← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း ၂၀၅ ။ ရုပ်ရည်က အရေးကြီး

သူမက ပါးဖောင်းဖောင်း၊ ချယ်ရီရောင်နှုတ်ခမ်းပါးပါးရှိပြီး အသားကဖြူတယ်။ သူတို့ကို မျက်လုံးပြူးကြည့်နေပြီး သူမရဲ့နဖူးပေါ် ဆံမျှင်နှစ်ချောင်းက ဝေ့ဝဲကျနေလေရဲ့။ သူမက ချီချန်းယွီလို လှတာမျိုး၊ ယင်းကျီလို ဆွဲဆောင်မှုရှိတာမဟုတ်ပေမဲ့ မထင်မှတ်ထားလောက်အောင်... ချစ်ဖို့ကောင်းနေတာ အရမ်းကို ချစ်ဖို့ကောင်းတယ် ထူးထူးကဲကဲကို ချစ်ဖို့ကောင်းတာပဲ။

╰(*°▽°*)╯

ကူယွဲ့ ရဲ့ နှလုံးသား ဒုက္ခရောက်သွားသလိုပဲ။ သူရုတ်တရက် အသက်ရှူမရတော့။

ဟိုလီရှစ် သူ ဘာလို့ တစ်ခါမှ ရှန်းရင်က တကယ်တော့ အရမ်း... ဆွဲဆောင်မှုရှိတာ မသိခဲ့ရတာလဲ။ သူမကို သူ မွေးစားသမီးအနေနဲ့ မွေးစားချင်စိတ်တောင် ပေါ်လာသလိုပဲ။

ლ(°△°ლ)

"ဘာဖြစ်တာလဲ" သူ ရုတ်တရက် တစ်ဖက်လှည့်ပြီး ရင်ဘတ်ကိုဆုပ်ကိုင်ကာ အသက်ပြင်းပြင်းရှူနေရတဲ့အတွက် လူတိုင်းက ကူယွဲ့ကို သိချင်စိတ်နဲ့ကြည့်လိုက်ကြတယ်။

ယိချင်းက စိုးရိမ်တကြီးနဲ့ ရှေ့ကိုတက်လာပြီး ရှန်းရင်ကို သေချာကြည့်ဖို့သူ့အနားဆွဲခေါ်လိုက်တယ်။

"ဆရာ မျက်နှာဘာဖြစ်..."

သူက ပြောနေရင်း တန့်သွားပြီး အူကြောင်ကြောင်အမူအရာ မျက်နှာပေါ် ပေါ်လာတယ်။ သူ့ပုံမှန်မာကြောတဲ့မျက်နှာက နီစွေးစွေး ဖြစ်လာပြီး နှလုံးသားက တဒုတ်ဒုတ် စခုန်လာတယ်။

ဆရာက တကယ်တော့... အဲလောက်ဆွဲဆောင်မှုရှိတာ သူဘယ်တုန်းကမှ သတိမထားမိခဲ့ဘူး။

(⊙_⊙)

"ဟေး မင်းတို့နှစ်ယောက်လုံး ဘာဖြစ်တာလဲ" နှစ်ယောက်ရဲ့ အူကြောင်ကြောင်အမူအရာကိုမြင်ပြီး လူတိုင်းက ရှန်းရင်မျက်နှာ တစ်ခုခု ဖြစ်နေတယ်လို့ တွေးမိသွားကြတယ်။ သူတို့က အပြေးလာပြီး သူမမျက်နှာကို အနီးကပ် စူးစမ်းကြတော့တယ်။

ချန်ကော ။ ။ "ဂိုဏ်းချုပ်ရှန်း ခင်ဗျား..."

လန်ဟွား ။ ။ "စိတ်နှလုံးကောင်း၊ မင်းမဟုတ်... ဟိုလီရှစ်"

ယင်းကျီ ။ ။ "ရောင်းရင်းအမတတို့ ဘာကိစ္စ... အရမ်း အရမ်းချစ်ဖို့ကောင်းတာပဲ"

မုန်လာဥဖြူ ။ ။ "သွားကြစမ်း မင်းတို့အားလုံး သူ့ကိုမကြည့်နဲ့ကြတော့၊ မမလေးက တို့အပိုင်"

လန်ယွီ ။ ။ "ညီမလေး မင်းအသက်က ဘယ်လောက်လဲ၊ မင်းမှာ တာအိုလက်တွဲဖော်ရှိလား၊ မင်း အဇဋာဧကရာဇ်တွေကို သဘောကျလား၊ ငယ်တဲ့ပုံစံကိုလေ"

"ထွက်သွားစမ်း" × ၄ယောက်။

ယိချင်းက လန်ယွီ့ကို ချက်ချင်းကန်ထုတ်ပြီး ဓားကိုဆွဲထုတ်လိုက်တော့တယ်

ရှန်းရင် ။ ။ "..." ဒီအူကြောင်ကြောင်တစ်သိုက်၊ မုန်လာဥက လွဲပြီး နင်တို့ဘယ်သူကမှ ငါဘယ်လိုပုံစံလဲဆိုတာ သတိမထားမိဖူးဘူးလို့ မပြောနဲ့နော်။

တိမ်ပင်လယ် ဖန်သားနန်းတော်။

ခပ်ပုပုလူလေးတစ်ယောက်က ရွှေရောင်အင်းကွက်ထဲ ဆောင့်ကြောင့်ထိုင်နေတယ်။ သူက မြေကြီးကို လက်ထဲက တစ်ခုခုနဲ့ထုရိုက်နေလေရဲ့။ ထုချက်တိုင်းမှာ အင်းကွက်ထဲကနေ ရွှေရောင်အမှုန်တွေ ထွက်လာပြီး မြေကြီးပေါ်က အဆောင်ကလည်း တဖြည်းဖြည်းမည်းလာတယ်။

သူက မြေကြီးကို ထုရိုက်နေရင်း ပါးစပ်ကလည်း ပွစိပွစိရွတ်နေတယ်။

"ဟမ့် အဲလူလိမ် ဒီအင်းကွက်စုတ်က ငါ့ကို ထိန်းထားနိုင်မယ်ထင်နေတယ်ပေါ့၊ ဘယ်သူမှ ငါမမလှလှတွေ ရှာမှာကို တားလို့မရဘူး"

ရှန်းရင်က သူ့ဘေးစောင့်ကြောင့်ထိုင်ချပြီး လက်ထဲက ပစ္စည်းကို လှမ်းကြည့်မေးလိုက်တယ်။

"နင့်လက်ထဲက ဒါဘာပစ္စည်းလဲ"

"သွားလေ" ကလေးက တုံ့ဆိုင်းမှုမရှိပြန်ဖြေလာတယ်။

"ဘယ်လိုသွားလဲ" ကြည့်ရတာ တုတ်ချောင်းနဲ့တူနေတယ်။

"သေချာပေါက် ငါ့သွားပေါ့" ကလေးကဆက်ပြောတယ်။

"အသက် ၄၅၀၀နှစ်လောက်တုန်းက ကျိုးသွားခဲ့တဲ့သွားပေါ့၊ အဲထဲကခုထိ သွားက ပြန်မပေါက်သေးဘူး"

သူက ရုတ်တရက် ပါးစပ်ဟပြီး သူ့သွားကြားထဲက အပေါက်ကို ပြတယ်။

"ငါ့သွားက တိမ်ပင်လယ်မှာ အမာဆုံးအရာပဲ" သူက ကြွားလိုက်သေးတယ်။

"အော်..." ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

"အဲလောက်မာမှတော့ နင့်သွားနဲ့ဘာလို့ မဖောက်ကြည့်တာလဲ"

ကလေးက စဉ်းစားနေဟန် ရပ်သွားပြီး သူမအတွေးအခေါ်ကို ယုံကြည်သွားပုံပဲ။ သူက မြေကြီးပေါ် လှဲချပြီး အင်းကွက်ပေါ် ကိုက်ချလိုက်တယ်။

အဲလိုနဲ့ အဆုံးမှာတော့...

