← Chapters

အခန်း (၁၀၆၅-၁၀၆၆)

Vol. 63 Ch. 1065-1066

အခန်း (၁၀၆၅-၁၀၆၆)

Vol. 63 Ch. 1065-1066

အပိုင်း (၁၀၆၅)

“မပေးပါဘူး။”

ဂိုဏ်းချုပ်ရန်က ပြောသည်။ “ရှမ့်လန် သမီးကို ဘာတွေပြောခဲ့လဲဆိုတာ အဖေ သေချာမသိပေမဲ့ သူပြောခဲ့တာတွေက အမှန်တရား ဆိုတာကိုတော့ အဖေ အတည်ပြုပေးနိုင်တယ်။ အဖေက ရှင်းပြမှာ မဟုတ်သလို ဆင်ခြေပေးမှာလည်း မဟုတ်ဘူး။ အဖေ လုပ်ခဲ့တာတွေက လုပ်ခဲ့တာတွေပဲ။ တကယ်တော့ သူပြောတာထက်တောင် ပိုပြီး ယုတ်မာတဲ့ ကိစ္စတွေကို လုပ်ခဲ့သေးတယ်။”

ရန်ယင်ယင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။ သူမ၏ နောက်ဆုံးမျှော်လင့်ချက်လေးက ငြိမ်းသတ်သွားခဲ့ပြီ ဖြစ်၏။ သူမက အပြတ်သားဆုံး ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီး ရှမ့်လန်ကို အပြည့်အဝ ယုံကြည်ခဲ့သော်လည်း ‘ရှမ့်လန် ရူးသွပ်နေပါစေ။ ရှမ့်လန် လိမ်ညာခြင်း ဖြစ်ပါစေ’ ဟု မျှော်လင့်ခဲ့မိ၏။ သူမ၏ အဖေက တိရစ္ဆာန်ထက် ဆိုးဝါးသည့် နတ်ဆိုးတစ်ကောင် မဟုတ်ပါစေနှင့်ဟု သူမ မျှော်လင့်ခဲ့မိသေး၏။

“ဟူး...”

ရန်ယင်ယင်က သက်ပြင်းကိုချ၏။ သူမ၏ နှလုံးသားထဲမှ နာကျင်မှုကို အတတ်နိုင်ဆုံး ဖိနှိပ်သည်။

“အဖေ.. ဒီအချိန်ကစပြီးတော့ ရန်ထောင်က သမီးနဲ့ တစ်ချိန်လုံးအတူ ရှိနေလိမ့်မယ်။ သူ့သမီး မျက်စိရှေ့ ကနေ ပျောက်သွားတာပဲဖြစ်ဖြစ်၊ သူ့ကို တစ်ခုခုဖြစ်အောင် လုပ်တာပဲဖြစ်ဖြစ် သမီး ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်။”

ရန်ယင်ယင်က ပြော၏။ “အဖေက တစ်စုံတစ်ရာသော ကူပိုးကောင်ကို မွေးမြူဖို့ သမီးရဲ့အသက်နဲ့ ခန္ဓာကိုယ်ကို အသုံးပြုခဲ့တယ်။ ဒါက လောကရဲ့ နံပါတ်တစ် ကူပိုးကောင် ဖြစ်လောက်တယ်။ လူတွေကို တုန်လှုပ်စေလောက်အောင် ကြောက်စရာ ကောင်းလိမ့်မယ်။ သမီး သေသွားတာနဲ့ သမီးရဲ့ ခန္ဓာကိုယ်ထဲက လောကရဲ့ နံပါတ်တစ် ကူပိုးကောင်ကလည်း သေသွားလိမ့်မယ်။ ပြီးတော့ အဖေ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်။”

ဂိုဏ်းချုပ်ရန်က သူ၏သမီးကို တစ်ချက်ကြည့်၏။ ပြီးနောက် ဖြည်းညင်းစွာ ပြောသည်။ “သမီး.. တကယ့်ကို အဖေ့သမီးပါပဲ။ ရန်သူက ကိုယ့်အဖေ ဖြစ်နေတာတောင် ရန်သူ့အားနည်းချက်ကို ဒီလောက်မြန်မြန် ရှာတွေ့နိုင်လောက်အောင် ဉာဏ်ကောင်းတယ်။ အခု အဖေ တကယ် သိချင်လာပြီ။ ရှမ့်လန်ရဲ့ ကိုယ်ကျိုးမငဲ့တဲ့ လုပ်ရပ်တွေက တခြားသူတွေကို အလွယ်တကူ ကူးစက်နိုင်တာလား။ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ကိုတောင် ရူးသွပ်စေပြီး ဘာမှပြန်လိုချင်စိတ်မရှိအောင်၊ တစ်ဖက်လူကို ကူညီဖို့ ကိုယ့်အသက်ကို စွန့်စားရဲလောက်အောင် နည်းဆောင်လမ်းပြနိုင်ခဲ့တာလား။”

ရန်ယင်ယင်က ပြော၏။ “အဖေ.. အဖေက ဒီလိုလူမျိုး မဟုတ်တော့ အဖေ နားလည်မှာ မဟုတ်ဘူး။”

“ဟား ဟား ဟား ဟား...”

စေတီတောင်၏ ဂိုဏ်းချုပ်က ပြောသည်။ “အဖေ နားမလည်ဘူး။ ပြီးတော့ နားမလည်တာကလည်း အဖေ့ရဲ့ ကံကောင်းမှုပဲ။ ဘာလို့လဲဆိုတော့ နားလည်တဲ့လူတွေအားလုံးက သေကုန်ကြလို့ပဲ။ နားမလည်တဲ့ လူတွေအားလုံးက အသက်ရှင်နေကြတယ်။ တော်ဝင်ရန်အင်ပါယာ၊ ရင်ကွမ်း.. ပြီးတော့ အဖေ။”

ဂိုဏ်းချုပ်ရန်က သူ၏ နှာခေါင်းထိပ်ကို ကုတ်၏။ သူ၏သမီးကို နောက်တစ်ကြိမ် ကြည့်ကာ ပြော၏။ “ကောင်မလေး.. ဪ မဟုတ်သေးဘူး။ ရန်ယင်ယင်.. အဖေနဲ့ ရှမ့်လန်ကြားမှာ သမီးက ရှမ့်လန်ကို ရွေးချယ်ပြီး အဖေ့ကို သစ္စာဖောက်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါဆိုရင် သမီးက အဖေ့ရဲ့ သမီးမဟုတ်တော့ဘူး။ သမီးက ကူပိုးကောင်တွေရဲ့မိခင်၊ နံပါတ်တစ် ကူပိုးကောင်တွေရဲ့ မိခင်သက်သက်ပဲ။ ဒီလိုဆိုရင် သမီးက သန့်စင်တဲ့ ကူပိုးကောင် မိခင်အဖြစ်ပဲ နေရတော့မယ်။ အဖေ့ကို သစ္စာဖောက်ပြီး ဘယ်သူမှ ဒဏ်ရာ အနာတရမရှိဘဲ မနေနိုင်ကြဘူး။ သမီးအမေကို မှတ်မိလား။”

