အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
အခန်း ၁၉၃ ။ လော့ဟန်ကျောက်တုံးကို ငှားခြင်း
ယီရွှေ့တိုက်ကြီးက အမတဘုံရဲ့ မြောက်ပိုင်းထိပ်ဖျားမှာ တည်ရှိတာကြောင့် ဖုန့်ချန်တိုက်ရဲ့ ထာဝရနွေဦးရာသီလိုမျိုး မရှိဘူး။ နေရာတိုင်းနီးပါးက နှင်းတွေဖုံးလွှမ်းနေပြီး စိမ်းစိုမှုက မရှိသလောက်။ နှင်းကလွဲရင် သူတို့မြင်ရတာ အဆုံးမရှိတဲ့ပင်လယ်ပြင်။
သူတို့ ရွှမ်ထုံ့ကို စိုးရိမ်တာမို့ ရှန်းရင်တို့တွေ ယီရွှေ့နန်းတော်ဆီ မရပ်မနားဦးတည်ခဲ့ကြတယ်။ သူတို့တွေ လမ်းမှာ အမတတချို့ပဲတွေ့ခဲ့ရတယ်။
သူတို့တွေဆီမှာ ချူရွှမ်ပေးလိုက်တဲ့ အထူးတလည် ခရီးသွားလာခွင့်တံဆိပ်ပြားရှိတာမို့ နန်းတော်အပေါက်အဝဆီ ဘာကိစ္စမှမရှိဘဲ ရောက်လာခဲ့တယ်။ သူတို့တွေ အမတအရာရှိ အစောင့်တွေကို သူတို့လည်ပတ်မှုရဲ့ရည်ရွယ်ချက်ကို အသိပေးလိုက်တယ်။ ခဏနေတော့ လူတစ်ယောက်ထွက်လာပြီး သူတို့ကို ဂါဝရပြုလိုက်တယ်။
"အရှင်မင်းကြီးက ဖိတ်ကြားလိုက်ပါတယ်"
သူတို့တွေကို ပင်မနန်းဆောင်ထဲ ခေါ်လာကြတယ်။
ဝတ်ရုံဖြူနဲ့လူတစ်ယောက်က သလွန်ပေါ်ထိုင်နေတယ်။ သူ့အသွင်အပြင်က ခပ်ထင်းထင်းရှိပြီး ဆံပင်ရှည်ကို ထုံးထားတယ်။ သူ့အပြင်ပိုင်း အသွင်အပြင်က သင့်တင့်ပြီး ခံ့ညားသား။ ဒါပေမဲ့ သူ့မျက်ဝန်းထဲကအမူအရာကတော့ ရေခဲတမျှအေးစက်နေတယ်။ လူမဆန်လုနီးပါး အငွေ့အသက်က သူ့ကိုလွှမ်းခြုံနေလေရဲ့။
သူတို့တွေ သူက အဇဋာဧကရာဇ်ရှင်းဟန် ဖြစ်ရမယ်လို့ ခန့်မှန်းလိုက်ကြတယ်။
"နှုတ်ဆက်ပါတယ် အရှင်မင်းကြီး" သူတို့တွေ ယဉ်ယဉ်ကျေးကျေး ဂါဝရပြုလိုက်တယ်။
ရှင်းဟန်က သူတို့ကိုမျက်နှာသေနဲ့ ကြည့်ပြီး အေးစက်စက်မေးလာတယ်။
"အဲတော့ ခင်ဗျားတို့က ဝူတိဂိုဏ်းကလား"
"ဟုတ်ပါတယ်" ကူယွဲ့က စီးပွားရေးဆန်တဲ့အမူအရာယူလိုက်တယ်။
တစ်စုံတစ်ရာကို ပြန်သတိရသွားပုံနဲ့ ရှင်းဟန်က မျက်မှောင်ကြုတ်ကာ အေးတိအေးစက် စကားဆိုတယ်။
"ဝိညာဉ်စုဆောင်းမီးအိမ်ကို ဖုန့်ချန်ဆီ ပြန်ပို့ဖို့ ကျုပ်လူတွေကို ခိုင်းပြီးပြီ... ထင်တာပဲ"
"အရှင်မင်းကြီး နားလည်မှုလွဲတာပါ ကျုပ်တို့ မီးအိမ်ကို လက်ခံပြီးပြီ၊ ကျုပ်တို့ မီးအိမ်ကြောင့် လာတာ မဟုတ်ပါဘူး"
"အော် ဒါဆို ဘာများလဲ"
ကူယွဲ့ ပြုံးပြီး ဖော်ရွေတဲ့လေသံနဲ့ပြောလိုက်တယ်။
"ဒီလိုပါ၊ တပည့်တွေထဲက တစ်ယောက်က ဝဋ်ကြွေးချေမှုအတွင်းမှာ မတော်တဆမှုကြုံခဲ့ရပြီး အမြိုက်ချီတွေ ခန္ဓာကိုယ်ထဲဝင်သွားခဲ့ပါတယ်၊ နည်းမျိုးစုံကြိုးစားခဲ့ပေမဲ့ သူမကိုယ်ထဲကနေ နှင်ထုတ်လို့မရခဲ့ဘူး၊ ဒါကြောင့်..."
"လော့ဟန်ကျောက်တုံးကို ငှားချင်တာပေါ့"
ရှင်းဟန်က သူ့အေးစက်တဲ့အသံနဲ့ ကြားဖြတ် ပြောလာတယ်။ မဆိုစလောက် မျက်မှောင်ကြုတ်မှုပါ ပေါ်လာခဲ့တယ်။
"အမှန်ပါပဲ၊ ကျောက်တုံးကြောင့် လာခဲ့ရတာပါ" သူက သူတို့တောင်းဆိုချက်ကို သဘောတူဖို့ မဖြစ်နိုင်တာကို ခန့်မှန်းမိတော့ ကူယွဲ့လေသံကိုပျော့ပြီး စိတ်အားထက်သန်စွာပြောလိုက်တယ်။
"ဒါက ကောင်းကင်လက်နက်ဆိုတာ ကျုပ်တို့သိပါတယ်၊ ဒါပေမဲ့ ကလေးကိုကယ်ဖို့ အသည်းအသန် လိုအပ်နေလို့ပါ၊ တကယ်လို့ အရှင်မင်းကြီးသဘောတူရင် ကောင်းကင်ဖန်တီးနာရီနဲ့လဲဖို့ ဆန္ဒရှိပါတယ်၊ ကျုပ်တို့ကို မယုံရင် အတူတူ ပြန်သွားလို့ရပါတယ်"
သူ့လက်ကိုယမ်းလိုက်တော့ အက်ကွဲကြောင်းတွေနဲ့ နာရီတစ်လုံး လက်ဖဝါးပေါ် ပေါ်လာတယ်။ သူ ဒီရက်ပိုင်းအလုပ်ရှုပ်နေတာမို့ ပြင်ဖို့ ရွှင်ရှူးဆီ မပို့ရသေးဘူး။
ရွှင်ရှူးအမူအရာကတော့ မပြောင်းမလဲ။ သူ နာရီကို တစ်ခဏကြည့်နေပြီးတော့ ဆက်ပြောလာတယ်။
"တကယ်ဆို ကောင်းကင်ဖန်တီးနာရီက ကျုပ်မူလဝိညာဉ်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်တော့ ခင်ဗျားတို့တောင်းဆိုချက်ကို သဘောတူညီသင့်တယ်၊ လော့ဟန်ကျောက်တုံးက တကယ်ပဲ ကျုပ်နန်းတော်မှာ၊ ဒါပေမဲ့... ခင်ဗျားတို့ကိုငှားဖို့တော့ အဆင်မပြေဘူး"
"ဘာကိုဆိုလိုတာပါလဲ" ကူယွဲ့ ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ ငှားရင်လည်းငှား မငှားရင်လည်း မငှားနဲ့ပေါ့။ ဘာကိုအဆင်မပြေဖြစ်နေတာလဲ။
ရှင်းဟန်က မျက်မှောင်ပိုကြုတ်သွားတယ်။ သူ့နဂိုမျက်နှာသေအမူအရာက မည်းမှောင်သွားလေရဲ့။ ရုတ်တရက် သူက သက်ပြင်းမောကြီးချပြီး ထရပ်တယ်။ သူက နန်းတော်နောက်ဘက်ဆီ စတင်လျှောက်တော့တယ်။
"ကျုပ်နောက်လိုက်ခဲ့ရင် ကျုပ်ဘာဆိုလိုလဲဆိုတာ သိလိမ့်မယ်"
လူတိုင်းက အကြည့်ချင်းဖလှယ်ပြီးတော့ သူ့ခြေလှမ်းတွေနောက် လိုက်ခဲ့ကြတယ်။
ရှင်းဟန်က တိမ်တိုက်ပင်လယ်ကြီးကနေတစ်ဆင့် သီးခြားအမတနန်းတော်တစ်ခုဆီ ခေါ်လာတယ်။ ပျံသန်းနေစဉ်အတွင်း သူက တောင်းဆိုချက်ကို ဘာလို့ငြင်းဆန်ရလဲ ရှင်းပြလေရဲ့။
"ကျုပ်ဆိုးဆိုးရွားရွား ဒဏ်ရာရတုန်းက ကျောင်း... ပိုင်ကျောင်းက ကျုပ်မူလဝိညာဉ် မတည်ငြိမ်ဆုံး ဖြစ်နေတဲ့အချိန် ဝိညာဉ်စုဝေးမီးအိမ်ကိုရှာပြီး ယူလာခဲ့တယ်လေ၊ ကျုပ်ရဲ့ မူလဝိညာဉ်ကို တည်ငြိမ်စေဖို့ အကူအညီဖြစ်မယ်တွေးပြီး မီးအိမ်ကို အတင်းထွန်း ဝိညာဉ်ထိန်းချုပ်ဂါထာတစ်ခုကို ရွတ်ခဲ့တယ်၊ ဒါကြောင့်..."