သူ့သွား အက်သွားပါလေရော။

"မင်း ငါ့ကိုလိမ်တယ်" သူက သူမကို ဒေါသတကြီးစိုက်ကြည့်ပြီး အက်သွားတဲ့သွားကို ပွတ်နေရှာတယ်။

"အင်းကွက်ကို ကိုက်တာ နာတယ်"

ရှန်းရင်က စိတ်ရင်းအတိုင်းပြောလိုက်တယ်။

"လုံးဝကျိုးသွားရင် မနာတော့ပါဘူး"

"မင်း... မင်း... ဟမ့် မင်းငါ့ကိုဒေါသထွက်အောင်လုပ်တယ်၊ ငါ မင်းနဲ့ စကားဆက်မပြောတော့ဘူး"

ကလေးက ဒေါသတကြီးနှာမှုတ်ပြီး လက်ထဲက သွားကြီးနဲ့ အင်းကွက်ကို ဆက်ထုနေတယ်။

နှစ်ချက်ရိုက်ပြီးနောက်မှာတော့ သူ့ခန္ဓာကိုယ်တောင့်သွားခဲ့တယ်။ ရှန်းရင် တည်ရှိနေမှုက နောက်ဆုံးတော့ သူ့ဦးနှောက်ထဲ ဝင်လာခဲ့တယ်။ သူက သူမကို မှင်တက်စွာနဲ့ လှည့်ကြည့်တော့တယ်။

"မင်း... မင်းက ဘယ်သူလဲ" သူက ထိတ်လန့်တကြား မြေကြီးပေါ်လဲကျသွားတယ်။

"မင်း ဘယ်ချိန်ကဝင်လာတာလဲ"

"အော် နင် မမလှလှတွေကို ရှာချင်တယ်လို့ ပြောနေချိန်မှာတင် ငါဝင်လာတာ"

ရှက်ရွံ့မှုကြောင့် ဖြူဖျော့သွားပြီး ကလေးက စိန်းစိန်းဝါးဝါးကြည့်တော့တယ်။

"ငါသတိပေးနေတယ်နော်၊ အင်းကွက်ဖျက်တာကို တားဖို့မကြိုးစားနဲ့၊ မဟုတ်ရင်... မင်းကိုဝါးမျိုပစ်မှာ" နောက်တော့ သူ တမင်သက်သက် ပါးစပ်ဟကာ သွားတွေကို ပြပါလေရော။

"နင်အင်းကွက်ဖောက်တာကို ငါက ဘာလို့တားရမှာလဲ" သူမက သူ တိမ်ပင်လယ်ကနေ ထွက်မသွားဖို့ကို ဖျောင်းဖျဖို့ပဲ ‌‌ ရောက်လာတာလေ။

"ဟမ်" ကလေးက သူမကိုသံသယနဲ့ကြည့်တယ်။

"မတားဘူးလား၊ မင်းက ဘာလို့ဒီကိုရောက်နေတာလဲ" နောက်တော့ အတွေးတစ်ခုပေါ်လာပြီး စွပ်စွပ်စွဲစွဲဆိုတော့တယ်။

"အဲလူလိမ် မင်းကိုလွှတ်လိုက်တာလား၊ ဟမ့် ငါး တိမ်ပင်လယ်က အမျိုးသမီးအမတတိုင်းကို မြင်ပြီးပြီ၊ တစ်ယောက်မှ ငါ့အကြိုက်မဟုတ်ဘူး မင်းလဲ..."

သူက ရုတ်တရက် ရပ်သွားပြီး ရှန်းရင်ကို စိတ်ဝင်တစား ကြည့်တော့တယ်။ သူတစ်ခါမှ ဒီမိန်းမပျိုကို မမြင်ဖူးဘူး။ သူမက အတော်လေး လှသား တကယ်လို့ သူမသာဆိုရင်...။

သူ့မျက်နှာ နီစွေးသွားပြီး အတွေးတစ်ခု ပေါ်လာတယ်။

"အဟမ်း... ငါလိုက်နာမယ်၊ ဒါပေမဲ့ မင်းက ငါ့မမလှလှဖြစ်လာပေးမှ"

"အော်" အဲဒါပဲလား။ ကြည့်ရတာ အလှစွဲလမ်းမှုရှိတဲ့ပုံပဲ။

"ဒါဆို..."

ကလေးက ရုတ်တရက် သူမဆီပြေးလာပြီး သူမလက်ကိုဆွဲကိုင်လာတယ်။

"ငါမင်းကို အခုစားတော့မယ်" သူက ချွန်ထက်တဲ့သွားတွေအပြည့်နဲ့ ပါးစပ်ကိုဟပြီး သူမလက်ကောက်ဝတ်ကို ကိုက်ချလိုက်တယ်။

နောက်တော့...။

ဂျွတ် သူ့သွားတစ်ချောင်းက ကျိုးသွားပြီး ပါးစပ်ကနေထွက်ကျလာတယ်။

"အို့ အို့ အို့" သူ့သွေးထွက်နေတဲ့ပါးစပ်ကို ဖိပြီး ညည်းတော့တယ်။ ဒီမမလေးက တကယ်ကို မာတာပဲ။

"ဘာလို့ ငါ့ကိုကိုက်တာလဲဟ" ရှန်းရင်က ကလေးရဲ့အပြုအမူကြောင့် စိုးထိတ်သွားတယ်။

သူက မကျေမချမ်းအကြည့်နဲ့ ပြန်ဖြေတယ်။

"မိစ္ဆာအမတတွေက မမ‌လှလှတွေကို ဝါးမျိုဖို့ ငါ့ကိုပြောခဲ့တာလေ"

သောက်ကျိုးနည်းဟေ့။ သူ့ခေါင်းထဲ ဒီလို ညစ်ညမ်းတဲ့အတွေးတွေ ဘယ်သူများထည့်ပေးခဲ့တာလဲ။

"သူတို့ဆိုလိုတာ အဲလိုမဟုတ်ဘူးဟ"

"ဂရုမစိုက်ဘူး" တိမ်သားရဲလေးက ပါးစပ်က သွေးကိုသုတ်ပြီး နဂိုအသွင်ဆီပြောင်းသွားခဲ့တယ် - ကြီးလွန်းလို့ နေကိုတောင် ကာသွားတဲ့ ငါးကြီးတစ်ကောင်။

ကြီးလိုက်တဲ့... ငါး

"ငါ့အကြိုက်နဲ့ ကွက်တိတွေ့တဲ့ မိန်းကလေးကို ရှာဖို့ အရမ်းကိုကြာခဲ့တာ" သူက မောက်မာတဲ့လေသံနဲ့ ပြောလာတယ်။

"မင်းက ငါ့အကြိုက်နဲ့ယှဉ်ရင် နည်းနည်းပုလွန်းပြီး ပိန်ပါးကြမ်းတမ်းပေမဲ့ ငါမင်းကို စားချင်နေတုန်းပဲ"

"..." ကျေးဇူးအများကြီးတင်ပါတယ်

"ပြီးတော့... အရေးကြီးဆုံးက မင်းရင်သားတွေက သေးလွန်းတယ်၊ ငါကကြီးတာတွေပဲကြိုက်တာ၊ မင်းဟာတွေက ပြားလွန်းတယ်"

ရှန်းရင်နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ ပြားတယ်လား

"ယင်းကျီထက်တောင် ပြားသေးတယ်"

"..."

