

"ဟမ်" ဘာလို့ သူမကိုယ်ထဲ နတ်ဆိုးအစေ့တစ်ခုရဲ့ အငွေ့အသက်ရှိနေရတာလဲ။

သူ ထပ်ပြီး ဆက်မစဉ်းစားတော့ဘဲ သူမကိုယ်ထဲကနေ နတ်ဆိုးချီကို မောင်းထုတ်ဖို့ကြိုးစားတော့တယ်။ ရွှမ်ထုံက ပူးပေါင်းဖို့ အကောင်းဆုံးကြိုးစားပေမဲ့ ကောင်းကင်မိုးကြိုးတွေကို ကာကွယ်နေရတာက သူတို့အမြန်နှုန်းကို လျော့ကျစေတယ်။

ဒါပေမဲ့ ရွှမ်ထုံရဲ့ နတ်ဆိုးချီက တဖြည်းဖြည်းလျော့ကျလာပြီး အမတအရိုးတွေက မြန်မြန် ဖွံ့ဖြိုးလာတယ်။

တစ်နာရီအကြာ။

လန်ဟွား နောက်ဆုံးတော့ ရွှမ်ထုံ့ကိုယ်က နတ်ဆိုးချီ လက်ကျန်ကို ဖယ်ရှားနိုင်ခဲ့ပြီ။ သူ ထရပ်ပြီး ဝဋ်ကြွေးချေမှုနယ်နိမိတ်ထဲက ထွက်ခဲ့တယ်။

"ပြီးပြီ" ရှန်းရင်ကိုကြည့်ပြီး သူပြောလိုက်တယ်။

"ရွှမ်ထုံ့ရဲ့မူလဝိညာဉ်ထဲက နတ်ဆိုးချီကို သန့်စင်ပြီးပြီ၊ သူ နောက်ဆုံးမိုးကြိုးတွေကိုပဲ တောင့်ခံဖို့လိုတော့တယ်၊ အဲကျ သူ့အမတအရိုးတွေ တည်မြဲသွားလိမ့်မယ်"

"ကျေးဇူးပါ ဧကရာဇ်လန်ဟွား" ချီချန်းယွီက ကျေးဇူးတင်ဂါဝရပြုလိုက်တယ်။ သူမ ပင့်သက်ချလိုက်တော့တယ်။ ရွှမ်ထုံကို သူမ ပျိုးထောင်ခဲ့တာမို့ သေချာပေါက် သူမက အစိုးရိမ်ဆုံးပဲပေါ့။

ဝူတိဂိုဏ်းရဲ့ဂိုဏ်းချုပ်အနေနဲ့ ရှန်းရင်လည်း ကျေးဇူးတင်ရမယ်လို့ တွေးလိုက်တယ်။

"လန်..."

"ဘာမှမပြောနဲ့" လန်ဟွား ကြားဖြတ်ပြောလိုက်တယ်။

"ငါတောင်းပန်ပါတယ်၊ မင်းပါးစပ်ဟလိုက်တိုင်း ငါမင်းကို တစ်ခုခုပေးသင့်တယ်လို့ ခံစားရတယ်"

ရှန်းရင် ။ ။ "..."

ချန်းယွီ ။ ။ "..."

လူအုပ်ကြီး ။ ။ "..."

"ကောင်းကင်မိုးကြိုးက ပြီးလုနီးပါးဖြစ်နေပြီ" ကူယွဲ့က လူတိုင်းကို သတိပေးလိုက်တယ်။

လူတိုင်းက ရွှမ်ထုံ့ကို လှည့်ကြည့်လိုက်ကြတယ်။ ရွှမ်ထုံ့ဘေးက မသေမျိုးချီတွေက ဝဋ်ကြွေးချေမ်ုးကြိုးအရှိန်နဲ့အတူ ပိုအားကောင်းလာတယ်။ ကူယွဲ့ အထူးတလည်ပြင်ဆင်ပေးထားတဲ့ အင်းကွက်အစီအရင်က ပြိုကွဲတော့မဲ့အရိပ်အယောင်တွေ ပြလာတာတောင် အင်းကွက် အက်ကွဲကြောင်း‌တွေထဲကနေ အလင်းတန်းတွေ တလက်လက်တောက်ပလာခဲ့တယ်။

"ဧကရာဇ်ချူရွှမ် ကျုပ်ကိုကူညီပေးပါဦး"

အင်းကွက် ပြန်ဆောက်နေတဲ့ကူယွဲ့ ချူရွှမ့်ကိုလှမ်းခေါ်လိုက်တယ်။

ချူရွှမ်က အင်းကွက်ဖန်တီးဖို့ ကူယွဲ့ကို ချက်ချင်းလာကူညီတယ်။ သိပ်မကြာခင်ပဲ မှော်အလင်းတန်းတွေက တလက်လက်တောက်ပလာပြီး အင်းကွက်က နောက်တစ်ကြိမ် ကောင်းကင်မိုးကြိုးရဲ့ ဖိအားကို ရှောင်လွှဲနိုင်သွားပြန်ခဲ့တယ်။