မင်းသမီး ရန်ယင်ယင်က ပြောသည်။ “ဒါပေါ့.. မှတ်မိတာပေါ့။ ပြိုင်ဘက်ကင်း လမ်းလျှောက်နေတဲ့ အလှပဆုံးသော မိန်းမတစ်ယောက်လေ။”

“ဟား ဟား ဟား။”

စေတီတောင် ဂိုဏ်းချုပ်က အရာအားလုံးကို လျစ်လျူရှုထားသည့် ပုံစံမျိုးဖြင့် ပြော၏။ “ယင်ယင်.. သမီးရဲ့ စိတ်ထဲမှာ အဖေက နတ်ဆိုးတစ်ကောင်လို ဖြစ်နေလောက်တယ်။ လူလို့ ခေါ်ဖို့တောင် မတန်ဘူး ဖြစ်နေမှာပဲ။”

ရန်ယင်ယင်က ပြောသည်။ “အမှန်တရားက ဘာလဲ။ သမီး မှားနေလို့လား။”

စေတီတောင် ဂိုဏ်းချုပ်က ပြော၏။ “ဟုတ်တယ်။ သမီးရဲ့ ခံစားချက်က မှားနေတယ်။ အဖေက သမီး ထင်ထားတာထက် ပိုပြီး ရက်စက်ပြီး ယုတ်မာတတ်တဲ့ လူပဲ။ ကဲ.. သမီး အဖမ်းခံမလား။ ဒါမှမဟုတ် အဖေ ကိုယ်တိုင် ဖမ်းရမှာလား။”

ရန်ယင်ယင်က ပြောသည်။ “ဒါပေါ့.. အဖေ လုပ်စရာ မလိုပါဘူး။ သမီးရဲ့ထောင်က ဘယ်မှာလဲဆိုတာ ပြောပြရုံပဲ။ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်သွားလိုက်ပါ့မယ်။ ပြီးတော့ ရန်ထောင်ကလည်း သမီးနောက် လိုက်ရလိမ့်မယ်။”

စေတီတောင် ဂိုဏ်းချုပ်က ပြော၏။ “သမီး.. အဲဒီထောင်ကို ကြိုက်မှာပါ။ အဲဒီနေရာက အရမ်းကို သန့်ရှင်း သပ်ရပ်တယ်။ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်တယ်။ ပြီးတော့ အထက်၊ အောက်၊ ဘယ်ညာ ဆိုတဲ့ အာရုံခံစားမှုလည်း မရှိဘူး။ အာရုံခံစားမှုလည်း မရှိဘူး။ ရှမ့်လန်က အဲဒီနေရာကို မြင်ဖူးတယ်။”

ပြီးနောက် ဂိုဏ်းချုပ်ရန်က သူ၏သမီးကို ထပ်မကြည့်တော့ချေ။ သူက စွမ်းအင်ဝဲကတော့ဆီသို့ နောက်တစ်ကြိမ် သွား၏။ စွမ်းအင်ဝဲကတော့ကို သေသေချာချာ ကြည့်ပြီးနောက် လက်လှန်း၍ ထိချင်စိတ်ပင် ဖြစ်ပေါ်သည်။

အချိန်အတော်ကြာပြီးနောက် ဂိုဏ်းချုပ်ရန်က ဖြည်းညင်းစွာ ပြော၏။ “ရှမ့်လန်.. မင်းကြားရလား၊ မကြားရလား မသိဘူး။ ဒါပေမဲ့ ငါပြောအုံးမယ်။ နုရှောင့်မြို့တော်က ငါ့ရဲ့ နဂါးနောင်တ နှစ်ခုကို ခိုးသွားတယ်။ ဒါပေမဲ့ မင်းပြန်မရောက်သရွေ့ အဲဒါတွေကို ပြစ်လွှတ်နိုင်မှာ မဟုတ်ဘူး။ မင်းငါ့လက်ထဲက လွတ်သွားတယ်ဆိုတာနဲ့ နုရှောင့်မြို့တော်က အကာအကွယ် ဆုံးရှုံးသွားပြီ။ ၁၀ ရက်အတွင်း မင်းရဲ့ နုရှောင့်မြို့တော်ကို ဖျက်ဆီးဖို့ စွမ်းအားကြီးမားတဲ့ စေတီတောင် တပ်တော်ကို ငါ စုစည်းမယ်။ ၁၀ ရက်.. ၁၀ ရက်ပဲ။

မင်းမရှိရင် နုရှောင့်မြို့တော်က ငါ့ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမယ်လို့ ထင်လား။ ငါ့ရဲ့ တပ်တော်က နင်ဟန်ရဲ့ ရေတပ်ထက် ဘယ်နှစ်ဆ ပိုပြီး စွမ်းအားကြီးမားတယ်လို့ မင်းထင်လဲ။ သုံးဆ.. ငါးဆ.. ဆယ်ဆလား။ နဂါးနောင်တသာ မရှိရင် နုရှောင့်မြို့တော်က အကြိမ်တစ်ရာလောက် ပျက်စီးသွားလောက်ပြီ။ ဒီတစ်ခါရော ဘယ်လိုလဲ။ ၁၀ ရက်... ၁၀ ရက်ပဲ.. မင်းသာ ထွက်မလာရင် နုရှောင့်မြို့တော် မြေလှန်ခံရလိမ့်မယ်။”

ပြီးနောက် စေတီတောင် ဂိုဏ်းချုပ်က အမိန့်ပေး၏။ "အဲဒီစွမ်းအင်ဝဲကတော့ကို အချိန်ပြည့် စောင့်ကြည့်ထား။ တစုံတစ်ယောက် ထွက်လာတာနဲ့ လူပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ချက်ချင်း ဖျက်ဆီးပစ်။”

“ကောင်းပါပြီ။”

“တွေ့ကြသေးတာပေါ့ ရှမ့်လန်.. ဒါမှမဟုတ်ရင် မတွေ့ရတော့ဘူးပေါ့။ ငါ့ရဲ့တပ်တော်ကို သွားပြီး စုစည်း တော့မယ်။ မင်းရဲ့ ခေတ်စားနေတဲ့ စကားလုံးကို သုံးရရင် နုရှောင့်မြို့တော်ကို လောကမြေမျက်နှာပြင်ကနေ ဖျက်ဆီး သုတ်သင်ပစ်မယ်။”

.................

