← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း ၁၉၉ ။ တိမ်ပင်လယ်မှဖြစ်ရပ်ဆန်း

"အဇဋာဧကရာဇ်က ဘာဆိုလိုတာလဲ" ကူယွဲ့ မေးလိုက်တယ်။

ချန်ကောက တစ်ခဏ တိတ်သွားတယ်။

"ကျုပ် နဉ်ဇီအန်းဖြစ်နေတုန်း နတ်ဆိုးအစေ့ ကျုပ်ကိုယ်ထဲစိုက်ထားတဲ့အချိန်ကို အားလုံး မှတ်မိကြသေးလား"

လူတိုင်း သူ့ကိုအူကြောင်ကြောင် စိုက်ကြည့်နေကြတယ်။ ကူယွဲ့က ရွှမ်ထုံ့ကို ခိုးကြည့်လိုက်တော့ တစ်ခုခုလွဲနေတာ သတိထားမိပုံမပေါ်။

"ကျုပ်မှတ်မိတယ် အဲဒါရှင်းဟန်နဲ့ဆိုင်နေတာလား"

"အမှန်ပဲ" ချန်ကော ခေါင်းညိတ်ပြလိုက်တယ်။

"ကျုပ် ခုမှ အဲနေ့ကိုမှတ်မိတာ၊ ကျုပ် နတ်ဆိုးအစေ့ကို မတွေ့ခင်က ရှေးဟောင်းသားရဲကြီးတစ်ကောင်ကို နှိမ်နင်းဖို့ ဟင်းလင်းပြင်မြေဆီ သူဖိတ်ကြားတာ ခံခဲ့ရတယ်၊ သားရဲက နှစ်ပေါင်းများစွာ ရေခဲနေခဲ့တဲ့ ယီရွှေ့အရှေ့ပိုင်းမှာလို့ သူကပြောတယ်၊ လူတွေက သူ့ကို ဟင်းလင်းပြင်မြေထဲ မောင်းထုတ်ဖို့ နည်းလမ်းအမျိုးမျိုးစဉ်းစားခဲ့တယ်၊ နောက်တစ်ကြိမ် ထွက်မလာအောင် အဲဒါကိုနှိမ်နင်းဖို့ သူက ကျုပ်ကို ဟင်းလင်းပြင်မြေဆီ ဖိတ်ကြားခဲ့တယ်၊ ကျုပ်ဖုန်းချန့်တိုက်က ယီရွှေ့နဲ့တကယ်နီးတော့ သားရဲသာ လွတ်မြောက်သွားရင် ကျုပ်တို့ပါ သက်ရောက်မှုရှိမှာစိုးရိမ်ခဲ့တယ်၊ အဲဒါကြောင့် သူ့ကို သွားကူညီပေးဖို့ သဘောတူခဲ့တာပေါ့”

"အဲဒါက... နတ်ဆိုးသားရဲလား" ကူယွဲ့ ထိတ်လန့်မှုနဲ့ လိုက်ရေရွတ်လိုက်တယ်။

"နောက်ကျမှပဲ သားရဲကြီးက လုံးဝအနက်ရောင်ဆိုတာ ကျုပ်နားလည်ခဲ့တာ၊ အရမ်းကိုမြန်လွန်းလို့ သူ့အရှိန်အဝါကို အာရုံမခံမိလုနီးပါးပဲ၊ အစတုန်းက ဒီသားရဲက ထူးခြားရုံလို့ ထင်ခဲ့တာ၊ အခုပြန်စဉ်းစားကြည့်တော့ ဟင်းလင်းပြင်မြေက မသေမျိုးနဲ့ နတ်ဆိုးချီတွေ ရှုပ်ထွေးနေတယ်ဆိုတာ သိတာမို့ သားရဲထဲ နတ်ဆိုးချီရှိတာကို နားမလည်ခဲ့တာနေမယ်"

ချန်ကော မျက်မှောင်ကြုတ်လိုက်တယ်။

"ကျုပ်တို့ အဲသားရဲကို နှိမ်နင်းပြီး သိပ်မကြာခင်မှာပဲ ကျုပ် နောက်ထပ်တိုက်ခိုက်မှုမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်၊ အဲတော့မှ ကျုပ်နားလည်ခဲ့တာက ကျုပ်ကိုယ်ထဲ နတ်ဆိုးအစေ့ စိုက်ခံလိုက်ရပြီဆိုတာပဲ"

"ဆိုလိုတာက... ရှင်းဟန်က ခင်ဗျားကိုယ်ထဲ နတ်ဆိုးအစေ့စိုက်ဖို့ အဲကိုတမင်သက်သက် မျှားခေါ်ခဲ့တယ်ပေါ့" ကူယွဲ့ အကျဉ်းချုပ်လိုက်တယ်။

ချန်ကောကိုယ်တိုင်လည်း သိပ်တော့မသေချာဘူး။ တကယ်လို့ ဒီနှစ်တွေအားလုံးအပြီးမှာတောင် သူ့ကိုယ်ထဲ နတ်ဆိုးအစေ့စိုက်သွားခဲ့တာ ဘယ်သူလဲ အဖြေမထုတ်နိုင်ရုံပဲ။ သူနဲ့ တိုက်ခိုက်ခဲ့တဲ့လူလို့ပဲ အမြဲတွေးခဲ့တာ။ ဒါပေမဲ့ အဲလူက အမတဆိုတော့ အမတသိုင်းတွေ သုံးခဲ့တာပဲ။ ကိုယ်ထဲနတ်ဆိုးချီမရှိတဲ့လူတွေက နတ်ဆိုးအစေ့ကို စိုက်လို့မရနိုင်ဘူး။ သူက အဲတုန်းက အဇဋာဧကရာဇ်လေ - သူ့ကို အဲလောက်ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ခဲ့တဲ့သူကလည်း အဇဋာဧကရာဇ်ပဲ ဖြစ်ရမယ်။ အစတုန်းက သူ ချူရွှမ့်ကို သံသယဝင်မိခဲ့တာ - အဇဋာဧကရာဇ်ဆယ်ပါးထဲ ချန်ကောနဲ့မတည့်တဲ့ တစ်ဦးတည်းသော ဧကရာဇ်ကိုး။

သူက လန်ဟွားကို ရှုပ်ထွေးနေတဲ့ခံစား‌ချက်တွေနဲ့ လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ ရှန်းရင်တို့တွေက တည်ငြိမ်နေသေးတာမြင်တော့ သူ့အတွေးတွေကို ဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။

"လောလောဆယ် ဒီယူဆချက်မှန်မမှန် စိတ်ထဲ မထည့်ကြရအောင်၊ ငါတို့လုပ်လို့ရတာက ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှုကို ဖွင့်ဖို့ပဲ၊ သူက နတ်ဆိုးမဟုတ်ရင်တောင် နတ်ဆိုးအတတ်တွေနဲ့ အရမ်းကိုရင်းနှီးနေတယ်၊ တကယ်လို့ သူ ဒါကိုကြံစည်နေခဲ့တာ အချိန်တော်တော်ကြာပြီဆိုရင် ငါတို့ သူ့ကို အလွယ်တကူရှာတွေ့နိုင်မှာမဟုတ်ဘူး"

လူတိုင်း ရုတ်တရက် မသက်မသာဖြစ်ကုန်တယ်။ ရှင်းဟန်က ပုန်းတဲ့နေရာမှာတော်လွန်းတယ်။ ပိုင်ကျောင်းနဲ့ ဒီလောက်ရှုပ်ထွေးတဲ့ ဆက်ဆံရေးနဲ့ အဇဋာဧကရာဇ်တစ်ယောက်က နတ်ဆိုးတွေနဲ့ ပတ်သက်နေမယ် ဘယ်သူတွေးမိမှာလဲ။ ပြီးတော့ သူတို့တွေ သူဘာလုပ်မလဲဆိုတာပါ ခန့်မှန်းမရဘူး။