ဒီအခိုက်အတန့်မှာ ကောင်းကင်မိုးကြိုးက ၇၉ကြိမ် ရိုက်ခတ်ပြီးပြီ။ ၂ခါပဲကျန်တော့တာ။ ရွှမ်ထုံက အားပြန်ရလာပြီမို့ အရှိန်အပြင်းဆုံး ရွှေအမတကောင်းကင်မိုးကြိုးတွေကို တောင့်ခံနိုင်ပြီ။

ရွှမ်ထုံ မြေကြီးပေါ် ဖျော့တော့စွာလှဲလိုက်ပြီး တစ်ကိုယ်လုံးမည်းတူးနေတယ်။ ဒါပေမဲ့ အမတအရိုးတွေအားလုံးက အပြည့်အဝ ဖြစ်ပေါ်ပြီးပြီ။ သူမက ဝဋ်ကြွေးချေမှုဆင်းသက်လာချိန်အတွင်း တစ်ဆင့်ခုန်ကျော်တက်သွားခဲ့တာမို့ သူမရဲ့မသေမျိုးချီက တူညီတဲ့ဝဋ်ကြွေးချေမှုကို ဖြတ်သန်းခဲ့ရတဲ့ အပေါင်းအသင်းတွေထက် ပိုများပြားနေတယ်။

"အားလုံးအဆင်ပြေသွားပြီ" ချီချန်းယွီ သက်ပြင်းချပြီး အင်းကွက်ထဲကထွက်လိုက်တယ်။ သူမ ရွှမ်ထုံ့ဆီ လျှောက်လာပြီး ပျော်ရွှင်စွာပြောလိုက်တယ်။

"ထုံအာ..."

"ယွီအာ မသွားနဲ့" ချီချန်းယွီက ရုတ်တရက် ဖုန်းယင်ပြန်ဆွဲခေါ်တာခံလိုက်ရတယ်။

ကောင်းကင်မီးတန်းကြီးတစ်ခု ကောင်းကင်ကနေ ကျဆင်းလာပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးသား ရွှမ်ထုံ့ကို တိုက်ရိုက်ထိမှန်သွားခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဖုန်းယင် စနစ်က သတိပေးချက် ထုတ်ပြန်လာတယ်။

[အန္တရာယ်အသိပေး စွမ်းအင်မြင့်မားတဲ့ကိုယ်တစ်ခု ချဉ်းကပ်လာနေပါတယ်]

ခဏအတွင်းအင်းကွက်အစီအရင်က မီးတောက်တွေနဲ့ ရဲရဲနီနေပြီ။ ဝူတိဂိုဏ်းတစ်ခုလုံး အနီရင့်ရောင်တွေနဲ့ တောက်ပကုန်တယ်။

"တောမီးပဲ" လူတိုင်း အံ့ဩတကြီး ရေရွတ်မိကုန်တယ်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ"

တောမီးက ဘာလို့ပေါ်လာရတာလဲ။ အမတတက်လှမ်းမှုအတွက် တောမီး၃၆ချက် ရှိသင့်တယ်ဆိုပေမဲ့ ရွှမ်ထုံက အမတတက်လှမ်းကာစ၊ ပြီးတော့ အဆင့်အနိမ့်ဆုံးမြေအမတ။ သူမရဲ့ အမတဝဋ်ျကြွးချေမှုက ဒီတောမီးကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ သူမရဲ့နတ်ဆိုးချီကို ဖယ်ရှားပြီးပြီမို့ အမတအဆင့်ဖြစ်နေပြီ။ နောက်ဆုံးမိုးကြိုးဝဋ်ကြွေးချေမှုနှစ်ခုက ကောင်းကင်ဝဋ်ကြွေးချေမှုကြောင့် စနက်ပျိုးသွားတာဖြစ်နိုင်ပြီး တောင့်ခံရမယ်ဆိုပေမဲ့ တောမီးကျတော့ဘယ်လိုရှင်းပြရမလဲ။

ရွှမ်ထုံ့ကို မီးတောက်တွေကြား မမြင်ရတော့ဘူး။‌ သူမရဲ့ နဂိုဖျော့တော့တဲ့ အရှိန်အဝါက ခုဆို လုံးဝ အာရုံမခံနိုင်တော့သလိုပဲ။

"ထုံအာ" ချီချန်းယွီက လှမ်းအော်လိုက်တယ်။ သူမက ရွှမ်ထုံ့ကိုကယ်ဖို့ ပြေးဝင်သွားမလို့ရှိသေး ဖုန်းယင်ပြန်ဆွဲထားတာခံလိုက်ရတယ်။

"ခဏ ယွီအာ၊ မင်းအခုဝင်သွားရင် ကောင်းကင်မိုးကြိုးက ပိုပြီး အရှိန်ပြင်းပြင်းပစ်ချလိမ့်မယ်၊ မင်းက ရွှေအမတပဲရှိသေးတာ၊ မင်း တောင့်ခံဖို့ အားနည်းလွန်းတယ်"

"ဒါပေမဲ့ ရွှမ်ထုံ... ဒီလိုသာဆက်သွားနေရင် သေချာပေါက်သေသွားလိမ့်မယ်" ချီချန်းယွီက စိုးရိမ်တကြီး ပြောလိုက်တယ်။

နောက်ထပ် တောမီးပစ်ချတော့မှာကို မြင်တော့ နောက်ကလူကိုလှည့်ကြည့်လိုက်တယ်။

"အကြီးအကဲကူယွဲ့၊ ဘာ..."

