← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း ၂၀၂ ။ အဇဋာဧကရာဇ်ယင်းကျီ

ပန်းရနံ့က သူတို့နှာဖျားဝ ဝေ့ပျံ့လာတယ်။ သူတို့ပတ်လည်မှာ ပန်းပွင့်လေးတွေက လေထဲ မျောလွင့်နေတယ်။ လူတစ်ယောက်က ကောင်းကင်ကနေ ဆင်းသက်လာတယ်။ အမျိုးသမီးက ဆံပင်ကိုဖြီးနေပြီး ကျောက်စိမ်းတွေနဲ့ ရွှေဆံထိုးတစ်ချောင်းက သူတို့အာရုံကိုဖမ်းစားသွားခဲ့တယ်။ လက်ထဲမှာတော့ ပျိုနီပန်းပွင့်လေးတွေထိုးထားတဲ့ ယပ်တောင်တစ်ချောင်း။ သူမက ရွှေကွပ်ထားတဲ့ ပန်းပွင့်တွေနဲ့ လရောင်လိုဆွတ်ဆွတ်ဖြူနေတဲ့ ဝတ်ရုံကို ဝတ်ထားပြီး ယိမ်းထိုးကာ စိတ်လှုပ်ရှားစွာ သူတို့ကို ကြည့်လာတယ်။

"အာ့ဟွား နင်လားဟင်" သူမအသံက နူးညံ့ပြီး ချောမွတ်ကာ ခံစားချက်တွေနဲ့အပြည့်။ မျက်ဝန်းတွေက မျက်ရည်တွေဝဲလာတယ်။

"ငါသိတယ်... နင်အသက်ရှင်နေသေးတာ ငါသိတယ်၊ အာ့ဟွား"

သူမက သူတို့ဆီပြေးလာပြီး လန်ဟွားလက်ကို ကမ်းလာတယ်။

လန်ဟွားက သူမကို ရှောင်ဖို့ နောက်ပြန်ခုန်လိုက်တယ်။

"မင်း ဘာလုပ်နေတာလဲ" သူ လန်ယွီပြောတဲ့ဇာတ်လမ်းတွေအားလုံးကနေ ပြန်တောင် မသက်သာသေးဘူး။ အခု ဒီမိန်းမကိုမြင်ပြီး သူ့နှလုံးသား ရင်ဘက်ထဲကနေ ခုန်ထွက်တော့မလို ခံစားနေရတယ်။ သူ အလိုလို ရှန်းရင်နောက် ပုန်းလိုက်မိတယ်။

အမျိုးသမီးအမတက သူ့ကိုစိုက်ကြည့်ရင်း မျက်ဝန်းထဲ သိသိသာသာ နာကျင်သွားတဲ့ပုံ။

"အာ့ဟွား... တခြားအဇဋာဧကရာဇ်တွေနဲ့ ပူးပေါင်းပြီး နင့်ကို တိုက်ခိုက်မိခဲ့လို့ မုန်းနေသေးတာလား"

မျက်ရည်တစ်စက်က သူမပါးပြင်ပေါ် လိမ့်ဆင်းသွားတယ်။ သူမ ကြည့်ရတာ သနားစရာကောင်းလှတယ်။ ဘယ်ယောက်ျားမဆို ရင်ထဲလှုပ်ရှားသွားလောက်မှာ။

"ဒါပေမဲ့... နင် အဲတုန်းက ငါ့ကိုဆက်ဆံခဲ့တဲ့ပုံစံက... ငါဒေါသထွက်သွားခဲ့လို့ ငါ..."

"ဟေး အနားတိုးလာ‌တာတော်တော့၊ တကယ်လို့ ခြေတစ်လှမ်းထပ်တိုးလာရင် မင်းကိုရိုက်မှာနော်"

လန်ဟွားက သတိပေးလိုက်တယ်။

အမျိုးသမီးအမတက ဒဏ်ရာရသွားတဲ့ပုံ။ သူမဘေးက ဧကရာဇ်လန်ယွီက ခြောက်ကပ်ကပ်ရယ်တယ်။ ကြည့်ရတာ လန်ယွီက ဒါကိုကျင့်သားရနေတဲ့ပုံ။

"အာ့ဟွား နင်တကယ်ပဲ ငါ့ကိုခွင့်မလွှတ်ပေးဘူးလားဟင်" အမျိုးသမီးအမတက ခုငိုရှိုက်နေပြီ။

"ဒါကြောင့် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားတာတောင် နင်အသက်ရှင်နေသေးတယ်ဆိုတဲ့ ယုံကြည်ချက်ကို ငါစွဲကိုင်ခဲ့သေးတာပဲ၊ ငါ့ဘေးကို နင်ပြန်လာသရွေ့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေခဲ့တာ"

"ဟေးဟေးဟေး မင်းပြောတာမင်းကြည့်ဦး၊ ငါတို့ကြား ဘာဖြစ်ခဲ့ဖူးလို့လဲ၊ အတိတ်ရှိခဲ့ဖူးလို့လား"

အမျိုးသမီးအမတက သူ့ကိုမယုံကြည်နိုင်စွာ ဆက်စိုက်ကြည့်နေတယ်။

"အာ့ဟွား နင်ငါ့ကို ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ၊ ငါ နင့်ကို အရင်က သစ္စာမဖောက်ခဲ့ရဲပေမဲ့ နင်လည်း မှားခဲ့တာတွေရှိတာပဲ၊ ငါ နှစ်ထောင်ကျော် နောင်တနဲ့နေခဲ့ရတာ၊ နင့်ကို ငါ့ရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုကိုတောင် ပေးခဲ့တာပဲ"

"ဘာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုလဲ" လန်ဟွား လန့်လန့်နဲ့မေးလိုက်တယ်။

အမျိုးသမီးအမတက ချုံးပွဲချငိုတော့တယ်။

"ငါ... ငါနင့်ကို ပထမဆုံးအကြိမ်ပေးခဲ့တယ်လေ၊ ငါ့ရဲ့တစ်ခုတည်းသော ပထမဆုံးအကြိမ်လေ... နင့်ကိုပေးခဲ့တာ"

ပွဲကြည့်ပရိသတ် ။ ။ "အိုး..."

အံ့အားသင့်စရာ အတင်းအဖျင်းပဲ။

"ဘာပထမဆုံးအကြိမ်လဲ၊ ငါမဟုတ်ဘူးနော် ခဏ ဘာလို့ ငါ့ကိုအားလုံးအဲလိုကြည့်နေကြတာလဲ" သူ မလုပ်ခဲ့ဘူးနော်

"ငါမင်းကိုသတိပေးနေတယ် - မင်း မိန်းမဆိုတာနဲ့ မရိုက်ဘူးလို့မထင်နဲ့နော် ငါ မင်းကို သိတောင် မသိဘူး၊ မင်းက ဘယ်သူလဲ"

အမျိုးသမီးအမတက ယိမ်းယိုင်သွားတယ်။ သူမ လုံးဝကို အသည်းကွဲနေတယ်။

"နင် ငါ့ကို အသိအမှတ်တောင် မပြုချင်တော့ဘူးလား"

ပွဲကြည့်ပရိသတ်တွေက လန်ဟွားကို စူးစူးစိုက်စိုက် ကြည့်ပြီး မျက်တောင် တောင်မခတ်ချင်ကြ။

(「「)~→

"ငါ့ကိုယုံပါ၊ သူ့ကိုမသိဘူးဟ"

"အာ့ဟွား..."

"အာ့ဟွားလို့ခေါ်နေတာ တော်တော့၊ ရွံစရာကောင်းလွန်းတယ် မင်းက ဘယ်သူလဲ"

"အရင်တုန်းက... ငါတို့... တကယ်ပဲ ပထမဆုံးအကြိမ်အတွက် လုပ်ခဲ့တာလေ..."