"ဟင်းလင်းပြင်မြေက ဘာလဲ" ရှန်းရင် ရုတ်တရက်မေးလာတယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ၊ အဲဒါက ပေါ်ပင်လယ်ရဲ့ နောက်ဘက်ခြမ်းမှာရှိတဲ့ ဘုံပါ" စွယ်စုံရကျမ်း ချူရွှမ်က ချန်ကောကို စိန်းစိန်းဝါးဝါးကြည့်ပြီး ချက်ချင်းရှင်းပြလာတယ်။

"အဲဒါက ပေါ်ပင်လယ်မှာရှိတဲ့ တစ်ခုတည်းသောကန္တာရပါ၊ ဒါပေမဲ့ အမတဘုံရဲ့ အနောက်ဘက်နယ်နိမိတ်နဲ့ ပိုနီးတယ်၊ အရမ်းကို ကသောင်းကနင်းဆန်တယ်လို့ ပြောကြတာပဲ၊ အဲဒါကြောင့် အဲမှာ ကြီးထွားရှင်သန်တဲ့ သက်ရှိမရှိဘူး၊ အပင်လည်းမရှိ၊ တိရစ္ဆာန်လည်းမရှိဘူးလေ၊ အဲအစား ကျောက်တုံးကျောက်ခဲတွေ၊ နတ်ဆိုးတွေ၊ ယင်ချီဓာတ်ပစ္စည်းတွေပဲ ပြည့်နေတယ်၊ အမတဘုံက ဘယ်သူမှ မသွားချင်..."

ဟိုလီရှစ်

ချူရွှမ်က ပြောနေရင်း မျက်လုံးပြူးသွားတယ်။

"ရှင်းဟန် တကယ်အဲကိုသွားတာတော့ မဟုတ်လောက်ဘူးမလား"

ခန်းမထဲကလူတိုင်းလည်း မျက်နှာပေါ် ထိတ်လန့်မှုအထင်းသား။ အဲဒါတကယ်ကိုဖြစ်နိုင်တယ်။ ဟင်းလင်းပြင်တစ်သောင်းကိုက်ဖဲ့မှုကို ဖွင့်ဖို့ နတ်ဆိုးချီအများကြီးလိုတယ်လို့ လန်ဟွားက ပြောခဲ့တယ်လေ။ ပြီးတော့ ထွက်ပေါက်ရှိတဲ့နေရာမှာ သေချာပေါက် ထူးခြားဖြစ်စဉ် ရှိမယ်တဲ့။ အမတဘုံတစ်ခုလုံးမှာ နတ်ဆိုးချီရှိပြီး သံသယ မလှုံ့ဆော်ဘဲ ထူးခြားဖြစ်စဉ် ဖြစ်ပွားမဲ့ တစ်ခုတည်းသောနေရာက ဟင်းလင်းပြင်မြေပဲ။

"ပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ဆီကနေ စုံစမ်းဖို့ လူလွှတ်ပြီးတော့မှ အဖြေသိရတော့မဲ့ပုံပဲ၊ ပြီးတော့ ဟင်းလင်းပြင်မြေကို ဝိုင်းနေတဲ့ နေရာတွေဆီ တခြားလူတွေကို လွှတ်ရမယ်"

ကူယွဲ့က အကြံပြုလိုက်တယ်။ သူ သဘောတူညီချက်အတွက် ချူရွှမ်နဲ့ ချန်ကောကို ကြည့်လိုက်တယ်။

ချန်ကော ခေါင်းညိတ်ပြီး ခန်းမအပြင်ထွက်ခဲ့တယ်။ သူ အင်းကွက်အစီအရင်တစ်ခု ဖန်တီးပြီး ပျောက်သွားလေရဲ့။

ဖြစ်နိုင်တာက ချူရွှမ်ပြောသလိုပဲ ချန်ကောက အဇဋာဧကရာဇ်တွေအားလုံးကြား အကောင်းဆုံး အသိအကျွမ်း ဆက်ဆံရေးရှိတဲ့ပုံ။ နှစ်ရက်အတွင်းပေါ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ဆီကနေ အဖြေပြန်ရလာတယ်။

မထင်မှတ်ထားစွာပဲ ဟင်းလင်းပြင်မြေမှာ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပွားတာမျိုးမရှိဘူးတဲ့။

ဒါပေမဲ့ တစ်ဖက်က အရေးကြီးသတင်းရှိတယ်လို့လည်း ပြောလာတယ်။ ပေါ်ပင်လယ်နဲ့ဆက်နေတဲ့ တိမ်ပင်လယ်မှာ လွန်ခဲ့တဲ့ရက်ပိုင်းမှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုမြင်ခဲ့ရတယ်တဲ့။ ရေတွေမြင့်တက်လာပြီး အနားက ယီရွှေ့တိုက်ကြီးကို ရေလွှမ်းသွားခဲ့တယ်။ တိမ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ယင်းကျီတောင် ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ တိမ်ပင်လယ်က အတော်လေးသီးခြားဆန်ပြီး အဲကအမတတွေက တခြားအမတတွေနဲ့ သိပ်မဆက်ဆံတာမို့ အဲက‌အခြေအနေက ဘယ်လိုမျိုးလဲဆိုတာ သူမသေချာဘူး။

ကူယွဲ့ အသက်ရှူအောင့်ပြီး ကျိန်ဆဲလိုက်မိတယ်။ အခု နောက်ထပ် တိမ်ပင်လယ်ပြဿနာ ဖြေရှင်းရတော့မယ်။ သူ ပေါ်ပင်လယ်ကိုသွားမဲ့ အစီအစဉ်ကို လက်လျှော့ပြီး တိမ်ပင်လယ်ဆီ ကယ်ရမဲ့တပည့်တစ်ယောက်ရှိတာ ရုတ်တရက်သတိရသွားတဲ့ ချန်ကော၊ သူဌေးလန်၊ ယိချင်း၊ ရှန်းရင်နဲ့အတူတူ ဦးတည်ခဲ့ကြတယ်။

သူတို့တွေ ရှင်းဟန်ဘာလုပ်နေလဲဆိုတာ အတိအကျမသိရခင်ထိ ငြိမ်ငြိမ်ထိုင်မနေနိုင်ဘူး။ ယီရွှေ့မှာတုန်းက သူတို့က သူ့ရဲ့ ဝိညာဉ်လဲမဲ့အစီအစဉ်ကို ဖျက်ဆီးခဲ့သူတွေ။ သူတို့ကို ဘဝပေးရန်သူတွေလို့ သတ်မှတ်မှာပဲ။ ဒီလူ ဘယ်လောက်တောင် အကြံအစည်ကြီးလဲသိတာမို့ သူက သူတို့ကိုဖြေရှင်းဖို့ နည်းတစ်ခုခုစဉ်းစားနေမှာလို့ခန့်မှန်းမိတယ်။ ဝူတိဂိုဏ်းက သူ့ဟာနဲ့သူတောင် ရှုပ်ယှက်ခက်နေတာ - ထိုင်နေပြီး ပြဿနာက တံခါးလာခေါက်မှာကို စောင့်နေမဲ့အစား ဘာလို့ ခြေတစ်လှမ်းမဦးရမှာလဲ။

ချူရွှမ်က ဂိုဏ်းကို စောင့်ကြည့်ဖို့ ကျန်ရစ်ခဲ့တယ်။ သူတို့တွေ အဲမှာဘာမှမဖြစ်ဘူးလို့တော့ ယုံကြည်ချက်ရှိနေတာ။ ဘာကြောင့်မှန်းမသိ ကိစ္စတွေက ထင်သလောက်မရိုးရှင်းဘူးလို့ ကူယွဲ့ခံစားနေရတယ်။