ကူယွဲ့လည်း အူကြောင်ကြောင်ဖြစ်နေတယ်။

"ငါမသိ... ဟမ်၊ ရှန်းရင်ရော"

အဲတော့မှ ရှန်းရင်ပျောက်သွားပြီဆိုတာ လူတိုင်း သိလိုက်ရတော့တယ်။

"..."

————

ဒီအချိန် တောမီးအလယ်မှာတော့...။

ရှန်းရင်က မမှတ်မိနိုင်တော့လောက်အောင် ခြစ်ခြစ်တူးနေတဲ့ ခန္ဓာကိုယ်တစ်ခုကို ကောက်ချီလိုက်တယ်။ သူ့မျက်နှာကိုပုတ်ပြီး ရှန်းရင်ပြောလိုက်တယ်။

"ဟေး ဂျပုလေး အသက်ရှိသေးလား"

ခဏနေတော့ ကျောက်မီးသွေးတုံးက သူမကိုကြည့်လာတယ်။ အားအကုန်ထုတ်ပြီး သူမက ရှန်းရင်ရဲ့ ဝတ်ရုံစကို ဆွဲဆုပ်ကာ တိုးညင်းစွာ ပြောလိုက်တယ်။

"ကောင်းကင်..." နောက်တော့ ပြန်လဲကျသွားပြီး မလှုပ်မယှက်ရှိနေတော့တယ်။

"ဂျပုလေး ဂျပုလေးရေ"

"..."

ရွှမ်ထုံက မတုံ့ပြန်။

ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ ပေါက်ကွဲသံအကျယ်ကြီး ပေါ်လာပြီး မီးလုံးကြီးတစ်ခုက ကောင်းကင်ကနေ သူတို့ဆီ တန်းတန်းမတ်မတ် တည်လာတော့တယ်။

မီးလုံးအရှိန်နဲ့အပူချိန်က ပြင်းလွန်းလို့ မြေကြီးပေါ်မရောက်ခင်မှာတောင် မြေပြင်ပေါ်က အရာအားလုံးကို မီးစွဲသွားစေလေရဲ့။

မိန်းကလေးနှစ်ယောက်ကို ထိမှန်ခါနီးဆဲဆဲမှာတင်...။

ရှန်းရင်အမူအရာက ‌မာကြောသွားပြီး ဒေါသဆူပွက်လာတယ်။ ရှောင်ထုံ့ကို ချီပြီး ခြေထောက်ကို မြှောက်ကာ မီးလုံးကြီးကို ကန်ထုတ်လိုက်တော့တယ်။

"သွားစမ်းပါ" နင်ကန်းနေတာလား၊ မီးလုံးတွေကို နေရာတိုင်းပစ်နေရအောင်။

ဝှီးခနဲအသံနဲ့အတူ အဲကောင်းကင်မီးလုံးကြီးက ဆင်းလာတုန်းကအချိန်ထက်တောင် ပိုပြီးမြန်မြန် ကောင်းကင်ဆီ ပြန်ပျံတက်သွားလေရဲ့။

နောက်တော့ ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့တယ်။ မိုးကြိုးတိမ်တိုက်တွေနဲ့ ဖုံးလွှမ်းနေဆဲ ကောင်းကင်တစ်ခုလုံးက မီးတောက်ပင်လယ်ကြီးအဖြစ် တဟုန်းဟုန်း တောက်လောင်နေပြီ။ ကောင်းကင်နဲ့မြေကြီးက အနီရောင်အဖြစ် ပြောင်းလဲသွားတယ်။

ရှန်းရင် တစ်ဖက်လှည့်ပြီး သူမပတ်လည်က မီးပင်လယ်ကို မျက်လုံးမှေးကြည့်လိုက်တယ်။

ဝိုင်းနေတဲ့မီးတောက်တွေက ပြန်ကျုံ့သွားသလိုပဲ။ နောက်တော့ သူတို့ပတ်လည်က တောမီးက လမ်းတစ်ခုဟပေးတယ်။

လူသားကျောက်မီးသွေးတုံးကို ချီလာပြီး ရှန်းရင် ရွှေ့လာခဲ့တယ်။ တစ်ခဏနေတော့ သူမ လမ်းကြောင်းပြောင်းပြီး အကာအကွယ်အင်းကွက်ထဲ ပြန်ဝင်လာခဲ့တော့တယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ဧကရာဇ်နှစ်ပါး ။ ။ "..."

