စုံစမ်းမေးမြန်းခြင်း
Vol. 2 Ch. 29
နောက်တနေ့သည် ညီလာခံအစည်းအဝေးကြီး တစ်ခုဖြစ်ကာ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အားလုံးသည် ရွှေနန်းတော်ခန်းမ အတွင်းတွင် စုဝေးရောက်ရှိနေကြ၏။
ယုံးကျားဧကရာဇ်သည် နဂါးဝတ်ရုံကိုဆင်မြန်းထားပြီး ထည်ဝါခန့်ညားလှ ကာ ခန့်မှန်းရခက်ခဲနေ၏။ နဂါးပုလ္လင်ဘေးတွင်တော့ အဝါရောင်တောက်တောက် မင်းသားဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ်လေး လေးယောက်ရှိနေခဲ့သည်။
အကြီးဆုံးမင်းသားနှင့် ဒုတိယမင်းသားတို့သည် ပုလ္လင်၏ တစ်ဖက်တစ်ချက်တွင် ရပ်လိုက်ကြပြီး တတိယမင်းသားက အကြီးဆုံးမင်းသား ဘေးတွင်ရပ်ကာ စတုတ္ထမင်းသားက ဒုတိယမင်းသား၏ ဘေးတွင်ရပ်နေသည်။
ယခင်က ညီလာခံကြီး အတွင်းတွင် အကြီးဆုံးမင်းသား တစ်ဦးတည်းသာ အုပ်ချုပ်မှု အကြောင်း နားထောင်ဖို့ရန်အတွက် ညီလာခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဒီနေ့တွင်တော့ ဒုတိယမင်းသား၊ တတိယမင်းသားနှင့် စတုတ္ထမင်းသားတို့က ရုတ်တရက် ပေါ်ထွက်လာကြသည်တွင် ဒါသည် စဉ်းစားစရာအကြောင်းအရာ တစ်ခုပင်ဖြစ်လာတော့၏။
အရပ်ဘက် အမှုထမ်းများ၏ ရှေ့တွင်ရပ်နေသူမှာ ပထမအမတ်ခြောက် ချောင်ကဲလောင် ချောင်ကောလောင် ဖြစ်လေသည်။
ချောင်ကောလောင်သည် အသက်၅၀ကျော် ရှိပြီဖြစ်ရာ လှလှပပ မုတ်ဆိတ်မွှေးများရှိပြီး အရပ်ဘက်မင်းမှုထမ်းများ၏ သဘောအကျရဆုံးသူဖြစ်ကာ သူသည် အလွန်တင့်တယ် ကျက်သရေရှိလှသည်။
ချောင်ကောလောင်၏ အကြည့်သည် ဒုတိယမင်းသား၏ မျက်နှာပေါ်တွင် ဝေ့ဝဲသွားပြီး သူ၏စိတ်ထဲတွင်လည်း သံသယတချို့ ဖြစ်တည်လာခဲ့၏။
နန်းတော်ထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ဂရုစိုက်နေကြသူများထံမှ ဖုံးကွယ်ထား၍မရနိုင်ချေ။ ဒုတိယမင်းသားက နန်းတော်ကို ပြန်ရောက်လာပြီးနောက်တွင် သူ၏စကားလုံးများက ပေါ့ပေါ့တန်တန်နိုင်လှပြီး ယုံးကျားဧကရာဇ်ကို အမျက်ထွက်စေခဲ့သည်။ ထိုကြောင့် ဒီတစ်နေ့တွင် မင်းသားအများအပြားသည် ရွှေနန်းတော်ထဲတွင် အတူတူပေါ်လာခဲ့ကြ၏။
ဤသို့ပြုမူခြင်းက လွတ်လပ်ပေါ့ပါးသည့် စိတ်နေစိတ်ထား ရှိသော်ငြားလည်း သတိလည်း ကြီးရပေမည်။ ဒါသည် ဒုတိယမင်းသား၏ အပြုအမူနှင့်တော့ တကယ်မတူလှချေ...