သူ့လက်ကို ယမ်းလိုက်တော့ အမတနန်းတော်တံခါးတွေက ပွင့်သွားပြီး အေးစက်လှတဲ့လေထုက အပြေးထွက်လာတယ်။ ဧကရာဇ်ငယ်တွေဖ့စ်တဲ့ ကူယွဲ့နဲ့ယိချင်းတောင် ထိတ်လန့်ကုန်တယ်။
နန်းတော်ထဲက အရာအားလုံးကို ရေခဲလွှာတွေဖုံးအုပ်ထားတယ်။ အခန်းအလယ်မှာတော့ မိန်းကလေးတစ်ယောက်က အိပ်ရာပေါ်လှဲနေပြီး အိပ်ပျော်နေတဲ့ပုံ။ သူတို့ သူမဆီကနေ အရှိန်အဝါဖျော့ဖျော့ ထုတ်လွှင့်နေတာ အာရုံခံမိလိုက်တယ်။
"သူက... ပိုင်ကျောင်းပဲ" ကူယွဲ့ အံ့ဩသွားတယ်။ သူမကို သူ လွန်ခဲ့တဲ့တစ်ခေါက် မြင်ခဲ့ရတုန်းက တက်ကြွပြီး အသက်ဝင်နေခဲ့တာ။ ခုတော့ သေလုနီးပါးပုံစံနဲ့။
"သူက ဝိညာဉ်ထိန်းချုပ်ဂါထာကိုသုံးပြီး ကောင်းကင်လက်နက်ကို အသက်သွင်းဖို့ ကြိုးစားခဲ့တာလေ၊ ဒါပေမဲ့ ဂါထာကို ထိန်းချုပ်နိုင်လောက်တဲ့အထိ သူမကျင့်ကြံဆင့်က မသန်မာဘူး၊ အဲတော့ကြားထဲမှာ သူမရဲ့မူလဝိညာဉ်က ထိခိုက်သွားခဲ့ရတယ်" ရှန်းဟန်က ရှင်းပြရင်း ခေါင်းယမ်းတယ်။ ဒါပေမဲ့ သူ့မျက်နှာပေါ် နောင်တ၊ သနားမှုအရိပ်အယောင်မရှိဘဲ မနှစ်ခြိုက်မှုသာ ရှိနေခဲ့တယ်။
"ကျုပ်နိုးလာမှ ဒီအကြောင်းသိခဲ့ရတာ၊ ဒါပေမဲ့ မူလဝိညာဉ်က ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိပ်မသိတာမို့ သူမအခြေအနေပိုမဆိုးလာအောင် ဒီလော့ဟန်ကျောက်တုံးကိုသုံးပြီး သူမသွေးကြောတွေကို ချိပ်ပိတ်ထားတာ"
နောက်တော့ သူချိပ်တစ်ခု ဖန်တီးလိုက်တယ်။ ပတ္တမြားတုံးတစ်ခုက ချက်ချင်း ရေခဲခုတင်ပေါ် ပေါ်လာပြီး အေးစက်တဲ့အငွေ့အသက်ထုတ်လွှင့်နေတယ်။
"လော့ဟန် ကျောက်တုံးမရှိရင် သူမအခြေအနေကဆိုးရွားသွားနိုင်တယ်၊ ဒါကြောင့်ငှားလို့မရတာပါ"
ရှင်းဟန်က ပိုင်ကျောင်းကို ထူရင်း ရှင်းပြလိုက်တယ်။ နောက်တော့ သူက ကုသမှုချိပ်တချို့ ဖန်တီးတော့တယ်။ ပိုင်ကျောင်းရဲ့နဖူးပေါ် ချွေးသီးတွေ ပေါ်လာပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်တာ သက်သာလာတယ်။ တစ်ခဏနေတော့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာတယ်။
"သက်သာလာပြီလား" ရှင်းဟန်က ခပ်အေးအေး မေးလိုက်တယ်။
ပိုင်ကျောင်းကြည့်ရတာ မှင်တက်သွားတဲ့ပုံ။
"ရှင်..." သူမအသံက အက်ကွဲနေလို့ မကြားရလောက်တဲ့အထိပဲ။ စကားပြောဖို့ကြိုးစားတာကြောင့် သူမ၂ဆနာကျင်သွားခဲ့ရတယ်။
ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။ ကျောက်တုံးကိုငှားဖို့ သူတို့စည်းစိမ်တွေကိုပါ စတေးဖို့ စိတ်ထဲကနေ ပြင်ဆင်ထားခဲ့တာ။ ဒါပေမဲ့ ခုတော့ ဒါဖြစ်လာခဲ့ပြီ။ ဒီကျောက်တုံးက ပိုင်ကျောင်းကို ကယ်ဖို့လိုတာမို့ သူ အတင်းကြီးငှားလို့လည်းမရဘူး။
"အရှင်မင်းကြီးပြောတာ သူမက မူလဝိညာဉ်ကို ထိခိုက်စေမိခဲ့တယ်တဲ့နော်" ယိချင်း ရုတ်တရက် မေးလာတယ်။
လူတိုင်းက သူ့မေးခွန်းကြောင့် အံ့ဩသွားပြီး ပိုင်ကျောင်းတောင် သူ့ကိုလှည့်ကြည့်လာတယ်။ သူမက မှတ်မိသွားတဲ့ပုံစံနဲ့ မျက်လုံးပြူးလေတယ်။
"ကျွန်မ..."