သူ့စကားလုံးတွေက ရှန်းရင်ခေါင်းထဲ ပဲ့တင်ထပ်သွားခဲ့တယ်။ ယင်းကျီထက်တောင် ပြားတယ်... ယင်းကျီထက်တောင် ပြားတယ်။

"ဒါပေမဲ့ မင်းငါ့အစာအိမ်ထဲရောက်တာနဲ့ မင်းကို မမြင်ရတော့တာမို့ ကိစ္စမရှိဘူးလို့ထင်တာပဲ" အဲလိုနဲ့ သူက ပါးစပ်ဟလိုက်တယ်။ ချက်ချင်း ပတ်ပတ်လည်က ပင်လယ်ရေတွေက သူ့ပါးစပ်ထဲ ရေဝဲဂယက်ကြီးအဖြစ် ဖြစ်ပေါ်သွားခဲ့ပြီး ဘေးပတ်လည်က အရာအားလုံးကို သူ့ပါးစပ်ထဲ စုပ်ယူတော့တယ်။

ရှန်းရင် ဝါးမျိုခံရတော့မဲ့ပုံပေါက်နေတဲ့ဆဲဆဲမှာတင် သူမက သူ့ဘလိတ်ဓားလို ချွန်တဲ့သွားတစ်ချောင်းကို ဆုပ်ကိုင်လိုက်တယ်။

"တိမ်သားရဲလေး..." သူမက ပြုံးပြီး အန္တရာယ်ပြုမဲ့ပုံစံနဲ့ ပြောလိုက်တယ်။

"အမှိုက်သရိုက်စကားတွေ ပြောတဲ့ တိရစ္ဆာန်လေးတွေက... ဝါးမျိုခံရမယ်ဆိုတာ နင့်ကို ဘယ်သူမှ မပြောပြခဲ့ဘူးလား"

တကယ့်ကို အမှန်ပဲ၊ ကလေးတွေက... စိတ်ရှုပ်စရာအကောင်းဆုံး။

တိမ်သားရဲက သူ့ဆီ လှိုင်းလိုမျိုး ကြောက်ခမန်းလိလိ အရှိန်အဝါတစ်မျိုး ပြေးဝင်လာတာကို ခံစားလိုက်ရတယ်။ နောက်တော့ သူ့ခေါင်းကို တစ်ခုခုထိမှန်လာတယ်။ ဘန်း သူမသိလိုက်ခင်မှာတင် သူ့ခေါင်းက ပင်လယ်ကြမ်းပြင်ကို ရိုက်မှန်သွားတော့တယ်။

သူ့ကမ္ဘာကြီးက ပိန်းပိန်းပိတ်အောင် မှောင်မည်းသွားတယ်။ လူတစ်ယောက်ရဲ့ဒေါသတကြီးအသံက ပင်လယ်ကြမ်းပြင်တစ်လျှောက် ပဲ့တင်ထပ်နေလေရဲ့။

"နင်ကမှ ရင်ပြားနဲ့လူ လျှောက်လမ်းလိုပြားနေတာ၊ ဖက်ထုပ်လို သေးနေတာ"

"..." သူ ဒီဥပမာတွေကို သုံးမိခဲ့လို့လား။

ဒီလိုနဲ့ တစ်နာရီအကြာမှာတော့။

"နင်ငါ့ကို စားချင်သေးလား"

"အို့.... ဟင့်အင်း"

"နင် တိမ်ပင်လယ်ကနေ ထွက်သွားချင်သေးလား"

"ဟင့်အင်း ဟင့်အင်း ဘယ်တော့မှပဲ"

"နင်ငါ့ကို ပြောခဲ့တာနဲ့ ပတ်သက်ပြီး..."

"ခင်ဗျားရင်သားက အကြီးဆုံးပါ၊ ကြီးလွန်းလို့ မျက်နှာတောင် မမြင်ရတော့ပါဘူး"

"..."

…

206

အခန်း ၂၀၆ ။ မိန်းကလေးကိုခိုးယူခြင်း

တိမ်ပင်လယ်ထိပ်။

"ဟေး၊ အဲသွားတဲ့ အမတရောင်းရင်း... အဆင်ပြေပါ့မလား" ယင်းကျီမျက်နှာက စိုးရိမ်နေဟန်။ အဲအမျိုးသမီးရှန်းက မြေအမတပဲ ရှိသေးတဲ့ပုံ ပေါ်ပေမဲ့ ဘာကြောင့်မှန်းမသိ ဒီလူတွေအားလုံးက သူ့ကိုဖန်သားနန်းတော်‌ဆီပို့ဖို့ ယုံကြည်ချက်အပြည့်ပဲ။ ယင်းကျီက တိမ်သားရဲအကြောင်း အသိဆုံးမို့ တစ်ခုခုများ အဲမှာလွဲချော်သွားမလားကို စိုးရိမ်နေမိတယ်။

"မစိုးရိမ်ပါနဲ့ အဇဋာဧကရာဇ်၊ ရှန်းရင်က ဘာလုပ်ရမလဲသိပါတယ်" ကူယွဲ့က တုံ့ပြန်ပြီး တစ်ခဏစဉ်းစားကာ ထပ်ဖြည့်ပြောလိုက်တယ်။

"ထင်တာပဲ" သူပြဿနာမရှာဘူးပဲ မျှော်လင့်တာ။

"..." ထင်တာပဲဆိုတာ ဘာအဓိပ္ပာယ်လဲ။ အခု ယင်းကျီ အရင်ကထက်တောင် ပိုစိုးရိမ်သွားပြီ။

"ပင်လယ်ပေါ်ကဝဲဂယက်ကြီးပျောက်သွားပြီ" တစ်ယောက်က အော်လာတယ်။

သူတို့အားလုံးက တန့်သွားပြီး လှည့်ကြည့်လိုက်ကြတယ်။

တကယ်ပဲ သူတို့နဲ့မီတာအနည်းငယ်အကွာက ရွှေရောင်အင်းကွက်နဲ့ကာကွယ်ထားတဲ့ ဝဲဂယက်က ပျောက်ဆုံးသွားခဲ့ပြီ။ အဲအစား တည်ငြိမ်မှုပဲ ရှိနေတယ်။ လှိုင်းတွေတောင် ရပ်သွားခဲ့ပြီ။

အခု ဝဲဂယက်ပျောက်သွားတော့ တိမ်သားရဲကြောင့် ပွင့်သွားခဲ့တဲ့အပေါက်လည်း ပိတ်သွားလောက်ပြီ။ ယင်းကျီဝမ်းမြောက်သွားတယ်။ တကယ်ပဲ အမတတစ်ယောက်က ခဏနေတော့ တိမ်ပင်လယ် ယိုမနေတော့ဘူးဆိုတာ လာတင်ပြလာတယ်။ ယင်းကျီ စိတ်သက်သာရကာ သက်ပြင်းချလိုက်တယ်။ ကြည့်ရတာ တိမ်သားရဲကို နားချပြီးတဲ့ပုံပဲ။