စုံတွဲ ။ ။ "..."

ခုလေးတင် ဘာဖြစ်သွားတာလဲ။ ဘာလို့ ကောင်းကင်က မီးထလောင်ပြီး မြေကြီးပေါ်က မီးက သူ့ဘာသာ ငြိမ်းသွားရတာလဲ။ ကောင်းကင်ဝဋ်ကြွေးချေမှုက ဘာလို့ တစ်ဝက်တစ်ပျက် ရပ်သွားတာတုံး။

ရှန်းရင် ရွှမ်ထုံ့ကိုမြေကြီးပေါ်ချပြီး ချူရွှမ့်ကို လက်ယမ်းပြ ခေါ်လိုက်တယ်။

"ကြက် သူ့ကိုလာကြည့်ပေးပါဦး"

ချူရွှမ်ပခုံးတွန့်လိုက်တယ်။

"လာပြီ"

သူ မြန်မြန်လျှောက်လာပြီး အရင်ဆုံး သူမနှလုံးကို ကာကွယ်ဖို့ချိပ်တစ်ခု ဖန်တီးလိုက်တယ်။ နောက်တော့ သူမအခြေအနေကိုစစ်ဆေးဖို့ သူ့မသေမျိုးချီကို အသက်သွင်းလိုက်တယ်။ အချိန်ကြာလာတာနဲ့အမျှ သူ့မျက်နှာပေါ်က မျက်မှောင်ကြုတ်မှုက ပိုနက်ရှိုင်း‌လာလေရဲ့။

နောက်တော့ တုံ့ဆိုင်းနေတဲ့အကြည့်နဲ့ ချူရွှမ် ပြောလိုက်တယ်။

"ကြီးမြတ်တဲ့... ကြီးမြတ်တဲ့ နတ်ဒေဝါ သူ့အမတအရိုးတွေ ဖြစ်ပေါ်လာချိန် သူ့ခံနိုင်ရည်အလွန်ဆုံးကို ရောက်နေပြီ" သူသက်ပြင်းချပြီး ကလေးမရဲ့ စိတ်ခွန်အားကို တိတ်တိတ်လေးအထင်ကြီးမိသွားတယ်။

"တကယ်တော့ ပြန်သက်သာလာနိုင်ပေမဲ့... တောမီးထိမှန်သွားခဲ့တာ၊ သူမကလုံးဝမပြင်ဆင်ခဲ့ရတာမို့ သွေဖည်မီးလျှံက သူမကိုယ်ထဲဝင်သွားပြီ၊ အခု တောမီးရဲ့ အမြိုက်ချီက သူ့နှလုံးသွေးကြောထဲကျူးကျော်နေတယ်၊ ပြီးတော့ သူမက ရေဝိညာဉ်ကြောမို့ ရေနဲ့မီး ထိပ်တိုက်တွေ့ပြီးထိန်းမညှိနိုင်တော့..."

"အဲတော့"

ချူရွှမ် ခေါင်းယမ်းပြီးဆက်ပြောလိုက်တယ်။

"သူမရဲ့သွေးကြောတွေအကုန် ထိခိုက်ပြီး အုတ်မြစ်လည်း ဖျက်ဆီးခံလိုက်ရတယ်၊ အမတအရိုးတွေ ကျိုးကုန်ပြီ၊ မူလဝိညာဉ်တောင် တောမီးတိုက်စားတာခံနေရတယ်၊ အခု သတိလစ်နေတာ၊ သတိပြန်ဝင်လာဖို့တောင် မျှော်လင့်ချက်ရေးရေးလေးပဲရှိတယ်၊ သတိပြန်လည်လာရင်တောင် သူမကျင့်ကြံမှုကို... ပြန်မရနိုင်တော့ဘူး"

"..."

...

အခန်း ၁၉၂ ။ ဒီရေပြောင်းပြန်စီးခြင်း

လူတိုင်းက တိတ်ဆိတ်ကုန်ကြတယ်။ ကံကောင်းမှုက ဒီကလေးကို မျက်နှာသာမပေးတာ သူတို့သိပေမဲ့ ဒီလောက်ကံဆိုးမယ်တော့မထင်ခဲ့ဘူး။

ချီချန်းယွီက သတင်းကြောင့် စိတ်ထိခိုက်သွားတယ်။ သူမ ယိုင်သွားပြီး မငိုမိအောင် ထိန်းနေရတယ်။ သူမက ရွှမ်ထုံလေ့ကျင့်ရမှာ လမ်းညွှန်ပေးခဲ့တဲ့သူ။ ရွှမ်ထုံ ဘယ်လောက်တောင်ကြိုးစားခဲ့လဲဆိုတာ တခြားလူတွေထက် ပိုသိတယ်။ သူ ရွှမ်ထုံ့ကို တစ်ဦးတည်းသောတပည့်လိုမျိုးနီးပါးအထိပါ ဆက်ဆံခဲ့တာ။ ဒါပေမဲ့အခုတော့...။