စေတီတောင် ဂိုဏ်းချုပ်၏ စကားများကို ရှမ့်လန်က ကြားနိုင်သည်လား။ သူကြားနိုင်၏။ သူက စွမ်းအင် ဝဲကတော့ကို ဖြတ်သန်းသည့် အချိန်တွင်တောင် ကြားနိုင်၏။ မြင်နိုင်၏။ အဘယ်ကြောင့်ဆိုသော် စွမ်းအင်ဝဲကတော့က တစ်ဖက်ထဲကိုသာ ထွင်းဖောက် မြင်နိုင်သောကြောင့်ပင်။ သူက ရန်ထောင်၏ မျက်နှာကို မြင်ရ၏။ ရန်ယင်ယင်၏ မျက်နှာပေါ်မှ သေးငယ်သည့် အမူအရာလေးတွေနှင့် သူမ၏ မျက်လုံးထဲမှ အရိပ်အယောင်များကိုပင် မြင်ရ၏။

တကယ်တော့ မင်းသမီး ရန်ယင်ယင်က ထင်မှတ်ထားသည်ထက် စောပြီး ရှမ့်လန်ကို သိခဲ့ခြင်းပင်။ အများကြီး စောသိသည်ဟုတောင် ပြော၍ရ၏။ သူမက နေ့အလင်းရောင်ကို မမြင်ရသည့် လူတစ်ယောက်၊ သူမက မြေအောက် ဂူသင်္ချိုင်းထဲတွင် အမြဲနေပြီး မည်သည့်နေရာကိုမှ မထွက်ခွာသလောက်ပင်။ ထိုသို့ဆိုလျှင် သူမက ဘာလုပ်နိုင်သနည်း။ စာဖတ်သည်ပေါ့။

မင်းသမီး ကျိနင်လည်း ဤကဲ့သို့ပင် သူမက စာဖတ်၏။ မှန်ကလည်း ဤအတိုင်းပင် နေ့တိုင်း စာဖတ်၏။ ဟုတ်ပေ၏။ သူက သူ့ကိုယ်သူ ယှဉ်ပြိုင်ပြီး စစ်တုရင် ကစားတတ်သေး၏။ သူ၏ စစ်တုရင် စွမ်းရည်က ပြိုင်ဖက်ကင်းလုနီးပါးပင်။

ရန်ယင်ယင်ကလည်း သဘာဝကျကျ ထိုအတိုင်းပင် ဖြစ်၏။ ထို့ကြောင့် ရန်ယင်ယင်က မာယာမျဉ်းပြိုင်များ စာအုပ်အပါအဝင် ရှမ့်လန် ရေးသမျှ စာအုပ်တိုင်းနီးပါးကို ဖတ်ရှုဖူး၏။ သူမက စိတ်ဝင်တစားနှင့် ဖတ်ရှုခဲ့၏။

ရန်ယင်ယင်က ပါရမီရှင်တစ်ယောက် ဖြစ်၏။ သူမက ဂဏန်းသင်္ချာ အပါအဝင် အရာအားလုံးကို စိတ်ဝင်စား၏။ ထို့ကြောင့် အရောင်လေးမျိုး သီအိုရီကတဆင့် သူမက ရှမ့်လန်ကို သိခဲ့ခြင်းဖြစ်သည်။

တနည်းအားဖြင့် ပြောရမည်ဆိုလျှင် သူမသာ ရှမ့်လန်ကို မသိခဲ့လျှင် သူ၏ စနောက်မှုများကို သည်းခံနိုင်ပါ့ မည်လား။ သူမက ရက်စက်ကြမ်းကြုတ်ပြီး လူသတ်ဖို့ တစ်ချက်ကလေးမှ ဝန်လေးတတ်သူ မဟုတ်ချေ။ သူမသာ ရှမ့်လန်ကို အစောတည်းက သိရှိခဲ့ခြင်း မဟုတ်ပါက သူမ၏ ဂါဝန်ကို ချွတ်ပြီး ထူးဆန်းသည့် ထွင်းဖောက်မြင်နိုင်သော ခန္ဓာကိုယ်ကို ထုတ်ဖော် ပြသပါမည်လား။

ဟုတ်ပေ၏။ တချို့သူများက စာရေးတာ ကောင်းကြသော်လည်း လက်တွေ့ဘဝတွင်တော့ ငတုံးများ ဖြစ်၏။ ရှမ့်လန်က ထိုအထဲမှ တစ်ယောက်ပင်။ ထို့ကြောင့် ရန်ယင်ယင်က စစ်မှန်သည့် ရှမ့်လန်ကို ရှာဖွေတွေ့ရှိရန် စောင့်ဆိုင်းနေခဲ့ခြင်းပင်။ စစ်မှန်သည့် ရှမ့်လန်ပင်။

သို့သော်ငြား အဆုံးသတ်မှာတော့ သူမက သူမ၏လောကကြီး ပေါက်ကွဲစေနိုင်မည့် ဖွင့်ဟ ဝန်ခံချက်ကို ရရှိခဲ့၏။

သူမ အဘယ်ကြောင့် ရှမ့်လန်ကို ကူညီခဲ့ရသနည်း။ တစ်စိတ်တစ်ပိုင်းကတော့ တုန်လှုပ်ဖွယ်ကောင်းသည့် အမှန်တရားကြောင့်ပင်။ သူမ၏အဖေက နတ်ဆိုး၊ သူမ၏အမေပေါ် ယုတ်မာသည့် ကိစ္စရပ်များ လုပ်ခဲ့ရုံသာမက ကူပိုးကောင် မွေးမြူရန် သမီးအရင်းကိုပင် စွန့်လွှတ်ခဲ့၏။ လက်စားချေတာဖြစ်ဖြစ် ၊ ဘာဖြစ်ဖြစ် သူမက ရှမ့်လန်ကို ကူညီချင်သည်။

ဟုတ်ပေ၏။ သူမ ရှမ့်လန်ကို ကူညီရသည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေး၏။ ပါးနပ်ကောက်ကျစ်သည့် မျက်နှာဖုံး နောက်ကွယ်၌ ရှမ့်လန်က ရိုးသားသည့် ငတုံးတစ်ယောက် ဖြစ်ကြောင်း သူမ သဘောပေါက်သွားသောကြောင့်ပင်။

ဤတစ်ခေါက် ရန်ယင်ယင်ကို ခေါ်သွား၍ မရဘူးဆိုတာ ရှမ့်လန်က ကောင်းကောင်းသိ၏။ သူအေးအေးဆေးဆေး ထွက်ခွာသွားနိုင်လျှင် ရန်ယင်ယင်က သူ့နောက် လိုက်မှာ မဟုတ်ပေ။

ဤမိန်းကလေးက ဉာဏ်ကောင်းပြီး အရမ်းကို မာနကြီး၏။ အဘယ်သို့ အလွယ်တကူနှင့် သူများနောက် လိုက်မည်နည်း။ သူမဆီ၌ အသန်မာဆုံးနှင့် အထက်မြတ်ဆုံး မိမိကိုယ်ကိုယ် လေးစားမှု ရှိနေ၏။ ထို့အပြင် သူမ မလိုက်လျှင် အမျိုးသမီးစစ်သည် ရန်ထောင်ကလည်း လိုက်မှာ မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် သူမက ငယ်စဉ်ထဲက ရန်ယင်ယင်၏ ကိုယ်ရံတော် ဖြစ်ခဲ့သောကြောင့်ပင်။