သူတို့တွေ ခဏထပ်စောင့်ပြီးတဲ့နောက် ပူဖောင်းကြီးတစ်ခု ပင်လယ်ကြမ်းပြင်ကနေ မြင့်တက်လာတာကို မြင်လိုက်ရတယ်။ အဲဒါက ပင်လယ်ကိုဖြတ်ပြီး လူအုပ်ကြီးဆီ ပျံသန်းလာတယ်။ ပူဖောင်းထဲမှာတော့ လူနှစ်ယောက် - အရပ်ရှည်ရှည်နဲ့အရပ်ပုပု။ အရပ်ရှည်တဲ့သူက ရှန်းရင်ဆိုပေမဲ့ သူမဘေးကလူက ကလေးတစ်ယောက်လိုပဲ။ ‌တိမ်သားရဲဖြစ်ရမယ်။

"ယင်းကျီ..." သူတို့ဆီ မရောက်ခင် တိမ်သားရဲက ရုတ်တရက် ပူဖောင်းထဲကနေ ပြေးထွက်လာပြီး ယင်းကျီရင်ခွင်ထဲ ပြေးဝင်တယ်။ သူက ကလေးလို အသည်းအသန် စငိုကြွေးတော့တယ်။

"ဝါး ငါမင်းကို ဘယ်တော့မှထပ်ပြီး မမုန်းတီးတော့ပါဘူး တိမ်ပင်လယ်က ထွက်သွားမယ်လို့လည်း ဘယ်တော့မှ မခြိမ်းခြောက်တော့ပါဘူး" အဲကအစ်မကြီးက အရမ်းကြောက်ဖို့ကောင်းတယ်။

ယင်းကျီက ရုတ်တရက် လုံးဝအပြုအမူပြောင်းလဲသွားတဲ့ တိမ်သားရဲကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။ သူက ယင်းကျီရဲ့ လိင်အစစ်အမှန်ကို မသိခင်တုန်းကထက်တောင် ပိုပြီးကြင်နာနေတယ်။ ယင်းကျီ ဘယ်လိုတုံ့ပြန်ရမလဲတောင် မသိတော့ဘူး။ သူက အနေရခက်ခက်နဲ့ တိမ်သားရဲကို ပုတ်ပေးလိုက်ပြီး သက်ပြင်းချလိုက်တယ်။

"မင်းနားလည်သွားတာ ကောင်းပါတယ်"

"မင်းဘယ်လိုလုပ်ခဲ့တာလဲ" ကူယွဲ့ ယိချင်းဓားပေါ်ရပ်နေတဲ့ ရှန်းရင်ကို တီးတိုးမေးလိုက်တယ်။ တိမ်သားရဲက ယင်းကျီကို အရင်က ဘယ်လောက်မုန်းတီးလဲဆိုတာ လူတိုင်းကြားခဲ့ပြီးသား။ ငါးမိနစ်အကြာမှာတင် သူမက သူတို့ပြန်သင့်မြတ်အောင် ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။ ဖျောင်းဖျတဲ့အတတ်မှာ အဲလောက်တောင် တော်တာလား။

"ငါဘာမှမလုပ်ခဲ့ပါဘူး၊ အသိစိတ်ဝင်လာအောင် စကားပြောခဲ့ရုံပါ" ရှန်းရင်က တည်တည်ငြိမ်ငြိမ် ဖြေလာတယ်။

"အော်" ကူယွဲ့ ခေါင်းညိတ်ပြပြီးနောက်မှ ထခုန်မိသွားတယ်။

ခဏနပေါဦး

ရှန်းရင်ရဲ့ အကျိုးသင့်အကြောင်းသင့် နည်းလမ်းတွေ ဆိုတာက...။

သူလှည့်ပြီး နှုတ်ခမ်းကို ဖိမိလိုက်တယ်။ တိမ်သားရဲမျက်နှာက တကယ်ကို ယောင်ကိုင်းနေဆဲပဲ။ အဲ‌ငကြောင်ပဲ တာဝန်ရှိတာနေမှာ။

"ကျေးဇူးတင်ပါတယ် အမတရောင်းရင်းတို့၊ နင်တို့က ငါ့တိမ်ပင်လယ်ကို အန္တရာယ်ကြီးတစ်ခုကနေ ရှောင်ကွင်းနိုင်အောင် ကူညီပေးခဲ့တာပဲ" ယင်းကျီက သူတို့ကို လေးလေးနက်နက်ကျေးဇူးတင်ပြီး ရှန်းရင်ကို ကျေးဇူးတင်စွာနဲ့ ကြည့်လာတယ်။

"နင့်အတွက် ခက်ခဲခဲ့မှာပဲ အမတရောင်းရင်း၊ တကယ်လို့ အနာဂတ်မှာ တိမ်ပင်လယ်ဆီက အကူအညီလိုရင် ယင်းကျီက တတ်နိုင်တာ ဘာမဆို သေချာပေါက်ကူညီပါ့မယ်"

"ရပါတယ်၊ လူတိုင်းရဲ့အိမ်မှာ စည်းကမ်းထိန်းသိမ်းဖို့လိုတဲ့ ကလေးတွေ ရှိကြတာပဲ"

ယင်းကျီရင်ခွင်ထဲက ကလေးက တုန်ယင်သွားပြီး ယင်းကျီရင်ခွင်ထဲ ပိုပြီးခေါင်းတိုးဝင်သွားတယ်။ သူက ရှန်းရင်ကို ပြန်တောင် လှည့်မကြည့်ရဲ။

"အဲလိုဆိုမှတော့ ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး" ကူယွဲ့ကြေညာလိုက်တယ်။ သူရှေ့ကိုတက်ပြီး လက်သီးနှစ်ဖက် ဆုပ်နှုတ်ဆက်လိုက်တယ်။ ယင်းကျီ တစ်ခုခုလွဲနေတယ်ဆိုတာ နားမလည်ခင် သူအခွင့်အရေးယူပြီး ထွက်ပြေးတော့မယ်။

"မိတ်ဆွေတို့... ဒီလောက်အစောကြီးပြန်တော့မှာလား" ယင်းကျီက လန်ဟွားကို တမ်းတမ်းတတ ကြည့်နေတယ်။ သူ့ကို မပြန်စေချင်တာ အသိသာကြီးပဲ။

လန်ဟွားက ကြက်သီးထသွားတယ်။ သူ့လက်ပေါ်က ကြက်သီးတွေကို ပွတ်လိုက်ပြီး မုန်လာဥဖြူကို ကူယွဲ့လက်ထဲထိုးထည့်လိုက်တယ်။

"မြန်မြန်သွားကြရအောင်၊ ရှင်းဟန်ကို ရှာချင်နေတာမဟုတ်လား"

လန်ဟွားက တစ်ဖက်လှည့်ပြီး ပျံထွက်လာတော့တယ်။

"အာ့ဟွား..." ယင်းကျီက သူ့ကိုတားဖို့ကြိုးစားပေမဲ့ တိမ်သားရဲတားတာခံလိုက်ရပြီး အလျင်လည်း မမှီခဲ့ဘူး။

သူတို့တွေ လန်ဟွားနောက်ကနေ ကပ်ပျံလိုက်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်တံခါးတွေကနေ ပျံထွက်လာခဲ့တော့တယ်။

"ငါတို့ခုဘယ်သွားမှာလဲ" လန်ဟွားမေးလိုက်တယ်။

"ဟင်းလင်းပြင်နယ်မြေထဲက ပေါ်ပင်လယ်ဆီ"

