အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
208
အခန်း ၂၀၈ ။ ဧကရာဇ်တက်လှမ်းမှုအင်းကွက်
လန်ဟွားက မုန်လာဥဖြူက တောင်အနောက်ဘက်မှာ အချိန်ဖြုန်းတာအများဆုံးလို့ ပြောတယ်။ သူ့အရှိန်အဝါကို အဲမှာ အာရုံခံမိနိုင်သေးတယ်။ အဲဒါကြောင့် အင်းကွက်ကိုအဲနေရာမှာ ချဖို့ အသင့်တော်ဆုံးပဲ။ ယွီဟုန်က သူ့ညွှန်ကြားချက်တွေနောက်လိုင်ပြီး မုန်လာဥဖြူရဲ့ ဒုဓလီပန်းကို သူအမြဲလဲလျောင်းတဲ့တွင်းထဲ ချလိုက်တယ်။ လန်ဟွားက တောင်အနောက်ဘက်ထိပ်မှာ တင်ပုလ္လင်ခွေထိုင်ပြီး လက်နဲ့ဂါထာအမျိုးမျိုး ဖန်တီးနေတယ်။ အချိန်တိုအတွင်း နတ်ဆိုးချီပမာဏအများကြီးက တောင်အနောက်ဘက်တစ်ခုလုံးကို ပြည့်သွားခဲ့တယ်။ အမည်းရောင်အမျှင်တန်းတွေက အမည်းအင်းကွက်အစီအရင်ကြီးအဖြစ် ငွေ့ရည်ဖွဲ့သွားခဲ့တယ်။
သူတို့တွေ ပတ်ပတ်လည်ကအရာရာ မှောင်သထက်မှောင်လာတာကို ကြည့်နေရတယ်။ စောနက ဝိညာဉ်ချီအပြည့်ဒုဓလီပန်းကခုတော့ အလင်းရောင်မှိန်မှိန်အောက် အနည်းငယ်ညှိုးခြောက်နေပြီ။ ကွင်းထဲက တခြားအမတဆေးပင်တွေလည်း လေထုထဲနတ်ဆိုးချီတွေပြည့်လာလို့ နုံးချည့်သွားတဲ့ပုံ စတင်ပေါ်ပေါက်လာတယ်။
ဒါပေမဲ့ မုန်လာဥဖြူဘက်ကနေ တွင်းထဲ လှုပ်ရှားမှုမရှိသေးဘူး။ ကြည့်ရတာ အချိန်တိုအတွင်း တစ်ယောက်ယောက် ပေါ်လာမဲ့ပုံစံတောင် မပေါ်။ တစ်ဖက်မှာတော့ လန်ဟွားက ချွေးတွေထွက်လာပြီ။ သူ့နဖူးမှာ ချွေးစက်တွေသီးလာပြီး လေထဲက နတ်ဆိုးချီက ပိုပြီးအားနည်းလာတဲ့ပုံ။
"ဒီက မသေမျိုးချီက ပြင်းလွန်းတယ်" ပြောင်ထင်က တစ်ခုခုကို အာရုံခံမိသွားဟန်နဲ့ ရုတ်တရက် ပြောလာတယ်။
"နတ်ဆိုးချီက ဖိနှိပ်ခံနေရတာ၊ ကျွန်တော်သူ့ကို ကူလိုက်ဦးမယ်"
သူဂါထာတစ်ခုရွတ်လိုက်တော့ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာတယ်။ အနောက်တောင်ဘက်က အမတဆေးပင်တွေကြား ခပ်ဖျော့ဖျော့ ရွှေရောင်သွေးကြောတစ်ခုရှိနေတာ။ ဒါကလန်ဟွားရဲ့ နတ်ဆိုးချီတွေကို ဘေးတွန်းပို့နေတာပဲ။ ပြောင်ထင် နောက်ထပ်ဂါထာတစ်ခု အမြန်ရွတ်ပြီး ရှည်လျားတဲ့ လေးထောင့်ကျောက်စိမ်းသေတ္ထာကိုထုတ်လိုက်တယ်။ သူအမြန် သူဖန်တီးထားတဲ့ ဂါထာကို ပြန်ရုတ်သိမ်းလိုက်တော့ ရွှေရောင်အလင်းတန်းက ရွှေမှုန်လေးတွေအဖြစ်ပြောင်းသွားပြီး သေတ္တာထဲတန်းတန်းမတ်မတ်ပျံသန်းသွားခဲ့တယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်ဒီမြေပေါ်က အမတသွေးကြောကို ယာယီချိပ်ပိတ်ပြီးပါပြီ" ပြောင်ထင်က ရှန်းရင်ဆီ သေတ္တာကမ်းပေးတယ်။
"ဖိနှိပ်နေတဲ့အမတသွေးကြောမရှိရင် အဇဋာဧကရာဇ် သူ့အင်းကွက်ကို မြန်မြန်ချနိုင်ပြီ"
ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။
"ကြိုးစားပေးလို့ ကျေးဇူးပါ" သူမ သေတ္တာကိုယူပြီး ယွီဟုန့်ဆီကမ်းပေးကာ အနောက်တောင်ဘက်က ကျွန်းဆီ လှည့်လိုက်တယ်။ တကယ်ပဲ ပြောင်ထင် သွေးကြောကို သိမ်းပြီးတဲ့နောက် နတ်ဆိုးချီက ပိုပြီးကြွယ်ဝလာတယ်။ အမတဆေးပင်တွေအားလုံး အခု မြေပြင်ပေါ် ပြိုလဲနေပြီး ညှိုးနွမ်းသွားဟန်။
နှလုံးထောင်ချောက်အင်းကွက်က ပြီးလုနီးပါး။ အင်းကွက်က တစ်ခုလုံးအပြည့်ဖြစ်တော့မယ်။ ဘာနဲ့တူလဲဆိုရင် ထူထဲတဲ့ပင့်ကူအိမ်ကြီးက တောင်အနောက်ဘက်ကို လွှမ်းခြုံထားသလိုပဲ။ မုန်လာဥဖြူကျွင်းကလည်း တဖြည်းဖြည်း အနီရောင်တောက်ပလာပြီး ကြည့်ရတာ တစ်စုံတစ်ရာအဖြစ် ဖွဲ့စည်းတော့မဲ့ပုံပဲ။
သူတို့တွေအောင်မြင်တော့မယ်
————
တစ်ချိန်တည်းမှာပဲ။
ကူယွဲ့က အင်းကွက်ထဲထိုင်ရင်း မျက်နှာက မကြည်မလင်။
"မုန်လာဥဖြူ၊ မင်း တစ်ခုခုတွေ့လား"
"ဟင့်အင်း" မုန်လာဥဖြူ သူ့သစ်ရွက်ရှည်တွေကို ပြန်ဆုတ်ပြီး ခေါင်းယမ်းလိုက်တယ်။
"သစ်ရွက်တွေက ဒီနေရာကနေ ထွက်လို့မရဘူး၊ တစ်ခုခုကို ထိမိတာနဲ့ ပြန်ကန်ထွက်လာတယ်"
ကူယွဲ့ရဲ့ အမူအရာက ပိုပြီးရုပ်ဆိုးလာတယ်။ သူတို့ အင်းကွက်ထဲပိတ်မိနေတာ ရက်ပိုင်းရှိနေပြီ။ သူ့ကိုယ်ထဲက အမတစွမ်းအင်တွေအားလုံး ဖိနှိပ်ခံထားရတယ်။ သူ လှုပ်တောင်လှုပ်မရဘူး။ ပိုဆိုးတာက သူ့ခြေထောက်အောက်က အင်းကွက်က အရမ်းကိုထူးဆန်းတာ။ သူ တစ်ခါမှမမြင်ဖူးဘူး။ ကြည့်ရတာ အရပ်မျက်နှာအားလုံးဆီ မိုင်တွေအများကြီးဆန့်ထွက်နိုင်ပုံပေါ်ပေမဲ့ မြင်နေရတာကတော့ အချင်းနှစ်ပေထက် မပိုဘူး။ အခြားအရာအားလုံးက မြူခိုးဖြူတွေနဲ့ဖုံးနေတယ်။