"မင်းနားဖို့လိုတယ်လေ" ရှင်းဟန်က ပိုင်ကျောင်းမျက်လုံးပေါ် လက်ကိုယမ်းလိုက်တယ်။ ပိုင်ကျောင်းရဲ့ခန္ဓာကိုယ်က ပျော့ပြောင်းသွားပြီး နောက်တစ်ကြိမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြန်ခဲ့တယ်။
ရှင်းဟန်က သူမကိုခုတင်ပေါ်ပြန်လှဲချလိုက်ပြီး သူတို့ကိုကြည့်လိုက်တယ်။
"ပိုင်ကျောင်းက တကယ်ပဲ မူလဝိညာဉ်ထိခိုက်သွားခဲ့တာပါ"
ကူယွဲ့က နောက်ဆုံးတော့ ယိချင်းရဲ့ မေးခွန်းကို အထာပေါက်သွားခဲ့ပြီ။
"ဒါဆို ဖြေရှင်းနည်းရှိပါတယ်၊ ကျုပ်ဂိုဏ်းရဲ့ ဝိညာဉ်စုဝေးမီးအိမ်က သူမရဲ့ မူလဝိညာဉ်ကို ပြန်ထိန်းသိမ်းတဲ့နေရာမှာ လော့ဟန်ကျောက်တုံးထက် ပိုအသုံးဝင်ပါတယ်" ကူယွဲ့ အကြံပြုလိုက်တယ်။
"ကျုပ်တို့ ဝိညာဉ်စုဝေးမီးအိမ်ကို ဒီမှာထားခဲ့ပြီး အရှင်မင်းကြီးက ကျုပ်တို့ကို ကျောက်တုံးငှားလိုက်ပေါ့၊ နှစ်ယောက်လုံးသက်သာသွားရင် ပစ္စည်းပြန်လဲကြမယ်လေ၊ ဘယ်လိုထင်ပါသလဲ"
တစ်ခဏတုံ့ဆိုင်းနေပြီးတဲ့နောက် ရှင်းဟန်က ခေါင်းညိတ်ပြတယ်။
"ဒီဖြေရှင်းနည်းက ကျုပ်တို့ပြဿနာနှစ်ခုလုံးကို ဖြေရှင်းပေးတာပဲ၊ သဘောတူတယ်"
ကူယွဲ့ လက်တစ်ချက်ဝှေ့ယမ်းပြီး ဝိညာဉ်စုဝေးမီးအိမ်ကိုထုတ်လိုက်တယ်။
ရှင်းဟန်က မီးအိမ်ကိုယူဖို့မလှုပ်ဘဲ အဲအစား ပိုင်ကျောင်းကို ငုံ့ကြည့်ပြီးပြောလေတယ်။
"လော့ဟန်ကျောက်တုံးကိုထုတ်ချိန် အပြင်မှာခဏစောင့်ပါ"
ကူယွဲ့တို့တွေ မီးအိမ်ကိုယူပြီး အခန်းထဲက ထွက်လာခဲ့တယ်။ ရှင်းဟန်က သိပ်မကြာခင် လော့ဟန်ကျောက်တုံးနဲ့ထွက်လာပြီး ဝိညာဉ်စုဝေးမီးအိမ်နဲ့လဲတယ်။
သူတို့ ပြန်ဖို့စိတ်လောနေတာမို့ ရှင်းဟန်ကို အမြန်နှုတ်ဆက်ပြီး နန်းတော်ထဲကနေ တန်းပျံသန်းလာခဲ့တော့တယ်။
သူတို့နန်းတော်မျက်ကွယ်ရောက်တာနဲ့ ယိချင်းက ရုတ်တရက် ပြောလာတယ်။
"သူတမင်သက်သက် လုပ်တာပဲ"
...
အခန်း ၁၉၄ ။ အချစ်ဟောင်းနှင့်အချစ်သစ်
"မင်းလည်း ပြောနိုင်တာလား" ကူယွဲ့ သူ့ကိုလှမ်းကြည့်ပြီး ခေါင်းညိတိပြလိုက်တယ်။
"ဒီရှင်းဟန်မှာ တကယ်ပဲ ပြဿနာတစ်ခုခုရှိတယ်၊ ဒါပေမဲ့ ဒီလော့ဟန်ကျောက်တုံးက တကယ့်အစစ်ပဲ"
သူ ရွှင်ရှူးကို သိလာတာကြာပြီမို့ ကောင်းကင်လက်နက်က အစစ်ဟုတ်၊ မဟုတ် ပြောနိုင်တယ်။ ကူယွဲ့နားမလည်တာက ရှင်းဟန်က ဝိညာဉ်စုဝေးမီးအိမ်အတွက် လော့ဟန်ကျောက်တုံးနဲ့လဲဖို့ သူတို့ကို လှုံ့ဆော်ခဲ့ရလဲပဲ။ တကယ်ပဲ ပိုင်ကျောင်းကိုကယ်ဖို့ဟုတ်ရဲ့လား။
"သူမအတွက် မဟုတ်ဘူး" ကူယွဲ့အတွေးတွေကိုကြားရသလိုမျိုး ယိချင်းက အော်လာတယ်။ သူ ပိုင်ကျောင်းကို ကြည့်တဲ့အချိန်မှာ မျက်လုံးထဲ စိတ်ခံစားချက်တွေမှမရှိတာ။
"ဘယ်သူဂရုစိုက်လဲကွာ ဘာပဲဖြစ်ဖြစ် လော့ဟန်ကျောက်တုံးက ငါတို့အပိုင်ဖြစ်နေပြီ" ကူယွဲ့ ထပ်ပြီးအချိန်ဖြုန်းမစဉ်းစားချင်တော့ဘူး။ ဒါပေမဲ့ သူမှတ်ချက်ပေးလိုက်တယ်။
"ဒါပေမဲ့ ဒီဧကရာဇ်ကို ကိုယ်တိုင်မြင်လိုက်ရတော့ ဒီလူကတကယ်ပဲနှလုံးသားမဲ့တာလို့ စပြီးယုံလာပြီ"
ပိုင်ကျောင်းက သူ့အပေါ် ဒီလောက် သစ္စာရှိတာ။ ဒါပေမဲ့ သူဆက်ဆံတဲ့နည်းလမ်းကတော့ နည်းနည်းလေးတောင် အပြစ်ရှိသလိုမခံစားရတဲ့အပြင် ရင်ထဲလည်းမထိကြောင်း ပြသနေတယ်။ သူ့ကြည့်ရတာ ရေခဲတုံးနဲ့ထွင်းထားသလိုပဲ။
"သူ့မှာ နှလုံးရှိတယ်လေ"
"ဟမ်" သူ ဘာဆိုလိုတာလဲ။
ကူယွဲ့မျက်မှောင်ကြုတ်လိုက်တယ်။ အဲလူက တကယ်ပဲ နှလုံးသားမဲ့တဲ့ရေခဲတုံးနဲ့တူပေမဲ့ အေးစက်မှုက နည်းနည်း... အတင်းလုပ်ယူထားသလိုကြီး။
ပြီးတော့...။
"ဆရာက ပြောတယ်လေ၊ ဆက်ဆံရေးတွေက နှလုံးသားနဲ့ ဘာမှမဆိုင်ဘူးဆိုတာလေ၊ သူ ဉာဏ်နုံတာ မဟုတ်သရွေ့ ဒီလိုမျိုးဖြစ်နေမှာမဟုတ်ဘူး"
ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
"ရှန်းရင် မင်းအမြဲ... အာ ရှန်းရင် ဘယ်မှာလဲ"
ကူယွဲ့ တစ်ဖက်လှည့်လိုက်တော့ ရှန်းရင်ရှိနေသင့်တဲ့နေရာမှာ နေရာလွတ်ဖြစ်နေတာ မြင်လိုက်ရတယ်။ ရှန်းရင်က ယိချင်းရဲ့ဓားပျံနဲ့အတူ စီးတာ။ ဒါပေမဲ့ အခုပျောက်သွားပြီ။ ရုတ်တရက် ကူယွဲ့ ရင်ထဲ မကောင်းတဲ့ခံစားချက်ရလိုက်တယ်။
"ချီးပဲဟေ့ သူဘယ်ချိန်ကပျောက်သွားတာလဲ"
"ကောင်းကင်နန်းတော်ကထွက်လာချိန်... ပျောက်သွားတာလို့ ထင်တာပဲ"
"ခဏ ငါတို့နဲ့ စောနတုန်းက ကောင်းကင်နန်းတော်ထဲ လိုက်ဝင်လာခဲ့ရဲ့လား"
ယိချင်း ။ ။ "..."