ကူယွဲ့လည်း ထပ်တူထပ်မျှ ဝမ်းနည်းမိတယ်။ သူ အတွေးနက်နေဆဲဖြစ်တဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ နောက်တော့ ချူရွှမ့်ကိုညွှန်ကြားလိုက်တယ်။

"ရွှမ်ထုံ့ကို နန်းတော်အဆောင်ဆီ ပြန်ခေါ်သွားလိုက်ပါ"

ချူရွှမ် ရွှမ်ထုံကို ချီပြီး ဝူတိဂိုဏ်းဆီ တခြားတပည့်တွေနဲ့ ပြန်ဦးတည်လာခဲ့တယ်။

"ယွီဟုန်" ကူယွဲ့က အခု ရွှမ်ထုံ့ဒဏ်ရာတွေကို ကူညီကုသပေးနေတဲ့ ချူရွှမ့်ကိုလှမ်းကြည့်ပြီး ယွီဟုန့်ကို လှမ်းဆွဲခေါ်လိုက်တယ်။

"မြို့တော်ဆီသွားပြီး မြို့ထဲက အချမ်းသာဆုံးသူဌေး ရှုကျန်းကိုလာခဲ့ဖို့ခေါ်လိုက်၊ သူက နာမည်ကြီးအမတသမားတော်လားပဲ၊ ငါတို့ကိုကူညီနိုင်လောက်တယ်"

"ဟုတ်ကဲ့ အကြီးအကဲ" ယွီဟုန်လည်း ထွက်သွားဖို့ ပြင်ဆင်လိုက်တယ်။

"ခဏ" ကူယွဲ့ အကြံတစ်ခုပေါ်လာလို့ထပ်ပြောလိုက်တယ်။

"မင်း သူ့ကိုရှာမတွေ့ရင် စစ်ပြေငြိမ်းခန်းမဆောင်မှာ ရွှင်ရှူးကို သွားရှာချေ၊ သူက အခု တိုင်းပြည်ဧကရာဇ်ဖြစ်နေပြီဆိုတော့ အသုံးဝင်နိုင်တယ်၊ ဒါ ရှန်းရင်ရဲ့ ညွှန်ကြားချက်လို့ ပြောလိုက်"

"နားလည်ပါပြီ" ယွီဟုန် ခေါင်းညိတ်ပြီး ဓားပျံနဲ့အတူ ပျံထွက်သွားလေတယ်။

တစ်လအကြာ။

ချူရွှမ်က ရှိနေတဲ့လူတွေထဲ ကျင့်ကြံဆင့်အမြင့်ဆုံး။ သူ့အကူအညီနဲ့အတူ သူမအခြေအနေက တဖြည်းဖြည်းတည်ငြိမ်လာပြီး ဒဏ်ရာတွေ စတင်သက်သာလာခဲ့တယ်။ သူမ ဖြူဖပ်ဖြူရော်ဖြစ်မှုကလည်း ဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်လာခဲ့တယ်။

ချူရွှမ်က အဇဋာဧကရာဇ်ဆိုပေမဲ့လည်း သူ့အရည်အချင်းက အင်းကွက်တွေဖန်တီး‌တဲ့နေရာမှာဖြစ်ပြီး ကုသတဲ့စွမ်းရည်မဟုတ်ဘူး။ လန်ဟွားက အားလုံးမှာ ကျွမ်းကျင်တယ်ဆိုပေမဲ့ သူက နတ်ဆိုးကျင့်ကြံသူ ဖြစ်နေဆဲဆိုတော့ သူ့တည်ရှိမှုက သူမအခြေအနေကို ပိုတောင်ဆိုးရွားသွားစေနိုင်တယ်။ ဒါကြောင့် ရက်ပိုင်း သူက တောင်နောက်ဘက်မှာ မုန်လာဥဖြူနဲ့အတူ လိမ်လိမ်မာမာနေနေလေတယ်။

သူမဒဏ်ရာတွေရဲ့ပြင်းထန်မှုကြောင့်ထင် ရွှမ်ထုံက သတိလစ်နေရာကနေ နိုးမလာဘူး။ နောက်တော့ ယွီဟုန် ရှုကျန်းကို သူမဒဏ်ရာတွေကိုကြည့်ဖို့ ခေါ်လာခဲ့တယ်။ သူ့ရောဂါဟောကိန်းကလည်း ချူရွှမ်နဲ့အတူတူပဲ။ ဒါပေမဲ့ ရက်ပိုင်းကုသမှုအပြီးမှာ ရွှမ်ထုံက နိုးထဖို့အရိပ်အယောင်တွေပြလာတယ်။

နောက်ဆုံးတော့ တစ်လအကြာမှာ ရွှမ်ထုံက မျက်စိပွင့်လာခဲ့တယ်။

"ထုံအာ" ရွှမ်ထုံ့ကိုတစ်လ ပြုစုနေတဲ့ချီချနးယွီက ပြေးလာပြီး သူမကို ငုံ့ကြည့်တော့တယ်။ နောက်တော့ စိုးရိမ်တကြီးမေးလိုက်တယ်။