အတွေးပေါင်းများစွာသည် ချောင်ကဲလောင်၏ စိတ်ထဲတွင် တဖျတ်ဖျတ်ပေါ်လာခဲ့ပြီး သူသည် ထိုအရာကိုတော့ လုံးဝထုတ်ဖော်မပြခဲ့ချေ။
သမီးဖြစ်သူက မိဖုရားခေါင်ဖြစ်ပြီး မြေးဖြစ်သူက မင်းသားတစ်ပါးဖြစ်သည်။ ချောင်မိသားစုသည် ဒုတိယမင်းသား၏ သစ္စာအရှိဆုံး ထောက်ပံ့သူ တစ်ယောက် ဖြစ်ပေသည်။
ဒုတိယမင်းသားသည် အရှင်မင်းကြီး၏ သားအရင်း ဖြစ်လေသည်။ ကြီးကြီးမားမား အမှားမရှိသရွေ့ မင်းသားတစ်ပါး၏ ရာထူးသည် ဒုတိယမင်းသားအတွက်သာ ဖြစ်မည်ဖြစ်ကာ ဘယ်သူကမှ လုယူသွားလို့ ရသည်မဟုတ်ပေ။
စစ်သူကြီးများ၏ ရှေ့ဆုံးတွင် ရပ်နေသူကတော့ ရှင်းယန်ဝမ်လုလင်းပင်။
လုလင်းသည် တတိယမင်းသား လီဟောက်၏ ချောမောခန့်ညားသည့်မျက်နှာကို လှမ်းကြည့်လိုက်ပြီး သူ့သမီးဖြစ်သူ ပြောခဲ့သည့်စကားများက သူ့စိတ်ထဲတွင် ပြန်ကြားယောင်လာ၏။
အရှင်မင်းကြီးကို စိတ်အနှောင့်အယှက် မဖြစ်စေဘဲ လက်ထပ်ထိမ်းမြား ခြင်းကိုလည်း ငြင်းပယ်ရမယ်။
ဒါကတကယ် ခက်ခဲတာပဲ။
နောက်တစ်ခုကတော့ သူ့အပေါ် မူတည်သွားပြီ။
ဆယ်နှစ်ကျော်ကြာအောင် စိတ်ခံစားချက်ဆိုင်ရာ စာအုပ်များကို ဖတ်ပြီးနောက်တွင်တော့ နောက်ဆုံးအသုံးဝင်လာတော့၏။
_
ဧကရာဇ်သည် သူ၏တပ်များကိုဦးဆောင်ကာ ထွက်ခွာလာခဲ့သဖြင့် နောက်ဆုံးညီလာခံကြီးမှာ ယခင်နှစ်က ဖြစ်ခဲ့၏။ ဒီနေ့ညီလာခံကြီး အတွင်းတွင် ရာချီလှသည့် မှူးမတ်များသည် ချီးကျူးစကားများကို ဖောဖောသီသီပြောဆိုကြကာ အလုအယက် မြှောက်ပင့်နေကြလေသည်။
ယုံးကျားဧကရာဇ်ကတော့ ထိုစကားကို ကြားလည်းရပြီး စိတ်သက်သာရာရသွား၏။ သူ၏စိတ်ထဲက ညှိုးငယ်နေသည့်ခံစားချက်က ပျောက်ကွယ်သွားလေတော့သည်။
မင်းသားများအတွက်တော့ သူတို့သည် ဒီနေ့တွင်စကားပြောဖို့ရန် အခွင့်အရေးမရှိချေ။ ထိုကြောင့် သူတို့သည် ဒီအတိုင်းရပ်နေကြကာ နားထောင်နေရတော့၏။
နန်းတွင်း အစည်းအဝေးကြီး ပြီးဆုံးသွားသောအခါ ယုံးကျားဧကရာဇ်သည် အရေးကြီးအမတ် တော်တော်များများကို သူနှင့်နေ့လယ်စာ အတူစားဖို့ရန် ဖိတ်ခေါ်ခဲ့၏။
