← Chapters

သရုပ်ဆောင်ကောင်းခြင်း

Vol. 2 Ch. 30

သရုပ်ဆောင်ကောင်းခြင်း

Vol. 2 Ch. 30

လုလင်းသည် သူ့ရင်ထဲက ခါးသီးမှုများကို မျိုချလိုက်သလို ပင့်သက်ရှည်ကြီး တစ်ချက် ရှူရှိုက်လိုက်၏။ "အဲဒီတုန်းက ကျွန်တော့်ဇနီးက ရှောင်ယွိကို မွေးတုန်းက မီးဖွားရခက်ခဲတာနဲ့ မျက်နှာကိုမြင်ပြီး ဆုံးပါးသွားခဲ့တယ်လေ။ သူ မသေခင်မှာ ကျွန်တော်မျိုးက သူ့အမေကို ကတိပေးခဲ့တယ်။ ကျွန်တော် သမီးကို တစ်စက်ကလေးမှ အမှားအယွင်း ခံအောင်ဖြစ်မှာ မဟုတ်ဘူးလို့"

"ရှောင်ယွိက မတရားခံစားရမှာစိုးလို့ ကျွန်တော်မျိုးလည်း နောက်အိမ်ထောင် လုံးဝမပြုခဲ့ဘူး။ ကျွန်တော့်သမီးကို ပြုစုပျိုးထောင်ဖို့ အဖေလိုရော အမေလိုပါ ကြိုးစားအားထုတ်ခဲ့တယ်။ ရှောင်ယွိက ကျွန်တော့်မျက်လုံးထဲမှာတော့ ကျွန်တော့်ရဲ့ အသက်သွေးကြောပါပဲ"

"ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ မျက်လုံးထဲမှာ ရယ်စရာတစ်ခု ဖြစ်လာမှာလည်း မကြောက်ပါဘူး။ တခြားလူတွေရဲ့ အိမ်မှာ အဖေတွေက ကြင်နာပြီး သားသမီးတွေက ရိုသေကိုင်းရှိုင်းကြတယ်။ ကျွန်တော်တို့ လုမိသားစုအိမ်မှာတော့ ရှောင်ယွိက ဆုံးဖြတ်ချက် ချတဲ့သူပဲ။ အသက်၇နှစ် ၈နှစ် အရွယ်ကတည်းက သူက မိသားစု တာဝန်ကို ထမ်းဆောင်လာခဲ့တာ။ ကျွန်တော်ကလည်း သူ့စကားကို နားထောင်ရတယ်။ တကယ်လို့ သူက ကောင်းကင်ဘုံကို တက်ချင်တယ်။ လမင်းကြီးကို လိုချင်တယ်ဆိုရင် ကျွန်တော်ကလည်း လှေကားတစ်စင်းငှားပြီး သူ့အတွက် အဲဒီလမင်းကို ခူးဆွတ်ပေးမှာပါ"

"သူကလည်း တဖြည်းဖြည်း အရွယ်ရောက်လာပြီ။ လက်ထပ်ရမယ့် အရွယ်လည်းရောက်နေပြီ။ သူက တခြားသူရဲ့ အိမ်ကို ချွေးမတစ်ယောက်အနေနဲ့ လက်ထပ်သွားတော့မှာကို စဉ်းစားမိတဲ့အခါ အနာဂတ်မှာ သူ့ကိုအလွယ်တကူ မြင်တွေ့ရတော့မှာ မဟုတ်ဘူးလို့ စဉ်းစားမိလိုက်တော့ ကျွန်တော့်ရင်ထဲမှာ ကျွန်တော့်နှလုံးသားထဲကို ထုတ်ယူသွားသလိုပဲ မသက်မသာ ဖြစ်ရပါတယ်"

မူလက သရုပ်ဆောင်ချင်တာဖြစ်သော်ငြားလည်း စကားပြောလာရသည့် အချိန်တွင်တော့ သူခံစားချက် အစစ်အမှန်များက လှုပ်ရှားသွားစေတော့သည်။