အဲဒါကြောင့် သူတို့ဘယ်နေရာမှာ ချောင်ပိတ်နေလဲဆိုတာ မပြောနိုင်တာ။ သူ့ခြေထောက်ပေါ်က ဖြန့်ကျက်နိုင်တဲ့ မုန်လာဥဖြူတောင် ကန့်သတ်ခံထားရတယ်။ သစ်ရွက်နှစ်ရွက်ပဲ လှုပ်နိုင်တာ။ အစကတော့ အင်းကွက်ထဲက ထွက်နိုင်အောင် မုန်လာဥဖြူရဲ့သစ်ရွက်တွေကို သုံးချင်ပေမဲ့ အခုတော့ မုန်လာဥဖြူရဲ့ သစ်ရွက်တွေကတောင် လုံလုံလောက်လောက် မဆန့်ထွက်နိုင်ဘူး။
"မမလေးက သေချာပေါက် လာပြီး မုန်လာဥဖြူကို ကယ်မှာပါ"
မုန်လာဥဖြူက ကူယွဲ့ကို အခိုင်အမာပြောလိုက်တယ်။ သူတို့ဖမ်းခံရတဲ့ပုံစံကိုထောက်ရင် ရှန်းရင် သူတို့ဘယ်မှာရှိလဲဆိုတာကို သဲလွန်စတွေရှာဖို့ အရမ်းခက်မယ်လို့ ခန့်မှန်းမိတယ်။ သူ ရှန်းရင်ကို ဘယ်လိုသတင်းစကားပို့ရမလဲ စဉ်းစားနေတုန်းရှိသေး မျက်စိကျိန်းစရာ အလင်းတန်းကြီးက သူတို့အောက်က အင်းကွက်ကနေ ထွက်လာတယ်။ မြူခိုးဖြူတွေတောင် လွင့်စင်စပြုလာပြီ။ သူတို့အနားမှာ ပုံသဏ္ဌာန်တစ်ခုကိုတွေ့လိုက်ရတယ်။
"မုန်လာဥဖြူ မြန်မြန်ပုန်း" ကူယွဲ့ လှမ်းပြောပြီး သူ့ညာဘက်ကလူကိုအာရုံစိုက်လိုက်တယ်။
သူ့ဘေးမှာတော့ လူပုံရိပ်က တဖြည်းဖြည်း ရှင်းလင်းသထက် ရှင်းလင်းလာတယ်။ တစ်အောင့်နေတော့ အဲလူက ဝတ်ရုံပြာဝတ်ထားတာမြင်လိုက်ရပြီး အင်မတန်ရင်းနှီးနေတယ်။
"ရွှင်ရှူးလား" ဘယ်လိုလုပ်သူဖြစ်နေတာလဲ
ကူယွဲ့ အော်သံကြားတော့ အဲလူကထခုန်တယ်။
"ကူယွဲ့ မင်း ဒီမှာဘာလုပ်နေတာလဲ"
ကူယွဲ့စရှင်းပြရုံရှိသေး ဘယ်ဘက်ကနေ ရင်းနှီးနေတဲ့ အသံတစ်သံထွက်လာတယ်။
"ကူယွဲ့လား၊ ဒါဧကရာဇ်ငယ်ကူယွဲ့ပဲ"
သူ လှည့်လိုက်တော့ မျက်လုံးပြူးသွားတယ်။
"ငှက် အာ ဖွီ... အဇဋာဧကရာဇ်ဝူဟုန်ပါ ဘာလို့ဒီရောက်နေတာတုံး"
"ကျုပ်လည်းမသိဘူး" သူက ခေါင်းယမ်းတယ်။
"ကျုပ်မျက်စိဖွင့်ချိန် ဒီနေရာရောက်နေတာမြင်လိုက်ရတာပဲ၊ တခြားသူတွေရှိဦးမယ်ထင်တယ်"
ကူယွဲ့ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တယ်။ တကယ်ပဲ သူ့ရှေ့က မလှမ်းမကမ်းမှာ လူတချို့ ထပ်ရှိနေပြီ။ မြူခိုးတွေလုံးဝပျောက်သွားမှပဲ သူအားလုံးကို သေချာမှတ်မိတော့တယ်။
ပြောစရာမလိုအောင် ချန်ကောရှိနေတယ်။ တခြားလေးယောက်လည်း ရှိနေပြီး အားလုံးက အဇဋာဧကရာဇ်တွေ။ လန်ယွီ၊ ယင်းကျီ၊ ကျီကျယ်နဲ့ ချူရွှမ်တောင်ပါသေး။ အဇဋာဧကရာဇ်ဆယ်ပါးထဲ ခြောက်ယောက်ဒီရောက်နေတာပဲ။ သူတို့က သူ့လိုမျိုး တစ်ယောက်ချင်းစီအောက်မှာ အင်းကွက်တွေ ရှိနေတယ်။ အားလုံးက နေရာအသီးသီးမှာပိတ်နေပြီး စက််ဝိုင်းပုံစံလေးတွေ။ အင်းကွက်တွေက တစ်ခုနဲ့တစ်ခု ဆက်သွားပြီး သူတစ်ခါမှ မမြင်ဖူးတဲ့ အင်းကွက်ကြီးဖြစ်နေတယ်။
"ညီကိုကူယွဲ့ မင်းလည်းဒီမှာကိုး" ချူရွှမ့်မျက်လုံးတွေ ကူယွဲ့ကိုမြင်ချိန် တောက်ပသွားတယ်။ သူက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ကာ မေးတယ်။
"ကြီးမြတ်တဲ့နတ်ဒေဝါရောဘယ်မှာလဲ၊ ဒီမှာရှိနေလား" ကျီကျယ်၊ ဝူဟုန်နဲ့ ရွှင်ရှူးတို့လည်း ဟိုဟိုဒီဒီ ရှာကြတယ်။
"သူ မရှိဘူး" ကူယွဲ့ ခေါင်းယမ်းပြလိုက်တယ်။
"ငါရုတ်တရက်ကြီး ဒီကိုပို့ဆောင်ခံလိုက်ရတာပဲ၊ သူက အချိန်မီမတားလိုက်နိုင်သလို ငါဘယ်မှာရှိလဲတောင် မသိဘူး" သူ ပတ်ဝန်းကျင်ကို စူးစမ်းဖို့ ထရပ်ဖို့ကြိုးစားလိုက်တယ်။
"ဒါကဧကရာဇ်တက်လှမ်းမှုစင်မြင့်ပဲ" ချန်ကောက ရုတ်တရက်ပြောလာတယ်။ သူ့မျက်လုံးထဲ သွေးပျက်မှုတွေနဲ့။
သူတို့ ရပ်သွားပြီး သူ့ကိုကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် ပတ်ဝန်းကျင်ကိုလေ့လာတော့တယ်။
"ဒါတကယ် ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပဲ" ကျီကျယ် အံ့ဩသွားတယ်။
"ဘယ်သူက ဒီလိုနေရာမှာ အင်းကွက်ထောင်ထားတာလဲ"
"အဇဋာဧကရာဇ်ချူရွှမ် မင်းက အင်းကွက်ထဲ အကျွမ်းကျင်ဆုံးပဲ၊ ဒီအင်းကွက်က ဘာလဲဆိုတာ ပြောနိုင်လား" ချန်ကောမေးလိုက်တယ်။
"ငါလည်းမသေချာဘူး" ချူရွှမ်ခေါင်းယမ်းလိုက်တယ်။