ဤအမျိုးသမီးနှစ်ယောက်က အစတည်းက ဘာမှမမျှော်လင့်ဘဲ ရှမ့်လန်ကို ကူညီခဲ့ကြခြင်းပင်။ ဉာဏ်ကောင်းသည့် လူများက အမြတ်အစွန်းနှင့် ဆုံးရှုံးမှုကို တွက်ဆကြ၏။ တန်လား၊ မတန်လား ဆိုသည်ကို တွက်ချက်၏။ သို့သော်ငြား ငတုံးများက သူတို့၏ ဗီဇအတိုင်း လုပ်ဆောင်တတ်ကြ၏။

အတိုင်းအတာတစ်ခုထိ ရှမ့်လန်က ငတုံးတစ်ယောက်ပင်။ ရန်ယင်ယင်ကလည်း ငတုံးတစ်ယောက်ဖြစ်၏။ ရန်ထောင်ကလည်း ငတုံးတစ်ယောက်ပင်။ ဤလောကကြီးထဲတွင် ငတုံးတွေကပဲ ငတုံးတွေကို ကူညီကြသည်။

မကြာခင် စွမ်းအင်ဝဲကတော့ ဘက်၌လည်း တစ်ဖက်ခြမ်း ထွင်းဖောက်မြင်နိုင်စွမ်း ပျောက်ဆုံးသွားပြီး အက်ကွဲကြောင်းပုံစံ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“ယင်ယင်.. ကျုပ်ကို စောင့်နေ။ နောက်တစ်ခါ ကျုပ် ခင်ဗျားကို ခေါ်သွားမယ်။ ပြီးတော့ ခင်ဗျား လိုလိုလားလားနဲ့ ကျုပ်နောက်လိုက်အောင် လုပ်ပြမယ်။”

ရှမ့်လန်က စကားလုံးတိုင်းကို ပီပီသသပြောသည်။ “ကျုပ်ကို ကတိပေးပါ။ ကျုပ်တို့ စောင့်နေပါ။”

ပြီးခဲ့သည့် အချိန်တုန်းက မင်းသားကျင်းက မိမိအန္တရာယ်ကို ဂရုမစိုက်ဘဲ ရှမ့်လန်နောက်သို့ လိုက်ခဲ့ပြီး ရှမ့်လန်အတွက် တိုက်ခိုက်ပေးခဲ့၏။ ထို့ကြောင့် ဤတစ်ကြိမ် ရှမ့်လန်က တစ်ဖက်လူကို ကယ်တင်ဖို့ အသက်စွန့်ခဲ့ခြင်းပင်။

ဤတစ်ကြိမ်မှာတော့ ရန်ယင်ယင်နှင့် ရန်ထောင်က ဘာတစ်ခုကိုမှ မမျှော်လင့်ဘဲ ရှမ့်လန်ကို ကူညီခဲ့၏။ နောင်တစ်ချိန်ကျရင် သူမကို ကူညီဖို့ အဘယ်သို့သော တန်ဖိုးများ ပေးဆပ်ရပါစေ ရှမ့်လန်က ပေးဆပ်ရန် ဆန္ဒရှိ၏။ ဤအရာက စစ်မှန်သည့် ကယ်တင်ခြင်း၊ စိတ်နှလုံး၏ အတွင်းဆီမှ ဖြစ်တည်လာခဲ့သည့် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ဖြစ်ပေလိမ့်မည်။ သူမက လွတ်လပ်ခွင့်ကို ပြန်ရရုံသာမက သာမန် မိန်းကလေး တစ်ယောက် ဖြစ်လာရပေမည်။

“ဒီလောကကြီးထဲမှာ ငတုံးတွေကပဲ ငတုံးတွေကို ကူညီကြတာ။ ယင်ယင်... ကျုပ်ကိုစောင့်နေ။”

ပြီးနောက် ရှမ့်လန်က လှည့်ထွက်သွား၏။ ဘာမှန်းမသိရှိသည့် ဦးတည်ရာ တစ်ခုဆီသို့ လျှောက်လှမ်းသွား၏။ သူ၏ရှေ့တွင် အောက်ခြေမရှိဟု ထင်ရလောက်အောင် နက်ရှိုင်းသည့် လှိုဏ်ခေါင်း လမ်းကြောင်းကြီး တစ်ခု ရှိနေ၏။

.............

ပြီးခဲ့သည့်အချိန်က ဂိုဏ်းချုပ်ရန်၏ စွမ်းအင်ဝဲကတော့အတုထဲသို့ ဝင်စဉ်က ရှမ့်လန်သည် စိတ်ထဲတွင် ဗလာကျင်းသွားခဲ့၏။ သို့သော်ငြား ဤတစ်ကြိမ် စွမ်းအင်ဝဲကတော့ အစစ်ကို ဖြတ်သန်းရခြင်း၌ အဘယ်သို့ ခံစားရသနည်း။

သူ ဘာကိုမှ မခံစားရချေ။ သာမန် အလင်းကန့်လန်ကာ တစ်ခုကို ဖြတ်သန်းသွားရ သကဲ့သို့ပင်။

တခြား မည်သူ့အတွက်မဆို ဤစွမ်းအင်ဝဲကတော့ကြီးက ကျော်ဖြတ်၍ မရနိုင်သည့် အတားအဆီးတစ်ခု ဖြစ်၏။ ထိုအရာက ပျက်စီးခြင်းကို ကိုယ်စားပြု၏။ ကြေမွသေဆုံးခြင်းကို ကိုယ်စားပြု၏။

သို့သော်လည်း ရှမ့်လန်အတွက်တော့ သာမန် အလင်းကန့်လန့်ကာ တစ်ခုမျှပင်။ ဖြတ်သန်းသွားသည့် အချိန်မျိုးတွင် မည်သည့် အတားအဆီးမှ မရှိချေ။ သူက တကယ့်ကို တမူထူးသူ တစ်ယောက် ဖြစ်၏။ ဤရှေးဟောင်းအပျက်အစီးတွေထဲမှ တကယ့်ကို မြင့်မြတ်သည့် လုပ်ပိုင်ခွင့် အာဏာကို ပိုင်ဆိုင်ထားသည်။

မင်းသမီးဟယ်လင် ပြောခဲ့သလိုပင် ရှေးဟောင်းယဉ်ကျေးမှု မြို့တော် အားလုံးကြား၌ အံ့အားသင့်စရာ ကောင်းသည့် အထူးလမ်းကြောင်းမျိုး ရှိနေ၏။ အကောင်းပကတိရှိနေပြီး မပျက်စီးသေးဘူး ဆိုပါက ဤစွမ်းအင်လမ်းကြောင်းများက အလင်းရောင်ကို ထုတ်လွှတ်ပေးနိုင်ပြီး အောက်ဆီဂျင်ကိုပင် လွှင့်ထုတ်ထားနိုင်၏။ အသက်ရှူကြပ်မည့် အန္တရာယ်ကို ဖယ်ရှားပေးနိုင်၏။