လုလင်း၏မျက်လုံးများသည် ရုတ်တရက် လုံးဝကိုနီရဲသွားပြီး မျက်ရည်များဖြင့် လင်းလက်လာတော့၏။ "ဒါကြောင့် ကျွန်တော်မျိုးလည်း စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သမီးကို ချွေးမအနေနဲ့ ပို့လိုက်မှာမဟုတ်ဘဲ အိမ်ပါသမက် တစ်ယောက်ကိုပဲ ဖိတ်ခေါ်ဖို့ စဉ်းစားထားပါတယ်။ နောက်ဆိုရင် ကျွန်တော်မျိုးမှာ လုမျိုးနွယ် မြေးတစ်ယောက် ရှိလာပြီး လုမိသားစုကိုလည်း ဆက်ခံခိုင်းမှာပါ"

"ဒါက ဖခင်အရင်း တစ်ယောက်အနေနဲ့ နည်းနည်းလေးတော့ အတ္တကြီးရာ ကျပါတယ်။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

ထိုသို့ပြောလိုက်ပြီးနောက် လုလင်းသည် ထရပ်ကာ ဦးညွှတ်အရိုအသေပေး လိုက်လေသည်။

ယုံးကျားဧကရာဇ်သည် ထိတ်လန့်မှုမှ သတိပြန်မလည်လာနိုင်သေးဘဲ သက်ပြင်းချလိုက်ကာ အလိုလိုလက်ဆန့်ပြီး လုလင်းကိုတွဲထူ ပေးလိုက်တော့၏။ "ကျေးဇူးပြုပြီးတော့ မြန်မြန်ထပါ"

လုလင်ကလည်း ထရပ်ဖို့ရန် ငြင်းဆန်လိုက်ကာ ဆက်တိုက် ဦးညွှတ်တောင်းဆိုနေပြီး ခဏအကြာတွင် ထရပ်လိုက်ပြီးနောက် ယုံးကျားဧကရာဇ်ကို ကြည့်လိုက်လေသည်။ "ဒီလိုဆိုရင်တော့ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရှက်ရွံ့မိပါတယ်"

ယုံးကျား ဧကရာဇ် "..."

ယုံးကျားဧကရာဇ်သည် မျက်နှာပြောင်လွန်းလျှင်ပင် ဒီတစ်ကြိမ်တွင်တော့ သူ့မျက်နှာပေါ်၌ ပူနွေးသွားသည့် ခံစားချက်တစ်ခု ဖြစ်သွားတော့၏။

ဟုတ်ပါတယ်လေ။ ရှင်းယန်ဝမ်မှာ မွေးစားသား မွေးစားသမီးတွေ အများကြီးရှိပေမယ့် တကယ် သွေးသားကတော့ တစ်ယောက်တည်းပဲရှိတာ။ လူတွေက သူတို့သမီးကို လက်ထပ်ပေးဖို့နှမြောပြီး အိမ်ပါသမက်ခေါ်ပြီး လုမိသားစုရဲ့ အမွေအနှစ်ကို ဆက်ခံစေချင်တာ ဘာမှားလို့လဲ။

ဒီလိုဆိုရင်တော့ လုမင်ယွိက မင်းသမီးတစ်ပါး ဖြစ်လာတော့မှာ မဟုတ်ဘူး။

ယုံးကျားဧကရာဇ်သည် သူ့စိတ်ကိုတည်ငြိမ် အောင်ထားလိုက်ပြီး သူ့အသံကိုလည်း ဖြည်းဖြည်းခြင်း ထုတ်ပြောလာခဲ့၏။ "ကျုပ်နဲ့ အမတ်မင်းတို့တွေ သီးသန့် ချစ်ချစ်ခင်ခင် စကားပြောခဲ့ကြတယ်။ ကျုပ်က မူလတုန်းကတော့ မကောင်းတဲ့သား တချို့ရှိတယ်လို့ ထင်ထားခဲ့မိတာ။ မင်းနဲ့ ဆွေမျိုးတော်စပ်ရရင် ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခု ဖြစ်လိမ့်မယ်"

"မင်းက အိမ်ပါသမက်ခေါ်ယူလိုတဲ့ ရည်ရွယ်ချက်ရှိပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခါမှ ထုတ်မပြောလာခဲ့ဘူးလေ"

လုလင်၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှု ကျေးဇူးတင်မှု အပြစ်တင်စိတ်နှင့် ကိုယ့်ဟာကိုယ် အပြစ်တင်စိတ်များ ဖော်ပြနေပြီး သူ့အသံကလည်း ဆို့နှစ်လို့နေသည်။ "ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