သူတို့အကြားတွင် အရပ်ဘက်အရာရှိများအတွင်း၌ ပထမအမတ်ချုပ်၊ ဒုတိယအမတ်ချုပ်နှင့် မှူးမတ်ပေါင်းများစွာ ပါရှိပြီး စစ်သူကြီးများထဲတွင်တော့ ရှင်းယန်ဝမ်၊ ကွမ်းပင်းဝမ်၊ ဖူယန်ဟိုနှင့် တခြားသူများပါဝင်သည်။ မှူးမတ်များအတွက် အရှင်မင်းကြီးနှင့် ထမင်းတနပ် အတူစားခွင့်ရသည်မှာ ကြီးမားသည့် ဂုဏ်ကျက်သရေတစ်ခုပင်။
အမတ်များအားလုံးသည် အတူတူလက်နှစ်ဖက်ကို ယှက်ထားလိုက်ကြပြီး ကောင်းကင်ဘုံကို ကျေးဇူးတင်စကား ပြောကြတော့၏။
အမိန့်တော်ကို လာရောက်ပေးပို့သည့် လျိုကုန်းကုန်းကလည်း ပြုံးကာပြောလာသည်။ "အရှင်မင်းကြီးက မိန့်တော်မူပါတယ်။ ရှင်းယန်ဝမ်က ကျေးဇူးပြုပြီး ဝမ်ဟွား နန်းဆောင်မှာ အရှင်မင်းကြီးကို လာရောက်တွေ့ဆုံပါတဲ့"
ရောက်လာပြီ !
လုလင်းသည် လက်နှစ်ဖက်ကိုယှက်ကာ ဖူယန်ဟိုနှင့် ကွမ်းပင်းဟိုတို့၏ မကျေမနပ် မျက်လုံးများ အောက်တွင် လျှောက်ကာ ထွက်လာတော့သည်။
ကွမ်းပင်းဟိုသည် သာ့ဝေတိုင်းပြည်တွင် နံပါတ်တစ် စစ်သူကြီးတစ်ယောက်ဟု မိမိကိုယ်ကို ကြွေးကြော်ထားခဲ့သူဖြစ်၏။ သူသည် အရှင်မင်းကြီး၏ လူယုံတော်တစ်ပါး ဖြစ်လေသည်။ သို့သော်ငြားလမ်းတစ်ဝက်တွင် သစ္စာခံလာခဲ့သည့် ရှင်းယန်ဝမ်ကို အမြဲတမ်း မကျေမနပ်ဖြစ်နေခဲ့ရသည်။ ရှင်းယန်ဝမ်ကို အဘယ်ကြောင့်များ တစ်ချက်တည်းနဲ့ လက်ဝေခံဘုရင်အရာ(ဝမ်ရယ်) မြောက်တင်ခံခဲ့ရပါသနည်း။ ရှင်းယန်ဝမ်သည် အဘယ်ကြောင့်များ အင်အားအကြီးဆုံး ဖြစ်ခဲ့ရပါသနည်း။ ရှင်းယန်ဝမ်သည် အဘယ်ကြောင့်များ ထိုမျှလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါသနည်း။
ပထမနှစ်ချက်ကိုတော့ ရှိပါစေတော့။
နောက်ဆုံးအတွေးသည် ကွမ်းပင်းဟို၏ မည်မျှစိတ်ဓာတ် သေးသိမ်သည်ကို ပြသနေခြင်းပင်။
ဖူယန်ဟိုသည်လည်း သူ၏စိတ်ထဲတွင်တော့ ပျော်ရွှင်နေသည် မဟုတ်ချေ။