ငါးယောက်သား ရက်အနည်းငယ်ကြာပျံသန်းပြီးနောက်မှာတော့ တိမ်ပင်လယ်ဆီ ရောက်ခဲ့တယ်။ အဝေးကနေပြီးတော့ ကောင်းကင်ကနေ မြေကြီးဆီ အဝတ်ဖြူစတစ်စ မျောလွင့်ကျဆင်းနေတာ မြင်လိုက်ရတယ်။ ကြည့်ရတာ ကောင်းကင်နဲ့မြေကြီးကို သွယ်ထားတဲ့ ပိုးသားဖဲကြိုးနဲ့ တူတယ်။ ရေက ရပ်ဝန်းကနေ ယွင်ဖုန့်တိုက်ကြီးထဲ စီးကျနေတယ်။

ဒါက ကူယွဲ့၊ ရှန်းရင်နဲ့ ယိချင်းတို့ တိမ်ပင်လယ်ဆီ ပထမဆုံးအကြိမ်ရောက်ဖူးတာပဲ။ အလိုလို သုံးယောက်သား ကောင်းကင်ကိုမော့ကြည့်လိုက်တော့ စိမ်းပြာရောင်ဖြစ်နေတာမြင်လိုက်ရတယ်။ သူတို့ခေါင်းပေါ်မှာတောင် ရေတွေက အဆက်မပြတ်လှုပ်ရှားနေတာပဲ။ သူတို့ခေါင်းပေါ်က ရေထဲမှာ ဝိညာဉ်နဲ့အမတသားရဲအမျိုးမျိုး ကြီးကြီးသေးသေး ကူးခတ်နေကြတယ်။

ဒီနေရာက တိမ်ပင်လယ်လို့ခေါ်တာ မဆန်းတော့ဘူး တကယ်ပဲ တိမ်တွေကြား ပင်လယ်တစ်ခု ရှိနေတာကိုး

"ဝိုး" ရှန်းရင်က သိပ္ပံကို ကျော်လွန်နေတဲ့ မြင်ကွင်းကို အံ့အားမသင့်ဘဲ မနေနိုင်တော့ဘူး။

"ဒီရေက... ဝူးဝူး"

သူမစကားမဆုံးခင်မှာတင် ယိချင်းနဲ့ ကူယွဲ့ အမူအရာတွေပြောင်းလဲသွားပြီး နှစ်ယောက်လုံး သူမပါးစပ်ကို ပိတ်ထားလိုက်ကြတယ်။

"ပါးစပ်ပိတ်ထားပြီး တိမ်ပင်လယ်က အမတတွေကို သွားလာခွင့်ပေးလိုက်ပါလား"

"ဆရာ တစ်ခုခုစားပါလား"

ရှန်းရင် ။ ။ "..."

ဘာဖြစ်နေလဲနားမလည်တဲ့ လန်ဟွားနဲ့ ချန်ကော ။ ။ "..."

ကူယွဲ့က ကောင်းကင်က အဝတ်ပါးကို လှမ်းကြည့်လိုက်တယ်။ ဒါကသူတို့ပြောတဲ့ ထူးခြားဖြစ်စဉ်မလား။ သူတို့တွေ ပျံသန်းသွားလိုက်ကြတယ်။ လန်ဟွားက ယိုကျနေပုံပေါ်တဲ့ ကောင်းကင်က အပေါက်ကို သေချာကြည့်ပြီး ခေါင်းယမ်းလိုက်တယ်။ ဒီမှာ အာရုံခံလို့ရတဲ့ နတ်ဆိုးချီမရှိ။

ကူယွဲ့ အမူအရာ ပျက်သွားခဲ့တယ်။ နောက်တော့ သူတို့အားလုံး တိမ်ပင်လယ်ဝင်ပေါက်ဆီ ပျံသန်းလာခဲ့ကြတယ်။ သူတို့ ရွေးစရာမရှိတော့ဘဲ စကားတစ်ချက်ပြောဖို့ တိမ်ပင်လယ်အဇဋာဧကရာဇ်ကို သွားရှာရတော့မဲ့ပုံပဲ။ ဆယ်မိနစ်ကျော်အတွင်း သူတို့ကောင်းကင်တံခါးပေါက်တွေကို မြင်လိုက်ရတယ်။

ထူးဆန်းစရာကောင်းစွာပဲ ကောင်းကင်တံခါးအပြင်ဘက်မှာ အမတအစောင့်တွေ မရှိဘူး။ တံခါးအလယ်မှာ ကြီးမားတဲ့ကျောက်ပြားကြီးတစ်ချပ်ပဲ ရှိနေတယ်။ အဲပေါ်မှာတော့ စာလုံးနီကြီးတွေနဲ့ သတိပေးချက်တစ်ခု ရေးထားလေရဲ့။

[အဇဋာဧကရာဇ်ဆီမှ တော်ဝင်အမိန့် ။ ။ အမျိုးသားအမတများနှင့် ခွေးများဝင်ခွင့်မပြု]

အုပ်စု ။ ။ "..."

ဒါဘာဆိုလိုတာလဲ။ အမတယောက်ျားလေးတွေ ဒီအဇဋာဧကရာဇ်ကို ဘယ်လိုအပြစ်ပြုမိခဲ့လို့လဲ။ သူ ဘာကြောင့် ဝင်ပေါက်ကို ဒီကျောက်တုံးကြီးနဲ့ ပိတ်ထားရတာလဲ။

"တိမ်ပင်လယ်က အဇဋာဧကရာဇ်ယင်းကျီက မိန်းကလေးဆိုတာမေ့တော့မလို့"

"သူက... ပိုင်ကျောင်းလို စိတ်ထိခိုက်နာကျင်ခဲ့ရတယ်လို့တော့ မပြောနဲ့နော်"

သူက အထီးတွေအားလုံးကို မုန်းနေတာ အသိသာကြီးပဲ။

"ငါတို့ဘာလုပ်ကြမလဲ" လန်ဟွား မျက်မှောင်ကြုတ်လိုက်တယ်။

"သူ ငါတို့ကို ရှင်းဟန်အကြောင်း ပြောပါ့မလား"

"ဒီကျောက်ပြားပေါ် အင်းကွက်တစ်ခုရှိနေတယ်" ယိချင်းက လက်ညှိုးထိုးပြလာတယ်။

"ချီး၊ ဒါအထီးကျန်ယန်အင်းကွက်ပဲ ယန်ချီအားလုံးကို ဖျက်‌ဆီးပစ်နိုင်တယ်၊ ဒီအဇဋာဧကရာဇ်က တကယ်ပဲ ယောက်ျားတွေကို ဘယ်လောက်တောင်မုန်းနေတာပါလိမ့်"

"ဒါဆို မိန်းမတွေပဲ ဝင်လို့ရတာလား"

"ရုပ်ပြောင်းရုပ်လွှဲသိုင်းသုံးရင်ရော"

"မဖြစ်နိုင်ဘူး ရုပ်ပြောင်းရုပ်လွှဲသိုင်းက အဖိုတွေရဲ့ ယန်ချီကို မဖုံးကွယ်နိုင်ဘူး"

"ငါတို့ မုန်လာဥဖြူကို မိန်းကလေးပုံစံပြောင်းခိုင်းပြီး အခြေအနေကိုစုံစမ်းခိုင်းကြည့်ရင်ရော၊ သူက ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခုလုံးစီနည်းနည်းလေ - ဘာဖြစ်ချင်လဲမှ မဆုံးဖြတ်ရသေးတာ"

"ဖွီ မိန်းကလေးပုံစံ မပြောင်းချင်ပါဘူး"

"ဒါဆို ဘာလုပ်ကြမလဲ၊ ငါတို့ တိုက်ခိုက်ပြီး ဝင်လို့မရဘူးမလား၊ ငါတို့နဲ့ မိန်းမတွေလဲ ပါမလာဘူး"

"ဟိုအနောက်က ပိုးထည်အဝတ်ကနေတစ်ဆင့်ဝင်ရင်ရော"

"အဲဒါလေ..." အချိန်အကြာကြီး တိတ်နေခဲ့တဲ့ ရှန်းရင် နောက်ဆုံးတော့ မနေနိုင်တော့ဘဲ လက်ထောင်လိုက်တယ်။

"နင်တို့တွေ ငါက မိန်းကလေးဆိုတာ မေ့နေကြတာလား"

ငါးယောက်သား ။ ။ "..."