"ပါးစပ်ပိတ်တော့၊ သောက်ကျိုးနည်း ဘယ်သူက ပထမဆုံးအကြိမ် မင်းနဲ့လုပ်ခဲ့လို့လဲ၊ ငါ့ကို စွပ်စွဲနေတာ တော်တော့" လန်ဟွား ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မဲ့ပုံ။ သူ့မျက်နှာက ရဲရဲနီပြီး အော်လိုက်တယ်။

"ငါတစ်ခါမှ မလုပ်ဖူးဘူး၊ ငါကလူပျိုဟ လူပျို"

ပွဲကြည့်ပရိသတ် ။ ။ "အိုး..."

(⊙_⊙)

"ငါအမှန်တိုင်းပြောနေတာ" လန်ဟွား သိသိသာသာ စိတ်ရှုပ်ထွေးလာပြီး သူတို့ သူ့ကိုမယုံမှာ စိုးရိမ်နေတယ်။

"ငါ့ကိုယုံပါ ငါတစ်ခါမှ တာအိုလက်တွဲဖော်မရှိဖူးဘူး၊ ငါတစ်ခါမှမလုပ်ဖူးဘူး၊ ငါက ချိုးငှက်ပါ(၁) ချိုးငှက်လို့ ဟုတ်ပြီလား" သူ ပျာယာခတ်လာတယ်။။ ဘာကြောင့်မှန်းမသိ သူ မုန်လာဥနဲ့ အချိန်ဖြုန်းတာ ကြာသွားလို့လည်း ဖြစ်နိုင်တယ်။ အင်္ကျီကိုလှန်ပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်တဲ့ဟန်နဲ့ ဘောင်းဘီကို‌ ဆွဲချွတ်ဖို့လုပ်တော့တယ်။

[ချိုးငှက်‌ဆိုတာ လူပျိုအတွက် တရုတ်ဗန်းစကားပါ]

သူက သူ့ကိုယ်သူ သက်သေပြဖို့ အရမ်းကို မြန်ဆန်လွန်းနေတယ်။ ကောင်းကင်တံခါးတွေကနေ စကားလုံးတစ်လုံးချင်းစီက သူ့‌ဆီပြန်ပဲ့တင်ထပ်လာတယ်။

ငါက ချိုးငှက်... ငါကချိုးငှက်... ချိုးငှက်...။

လေးယောက်သားနှင့် မုန်လာဥ ။ ။ "..."

လန်ယွီ ။ ။ "..."

အမျိုးသမီးအမတ ။ ။ "..."

အမတအားလုံး ။ ။ "..."

နောက်ဆုံးတော့ ချန်ကောက ပထမဆုံးအနေနဲ့ တုံ့ပြန်လာတယ်။ သူ ဘောင်းဘီကို‌ ဆွဲချွတ်ဖို့ လုပ်ချိန်မှာတင် လန်ဟွားလက်တွေကို ကိုင်ပြီး အော်လိုက်တယ်။

"အဇဋာဧကရာဇ်လန်ဟွား ငါတို့မင်းကိုယုံပါတယ် မင်းကိုယုံပါတယ် ဟုတ်ပြီလား" အလျင်မလိုပါနဲ့ - ဟိုနားမှာ အမျိုးသမီးအမတတစ်သိုက် ရပ်နေကြတယ်

အမျိုးသမီးအမတတောင် လန်ဟွားရဲ့ဖွင့်ဟချက်မှာ ထိတ်လန့်သွားတဲ့ပုံ။ သူမပါးစပ်က အကျယ်ကြီးဟသွားပြီး မတုံ့ပြန်နိုင်တော့ဘူး။

"ဟာ့ အယ်..." ကူယွဲ့ လည်ချောင်းရှင်းလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လန်ဟွားက ကူယွဲ့ သူနဲ့တူတူခေါ်လာခဲ့တဲ့ သူဌေးပဲ။ အခြေအနေကို ရှင်းပေးဖို့ ဝင်မပါရင် မကောင်းဘူး။

"အမတရောင်းရင်း မင်းနဲ့လန်ဟွားကြား အတိအကျဘာတွေဖြစ်ခဲ့တာလဲ၊ ရှင်းရှင်းလင်းလင်း လုပ်ပေးလို့မရဘူးလား"

"ငါသူ့ကိုမသိဘူး" လန်ဟွားက ထပ်ဖြည့်ပြောပြီး အမျိုးသမီးအမတကို စိန်းစိန်းဝါးဝါး ကြည့်လိုက်တယ်။ သူမ နောက်ထပ် စကားတစ်လုံး ထပ်ပြောရဲပြောကြည့် - လုပ်ရဲရရင် သေချာပေါက်ရိုက်ပစ်မယ်။

"ဟမ့် မင်းတကယ်ပဲ သူ့ကိုမသိဘူးလား" ဘေးမှာရပ်နေတဲ့ လန်ယွီက နှာမှုတ်တယ်။ သူက လန်ဟွားကို ပိုပြီးတောင် တင်တင်စီးစီးနဲ့ကြည့်လိုက်တယ်။ အဲအမျိုးသမီးက ဘယ်သူလဲဆိုတာ သူသိတာ အသိသာကြီးပဲ။ ဒါပေမဲ့ အဲလောက်ကြီး သဘောကျပုံမပေါ်ဘူး။ အဲအစား... သူမကို အထင်သေးနေတဲ့ပုံပဲလား။

"ငါသူ့ကို မသိပါဘူးဆို"

လန်ယွီ့အကြည့်က မာကြောသွားပြီး ရည်ရွယ်ချက်ရှိရှိပြောလိုက်တယ်။

"သူက တိမ်ပင်လယ်ရဲ့ ဧကရာဇ်ယင်းကျီပဲ"

လူတိုင်း ထိတ်လန့်ကုန်တယ်။ သူတို့ အတင်းအဖျင်းမှာ အရမ်းကို နစ်ဝင်နေမိလို့ သူမက အဇဋာဧကရာဇ်ဆို‌တာတောင် သတိမထားမိခဲ့ဘူး။

"မင်း သူ့ရဲ့ တခြားနာမည်ကိုတော့ မှတ်မိမှဖြစ်မယ်..." လန်ယွီက မဲ့ပြုံးပြုံးတယ်။

"ရွှယ်ကျီလေ"

လူလေးယောက်နှင့် မုန်လာဥ ။ ။ "..."

အမတအားလုံး ။ ။ "..."

လန်ဟွား ။ ။ "..."

ဒါသတင်းကြီးပဲ ရွှယ်ကျီက လန်ယွီ ပျိုးထောင်ခဲ့တဲ့ ပင်လယ်ယုန်မိစ္ဆာ မဟုတ်ဘူးလား။ ဘယ်ချိန်တုန်းက တိမ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်ဖြစ်လာတာလဲ။

"မင်းက လျှောက်ပြောနေတာပဲ" လန်ဟွား သူ့နားသူ မယုံနိုင်။

"ငါ အဲပင်လယ်ယုန်မိစ္ဆာရဲ့လူအသွင်ကို မြင်ဖူးတယ် ပြောတော့ ယောက်ျားလေးဖြစ်လာဖို့ ရွေးခဲ့တယ်ဆို..."