သာမန်အသိအရ ဆိုလျှင်တော့ ဧကရာဇ်သဘောကျရသည့် မိန်းကလေးတစ်ဦးနှင့် လက်ထပ်ခြင်း ကြီးမားစေသည့် ကံကောင်းခြင်းတစ်ခုပင်။ လွန်ခဲ့သည့် နှစ်နှစ်ရာကတည်းက ရှင်ဘုရင် တဒါဇင်ကျော်ရှိခဲ့ရာ ထိမ်းမြှားခြင်းကို ခွင့်ပြုပေးခြင်းကလည်း ရှားပါးသည့် ကိစ္စမဟုတ်ချေ။ သို့သော်ငြား အမိန့်တော်ကို ဆန့်ကျင်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ချေ။

ဒီနေ့တွင်တော့ ယုံးကျားဧကရာဇ်သည် ပါးစပ်ကို ဖွင့်လိုက်ချိန်မှာပင် သူ့စကားလုံးများမှာ ပိတ်ဆို့ခံခဲ့ရလေသည်။

စိတ်သဘောထား သေးသိမ်သည့် ဘုရင်တစ်ပါးအဖြစ်သို့ ပြောင်းလဲလိုက်မယ်ဆိုရင် ဒါသည် ဒေါသထွက်ရပြီး မကျေမနပ် ဖြစ်ရမည့်ကိစ္စဖြစ်ကာ စိတ်ထဲတွင်လည်း သေချာပေါက် အငြိုးအတေးတစ်ခု တေးထားမိပေတော့မည်။ အကယ်၍ နှလုံးသားက သေးငယ်လျှင်လည်း ရှက်ရွံ့ပြီးရင်း ရှက်ရွံရပေတော့မည်။

ယုံးကျားဧကရာဇ်သည် အမှန်ပင် စိတ်သဘောထားကြီးမားခဲ့၏။ သူသည် လုံးဝမပျော်မရွှင် မဖြစ်သွားဘဲ လုလင်းကို နှစ်သိမ့်ပေးဖို့ရန် အရင်ဦးဆုံးပင် ထုတ်ပြောလာခဲ့သေးသည်။ "ကျုပ်ကလည်း အရမ်းလွဲသွားတယ်။ မမေးမစမ်းနဲ့ အရင်ဆုံး ဖွင့်ပြောလိုက်မိတယ်"

"မင်းကျုပ်ရဲ့ သားတော်နှစ်ယောက်ကို ဂရုစိုက်စရာ မလိုပါဘူး"

...နေအုံး။ ကောင်းစုတ်လေး နှစ်ယောက်ဟုတ်လား !

လုလင်း၏ အမူအရာမှာ အေးခဲသွားလေတော့သည်။

ယုံးကျားဧကရာဇ်က ချောင်းဟန့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "မင်းလည်း အဲဒီအကြောင်းကို ကြားဖူးပြီးပါပြီ။ ဟုတ်တယ်မလား။ ကျုပ်ရဲ့ဒုတိယသားတော်နဲ့ တတိယသားတော်တို့က စတုတ္ထသခင်မလေးလုကို နှစ်သက်မြတ်နိုး နေကြတယ်လေ။ ကျုပ်ကလည်း အစတုန်းကတော့ မောင်မင်းရဲ့စိတ်ကို အရင်ဆုံး မေးမြန်းရဦးမယ်လို့ စဉ်းစားထားတာ။ မောင်မင်းက ဘယ်သူ့ကို သဘောကျပါစေ ကိစ္စမရှိပါဘူး။ မင်္ဂလာလက်ဖွဲ့တချို့ကလည်း တခြား တစ်ယောက်ရဲ့စိတ်ထဲကနေ လုံးဝဖယ်ရှား ပေးနိုင်ပါတယ်"

လုလင်း "..."