သို့သော်လည်း ပျောက်ဆုံးနိုင်ငံနှင့် မိစ္ဆာတြိဂံနယ်မြေကြားက အထူး လှိုဏ်ခေါင်းလမ်းကြောင်းကြီးက အကြီးအကျယ် ပျက်စီးနေခဲ့၏။ သူ၏ရှေ့မှ အထူးလမ်းကြောင်းကြီးမှာတော့ အကောင်းအတိုင်း ရှိနေသေး သော်လည်း စွမ်းအင် သိပ်ကျန်ပုံ မရချေ။ အဘယ်ကြောင့်ဆိုသော် အလင်းရောင် မရှိသလို အောက်ဆီဂျင် ပမာဏကလည်း ပုံမှန်အောက် ရောက်နေသည်။

ထိုအရာက ဘာကို သက်သေပြသနည်း။ စွမ်းအင်ချွေတာရန် ကြိုးစားနေခြင်းပင်။ ရှမ့်လန်၏ ကောက်ချက်ချမှု အရဆိုလျှင် ဤအထူးလှိုဏ်ခေါင်းကြီးက ကျင်းကန်ရှေးဟောင်းအပျက်အစီးဆီသို့ ဦးတည်နေတာ ဖြစ်လောက်၏။ ပထဝီ တည်နေရာအရလည်း ဤသို့ပင် ဖြစ်ရပေမည်။

သို့သော်လည်း ရှမ့်လန်က ရှေ့သို့ ဆက်သွား၏။ ရှေ့ကို ဆက်သွားနေ၏။

ဤအထူး လှိုဏ်ခေါင်းကြီး လမ်းကြောင်းအတိုင်း လျှောက်နေရင်း ပတ်ဝန်းကျင်တစ်ခုလုံးက မဲမှောင်နေ၏။ ဤလှိုဏ်ခေါင်း လမ်းကြောင်းက အဆုံးမရှိသလိုပင်။

အထူးလှိုဏ်ခေါင်း လမ်းကြောင်းကြီးကို မည်သို့ ဖော်ပြရမည်နည်း။ အချင်း ၃၀ မီတာကျော် ရှိသည့် လှိုဏ်ခေါင်း လမ်းကြောင်းကြီး တစ်ခုဖြစ်သည်။ သို့သော်ငြား ဤလမ်းကြောင်းကြီးက မည်သည့် အပ်ကွဲကြောင်းမှ မရှိချေ။ လုံးဝ ချောမွတ်နေ၏။ ဖန်သားနှင့် ပြုလုပ်ထားသည့် လေဟာနယ် ပြွန်ချောင်းကြီး တစ်ခုကဲ့သို့ပင်။

ဟုတ်ပေ၏။ ထိုအရာက ဖန်သားမဟုတ်ချေ။ ပုံဆောင်ခဲ တစ်မျိုးဖြစ်၏။ ကျောက်စိမ်းနှင့် တူသည့် ပုံဆောင်ခဲမျိုးပင်။ သဘာဝအတိုင်း ဖြစ်နေခြင်း မဟုတ်ဘဲ ရှေးဟောင်းယဉ်ကျေးမှုမှ ဖန်တီးထားခြင်းပင် ဖြစ်လိမ့်မည်။

လမ်းတစ်လျှောက်၌ ရှမ့်လန်က မည်သည့် မွန်းစတား သတ္တဝါမျိုးနှင့်မှ မတွေ့ခဲ့ရချေ။ ဖုန်မှုန့် သို့မဟုတ် ဘတ်တီးရီးယား ဆိုသည့် ပိုးမွှားမျိုးကိုတောင် မတွေ့ရပေ။

..................

ရှမ့်လန်က ဆက်လျှောက်နေ၏။ သူ့ဘဝကို သူ သံသယ ဝင်လာသည့် အထိပင်။ ၆ နာရီ ကုန်ဆုံးသွား၏။ တစ်ရက် ကုန်ဆုံးသွား၏။ နှစ်ရက် ကုန်ဆုံးသွား၏။ အစာမရှိ၊ ရေမရှိ၊ လူတစ်ယောက် ရေမသောက်ရလျှင် ၃ ရက်ထက် ပိုမခံနိုင်ချေ။ ထိုအရာက ရှမ့်လန်အတွက် ကန့်သတ်ချက် တစ်ခုဖြစ်၏။ သူက ဤမျှလောက် နုနယ်သည့် လူတစ်ယောက် ဖြစ်သောကြောင့်ပင်။

တချို့လူများက အံ့ဖွယ်ရာမှုများကို ဖန်တီးရန် ကန့်သတ်ချက်တချို့ကို ချိုးဖျက်ဖို့ မွေးဖွားလာ၏။ သာမန်လူများက ရေမသောက်ဘဲ ၇၂ နာရီထက် ပိုမခံနိုင်ကြချေ။ ချက်ချင်း လဲကျပြီး အသက်အန္တရာယ်ပင် ရှိနိုင်၏။ သို့သော်လည်း ရှမ့်လန်မှာတော့ နာရီ ၅၀ ထက် ပိုမခံနိုင်ခဲ့ချေ။ သူက ပြတ်ပြတ်သားသားပင် မြေပြင်ပေါ် လဲကျသွား၏။

ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်နှင့် ပတ်သက်လျှင် သူက အံ့ဖွယ်ရာမှုများကို မဖန်တီးနိုင်ချေ။ မဟုတ်ပါက နာရီဝက်ကျော်ကြာအောင် ယောက်ျားတစ်ယောက်၏ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ ရှောင်ပင်း၏ အကူအညီကို လိုခဲ့မည် မဟုတ်ပေ။

မေ့မလဲခင်၌ သူသည် ဤအထူးလမ်းကြောင်းကြီးထဲကနေ အပြင်ဘက်သို့ လမ်းလျှောက် မထွက်ခွာနိုင် သေးချေ။

ကျင်းကန်ရှေးဟောင်းအပျက်အစီး တည်နေရာဆီသို့ ရောက်ဖို့ ဆိုသည်က အဝေးကြီးပင် ဖြစ်လိမ့်မည်။ ပြောရမည်ဆိုလျှင် ကျင်းကန်အပျက်အစီး ဆိုသည်က ရှိ၊ မရှိပင် သူ သေချာ မသိတော့ပေ။

နာရီ ၅၀ အတွင်း သူက စုစုပေါင်း ၂၅၁ ကီလိုမီတာထိ လမ်းလျှောက်ခဲ့၏။ နောက်ဆုံး ၁ ကီလိုမီတာကို ရောက်ရန်ပင် အားကုန် ထုတ်ရ၏။ နောက်ဆုံးမှာတော့ မည်သို့မှ တောင့်မခံနိုင်တော့ဘဲ မေ့လဲသွားတော့သည်။

"ချီးတဲ့မှ ..."

...................