"ဘဝမှာ အဲလိုအင်းကွက်မျိုး တစ်ခါမှမမြင်ဖူးဘူး၊ ပြီးတော့... ဒီအင်းကွက်က ငါတို့ကို ပိတ်ဖို့သက်သက်လို့ မထင်ဘူး၊ ငါတို့ကိုဒီမှာ ထောင်ချောက်ဆင်ထားသူက သူ့အစီအစဉ်တွေထဲက တစ်ခုပဲရှိဦးမှာ၊ ဘာလုပ်မှာလဲမသိဘူး"
"သူဘာလုပ်တာ ဂရုစိုက်ရမှာလဲ" ဝူဟုန်က ပေါက်ကွဲတော့တယ်။
"ဒီအင်းကွက်က ငါ့ကိုဒီမှာပိတ်ထားတာ ရက်ပိုင်းရှိနေပြီ၊ ဒီအင်းကွက်ကို ဘယ်လိုဖောက်ထွက်ရမလဲဆိုတာ မင်းတို့ထဲ သိတဲ့သူရှိလား"
အားလုံးတိတ်ဆိတ်ကုန်တယ်။
"မင်းတို့ထဲက ဘယ်သူမှအစီအစဉ်မရှိဘူးလား" ဝူဟုန်ရဲ့ အမူအရာက မည်းမှောင်သွားတယ်။
"ဒါဘယ်လိုအင်းကွက်လဲ၊ ဘာလို့အဲလောက်တောင် သောက်ကျိုးနည်း အစွမ်းပြင်းရတာလဲ"
"ဒါက အင်းကွက် မဟုတ်ဘူးလေ" အသံတစ်သံက သူတို့ပေါ်ကနေ အေးစက်စက်ပြောလာတယ်။
နောက်အခိုက်အတန့်မှာတော့ လူတချို့က ဧကရာဇ်တက်လှမ်းမှုစင်မြင့်အလယ်ဆီ ဆင်းသက်လာတယ်။ ယောက်ျားနှစ်ယောက်နဲ့ မိန်းမတစ်ယောက်။ အဖွဲ့ရှေ့တည့်တည့်မှာတော့ အဖြူရောင်မုတ်ဆိတ်မွှေးရှည်ကြီးနဲ့ အမတတစ်ယောက်။ သူ့ကိုယ်ထဲက မသေမျိုးချီက သူတို့အားလုံးပေါင်းထက်တောင် ပိုကြွယ်ဝနေတယ်။ သူ့ကြည့်ရတာ အရမ်းကိုကြီးမြတ်ပြီး ဖြောင့််မတ်တဲ့ပုံ။ သူ့ကြည့်ရတာ ကူယွဲ့ တီဗွီမှာ အမြဲကြည့်နေကျ အဲဒီမြင့်မြတ်ပြီး ဟိတ်ဟန်ကြီးတဲ့ ကောင်းကင်မျိုးနွယ်ဝင်တွေအတိုင်းပဲ။
"အဇဋာဧကရာဇ်ကျီချန်" လူတိုင်း အံ့ဩသွားကြတယ်။
"ဘယ်သူ" ကူယွဲ့ တန့်သွတယ်။
"သူက ပေါ်ပင်လယ်က အဇဋာဧကရာဇ်လေ၊ အဇဋာဧကရာဇ်ကျီချန်ပေါ့" ရွှင်ရှူးက ခပ်တိုးတိုးရှင်းပြလာတယ်။
ကူယွဲ့ ရုတ်တရက်နားလည်သွားပြီ။ အဲတော့ သူကိုး။ သူ ကျီချန့်နောက်ကလူတွေကို သေချာကြည့်လိုက်တယ်။ သူတို့ ပေါ်ပင်လယ်ကို သွားချင်တဲ့အချိန် ချန်ကောကို ဘာထူးခြားဖြစ်စဉ်မှ မတွေ့ဘူးလို့ အသိပေးခဲ့တာ မထူးဆန်းတော့ဘူး။ သူတို့တွေက တစ်ကြိတ်တည်းတစ်ဉာဏ်တည်းတွေပဲ သူ့နောက်ကလူနှစ်ယောက်ကတော့ ရှန်းဟန်နဲ့ ဟွေ့လင်။
"ဆရာ" ဟွေ့လင်က လှမ်းအော်တယ်။
"လင်အာလား" ချန်ကောလား သိသိသာသာထိတ်လန့်သွားတယ်။
"မင်း ဒီမှာဘာလုပ်နေတာလဲ"
ဟွေ့လင်က ချန်ကောဆီလျှောက်လာပေမဲ့ ရှင်းဟန်က ပြန်ဆွဲထားတယ်။
"ရွှမ်အာ မင်းကိုကိုယ်စောနက ပြောထားတာ မေ့သွားပြီပေါ့"
"ဒါပေမဲ့... ဒါပေမဲ့..." ဟွေ့လင်က ချန်ကောကို ကြည့်ပြီး စိတ်ဝေခွဲမရဖြ
စ်နေတာ အသိသာကြီး။ အလိုလေး၊ သူမမှာ တခြားရွေးချယ်စရာမှမရှိပဲ။
…
209
အခန်း ၂၀၉ ။ ကောင်းကင်လက်နက်များကို သိမ်းပိုက်ရန် အကွက်ချခြင်း
လူတိုင်းက ပြောစရာမဲ့နေကြတယ်။ ကျီချန်က ဧကရာဇ်တွေအားလုံးကြား နာမည်မထင်ရှားဆုံးဖြစ်ပြီး အဇဋာဧကရာဇ်အဆင့်ကို တက်လှမ်းတဲ့ပထမဆုံးလူလည်းဖြစ်တယ်။ သူ ဘယ်လောက်ကြာအောင် နေထိုင်ခဲ့လဲနဲ့ ဘယ်ချိန်က အဇဋာဧကရာဇ်ဖြစ်လာခဲ့လဲဆိုတာ ဘယ်သူမှမသိကြဘူး။
တခြားဧကရာဇ်တွေနဲ့မတူ ကျီချန်က အရမ်းလျှိုပြီး ကျင့်ကြံဆင့်မမြင့်ဘူး။ သူ့အရည်အချင်းက တခြားဧကရာဇ်တွေနဲ့ယှဉ်ရင် သာမန်လို့ပဲ စဉ်းစားနိုင်တယ်။ ပုံမှန်တိုက်အချင်းချင်းကြားဖြစ်တဲ့ ရန်ပွဲတွေ၊ ပြဿနာတွေထဲ ဝင်မပါသလို တစ်ဖက်ဖက်မှာလည်းမနေဘူး။ သူ့ဆီက ရတဲ့ အငွေ့အသက်က တခြားအဇဋာဧကရာဇ်တွေနဲ့ တည့်မတ်မဲ့ ကြင်နာတဲ့ ဧကရာဇ်ပေါ့။
အဲဒါကြောင့်လည်း လူတိုင်းက သူ့ကို တရားခံလက်သည်ဖြစ်မယ်လို့ မထင်ခဲ့ကြတာ။ ပြီးတော့ သူတို့တွေ့ခဲ့ရတာက တကယ်တော့။ သူက ကျင့်ကြံဆင့်မြင့်တာပဲ။ သူ့မသေမျိုးချီက တခြားအဇဋာဧကရာဇ်တွေထက် ပိုပြီးထူထဲပုံပဲ။ တမင်သက်သက် ကျင့်ကြံဆင့်ကို လျှိုထားခဲ့တာလား။
"မတွေ့တာကြာပြီ၊ မင်းတို့အားလုံးဘယ်လိုနေကြလဲ" ကျီချန်က သူ့မုတ်ဆိတ်မွှေးဖြူကြီးကို သပ်တယ်။ သူက ကြင်နာတဲ့ပုံစံ ဖမ်းထားသေးပေမဲ့ မျက်လုံးထဲမှာတော့ ပျော်မြူးနေလေရဲ့။
"စကားမစပ်၊ ဒီနှစ်တွေအားလုံးမှာ ကျုပ်သမီးကို စောင့်ရှောက်ပေးခဲ့လို့ ဧကရာဇ်ချန်ကောကို ကျေးဇူးမတင်ရသေးဘူး"
"ခင်ဗျားသမီးလား" ချန်ကောက အံ့ဩတကြီး ဖြစ်သွားခဲ့တယ်။ နောက်တော့ မယုံကြည်နိုင်တဲ့ အမူအရာနဲ့ ဟွေ့လင်ကိုလှည့်ကြည့်လိုက်တယ်။
"မင်း..."