ကူယွဲ့ ။ ။ "..."
ယီရွှေ့ကောင်းကင်နန်းတော်၊ ရေခဲအခန်း။
ရေခဲလွှာတွေအကုန်လုံးက ပျောက်ဆုံးသွားခဲ့ပြီ။ ဒါပေမဲ့ ပတ်ပတ်လည်က အေးစက်စက် လေထုကတော့ မလွင့်ပျောက်သေး။ ဒါပေမဲ့ အရင်ကလောက် သိပ်မအေးတော့ဘူး။ အနည်းဆုံးတော့ အအေးဓာတ်က သူတို့နှလုံးထဲထိ မဖောက်ထွင်းတော့ဘူးပေါ့။ ရေခဲခုတင်ပေါ် သတိလစ်နေခဲ့တဲ့လူက သတိပြန်ရလာပြီ။
သူမက ရင်ဘက်ကိုဖိထားပြီး အသက်မနည်းရှူနေရတယ်။ တစ်ခဏနေတော့ သူမက ကတင်ပေါ်ကဆင်းဖို့ လှည့်လိုက်ပေမဲ့ အဖြူရောင်အလင်းတန်းတစ်ခုက သူမပတ်လည်မှာ ထိန်လင်းသွားခဲ့တယ်။
"အား" ပိုင်ကျောင်းအော်လိုက်တယ်။ အဲတေည့မှပဲ ပုံရိပ်ယောင်အင်းကွက်တစ်ခုက သူမခြေဖဝါးမှာ ရှိနေတာ မြင်လိုက်ရတယ်။ သူမ အနီးကပ်ကြည့်လိုက်တော့ ချုပ်နှောင်တဲ့အင်းကွက် ဖြစ်နေတာ နားလည်သွားခဲ့တယ်။
"ကျောင်းကျောင်း" အေးစက်လှတဲ့ ယောက်ျားအသံက သူမနားဘေးက ပေါ်လာတယ်။ ရှင်းဟန်က ရုတ်တရက် ပေါ်လာပြီး သူမမျက်နှာကို လှမ်းထိတယ်။
"ဘာလို့ အလျင်လိုနေတာလဲ"
အိပ်ရာပေါ်က အမျိုးသမီးက ရပ်တန့်သွားခဲ့တယ်။ အလိုလိုနေရင်း သူမ အနောက်ဆုတ်ပြီး သူ့အထိအတွေ့ကို ရှောင်လိုက်တယ်။ သူမက သူ့ကိုခေါင်းစခြေဆုံးကြည့်လိုက်တယ်။
သူက ချိုမြတဲ့စကားတွေပြောနေပေမဲ့ အေးစက်တဲ့ ပြောပုံဆိုပုံတွေရှိသေးတုန်းပဲ။ သူမက သူ့လက်ထဲက မီးအိမ်ကို လှမ်းကြည့်လိုက်တယ်။ နောက်တော့ ဒေါသထွက်လာပါလေရော။
"ရှင် ဘာလိုချင်တာလဲ"
ရှင်းဟန်က မျက်နှာပေါ် ဘာအမူအရာမှမပြ။ သူ အသံကိုတိုးပြီး ပြောလိုက်တယ်။
"ကျောင်းကျောင်း ဒီနှစ်တွေအားလုံးအပြီးမှာ ကိုယ် ဘာလိုချင်လဲဆိုတာ မင်းအသိဆုံးဖြစ်မှာပါ၊ အရာအားလုံးကို ဖြစ်စေခဲ့တဲ့ အကြောင်းရင်းက မင်းမဟုတ်ဘူးလား"
ပိုင်ကျောင်းမျက်နှာပျက်သွားခဲ့တယ်။
"ရှင်ဘာဆိုလိုတာလဲ"
"ဘာလဲ၊ မင်းက ကတိကို ပြန်ရုပ်သိမ်းတော့မို့လား"
ရှင်းဟန်က ခြောက်ကပ်ကပ် ရယ်ပြီး မျက်လုံးတွေက ပိုအေးစက်လာတယ်။
"..." ပိုင်ကျောင်းက ပြန်မတုံ့ပြန်။ သူမ ထထိုင်ပြီး ပိုသတိရှိလာတယ်။
သူက ရုတ်တရက် ကိုင်းချလာပြီး ရေခဲတမျှ အေးစက်တဲ့အမူအရာက ဒေါသအဖြစ် ပြောင်းလဲသွားတယ်။
"အစတုန်းက မင်း သေမျိုးဘုံဆီကျလာချိန် မင်းသာ သူမကိုဝင်စီးပြီး ဘဝကိုမခိုးယူခဲ့ရင် ငါ သူမကို မင်းနဲ့ ဘယ်လိုလုပ်မှားမှာလဲ၊ သူမက ငါ့တာအိုလက်တွဲဖော်ပဲ၊ မင်းက သူ့ဆီကနေ အရာအားလုံးကို ခိုးခဲ့တယ်၊ အမတဘုံ တက်လှမ်းပြီးနောက်မှာတောင် ငါ့ကို နှစ်တွေအကြာကြီး လိမ်ခဲ့တယ်၊ မင်းမှာ သူ့အပေါ် အားနာစိတ်နည်းနည်းလေးတောင်မရှိဘူးလား"
"ကျွန်မ အရင်က ပြောဖူးတယ်လေ၊ ကျွန်မ မဟုတ်..."