ကူယွဲ့ဖြေလိုက်တယ်။

"အဇဋာဧကရာဇ်လန်ဟွား၊ ပေါ်ပင်လယ်က အဇဋာဧကရာဇ်ကနေရာကို စစ်ဆေးပြီးပြီလို့ ပြောပေမဲ့ ပေါ်ပင်လယ်က ဒီနေရာနဲ့ သိပ်မဝေးဘူးလေ၊ အဲသွားပြီးတစ်ချက်ကြည့်တာ သိပ်အလုပ်မရှုပ်ပါဘူး"

ချန်ကောက ရှင်းပြလာတယ်။

"ငါသိပါတယ်၊ ဒါပေမဲ့..." လန်ဟွားက နှုတ်ခမ်းစေ့ပြီး လန်ယွီ့ဘက်လှည့်လိုက်တယ်။

"မင်းက ဘာလို့ ငါ‌တို့နောက် လိုက်နေတာလဲ၊ ဒီကိစ္စတွေက မင်းနဲ့တောင်ဆိုင်လို့လား"

"ငါဘယ်သွားသွား မင်းနဲ့ဘာလို့ဆိုင်မှာလဲ" လန်ယွီက ပြန်ရန်တွေ့ပြီး လန်ဟွားကို ဒေါသတကြီး စိုက်ကြည့်တယ်။

"ဟမ့်၊ ငါတို့ကြားကစာရင်းတွေကို နောက်ကျရှင်းကြမယ် မင်းကိုအလွတ်ပေးမယ်မထင်နဲ့" လန်ယွီက လှည့်ပြီး ရှန်းရင်ကို စိုက်ကြည့်တော့တယ်။ အခု သူ့အကြည့်က ပိုနူးညံ့သွားပြီး မြတ်နိုးမှုတွေနဲ့။ သူက အားပါးတရပြုံးကာ ပြောတော့တယ်။

"မိန်းကလေးရှန်း၊ ဟင်းလင်းပြင်နယ်မြေဆီသွားတဲ့လမ်းက အင်မတန်အန္တရာယ်များတာ၊ လန်ယွီ့ကို မင်းနောက်လိုက်ပြီး စောင့်ရှောက်ခွင့်ပေးရင့ရော"

"အာ..." ရှန်းရင်တန့်သွားတယ်။ ငါနင့်ကို ရင်းနှီးလို့လား။

"မစိုးရိမ်ပါနဲ့ - ကျုပ်က အဇဋာဧကရာဇ်ဖြစ်ပြီး အဆောင်ကျွမ်းကျင်သူပါ၊ ဓမ္မအဆောင်တွေရဲ့ သိသင့်သိထိုက်တာမှန်သမျှ အားလုံးသိတယ်၊ အဆောင်အမျိုးမျိုးလည်း ရှိတာမို့ ဘာလိုချင်လဲသာ ပြောလိုက်ပါ" သူကရှေ့တက်လာပြီး အိတ်ထဲကနေ အဆောင်စာရင်းရှည်ကြီး ဆွဲထုတ်လာတယ်။ စာရင်းက အဘိဓာန်နီးပါးထူလေရဲ့။ လန်ယွီက ရှန်းရင်လက်ထဲ ထိုးထည့်ပေးလာတော့တယ်။

အားလုံး ။ ။ "..."

အဲဒါပြောဦးမှ... သူတို့ရဲ့ မိသားစုပိုင်ဥစ္စာတွေကို ပေးကမ်းပစ်တာ လန်မိသားစုရဲ့ရိုးရာလား။

( ̄△̄;)

"မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ" ဘယ်သူမှ လန်ယွီ့ကို မတုံ့ပြန်နိုင်ခင် လန်ဟွားက ပေါက်ကွဲသွားတော့တယ်။ သူက သူတို့နှစ်ယောက်ကြားဝင်ပြီး ညီကို ဒေါသတကြီး စိုက်ကြည့်တော့တယ်။

"မင်း ငါ့ကိုဖယ်ရှားဖို့ ငါ့စိတ်နှလုံးကောင်းကို အသုံးချနေတာလား၊ အိပ်မက်‌မက်နေလိုက် ငါမင်းကိုသတိပေးမယ် - တိုက်ခိုက်ချင်ရင် ငါ့ကို တိုက်ခိုက် သူ့ကို တစ်ယောက်တည်း လွှတ်ထားလိုက်"

"ဟမ့်၊ မင်းကျ ငါ့လူတွေကိုခိုးခွင့်ရှိပေမဲ့ ငါကျတော့ မင်းဟာကို ခိုးခွင့်မရှိဘူးတဲ့လား"

"ဘယ်သူက မင်းလူကို ခိုးလို့လဲ"

"ငြင်းဖို့ ကြိုးစားနေတယ်ပေါ့-"

"မင်းမိန်းကလေးကို လိုက်တဲ့သူက ငါမှမဟုတ်တာ၊ ငါဘာမှမလုပ်ခဲ့ဘူးလေ"

"မင်းကြောင့်သာ မဟုတ်ရင် သူက ငါ့ကို အဲလိုဆက်ဆံပါ့မလား"

"အဲဒါငါနဲ့ဘာဆိုင်တုံး"

နှစ်ယောက်သား ငြင်းခုန်ကြပြန်တယ်။ ယိချင်း မနေနိုင်တော့ ဓားဆွဲထုတ်ကာ အော်လိုက်တယ်။

"ဆရာ ဘယ်တစ်ယောက်ကို အရင်သတ်စေချင်လဲ" ဒီခွေးကောင်နှစ်ကောင်က ငါ့ဆရာကို ခိုးဖို့ ကြိုးစားနေကြတာ။

凸(艹皿艹)

ကူယွဲ့ ။ ။ "..."

ချန်ကော ။ ။ "..."

ရှန်းရင် ။ ။ "..."

လန်ယွီက ရိုးရိုးပဲတွေးတာ။ သူ့အစ်ကိုက သူ့မိန်းကလေးကို ခိုးခဲ့တာမို့ သူလည်း မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ပေးဆပ်ခိုင်းမယ်။ ဒီနှစ်တွေအားလုံးမှာ သူ့အမေကလွဲရင် လန်ဟွားဘေးမှာ ဘယ်မိန်းမမှ မရှိခဲ့ဘူး။ ရှန်းရင်က လန်ဟွားထားဖူးတဲ့ ပထမဆုံး စိတ်ဝင်စားသူပဲ။ ပြီးတော့ သူမကလည်း အတော်လေးလှတယ်။ လန်ယွီခန့်မှန်းကြည့်တာတော့ သူမက လန်ဟွားရဲ့ အဖော်ပဲ - အဲတော့ သူမကို ခိုးယူဖို့ ဆုံးဖြတ်ထားတယ်။

လန်ဟွားရဲ့တွေးခေါ်ပုံက ပိုတောင်ရိုးရှင်းသေးတယ်။ သူ့ရဲ့ဒီညီက သူ့ပိုင်ဆိုင်မှုအားလုံးကို လှည့်ဖျားချင်နေတာ။ သူ့ညီက အမြဲ သူ့ကိုလိုက်တုပချင်ပေမဲ့ ဒါက နားလည်နိုင်သေးတယ်။ အကြီးကောင်အနေနဲ့ လန်ဟွားက လန်ယွီသူ့အပေါ် တင်ထားတဲ့အကြွေးတွေအားလုံးကို မေ့ပစ်ဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ လန်ယွီက လက်စားချေဖို့ သူ့စိတ်နှလုံးကောင်းကို မျက်စိကျ‌တာတော့ မှားတာ အသိသာကြီး။ သူ့စိတ်နှလုံးကောင်း သတ်ခံလိုက်ရရင် လန်ဟွားအတွက် တကယ်အကျိုးရှိမှာဆိုပေမဲ့... သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး တစ်စုံတစ်ယောက် သူ့စိတ်နှလုံးကောင်းကို နာကျင်အောင်လုပ်မယ်ဆိုတဲ့ အတွေးကတင် သူ့အတွက်သည်းခံဖို့ ခက်လွန်းတယ်