ပျာယာခတ်သွားပြီး ဟွေ့လင်က အသည်းအသန်ရှင်းပြတော့တယ်။
"ကျွန်မ... ကျွန်မလည်း ဒါကိုစောနလေးတင်မှသိတာပါ"
လူတိုင်းက အတော်လေးအံ့ဩသွားခဲ့တာ။ ကျီချန်မှာ သမီးရှိတယ်လို့ ဘယ်သူမှမသိခဲ့ကြဘူး။
"ကောင်းကင်လက်နက်မွေးဖွားလာချိန် အမတဘုံမှာ ကသောင်းကနင်းတွေဖြစ်ခဲ့တယ်၊ ကျုပ်သမီးနဲ့ တပည့်က မတော်တဆ သေမျိုးဘုံဆီ ဆင်းသက်သွားခဲ့တာ၊ ဒါပေမဲ့ မထင်မှတ်ထားမိအောင် ဧကရာဇ်ချန်က ကျုပ်ကို သူမကိုပြန်ရအောင် ကူညီပေးခဲ့တယ်"
အဲတော့ ဟွေ့လင်က အရင်ဘဝက နာမည်ကြီးမိသားစုကပေါ့။
ပြီးတော့...။
"ခင်ဗျားတပည့်လား" ကူယွဲ့က သူ့နောက်က ရှင်းဟန်ကို ကြည့်လိုက်တယ်။
"အမှန်ပဲ၊ ရှင်းဟန်က ကျုပ်တပည့်" ကျီချန်က သူ့အချက်အလက်တွေကို ဖောက်ချရလို့ ဂရုစိုက်ပုံမပေါ်။
လူတိုင်းရဲ့ အမူအရာက ပိုတောင်မည်းမှောင်သွားတယ်။ ရှင်းဟန်က သူ့တပည့်ကိုး သူ့ကျင့်ကြံဆင့်က အဲလောက်မြန်မြန် မြင့်တက်ပြီး နှစ်တစ်သောင်းဆိုတဲ့ အချိန်တိုအတွင်း အဇဋာဧကရာဇ်ထဲက တစ်ပါးဖြစ်သွားတာ အံ့ဩစရာမရှိတော့ဘူး။ သူက အမတဖြစ်နေခဲ့ပြီးသားကိုး။
ခင်ဗျား ကျုပ်တို့ကို ဒီမှာ ဘာလို့ ပြန်ပေးဆွဲထားတာလဲ" ချူရွှမ် အကျယ်ကြီးမေးလိုက်တယ်။
ကျီချန်ကပြုံးပေမဲ့ မဖြေ။ သူ့အတွက်ဖြေကေးလာသူက ရှင်းဟန်။
"ခင်ဗျားတို့ ကျုပ်တို့အတွက် အကူအညီလေးနည်းနည်းလုပ်ပေးခိုင်းဖို့ ဖိတ်ကြားလိုက်တာပါ"
ပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြပြီး သူကပြောတယ်။
"ဒီနေရာက ဘာလဲဆိုတာ ခင်ဗျားတို့အားလုံးသိမယ်ဆိုတာ သေချာပါတယ်"
လူတိုင်း သူဘာလို့ ဒီမေးခွန်းမေးရလဲ အံ့ဩနေကြတယ်။ သူတို့ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကို ရင်းနှီးတာပဲလေ။
"ဧကရာဇ်တက်လှမ်းမှုစင်မြင့်ဆိုတာ အခုနာမည်ဖြစ်ရုံပဲ" စိတ်လှုပ်ရှားမှုက ရှင်းဟန်ရဲ့ ပုံမှန်အေးစက်စက် မျက်နှာထား ပေါ် ပေါ်လာတယ်။
"ဟိုးအရင်တုန်းက ဒါက ကောင်းကင်ထောက်တိုင်ရဲ့ နေရာပဲ၊ အမတနဲ့ ကောင်းကင်ဘုံတွေကို ချိတ်ဆက်ထားတဲ့ ထောက်တိုင်နော်"
"ကောင်းကင်ဘုံ" လူတိုင်း အမတဘုံမှာ ဒီလိုနေရာရှိတာ သိလိုက်ရလို့ မှင်တက်ကုန်ကြတယ်။
"ဖြစ်ချင်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း၁သန်းက တိုက်ပွဲမှာ ကောင်းကင်ဘုံက ထောက်တိုင်ကို ဖျက်ဆီးခဲ့လို့ အမတဘုံကလူတွေ ကောင်းကင်ဘုံဆီ တက်လှမ်းလို့မရတော့ဘူး၊ ဒီဧကရာဇ်တက်လှမ်းမှုစင်မြင့်က ချိပ်တစ်ခုပဲ"
သူ့ပွဲကြည့်ပရိသတ်ကို ဝေ့ဝဲကြည့်ရင်း အမူအရာက အေးစက်သွားတယ်။
"ဒါကြောင့် ကျုပ် ကောင်းကင်ထောက်တိုင်အသက်သွင်းတဲ့နေရာမှာ ကူညီပေးဖို့ ခင်ဗျားတို့အားလုံးကို ဒီနေ့ဖိတ်ကြားလိုက်တာ၊ ကောင်းကင်နဲ့အမတဘုံကြားက လမ်းကြောင်းကိုပြန်ဖွင့်ရမယ်လေ၊ ဒါက အမတဘုံတစ်ခုလုံးကို အကျိုးအမြတ်ရှိစေမဲ့ အရာပဲ"
လူတိုင်းမျက်နှာပေါ်မှာ မှင်တက်နေတဲ့အမူအရာနဲ့။ အမတဘုံမှာရနိုင်တဲ့အမြင့်ဆုံးအဆင့်က အဇဋာဧကရာဇ်ပဲ။ ဘယ်သူမှ ကောင်းကင်နွယ်ဝင်ဖြစ်လာဖို့ မအောင်မြင်ခဲ့ဖူးဘူး။
"အဲလိုဆို ငါတို့နဲ့ ဒီတိုင်းဆွေးနွေးလို့ရတာပဲ၊ ဘာလို့ပြန်ပေးဆွဲတာလဲ" ယင်းကျီ မနေနိုင်ဘဲ မေးလိုက်တယ်။
ရှင်းဟန်က ပြန်ဖြေမို့ရှိသေး သူ့အကြံကို ရိပ်မိသွားတဲ့ရွှင်ရှူးက ကြားဖြတ်ပြောလာတယ်။
"ခင်ဗျားက ကောင်းကင်လက်နက်ကို လိုချင်နေတာပဲ"
"ဧကရာဇ်ငယ်ရွှင်ရှူးက တကယ်ပဲဉာဏ်ကောင်းပါတယ်၊ ခင်ဗျား လေလွင့်မီးတောက်မျိုးနွယ်ရဲ့ ဂုဏ်သတင်းအတိုင်း တကယ့်ကို ဖြစ်မြောက်တာပဲ"
"ခင်ဗျားဘယ်လို..." ရွှင်ရှူး မျက်လုံးတွေ အံ့ဩတကြီးပြူးကုန်တယ်။ ရှင်းဟန်က သူ့သဏ္ဌာန်အစစ်ကို ဘယ်လိုသိတာလဲ။ ကူယွဲ့ရဲ့အုပ်စုကလွဲပြီး သူ ဘယ်သူ့ကိုမှမပြောရသေးဘူး။ အမတလောကမှာ သူတို့မျိုးနွယ်တည်ရှိမှုမှတ်တမ်းက ရှိမှမရှိတော့တာ။