သူသည် မယ်တော်ကြီးကျောက်၏ ဆွေမျိုးရင်းချာဖြစ်ပြီး တူတော်တစ်ယောက်ဖြစ်ကာ ယုံးကျားဧကရာဇ်၏ ဝမ်းကွဲတစ်ယောက်လည်း ဖြစ်လေသည်။ ယခင်မင်းကြီး မဆုံးပါးခင်က လီမိသားစုက သူရဲကောင်းတစ်ယောက်သာဖြစ်ခဲ့၏။ ကျောက်မိသားစုတွင်တော့ စစ်သည်ရဲမက်များနဲ့ စစ်သူကြီးများ ပိုင်ဆိုင်ထားကာ ဝမ်းကွဲနှစ်ယောက်ကလည်း တန်းတူရည်တူမျှ ဖြစ်ခဲ့ကြသည်။ ထိုအကြောင်းကို ပြောရသည်တွင် သူ၏ဝမ်းကွဲ လီယွမ်သည် သူ့ကိုအနည်းငယ်တော့ပိုပြီး မျက်နှာသာပေးရပေမည်။
နောက်ပိုင်းတွင် လီမိသားစုက အလံထူပြီး မင်းဆက်အသစ်တစ်ခုကို တည်ထောင်ခဲ့၏။ လီယွမ်သည် ဧကရာဇ်တစ်ပါးဖြစ်လာကာ သူ၏ဝမ်းကွဲကတော့ ဖူယန်ဟို ဖြစ်လာခဲ့ပြီး အုပ်ချုပ်သူနှင့် အမတ်များကြားတွင် ကွာခြားချက်များ ရှိလာတော့သည်။ ကျောက်မိသားစုကလည်း လီမိသားစု၏ လက်အောက်ခံတစ်ခု ဖြစ်လာတော့၏။
ကွမ်းပင်းဟိုသည် သူ၏စစ်ရေးအောင်မြင်မှုများကို အားကိုးကာ ကျောက်မိသားစုကို ဆက်တိုက်ဖိနှိပ်လာခဲ့သည်။ ရှင်းယန်ဝမ် ရောက်လာချိန်တွင် ကျောက်မိသားစုမှာ နောက်ဆုတ်ပေးခဲ့ရ၏။ သာ့ဝေသည် အလွန်ဂုဏ်သိက္ခာကြီးမားပြီး ကျောက်မိသားစုသည်လည်း တတိယအဆင့်သာ ရရှိနိုင်ခဲ့သည်။
ဒါသည် ဒေါသထွက်ဖို့ရန် လုံလောက်သည် မဟုတ်ပါလား။
သူသည် ရှင်းယန်ဝမ်ကို မျက်လုံးထဲတွင် သဘောမကျ ဖြစ်ရသည်မှာ သဘာဝပင်။
"အရှင်မင်းကြီးက ရှင်းယန်ဝမ် တစ်ယောက်တည်းကိုပဲ ဆင့်ခေါ်ခဲ့တာ ဘာအတွက်လဲ မသိဘူးနော်" ဖူယန်ဟို၏စိတ်သည် တက်ကြွလာပြီး တော်တော်လေး ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။
ကွမ်းပင်းဟိုကတော့ တည်တည်ငြိမ်ငြိမ် ပြုံးက ပြောလိုက်၏။ "အရှင်မင်းကြီးက အရည်အချင်းကြီးမားပြီး ရည်မှန်းချက်လည်း ကြီးမားတယ်။ သူက အခုမှ မြို့နှစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလေ။ သူက ယန်နဲ့ ချူတို့ရဲ့နယ်မြေကို ထပ်ပြီးစဉ်းစားနေတာပဲဖြစ်မယ်။ သူ ရှင်းယန်ဝမ်ကို ဆင့်ခေါ်တယ်ဆိုတာကလည်း ဒီကိစ္စကို စုံစမ်းမေးမြန်းပြီး တိုင်ပင်ချင်လို့ပဲ ဖြစ်ရမယ်"