"ခုမှ ငြင်းဖို့ကြိုးစားတာ ဘာထူးမှာလဲ" ရှင်းဟန်က ကြားဖြတ်ပြောပြီး သူ့မျက်ဝန်းတွေက အေးစက်သွားပြန်တယ်။
"ကိုယ့်အတွက် ဘာမဆိုလုပ်ပေးမယ်လို့ ပြောခဲ့တယ်မလား၊ အခု သူမခန္ဓာကိုယ်ကို သူမဆီ ပြန်ပေးလိုက်ရင်ရော"
"ဘာ" ပိုင်ကျောင်း မျက်လုံးပြူးသွားတယ်။
ရှင်းဟန်က မဲ့ပြုံးပြုံးတယ်။ သူမရဲ့မျက်နှာတစ်ခုလုံးက ကြယ်တစ်ထောင်လင်းလက်သွားသလိုမျိုး အသက်ဝင်လာတယ်။ ပိုင်ကျောင်းတုံ့ဆိုင်းနေမိတယ်။
"ကိုယ်ရှာတွေ့ပြီလေ..." သူ့ရှေ့က မိန်းမမျက်နှာမှာ တစ်ခုခုကို ရှာဖို့ကြိုးစားနေသလိုမျိုး စိုက်ကြည့်ရင်း ပြောလာတယ်။
"ကိုယ် သူဝင်စားတဲ့သူကို နောက်ဆုံးတော့ရှာတွေ့ပြီ၊ မင်းက အစတည်းက သူ့ခန္ဓာကိုယ်ကို ခိုးသွားခဲ့တဲ့သူလေ - အခု ပြန်ပေးမှ မှန်ကန်မှာ မဟုတ်လား"
"ရှင်... ရှင်ကျွန်မတို့ ဝိညာဉ်တွေကို လဲချင်နေတာပဲ" ပိုင်ကျောင်း ကြားနေရတာကို ယုံတောင်မယုံနိုင်တော့ဘူး။
"သူလည်း အမတဘုံမှာရှိနေတာကို ဟိုတလောကမှသိခဲ့ရတာ၊ ပြောရရင်... ကိုယ့်ကို မီးအိမ်ကူရှာပေးလို့ မင်းကိုကျေးဇူးတင်သင့်တာပဲ" သူက လက်ထဲက မီးအိမ်ကို လှမ်းကြည့်ပြီးနောက်တော့ သူမမျက်နှာကို ပြန်ကြည့်လိုက်တယ်။ ဒီတစ်ကြိမ်တော့ သူမရှောင်ဖို့ အချိန်မရှိလိုက်တော့။ သူက သူမလည်ပင်းကို ညှစ်ပြီး ပြောလာတယ်
"မင်း သူ့ကို အကြွေးတင်နေတဲ့ဟာကို ပြန်ဆပ်ရမယ်"
ပိုင်ကျောင်းက အသံတောင်မထွက်နိုင်တော့။
ရှင်းဟန်က အချိန်အကြာကြီး သူမကိုစိုက်ကြည့်နေပြီးမှ လွှတ်ပေးလိုက်တယ်။ နောက်တော့ အတွင်းဘက်အကျဆုံးနံရံဆီ လျှောက်သွားတယ်။ တစ်ခါတည်း ချိပ်တစ်ခု ဖန်တီးပြီး မြေပုံအင်းကွက်တစ်ခုက နံရံဖြူပေါ် ပေါ်လာခဲ့တယ်။ တစ်ခဏနေတော့ နံရံတစ်ခုလုံး သူတို့မျက်စိရှေ့မှာတင် ပွင့်သွားပြီး လျှို့ဝှက်အခန်းတစ်ခု ပေါ်လာခဲ့တယ်။
"ရှင် ကျွန်မကို ဒီမှာ ဘာလို့ပိတ်ထားတာလဲ" ဒေါသထွက်နေတဲ့ မိန်းမတစ်ယောက်အသံက အခန်းထဲကနေ ထွက်လာတယ်။ အစိမ်းရောင်အပြည့် ဝတ်ရုံနဲ့ မိန်းကလေးတစ်ယောက် အခန်းအပြင်ထွက်လာပြီး ရှင်းဟန်ကို ဒေါသတကြီး စိုက်ကြည့်တော့တယ်။
"ရှင် မြန်မြန် ကျွန်မကို လွှတ်ပေးတာကောင်းမယ်နော်၊ ရှင် အဇဋာဧကရာဇ်မို့ ကိစ္စမရှိဘူးမထင်နဲ့၊ ကျွန်မဆရာက အဇဋာဧကရာဇ်ချန်ကောပဲ၊ ကျွန်မဆံချည်တစ်မျှင် ပျောက်နေရင်တောင် ဆရာက ရှင့်ကို အလွတ်ပေးမှာမဟုတ်ဘူး"
"ရွှမ်အာ" ရှင်းဟန်က သူ့ရှေ့က အမျိုးသမီးကို အူကြောင်ကြည့်နေတယ်။ သူက သူမလက်ကို လှမ်းဆွဲလိုက်တယ်။
မိန်းကလေးက ချက်ချင်း သူ့လက်ကိုခါပြီး အော်တော့တယ်။
"ကျွန်မကို မထိနဲ့ အကြိမ်တစ်ရာပြောပြီးပြီ - ကျွန်မကဟွေ့လင်၊ ရှင့် ရွှမ်အာလားဘာလားလည်း မဟုတ်ဘူး ကျွန်မကရှင့်ဇနီးမဟုတ်ဘူး"
ရှင်းသန်က ဒေါသမထွက်ဘဲ အသံတောင်နူးညံ့သွားတယ်။
"မင်းမမှတ်မိရုံပါ၊ ချက်ချင်း... မင်းမှတ်ဉာဏ်တွေအားလုံး ပြန်ရလာလိမ့်မယ်"
"ရှင်ဘာဆိုလိုတာလဲ" ဟွေ့လင်ကြောင်သွားတယ်။
ရှင်းဟန်က ပြုံးပြီး သူမကို အခန်းအလယ်ဆီ ဆွဲလာခဲ့တယ်။ သူက ခုတင်ပေါ်က အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်တယ်။
"မင်း သူ့ကိုမှတ်မိလား"
"သူကဘယ်သူလဲ" ဟွေ့လင်မျက်မှောင်ကြုတ်လိုက်တယ်။
"မမှတ်မိလည်း ကိစ္စမရှိပါဘူး၊ ကိုယ် သူ့ကိုယ်ပေါ် ပြန်လည်ရှင်သန်ဂါထာသုံးထားတယ်၊ မကြာခင် အားလုံးနားလည်သွားမှာပါ" သူက ဟွေ့လင်ပတ်လည်မှာ အင်းကွက်တစ်ခုချပြီး စိတ်ပူပန်စွာပြောလိုက်တယ်။
"မင်း သူဖြစ်လာရင် ကိုယ် သူ့ကိုယ်ပေါ်ထားထားတဲ့ စည်းချိပ်ကို ဖြည်လိုက်မယ်၊ ဒါဆို အားလုံးကို မှတ်မိသွားပြီး မဟူရာအမတဖြစ်လာလိမ့်မယ်"
"မဟူရာအမတ" ဟွေ့လင်က အံ့ဩတကြီးဖြစ်သွားပြီး သူဘာဆိုလိုလဲ ချက်ချင်း သဘောပေါက်သွားခဲ့တယ်။
"ရှင်က ကျွန်မတို့ဝိညာဉ်တွေကိုလဲချင်နေတာလား၊ ဟင့်အင်း... ဟင့်အင်း ကျွန်မ မလုပ်ချင်ဘူး" သူမက ထွက်ပြေးချင်ပေမဲ့ အင်းကွက်ထဲပိတ်မိနေတယ်။
"မစိုးရိမ်ပါနဲ့ အဆင်ပြေသွားမှာပါ" ရှင်းဟန် သူမကိုနှစ်သိမ့်ပေးလိုက်တယ်။ သူ ပိုင်ကျောင်းဘေး လျှောက်လာခဲ့ပြီး ဝိညာဉ်စုဝေးမီးအိမ်ကို အင်းကွက်ဘောင်စွန်းမှာ ထားလိုက်တယ်။
သူ့အစွမ်းတွေကို အသက်သွင်းပြီး ဝိညာဉ်လဲသိုင်းထုတ်ချင်ပေမဲ့ ပိုင်ကျောင်းက ရုတ်တရက် အင်းကွက်ထဲကနေ ဖောက်ထွက်ပြီး သူ့ဆီ ဦးတည်လာတယ်။ သူမရဲ့မသေမျိုးချီက ဓားတစ်ချောင်းအဖြစ် ပုံစံဖွဲ့သွားပြီး သူ့ကိုထိုးဖို့လုပ်လိုက်တယ်။
ရှင်းဟန် သူ့လက်ဖဝါးနဲ့ တိုက်ခိုက်မှုကို တားဆီးလိုက်ပေမဲ့ ဓားသိန်းချီ သူ့ရှေ့ပေါ်လာပြီး သူ့ဆီ ဦးတည်လာတယ်။ ရှင်းဟန် ကြောင်သွားပြီး - ဓားတွေကိုတားဖို့ သူ့ကိုယ်ပိုင်လက်နက်ကို ဆင့်ခေါ်လိုက်ရတော့တယ်။
ပိုင်ကျောင်းကဆက်ပြီး မတိုက်ခိုက်တော့ဘူး။ သူမက တံခါးကနေထွက်ပြေးဖို့လုပ်တော့တယ်။ သူမ ပျံထွက်တော့မဲ့ဆဲဆဲမှာတင် အင်းကွက်တစ်ခု လင်းလာပြီး ထွက်ပေါက်တစ်ခုလုံးကို ပိတ်လှောင်လိုက်လေတယ်။
နောက်ထပ် အလင်းတန်းကြီးတစ်ခု ပေါ်လာပြီး ပိုင်ကျောင်းက ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ သူမက အကြီးအကျယ် ဒဏ်ရာရထားပြီးပြီမို့ အခု သွေးပါအန်လာပြီ။ သူမ လဲကျပြီး နောက်တစ်ကြိမ် မေ့မသွားအောင် အားလက်ကျန်လေးနဲ့ မနည်းတောင့်ခံနေရတယ်။
ရှင်းဟန်က ပိုင်ကျောင်းကို ပိတ်လှောင်ထားတဲ့ အင်းကွက်ကိုကြည့်လိုက်တယ်။ သွေးတန်းတွေနဲ့ အင်းကွက်က ပျက်စီးနေတယ်။ သူမက သူကျောပေးထားချိန် အင်းကွက်ကနေဖောက်ထွက်ဖို့ ကြိုးစားနေခဲ့တာပဲ။ သူ့စိတ်ထဲ ပြောမရတဲ့ထိတ်လန့်မှုနဲ့။
"ဒီအတောအတွင်း မင်း ဒီလောက်တိုးတက်လာမယ်လို့ ဘယ်တော့မှမထင်မိခဲ့ဘူး" သူ မဲ့ပြုံးပြုံးပြီး သူမဆီ လျှောက်လာခဲ့တယ်။
"ဒါပေမဲ့... မင်းထွက်ပြေးနိုင်မယ်ထင်နေတာလား၊ ပိုင်ထီက မင်းကို လက်လွှတ်လိုက်ပြီ၊ ဘယ်သူမှ မင်းကို လာကယ်မှာမဟုတ်ဘူး"
သူ စကားပြောပြီးတာနဲ့ နောက်ထပ်ချိပ်တစ်ခု ဖန်တီးတော့တယ်။ နောက်ထပ်အလင်းတန်းတစ်ခု ပေါ်လာပြီး ပိုင်ကျောင်းဆီ ဂါထာတစ်ခု တည်လိုက်တယ်။
ရုတ်တရက် သူ့လက်ကောက်ဝတ်မှာ တင်းခနဲဖြစ်သွားလေရဲ့။ သူ ဆက်ပြီးလှုပ်မရတော့ဘူး။ သူ့လက်ထဲက ဂါထာလည်း ပျောက်သွားခဲ့တယ်။ ပျင်းတိပျင်းရွဲအသံက ပြောလာလေရဲ့။
"တောင်းပန်ပါတယ်၊ ငါဒီမှာရှိတယ်နော်"
ရှင်းဟန် ။ ။ "..."