သူတို့အားလုံး အနည်းဆုံး ငါးစက္ကန့်တော့ တိတ်ကုန်ကြတယ်။

"အာ... ငါတို့တကယ်မေ့သွားတာ" ကူယွဲ့က ဖြေလိုက်တယ်။

"မုန်လာဥဖြူထက် မင်းက မိန်းမတစ်ယောက်ပုံစံ ပိုပေါ်လွင်နိုင်တာ သေချာရဲ့လား"

ရှန်းရင် ။ ။ "..." ခွေး*သား

...

အခန်း ၂၀၀ ။ ကောင်းကင်တံခါးအင်းကွက်ကို ချိုးဖောက်ခြင်း

ရှန်းရင်က ကျောက်ပြားဆီ လျှောက်လာခဲ့တယ်။ ချက်ချင်း ကျောက်ပြားရဲ့ ထိပ်ပေါ်မှာ အင်းကွက်က လင်းသွားခဲ့တယ်။ သူမ ဘာတွန်းလှန်မှုမှမကြုံရဘဲ တန်းတန်းမတ်မတ် လျှောက်လာတယ်။ ရင်းနှီးနေတဲ့အသံက သူမလက်ထဲကိုင်ထားတဲ့ အဝါရောင် အသံလွှင့်အဆောင်ဆီကနေ ထွက်လာပါလေရော။

"ရှန်းရင် မင်း ငါပြောတာ ကြားရလား၊ မင်းရှေ့က အနီရောင်အင်းကွက်ကိုမြင်လား"

ရှန်းရင် အဝေးမှာတစ်လက်လက်တောက်ပနေတဲ့ အနီရောင်အလင်းကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့မှ တစ်ဖက်ကလူက သူမကို မမြင်နိုင်တာ သတိရသွားပြီး ပြန်ဖြေလိုက်တယ်။

"အင်း"

"ဘယ်ဘက်ကအင်းကွက်ထဲဝင်၊ အင်းကွက်အလယ်မှာ အမတကျောက်တုံးတစ်ပိုင်းကို တွေ့လိမ့်မယ်၊ မြင်ရလား"

"အင်း"

"ကောင်းပြီ၊ အဲကျောက်တုံးက အင်းကွက်ကို အသက်သွင်းတဲ့ ခလုတ်ပဲ၊ ကျောက်တုံးကိုဖယ်ပြီး ငါတို့ဝင်လို့ရအောင်လုပ်လိုက်"

"ကောင်းပြီလေ"

"ငါတို့က ဒီကိုစုံစမ်းဖို့လာတာနော်၊ ရန်ဖြစ်ဖို့ မဟုတ်ဘူး၊ ကျောက်တုံးကလွဲ တခြားဘာမှမထိနဲ့"

"ကောင်းပြီလေ"

"မှတ်ထားနော် ဘယ်ဘက်က အင်းကွက်၊ ညာဘက်ကျောက်တုံးက အင်းကွက်ကျောက်တုံး၊ အဲဒါကိုဖယ်လိုက်ရင်..."

သူစကားမဆုံးခင် အသံအကျယ်ကြီးထွက်လာတယ်။ ကောင်းကင်တံခါးကို ပိတ်ထားတဲ့ ကျောက်ပြားက ပြိုလဲသွားပြီး မြေကြီးပေါ် အပိုင်းစလေးတွေအဖြစ် တစစီဖြစ်သွားခဲ့လေတယ်။ ဖုန်မှုန့်အလိပ်လိုက်ကနေတစ်ဆင့် အရှေ့တည့်တည့်ကလူတစ်ယောက် မျက်နှာပေါ် ကြောင်အမ်းနေတဲ့ အမူအရာနဲ့ အင်းကွက်ကျောက်တုံးတစ်ခုကို ကိုင်ထားတာကို ခပ်ဝါးဝါးမြင်နိုင်ပါတယ်။

‌လေးယောက်သား ။ ။ "..."

"အာ..." ရှန်းရင် သူမလက်ထဲက အမတကျောက်တုံးကိုငုံ့ကြည့်လိုက်တယ်။

"ပိတ်သွားပြီလား"

"..."

စားပွဲလှန်

"ငါ့ခြေထောက်... ပိတ်သွားပြီလေ" သူမက အင်းကွက်တစ်ခုလုံးကို ဖျက်ဆီးလိုက်တာပဲ ကူယွဲ့ ဆွေ့ဆွေ့ခုန်အောင် စိတ်တိုနေရပြီ။

"မင်း ဖျက်ဆီးရတာကို ကြိုက်ရုံမဟုတ်လား၊ မင်းက အရပ်မျက်နှာငတုံးဆိုတာ သိပေမဲ့ အနည်းဆုံးတော့ ဘယ်နဲ့ညာ သိသင့်တယ်လေ"

"ဒါ ဘယ်ဘက်မဟုတ်ဘူးလား" ငါ့ဘယ်ဘက် ဘယ်မှာလဲတော့ သိပါတယ်ဟ၊ ပန်းကန်လုံးကို ကောက်ယူဖို့ သုံးနေကျလက်လေ။

"မင်းက အခုငါတို့ဘက်ကို မျက်နှာမူထားတာလေ၊ အဲတော့ သေချာပေါက် ခုဒါက မင်းဘယ်ဘက်ပေါ့၊ ငါဆိုလိုတာက မင်းလာခဲ့တဲ့ ဦးတည်ဘက် မင်းဝင်လာခဲ့တဲ့နေရာကို ပြောတာဟ၊ နားလည်ပြီလား"

"..." အဲတော့ ငါ့ကိုအပြစ်တင်နေတာလား။

"မင်းတို့တွေက ဘယ်သူ‌တွေလဲ မင်းတို့တွေ ဘယ်လိုလုပ် တိမ်ပင်လယ်ကို ကျူးကျော်လာရဲတာလဲ"

အမတလက်နက်တွေသယ်ထားတဲ့ အမတတချို့က ပျံသန်းပြီးရောက်လာကြတယ်။ စက္ကန့်ပိုင်းအတွင်း သူတို့ လုံးဝဝိုင်းခံလိုက်ရတယ်။ စပ်စုချင်စရာကောင်းတာက သူတို့အားလုံးက မိန်းကလေးအမတတွေ။

အုပ်စုခေါင်းဆောင်က တစစီဖြစ်နေတဲ့ ကျောက်ပြားကို တစ်ချက်ကြည့်ပြီး သူတို့ကို ဒေါသတကြီး ကြည့်တော့တယ်။

"မင်းတို့တွေ ဧကရာဇ်ရဲ့ အထွတ်အမြတ်အမိန့်ကျောက်ပြားကို ထိခိုက်အောင်လုပ်ရဲတယ်ပေါ့ သူတို့ကို ဖမ်းလိုက်ကြ" သူမက လက်တစ်ဖက်နဲ့ အချက်ပြပြီး ဝိုင်းနေတဲ့ အမတတွေက သူတို့‌ဆီ ဦးတည်လာကြတော့တယ်။

"ရပ်ကြ" ချန်ကောက ရှေ့တက်ပြီး အဇဋာဧကရာဇ်တစ်‌ပါးရဲ့ ထိန်းချုပ်ထားတဲ့ အရှိန်အဝါကို လွှတ်လိုက်တယ်။

"ငါက ချန်ကောပဲ၊ မင်းတို့ဧကရာဇ်နဲ့ဆွေးနွေးစရာကိစ္စရှိလို့ ဒီကိုရောက်လာတာ"

"ရှင်က ဖုန့်ချန်တိုက်ရဲ့ဧကရာဇ်လား" သူ့အရိန်အဝါကြောင့် ရှိန်သွားပြီး အမတအမျိုးသမီးက နောက်ပြန်ဆုတ်သွားတယ်။ သူမအမူအရာက ပြောင်းလဲသွားပြီး သူတို့ကိုတစ်ချက်ကြည့်တယ်။