အပိုင်း (၁၀၆၆)

အချိန်မည်မျှ ကြာသွားမည် မသိချေ။ ရှမ့်လန်က ပြန်လည်ကာ နိုးထလာခဲ့၏။ ဤတစ်ကြိမ်မှာတော့ သူက အချိန်ကြာကြီး အိပ်ပျော်သွားပုံပင်။ မျက်ခွံဖွင့်ဖို့တောင် တော်တော်အားယူရ၏။ မျက်ခွံတစ်ခုက ကီလိုဂရမ် တစ်ထောင်ကျော် လေးလံနေသကဲ့သို့ပင်။ မျက်ခွံများက လုံးဝ ဖွင့်မရချေ။

အချိန်အတော်ကြာပြီးနောက် ရှမ့်လန်က ရုတ်တရက် မျက်လုံးကို ဖွင့်၏။ နွေးထွေးလွန်းသည့် နို့နှစ်ရောင် အလင်းတန်းတစ်ခုကို သူ မြင်လိုက်ရ၏။ မျက်နှာကြက်က နို့နှစ်ရောင်၊ နံရံများက နို့နှစ်ရောင်၊ မြင်ကွင်းများ အားလုံးကလည်း နို့နှစ်ရောင်ပင်။

ထို့အပြင် ဤနေရာ၏ လေထုက ကောင်းမွန်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးက သက်တောင့်သက်သာ ရှိသည့် စွမ်းအင် အငွေ့အသက်များနှင့် လှိုင်းထန်နေ၏။ ထို့နောက် မျက်နှာတစ်ခုက ရှမ့်လန်၏ မြင်ကွင်းထဲသို့ ပေါ်လာ၏။ ရင်းနှီးနေသလို၊ စိမ်းသက်နေသလို မျက်နှာတစ်ခုပင်။

မမျှော်လင့်ထားသည့် အကြောင်းအရာများ မဖြစ်ခဲ့ချေ။ တကယ့်ကို ကောင်း၏။ ထိုအရာက ကျင်းကန်တောင်၏ ရှေးဟောင်း အပျက်အစီး ဖြစ်သည်။

ပြီးနောက် သူ၏ရှေ့တွင် ရှိနေသည့် မျက်နှာက မင်းသားကျင်း၏ မျက်နှာပင်။ သူ မတွေ့ရတာ ကြာနေပြီ ဖြစ်သော မင်းသားကျင်းပင် ဖြစ်၏။

ကျင်းကျွင်းက အများကြီး ပြောင်းလဲသွားခဲ့၏။ သူက ယခင်ကထက် အများကြီး ပိုပိန်ပြီး အနည်းငယ်လည်း ပို၍ အိုစာသွား၏။ ယခင်တုန်းက သူ၏ မျက်နှာဖြူဖြူများက ယခုတော့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများနှင့် ဖုံးလွှမ်းနေပြီး မုတ်ဆိတ်မွေးများက ခြောက်လက်မခန့် ရှည်ထွက်နေ၏။ သူ၏ပုံစံက မုတ်ဆိတ်မွေးများနှင့် ကျက်သရေရှိသည့် ယောကျ်ားတစ်ယောက်၏ ဟန်ပန်မျိုးပင်။ သို့သော်ငြား သူ၏ မျက်ဝန်းအိမ်များက ချိုင့်ဝင်နေပြီး စူးရှမှုများနှင့် ပြည့်နှက်နေဆဲပင်။

“မင်းသားကျင်း... နေကောင်းရဲ့လား။” ရှမ့်လန်က ပြုံးကာ မေးသည်။

မင်းသားကျင်း၏ မျက်နှာက လှုပ်ခတ်သွား၏။ သူက ဒူးထောက်ကာ ဦးတိုက်၏။ “ကျုပ်... အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်လန်က တကယ်ပင် စိတ်လှုပ်ရှားနေ၏။ ဤသစ္စာရှိ နောက်လိုက်များကို ကယ်တင်ရန် သူက လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူ၏အသက်ကို စွန့်စားခဲ့ရသည်။ ယခုအချိန်မှာတော့ ထိုသူတို့ကို တွေ့ရပြီ ဖြစ်သည်။

သို့သော်ငြား မင်းသားကျင်းက ပို၍ပင် စိတ်လှုပ်ရှားနေ၏။ သူ၏ စိတ်ခံစားချက်များကို စကားလုံးနှင့်ပင် ဖော်ပြ၍ မရနိုင်ချေ။ ဟုတ်ပေ၏။ သူက အနည်းငယ် တည်ငြိမ်လာခြင်းဖြစ်သည်။

ရှမ့်လန်ကို ပထမဆုံး မြင်ရချိန်တုန်းက နှလုံးသားတစ်ခုလုံး ရပ်တန့်လုနီးပါးပင်။ သူ၏ သွေးများက ခဏလောက် ခဲသွားခဲ့ပြီး၊ ပြီးမှ ပြန်လည်ကာ ဆူပွက်လာသကဲ့သို့ပင်။

သူက ဝမ်းသာလွန်းသောကြောင့် နှလုံးသားတစ်ခုလုံး ပေါက်ကွဲလုမတတ် ခံစားနေမိ၏။ မြင်တွေ့နေရသည်က အစစ်အမှန် ဟုတ်သလားဟု သူကိုယ်တိုင် မယုံကြည်နိုင်သလို ဖြစ်မိ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျင်းကျွင်းက ငရဲခန်းကဲ့သို့သော အချိန်များကို ဖြတ်သန်းခဲ့ရ၏။ နေ့ရက်တိုင်းက အမှောင်မိုက်ဆုံး အချိန်တွေကြီးပင်။ ထို့အပြင် တစ်နေ့ထက်တစ်နေ့ ပိုမိုကာ ဆိုးဝါးလာ၏။

အရှင်ရှမ့်လန်က မင်းသမီး ကျိရွှမ်နှင့် မင်းသမီးနင်ဟန်တို့၏ သင်္ဘောပေါ်သို့ တက်ပြီး သူတို့ကို ကယ်တင်ခဲ့၏။ ထိုအချိန်တုန်းက မင်းသားကျင်းက လူပေါင်း တစ်သိန်းကျော်ကို ဦးဆောင်ပြီး တောင်ဘက် တိုင်းပြည်ဆီသို့ ချီတက်ရန် အမိန့်ရခဲ့၏။ ဆင်းရဲဒုက္ခများက ထိုအချိန်တည်းက စတင်ခဲ့ခြင်းပင်။

သူက အရှင်ရှမ့်လန် သေသလား၊ ရှင်သလား ဆိုသည်ကို မသိခဲ့ချေ။ သို့ပေမည့် အရှင်ရှမ့်လန်သည် အံ့ဖွယ်ရာ အမှုများကို အများကြီး ဖန်တီးခဲ့လိမ့်မည်ဟု သူ ယုံကြည်မိ၏။ ဤတစ်ကြိမ်တွင်လည်း သေမှာမဟုတ်ဘူး ဆိုသော ယုံကြည်ချက်မျိုး သူ၏ နှလုံးသားထဲ၌ ကိန်းဝပ်နေသည်။