(╯°Д°)╯(┻━┻

"မိန်းကလေးရှန်း ကျုပ်အတည်ပြောနေတာပါ" လန်ယွီက လှည့်သွားပြီး ရှန်းရင်လက်ကို ဆုပ်ကိုင်လိုက်တယ်။ အင်မတန်စိတ်အားထက်သန်စွာနဲ့ သူကပြောတော့တယ်။

"ကျုပ်ကိုယုံပါ၊ ကျုပ်မင်းအပေါ်ကောင်းပါ့မယ်၊ ဟင်းလင်းပြင်နယ်မြေဆီသွားဖို့ မေ့လိုက်ကြရအောင် - ယွင်ဖုန့်ဆီ ကျုပ်နဲ့ ပြန်လိုက်ခဲ့ပါလား"

"ခွေးကောင် သူ့ကိုလွှတ်လိုက်စမ်း" လန်ဟွားက လက်ကို ဆွဲထုတ်ပြီး သူ့ညီဆီဦးတည်တော့တယ်။

နှစ်ယောက်လုံးက တိုက်ပွဲဖြစ်ကြတော့မယ်။

"အင်း..."

ရှန်းရင်က ရုတ်တရက် အင်မတန်တည်ငြိမ်စွာနဲ့ စကားပြောလာတယ်။

"လန်လု..."

"လန်ယွီပါ" လန်လုက ဘယ်သူကြီးတုံး။

"အိုး၊ နင့်ကိုတစ်ခုမေးပါရစေ"

"ကျေးဇူးပြုပြီး မေးပါ မိန်းကလေး"

"အပိုဘီးဖြစ်ရတာ...

စွဲလမ်းဖို့ကောင်းတာလား"

လန်ယွီ ။ ။ "..."

လန်ဟွား ။ ။ "..."

သူတို့ကိုတိုက်ခိုက်တော့မဲ့ ယိချင်း ။ ။ "..."

အားလုံး ။ ။ "..."

ဂျွတ် ခုလေးတင် တစ်စုံတစ်ရာ ကျိုးသွားတဲ့ပုံပဲ။

…

207

အခန်း ၂၀၇ ။ ပျောက်ဆုံးသွားသော အဖွဲ့ဝင်များ

လန်ယွီ သူ့ရဲ့ကျရှုံးခဲ့တဲ့ဆက်ဆံရေးတွေအကြောင်း တွေးပြီး နောက်ဆုံးတော့ လန်ဟွားကို အဖျက်အမှောင့်လုပ်မဲ့ သူ့နဂိုအစီအစဉ်ကို ပယ်ဖျက်ဖို့ဆုံးဖြတ်လိုက်တယ်။ သူက မိန်းမတစ်ယောက်ရဲ့ မြတ်နိုးမှုကို အနိုင်ယူတဲ့နေရာမှာ ဘယ်တော့မှ သူ့အစ်ကိုရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူးပဲ။ ဒါကြောင့် အရှုံးပေးကာ စိတ်ဓာတ်ကျစွာနဲ့ အဆောင်တစ်အုပ်ကြီးကို ထားခဲ့ပြီး စကားတစ်ခွန်းမပြောဘဲ ထွက်သွားခဲ့လေတယ်။

လူတိုင်း လူ့ဘဝမှာ တစ်ခုတည်းသော ရည်မှန်းချက်ပျောက်ဆုံးသွားတဲ့ပုံဖြစ်နေတဲ့ လန်ယွီ့အတွက် စိတ်မကောင်းမဖြစ်ဘဲ မနေတော့ဘူး။ ကူယွဲ့က ရုတ်တရက် ဆိုရိုးဟောင်းရဲ့ အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွားသလိုပဲ။

"ဘဝဆိုတာ ခက်ခဲပြီးသား၊ ဒါကြောင့် အမှန်တရားကို မဖော်လိုက်နဲ့" စာနာစွာနဲ့ ခေါင်းကို ယမ်းပြီးနောက်မှာတော့ ရှန်းရင်ဆီကနေ အဆောင်တွေကို ပျော်ပျော်ကြီးယူလိုက်တယ်။

-_-|||

"ထွက်ခွာကြစို့" ကူယွဲ့ သူ့ရောင်းရင်းတွေကို လောလိုက်တယ်။ နောက်ကျနေပြီ။

"အမတရောင်းရင်းကူယွဲ့" ချန်ကောက အနောက်ကနေ လှမ်းခေါ်ပြီး စိုး‌ရိမ်နေဟန်။

"ကျုပ်..."

"အရှင်မင်းကြီး"

လှည့်ကြည့်လိုက်တော့ ကူယွဲ့က အံ့ဩတကြီး မျက်လုံးပြူးသွားခဲ့တယ်။ ချန်ကောကိုယ်က အလင်းရောင်ဖျော့ဖျော့အောက် တဖြည်းဖြည်း ပျောက်ကွယ်နေပြီ။

"ဘာ..." ကူယွဲ့ အလိုလို လှမ်းဆွဲမိလိုက်ပေမဲ့ သူ့လက်က ‌ချန်ကောကိုယ်ခန္ဓာကို ဖြတ်သွားတာ မြင်လိုက်ရတယ်။ သူချက်ချင်း ချန်ကောကိုယ်ခန္ဓာကိုတည်ငြိမ်အောင်လုပ်ဖို့ လက်စည်းကွက်တချို့ ထုတ်သုံးလိုက်တယ်။

လန်ဟွားနဲ့ ယိချင်းက အင်းကွက်အစီအရင်ချပြီး ကူညီဖို့ကြိုးစားပေမဲ့ အချည်းနှီးပဲ။ ချန်ကောက သူတို့မျက်စိရှေ့မှာတင် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားတယ်။

"ဘာဖြစ်နေတာလဲ" လူတိုင်း ဒီရုတ်တရက် အဖြစ်အပျက် အပြောင်းအလဲတွေကြောင့် အူကြောင်ကြောင် ဖြစ်ကြန်တယ်။ ကူယွဲ့က ကောင်းကင်စိတ်အာရုံကိုသုံးပြီး ချန်ကောကို ရှာကြည့်ပေမဲ့ မအောင်မြင်။ သူ့ရဲ့အရှိန်အဝါတောင် အစအနမကျန်ဘဲ ပျောက်ဆုံးသွားတဲ့ပုံ။

"အဲဒါ ဘယ်လိုမှော်အတတ်မျိုးလဲ"

"မသိဘူး" ဒီလိုကိစ္စမျိုးတွေမှာ ကျွမ်းကျင်မှုအရှိဆုံး လန်ဟွား ခေါင်းယမ်းလိုက်တယ်။

"အရင်ကတစ်ခါမှမမြင်ဖူးဘူး"