ဖူယန်ဟို၏ မျက်လုံးများမှာ ဖျတ်ခနဲလင်းလက်သွားပြီး သူကလေသံကို လျော့ထားလိုက်တော့၏။ "တကယ်လို့ ဒါက တိုင်ပင်စရာ အရေးကြီးကိစ္စဆိုရင် ခင်ဗျား ဖြစ်သင့်တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီးတော့ ရှင်းယန်ဝမ် ဖြစ်ရတာလဲ။ ကျုပ်စိတ်ထဲမှာတော့ ခင်ဗျားအတွက် စိတ်မကောင်းဖြစ်မိတယ်"
ကွမ်းပင်းဟိုက ဖူယန်ဟိုကို လှမ်းကြည့်လိုက်ပြီး ဖူယန်ဟို၏ မျက်နှာပေါ်တွင်လည်း ‘မင်းကို လှုံ့ဆော်နေတာ’ ဟူသည့်စကားလုံးများ ရေးထားသည့်နှယ်ပင်။ သူသည် အပြုံးမပါဘဲ ပြန်ဖြေလိုက်တော့၏။ "ရင်းနှီးမှုအရဆိုရင်တော့ ကျုပ်က ဖူယန်ဝမ်နဲ့ မယှဉ်နိုင်ပါဘူး ! ဒါက ဖူယန်ဝမ်အတွက် မတရားဘူးလေ !"
ဖူယန်ဟိုကလည်း ခပ်တိုးတိုး ညည်းညူလိုက်ကာ ဟန်ဆောင်ပြီး ပြောလိုက်လေသည်။ "တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ခင်ဗျားနဲ့ကျုပ်ကလည်း တစ်နည်းမဟုတ်တစ်နည်း ဆွေမျိုးတော်စပ်ကြတာပဲ။ ကျုပ်တို့တွေ သိကျွမ်းခဲ့တာလဲ နှစ်ပေါင်းတော်တော်လေး ကြာနေပြီ။ ကျုပ်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးသင့်တာ"
ကွမ်းပင်းဟိုက ပြုံးကာပြောလာသည်။
"ဖူယန်ဟိုက မယ်တော်ကြီးကျောက်ရဲ့ ဖခင်ဘက်က မိသားစုပါ။ ဟိုရယ်(မြို့စားမင်း)က မယ်တော်ကြီးကျောက်ရဲ့ တူ အရှင်မင်းကြီးရဲ့ဝမ်းကွဲ။ ကျုပ်တို့ မုန့်မိသားစုက ကျောက်မိသားစုနဲ့ မယှဥ်နိုင်ပါဘူး"
"ခင်ဗျားက ဒီလိုပြောတော့ ကျုပ်တကယ်ပဲ ရှက်မိပါတယ်" ဖူယန်ဟိုက ချက်ချင်းဆိုသလို စကားကို ကောက်နှုတ်လိုက်လေသည်။ "တကယ်လို့ တခြားသူရှေ့မှာ ပြောရမယ်ဆိုရင် ဒါက ကျုပ်ကိုယ်ကျုပ် ကြွားလုံးထုတ်စရာ ဘာမှမရှိဘူးလေ။ ခင်ဗျားရှေ့မှာဆိုရင်တော့ ဘယ်လိုလုပ်ပြီးတော့ ကောင်းနိုင်ပါ့မလဲ။ ရှက်စရာကောင်းပါတယ်။ ရှက်စရာကောင်းပါတယ် !"
ကွမ်ပင်းဟိုနှင့် ဖူယန်ဟိုတို့သည် စကားပြောလေလေ ပိုပြီးမှန်းဆနိုင်ကြလေလေ ဖြစ်ကာ ပိုပြီးပြောလေလေ ပိုပြီးရင်းနှီးလာကြလေလေ ဖြစ်လာတော့သည်။ သူတို့၏စိတ်အတွင်းတွင်တော့ တစ်ယောက်ကိုတစ်ယောက် တစ်ပြိုင်တည်း တံတွေးထွေးနေကြ၏။
ဖွီး!