"သေချာပေါက် ကောင်းကင်လက်နက်တွေဖန်တီးသူတွေဖြစ်တဲ့ လေလွင့်မီးတောက်မျိုးနွယ်အကြောင်း သိတာပေါ့" ရှင်းဟန်အကြည့်က အေးစက်စက်ဖြစ်ကုန်တယ်။ သူက မုန်းတီးစွာပြောလာတယ်။
"ခင်ဗျားတို့မျိုးနွယ်ကြောင့်သာ မဟုတ်ရင် အမတနဲ့ ကောင်းကင်ဘုံတွေက အဲတိုက်ပွဲကြီးမှာ အချင်းချင်း တိုက်ခိုက်ခဲ့လောက်မှာမဟုတ်ဘူး၊ ကံကောင်းလို့ ဖြေရှင်းနည်းတော့ရှိတယ်"
ရွှင်ရှူးအမူအရာက သူ့စကားတွေကြောင့် ပျက်သွားခဲ့ပေမဲ့ ခွန်းတုံ့မပြန်ဘူး။
ဘယ်သူမှ လေလွင့်မီးတောက်မျိုးနွယ်အကြောင်း မသိကြပေမဲ့ ခုရှိနေတဲ့လူတိုင်းမှာ ကောင်းကင်လက်နက်တွေ ရှိကြတယ်။
"ဟန်အာ အချိန်ကျပြီ" ကျီချန်က ရုတ်တရက် သတိပေးလာတယ်။
"ဟုတ်ကဲ့ဆရာ" ရှင်းဟန်က ခေါင်းညိတ်ပြီး လက်သိုင်းကွက်တစ်ခုထုတ်လိုက်တယ်။ ချက်ချင်းပဲ ဧကရာဇ်တက်လှမ်းမှုစင်မြင့်ပတ်လည်က အင်းကွက်က ထိန်လင်းသွားခဲ့တယ်။ လူတိုင်း အင်းကွက်က သူတို့ကို အုပ်မိုးသွားတာ ခံစားလိုက်ရတယ်။
ရှင်းဟန်က ရုတ်တရက် လှည့်သွားပြီး သူ့နောက်မှာရှိနေတဲ့ ဟွေ့လင်ကို ကြည့်တယ်။
ဟွေ့လင်က စိတ်မဆုံးဖြတ်နိုင်သေးပုံပဲ။ သူမက ချန်ကောကို စိုးရိမ်နေတဲ့အမူအရာနဲ့ လှမ်းကြည့်တယ်။
"ဆရာတူညီမရွှမ်၊ မင်း ကိုယ့်ကို ကတိပေးထားတယ်လေ" ရှင်းဟန်က လောတော့တယ်။
ဟွေ့လင်က နောက်ဆုံးတော့ စိတ်ဆုံးဖြတ်ချက်ချပြီးဟန် နှုတ်ခမ်းကို ကိုက်လိုက်တယ်။ အင်းကွက်အလယ်ကိုလျှောက်လာပြီး သူမက လက်သိုင်းကွက်တစ်ခုဖန်တီးကာ ဂါထာတွေ ရွတ်တော့တယ်။
ချန်ကောက သူမကို မယုံကြည်နိုင်စွာ ကြည့်နေမိတယ်။ ဒီဂါထာတွေက...။
သူဆက်မမေးနိုင်ခင် နာကျင်မှုခံစားလိုက်ရတယ်။ သူ့ကောင်းကင်စိတ်အာရုံထဲရှိနေခဲ့တဲ့ ကောင်းကင်လက်နက်က ပျံထွက်သွားပြီး ဟွေ့လင်လက်ထဲ ဆင်းသက်သွားခဲ့တယ်။ သူမရွတ်ခဲ့တဲ့ ဂါထာက သူ့ကိုယ်ထဲက ကောင်းကင်လက်နက်ကို ထိန်းချုပ်ဖို့ပဲ။
"လင်အာ မင်း..." သူကိုယ်တိုင်သင်ပေးထားတဲ့ ဂါထာကို သူမက သူ့အပေါ်အသုံးချမယ်လို့ ချန်ကော ယုံဖို့ခက်နေခဲ့တယ်။
"ဆရာ..." ဟွေ့လင်က သူ့ကိုကြည့်ပြီး ငိုတယ်။ သူမကြည့်ရတာ စိတ်မကောင်းဖြစ်ပြီး ဇဝေဇဝါဖြစ်နေပုံ ပေါ်ပေမဲ့ နောင်တရပုံလုံးဝမပေါ်။
"ကျေးဇူးပြုပြီး နားလည်ပေးပါ၊ ဒီကောင်းကင်လက်နက်တွေကပဲ ကောင်းကင်ထောက်တိုင်ကို ဖွင့်နိုင်တာလို့ အဖေကပြောတယ်၊ ကျွန်မ အမတဘုံအတွက် ဒါကိုလုပ်နေတာ၊ ပိုပြီး ကောင်းဖို့အတွက်ပါ"
သူမ စကားပြောလေ ပိုပြီးစိတ်ပိုင်းဖြတ်ထားပုံပေါ်လေပဲ။ သမာသမတ်ကျမှုရဲ့ ခေါင်းဆောင်ဗိုလ်စွဲသူအတိုင်း ပြောနေလေရဲ့။
လူတိုင်း ထိတ်လန့်ပြီး တချို့က ချန်ကောကို စာနာတဲ့အကြည့်နဲ့ကြည့်လာကြတယ်။ သူမဆရာအပေါ် သစ္စာဖောက်တဲ့လုပ်ရပ်ကို ဖြောင့်မတ်တဲ့လုပ်ရပ်အဖြစ် သတ်မှတ်ဖို့က သူမတစ်ယောက်ပဲ လုပ်မဲ့ဟာမျိုး။
ကောင်းကင်လက်နက်ကို အတင်းအကျပ်ဖယ်ထုတ်မှုက ချန်ကောခန္ဓာကိုယ်ကို တုံ့ပြန်မှုဖြစ်စေခဲ့တယ်။ သူ သွေးပွက်အန်တော့တယ်။ သူ ဟွေ့လင်ကို ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်းမြင်ရသလိုမျိုး ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ငေးကြည့်နေတော့တယ်။
"ဆရာ" ဟွေ့လင်က အထိတ်တလန့်အော်ပြီး ကြောင်အမ်းနေတယ်။ သူမက ချန်ကောဆီ အလိုလို လျှောက်လှမ်းလာမိတယ်။
"ရွှမ်အာ" ကျီချန်က ရုတ်တရက်လှမ်းခေါ်တယ်။
ဟွေ့လင်ခြေလှမ်းတွေတန့်သွားပြီး ချန်ကောကို အပြစ်ကင်းတဲ့အမူအရာနဲ့ကြည့်တယ်။
"ဆရာ၊ သူက ကျွန်မအဖေလေ၊ ကျွန်မစကားနားထောင်မှဖြစ်မယ်၊ ဆရာ ကျွန်မအနေအထားကို နားလည်မယ်ဆိုတာ သိပါတယ်၊ ဟုတ်တယ်မလား"
ချန်ကောက သူမကိုအေးစက်စက်ကြည့်ပြီး ပိတ်ဆို့လိုက်ဟန် မျက်လုံးတွေ မှိတ်လိုက်တယ်။ သူ့နှလုံးသားထဲ စူးရှတဲ့ဝေဒနာခံစားနေရတယ်။ သူက သူမကို အောက်ဘုံမှာ နတ်ဆိုးတွေလက်ထဲက ကယ်ခဲ့ပြီး အထက်ဘုံဆီ ခေါ်လာခဲ့တာ။ ကလေးတစ်ယောက်အနေနဲ့ နှိပ်စက်ခံခဲ့ရတာသိလို့ တခြားတပည့်တွေထက် ပိုပြီး ကောင်းကောင်းဆက်ဆံခဲ့တယ်။ စောနက သူမကို အထိအခိုက်မရှိ မြင်ရတော့ ရှင်းဟန်က သူမကို အကျပ်ကိုင်ခဲ့တာလားတောင် အံ့ဩမိခဲ့သေးတယ်။