ခဏ သူ စကားမဆုံးခင် သူ့မျက်လုံးက ပြူးကျယ်သွားခဲ့တယ်။ သူ အမျိုးသမီးအမတကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။ ဒီအမျိုးသမီးက တကယ်ပဲ နည်းနည်းအရပ်ရှည်လွန်းပြီး သန်မာသလိုပဲ။ ပြီးတော့... လည်ပင်းမှာ... လည်... လည်စလုတ်တစ်ခုလည်းရှိနေတယ်

Σ(°△°|||)

ဒီလှပနူးညံ့ပြီး မွှေးကြိုင်နေတဲ့လူက... ယောက်ျားတစ်ယောက်တဲ့

လန်ဟွား ဖြူဖျော့သွားတယ်။ သူ့ခြေထောက်တွေ ပျော့ခွေကုန်တယ်။ မလဲကျအောင် ဘေးက ကျောက်တိုင်ကို ထောက်ထားရတော့တယ်။

ဒီအဇဋာဧကရာဇ်က တကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်။ ငါဆေးလုံးတွေ သန့်စင်ဖို့ ဝူတိဂိုဏ်းဆီ ပြန်ချင်တယ်။

"ရွှယ်ကျီ သူ့လိင်အမျိုးအစားကို ပြောင်းဖို့ရွေးပြီးတဲ့နောက် အလိုလိုပြောင်းလဲသွားတာပေါ့" လန်ယွီက ရှင်းပြရင်း အရမ်းကို စိတ်ပါဝင်စားနေတဲ့ပုံ။

"အဲအချိန်တုန်းက သူက မင်းကိုအရမ်းသစ္စာရှိခဲ့တာလေ၊ အဲဒါကြောင့် မင်းအကြံကိုယူခဲ့တာ"

လန်ယွီက ယုန်လေးကို မိန်းကလေးအသွင်ပြောင်းဖို့ အချိန်အကြာကြီး ဖျောင်းဖျခဲ့ရတာ။ လန်ဟွားဆီက စကားတစ်ခွန်းက ယုန်လေးကို ယောက်ျားလေးအဖြစ် ပြောင်းဖို့ သိမ်းသွင်းနိုင်ခဲ့တယ်။ နှစ်သိန်းချီ ယင်းကျီက မိန်းကလေးတစ်ယောက်ပုံစံဘဝကို ကျင့်သားရပြီး ကြီးပြင်းလာခဲ့တာ။ ဒီလိုအချိန်တိုအတွင်း ကျင့်သားရအောင် ညှိနှိုင်းဖို့ဆိုတာ ယင်းကျီအတွက် အရမ်းကိုခက်ခဲလှတယ်။

"အာ့ဟွား..." ရွှယ်ကျီ မဟုတ်ဘူး အဇဋာဧကရာဇ်ယင်းကျီက လန်ဟွားကို တမ်းတမ်းတတ ကြည့်နေတုန်း။

"ငါတို့ပင်လယ်ယုန်တွေက လိင်အမျိုးအစားကိုရွေးဖို့ အခွင့်အရေးတစ်ခုပဲရှိတာ၊ အဲဒါက တကယ်ပဲ ငါတို့ရဲ့ပထမဆုံးအကြိမ်လေ - တစ်ခုတည်းသော အချိန်လေ၊ ငါ့ကိုယုံပါ"

အဲတော့ 'ပထမဆုံးအကြိမ်' ဆိုတာ ဒါကိုဆိုလိုတာကိုး။ လန်ဟွားက မျက်မှောင်ကြုတ်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ သူ မတ်မတ်ရပ်ပြီး ပြောလိုက်တယ်။

"ပင်လယ်ယုန်... ရွှယ်ကျီ... ဟင့်အင်း အဇဋာဧကရာဇ်ယင်းကျီ၊ မင်းနဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်း မလုပ်ခဲ့မိတဲ့အတွက် မှားသွားခဲ့ပါတယ် ဒါပေမဲ့ အဲဒါက မင်းဆိုလိုတဲ့ဟာဆိုတာ ငါတကယ်မသိခဲ့တာ... ပြီးတော့ ငါ မင်းကို ငါးကြိမ်တောင်ပြည့်အောင် မတွေ့ဖူးဘူးမလား၊ မင်းလည်း ငါ့ကိုတစ်ကြိမ် သတ်မိလုနီးပါး ဖြစ်သွားခဲ့တယ်လေ၊ ကျေသွားပြီပဲ သတ်မှတ်လိုက်ရအောင်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်လုံးက ယောက်ျားတွေပဲ"

"ငါက ကိစ္စမရှိဘူး..."

ငါတော့ကိစ္စရှိတယ်။

ယင်းကျီ ကြည့်ရတာ စိတ်ပိုင်းဖြတ်ထားပြီးတဲ့ပုံ။ ဒါပေမဲ့လန်ဟွားကတော့ သွေးအန်ချင်နေပြီ။ သူ ကူယွဲ့ဘက် လှည့်ပြောလိုက်တယ်။

"မုန်လာဥဖြူကို သိမ်းဖို့ သုံးတဲ့အိတ်က ဘယ်မှာလဲ"

"ဘာလို့လဲ"

"ငါ့ကိုလည်း ထည့်ထားပေးပါ တောင်းပန်ပါတယ်" ဒီလိုသာ ဆက်သွ

ားရင် သူတကယ်အန်မိတော့မယ်။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ရှန်းရင် ။ ။ "..."

…

203

အခန်း ၂၀၃ ။ ခပ်ဆိုးဆိုးသားရဲ

အဇဋာဧကရာဇ်ရဲ့တစ်‌ဦးတည်းသောသမီးက လိင်အင်္ဂါပြောင်းသူတစ်ယောက်ဖြစ်လာတယ်။ သူတို့ ဘာစဉ်းစားရမလဲတောင် မသိတော့ဘူး။ ဒီလိင်ပြောင်းမှုက သူနဲ့ပတ်သက်မှုရှိနေတာ နားလည်သွားတော့ လန်ဟွား စိတ်ပြိုလဲလုနီးပါး ဖြစ်သွားတယ်။ အထူးသဖြင့် လေးနာရီလောက် ယင်းကျီရဲ့ အမြတ်တနိုးအကြည့်ခံ ဖြစ်ပြီးတဲ့နောက်ပေါ့။

လန်ယွီက လန်ဟွားရဲ့ ဝေဒနာကိုကြည့်ရတာ ပျော်ရွှင်ဝမ်းမြောက်နေတဲ့ပုံ။ သူ့မျက်နှာပေါ်မှာ 'နောက်ဆုံးတော့ မင်းနဲ့ထိုက်တန်တာရပြီ' ဆိုတဲ့ အမူအရာနဲ့။

ကောင်းကင်တံခါးကို ဝင်လာပြီးတဲ့နောက် လန်ဟွားက မုန်လာဥဖြူကို မလွှတ်သေးဘူး။ သတိတကြီး အမူအရာနဲ့ ရန်ပြုခံရမှာကိုကြောက်နေတဲ့ဟန်နဲ့ ရှန်းရင်နောက်ကနေ လိုက်လာခဲ့တယ်။

"ဧကရာဇ်ရှင်းဟန်လား" ယင်းကျီကို သူတို့လာလည်မှုရဲ့ ရည်ရွယ်ချက်ပြောပြီးတဲ့နောက်မှာ သူက နောက်ဆုံးတော့ စိတ်ထိန်းပြီး သူတို့ဆီ အာရုံပြောင်းလာခဲ့တယ်။

"သူက မကောင်းဆိုးဝါးတွေနဲ့ အဆက်အဆံရှိနေတယ်လို့ ပြောနေတာလား"

"ဟမ့် တကယ့်စစ်စစ်မကောင်းဆိုးဝါးက အခုဒီမှာထိုင်နေတာပဲ၊ အမတဘုံမှာ တခြားမကောင်းဆိုးဝါးတွေ အများကြီးရှိတာပဲ၊ အဲဒါဘယ်လောက်ထူးဆန်းလို့လဲ" လန်ယွီက နှာမှုတ်ပြီး လန်ဟွားကို စူးစူးစိုက်စိုက်ကြည့်တော့တယ်။