တစ်ဖက်တွင်တော့ ချောင်ကောလောင်သည်လည်း အရှင်မင်းကြီးက ရှင်းယန်ဝမ်ကို ရုတ်တရက် ဆင့်ခေါ်ရသည့် ရည်ရွယ်ချက်ကို စဉ်းစားလို့နေသည်။
အလုပ်သမားရေးရာ ဝန်ကြီးဌာနက ကျင်းအမတ်နှင့် ချောင်ကောလောင်တို့သည် ပုဂ္ဂိုလ်ရေးအရ တော်တော်လေး ခင်မင်ကြ၏။ သူတို့ကလည်း ချောင်ကောလောင် ဘေးနားကပ်လာကာ စကားနည်းနည်းပါးပါး တီးတိုး ပြောဆိုနေကြသည်။ ချောင်ကောလောင်ကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းကို မသိမသာခါပြလိုက်၏။
ပြည်တွင်းအခွန် ဝန်ကြီးဌာနမှ လူကြီးမင်းကောင်းနှင့် ရာထူးဝန်ဌာနမှ လူကြီးမင်းယွီတို့ကလည်း အတူတူစုဝေးလာကြကာ လေသံတိုးတိုးဖြင့် တီးတိုးပြောဆိုနေကြသည်။
ဟုတ်ပါသည်။ လူအများက မည်သို့ပင် မှန်းချက်ထုတ်ကြသည်ဖြစ်စေ တကယ်အကြောင်းအရင်းကိုတော့ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။
_
လုလင်းသည် ဝမ်ဟွား ခန်းမထဲသို့ လျှောက်ဝင်လာပြီး လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်၏။ "အရှင်မင်းကြီးရဲ့ စစ်သူကြီး လုလင်း အရှင်မင်းကြီးကို လာရောက် တွေ့ဆုံပါတယ်"
ယုံးကျားဧကရာဇ်က နဂါးပုလ္လင်ပေါ်က ကိုယ်တိုင်ဆင်းလာကာ ပြုံးပြီး လက်ကိုဆန့်ရင်း လုလင်းကို တွဲထူပေးလိုက်သည်။ "ဒီမှာ အပြင်လူမရှိပါဘူး။ ဒီတော့ ဒီလောက်နှိမ့်ချနေစရာ မလိုဘူး။ လာ လာ။ ထိုင်အုံး။ ကျုပ်တို့တွေ အိမ်မှာနေသလိုပဲ စကားပြောကြမယ်"
ယုံးကျားဧကရာဇ်သည် ဖော်ဖော်ရွေရွေ ပေါ့ပေါ့ပါးပါးရှိပြီး ဘာထောင်လွှားသည့် အငွေ့အသက် တစ်ခုမှမရှိချေ။
ယခင်မင်းဆက် ဆုံးပါးသွားပြီး သူရဲကောင်းများကလည်း နေရာတိုင်းတွင် ပေါ်ထွက်လာခဲ့သည်။ လီမိသားစုသည် အားလုံးထဲတွင် ထင်ရှားကျော်ကြားခဲ့ပြီး တိုင်းပြည်၏အများစုကိုလည်း ရရှိခဲ့ကာ ဒါသည် ယုံးကျားဧကရာဇ်၏ အစွမ်းအစကို ပြသနေခြင်းပင်။ ပိုပြီးချီးကျူးစရာ ကောင်းသည်မှာ ယုံးကျားဧကရာဇ်၏ ကိုယ်ကျင့်သီလပြည့်စုံသည့် ကိုယ်ရံတော်နှင့် သူ၏အလွန်ယုံကြည် အားကိုးရသည့် လူယုံတော်များပင်။
လုလင်းသည် ထိုစဉ်က စစ်တပ်ကို ဦးဆောင်ပြီး သစ္စာခံခဲ့ကာ သူသည်လည်း သာ့ဝေ၏ သခင်နှင့်တွေ့ဆုံရမည့် နာမည်ကြီးစစ်သူကြီး တစ်ဦးဖြစ်လာသည်။