တတိယမင်းသား လီဟောက်က သူ့သမီးအပေါ်ခံစားချက် ရှိနေတယ်ဆိုတာကိုပဲ သိထားတာလေ။

ဒုတိယမင်းသား ကိစ္စက ဘယ်ကနေ ရောက်လာတာလဲ။

"စိတ်ချပါ။ ကျုပ် ဒီနေ့ မောင်မင်းကိုပြောတဲ့ စကားကို မောင်မင်းတစ်ယောက်ပဲ သိမှာပါ။ တတိယလူကို ဘယ်တော့မှ ထပ်ဆင့်ပြီး ပြောမှာမဟုတ်ဘူး" ယုံးကျားဧကရာဇ်၏ အသံမှာတစ်ဖန် ထွက်ပေါ်လာခဲ့သည်။ "ကျုပ်က ဒီကိစ္စကို မောင်မင်းတစ်ယောက်တည်းကိုပဲ ပြောပြရလိမ့်မယ်။ ဒီကိစ္စကို မိဖုရားခေါင်ကိုတောင်မှ တစ်ခွန်းမှ ပြောပြမှာမဟုတ်ဘူး"

တကယ်လို့ ဒီကိစ္စသာ သတင်းပြန့်သွားမယ် ဆိုရင် အပျိုဆောင်ထဲက အမျိုးသမီးလေးရဲ့ ဂုဏ်သတင်းကလည်း ပျက်စီးသွားလိမ့်မယ်။

လုလင်းသည် သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေသည့် အတွေးများကို ဖိနှိပ်ထားလိုက်ပြီး လက်နှစ်ဖက်ယှက်ကာ တစ်ဖန်ဦးညွှတ် အရိုအသေပေးလိုက်၏။ "အရှင်မင်းကြီးက ကျွန်တော်မျိုးကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံပေးတဲ့အတွက် ကျွန်တော်မျိုး တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်"

ယုံးကျားဧကရာဇ်ကလည်း အားရပါးရ ရယ်မောလိုက် လေတော့သည်။ "ရှိပါစေတော့လေ။ ဒီအကြောင်းကို မပြောတော့ဘူး။ ကျုပ် မင်းအတွက် စားသောက်ပွဲတစ်ခု ပြင်ဆင်ပေးထားမယ်။ ဒီနေ့တော့ ညနေစာ ကျုပ်ကိုအဖော်ပြုပြီးတော့ အတူတူစားလိုက်"

ယခင်စစ်တန်းလျားထဲတွင် နန်းတွင်းကဲ့သို့ စည်းမျဉ်းစည်းကမ်းများ အများကြီးမရှိခဲ့‌ ချေ။ အုပ်ချုပ်သူနှင့် အမတ်မင်းများက အတူတကွ စားသောက်သည်ကလည်း သာမန်မျှသာ ဖြစ်လေသည်။

လုလင်းကလည်း အလွယ်တကူ လက်ခံခဲ့တော့၏။

...

ကျင့်ရန်နန်းဆောင်

လီဟောက်သည် လက်နောက်ပစ်ထားကာ ပြတင်းပေါက်ဘေးနားတွင် ရပ်နေပြီး သူ၏မျက်လုံးထဲတွင်လည်း စိုးရိမ်မှုတစ်ခု ရှိလို့နေသည်။

ငယ်ရွယ်သည့် အစေခံလေးသည် အိပ်ဆောင်ထဲသို့ ညင်ညင်သာသာ ဝင်လာခဲ့ပြီး လေသံတိုးတိုးဖြင့် သတင်းလာပို့၏။ "အရှင်မင်းကြီးက ရှင်းယန်ဝမ်ကို တစ်ယောက်တည်း ဆင့်ခေါ်ခဲ့ပြီး သူ့ကိုတော်ဝင်ထမင်းပွဲ တစ်ခုပြင်ဆင်ပေးခဲ့ပါတယ်။ ရှင်းယန်ဝမ်ကိုလည်း အတူတူစားဖို့ အမိန့်ပေးခဲ့ပါတယ်"

လီဟောက်၏ မျက်လုံးများသည် လင်းလက်သွားပြီး သူ၏တွန့်ချိုးနေသည့် မျက်ခုံးများမှာ ပြေလျော့သွားကာ သူ့နှုတ်ခမ်းထောင့်များကလည်း ကွေးတက်လာ လေတော့သည်။

သခင်သည် စိတ်အခြေအနေ ကောင်းမွန်လာပြီဖြစ်သဖြင့် ရှောင်နျန်ကလည်း စနောက်ကာ ရယ်ရယ်မောမော ပြောဆိုဝံ့လာခဲ့သည်။ "အရှင်မင်းသား နောက်ဆုံးတော့ လိုချင်တာရသွားပြီ"