"ကျွန်မတို့တိမ်ပင်လယ်က တခြားတိုက်တွေနဲ့ အဆက်အဆံမရှိဘူး၊ တကယ်လို့ ရှင်က ဖုန့်ချန်ရဲ့ ဧကရာဇ်ဆိုရင်တောင် ကျွန်မတို့ရဲ့အထွတ်အမြတ်အမိန့်ကျောက်ပြားကို ဖျက်ဆီးဖို့ အခွင့်အရေး မရှိဘူး"

"ငါတို့..." ချန်ကောက အင်းကွက်ကျောက်တုံးကို ယိချင်းဆီပေးပြီး သစ်သီးကိုက်စားနေတဲ့ ရှန်းရင်ကို လှည့်ကြည့်လိုက်တယ်။ သူ ရွေးစရာမရှိတော့ဘဲ ရှင်းပြချက်ပေးလိုက်ရတော့တယ်။

"ဒါက အထင်လွဲမှုပါ ကောင်းကင်တံခါးမှာ အစောင့်မရှိတော့ ငါတို့ သတင်းစကားကို ပို့ပေးဖို့ လူရှာမတွေ့ဘူးလေ၊ ဒါကြောင့် အင်းကွက်ကို ဖြည်ဖို့ကြိုးစားခဲ့တာပါ၊ ဖြစ်ချင်တော့ မတော်တဆအင်းကွက်ကို ဖျက်ဆီးမိသွားခဲ့တယ်"

အမျိုးသမီးအမတက သူ့ဖြေရှင်းချက်ကို စိတ်မဝင်စား။ သူတို့ကို သတိတကြီး ကြည့်ပြီး သူမက ပြောလာတယ်။

"ရှင်တို့ဘယ်သူလဲဆိုတာ ကျွန်မ စိတ်မဝင်စားဘူး အမျိုးသားအမတတွေက နန်းတော်ထဲ ဝင်ရောက်ခွင့် မရှိဘူး၊ အမိန့်ကို လွန်ဆန်တဲ့သူမှန်သမျှ... အသတ်ခံရမယ်"

သူမက လက်တစ်ဖက်နဲ့ အချက်ပြလိုက်တော့ အမတတွေက သူတို့ဆီ ရွှေ့လာကြတယ်။ နှစ်ဖက်လုံး ရန်ဖြစ်တော့မဲ့ဆဲဆဲ ရုတ်တရက်ယောက်ျားတစ်ယောက်အသံ ထွက်လာတယ်။

"အဆင့်မြင့်အမတကျူယွင် ဘာပြဿနာဖြစ်တာလဲ"

အမျိုးသားအမတတစ်ယောက်က ဆင်းသက်လာပြီး အမျိုးသမီးအမတဘေးရပ်လေတယ်။ သူက အပြာရောင်ဝတ်ရုံဝတ်ထားပြီး ခေါင်းပေါ်မှာတော့ ခရမ်းရောင်သရဖူနဲ့။ သူ့လက်တွေကို ကျောနောက် ပစ်ထားပြီး မျက်နှာအမူအရာကခက်ထန်လှတယ်။ သူ့ကိုယ်ပတ်လည်မှာ မသေမျိုးချီတွေဝိုင်းနေတယ်။ သူ့မျက်နှာနဲ့ပတ်သက်ပြီး တစ်ခုခုရင်းနှီးနေသလိုပဲ။

"ကျီယန်အင်းကွက် ဘာဖြစ်သွားတာလဲ" သူက ကျောက်စတွေပြည့်နေတဲ့ မြေပြင်ကိုမြင်တော့ ထိတ်လန့်သွားခဲ့တယ်။ သူ့ရှေ့ကလူကို မျက်လုံးပင့်ကြည့်လိုက်တယ်။

"မင်းက ဧကရာဇ်ချန်ကော မဟုတ်လား၊ ဘာကြောင့် ရောက်လာ..." သူ့စကားတွေက တစ်စုံတစ်ရာကို သတိထားမိသွားချိန် လမ်းကြောင်းပြောင်းသွားခဲ့တယ်။ သူ့မျက်လုံးတွေ ပြူးကျယ်လာပြီး ဒေါသပေါက်ကွဲတော့တာပဲ။

"လန်ဟွား"

"ညီလေးယွီ မင်းဘာလို့ဒီရောက်..."

"မင်းက ဒီနေရာကို လာရဲသေးတယ်ပေါ့လေ"

လန်ဟွားစကားမဆုံးခင် လန်ယွီက သူ့လက်နက်ကို ဆင့်ခေါ်ပြီး ဟိန်းဟောက်တော့တယ်။

"ငါမင်းကို သတ်ပစ်မယ်" နောက်တော့ လန်ဟွားဆီ တန်းတန်းမတ်မတ်ဦးတည်လာပြီး တိုက်ပွဲတစ်ခု ပြောင်ပြောင်တင်းတင်း ပေါ်လာတော့တယ်။

လူတိုင်း ဘာဖြစ်နေလဲဆိုတာ ကြောင်နေမိတယ်။

သူတို့ဘာလို့တိုက်ခိုက်နေတာလဲ။

"အရှင်မင်းကြီး..." ကူယွဲ့ မနေနိုင်ဘဲ ချန်ကောကိုမေးလိုက်တယ်။

"ဒီဧကရာဇ်က ဘယ်သူများလဲ"

"‌သူက ယွင်ကျယ်တိုက်ကြီးရဲ့ အုပ်ချုပ်သူ ဧကရာဇ်လန်ယွီပဲ"

"အော်..." အကုန် ခေါင်းလေးတွေညိတ်ပြီး နောက်ဆုံးတော့နားလည်သွားခဲ့ကြတယ်။

ဒီတော့ ဒါက လန်ဟွားရဲ့ သစ္စာဖောက်ညီလေးပေါ့။ ဒါပေမဲ့ လန်ဟွားကို အားကုန်ထုတ်တိုက်ခိုက်နေပုံကို ကြည့်ရင် အငြိုးရှိတဲ့ပုံပဲ။ မြင်ရတာထက် သူတို့ရဲ့ရန်ကြွေးက ရှိသေးတာ အသိသာကြီး။

"စားဖိုမှူး နင်ကွာစေ့တွေ ယူခဲ့လား"

"ဟုတ်ကဲ့ဆရာ၊ နေကြာစေ့၊ ဖရုံစေ့၊ ဖရဲသီးစေ့ ဘယ်ဟာစားချင်ပါသလဲ"

"တစ်ခုစီကို နည်းနည်းချင်းစီ"

"ဟုတ်ကဲ့ဆရာ ပြဿနာမရှိပါဘူးဆရာ"

ကူယွဲ့ ။ ။ "..."

ချန်ကော ။ ။ "..."

လန်ဟွားက သူတို့အုပ်စုထဲက မဟုတ်ဘူးလား။ ရန်ဖြစ်နေတာကို ဘာလို့ဖျော်ဖြေရေးလို ပြုမူနေတာလဲ။

လန်ညီအစ်ကိုတွေ နာရီအတော်ကြာ တိုက်ခိုက်နေခဲ့ကြတယ်။ ဘယ်သူကမှ တစ်လက်မတောင် အလျှော့ပေးမဲ့ပုံမပေါ်။ ရှိသမျှထုတ်သုံးပြီး တစ်နေ့လုံးနီးပါး တိုက်ခိုက်နေကြတာတောင် အနိုင်ရသူ တိတိကျကျ ထွက်မလာဘူး။ ကြည့်ရတာ တိုက်ခိုက်မှုက ကြာဦးမဲ့ပုံပေါ်တော့ ချန်ကော အမတအစောင့်ကို ကောင်းကင်တံခါးမှာ ဘာဖြစ်ခဲ့လဲ ရှင်းပြလိုက်တယ်။

ရှန်းရင်က နောက်ဆုံးတော့ ကွာစေ့၃ထုတ် စားပြီးတာတောင် ညီအစ်ကိုနှစ်ယောက်က တိုက်ခိုက်နေဆဲ။