လုလင်းသည် စိတ်ထဲတွင် အနည်းငယ် နွေးထွေးသွားသလို ခံစားလိုက်ရပြီး လက်နှစ်ဖက်ယှက်ကာ ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ယုံးကျား ဧကရာဇ်၏ အောက်ဘက်တွင် ထိုင်ချလိုက်၏။
ယုံးကျားဧကရာဇ်က အရင်ဆုံး သက်ပြင်းချလိုက်ကာ "ကျုပ်ရဲ့သားနဲ့သမီးတွေ အားလုံးက အရင်ဘဝက အကြွေးတွေပဲ။ ကျုပ် မင်းကို မဖုံးကွယ်ထားတော့ဘူး။ ကျုပ် မင်းကို ဒီနေ့ခေါ်တွေ့ရတာကလည်း ကျုပ်ရဲ့သားရေးသမီးရေး ကိစ္စကြောင့်ပဲ"
ကျုပ်ရဲ့သားနှစ်ယောက်စလုံးက ခင်ဗျားရဲ့သမီးကို သဘောကျနေကြတယ်လေ။
ဤစကားလုံးများကိုတော့ ယုံးကျားဧကရာဇ်သည် မည်မျှပင် မျက်နှာပြောင်တိုက်စေကာမူ ထုတ်ပြောနိုင်မည် မဟုတ်ပေ။
သို့သော်ငြား ဤသို့သောကိစ္စမျိုးကိုလည်း အချိန်ဆွဲထားလို့ မဖြစ်နိုင်ပေ။ ညီအစ်ကိုများက နေ့စဉ်စိတ်ကူးယဉ် အိပ်မက်မက်နေကြမှာလဲ စိုးရိမ်ရသေးသည်။ ဤအရှုပ်ထွေးကို မြန်ဆန်သည့်ဓားတစ်လက်နဲ့ ဖြတ်တောက်ဖြစ်သည်က ပိုကောင်းပေသည်။
ယုံးကျားဧကရာဇ်က စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ကာ စကားဆက်ပြောမည် ပြင်လိုက်စဉ်တွင် လုလင်ကလည်း ရုတ်တရက် သက်ပြင်းချလာ၏။ "အရှင်မင်းကြီးက သားရေးသမီးရေး အကြောင်း ပြောလာတယ်ဆိုတော့ ကျွန်တော်မျိုး ရင်ထဲမှာ လာပြီးတော့ ထိုးဆွလိုက်သလိုပါပဲ။ ကျွန်တော်မျိုးရဲ့ ရင်ထဲမှာလည်း ပိတ်ဆို့နေတဲ့ စကားတချို့ ရှိနေပါတယ်။ ဒီစကားတွေကို ပြောထုတ်မှပဲ ဖြစ်တော့မယ်"
လုလင်းသည် စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်ကျင်စွယ်များ ဖုံးလွှမ်းနေကာ သူ၏ငွေရောင်လှံသည် စစ်နတ်ဘုရားတစ်ပါး အသက်ရှိစဉ်က သွေးများဖြင့် ဖုံးလွှမ်းနေသကဲ့သို့ပင်။
ဒီအခိုက်အတန့်တွင် ကျား၏မျက်လုံးများသည် ရုတ်တရက် နီရဲသွားပြီး သူ့အသံထဲတွင်လည်း ခပ်တိုးတိုး ဆို့နှင့်သံလေးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ အမှန်ပင် အံ့ဩစရာ ကောင်းလှပေသည်။
ယုံးကျား ဧကရာဇ်ကလည်း တအံ့တဩ ဖြစ်သွားကာ လွတ်ခနဲ ထုတ်ပြောလိုက်တော့သည်။ "တကယ်လို့ ပြောစရာရှိတယ် ဆိုရင်လည်း ပြောလိုက်ပါ !"
...