သူ့အရင်ဝင်စားမှုရဲ့ အခြေအနေတွေကြောင့် မူလဝိညာဉ်ကို ပြန်ထိန်းသိမ်းဖို့ ဒီကောင်းကင်လက်နက်ကို အမှီပြုခဲ့ရတာ။ ဟွေ့လင်က ဒါကိုကောင်းကောင်းကြီးသိတယ်။ ဒါတောင် သူမက ရက်ပိုင်းပဲ တွေ့ခဲ့ရတဲ့လူ၊ အရင်ဘဝက သူမအဖေဖြစ်ခဲ့တဲ့သူဘက်မှာ ရပ်တည်ခဲ့တယ်။ ပြီးတော့ အရင်ဘဝကို မှတ်မိတဲ့ပုံတောင် မပေါ် ဘူး။
သူက ရုတ်တရက် သူတို့ ဝူတိဂိုဏ်းက ထွက်သွားချိန် ရှန်းရင် ပြောခဲ့တဲ့ မှတ်ချက်တစ်ခုကို သတိရသွားခဲ့တယ်။
"နင်က လူကောင်းပါ၊ နည်းနည်းလေးကန်းရုံပဲ"
သူ သူမစနောက်ခဲ့ရုံလို့တွေးခဲ့ပေမဲ့ အခုတော့ သူက တကယ်ပဲကန်းနေခဲ့တာဆိုတာ ဝန်ခံရတော့မယ်
…
210
အခန်း ၂၁၀ ။ နှလုံးထောင်ချောက်အင်းကွက်
"ရွှမ်အာ ကိုယ်တို့မှာ အချိန်မရှိဘူးနော်" ရှင်းဟန်က သတိပေးလာပြန်တယ်။
ဟွေ့လင်က နောက်ဆုံးတော့ ချန်ကောဆီကနေ အကြည့်လွှဲသွားတယ်။
နောက်တော့ ချန်ကောရဲ့ ကောင်းကင်လက်နက်ကိုကိုင်ပြီး သူမရဲ့ဝတ်ရုံထဲကနေ နောက်ထပ်ကောင်းကင်လက်နက်ကို ထုတ်လိုက်တယ်။ ပြောင်ထင် ပျောက်သွားတယ်လို့ပြောခဲ့တဲ့ မီးတောက်ခြောက်ပွင့်ပုလဲကောင်းကင်လက်နက်ပဲ။
ဟွေ့လင်က ရှေ့ကိုတက်ပြီး အဓိပ္ပာယ်ဖော်မရတဲ့ ဂါထာတွေ ရွတ်တော့တယ်။
လူတိုင်း စူးခနဲ နာကျင်ကုန်ကြတယ်။ သူတို့ကောင်းကင်စိတ်အာရုံထဲ ဝပ်ထားတဲ့ ကောင်းကင်လက်နက်တွေက ဟွေ့လင်ဆီ ပျံငန်းလာကြတော့တယ်။
သူတို့ရဲ့ ကိုယ်ထဲက မသေမျိုးချီတွေက သူတို့ကိုပြန်တိုက်ခိုက်ကုန်ကြတယ်။ တစ်ယောက်ပြီး တစ်ယောက် သွေးတွေအန်တော့တယ်။ ကောင်းကင်လက်နက်ကို သိုလှောင်အိတ်ထဲသိမ်းထားတဲ့ ကူယွဲ့ကလွဲ လူတိုင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရကုန်တယ်။
ကျီချန်ပါ သူ့ကောင်းကင်လက်နက်ကို ထုတ်လာတယ်။ ကောင်းကင်လက်နက်တွေအားလုံးက အင်းကွက်အလယ်ဆီ ပျံသန်းသွားကြတယ်။ ကောင်းကင်အစီအရင်ခြောက်မျိုးဓားနဲ့အတူ စုစုပေါင်း ကောင်းကင်လက်နက်၁၁ခု။ ကူယွဲ့တို့ကို ပိတ်လှောင်ထားတဲ့အင်းကွက်က ရုတ်တရက် မျက်စိကျိန်းစရာ အလင်းတန်းဖြူကြီးထုတ်လာပြီး ဧကရာဇ်တက်လှမ်းမှုစင်မြင့်ကို ဖုံးလွှမ်းသွားခဲ့တယ်။ ကောင်းကင်လက်နက်တွေက အင်းကွက်ထဲ အရည်ပျော်သွားသလိုမျိုး တဖြည်းဖြည်း အလင်းရောင်ထဲ ပျောက်ကွယ်သွားခဲ့တယ်။ မိနစ်ပိုင်းအတွင်း လက်နက်တွေအားလုံး လုံးဝပျောက်ဆုံးသွားခဲ့ပြီ။
နောက်အခိုက်အတန့်မှာ အလင်းတန်းကြီးတစ်ခုက ကောင်းကင်ဆီ လမ်းကြောင်းတစ်ခုလို ထောင်မတ်သွားတယ်။
"ကောင်းကင်ထောက်တိုင်" ရှင်းဟန်က ပျော်ရွှင်စွာ ထအော်ပြီး ထောက်တိုင်ကို စိတ်လှုပ်ရှားစွာကြည့်နေလေရဲ့။
"နောက်တစ်ဆင့်ကျန်သေးတယ်" ကျီချန်က သူ့ကိုသတိပေးလိုက်တယ်။
ရှင်းဟန် တစ်ခဏစဉ်းစားပြီးတဲ့နောက် ပြောလိုက်တယ်။
"ဟုတ်သားပဲ၊ ဘုံတံခါးဖွင့်ရဦးမယ်"
သူက ကျောက်စိမ်းဘူးတောင်းလေးတစ်ခုကို ထုတ်ပြီး သိုင်းကွက်တစ်ခုထုတ်လိုက်တယ်။ ချက်ချင်းပဲ အစိမ်းရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက် အင်းကွက်အလယ်မှာ ပေါ်လာလေရဲ့။
"မိန်းကလေးရွှမ်" ချန်ကောက ပထမဆုံးတုံ့ပြန်သူ။ သူ ထရပ်ဖို့ ကြိုးစားပေမဲ့ အင်းကွက်အရှိန် ပြန်ဖိတာ ခံလိုက်ရတယ်။
ကူယွဲ့လည်း လန့်သွားတယ်။ ဒီကံမကောင်းတဲ့ကလေးမ ဘယ်လိုလုပ် ဒီရောက်လာတာလဲ။ သူ့မှာ ကောင်းကင်လက်နက်မှ မရှိတာ။
ရွှမ်ထုံက ချန်ကောကို အူကြောင်ကြောင် စိုက်ကြည့်နေပြီးတဲ့နောက် ကူယွဲ့ဆီ အကြည့်ရောက်သွားတယ်။
"ချန်... အကြီးအကဲကူယွဲ့" သူမ ထရပ်ပြီး သူတို့ဆီ လျှောက်လာချိန် ရှင်းဟန်က သူ့မသေမျိုးချီကနေ ဖန်တီးထားတဲ့ ချိန်းကြိုးနဲ့ သူမကို ချက်ချင်း ပြန်ဆွဲထားတယ်။
"ရှင်းဟန်" ချန်ကော အသည်းအသန်မေးတော့တယ်။
"မင်းဘာလုပ်နေတာလဲ၊ မိန်းကလေးရွှမ်ကို ချက်ချင်းလွှတ်ပေးလိုက်"