ကူယွဲ့က ကောင်းကင်ကို မော့ကြည့်ပြီး ရှန်းရင်ကို တစ်ချက်တွန်းလိုက်တယ်။

"ရှန်းရင် သူတို့အသိစိတ်ဝင်လာအောင် ပြောလိုက်စမ်းပါ"

"ဟမ်" ရှန်းရင် သူတို့ကို အံ့ဩတကြီး ကြည့်လိုက်တယ်။

"ငါ့ကိုသွားစေချင်တာ သေချာရဲ့လား" သူမမေးပြီး ထရပ်ဖို့ပြင်လိုက်တယ်။

ကူယွဲ့ ရုတ်တရက် သူမ ကောင်းကင်တံခါးကို ဘာလုပ်ခဲ့လဲဆိုတာ သတိရသွားပြီး ပြန်ဆွဲထားလိုက်တယ်။

"ထားလိုက်တော့၊ ယိချင်း သူတို့ကိုသွားတားလိုက်"

Cheat ကြီးက အသုံးဝင်ပေမဲ့ ထိန်းချုပ်ရ အရမ်းခက်တယ်။

ယိချင်းခေါင်းညိတ်ပြီး အစေ့အိတ်ကို ရှန်းရင်ဆီ ကမ်းပေးလိုက်တယ်။ နောက်တော့ ရန်ပွဲထဲ ခုန်ဝင်လိုက်တော့တယ်။

ချက်ချင်းပဲ ဓားတွေ ကောင်းကင်ထဲ ပေါ်လာပြီး ညီအစ်ကိုနှစ်ယောက်ပေါ် ရွာ‌ချတော့တယ်။

"ဓားအမတပဲ မင်းကဘယ်သူလဲ"

"ဟိုလီရှစ် ယိချင်း မင်းဘာလုပ်နေတာလဲ"

ယိချင်းက ဘာလို့လန်ဟွားကိုပါ ချနေရတာတုံး။

ယိချင်းက သူ့ကိုပြန်မဖြေဘဲ တိုက်ခိုက်နှုန်းအရှိန်ကိုမြှင့်လိုက်တယ်။ ဓားတွေက ချက်ချင်း ဓားကြီးတစ်ခုအဖြစ် ပြောင်းသွားပြီး နှစ်ယောက်ဆီ ဦးတည်တော့တယ်။ ဓားက သူတို့ကို ထိတော့မဲ့ဆဲဆဲမှာပဲ ဓားကလန်သွားပြီး ဓားရဲ့ပြားတဲ့အခြမ်းနဲ့ပဲ သူတို့ကိုထိမှန်သွားတယ်။

ညီအစ်ကိုနှစ်ယောက်သား မြေကြီးပေါ် မှောက်လျက်သားကျပြီး ဖုန်မှုန့်တွေထကုန်တော့တယ်။ သူတို့ မြေကြီးပေါ်က ကျောက်စတွေပေါ် ကျသွားခဲ့တာကြောင့် မျက်နှာမှာရှပြီးသွေးစို့ကုန်တယ်။

ယိချင်းက ပျံသန်းလာပြီး တည်တည်ငြိမ်ငြိမ် တင်ပြလာတယ်။

"သူတို့တိုက်ခိုက်တာကို တားပြီးပြီ"

ချန်ကော ။ ။ "..."

ကူယွဲ့ ။ ။ "..."

လူအုပ်ကြီး ။ ။ "..."

ကူယွဲ့က ယိချင်းကို သံသယနဲ့ကြည့်လိုက်တယ်။ ဒါ ရန်ပွဲတားတာမဟုတ်၊ သူတို့ကိုထုထောင်းတာပဲ ပြီးတော့ သူတို့ အသင်းဖော် လန်ဟွားကို ပိုပြီးတောင်ထုထောင်းလိုက်သေးတယ် ယိချင်း တစ်လျှောက်လုံး လန်ဟွားကို ကြိတ်ချင်နေခဲ့တာပဲ ဖြစ်ရမယ်။

…

201

အခန်း ၂၀၁ ။ ညီအစ်ကိုနှစ်ယောက်ရန်ကြွေး

"လန်ဟွား" လန်ယွီက ပထမဆုံးထရပ်သူ။ သူ အားလက်ကျန်မရှိတော့ပေမဲ့ သူ့အစ်ကိုကိုတော့ ဒေါသတကြီး စိုက်ကြည့်နေဆဲ။

"မင်းက လုံးဝမပြောင်းလဲသေးဘူး၊ မင်းက ယုတ်မာပြီး ရွံစကာကောင်းနေတုန်း" သူ့ကို ကူညီဖို့တောင် လူတွေခေါ်လာတယ်ပေါ့။

"ဘယ်နည်းနဲ့ ငါက ယုတ်မာပြီး ရွံစရာကောင်းတာလဲ"

လန်ဟွားရဲ့ဒေါသလည်း ဆူပွက်တဲ့အခြေအနေကို ရောက်နေပြီ။ သူတို့နှစ်ယောက်လုံး တိုက်ခိုက်ဖို့ အားလက်ကျန် မရှိတော့တာမို့ စကားစစ်ပဲထိုးနေရတော့တယ်။

"မင်းကမှ ငါ မကောင်းဆိုးဝါးဖြစ်လာအောင် လှည့်စားခဲ့တဲ့သူ မဟုတ်ဘူးလား"

"လုပ်တော့ဘာဖြစ်လဲ" လန်ဟွားက ပိုပြီးတောင် ဒေါသထွက်လာတယ်။

"မင်းငါ့ကို လုပ်ခဲ့တာက ပိုတောင်ဆိုးသေးတယ်၊ မင်း အကြိမ်တစ်ထောင်သေရင်တောင် ငါမင်းကို ခွင့်မလွှတ်ဘူး၊ မင်းကို လွှတ်မပေးခဲ့ရမှာ"

"ငါဘာလုပ်ခဲ့လို့လဲ" လန်ဟွားက ဒေါသတကြီး ပြန်ကြည့်လိုက်တယ်။

"မင်းက တစ်ဦးတည်းသောညီ၊ ငါက မင်းကို ကျင့်ကြံမှုလေ့ကျင့်ရေးမှာ လမ်းပြခဲ့ပြီး ယွင်ကျယ်တိုင်းပြည်ကိုတောင် အုပ်ချုပ်ခွင့်ပေးခဲ့သေးတယ်၊ ငါဘာလုပ်ခဲ့မိလို့လဲ"

"မင်းဘာလုပ်ခဲ့လဲ‌ဆိုတာ မေးရဲသေးတယ်ပေါ့"

လန်ယွီကနှာမှုတ်တယ်။

"မင်းဘာလုပ်ခဲ့လဲ မင်းကောင်းကောင်းသိမှာပါ"

"ပြောပါဦး ငါ ဘာလုပ်ခဲ့လဲ"

"ဝမ်ချင်ဖြစ်ခဲ့တဲ့ကိစ္စက မင်းနဲ့မဆိုင်ဘူးလို့ မပြောနဲ့နော်"

"ဝမ်ချင်လား" လန်ဟွားက အူကြောင်ကြောင်ဖြစ်နေတဲ့ပုံ။

"သူက ဘယ်သူလဲ"

"ခွေး*သား" လန်ယွီက ပေါက်ကွဲပြီး လန်ဟွားဆီ ပြေးတက်ကာ လည်ပင်းညှစ်တော့တယ်။

"မင်းက ဟန်ဆောင်ဖို့ ကြိုးစားနေသေးတယ်ပေါ့၊ လူဖြစ်‌ဖို့တောင် မတန်ဘူး"

ကူယွဲ့က ချန်ကောကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်တယ်။ သူတို့ ညီအစ်ကိုတွေ‌ဆီ လျှောက်သွားပြီး နှစ်ယောက်သားကိုဆွဲ‌ခွာလိုက်တယ်။