ဟွေ့လင် ။ ။ "..."
လူတိုင်း တိတ်ကုန်ကြတယ်။
ရှန်းရင် ကြမ်းပြင်ပေါ်က မိန်းကလေးကို လှမ်းကြည့်ပြီး လက်ယမ်းပြကာ ပြုံးပြလိုက်တယ်။
"ဟေး ဂျပုလေး"
...
အခန်း ၁၉၅ ။ အနည်းငယ်မတူညီသော ဂျပုလေး
ကြမ်းပြင်ပေါ်က မိန်းကလေးက တန့်သွားပြီး မျက်လုံးပြူးသွားတယ်။ သူမက ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ ရှန်းရင်ကို တန်းတန်းမတ်မတ်ကြည့်နေတယ်။ သူမက မျက်ရည်တွေကို မထိန်းနိုင်တော့သလိုမျိုး ကြည်လင်နေတဲ့မျက်ဝန်းတွေက ချက်ချင်း မျက်ရည်ဝဲတက်လာလေရဲ့။ သူမက စတင်ငိုကြွေးတော့တယ်။
ရှန်းရင်က ထခုန်မိလိုက်တယ်။
"ဘာလို့ငိုနေရတာတုံး"
"ဝါး... ကောင်းကင်... ကောင်းကင်နတ်ဘုရား၊ ဂိုဏ်းချုပ်..." သူမက ရှန်းရင်ပေါ် ခုန်အုပ်ပြီး ပေါင်ကို ဖက်ထားတော့တယ်။ အရင်ကထက်တောင် ပိုပြီးအသည်းအသန်ငိုကြွေးနေတယ်။
"ဂိုဏ်းချုပ် ကျွန်မကိုမှတ်မိတယ်ပေါ့... တကယ်မှတ်မိတာပဲ... ဝါး" ရှန်းရင်က သူမဘယ်သူလဲဆိုတာ သိတယ်တဲ့လေ လုံးဝ အခုပုံစံက ပြောင်းလဲနေတာတောင် - သူမက လုံးဝတခြားလူတစ်ယောက် ဖြစ်နေခဲ့တာလေ။ ဒါတောင် သူမဘယ်သူလဲဆိုတာ ချက်ချင်းသိခဲ့တယ်
အာ...။
ရှန်းရင်က နှုတ်ခမ်းစေ့လိုက်တယ်။ ကြမ်းပြင်ပေါ်က ကလေးမက သူမကို အမွှေးတိုင်ဆည်းကပ်ချင်လို့ တစ်ပိုင်းသေတော့မဲ့ပုံစံနဲ့ ကြည့်နေတာကိုး။ မမှတ်မို့ကမှ ခက်ဦးမယ်။
"မငိုနဲ့တော့" ရှန်းရင် သူမပေါင်ကနေ ခါထုတ်ဖို့ ကြိုးစားလိုက်ပေမဲ့ ခြေသလုံးလှုပ်မရ။ အဲဒါကြောင့် ကလေးတွေက စိတ်ရှုပ်စရာကောင်းတယ်လို့ သူမ အမြဲတွေးခဲ့တာ - သူတို့တွေက ကြီးလာတာတောင် အလုပ်ရှုပ်တုန်းပဲ။
"ဟုတ်ကဲ့ ဂိုဏ်းချုပ်" သူမ ခေါင်းညိတ်ပြပေမဲ့ မျက်ရည်တွေ မရပ်တော့ဘူး။
"ရှင်ပဲ" ဟွေ့လင်က အံ့အားသင့်သွားပြီး ရှုပ်ထွေးနေတဲ့အမူအရာပေါ်လာတယ်။
"ရှင် ဒီကိုဘယ်လိုဝင်လာတာလဲ"
ရှန်းရင် ဟွေ့လင်ကို လှည့်ကြည့်လိုက်တယ်။ သူမ ပြန်ဖြေမလို့ရှိသေး ဘေးပတ်လည်က မသေမျိုးချီတွေက ပေါက်ကွဲထွက်လာတယ်။ သူမ အားပြင်းတဲ့လေထုကို ခံစားလိုက်ရတယ်။ ရှင်းဟန်က သူ့ရေခဲဓားကိုဆွဲထုတ်ပြီး သူမဆီ ဦးတည်လာရင်း နောက်ဆုတ်သွားအောင်လုပ်ဖို့ ပြင်နေတယ်။
"သတိထား" ရှန်းရင်ရဲ့ ခြေထောက်ကို ဖက်ထားတဲ့ ကလေးမက အော်တော့တယ်။ သူမမျက်ရည်တွေ နောက်ဆုံးတော့ ရပ်တန့်သွားခဲ့ပြီ။
ရေခဲဓားက ရှန်းရင်ကိုယ်ထဲဝင်ခါနီးဆဲဆဲ။ ရှန်းရင် တန့်သွားတယ်။ သူမ ဓားကို အဝေးတွန်းထုတ်ဖို့မကြိုးစားဘူး။ သူမက လက်ကိုပဲမရုံလေးမလိုက်ပြီး ကြမ်းပြင်ပေါ် သွေးအိုင်တစ်အိုင် ပေါ်လာတယ်။
"အား" နာကျင်နေတဲ့အော်သံက အမတနန်းတော်တစ်ခုလုံးစီ ပျံ့သွားလေရဲ့။ အသံကျယ်ကြီးနဲ့အတူ လက်မောင်းတစ်ဖက်က ကြမ်းပြင်ပေါ် ကျသွားတယ်။
ရှန်းရင် လက်မောင်းကို လှမ်းကြည့်ပြီး သူမရှေ့ကလူကို ပြန်ကြည့်လိုက်တယ်။ သူမ တန့်သွားတော့တယ်။
"အာ... ငါ နင့်လက်မောင်းကိုကိုင်ထားမိတာ မေ့နေတာ" အဲလောက် အလွယ်တကူ ကျိုးသွားမယ်လို့ ဘယ်သူသိမှာလဲ။ ဘာလို့ကိုယ့်လက်မောင်းကို ဖြတ်ဖို့ အဲလောက် အားအများကြီးသုံးရတာလဲ။
"မင်း... မင်းကတကယ်ပဲဘယ်သူလဲ" ရှင်းဟန်က လုံးဝဖြူဖျော့သွားပြီ။ သူ ခြေလှမ်းတွေ ပြန်ဆုတ်သွားခဲ့ပြီး နာကျင်မှုကိုရပ်တန်ဖို့ မန္တန်တချို့ရွတ်လိုက်တယ်။ သူ့မျက်လုံးတွေကို ရှန်းရင်ဆီကနေ တစ်ချိန်လုံးမခွာ။ သူ စောနက သူမ ဆုပ်ကိုင်ထားတာနေ ရုန်းမရခဲ့တာ၊ ခုတော့လက်တစ်ဖက်ဆုံးရှုံးလိုက်ရပြီ။ ဆိုးရွားချက်ပဲ
"ဒီအဓိပ္ပာယ်မရှိတာကိုတော်တော့၊ ငါတို့ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခိုက်ရမှာပဲ၊ ဘယ်သူ အရင်နိုင်လဲကြည့်တာပေါ့" ရှန်းရင် စိတ်တိုစွာ ပြောလိုက်တယ်။
"လှုပ်ရှားတော့"
ရှင်းဟန်ရဲ့ အမူအရာပျက်ယွင်းသွားခဲ့တယ်။ သူ နောက်ထပ် မဆင်မခြင်အမှားမလုပ်ရဲဘူး။ သူ့မသေမျိုးချီအားလုံးကို လည်ပတ်စေပြီး သိန်းချီတဲ့ လေပြင်းဓားတွေဖန်တီးလိုက်တယ်။ နောက်တော့ သူ့ကိုယ်ပိုင်ဓမ္မအသုံးအဆောင်ကို ဆင့်ခေါ်လိုက်တယ်။
"ဟမ့် မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ပေမဲ့ဒီနေ့ မင်းဒီနေရာကနေ ထွက်မသွားရဘူး"