ရှင်းဟန်က သူ့ကိုလျစ်လျူရှုထားတယ်။ သူက စည်းချိပ်တစ်ခု ဖန်တီးပြီး ရွှမ်ထုံ့နဖူးပေါ် ဖိကပ်လိုက်တယ်။ ရွှမ်ထုံက သူမ မူလဝိညာဉ်ပေါ် မသေမျိုးချီတွေ အလိမ့်လိုက်ဖိနှိပ်လာတာကို ခံစားလိုက်ရတယ်။ ဖိအားဒဏ်ကို မခံနိုင်တော့တာမို့ သူမ အမြီးကိုးချောင်း မြေခွေးဖြူလေးအဖြစ် အသွင်ပြန်ပြောင်းသွားခဲ့တယ်။
"ဒဏ္ဌာရီအရ အမြီးကိုးချောင်းမြေခွေးတွေက ကောင်းကင်မျိုးနွယ်ရဲ့ မျိုးဆက်ဖြစ်ပြီး ရှေးဟောင်းသွေးတွေပါတယ်တဲ့" ရှင်းဟန်က အပြုံးနဲ့ရှင်းပြရင်း ရွှမ်ထုံ့ကို အင်းကွက်ပလယ်မှာ ချလိုက်တယ်။ နောက်တော့ သူ့ဓားစာခံတွေကို ဝေ့ဝဲကြည့်ပြီး ပြောလိုက်တယ်။
"အင်းကွက်အတွက် ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ မစတေးချင်လောက်ပေမဲ့ ခင်ဗျားတို့ရဲ့ပူးပေါင်းထားတဲ့ ကျင့်ကြံမှုစွမ်းအားနဲ့ဆို ကောင်းကင်ဘုံဆီတံခါးကို ဖွင့်လို့ရမယ်ဆိုတာ ကျုပ်သေချာတယ်"
လက်တစ်ဖက်ယမ်းလိုက်ပြီး ရှင်းဟန်က မြေခွေးဖြူလေးဆီ လေပြင်းဓားတွေ ဦးတည်လွှတ်လိုက်တယ်။ ဓားတွေက သူမကိုယ်ဆီ စိုက်ဝင်ကုန်ပြီး အတော်လေးနက်တဲ့ရှရာတွေ ဖန်တီးပစ်လေတယ်။ သွေးတွေအများကြီး ပန်းထွက်လာတော့တာပေါ့။ ရွှမ်ထုံနာကျင်မှု၂ဆခံစားနေရတယ်။ မတောင့်ခံနိုင်တာမို့ သူမသွေးတွေ ကြမ်းပြင်တစ်ခုလုံး ဖုံးလွှမ်းသွားတာကို ကူကယ်ရာမဲ့သာကြည့်နေရတယ်။
ဧကရာဇ်တက်လှမ်းမှုစင်မြင့်က အလင်းတန်းဖြူကြီးက ရုတ်တရက် နီရဲသွားတယ်။ လူတိုင်း သူတို့ခန္ဓာကိုယ်က လေးလံလာတာ ခံစားလိုက်ရတယ်။ သူတို့ခန္ဓာကိုယ်ထဲက မသေမျိုးချီက အမျိုးအမည်မသိရတဲ့ ဖိအားတစ်ခုရဲ့ ဆွဲထုတ်တာခံလိုက်ရသလိုမျိုး သူတို့ကိုယ်ထဲကနေ အင်းကွက်ထဲ စတင်စီးဆင်းသွားတယ်။
"ဒီအင်းကွက်က လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို လုံးပါးပါးစေနိုင်တယ်" ချူရွှမ် ထိတ်လန့်တကြား ပြောလိုက်တယ်။ သူ့ကိုယ်ထဲက ချီကိုသုံးပြီး အားအရှိန်ကိုတောင့်ခံချင်ပေမဲ့ အင်းကွက်ဆီက ဖိအားက သူ့ကိုလှုပ်မရအောင် လုပ်ထားတယ်။
အင်းကွက်ထဲက လူတိုင်း ရုန်းကန်ပေမဲ့ အချည်းနှီး။ သူတို့ရဲ့ မသေမျိုးချီဆုံးရှုံးမှုက သူတို့ဒဏ်ရာတွေကို ပိုပြီးဆိုးသွားစေခဲ့တယ်။
သူတို့ချီတွေအားလုံး ကုန်ခမ်းသွားတာနဲ့ သေချာပေါက်သေတော့မှာပဲ။
ကူယွဲ့က သွေးပျက်နေပြီ။ သောက်ကျိုးနည်း ရှန်းရင်က ဘာလို့ သူတို့ကို လာမကယ်သေးတာလဲ အဲအချိန်မှာတင် သူ့ခြေထောက်ပေါ်က မုန်လာဥဖြူက စကားပြောလာတယ်။
"ရုပ်ဆိုးကောင်၊ တစ်ယောက်ယောက်... ငါ့ကိုဆွဲနေတယ်ထင်တယ်"
ကူယွဲ့က ကောင်းကင်စိတ်အာရုံနဲ့ သူ့ကိုကြည့်လိုက်တော့ မုန်လာဥဖြူကို ခပ်ရေးရေး အမည်းရောင်ချီတွေ ဝိုင်းထားတာ မြင်လိုက်ရတယ်။ တောက်တော့ သူ့ကိုယ်ထဲက ကောင်းကင်စိတ်အာရုံ လှုပိလှုပ်ရှားရှားဖြစ်သွားတာကိုခံစားရတော့တယ်။
ဒါ... နတ်ဆိုးချီလား။
(⊙_⊙)
——————
ဝူတိဂိုဏ်းတွင်။
"သူဌေး ဘယ်လိုနေလဲ" ရှန်းရင်က မျက်မှောင်ကြုတ်နေတဲ့လန်ဟွားကို မေးလိုက်တယ်။
"ကြည့်ရတာ ကူယွဲ့က အချုပ်အနှောင်တစ်ခုခုအောက် ရောက်နေပုံပဲ၊ နှလုံးထောင်ချောက်အင်းကွက်က သူ့ကိုပြန်ဆွဲခေါ်ရလောက်တဲ့အထိ အစွမ်းမလောက်ဘူး၊ ပြီးတော့ကြည့်ရတာ သူ့ဘေးမှာ တခြားသူတွေရှိပုံပဲ"
"ဝူဟုန်ဖြစ်ရမယ်" ပြောင်ထင်က စိုးရိမ်တကြီး ပြောတော့တယ်။
"ဧကရာဇ်လန်ဟွား ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ပြန်ကြိုးစားကြည့်ပါဦး"
လန်ဟွားက မျက်မှောင်ပိုကြုတ်သွားတယ်။
"သူတို့ရဲ့အရှိန်အဝါက အတော်လေး မတည်မငြိမ်ဖြစ်နေတာ အာရုံခံရတယ်၊ သူတို့အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေတာပဲဖြစ်မယ်၊ တကယ်လို့ သူတို့ကို အတင်းပြန်ဆွဲထုတ်ရင်တောင် မုန်လာဥဖြူကလွဲ တခြားသူတွေအတွက် အလုပ်ဖြစ်ပါ့မလား အာမ မခံနိုင်ဘူး"
"သူတို့အန္တရာယ်ရှိနေတယ်လို့ မပြောဘူးလား၊ ကျုပ်တို့ စွန့်စားရမှာပဲ" ပြောင်ထင်က လောတယ်။