ဧကရာဇ်နှစ်ပါးကြားက တိုက်ခိုက်မှုက ကြောင်ရန်ဖြစ်ပွဲအဖြစ် နိမ့်ဆင်းသွားခဲ့ပြီ ကောင်းကင်တံခါးကို စောင့်ကြပ်‌ရတဲ့ အမျိုးသမီးအမတတွေတောင် စိုးထိတ်ကုန်တယ်။ ဒါက... တကယ်ပဲ ဧကရာဇ်ဟုတ်ရဲ့လား။

"ငါ့ကိုလွှတ်" လန်ဟွားအော်ဟစ်ရင်း ရုန်းဖို့ကြိုးစားလိုက်တယ်။

"ငါ ဒီနေ့ ဒီကိစ္စကို အဆုံးထိသွာမးယ်၊ ငါက ဘာဖြစ်လို့ လူဖြစ်ဖို့မထိုက်တန်ရမှာလဲ၊ ငါအဲဝမ်ဆိုတဲ့လူနဲ့ ဘာလုပ်မိလို့လဲ"

"မင်း ဘယ်တုန်းကလူလိုပြုမူဖူးလို့လဲ" လန်ယွီက ပြန်ခွန်းတုံ့ပြန်ပါလေရော။

"ဝမ်ချင်က ငါ့တာအိုလက်တွဲဖော်လေ၊ မင်း သူ့ကိုမသိဘူးပြောရဲတယ်လား"

"တာအိုလက်တွဲဖော်လား" လန်ဟွား အူကြောင်ကြောင်ဖြစ်သွားပြီး နောက်တော့ အံ့ဩတကြီးအကြည့် ပေါ်လာတယ်။

"မင်းဘယ်တုန်းက တာအိုလက်တွဲဖော်ရသွားတာလဲ၊ အမြဲ တစ်ကိုယ်တည်း ဖြစ်နေခဲ့တာ မဟုတ်ဘူးလား"

"အဲဒါအကုန်လုံးက မင်းကျေးဇူးကြောင့်လေ" လန်ယွီ့မျက်လုံးတွေက ဒေါသတွေကြောင့် ရဲရဲနီနေတယ်။

"ဝမ်ချင်နဲ့ငါက နှစ်သုံးထောင်တောင် တူတူရှိနေခဲ့တာ၊ တကယ်လို့ မင်းကြောင့် မဟုတ်ရင် သူ ငါ့ကို နှစ်ကိုယ်တူကျင့်ကြံမှုအခမ်းအနားမှာ ထားရစ်ခဲ့မှာမဟုတ်ဘူး၊ သူက မင်းကိုပဲ လက်ထပ်ချင်တာတဲ့လေ မင်း တံခါးပိတ်ကျင့်ကြံနေတဲ့တစ်ချိန်လုံး မင်းတံခါးအပြင်ဘက်မှာ စောင့်နေခဲ့တာ၊ မင်းအကြောင်း နေ့တိုင်း‌တွေးနေခဲ့တာလေ"

လန်ဟွားက ဒီဖွင့်ဟချက်ကြောင့် မှင်တက်သွားခဲ့တယ်။

"ငါ... ဒါကို မသိရပါလား" ပြန်စဉ်းစားကြည့်ရင် သူ မှတ်မိတဲ့တစ်ခုတည်းသောအရာက သူ့တံခါးပိတ်ကျင့်ကြံမှုတွေထဲက တစ်ခုမှာ ဆူဆူညံညံတွေဖြစ်ခဲ့လို့ သီးခြားအင်းကွက်အစီအရင်တစ်ခု ချခဲ့ရတာကိုပဲ။ ဝမ်ချင်က အဲအပြင်ကလူ ဖြစ်န်ုငလား။

"ငါ ဒီကိစ္စအကြောင်း ဘာမှမသိဘူး၊ ဝမ်ချင်လို့ခေါ်တဲ့လူအကြောင်းလည်း မသိဘူး"

"ကောင်းပြီလေ ငါ အဲကိစ္စကို ကျော်ကြည့်ရင်တောင်" လန်ဟွားက သူ့ကိုယ်သူတည်ငြိမ်အောင်ထားဖို့ အသက်ပြင်းပြင်း ရှူလိုက်တယ်။

"ယွင်ယွိ၊ ရော့ရွှမ်း၊ ချောင်ကျန်းတို့ကျတော့ရော"

"ဟမ်" လန်ဟွားက ပိုပြီးတောင် အူကြောင်ကြောင်ဖြစ်သွားတယ်။

"သူတို့က ဘယ်သူတွေလဲ"

"ဟန်မဆောင်နဲ့ ယွင်ယွိက ငါ့ဝမ်းကွဲ၊ ငါတို့ အတူတူ ကြီးပြင်းလာကြတာ၊ ရော့ရွှမ်းက အောက်ဘုံမှာတုန်းက ငါ့ဇနီးလောင်း၊ ချောင်ကျန်းက ငါ့ဆရာတူညီမ ဘယ်သူ့ကိုမှ မမှတ်မိဘူးလို့တော့ မပြောနဲ့နော်"

"ငါတကယ်ကို မမှတ်မိတာ..."

"ပါးစပ်ပေါက်ပိတ်၊ ငါ မင်းကို အခွင့်အရေးတွေ အများကြီး‌ပေးခဲ့ပေမဲ့ မင်းက ငါ့လက်ထပ်ပွဲတွေကို ဆက်ပြီးဖျက်ဆီးခဲ့တယ်၊ မင်းသာ သူတို့ကို တကယ်ချစ်ရင် ငါဘာမှမပြောပါဘူး၊ ဒါပေမဲ့ မင်းက သူတို့ခံစားချက်တွေကို ကစားခဲ့လို့ ငါ့ကိုထားသွားကြတာ၊ မင်းက သူတို့နှလုံးသားတွေကို ခိုးယူသွားပေမဲ့ လက်ထပ်ဖို့ကျ ငြင်းတယ်၊ မင်းက တကယ့်အယုတ်တမာ အကျင့်မကောင်းတဲ့ကောင်"

"အိုး..." လူတိုင်း ထိတ်လန့်သွားကြတယ်။ သူတို့ ဘာဖြစ်နေလဲ နားလည်သွားပြီ။ လန်ယွီက သူ့ချစ်သူတွေရဲ့ ဖောက်ပြန်တာကို ခံခဲ့ရတာပဲ သူတို့တာဝန်ရှိသူ‌ကို လှည့်ကြည့်လိုက်ကြတယ်။

"မင်းတို့ ဘာလို့ ငါ့ကိုကြည့်နေတာလဲ" လန်ဟွား ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်နေပြီ။

"ငါ ဘာမှမလုပ်ခဲ့ဘူး၊ အောက်ဘုံမှာရှိနေတဲ့အချိန်တည်းက ကျင့်ကြံမှုပဲလုပ်နေခဲ့တာ၊ တံခါးပိတ်ကျင့်ကြံမှု လုပ်ရင်လုပ် မဟုတ်ရင် စမ်းသပ်လေ့ကျင့်ရေး လုပ်နေခဲ့တာချည်းပဲ၊ သူ‌ပြောတဲ့လူတွေ တစ်ယောက်မှ မမှတ်မိဘူး"

သူတို့ကို ပစ်ထားဖို့နေနေသာသာ သူတို့ထဲက တစ်ယောက်မှကိုမသိတာ။ ငယ်ငယ်တည်းက သူက ‌ကျင့်ကြံရေးပဲ စိတ်ဝင်စားခဲ့တာ။ ဘယ်လိုလုပ် ဒီလိုနှလုံးသားရေးရာကိစ္စတွေမှာ ဝင်ပါမှာလဲ။ သူ ဆန့်ကျင်ဘက်လိင်နဲ့ဆို ပိုတောင် အထိအတွေ့ မရှိသေးတယ်။ သူ့အမေကလွဲပြီး သိတဲ့မိန်းမဆိုလို့ စိတ်နှလုံးကောင်းနဲ့ ဝူတိဂိုဏ်းက မိန်းကလေးတစ်သိုက်ပဲ။ သူ လန်ယွီပြောတဲ့ မိန်းကလေးတွေ တစ်ယောက်မှကိုမသိတာ။