လန်ဟွားရဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားခဲ့ပေမဲ့ ခွန်းတုံ့မပြန်မိအောင် ထိန်းလိုက်တယ်။

"ဒါက ငါတို့ဒီကိုလာတဲ့ တစ်ခုတည်းသော အကြောင်းရင်းမဟုတ်ပါဘူး" ချန်ကောက မျက်မှောင်ကြုတ်ပြီး စိုးရိမ်တကြီးရှင်းပြလိုက်တယ်။

"သူက ငါ့ကိုယ်ထဲ နတ်ဆိုးအစေ့ကိုစိုက်နိုင်မှတော့ တခြားအဇဋာဧကရာဇ်တွေကိုလည်း ဒီလိုလုပ်နိုင်တယ်၊ သေချာပေါက် သူ့လက်ထဲ တခြားအစီအစဉ်တွေရှိမှာပဲ" ပြီးတော့ ဒီကိစ္စထဲ သူ့အထက်မှာ လူတွေရှိနိုင်သေးတယ်။

"ဒါဆို ဘာလို့ ဒီကိုရောက်လာတာလဲ" ယင်းကျီကမေးတယ်။

"တိမ်ပင်လယ်မှ ထူးခြားဖြစ်စဉ်ကို မြင်ခဲ့ရတယ်ကြားလို့ပါ" ကူယွဲ့ ဝင်ရှင်းပြလိုက်တယ်။

"ရှင်းဟန် ထွက်ပြေးချိန် သူက ထူးခြားဖြစ်စဉ်တွေကို အစပျိုးနိုင်တဲ့ နတ်ဆိုးချီပမာဏ အများကြီး ထုတ်ပေးတဲ့ မှော်သိုင်းအတတ်တစ်ခုကို သုံးခဲ့တယ်၊ ဒါကြောင့် စုံစမ်းဖို့ ဒီကိုရောက်လာတာပါ"

ယင်းကျီနဲ့ လန်ယွီက တိတ်သွားတယ်။ နှစ်ယောက်လုံးက ထူးဆန်းတဲ့အမူအရာနဲ့။

"ဒါဆိုရင်တော့ မင်းတို့အချိန်ဖြုန်းတာပဲ" လန်ယွီက အေးစက်စက်တုံ့ပြန်တယ်။

"တိမ်ပင်လယ်ရဲ့ ထူးခြားဖြစ်စဉ်က နတ်ဆိုးချီကြောင့်မဟုတ်ဘူး"

"မဟုတ်ဘူးလား"

"မဟုတ်ဘူး" ယင်းကျီက ဒါကိုပြောရင်း လန်ဟွားကို ခိုးကြည့်မိလိုက်တယ်။ လန်ဟွားက ပခုံးတွန့်လိုက်ပြီး သူ့သူငယ်ချင်းတွေနောက် ကြုံ့သွားခဲ့တယ်။

ယင်းကျီက စိတ်ပျက်လက်ပျက်နဲ့ အကြည့်ပြန်ရုပ်ပြီး ဆက်ပြောလိုက်တယ်။

"တိမ်ပင်လယ်ရဲ့ ထူးခြားဖြစ်စဉ်က... ပင်လယ်ထဲက တိမ်သားရဲ ဒေါသနဲ့သောင်းကျန်းနေတာကြောင့်ပါ"

"ဘာ" ဆိုးလိုက်တာ ဒေါသပေါက်ကွဲဖို့အတွက်နဲ့ တိမ်တွေထဲ အပေါက်တစ်ပေါက်ကို ဖြဲလိုက်တယ်လား။ လန်ဘိုးဘွားတွေသာ သူတို့မျိုးဆက်တွေ ဘယ်လောက်ကလေးဆန်လဲသိရင် အခေါင်းတွေထဲ လူးလှိမ့်နေတော့မှာပဲ။

"ဒီတိမ်သားရဲက ဘယ်လိုတိရစ္ဆာန်မျိုးလဲ" ကူယွဲ့ မေးလိုက်တယ်။

"တိမ်သားရဲက တိမ်ပင်လယ်ရဲ့ အသွင်ပါ" ယင်းကျီက ရှင်းပြလာတယ်။

"အားလုံးမြင်ကြတဲ့အတိုင်း တိမ်ပင်လယ်ကလူတွေနဲ့ တခြားတိုက်ကလူတွေက ကွဲပြားတယ်၊ ငါတို့ပင်လယ်က ကောင်းကင်အစွန်းမှာ ရပ်ဆိုင်းသွားတာ၊ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက တိမ်သားရဲရဲ့ တည်ရှိမှုကြောင့်လေ၊ နှစ်သန်းချီတိုင်း တိမ်ပင်လယ်က ဝိညာဉ်အသိဉာဏ်ဖွံ့ဖြိုးပြီး တိမ်သားရဲဖြစ်လာလိမ့်မယ်၊ တိမ်သားရဲက ပင်လယ်ထဲက သက်ရှိသတ္တဝါတွေအားလုံးကို ထိန်းချုပ်ထားတာ၊ တိမ်ပင်လယ်ထဲက ပင်လယ်အမတတွေတောင် ရှင်သန်ဖို့ သူ့ကိုအားထားရတယ်"

လူတိုင်း ခေါင်းညိတ်လိုက်တယ်။

"ဒါပေမဲ့ ဖြစ်စဉ်က..." အပေါက်ကိုကျ ဘယ်လိုရှင်းပြမှာလဲ။

ယင်းကျီအမူအရာက တောင့်တင်းသွားပြီး လန်ယွီပါ ခေါင်းလှည့်သွားတယ်။ တစ်ခဏနေတော့ ယင်းကျီကပြောလာတယ်။

"အရင်တုန်းက ပင်လယ်ထဲမွေးတဲ့ တိမ်သားရဲအားလုံးက တိမ်ပင်လယ်ဧကရာဇ်နဲ့ စာချုပ်ချုပ်ကြတယ်၊ အဇဋာဧကရာဇ်ရဲ့ စာချုပ်သားရဲလိုမျိုးပေါ့၊ ဒါပေမဲ့... ငါထီးနန်းတကိချိန် တိမ်သားရဲက မမွေးသေးဘူး၊ ဒါကြောင့် အခု တိမ်သားရဲက ကလေးပဲရှိသေးတယ်၊ အသက်နှစ်ငါးထောင်ပဲ ရှိသေးတာလေ"

သူက သက်ပြင်းချပြီး တစ်စုံတစ်ရာကို မှတ်မိသွားဟန် ခေါင်းယမ်းတော့တယ်။

"အရင်တုန်းက တိမ်သားရဲတွေက တိမ်ပင်လယ်ကနေ မထွက်သွားသလောက်ပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က တကယ်တမ်းကျ ခန္ဓာကိုယ်တစ်ခုတည်းပဲလေ၊ သူတို့က အသွင်ပုံစံတွေရှိပေမဲ့ သူတို့ထွက်သွားတာနဲ့ တိမ်ပင်လယ်က ခြောက်ကပ်ပြီး တစ်ဝက်လောက် ကျုံ့သွားလိမ့်မယ်၊ ဒါပေမဲ့ ဒီတိမ်သားရဲကတော့ ကလေးပဲရှိသေးတယ်"

"သူက တိမ်ပင်လယ်ကနေ ထွက်သွားချင်တာလား" ကူယွဲ့ မေးလိုက်တယ်။ သူတို့ သေချာပေါက် တဇွတ်ထိုးဆန်တဲ့ကလေးကို ပျိုးထောင်ခဲ့တာပဲ