"ကယ်နိုင်သလောက်ကယ်ရအောင်"
"စိတ်နှလုံးကောင်းရေ" လန်ဟွားက ရှန်းရင် မှတ်ချက်ကို စောင့်နေလိုက်တယ်
ရှန်းရင်နဲ့ စားဖိုမှူးတို့ အကြည့်ချင်းဖလှယ်ပြီး ပြိုင်တူ ခေါင်းညိတ်လိုက်ကြတယ်။
"ဆွဲတော့"
လန်ဟွား နှလုံးထောင်ချောက်အင်းကွင်ကို အသက်သွင်းပြီး သူ့နတ်ဆိုးချီတွေ အားလုံးနဲ့ ထိန်းချုပ်လိုက်တယ်။ အင်းကွက်က မုန်လာဥဖြူ အရှိန်အဝါနောက်လိုက်တော့တယ်။ ဒါပေမဲ့ တစ်ဖက်စွန်းက လူတွေကိုထိန်းချုပ်ထားတဲ့ အကန့်အသတ်နံရံဆီရောက်တာနဲ့ တန့်သွားခဲ့တယ်။ လန်ဟွား အသက်ပြင်းပြင်းရှူပြီး အင်းကွက်ကို အတင်းစတင်လိုက်တယ်။
အနက်ရောင်ချီတွေက တောင်အနောက်ဘက်မှာ ဖြည်းဖြည်းချင်းပြန့်လာပြီး အပင်တွေလည်း စတင်ညှိုးနွမ်းလာတယ်။ တစ်ဖက်စွန်းက ကန့်သတ်ထားတဲ့အရှိန်ကလည်း ပိုပြင်းလာတယ်။ လန်ဟွား အံကြိတ်ပြီး နောက်ထပ်လက်စည်းချိပ်တစ်ခုဖန်တီးပြီး တစ်ဖက်စွန်းကလူတွေကို အတင်းဆွဲထုတ်ဖို့ လုပ်တော့တယ်။
အလင်းတန်းနီကြီးတစ်ခု မုန်လာဥဖြူတွင်းထဲ လင်းသွားခဲ့တယ်။ ဒုန်း တစ်စုံတရာက တွင်းထဲဆင်းသက်လာပြီး တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်။ နောက်တော့ တွင်းဘေးကို နောက်တစ်ခု ဆင်းသက်လာတယ်။
သူ အောင်မြင်သွားခဲ့ပြီ။
လူတိုင်း အဲကို စိတ်လှုပ်ရှားစွာနဲ့ အလျင်စလို ပြေးသွားခဲ့ကြတယ်။
"မုန်လာဥဖြူ..."
ဟမ်။
ခဏ မုန်လာဥနှစ်ခုတောင်
Σ(°△°|||)
မုန်လာဥဖြူဘေးလဲနေတာက... အနီရောင်မုန်လာဥဖြူလား
"စားဖိုမှူး"
"ဒီမှာပါ"
"သူ... ဘယ်တုန်းက ကိုယ်ဝန်ရှိသွားတာလဲ"
"..."
"ရှန်းရင်" အနီရောင် မုန်လာဥဖြူက သူ့အရွက်တွေကို ခါတယ်။ ရင်းနှီးနေတဲ့အသံတစ်သံ ထွက်လာလေရဲ့။
"မင်းနောက်ဆုံးတော့ ရောက်လာပြီပဲ"
ရှန်းရင် ။ ။ "..."
ယိချင်း ။ ။ "..."
လန်ဟွား ။ ။ "..."
အခြားသူများ ။ ။ "..."
"သူကဘယ်သူလဲ"
"မင်းတို့ကန်းနေတာလား၊ ငါက ကူယွဲ့... ဟိုလီရှစ်"
ကူယွဲ့ သူ့ကိုယ်သူကြည့်ပြီး ထအော်တော့တယ်။
"ဘာဖြစ်သွားတာလဲ၊ ဘယ်လိုလုပ် ငါ မုန်လာဥဖြူအဖြစ် ပြောင်းသွားရတာလဲ၊ ငါ့ကိုယ်ခန္ဓာဘယ်မှာတုံး"
ရှန်းရင် သူ့ကို တုံ့ဆိုင်းတုံ့ဆိုင်းမေးလိုက်တယ်။
"ဖေဖေ... နျိုလား"
"မင်းတို့သောက်ကျိုးနည်း ငါ့ကိုဘာလုပ်လိုက်တာလဲ"
ကူယွဲ့ ရူးတော့မလိုခံစားနေရတယ်
လူတိုင်း အလိုလိုနောက်ဆုတ်သွားကြတယ်။
"ခဏ ဒါဝူတိဂိုဏ်းလား၊ ငါဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
လူတိုင်း အင်းကွက်ထဲက တစ်စုံတစ်ယောက်ကို လှည့်ကြည့်လိုက်ကြတယ်။
လန်ဟွား ။ ။ "..." ချီး ဒါငါနဲ့ဘာဆိုင်လို့တုန်း။
"သူ့မူလဝိညာဉ်ကိုပဲ ဆွဲလို့ရမယ်ဆိုတာ ငါဘယ်လိုလုပ်သိမလဲ"
ဒါပေမဲ့နောက်အခိုက်အတန့်မှာ တွင်းအနားကနေ ပလုံခနဲပြုတ်ကျလာသံတွေ တရစပ်ပေါ်လာလေရဲ့။
တစ်ခုပြီးတစ်ခု မုန်လာဥဖြူတွေက နွေဦးမိုးအပြီး မျှစ်တွေလိုမျိုး မြေကြီးကနေ ခုန်ထွက်လာတယ်။ အနီ၊ အဖြူ၊ ခရမ်းနဲ့ အစိမ်းရောင်တွေပါဝင်ပြီး မြေကြီးပေါ် စက်ဝိုင်းပုံစံ ဖွဲ့စည်းထားလေရဲ့။
"ဒါက..."
"ငါတို့ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ၊ စောနလေးကတင် ဧကရာဇ်တက်လှမ်းမှုစင်မြင့်မှာ မဟုတ်လား"
"ငါတို့ဘယ်ရောက်နေတာလဲ၊ ဘာလို့နတ်ဆိုးချီတွေ ဒီလောက်များနေတာတုံး၊ ရှင်းဟန် အကြံအစည်တွေထဲက နောက်တစ်ခုလား"
"ဒီနေရာရင်းနှီးနေသလိုပဲ၊ ဟမ် ကြီးမြတ်တဲ့နတ်ဒေဝါလည်း ဒီရောက်နေတာကိုး၊ ငါက ကြက်လေ၊ ကြက်"
"ကြီးမြတ်တဲ့နတ်ဒေဝါ၊ ကျွန်တော်က ငှက်ပါ ငှက်ပါ"
လူတိုင်း ။ ။ "..."
"စားဖိုမှူး"
"ဆရာ"
"ငါညစာမစားရသေးတာ ခုမှမှတ်မိတယ်၊ ငါတို့... ငါတို့ အခုပြန်ကြရင်ရော"
"ဟုတ်ကဲ့ဆရာ၊ ပြဿနာမရှိပါဘူးဆရာ"
ဒေါသထွက်နေတဲ့ကူယွဲ့ တွင်းအပြင်ကိုခုန်ထွက်လာခဲ့တော့တယ်။
"သောက်ကျိုးနည်း ပြန်လာခဲ့ကြစမ်း၊ မင်းတို့နှစ်ယောက်လုံး"
…