"ဒါဆို ရွှယ်ကျီကရော၊ မင်းသူ့ကိုပါ မေ့ပြီလို့တော့ မပြောနဲ့"

"ရွှယ်ကျီ အဲဒီပင်လယ်ယုန်မိစ္ဆာလား" လန်ဟွားက ခေါင်းညိတ်ပြလိုက်တယ်။ ဒါကတော့ သူသိတယ်။

"အဲဒါ မင်းပျိုးထောင်ခဲ့တဲ့မိစ္ဆာ မဟုတ်လား၊ သူ ဘာဖြစ်သွားလို့လဲ" လန်ယွီက အဲမိစ္ဆာလေးကို ချစ်တယ်လေ။ အထက်ဘုံထိပါ သူနဲ့အတူ‌ ခေါ်လာခဲ့တာ။ လန်ဟွား သူ့ရဲ့ မကောင်းဆိုးဝါးကျင့်ကြံမှုစတင်ချိန် အဲမိစ္ဆာလေးက အဆင့်မြင့်အမတဖြစ်နေပြီ။

"သူက မင်းစကားနားထောင်ပြီးတဲ့နောက် အဲလိုဖြစ်သွားတာပဲ"

"..." ဘယ်လိုဖြစ်သွားတာလဲ။

"ပင်လယ်ယုန်တွေက လိင်မရှိဘူးဆိုတာ မင်းသိမှာပါ၊ သူတို့တာအိုလက်တွဲဖော်ကို အတည်ပြုပြီးမှ သူတို့လိင်အမျိုးအစားကို ရွေးချယ်ကြတာ၊ မင်းသာမပြောခဲ့ရင်..." လန်ယွီက အံကြိတ်ပြီး ဆက်ပြောလိုက်တယ်။

"သူ အထီးဖြစ်လာမှာမဟုတ်ဘူး"

"အိုး"

ဒါက စိတ်လှုပ်ရှားစရာပဲ။ လူတိုင်းက ဒီဇာတ်လမ်းဖွံ့ဖြိုးမှုအပေါ် မှင်တက်ကုန်ကြတယ်။

လန်ယွီက လောကထဲ ကံမကောင်းဆုံးညီပဲဖြစ်ရမယ်။

လန်ဟွားကြည့်ရတာ ကြောင်နေတဲ့ပုံ။ လန်ယွီ အဲပင်လယ်ယုန်ကို ချစ်တာ သူသိတယ်။

"သူက အထီးဖြစ်လာတယ်၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်..."

သူ တစ်စုံတစ်ရာကို မှတ်မိပြီး တိတ်သွားတော့တယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ချီတုန်းက တစ်ယောက်ယောက်က သူ့ကို ယောက်ျားဖြစ်ရတာပိုကောင်းလား မိန်းမဖြစ်ရတာပိုကောင်းလား မေးခဲ့ဖူးတယ်။ သွေးအပြည့်ယောက်ျားတစ်ယောက်မို့ သူရှေ့တစ်ခုကို သေချာပေါက်ရွေးခဲ့တာပေါ့ ယောက်ျားတစ်ယောက်က သန်မာပြီး တိုက်ခိုက်နိုင်တယ်။ အဲဒါထက် ဘယ်ဟာပိုကောင်းနိုင်မှာလဲ။

သူ့ကို မေးခဲ့တဲ့အဲလူက ပင်လယ်ယုန်လား။

သူ အတွေးကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။

လန်ယွီ ဒေါသမြင့်တက်လာတော့တယ်။ သူက ဒီပင်လယ်ယုန်ကို မိန်းမတော်မယ်ဆိုတဲ့ အကြံနဲ့ အကြာကြီး ပျိုးထောင်ခဲ့တာ။ သူ့စကားတစ်လုံးကြောင့်နဲ့ အထီးဖြစ်သွားတယ်တဲ့လေ သူ ဒါကိုစဉ်းစားတိုင်း လန်ဟွားကို အပိုင်းပိုင်းခုတ်ချင်မိတယ်။

သူတို့ အောက်ဘုံမှာရှိတည်းက အဲလိုပုံစံပဲ။ လန်ဟွား တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာတိုင်း လန်ယွီ့ရည်းစားတွေက သူ့အစ်ကိုဆီ မေတ္တာမျှပြီး သူ့ကို စွန့်ခွာသွားတော့တာပဲ။ အကြိမ်တိုင်းပဲ... တစ်ခါလေးမှတောင် မလွဲ။

"မင်း ဒီမယားလုတဲ့ကိစ္စကို အကြိမ်ရေအများကြီး လုပ်ခဲ့တာ၊ မင်းကို မကောင်းဆိုးဝါးပြောင်းတာက ငါ သက်ညှာရာကျလွန်းတယ်"

"ညီလေးယွီ..." လန်ဟွားကြည့်ရတာ လမ်းပျောက်နေတဲ့ပုံ။

"ငါ ဒါတွေ ဘာမှမသိဘူးလေ၊ ငါ ဘယ်လိုလုပ်သိမှာလဲ သူ... ဟေး တခြားလူတွေ တစ်ခုခုပြောဦးလေ၊ ငါ့အပြစ်မှ မဟုတ်တာ"

လန်ဟွားက သူ့အသင်းဖော်တွေကို အနူးအညွှတ်ကြည့်လိုက်တယ်။

သူတို့က ချက်ချင်း နောက်ဆုတ်သွားလေရဲ့။ လန်ယွီ့ကို ထိန်းထားတဲ့ချန်ကောတောင် လက်ကို လွှတ်ချလိုက်တယ်။ လူတိုင်းက သူ့ကိုမသိသလိုပြုမူ‌ကြတော့တယ်။

"မင်းတို့..." သူတို့က သူ့ကိုပေါ်တင် သစ္စာဖောက်နေတာပဲ

မသေမျိုးချီ နည်းနည်းပြန်ရလာပြီဖြစ်တဲ့လန်ယွီက ရှေ့တက်လာတယ်။

"မင်းမှာ အခုပြောစရာရှိပြီလား"

"..." လန်ဟွားက ဆွံ့အနေမိတယ်။

ပွဲကြည့်ပရိသတ်တွေက သူနဲ့ဘာမှမပတ်သက်ချင်သလိုမျိုး ပိုပြီးနောက်ဆုတ်သွားကြတယ်။ သူတို့အားလုံးက... လန်ယွီ့နောက် ရပ်နေတယ်။

"ဧကရာဇ်လန်ယွီ၊ ဆက်ပြီးတိုက်ခိုက်ပါလား၊ ဒါကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး"

"မိသားစုတိုင်းမှာ သိုးမည်းဆိုတာရှိတာပဲ၊ ခံစားချက်နားလည်တာမို့ ကျေးဇူးပြုပြီးဆက်လုပ်ပါ"

"လက်နက်တွေလိုလား၊ ကျွန်မဟာယူပါ"

"ကွာစေ့စားဦးမလား၊ တိုက်ခိုက်ဖို့ အားလိုတယ်လေ"

လန်ဟွား ။ ။ "..."

မင်းတို့က ဘယ်ဘက်ကတုံး။ သူက အပြစ်မဲ့ပါတယ်နော် ပင်လယ်ယုန်မိစ္ဆာနဲ့ စကားနည်းနည်းပြောဖူးတာကလွဲ တခြားသူတွေကို စကားတောင် မပြောဖူးဘူး။

"အာ့ဟွား" ချိုမြပြီး နူးညံ့တဲ့မိန်းကလေးတစ်ယောက်အသံက လှမ်းခေါ်လာတယ်။

တိုက်ခိုက်ဖို့ပြင်နေတဲ့ လန်ယွီတစ်ယောက် အသံကြောင့် တုန်ယင်သွားတော့တယ်။

အားလုံး ။ ။ "..."

လန်ယွီတော့ ထပ်ပြီးဦးထုပ်စိမ်း ဆောင်းခံရတော့မယ်။

All Chapters