"ဒါတင်မဟုတ်ဘူး..." ယင်းကျီအမူအရာကို ပိုပြီးတော့တောင် ဖတ်မရတော့ဘူး။

"ဒီကိစ္စကြောင့် ဧကရာဇ်လန်ယွီကို လှမ်းခေါ်ခဲ့တယ်လေ၊ ဒါပေမဲ့..." သူက လန်ယွီ့ကို လှမ်းကြည့်လိုက်တယ်။ လန်ယွီက အကြောင်းအရင်းကို ဘယ်လိုအစပျိုးရမလဲ မသေချာဟန် မျက်မှောင်ကြုတ်နေတယ်။ တစ်ခဏနေတော့ ယင်းကျီအံကြိတ်ပြီး ထရပ်လိုက်တယ်။

"တစ်ချက်ကြည့်ဖို့ အနောက်ကလိုက်ခဲ့ရင် နားလည်သွားပါလိမ့်မယ်"

လူတိုင်းက အူကြောင်ကြောင်ဖြစ်ကုန်တယ်။ ဒါပေမဲ့ သူတို့က ထူးဆန်းဖြစ်စဉ်ကို စုံစမ်းဖို့လာခဲ့တာလေ။ ဧကရာဇ်ယင်းကျီက မကောင်းဆိုးဝါးတွေနဲ့ ဘာမှမပတ်သက်ဘူးပြောပေမဲ့လည်း ကိုယ်တိုင် မျက်မြင်တွေ့ရတာ ပိုကောင်းမယ်။ ဒါကြောင့် သူတို့ထရပ်ပြီး သူ့နောက်လိုက်ခဲ့ကြတယ်။

ယင်းကျီက ခေါင်းဆောင်ပြီး သူတို့အရှေ့အရပ်ဆီ ပျံသန်းခဲ့ကြတယ်။ သူတို့အောက်မှာတော့ တောအုပ်တွေနဲ့ တောင်တန်းတွေရဲ့အရိပ်တွေကို မှုန်ပျပျမြင်နေရတဲ့ တမျှော်တခေါ်ပင်လယ်ပြာ။

ဆယ်မိနစ်နေတော့ သူတို့ပန်းတိုင်ဆီ ရောက်ခဲ့ကြတယ်။ ကူယွဲ့ ဟိုဟိုဒီဒီကြည့်ပြီး ဒါ တင်ပြလာတဲ့ ထူးဆန်းဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဆိုတာ အတည်ပြုလိုက်တယ်။

အရင်က သူတို့ တိမ်ပင်လယ်အောက်မှာတုန်းက ရေတံခွန်ကြီးတစ်ခုကိုပဲ မြင်ရပေမဲ့ အခု အထက်ပိုင်းမှာ ရှိနေပြီဆိုတော့ ဝဲဂယက်ကြီးတစ်ခုကို မြင်လိုက်ရတယ်။ အဲအပေါ်မှာတော့ ပင်လယ်အောက်ခြေထိရောက်တဲ့ ရွှေရောင်အင်းကွက်တစ်ခု တောက်ပနေတယ်။ ကြည့်ရတာ အကာအကွယ်နံရံတစ်မျိုးမျိုးဖြစ်ပုံပဲ။

အမတတချို့က နေရာကိုစောင့်ကြပ်နေတယ်။ ကောင်းကင်တံခါးက အစောင့်တွေနဲ့ ဆန့်ကျင်ဘက် ဒီလူတွေအားလုံးက ယောက်ျားတွေ။ သူတို့အားလုံးက အဆင့်မြင့်အမတနဲ့ အထက်တွေ။ တချို့ဆို ဧကရာဇ်ငယ်နဲ့ အမတဧကရာဇ်တွေပါ ဖြစ်နေတယ်။ အားလုံးက ဝဲဂယက်အောက်က တစ်ယောက်ယောက်ကို ထိတ်ထိတ်ပျာပျာစကားပြောနေတဲ့ပုံ။

သူတို့ ဝဲဂယက်နားနီးလာချိန် လှိုင်းကြီးတစ်ခု ရုတ်တရက်မြင့်တက်လာတယ်။ ငါးအမြီးပုံစံအဖြစ် အသွင်ပြောင်းသွားပြီး အမတအုပ်စုကို ရိုက်ချတော့တယ်။ တချို့က အချိန်မီ ထွက်မပြေးနိုင်ဘဲ ရေထဲရိုက်ချခံလိုက်ရတော့တယ်။

"ရောင်းရင်းအမတတို့၊ ဘာဖြစ်နေလဲ မြင်မှာပါ၊ တိမ်သားရဲက ထွက်သွားဖို့ကို မရမကတောင်းဆိုနေပြီး တိမ်ပင်လယ်မှာ အပေါက်တစ်ပေါက်ပါ ဖြဲခဲ့တော့ ထူးဆန်းတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါပဲ၊ အင်းကွက်ချပေးတဲ့ ဧကရာဇ်လန်ယွီကြောင့်သာ သူ့ကိုအချိန်မီတားနိုင်ခဲ့တာ၊ ဒါပေမဲ့ ဒီအင်းကွက်တွေက ကြာကြာမထိန်းနိုင်ဘူးလေ..." သူက လန်ဟွားကို ကြည့်ပြန်ပြီး မျှော်လင့်တကြီး မေးလိုက်တယ်။

"အာ့ဟွား နင်က မှော်အတတ်မှာ ကျွမ်းကျင်ပညာရှင်လေ၊ နင်..."

"ငါ မင်းကိုမကူညီနိုင်မှာ စိုးမိတယ်" လန်ဟွား ချက်ချင်းနောက်ဆုတ်လိုက်တယ်။ ဒီတိမ်သားရဲနဲ့ တိမ်ပင်လယ်က ကိုယ်ခန္ဓာတစ်ခုတည်းဆိုတာ အသိသာကြီး။ သူ ဒီအပေါက်ကိုဖာထေးရင်တောင် တခြားနေရာမှာ နောက်အပေါက်တစ်ခုဖြဲမှာပဲ။

"တိမ်သားရဲက အပြင်ထွက်ဖို့ကို ဘာလို့အတင်းတောင်းဆိုနေတာလဲ" ချန်ကောမေးကြည့်လိုက်တယ်။

"ပုံမှန်ဆို ဒီအသွင်တွေက အတော်လေး ပိုင်နက်အစွဲရှိပြီး အလွယ်တကူ မပြောင်းလဲကြဘူးလေ"

"ဘာကြောင့်လဲဆိုတော့..."

ယင်းကျီ ရှင်းပြတော့မဲ့ဆဲဆဲ ပင်လယ်အောက်ခြေကနေ ကလေးလိုမျိုး အသံတစ်သံ မြင့်တက်လာတာကို ကြားလိုက်ရတယ်။

"မင်းတို့ရုပ်ဆိုးကောင်တွေ ငါ့ကို ထုတ်ပေးစမ်း ငါ မမလှလှတွေကို ရှာချင်တယ်"

ယင်းကျီ ။ ။ "..."

လန်ယွီ ။ ။ "..."

ဝူတိဂိုဏ်းက လူတိုင်း တောင့်ခဲသွားတယ်။ ဒီအသံက... ချက်ချင်းပဲ မျက်စိအားလုံးက တစ်ခုသော မုန်လာဥဖြူပေါ် အကြည့်ရောက်ကုန်တယ်။

"ဘာလို့ လာကြည့်နေတာလဲ" လန်ဟွားပခုံးပေါ် ထိုင်နေတဲ့ တစ်စုံတစ်ခုသောအပင်က ကြောင်အမ်းသွားတယ်။ ဒါပေမဲ့ ရှန်းရင်က လှည့်ကြည့်ချိန် သူ့မျက်လုံးတွေက တောက်ပသွားတယ်။ သူ့ခေါင်းပေါ်က နှုတ်လိုက်တဲ့ ဒုဓလီပန်းတစ်ပွင့်ကို ကမ်းပေးပြီးပြောလာတယ်။

"မမလေးအတွက်"

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

လန်ဟွား ။ ။ "..."