အခန်းတစ်ခုလုံး ရေခဲတမျှအေးစက်တဲ့ လေပြင်းဓားတွေ ပြည့်သွားခဲ့တယ်။ အတူတူ သူတို့က မွှေစက်တစ်ခုလိုမျိုး ပြုမူတော့တယ်။ အရာအားလုံးက အစအနတွေဖြစ်ကုန်တယ်။ လှပတဲ့ အမတနန်းတော်ကြီးက ဖုန်မှုန့်တွေနဲ့ အခန်းတစ်ခန်းဖြစ်သွားပြီ။ မျက်နှာကျက်နဲ့ ကြမ်းပြင်က ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားလို့ သူတို့တွေ ကောင်းကင်နဲ့မြေကြီးကိုတောင် မြင်နေရတယ်။
သူက လက်ညှိုးတစ်ချောင်း တောက်လိုက်တော့ လေပြင်းဓားတွေအားလုံး ရှန်းရင်ဆီ ဦးတည်လာကြတယ်။ တစ်ချိန်တည်းမှာပဲ ရှင်းဟန်က သူ့လက်ထဲက သန့်စင်တဲ့ အဖြူရောင် အမတဓားကို ရှန်းရင်ဆီ ထိုးစိုက်ဖို့သုံးတော့တယ်။
ရှန်းရင် နောက်ထပ်လေပြင်းတစ်ဝှေ့ကို ခံစားလိုက်ရတယ်။ လေပြင်းဓားတွေအားလုံးက သူမဆီ ဦးတည်နေကြပေမဲ့ သူတို့က သူမနားရောက်လာတာနဲ့ လောင်ကျွမ်းပြီး မြေကြီးပေါ်ကျကုန်တယ်။ သူမ လေကြောင့် ခေါင်းပေါ်ကဆံပင်တွေ လွင့်တာကလွဲလို့ ဘာမှမခံစားလိုက်ရ။
ဒါ ဘာအစွမ်းလဲ... ဘာလို့ သူက သူမကို လေမှုတ်နေရတာတုံး။ လွင့်ထွက်သွားအောင် မှုတ်ထုတ်ဖို့ ကြိုးစားနေတာလား။
-_-|||
သူမ ရှင်းဟန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ ရှေ့တစ်လှမ်းလှမ်းပြီး သူမ သူ့အအင်္ကျီလည်ထောင်ကို ဆွဲဆုပ်လိုက်တယ်။
"စိတ်မရှိပါနဲ့ နင့်ပါးစပ်က နံတယ်ဟ"
ဒီလိုပြောပြီးတဲ့နောက် သူမ သူ့ကိုရိုက်ချလိုက်တော့တယ်။
ကျိုးအက်သံတွေ အဆက်မပြတ်ထွက်လာလေရဲ့။ သူမခြေထောက်အောက်ကနေ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာတယ်။ သူတို့တွေ အောက်ကို နစ်ဝင်စပြုလာတယ်။ တောင်ထွတ်တစ်ခုလုံး နှစ်ခြမ်းကွဲသွားပေမဲ့ သူမက မရပ်။ ဘေးကိုဖယ်ပြီး နောက်တစ်ချက် ဆက်ထုထောင်းလိုက်တယ်။ မြေကြီးထဲ ကိုယ်တစ်ပိုင်းဝင်နေပြီးသားရှင်းဟန် ပို... ပိုပြီးသာ... နစ်ဝင်သွားလေရဲ့။
သမိုင်းဆိုတာ တစ်ကျော့ပြန်ပတ်တတ်တဲ့ ကြောက်စရာ အလေ့အထရှိတယ်...။
ရှန်းရင်လည်း သိပ်ပျော်မနေဘူး။ ဘာလို့လဲဆိုတော့... နေ့လယ်စာချိန်ကို စားဖိုမှူးမရှိဘူးလေ။
နှစ်မိနစ်အကြာ...။
သူမလက်ထဲကလူကို ဘေးတွန်းထုတ်လိုက်ပြီး နောက်က ကလေးမကိုလှည့်ကြည့်လိုက်တယ်။
"ဟေ့ ဂျပုလေး"
"ဂိုဏ်း... ချုပ်"
အနောက်က မိန်းကလေးက သူမကို အူကြောင်ကြောင်ပြန်စိုက်ကြည့်နေတယ်။ သူမ ခုလေးတင် မြင်လိုက်ရတာကို ထိတ်လန့်နေတာ အသိသာကြီး။ ရှန်းရင်က တကယ်ပဲဂိုဏ်းချုပ်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်
"မီးအိမ်ကို သိမ်းလိုက်" ရှန်းရင် သိပ်မဝေးတဲ့နေရာက ဝိညာဉ်စုဝေးမီးအိမ်ကို လက်ညှိုးထိုးပြလိုက်တယ်။
"ပျက်စီးသွားရင် ဖေဖေနျိုဒေါသထွက်လိမ့်မယ်"
"ဟုတ်ကဲ့" မိန်းကလေးက သတိပြန်ဝင်လာပြီး မီးအိမ်ဆီပြေးသွားခဲ့တယ်။ သူမကောက်ယူလိုက်ပေမဲ့ ရှန်းရင်နား ပြန်သွားမဲ့အချိန် တစ်ယောက်က သူမခြေချင်းဝတ်ကို ဆွဲဆုပ်လာတယ်။
"ကျောင်း... ကျောင်း" ရှင်းဟန် ဒီအားကို ဘယ်ကရလာလဲမသိ။ သူက ရောင်ကိုင်းနေတဲ့မျက်နှာနဲ့ သူမကိုကြည့်လာတယ်။
"မင်းကိုယ့်ကိုဘယ်လိုလုပ် ဒီလိုဆက်ဆံနိုင်ရတာလဲ"
သူမ တန့်သွားတယ်။ သူမမျက်ဝန်းထဲ တစ်စုံတစ်ရာဖြတ်ပြေးသွားပြီး သူ့ကို ညင်သာစွာ ပြုံးပြလိုက်တယ်။ အပြုံးက သူမျက်နှာကို ထိန်လင်းသွားစေခဲ့တာ - ထိတ်လန့်ဖို့ ကောင်းလောက်အောင် လှပနေတယ်။ ရှင်းဟန်ကိုယ်တိုင်ပါ ထိတ်လန့်သွားလေရဲ့။
"ရှင်းဟန်..." သူမ အသက်ပြင်းပြင်းရှူပြီး ခြေထောက်ကိုမြှောက် သူ့ရဲ့ အထိခိုက်လွယ်ဆုံးနေရာကို ချိန်ကာ ခပ်ပြင်းပြင်းဖိချလိုက်တယ်။
"သေလိုက် ငါက နင့်သောက်ကျောင်းကျောင်းမဟုတ်ဘူး ငါက ရွှမ်ထုံလို့ ပြောနေတယ်လေ၊ နင်တို့နှစ်ယောက်ကို နှစ်လလောက် ရွံနေခဲ့တာ၊ ရွံစရာကောင်းလွန်းတယ်... ရွံစရာကောင်းလွန်းတယ်... ရွံစရာကောင်းလွန်းတယ်"
သူမ သူ့ကို အဆက်မပြတ် နင်းမိတော့တယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် အဇဋာဧကရာဇ်ရှင်းဟန်၊ အဇဋာဧကရာဇ်ဆယ်ပါးတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ အဲအခိုက်အတန့်မှာတော့ သူက နာကျင်မှုကလွဲ ဘာမှမသိတော့။ ပုစွန်တစ်ကောင်လိုကွေးနေပြီး အော်ဟစ်ငိုကြွေးနေတော့တယ်။
ရှန်းရင် ။ ။ "..."