"ဘယ်လိုခံစားနေရလဲ"

ရွှမ်ထုံက ငေးငိုင်နေတယ်။ သူမကစကားပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ ဘာစကားလုံးမှထွက်မလာ။ သူမက ကြောက်လန့်ပြီး လမ်းပျောက်နေတဲ့ပုံ။

ချီချန်းယွီ အမြန်နှစ်သိမ့်ပေးလိုက်တယ်။

"ဆိုးဆိုးရွားရွား ဒဏ်ရာရထားတာမို့ ပြန်သက်သာလာအောင် အချိန်လိုတယ်လေ ခဏလောက် စကားမပြောနိုင်တာ ပုံမှန်ပါပဲ"

ရွှမ်ထုံက တစ်ခုခုကိုအသည်းအသန်ပြောချင်နေသလိုမျိုး ခေါင်းယမ်းတော့တယ်။

"မစိုးရိမ်ပါနဲ့" ချီချန်းယွီ သူမ ခေါင်းကိုပုတ်ပြီး ဖြည်းဖြည်းချင်းပြောလိုက်တယ်။

"ဂိုဏ်းချုပ်နဲ့အတူ အကြီးအကဲတွေ၊ ဧကရာဇ်တွေရှိတာမို့ အဆင်ပြေသွားမှာပါ"

ရွှမ်ထုံက ဒါကိုကြားချိန် အလိုလိုခေါင်းလှည့်လာတယ်။

"ဟေး ဂျပုလေး" ရှန်းရသ် လက်တစ်ဖက်ယမ်းပြပြီး နှုတ်ဆက်လိုက်တယ်။

ရွှမ်ထုံက ကြောင်အမ်းသွားပြီး အံ့ဩမှုနဲ့ အိပ်ရာက ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့တယ်။ ကံကောင်းလို့ ချီချန်းယွီက သူမကိုအချိန်မီ ဖမ်းထားလိုက်တယ်။

"စိတ်မလှုပ်ရှားနဲ့၊ ရင်အာက နင့်ကို အထူးတလည်လာတွေ့တာပါ" ချန်းယွီက ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ်။ ရှန်းရင်ရဲ့ ပရိသတ်အဖွဲ့ဝင်မို့ သူမ ရွှမ်ထုံရဲ့ခံစားချက်တွေကို အလိုလိုနားလည်တယ်။ ပြီးတော့ သူမက အမတတက်လှမ်းမှုအတွက် ပြင်ဆင်ဖို့ အချိန်အကြာကြီး ဂူအောင်းကျင့်ကြံအားထုတ်နေခဲ့ရတာ။ ဆိုးလွန်းတာက...။

"ဒီအမတက တိတ်တိတ်ဆိတ်ဆိတ် အနားယူဖို့လိုတယ်၊ အားလုံးကျေးဇူးပြုပြီး..." ရှုကျန်း သူမဧည့်သည်တွေကို ပြန်ဖို့ အရိပ်အမြွက်ပြောလိုက်တယ်။

ကူယွဲ့က ချီချန်းယွီကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့ ဧည့်သည်အုပ်စုကို အခန်းထဲကနေ ခေါ်ထုတ်လာခဲ့တော့တယ်။

"ကောင်းကောင်းအနားယူနော်" ရှန်းရင် သူမစောင်အောက် ကျုံ့နေတဲ့ ရွှမ်ထုံ့ကိုလှမ်းကြည့်လိုက်တယ်။ နောက်တော့ တစ်ဖက်လှည့်ပြီး ဖေဖေ‌နျိုနောက်ကနေ အခန်းအပြင်ထွက်ခဲ့တယ်။ သူမ ပြတင်းပေါက်ဘေးကဖြတ်တုန်း ပြတင်းပေါက်ဘောင်ကို လက်ချောင်းတွေနဲ့ သုတ်ကြည့်လိုက်တယ်။ သူမလက်ချောင်းတွေက မီးခိုးမှုန်တွေနဲ့ဖုံးပြီး ပြန်ပါလာတယ်။ တစ်ခဏရပ်သွားပြီးနောက်မှာတော့ အခန်းအပြင် ထွက်ခဲ့လိုက်တယ်။

လူတိုင်း အခု အရှေ့နန်းဆောင်ဆီ ပြန်ရောက်လာပြီ။ ရှုကျန်း သူ့နဖူးကချွေးကိုသုတ်ပြီး အားလုံးကို တလေးတစား ဂါဝရပြုလိုက်တယ်။

"အမတရောင်းရင်းရွှမ်ထုံက နိုးလာပြီဆိုပေမဲ့ သူ့မူလဝိညာဉ်နဲ့ အုတ်မြစ်က ပြန်ကောင်းဖို့ မဖြစ်နိုင်တော့လောက်ဘူး၊ သူမအတွက် ဘာမှမလုပ်ပေးနိုင်တော့မှာ... စိုးမိတယ်"