ချ‌န်ကော ။ ။ "..."

မင်းတို့ အသွင်ပုံစံတွေအားလုံးက ဒီလိုပြုမူကြတာလား။

"သွားစမ်းပါ"

"..

." မုန်လာဥဖြူနှလုံးသား အပိုင်းပိုင်း ကွဲကြေသွားတော့တယ်။

…

204

အခန်း ၂၀၄ ။ အိမ်ကနေ ထွက်ခွာခြင်း အကြောင်းအရင်း

"ရုပ်ဆိုးကောင် ထပ်ပြီးမင်းပဲ" အဲအသံပဲ ထပ်ထွက်လာပြန်တယ်။ သူတို့ ဝဲဂယက်ထိပ်ကို ရောက်သွားချိန် အောက်ကသူက တစ်ခုခုကို သတိထားမိသွားပုံပဲ။ စောနက သူတို့ကြားခဲ့ရတဲ့ ခပ်ရွှတ်ရွှတ်လေသံနဲ့ ယှဉ်ရင် ဒီအသံက အများကြီး ဒေါသထွက်နေပြီ။ တစ်အောင့်နေတော့ ယင်းကျီဆီ ရေတန်းကြီးတစ်ခု ထိုးဝင်လာတယ်။

"လူလိမ်၊ ငါ့နားဘယ်လိုလုပ် ကပ်လာရဲတာလဲ"

ယင်းကျီက ဒါကိုကျင့်သားရနေတဲ့ပုံ။ သူ လက်တစ်ဖက်မြှောက်ပြီး အကာအကွယ်အင်းကွက်တစ်ခု ဖြစ်ပေါ်လာကာ ရေတန်းကြီးကို တားဆီးလိုက်တယ်။ ဖြစ်ချင်တော့ အဲဒါကအဆုံးသတ်မဟုတ်ရှာ။ ပင်လယ်အောက်ခြေကနေ လှိုင်းတစ်လှိုင်းက ငါးအမြီးကြီးအသွင်ယူပြီး လှိုင်းတွေက သူတို့ကို စတင်တိုက်ခိုက်တော့တယ်။

"ထွက်သွားစမ်း လူလိမ်"

စောနက ထိပ်မှာရှိနေတဲ့အမတတွေက တစ်ယောက်ပြီးတစ်ယောက် ရေပေါ်ကျလာတော့တယ်။ ယင်းကျီက သူတို့ကို အားတုံ့အားနာကြည့်လိုက်တယ်။ နောက်တော့ သူ အုပ်စုကို မီတာနည်းနည်း အနောက်ဘက်ပြန်ခေါ်သွားချိန်မှာတော့ လှိုင်းတွေရပ်သွားတယ်။

"အဇဋာဧကရာဇ်ယင်းကျီ၊ တိမ်သားရဲက ဘာလို့ဒီလိုလုပ်နေတာလဲ" ချန်ကောမေးလိုက်တယ်။ တိုက်ခိုက်မှုတွေက ယင်းကျီကို ဦးတည်တာမှန်း သိသာတယ်။ ဒါပေမဲ့ တိမ်သားရဲက သူ့စာချုပ်အမတသားရဲ ဖြစ်ရမှာလေ။ အဲလိုတိုက်ခိုက်မနေသင့်ဘူး။

"အင်း..." ယင်းကျီရဲ့အမူအရာက ပြောင်းလဲသွားတယ်။ သူ့ကြည့်ရတာ ဘာပြောရမလဲ မသိတဲ့ပုံ။ ‌တစ်ခဏနေတော့ သူထပ်ပြောလိုက်တယ်။

"အထင်လွဲမှုပါ" သူက လန်ဟွားကို အလိုလို လှမ်းကြည့်လာတယ်။ သူ့မျက်ဝန်းထဲ အပြစ်တင်မှုနဲ့အတူ မကျေမချမ်းဖြစ်မှု အရိပ်အယောင် ပါဝင်နေတယ်။ လန်ဟွားက ယင်းကျီအကြည့်ကို ခံစားရချိန် ကြက်သီးတဖြန်းဖြန်းထသွားတော့တယ်။

"ငါပြောပြမယ်" လန်ယွီ မနေနိုင်ဘဲ ဝင်ပြောရတော့တယ်။ သူ သက်ပြင်းချပြီး ယင်ကျီနဲ့ တိမ်သားရဲကြားက ဇာတ်လမ်းကို ပြောပြလာတယ်။

တိမ်ပင်လယ်က တခြားတိုက်ကြီး၆ခု၊ ပင်လယ်၃စင်းနဲ့ ကွာခြားတယ်။ ထူးခြားတဲ့ ပတ်ဝန်းကျင်ရှိတဲ့အတွက် တိမ်ပင်လယ်ဖြစ်လာတဲ့ အဇဋာဧကရာဇ်ဖြစ်လာတဲ့သူ ဘယ်သူမဆို အဇဋာဧကရာဇ်ကျင့်ကြံဆင့်ရှိဖို့လိုရုံတင်မကဘူး၊ တိမ်သားရဲ အသိအမှတ်ပြုခံရဖို့လည်းလိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိမ်သားရဲက တိမ်ပင်လယ်ရဲ့ အသွင်ပြယုဂ်ပဲ။ တိမ်ပင်လယ်မှာ နေချင်တဲ့သူဘယ်သူမဆို မြေဂရန်လိုမျိုး အရာအတွက် လျှောက်တင်ဖို့လိုတယ်၊ ဒီ“မြေဂရန်” က တိမ်သားရဲကို သားရဲစာချုပ်ဖြစ်လာအောင် လုပ်ဖို့ စာချုပ်ပဲ"

တိမ်သားရဲတစ်ကောင်က နှစ်ပေါင်းများစွာကြာမှ တစ်ကောင်ပေါက်ဖွားတာ။ အရွယ်ရောက်လာပြီဆိုတာနဲ့ တိမ်သားရဲရဲ့ခွန်အားက အဇဋာဧကရာဇ်တစ်ပါးနဲ့ ယှဉ်လို့ရလိမ့်မယ်။ ယင်းကျီရဲ့ ကျင့်ကြံဆင့်မမြင်ခင် တိမ်ပင်လယ်မှာ တိမ်သားရဲအသစ်မရှိခဲ့ဘူး။ အဲအချိန်တုန်းက တိမ်ပင်လယ်က တခြားတိုက်ကြီးတွေ၊ ပင်လယ်တွေနဲ့ ပုံမှန်ဆက်ဆံတာမျိုးမရှိပေမဲ့ ခုလောက် သီးခြားမဆန်သေးဘူး။ ယင်းကျီက ရေဝိညာဉ်ကြောခန္ဓာကိုယ်အမျိုးအစားဖြစ်ပေမဲ့ အဇဋာဧကရာဇ် မဟုတ်သေးဘူး။ သူက လန်ယွီ့ဘေးလျှောက်ချိန် အမြဲ လူအသွင်ယူခဲ့တာမို့ လူတိုင်းက သူ့ကို အမတလို့ပဲ တွေးခဲ့ကြတယ်။ ဒီနေ့ထိတောင် လူတိုင်းက တိမ်ပင်လယ်ရဲ့ အဇဋာဧကရာဇ်က အမတဖြစ်ပြီး မိစ္ဆာမဟုတ်ဘူးလို့ ထင်နေကြတုပဲန်း။ ပြီးတော့ ယွင်ဖုန့်က တိမ်ပင်လယ်ရဲ့ဘေးမှာတင် ရှိနေတာ။ တိမ်ပင်လယ်ရဲ့တစ်ဝက်က ယွင်ဖုန့်တိုက်ကြီးရဲ့ ကောင်းကင်ယံကိုတောင် ထပ်သွားခဲ့သေးတယ်။