သူစဉ်းစားနေတုန်း ကူယွဲ့ရဲ့ သတင်းပို့ဆောင်မှုအဆောင်က လင်းလာတယ်။ ဂိုဏ်းကလူတွေ အရေးကြီးကိစ္စတစ်ခုခု ဖြစ်လာရင် သူ့ကိုဆက်သွယ်လို့ရအောင် တစ်ခုချန်ခဲ့တာ။ သူ့ရင်ထဲ ရုတ်တရင်တင်းမာသွားတယ်။ ဂိုဏ်းထဲ တစ်ခုခုတော့ဖြစ်နေပြီ

သူ အဆောင်ကို အမြန်ဆွဲထုတ်လိုက်ပြီး မသေမျိုးချီထည့်ကာ အသက်သွင်းလိုက်တယ်။ ချက်ချင်းပဲ ယွီဟုန်ရဲ့ စိုးရိမ်တကြီးလေသံက အဆောင်ကနေထွက်လာတယ်။

"အကြီးအကဲ၊ ကြက်... ကြက်ပျောက်သွားပြီ"

"ဘာ" ကူယွဲ့က အံ့ဩတကြီးတန့်သွားပြီး အလိုလိုဖြေလိုက်မိတယ်။

"နောက်တစ်ကောင်ဝယ်လိုက်ပေါ့အဲဆို" ဝူတိဂိုဏ်းက ခြံထဲမှာ ကြက်တွေအများကြီးမွေးထားတာပဲကို။

"ဟင့်အင်း၊ ကျွန်မပြောတာ အဲအဓိပ္ပာယ်မဟုတ်ဘူး" ယွီဟုန်‌ကဖြေရှင်းချက်ပေးလာတယ်။

"ဧကရာဇ်ချူရွှမ်ပါ၊ သူရုတ်တရက်‌ ပျောက်သွားတာ"

ကူယွဲ့ အမူအရာ မှောင်မည်းသွားတယ်။

"တည်တည်ငြိမ်ငြိမ်နေ၊ ဘာဖြစ်တာလဲသေချာပြောပြ၊ သူဘယ်လိုပျောက်သွားတာလဲ"

"ကျွန်မလည်း ဘာဖြစ်တာလဲတော့မသေချာဘူး" ယွီဟုန်က သူမကိုယ်သူမတည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလေတယ်။

"စောနတုန်းက ဧကရာဇ်ချူရွှမ်က လေ့ကျင့်ရေးကွင်းမှာ တပည့်တွေကို စာသင်ပေးနေချိန် ရုတ်တရက် ပျောက်သွားခဲ့တာပဲ"

"သူက မပျောက်ခင် အရိပ်လိုပုံစံမျိုးပြောင်းသွားသေးလား"

"ရှင်ဘယ်လိုသိတာလဲ၊ အဲလိုအတိအကျဖြစ်ခဲ့တာပဲ"

ချန်ကောပုံရိပ်က သူ့စိတ်ထဲပေါ်လာလို့ ကူယွဲ့မျက်မှောင်ကြုတ်မိပြီး တည်တည်ငြိမ်ငြိမ် ညွှန်ကြားလိုက်တယ်။

"မင်းတို့အားလုံး ခုချက်ချင်း လေ့ကျင့်ရေးကွင်းထဲကနေ ထွက်ကြ၊ တပည့်တွေအားလုံးကို အရှေ့နန်းတော်မှာ စုဝေးခိုင်းလိုက်၊ သူတို့အားလုံး အဆင်ပြေလား စစ်ဆေးကြည့်၊ ငါတို့မကြာခင်ပြန်လာခဲ့မယ်"

"‌ဟုတ်" ယွီဟုန်က ပြတ်သားစွာ တုံ့ပြန်လာတယ်။

ကူယွဲ့ မျက်မှောင်ကြုတ်ပြီး သူ့အဖော်တွေကိုလှည့်ကြည့်လိုက်တယ်။

"ချူရွှမ်လည်း ပျောက်သွားပြီ၊ မြန်မြန်ပြန်ကြရအောင်"

သူ လှည့်ထွက်တော့မဲ့အချိန် တခြားအဖော်သုံးယောက်က မလှုပ်မယှက်ရပ်နေဆဲဆိုတာ သတိထားမိသွားခဲ့တယ်။ သူတို့က သူ့ကို ကြောင်အမ်းနေတဲ့အမူအရာတွေနဲ့ ငေးကြည့်နေလေရဲ့။

"ကူယွဲ့ မင်း..." လန်ဟွားရဲ့မျက်လုံးတွေက အံ့ဩတကြီးပြူးသွားပြီး ကူယွဲ့ကို လက်ညှိုးတထိုးထိုးနဲ့။

"ဘာဖြစ်တာလဲ" ကူယွဲ့ အလိုလို သူ့ကိုယ်သူငုံ့ကြည့်မိလိုက်တယ်။

"ဟိုလီရှစ်" ချန်ကောလိုပဲ သူ့ကိုယ်ခန္ဓာတစ်ခုလုံး တောက်ပနေပြီး ဖြည်းဖြည်းချင်း ဖောက်ထွင်းမြင်ရလာတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ ဘာခံစားချက်မှမခံစားရ။

"ဖေဖေနျို" ရှန်းရင် သူ့ကိုလှမ်းဆွဲပေမဲ့ နောက်ကျလွန်းသွားပြီ။ ချန်ကောထက်တောင် မြန်မြန် ပျောက်သွားခဲ့တယ်။

လူတိုင်း မှင်တက်သွားလေရဲ့။

"ဆရာ ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ယိချင်းအမူအရာက မကြည်မသာဖြစ်နေတယ်။ ကူယွဲ့ရော ချန်ကောပါ နှစ်ယောက်လုံး ဆန်းကြယ်တဲ့နည်းလမ်းနဲ့ ပျောက်ဆုံးသွားခဲ့တာပဲ။

ရှန်းရင် သူမရဲ့ဗလာလက်သီးဆုပ်ကို စိုက်ကြည့်နေမိပြီးတော့ ခပ်တင်းတင်းဆုပ်လိုက်တယ်။

"ပြန်ရောက်ရင် ဆွေးနွေးကြတာပေါ့"

ယိချင်းနဲ့လန်ဟွား နှစ်ယောက်လုံး အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ နောက်တော့ သူတို့ ခေါင်းညိတ်ပြီး ဂိုဏ်းရှိရာဘက်ဦးတည်ပျံသန်းခဲ့ကြတယ်။

သူတို့ ဝူတိဂိုဏ်းကို အမြန်ဆုံးအရှိန်နဲ့သွားခဲ့ကြတယ်။ အဲရောက်တာနဲ့ ချူရွှမ်တင်မက ဂျပုလေးလည်း ပျောက်ဆုံးနေတာ သိလိုက်ရတယ်။ သူက ချူရွှမ်ပျောက်ပြီး နောက်တစ်နေ့မှာ တစ်ပုံစံတည်း ပျောက်သွားခဲ့တာတဲ့။

လန်ဟွားနဲ့ ယိချင်း နေရာတိုင်းမှာ လိုက်ရှာခဲ့ပေမဲ့ ဘာဖြစ်ခဲ့လဲဆိုတာ သဲလွန်စရှာမရ။ သူတို့ရဲ့ ခြေရာခံအဆောင်တစ်ခုမှ တည်နေရာကို ရှာလို့မရသလို ကူယွဲ့ရဲ့သတင်းစကားအဆောင်ကလည်း မတုံ့ပြန်တော့ဘူး။