"ဆိုလိုတာက ဝိညာဉ်စုဝေးမီးအိမ်တောင် သူ့ကိုမကုသနိုင်ဘူးပေါ့" ကူယွဲ့က စိတ်ပူပန်စွာမေးလိုက်တယ်။ မီးအိမ်က အမတတစ်ယောက်ရဲ့ မူလဝိညာဉ်ကို ပြုပြင်ပေးနိုင်မယ်လို့ တွေးမိခဲ့တာ။

"ဒါ..." ရှုကျန်းက ရပ်သွားပြီး နှမြောတသ ပြောတော့တယ်။

"အမတရောင်းရင်းရွှမ်ထုံ့ဒဏ်ရာတွေက တောမီးကြောင့်ဖြစ်တာလေ၊ သူတို့က သူမဝိညာဉ်ကြောနဲ့ မီးဓာတ်ကြား တိုက်ခိုက်ချိန် ပိုဆိုးသွားခဲ့တာပဲ၊ ဝိညာဉ်စုဆောင်းမီးအိမ်က သူမရဲ့မူလဝိညာဉ်ကို ပြုပြင်နိုင်တယ်ဆိုပေမဲ့ သူမကိုယ်ထဲက အမြိုက်ချီကို မနှင်ထုတ်နိုင်ဘူးဆိုရင် သူမဒဏ်ရာတွေက အပြည့်အဝပျောက်ကင်းမှာမဟုတ်ဘူး၊ ဝိညာဉ်စုဆောင်းမီးအိမ်က လက္ခဏာရပ်တွေကို ကုသနိုင်ပေမဲ့ ရင်းမြစ်ကိုတော့မဟုတ်ဘူး၊ အဲတော့ သူမကို ပိုပြီး ဝေဒနာခံစားရစေရုံပဲရှိမယ်"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ အခု ရွှမ်ထုံက ဇာတ်လိုက်မင်းသမီးမဟုတ်တော့တာ သူသေချာသွားခဲ့ပြီ။ ဇာတ်လိုက်မင်းသမီးတွေက ဒီလိုစိတ်ဆင်းရဲစရာအခြေအနေထဲ ဘယ်တော့မှ ပိတ်မိနေမှာ မဟုတ်ဘူး။

"တကယ်ပဲ... တခြားနည်းမရှိတော့တာလား" ဘယ်လိုပဲဖြစ်ဖြစ် ရွှမ်ထုံက သူ့ဂိုဏ်းသား။ ပြီးတော့ ကလေးထိန်းအနေနဲ့.... အမှန်ပြင်ပါရစေ၊ အကြီးအကဲတစ်ယောက်အနေနဲ့ သူ့မှာ သူမအတွက် တာဝန်ရှိတယ်။

ရှုကျန်းက ချူရွှမ့်ကို ကြည့်ပြီးမှ တုံ့ဆိုင်းစွာဖြေလိုက်တယ်။

"နည်းလမ်း... တစ်ခုတော့ရှိပါတယ်"

"ဘာလဲ"

"ဧကရာဇ်ငယ် လော့ဟန်ကျောက်တုံးအကြောင်း ကြားဖူးပါသလား"

"..." ဘာကြီးလဲ။

"လော့ဟန်ကျောက်တုံး" ချူရွှမ်က ထအော်လိုက်တယ်။

"ယီရွှေ့တိုက်က ဧကရာဇ်ရှင်းဟန်ပိုင်တဲ့ ကျောက်တုံးအကြောင်း ပြောနေတာလား"

"အမှန်ပါပဲ" ရှုကျန်းခေါင်းညိတ်လိုက်တယ်။

"ဧကရာဇ်ရှင်းဟန်ရဲ့ ကောင်းကင်လက်နက်ပါ" ဟယ်ချွမ်ရဲ့ ဧကရာဇ် ဒီမှာရှိတော့ သူတို့ သူ့ဆီကနေ ငှားလို့ရနိုင်တာပဲ။

"ပြောကြတာတော့ ဒီကျောက်တုံးက လောကမှာ အအေးဆုံးအရာတဲ့၊ ပင်လယ်ကိုတောင် ချက်ချင်းခဲသွားစေနိုင်တယ်၊ သူက အမတရောင်းရင်းရွှမ်ထုံရဲ့အမြိုက်ချီကို ပြန်တိုက်ခိုက်နိုင်တာမို့ သူမကိုယ်ကနေ ဒီချီကိုနှင်ထုတ်ပြီး အုတ်မြစ်ကို ဖြည်းဖြည်းချင်း ပြန်တည်ဆောက်နိုင်အောင် ဒါကိုသုံးလို့ရနိုင်တယ်"