နောက်ပိုင်း နင်ချီက စစ်သည်ပေါင်းသုံးသိန်းကို ဦးဆောင်လာခဲ့ပြီး တောင်ပိုင်းတိုင်းပြည်နှင့် သဲကန္တာရ လူရိုင်းမျိုးနွယ်စုကို တိုက်ခိုက်၏။ ဤနှစ်ကတော့ တော်တော်လေးကို သက်သာခဲ့၏။

နင်ချီက သူ၏ ယုံကြည်မှု အားလုံး ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ယခင်ကကဲ့သို့ ထက်မြက်ခြင်းမျိုး မရှိတော့ချေ။ စစ်ပွဲက ဟန်ပြသက်သက်ပင်။ သူက မင်းသားကျင်းနှင့် နားလည်မှု ယူလိုက်သေး၏။ စစ်ပွဲတွင် ထိခိုက် သေဆုံးမှု သိပ်မရှိချေ။ ထိုအစား လွန်ဆွဲပွဲ တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။

ယနေ့ မြို့တစ်မြို့ကို သိမ်းပိုက်လိုက်သည်။ မနက်ဖြန် မြို့တစ်မြို့ကို ပြန်လည်ကာ ပေးအပ်ရ၏။ အတိုချုပ် ပြောရမည်ဆိုလျှင် စစ်ပွဲက အရှိန်အဟုန် ပြင်းထန်နေသည့်ပုံ ပေါက်သော်လည်း လက်တွေ့ကျသည့် ရလဒ်ဟူ၍ ဘာမှ မရှိချေ။

နောက်ပိုင်း နင်ချီက ထျန်းရွှဲ့မြို့တော်ဆီသို့ ပြန်ခေါ်ခြင်းကို ခံရပြီး သူ၏နေရာတွင် ကျိုးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ်တော် တစ်သောင်းနှင့် အစားထိုး၏။ ထိုအချိန်ကစပြီး ရှမ့်လန်၏ သစ္စာရှိ နောက်လိုက် တစ်သိန်းနှင့် သဲကန္တာရ လူရိုင်းမျိုးနွယ်စု၏ တပ်တော်များက ချေမှုန်းခံရ၏။

သူတို့က တကယ့်ကို ရဲရင့်၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်များက သန်မာသည်။ သို့သော်လည်း သွေးဝိညာဉ် တပ်တော်နှင့်ကြား ကွာခြားချက်က တကယ့်ကို ကြီးမားလွန်းခဲ့၏။ ဆက်တိုက် ရှုံးနိမ့်ခဲ့၏။ ဆုတ်ခွာရင်း နောက်ဆုတ်ရ၏။ ဆုတ်ခွာရင်း ဆုတ်ခွာရင်း နောက်သို့ အလျင်အမြန် နောက်ဆုတ်ရသည်။

သဲကန္တာရ လူရိုင်းမျိုးနွယ်စု၏ လူဦးရေက နည်းပါးသော်လည်း သူတို့၏ နယ်မြေအကျယ်အဝန်းက ရွှဲ့ပြည်နယ်ထက် ပိုကြီး၏။ နေရာအနှံ့တွင် တောင်များ၊ သစ်တောများ ရှိနေပြီး မိုင်ထောင်နှင့်ချီကာ ရှည်လျားသည်။ ထိုအရာက တကယ့်ကို ကောင်းမွန်သည့် တည်နေရာမျိုးပင်။

မူလအစီအစဉ်အရ သဲကန္တာရ လူရိုင်းမျိုးနွယ်စုများ၏ ပထဝီဝင် အားသာချက်က ကျိုးဟုန်ရွှဲ့၏ သွေးဝိညာဉ် တပ်တော်ကို ဟန့်တားနိုင်ရပေမည်။ သို့သော်ငြား ထိုသို့ မဖြစ်ခဲ့ချေ။ သစ်တောများနှင့် တောင်များ ကြားထဲတွင် သွေးဝိညာဉ် တပ်တော်က ပြိုင်ဘက်ကင်း ဖြစ်နေတုန်းပင်။

မင်းသားကျင်း၏ တာ့နန်နိုင်ငံ တိုင်းပြည်က မျိုးနွယ်စုများ တစ်ခုပြီး တစ်ခု ဖျက်ဆီးခံရ၏။ သဲကန္တာရ လူရိုင်းမျိုးနွယ် တစ်ခုလုံး သုတ်သင်ရှင်းလင်း ခံရပြီး မြွေတစ်သောင်းဂူ၏ ရှေးဟောင်းအပျက်အစီးကို ကောင်းကင်ပင်လယ် နန်းတော်က သိမ်းပိုက်သွား၏။

စစ်ပွဲတစ်ခုကို အနိုင်ရဖို့ မလွယ်ကူသော်လည်း၊ စစ်ရှုံးခြင်းကတော့ စစ်သူကြီးတစ်ယောက်၏ စွမ်းရည်ကို စမ်းသပ်ခြင်း ဖြစ်၏။ ဤကာလတွင် မင်းသားကျင်းက စစ်ရှုံးသည့်တိုက်ပွဲမျိုးကို ကြုံဆုံခဲ့ရပြီး ရေပင် မရေတွက်နိုင်တော့ချေ။ သူက အကြိမ်ပေါင်းများစွာသော စစ်ပွဲများ ရှုံးနိမ့်ခဲ့ပြီး စစ်ပွဲနီးပါးတိုင်းကို ရှုံးနိမ့်ခဲ့သည်ဟု သတ်မှတ်ရမည်။

အခြားသောသူသာ ဆိုပါက လေးငါးပွဲ ဆက်တိုက် ရှုံးနိမ့်သည်နှင့် တပ်တော်တစ်ခုလုံး ပြိုကွဲသွားမှာပင်။ စစ်သူကြီး ကိုယ်တိုင်ကလည်း စိတ်ဓာတ်ကျပြီး ပြိုလဲသွားပေလိမ့်မည်။

မင်းသားကျင်းကတော့ သံမဏိ လူသားတစ်ယောက်ကဲ့သို့ပင် လက်အောက်ငယ်သားတို့၏ စိတ်နှလုံးကို အချိန်တိုင်း စုစည်းပေးနိုင်ခဲ့၏။ သူက ရှုံးနိမ့်နေသည့် တပ်တော်ကို တောင်ဘက်တောဘက်ဆီသို့ ဦးဆောင် ခေါ်ဆောင်လာခဲ့၏။ တောင်များ ၊ သစ်တောများ ကြားမှ မိုင်ခုနစ်ထောင်၊ ရှစ်ထောင်လောက်ကို ဆုတ်ခွာခဲ့ခြင်းပင်။

မင်းသားကျင်းသာ မရှိပါက သဲကန္တာရ လူရိုင်းမျိုးနွယ် တစ်ခုလုံး သုတ်သင်ရှင်းလင်းခြင်းကို ခံရမှာ ဖြစ်ပြီး၊ ရှမ့်လန်၏ သစ္စာရှိ နောက်လိုက် တစ်သိန်းကျော်တို့ကလည်း သေဆုံးကုန်ကြပေမည်။ သူတို့က လူအင်အား များပြားသော်လည်း တကယ့် တိုက်ခိုက်ရေး စွမ်းရည်မှာတော့ သွေးဝိညာဉ် တပ်တော်၏ ဆယ်ပုံတစ်ပုံတောင် မရှိကြချေ။