ရေဝိညာဉ်ကြောသားရဲတွေက ရေနားနေရတာ သ‌ဘာဝအလျောက် သဘောကျကြတယ်လေ။ အဲကြောင့် ယင်းကျီက လေ့ကျင့်ဖို့ ယွင်ဖုန်းကနေ တိမ်ပင်လယ်ဆီ ခဏခဏသွားခဲ့တာ။ အချိန်ကြာလာတော့ သူက တိမ်ပင်လယ်က မိစ္ဆာအမတတွေနဲ့ ရင်းနှီးလာခဲ့တယ်။ နောက်တော့ သူက အဇဋာဧကရာဇ်အဆင့်ကို ပထမဆုံးအောင်မြင်သူဖြစ်လာတယ်။ သူ တိမ်ပင်လယ်ကို အုပ်ချုပ်ချိန် ဘာတွန်းလှန်မှု၊ ကန့်ကွက်မှုမှ မကြုံခဲ့ရဘူး။

နောက်တော့ တိမ်သားရဲမွေးချိန် ယင်းကျီက တိမ်သားရဲရဲ့ အသိအမှတ်ပြုမှုကိုရဖို့ အချိန်တစ်ခဏ ကြာဦးမယ် ထင်ခဲ့တာ။ တကယ်ဘို့ သူချက်ချင်း တိမ်သားရဲကို သွားတိုက်ခိုက်ရင် တရားဝင်အဇဋာဧကရာဇ် စောစောဖြစ်လာရင်ဖြစ်လာ မဟုတ်ရင် တိမ်သားရဲစားတာ ခံလိုက်ရလိမ့်မယ်။

မထင်မှတ်ထားစွာပဲ သူ တိမ်သားရဲကို ပထမဆုံးအကြိမ်တွေ့ချိန် ယင်းကျီကို အတော်လေး သံယောဇဉ် တွယ်နေခဲ့တယ်။ တကယ်တော့ တိမ်သားရဲက‌ ယင်းကျီရဲ့စာချုပ်သားရဲလုပ်ဖို့ အရင် ခွင့်တောင်းလာခဲ့တာ။ အဲလိုနဲ့ ယင်းကျီက တရားဝင်အဇဋာဧကရာဇ်ယင်းကျီဖြစ်လာခဲ့တာပဲ။

အဇဋာဧကရာဇ်ဆယ်ယောက်ကြားထဲမှာ ယင်းကျီက အဇဋာဧကရာဇ်ဖြစ်လာဖို့ အလွယ်ဆုံး အချိန်ရခဲ့တယ်လို့တောင် ပြောနိုင်တယ်။ နှစ်ထောင်ချီနည်းနည်းကြာပြီးတဲ့နောက် ကောင်းကင်က လူတွေကို ဘာနာကျင်မှုမှမရှိ ပြဿနာမရှိဘဲ သွားခွင့်ပြုတာကို ထူးဆန်းတယ်လို့ တွေးမိတယ်ထင်။ တိမ်သားရဲက အသက်ကြီးလာတာနဲ့အမျှ ပိုပိုပြီးအသိဉာဏ်ကြွယ်လာတယ်။ ရုတ်တရက် သူက ယင်းကျီကို မုန်းသွားလေရဲ့။

"ငတုံး ရုပ်ဆိုးတဲ့လူလိမ် မင်းကို အရင်က မိန်းမလှလေးလို့တွေးမိခဲ့တာကို စဉ်းစားမိရင်... အားလုံး အလိမ်အညာကြီးပဲ" ဒေါသတကြီးအော်သံက ပင်လယ်ကြမ်းပြင်ကထွက်လာတယ်။

"ငါဖြူစင်ရိုးသားချိန်တုန်းက ငါ့ကိုလိမ်ခဲ့တယ်၊ ဟမ့် ငါမင်းရဲ့ ရုပ်ဆိုးတဲ့အခွက်ကို ဘယ်တော့မှ တရားဝင်အသိအမှတ်မပြုဘူး၊ မမလှလှကို ရှာဖို့ ဒီနေရာကနေ ထွက်သွားမှာပဲ"

"အင်း... အဲဒါဖြစ်ကြောင်းကုန်စင်ပဲ" လန်ယွီက နိဂုံးချုပ်လိုက်တယ်။

လေးယောက်သား တရားခံကို လှည့်ကြည့်လိုက်တယ်...။

"ဟေး မင်းတို့ငါ့ကိုဘာလို့ကြည့်နေတာလဲ၊ ငါက သူ့ကို မိန်းကလေးလိုဝတ်စားပေးတဲ့လူမှမဟုတ်တာ"

လန်ဟွားက ပေါက်ကွဲပြီး မျက်နှာနီရဲနေတယ်။ တိမ်သားရဲ လူမှားတာကို ဘာလို့ ငါ့ကိုအပြစ်တင်နေတာလဲ။

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

ချန်ကော ။ ။ "..."

ရှန်းရင် ။ ။ "..."

ဒါဆို တိမ်သားရဲက ယင်းကျီကို မိန်းကလေးလို့အထင်မှားသွားတာမို့ စာချုပ်ချုပ်ဖို့ အလွယ်လေးသဘောတူခဲ့တာပေါ့။ အဲဒါပြောဦးမှ... ဒါက အသွင်ယူမှုတွေအားလုံးကြုံတဲ့ ဘုံပြဿနာလား။။

ပြီးတော့ အဇဋာဧကရာဇ်က ယင်းကျီက ယောက်ျားလေးဆိုတာ နားလည်ဖို့ နှစ်ထောင်ချီကြာခဲ့တယ်။ တိမ်သားရဲက နှေးကွေးတာလား၊ ဒါမှမဟုတ် ယင်းကျီပဲ ဇာတ်ရုပ်ကို အရမ်းကောင်းမွန်စွာ သရုပ်ဆောင်သွားလို့လား။

"တိမ်သားရဲက အပြည့်အဝ မရင့်ကျက်သေးဘူးလေ - အဲဒါကြောင့်ဒီလိုပြုမူနေတာပါ"

အဇဋာဧကရာဇ်သက်ပြင်းချလိုက်တယ်။ သူ့မျက်နှာပေါ် နာကျင်တဲ့အမူအရာနဲ့။

"သူသောင်းကျန်းရင် ငါလည်း လုပ်လို့ရတာ ဘာမှမရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တားဖို့ကြိုးစားလေ သူက အစ်မကြီးအသစ်တစ်ယောက်သွားရှာဖို့ပဲ အတင်းမရမက ပြောနေတာ"