လီဟောက်ကပြုံးကာ ရှောင်နျန်ကို လှမ်းကြည့်လိုက်ပြီး "လက်ထပ်ဖို့ တော်ဝင်အမိန့်စာက မထုတ်ပြန်ရသေးဘူး။ ဒီတော့ ဒီလိုပြောဖို့ စောလွန်းသေးတယ်။ တခြားသူတွေရှေ့မှာ လျှောက်မပြောနဲ့"

ထိုနောက်တွင်တော့ သူသည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ထပ်ပြောလာခဲ့သည်။ "မူချင်းက မေးလာတယ်ဆိုရင်တောင် မပြောနဲ့"

အကြောင်းအရင်းတချို့ကြောင့် စူးကျောင်းရုံသည် လုမင်ယွိကို ကြောက်ရွံ့ကာ ရန်လိုနေခဲ့၏ ... လုမင်ယွိ၏ အံ့ဩစရာကောင်းသည့် ဂုဏ်အောက်က စူးကျောင်းရုံကို ထိတ်လန့်သွားစေခြင်းသာ ဖြစ်ရမည်။

လုမင်ယွိသည် နောက်ပိုင်း လက်ထပ်ပြီးဝင်ရောက်လာချိန်တွင် စူးကျောင်းရုံကလည်း သူ၏ချွေးမကောင်းလေးက မည်သို့သောသူမျိုးဖြစ်သည်ကို သိလာပေလိမ့်မည်။

လုမင်ယွိက သူ့အပေါ် အေးစက်နေခြင်းကတော့ ... မိန်းကလေး၏စိတ်သည် ခန့်မှန်းရ ခက်ခဲလှပြီး တစ်ခါတစ်ရံ စိတ်ဆိုးဒေါသထွက်သည်ကလည်း ရှောင်လွှဲလို့ ရနိုင်သည်မဟုတ်ချေ။ သူမ၏စိတ်ထဲတွင်တော့ သူ့ကို အမြဲတမ်း ရှိနေသည်ပင်။

မင်္ဂလာကိစ္စ ဆုံးဖြတ်သွားပြီးလျှင် သူသည် ရှင်းယန်ဝမ် အိမ်တော်သို့ ဂုဏ်သိက္ခာရှိရှိဖြင့် သွားရောက်နိုင်ပေတော့မည်။ အချိန်တန်လာလျှင် ခါးကိုင်းပြီး ခေါင်းငုံကာ သူမကို အဖော်ပြုပေးရင်း ချော့မော့နိုင်ပေလိမ့်မည်။

ရှောင်နျန်ကလည်း ပြုံးကာပြန်ဖြေလိုက်၏။ "စိတ်မပူပါနဲ့ အရှင်မင်းသား။ ကျွန်တော်မျိုးရဲ့ပါးစပ်က သေချာပေါက်လုံပါတယ်"

လီဟောက်သည် စိတ်ကောင်းဝင်နေပြီး ရုတ်တရက် ဗိုက်ဆာလာသလို ခံစားလိုက်ရကာ ပါးစပ်ကိုဖွင့်ဟကာ အမိန့်ပေးလိုက်တော့၏။ "ရှောင်နျန် စားပွဲပြင်တော့"

ရှောင်နျန်ကလည်း အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်၏။

ချန်ချန်းနန်းဆောင်ထဲတွင် အစေခံလေး ရှောင်ရှီးသည် တိုးတိုးတိတ်တိတ် ဝင်ရောက်လာကာ ဒုတိယမင်းသားကို လာရောက် သတင်းပို့လေသည်။

ဒုတိယမင်းသားက မသိမသာခေါင်းငြိမ့်ပြလိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "ဝမ်ဟွားခန်းမရဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီးစောင့်ကြည့်ထား"

ဂုဏ်ပြုစကားသံလေးများ ထွက်ပေါ်လာပြီး ပြန်မထွက်ခင်တွင် သူသည်မျက်လုံးကို တိုးတိုးတိတ်တိတ်ပင့်ကာ သခင်ဖြစ်သူကို လှမ်းကြည့်လိုက်၏။