"ဧကရာဇ် ရှင်းဟန်..." ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ကြည့်ရတာ ဒီစိတ်ညစ်စရာ ရှင်းဟန်နဲ့ ပြန်ဆက်ဆံရဦးမဲ့ပုံပဲ။ အဲမြေခွေးမိစ္ဆာက သူ့ကိုကယ်ဖို့ ဝိညာဉ်စုဆောင်းမီးအိမ်ကို ခိုးခဲ့တာ။ အခု သူတို့ သူ့ဆီကနေ လော့ဟန်ကျောက်တုံးကို ငှားရတော့မယ်။ ဒီရေတွေ ပြောင်းပြန်စီးသွားလိုက်တာ

"ကျေးဇူးတင်ပါတယ် အဆင့်မြင့်အမတရှု" ကူယွဲ့ ရှုကျန်းကို ဂါဝရပြုလိုက်တယ်။

"မလိုပါဘူး ဧကရာဇ်ငယ်" ရှုကျန်း အမြန် ပြန်ဂါဝရပြုလိုက်တယ်။ တစ်ခဏတွေးပြီး‌တဲ့နောက် သူကထပ်ပြောလာတယ်။

"စကားမစပ် ရွှမ်ထုံ့ကို မရွှေ့တာ"အကောင်းဆုံးလို့ အကြံပေးချင်ပါတယ်၊ ကျောက်တုံးကို ဒီပြန်သယ်လာတာ‌ အကောင်းဆုံးပါ၊ အချိန်က တိုတောင်းပါတယ်၊ သူမအမြုတေချီက စောစောမဖယ်ရင် အုတ်မြစ်ပြန်တည်ဆောက်ဖို့ အရမ်းခက်သွားလိမ့်မယ်"

"ဟုတ်ပြီ ကျုပ်တို့မှတ်ထားပါ့မယ်" ကူယွဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ညွှန်ကြားချက်တချို့ ထပ်ချန်ထားပြီးတဲ့နောက် ရှုကျန်းကရွှမ်ထုံ့ကို စောင့်ကြည့်ဖို့ ပြန်သွားခဲ့တယ်။

"ကြည့်ရတာ ရှင်းဟန်ကို သွားတွေ့ဖို့ ခရီးသွားရမဲ့ပုံပဲ၊ အချိန်မရှိဘူး၊ ရှန်းရင် သွားကြရအောင်... ရှန်းရင် ရှန်းရင်" ကူယွဲ့ အသီးကို ကိုင်နေတဲ့ရှန်းရင်ကို လှုပ်လိုက်တယ်။

"ဟမ်" ရှန်းရင် ကြောင်အမ်းသွားပြီး အသီးကို လွှတ်ချမိလိုက်တယ်။

ယိချင်းက အမြန်ပဲ နောက်ထပ်အသီးတစ်လုံး ကမ်းပေးလာတယ်။

"မင်းဘာဖြစ်နေတာလဲ" ကူယွဲ့ ဇဝေဇဝါကြည့်နေမိတယ်။ သူမက အသီးကို ကိုက်စားဖို့တောင် မေ့နေတယ်ပေါ့၊ ဒါပထမဆုံးပဲ

"ရွှမ်ထုံ့ဝဋ်ကြွေးချေမှုတည်းက မင်းစိတ်နဲ့လူနဲ့ မကပ်တော့သလိုပဲ"

"ဆရာ" ယိချင်းက ရှန်းရင်ကို စိတ်ပူပန်စွာကြည့်လိုက်တယ်။

"ဆရာစားတာလေ... တစ် ရာခိုင်နှုန်းလောက် ကျသွားတဲ့ပုံပဲ"

"..." အဲလောက်တိကျဖို့ လိုလို့လား။

-_-|||

ကူယွဲ့က အတွေးတစ်ခု ပေါ်လာလို့ မျက်လုံးပြူးသွားတယ်။

"မင်း... တခြားပြဿနာတစ်ခုခု ရှာတွေ့ထားလို့လား"

"အဲလိုတော့မဟုတ်ပါဘူး..." ရှန်းရင် ‌ခေါင်းငုံ့နေတယ်။ တစ်ခဏနေတော့ သူမက မတ်မတ်ရပ်လာပြီး နှစ်ယောက်သားကို စိတ်အားထက်သန်စွာကြည့်တော့တယ်။

"စားဖိုမှူး၊ ဖေဖေနျို နင်တို့..."

"ခဏ" ကူယွဲ့ သူမကိုရပ်ဖို့ အမူအရာပြလိုက်တယ်။

"ခုမပြောနဲ့ဦး"

"ဟမ်" ဘာလို့လဲ။

ကူယွဲ့ တလေးတနက်ဖြေလိုက်တယ်။

"မင်းအတည်ပေါက်ပြောတိုင်း ငါ ဉာဏ်အလင်းပွင့်တော့မယ်လို့ခံစားရတယ်၊ ငါတို့ယီရွှေ့တိုက်ကို အမြန်သွားရဦးမှာ ငါ ပိုပြီးအဆင်သင့်ဖြစ်ချိန်ထိ စောင့်ဦး"

ယိချင်း ။ ။ "..."

ချူရွှမ် ။ ။ "..."

ရှန်းရင် ။ ။ "..." ခွေး*သား

All Chapters