"သောင်းကျန်းရုံပဲကို - နှစ်သိမ့်ဖို့ အမျိုးသမီးအမတတစ်ယောက် ဘာလို့မလွှတ်တာလဲ၊ ဘာလို့ တိမ်ပင်လယ်အပြင် လွှတ်မှဖြစ်မှာတုံး" ကြည့်ရတာ တိမ်သားရဲက ဟိုးအစတည်းက စာချုပ်ချုပ်ဖို့ အစ်မကြီးတစ်ယောက်ကိုပဲ ရှာချင်ခဲ့တဲ့ပုံ။ ယင်းကျီက အထီးဆိုတာ သိသွားချိန် မပေါက်ကွဲဘဲ မနေတော့ဘူးပေါ့။ သူတို့ အမျိုးသမီးအမတရှာနိုင်ရုံနဲ့ ပြဿနာဖြေရှင်းပြီးသွားမှာပဲ။ တိမ်သားရဲက ဘယ်လိုပဲဖြစ်ဖြစ် အရွယ်ရောက်သေးတာ မဟုတ်ဘူး - သူတို့ သူ့ကို ပြဿနာရှာဖို့ တိမ်ပင်လယ်ကနေ ထွက်သွားတာမျိုးကို ခွင့်မပြုရင် ဘာမှများများစားစားဖြစ်မှာမဟုတ်ပါဘူး။

"ငါတို့အဲနည်းလမ်းကြိုးစားခဲ့ဖူးတယ်..." ယင်းကျီအမူအရာက ပျက်ယွင်းသွားတယ်။

"ဒါပေမဲ့ တိမ်သားရဲသောင်းကျန်းတိုင်း သူ့ခန္ဓာကိုယ်အစစ်က ဖန်သားနန်းတော်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ဝှက်ထားတာ၊ တိမ်ပင်လယ်ကနေ လွတ်မြောက်ချင်တယ်ပြောတဲ့အချိန်တိုင်း သူက ကိုယ်ပွားအဖြစ်ပဲ ပြောင်းပြီး ရေမျက်နှာပြင်ပေါ် ပေါ်လာတာ၊ ဖန်သားနန်းတော်ထဲဝင်ဖို့ဆို အနည်းဆုံးအဆင့်မြင့်အမတဖြစ်ဖို့လိုတယ်"

အဲလိုကိုး။ သူတို့ လှိုင်းတွေပဲမြင်ရပြီး တိမ်သားရဲကို တစ်ချက်မတွေ့ရတာ မထူးဆန်းတော့ဘူး - ပင်လယ်အောက်ခြေမှာ ဝှက်နေတာကိုး။

"တိမ်ပင်လယ်က အဆင့်မြင့်အမတမိစ္ဆာတိုင်း ဖျောင်းဖျဖို့ကြိုးစားကြည့်ဖူးတယ်၊ ဒါပေမဲ့ အားလုံး နှင်ထုတ်ခံခဲ့ရတယ်လေ"

"ဘာလို့လဲ"

ယင်းကျီက နှုတ်ခမ်းကိုဖိလိုက်တယ်။

"သူပြောတာက... သူတို့ကရုပ်ဆိုးတယ်တဲ့"

အားလုံး ။ ။ "..."

ကူယွဲ့က ယင်းကျီမျက်နှာကို အလိုလို ကြည့်မိလိုက်တယ်။ အမှန်တိုင်းပြောရရင် တကယ်လို့ ယင်းကျီကိုယ်က ယောက်ျားတစ်ယောက်ကိုယ်ခန္ဓာဆိုတာကို စိတ်ထဲမထည့်ရင် သူ့မျက်နှာက တကယ့်ကို တော်တော်လေးလှတာ။ သူ့မျက်ခုံးတွေနဲ့ တခြားအသွင်အပြင်တွေက မိန်းမဆန်လွန်းပြီး မိန်းမအဝတ်အစားပါ ဝတ်ထားသေးတာ။ တိမ်သားရဲက တခြားအမျိုးသမီးအမတတွေကို ရုပ်ဆိုးလို့ မုန်းတီးတာ မဆန်းတော့ဘူး။ ယင်းကျီက စံနှုန်းကို ဒီလောက်မြှင့်ခဲ့တာကိုး။

"ငါတို့အသုံးပြုလို့ရတဲ့လူ တိမ်ပင်လယ်မှာ တခြားသူမရှိဘူး၊ ငါတို့ ဖြေရှင်းနည်းကုန်သွားလို့ - တိမ်ပင်လယ်အပြင်ကို စလိုက်ရှာပြီး အနယ်နယ်အရပ်ရပ်က အမျိုးသမီးအမတတွေကို လာစမ်းသပ်ဖို့ ဖိတ်ကြားခဲ့တယ်" ယင်းကျီက မျက်မှောင်ကြုတ်လိုက်တယ်။

"တိမ်ပင်လယ်က အမတတွေက တခြားတိုက်ကြီးတွေနဲ့ ဘယ်တုန်းကမှအဆက်အဆံမရှိခဲ့ဘူး၊ ငါတို့အမတတွေက အရမ်းကိုဖြူစင်တာ၊ လာစမ်းသပ်ကြည့်ဖို့ အမတ တချို့တလေရှာတွေ့ဖို့တောင် အချိန်တော်တော်ကြာခဲ့ပေမဲ့ အားလုံးက ယောက်ျားတွေ ဖြစ်နေပြီး တစ်ယောက်ချင်းစီမှာ ရည်ရွယ်ချက် အကြံကိုယ်စီနဲ့၊ အတော်လေးကို စိတ်တိုစရာကောင်းတယ်"

အဲဒါကြောင့် တံခါးအပြင်မှာ အဲအမှတ်အသားကို ပြင်ဆင်ထားတာလား။

"အဲဒါကြောင့် ဒီနေ့ထိ ဂါထာကို မဖယ်ရှားခဲ့တာပဲ" ယင်းကျီက ပိုတောင်မျက်မှောင်ကြုတ်သွားတယ်။ သူ အဆင့်မြင့်အမတတွေဖြစ်ပြီး ထိုက်တန်တဲ့အမျိုးသမီးတချို့သိမသိ သူတို့ကိုမေးချင်နေတာ။

ခုချိန်ထိ အသီးတစ်လုံးကို တမြုံ့မြုံ့ဝါးနေတဲ့ရှန်းရင်က ရုတ်တရက် ပြောလာတယ်။

"ငါ တစ်ချက် စမ်းကြည့်ရင်ရော" သူမက ကလေးတွေကို ဆုံးမတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်တယ်လေ။

"မင်းလား" ရှန်းရင် စကားပြောပြောချင်း ကူယွဲ့က ခွန်းတုံ့ပြန်လိုက်တယ်။

"တော်ပါ အဇဋာဧကရာဇ်ယင်းကျီက တိမ်သားရဲက မျှော်လင့်ချက်မြင့်မားတယ်လို့ ပြောပြီးပြီ မဟုတ်လား"

ရှန်းရင် ခေါင်းစောင်းလိုက်တယ်။

"ငါက စံနှုန်း လုံလုံလောက်လောက်မမြင့်ဘူးလား"

ကူယွဲ့ မျက်ဆန်လှန်ပြီး သူမကိုလှည့်ကြည့်လိုက်တယ်။

"မင်းလုံလုံလောက်လောက်မြင့်မမြင့် အရိပ်အခြည်မသိ..."

သူ စကားမဆုံးခင် သူ့ရှေ့က ရင်းနှီးပေမဲ့ သူစိမ်းဆန်နေတဲ့မျက်နှာပေါ် အကြည့်ရောက်သွားခဲ့တယ်။ သူရုတ်တရက် အတွေးရထားအားလုံး ဆုံးရှုံးသွားခဲ့တယ်။ သူ အရင်က သူမမျက်နှာကို သိပ်ပြီးအာရုံမစိုက်ခဲ့ဘဲ ဒါ ပထမဆုံးအကြိမ် အာရုံစိုက်တာဖြစ်ပြီး ယောက်ျားလေးတစ်ယောက်ရဲ့ ရှုထောင့်ကနေ ကြည့်မိတာပဲ။

ကြည့်ရတာ... သူမက ကြည့်ပျော်ရှုပျော်တော့ရှိသားပဲ

…

All Chapters