ဒီကလေးကို ဘယ်သူ ဒါတွေသင်ပေးလိုက်တာလဲ။
"တော်တော့" တစ်ယောက်က အော်လာတယ်။ ဟွေ့လင်က ပြေးလာပြီး ရွှမ်ထုံ့ကို ဒေါသတကြီး အော်တော့တယ်။
"သူက ဒီလောက်တောင် အခြေအနေဆိုးနေပြီကို ဘာလို့အနိုင်ကျင့်နေသေးတာလဲ၊ နင်အဲလောက် ဆိုးယုတ်စရာမလိုပါဘူးနော် ဟုတ်ပြီလား"
ရွှမ်ထုံ မျက်မှောင်ကြုတ်လိုက်တယ်။
"မိန်းကလေး သူက ငါ့ဝိညာဉ်ကို လဲချင်ခဲ့တာနော် သူကျ ယုတ်မာခွင့်ရှိပြီး တခြားဘယ်သူကမှ လက်စားချေခွင့် မရှိဘူးလား၊ နင်ကတော့ နင့်ဝိညာဉ်ကို လဲခွင့်ပြုချင်လောက်ပေမဲ့ငါတော့မဟုတ်ဘူး"
"ဒါပေမဲ့ နင်အခု အဆင်ပြေနေတာပဲမဟုတ်ဘူးလား" ဟွေ့လင် ကြမ်းပြင်ပေါ်လဲနေတဲ့ ဒဏ်ရာတွေနဲ့လူကို ကြည့်လိုက်တယ်။ သူမက မနေနိုင်ဘဲ ဆက်ပြောလေတယ်။
"ပြီးတော့ သူက သူ့ဇနီးကိုရှာဖို့ကြိုးစားနေရုံပဲ၊ နင်ကသာ သူ့ဇနီးကို ဝင်စီးထားတဲ့သူလေ၊ သူ ဘာလုပ်နိုင်မှာလဲ"
သူမ ပြောမိလေ ပိုပြီးအဓိပ္ပာယ်ရှိတယ်ထငခလာလေပဲ။ သူမဆန္ဒမပါဘဲ ဒီမှာထိန်းသိမ်းခံထားရပေမဲ့ ဒီမှာရှိနေချိန် ဆံချည်တစ်မျှင်တောင် မထိခဲ့ဘူး။ သူက အမြဲလည်းအလျှော့ပေးတယ်။ အဇဋာဧကရာဇ်ရှင်းဟန်က လူဆိုးမဟုတ်တာအသိသာကြီးပဲ။
"မိန်းကလေး နင်နားကန်းနေလား" ရွှမ်ထုံ ပိုပြီးတောင်မျက်မှောင်ကြုတ်မိသွားတယ်။
"ငါပြောပြီးပြီလေ - ငါက ပိုင်ကျောင်းမဟုတ်ဘူး၊ သူတို့ကြား ဘာကိစ္စရှိလဲ ငါဂရုမစိုက်သလို သူ့ကိုယ်ထဲ ငါဘာလို့ပိတ်မိနေလဲမသိဘူး၊ ဒါပေမဲ့ ဒါက ငါနဲ့ဘာမှမဆိုင်ဘူး"
"နင်..." ဟွေ့လင်ရဲ့အသံက ပျောက်သွားတယ်။ သူမက မြေကြီးပေါ်ကလူကိုစိုးရိမ်တကြီးကြည့်ပြီး ရွှမ်ထုံ့ရှေ့ရပ်နေဆဲ။
"သည်းခံသင့်တယ်၊ နင် သူ့ကိုထိခိုက်အောင်လုပ်မှာ ထပ်ခွင့်မပြုတော့ဘူး"
"ရွှမ်အာ..." ရှင်းဟန်က ဟွေ့လင်ကို မော့ကြည့်ပြီးသိသိသာသာရင်ထဲထိသွားတဲ့ပုံ။
"ကိုယ်သိတယ် - မင်း ပြန်ဝင်စားသွားပေမဲ့ ကိုယ့်ကိုချစ်နေသေးတယ်ဆိုတာ"
သူက အတော်လေး စိတ်ခံစားချက်ပြင်းထန်လာပြီး ဟွေ့လင်ကို သူ့ကမ္ဘာကြီးလိုကြည့်နေတော့တယ်။ သူ့ယောင်ကိုင်းပြီး စိမ်းပြာနေတဲ့ မျက်နှာနဲ့ ပုစွန်ထုပ်လိုကွေးနေတဲ့ခန္ဓာကိုယ်ကြောင့်သာမဟုတ်ရင် သိပ်ပြီးဟာသဆန်မှာမဟုတ်ဘူး။ ရွှမ်ထုံ ဆက်ကြည့်မနေနိုင်တော့ဘဲ လှည့်ထွက်လာခဲ့တော့တယ်။
ဟွေ့လင်က ရွှမ်ထုံ့ကို သတိမထားမိသလိုမျိုးပြုမူတယ်။ သူက အဲလူကို ကူထူပေးပြီး ရွှမ်ထုံ့ကို မကြည်ကြည့် လှမ်းကြည့်တယ်။
"အဇဋာဧကရာဇ် မစိုးရိမ်ပါနဲ့၊ ကျွန်မဆရာ ရောက်လာတော့မှာ၊ သူက ရှင့်အတွက် တရားမျှတမှုယူပေးလိမ့်မယ်"
"..." ရွှမ်ထုံနှုတ်ခမ်းတွေ တင်းသွားတယ်။ သူမ အကြီးအကဲကူယွဲ့ သူ့သုံးနေကျစကားကို ခေါင်းထဲ ကြားယောင်မိလိုက်သလိုပဲ။
သောက်ငနုံတွေ...။