တောက်ပလှသည့် နေရောင်ခြည်သည် ပြတင်းပေါက်မှ ဖြာကျလာပြီး ဒုတိယမင်းသား၏ ဖော်မပြတတ်လောက်အောင် ချောမောလှပသည့် မျက်နှာပေါ်သို့ ကျရောက်နေခဲ့သည်။ ထို မျက်ဝန်းနက်နက်များကလည်း ရှင်းမပြတတ်သည့် အလင်းရောင်တစ်ခုဖြင့် လင်းလက်လို့နေ၏။

သခင်ကဘာတွေ စဉ်းစားနေပါလိမ့်။

အခု ပျော်နေတာလား မပျော်တာလား။

ရှောင်ရှီးသည် နှုတ်ဆိတ်စွာဖြင့် ပြန်ထွက်သွားလေတော့သည်။

...

လုမင်ယွိကတော့ တစ်နေ့လုံး စောင့်ဆိုင်းလာခဲ့ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် အလျင်လိုနေခြင်း မရှိချေ။

ဟုတ်ပါသည်။ သူမသည် သူမ၏မွေးဖခင်ကို ယုံကြည်ပေသည်။

သူမသည် ယုံးကျားဧကရာဇ်ကိုလည်း ယုံကြည်မှုရှိလေသည်။

သူမ၏ အတိတ်ဘဝတွင် ချွေးမ၅ယောက်ထဲတွင် ယုံးကျားဧကရာဇ်သည် သူမကိုအလေးစားဆုံး အချစ်ခင်ဆုံးဖြစ်ခဲ့သည်။ သူမကလည်း သူမ၏ယောက္ခမကို အလွန်တရာ လေးစားခဲ့လေသည်။

ယုံးကျားဧကရာဇ်သည် ပါးနပ်ထက်မြက်ကာ ဆုံးဖြတ်ချက် ပြတ်သားပြီး ရဲရင့်ကာ တိုက်ရည်ခိုက်ရင်လည်း ကောင်းမွန်လာသည်။ ပိုပြီးရှားပါးလှသည်မှာ သူသည် သဘောထားကြီးမြတ်သူ ဖြစ်ကာ သူ၏ မှူးမတ်အရာရှိများအပေါ်တွင်လည်း ကိုယ်ချင်းစာတရားရှိပြီး စစ်သည်ရဲမက်များနဲ့ ပြည်သူများကိုလည်း တန်ဖိုးထား ချစ်မြတ်နိုးလေသည်။ သူ့တွင် အချစ်ရဆုံး မိဖုရားတစ်ယောက် ရှိသော်ငြားလည်း သူ၏ ပဏာမဇနီးသည်ကိုတော့ သတ်ဖြတ်ခဲ့ခြင်း မရှိချေ။

အကြီးဆုံးသားကို မျက်နှာသာပေးကာ ချစ်မြတ်နိုးသည့် ပြဿနာကို ဖယ်ထားလိုက်ပြီဆိုလျှင် ယုံးကျားဧကရာဇ်သည် အမှန်ပင် ဘုရင်ကောင်းတစ်ပါးဖြစ်ပေသည်။

လုလင်းက သူ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောပြပြီး သမက်တစ်ယောက်ကို အိမ်ခေါ်ယူချင်သည်ဟု ပြောလာခဲ့လျှင် ယုံးကျားဧကရာဇ်၏ စိတ်နေသဘောထားအရဆိုလျှင် သူသည် လုမိသားစုကို အပြစ်တင်လိမ့်မည် မဟုတ်ချေ။

ညနေပိုင်းတွင်တော့ လုလင်းသည် နန်းတော်မှနေ၍ ပြန်ရောက်လာခဲ့၏။

လုမင်ယွိက သူ့ကို အလျင်အမြန် တွေ့ဆုံရန် ရှေ့သို့တိုးလာကာ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "အဖေ ကိစ္စပြီးသွားပြီလား"

လုလင်းက ခေါင်းငြိမ့်ပြလိုက်၏။

လုမင်ယွိကလည်း စိတ်အေးသွားကာ သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။

လုလင်းက ထူးဆန်းသည့် အကြည့်တစ်ခုဖြင့် သမီးဖြစ်သူကို ကြည့်လိုက်ပြန်သည်။ "ရှောင်ယွိ သမီး ဒုတိယမင်းသားနဲ့ ရင်းနှီးသလား"

လုမင်ယွိ "..."

...

All Chapters