ပထမတော့ ရွှင်ရှူးကို အကူအညီတောင်းဖို့ ဆက်သွယ်ကြည့်မယ် တွေးခဲ့ပေမဲ့ ရွှင်ရှူးလည်း ပျောက်သွားတယ်ဆိုတဲ့အကြောင်း မြို့ကနေ ပြန်စာရခဲ့တယ်။

"ဂိုဏ်းချုပ် ပြောင်လေးဆိုတဲ့ နာမည်နဲ့မိစ္ဆာအမတတစ်ယောက်က စကားပြောခွင့်တောင်းနေပါတယ်"

"ပြောင်လေးတဲ့လား" လန်ဟွားက လိုက်ရေရွတ်ကြည့်လိုက်တယ်။ ဘယ်လိုနာမည်တုံးတုံးကြီးလဲ။

"သူ့ကိုဝင်ခွင့်ပေးလိုက်" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

ခဏနေတော့ ဧကရာဇ်ပြောင်ထင်က စိတ်လှုပ်ရှားစွာနဲ့ ပြေးဝင်လာတယ်။ သူ့မျက်လုံးတွေက ရှန်းရင်ကိုမြင်ချိန် တောက်ပသွားခဲ့ပေမဲ့ ခြေထောက်တွေက အလိုလိုပျော့ခွေသွားခဲ့တယ်။ သူမခြေထောက်နားမှာ ပုံလဲကျသွားပြီး သူက တိုးလျှိုးတောင်းပန်တော့တယ်။

"ကြီးမြတ်တဲ့နတ်ဒေဝါ ကျေးဇူးပြုပြီး ငှက်လေးကို ကယ်ပါ"

"ငှက်က ဘာဖြစ်လို့လဲ"

"ကျွန်တော် အတိအကျမသိပါဘူး" ပြောင်ထင့်မျက်နှာမှာ စိုးရိမ်နေတဲ့အမူအရာနဲ့။ ရှန်းရင် စားခံရမှာကို အဆက်မပြတ် ကြောက်ရွံ့ခဲ့ရမှုအောက် နေခဲ့တာကြောင့်ထင် သူနဲ့ ဝူဟုန်က အပြန်အလှန်စာနာမှုကနေ သံယောဇဉ်တစ်ခု တည်ဆောက်နိုင်ခဲ့တယ်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်တို့ ခင်ဗျားအတွက် အမတဆေးမြစ်အစေ့တွေ ရှာဖို့ ရှုပင်လယ်ဆီ သွားခဲ့ပါတယ်၊ သူ့ကို ရက်တွေအကြာကြီးလိုက်ရှာခဲ့ပေမဲ့ အရိပ်အယောင်တစ်စက်မှ ရှာမတွေ့ခဲ့ပါဘူး"

"သူပျောက်သွားချိန် ကိုယ်ပေါ်မှာ အလင်းတန်းဖြူကြီးရှိနေလား" ယိချင်းမေးလိုက်တယ်။

"ဘယ်လိုလုပ်သိတာလဲ" ပြောင်ထင့်က အံ့ဩတကြီးမေးလာလေရဲ့။

နောက်တစ်ယောက်ပဲ။

"ဒါ ဘယ်သူလုပ်နေတာပါလိမ့်" လန်ဟွား မချင့်မရဲဖြစ်ပြီး ခေါင်းကုတ်လိုက်တယ်။

"ပျောက်သွားတာ လေးယောက်မြောက်ရှိနေပြီ"

"ငါး‌ယောက်" ရှန်းရင်က အမှန်ပြန်ပေးလိုက်တယ်။

"ဘယ်လို"

"မုန်လာဥဖြူလည်းပျောက်သွားတယ်လေ"

ဟုတ်သားပဲ။ ညီလေးမုန်လာဥဖြူရောပဲ လန်ဟွားရဲ့စိတ်ပူပန်မှုက ပိုနက်ရှိုင်းလာတယ်။ သူတို့နှစ်ယောက်လုံး ပျောက်သွားချိန် မုန်လာဥဖြူက ကူယွဲ့ခြေထောက်ပေါ်အိပ်နေခဲ့တာ။

တစ်ခဏနေပါဦး

"မုန်လာဥဖြူ..."

လန်ဟွားက အကြံတစ်ခုပေါ်လာလို့ မျက်လုံးထဲ အရောင်တောက်ပသွားခဲ့တယ်။

"စိတ်နှလုံးကောင်း ငါ့မှာ သူတို့ကို‌ရှာဖို့ နည်းရှိပြီ၊ ဒါပေမဲ့ နည်းနည်းအလုပ်များပြီး ကူယွဲ့ကိုပဲ ကယ်နိုင်လောက်တယ်၊ သူတို့ထဲက တခြားသူတွေကတော့... ငါတို့တခြားနည်းစဉ်းစားရမှာပေါ့"

"ဘာနည်းလမ်းလဲ"

"နှလုံးသားထောင်ချောက်အင်းကွက်"

"အဲဒါဘာလဲ" ယိချင်းမေးလိုက်တယ်။

"ဒါက ပိ‌တ်လှောင်တဲ့အင်းကွက်ပဲ၊ အင်းကွက်ထဲ ပစ်မှတ်ကို ထောင်ချောက်ဆင်ထားပြီးတော့ နတ်ဆိုးချီရဲ့ ဖြည်းဖြည်းချင်းတိုက်စားခံရတာမျိုး ဖြစ်စေတာ၊ ဒီအင်းကွက်အသက်ဝင်သွားပြီဆိုတာနဲ့ အမတဘုံမှာ ရှိနေသရွေ့ ပစ်မှတ်ကို ထောင်ချောင်ဆင်လို့ရတယ်"

"ဒီအင်းကွက်ကိုသုံးပြီး သူ့ကိုရှာဖို့စဉ်းစား နေတာပေါ့"

"အမှန်ပဲ" လန်ဟွားက ခေါင်းညိတ်ပြလိုက်တယ်။

"ဒါပေမဲ့ ဒီအင်းကွက်အလုပ်လုပ်ဖို့ ပစ်မှတ်ရဲ့ခန္ဓာကိုယ်ကအရာ တစ်ခုခုလိုအပ်တယ်"

ခန္ဓာကိုယ်...။

ရှန်းရင် မုန်လာဥဖြူ သူမကိုလက်ဆောင်ပေးခဲ့တဲ့ ဒုဓလီပန်းတွေကို သတိရသွားလို့ နှုတ်ခမ်းတွန့်သွားခဲ့တယ်။

"မုန်လာဥဖြူက ကူယွဲ့ခြေထောက်နဲ့ ချိတ်ဆက်နေလို့ သူတို့အရှိန်အဝါတွေက ဆက်နေတယ်၊ ဒါကြောင့် မုန်လာဥဖြူ ထောင်ချောက်ထဲ ရောက်တာနဲ့ ကူယွဲ့လည်း အင်းကွက်ထဲ ဆွဲသွင်းခံရမှာပဲ၊ နတ်ဆိုးချီ သက်ရောက်တာခံရမယ်ဆိုပေမဲ့ တောင့်ခံနိုင်ဖို့ အားရှိမှာပါ"

"ကောင်းပြီလေ လုပ်ကြရအောင်" ရှန်းရင် ဒုဓလီပန်းတွေကိုသွားရှာလိုက်တယ်။

ငါတို့ စားစရာပြဿနာကို ဖြေရှင်းဖို့ ဖေဖေနျိုကို အရင်ရှာရမယ်

All Chapters