မင်းသားကျင်းက စစ်ပွဲတိုင်း ရှုံးနိမ့်ခဲ့သည်ဟု ပြောသည်ထက် သူက သားရဲများကို ဦးဆောင်၍ ကျားပါးစပ် ထဲမှ မိုင်ပေါင်းထောင်ချီ ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။

ဟုတ်ပေ၏။ ဆုတ်ခွာခြင်း ဆိုသည်က အဆုံးသတ်ဆိုတာ ရှိ၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်စု၏ တောင်ဘက် အစွန်းဆုံး၌ မီတာ ထောင်နှင့်ချီမြင့်သော တောင်တစ်လုံး ရှိနေ၏။ တောင်၏ တစ်ဝက်က ကုန်းမြေပေါ်၌ ရှိပြီး ကျန်တစ်ဝက်က ပင်လယ်ထဲ၌ ရှိ၏။

ထိုအရာက အရှေ့တိုင်းလောက၏ တောင်ဘက် အစွန်းဆုံး ဖြစ်ပြီး ပင်လယ်ထဲသို့ လုံးဝ ဆုတ်ခွာသွားရုံကလွဲ၍ နောက်ထပ် ဆုတ်ခွာစရာ နေရာဟူ၍ မရှိတော့ပေ။ သို့သော်လည်း သင်္ဘောအများအပြား မရှိသောကြောင့် လူသောင်းချီ ပင်လယ်ထဲ ထွက်ပြေးလျှင်လည်း ဆိုးဆိုးဝါးဝါး သေဆုံးကုန်ကြမှာ အမှန်ပင်။

မင်းသားကျင်းသည် မြွေတစ်သောင်းဂူ၏ ရှေးဟောင်းအပျက်အစီးများကို ရှာဖွေတုန်းက ဤနေရာကို စူးစမ်းလေ့လာရန် ဆုံးဖြတ်ခဲ့၏။ သူက သဲကန္တာရ လူရိုင်းမျိုးနွယ်စု၏ တောင်ဘက် အစွန်းဆုံးတောင်ကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ပြီး ထိုတောင်တွင် နာမည်အများကြီး ရှိ၏။ ထျန်းရွှယ်တောင်၊ ထျန်းချင်းတောင် ၊ မိုးထိတောင် စသဖြင့် ဖြစ်သည်။

မင်းသားကျင်းက ဤတောင်ကို အကြိမ်ကြိမ် စူးစမ်းလေ့လာ၏။ ဤတောင်ထဲတွင် ရှေးဟောင်းအပျက်အစီး တစ်ခု ရှိနေလိမ့်မည်ဟု သူ အမြဲတမ်း သံသယ ဝင်မိ၏။ အကြောင်းရင်းက ရှင်းလွန်းလှချေ၏။ ဤမျှ မြင့်သည့် တောင်တစ်လုံးက ဖြူဖွေးသည့် နှင်းတွေ ဖုံးလွှမ်းနေသင့်သော်လည်း ဤတောင်ပေါ်တွင် နှင်းမရှိချေ။

မီတာ လေးထောင် ၊ ငါးထောင်ထက် မြင့်သော တောင်ထိပ်ပေါ်တွင် စိမ်းလမ်းစိုပြေနေသည့် သစ်ပင်များပင် ရှိနေ၏။ ထိုအရာက အရမ်းကို ပုံမှန်မဟုတ်တာ သိသာ၏။ ထို့အပြင် ဤတောင်၌ ပုံမှန် မဟုတ်သည့် သံလိုက် စက်ကွင်း တစ်ခုလည်း ရှိနေ၏။ အတိုချုပ်ပြောရမည် ဆိုလျှင် အလွန့်အလွန်ကို ပုံမှန်မဟုတ်ခြင်းပင်။

မင်းသားကျင်းက ထိုတောင်ကို စူးစမ်းလေ့လာဖို့ နည်းလမ်းများစွာ ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ချေ။ ကျိုးဟုန်ရွှဲ့၏ သွေးဝိညာဉ် တပ်တော်က သူ့ကို အကျပ်ရိုက်အောင် လုပ်လိုက်ချိန်မှာတော့ သူက လူပေါင်း သောင်းချီကို ဦးဆောင်ပြီး ထိုတောင်ဆီသို့ ရောက်ရှိလာခဲ့ခြင်းပင်။

ပြီးနောက် သူ၏ လူသောင်းချီက လေထဲတွင် အငွေ့ပျံသလို ပျောက်ကွယ်သွား၏။

ထိုနောက်ပိုင်း ကျိုးဟုန်ရွှဲ့က ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ထောင်ချီ မြင့်သော ဤတောင်ကြီးကို ပြောင်သလင်းခါသည်အထိ မီးရှို့ပစ်၏။ ထိုတုန်းက မြင်ကွင်းသည် လောကပျက်ကပ်ထဲသို့ ရောက်သလို ခံစားရစေသည်။

ပင်လယ်ရေမျက်နှာပြင်၏အထက် မီတာ ငါးထောင် မြင့်သော တောင်ကြီးက လောက၏ မီးရှူးတိုင်ကြီးကဲ့သို့ပင် ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းနေခဲ့၏။ မီးကြီး လောင်ကျွမ်းပြီးနောက် တောင်၌ ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်၏။ သံမဏိအခွံကြီးတစ်ခုလို ဖြစ်သွားသောကြောင့် သူတို့က ကျင်းကန်တောင်၊ စိန်တောင်၊ သံမဏိတောင် ဟု ခေါ်ဆိုကြ၏။

အဓိက အကြောင်းအရာကို ပြောရမည်ဆိုလျှင် ဤနှစ်ပိုင်းအတွင်း မင်းသားကျင်းရော တခြားမည်သူမဆိုသည် ရှမ့်လန် အသက်ရှင်နေသလား ဆိုသည်ကို မသိကြချေ။ အချိန်များ ကုန်ဆုံးသွားသည် နှင့်အမျှ လူတိုင်း၏ စိတ်နှလုံးက ပိုမိုကာ မဲမှောင်လာခဲ့ပြီး မျှော်လင့်ချက်များကလည်း ကင်းမဲ့လာ၏။ ဤသို့ မှောင်မိုက်နေသည့် အချိန်များနှင့် နေ့ရက်တိုင်းက နှိပ်စက်မှု တစ်ခုပင်။

မင်းသားကျင်းက စစ်သူကြီးဘဝမှ ပြည်သူ့အကျိုးတော်ဆောင် နှစ်သိမ့်ဆွေးနွေးသူ တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် သူက လူတိုင်း၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် မကြာခဏ မိန့်ခွန်း ပြောရသောကြောင့်ပင်။ မဟုတ်ပါက မိမိကိုယ်ကိုယ် သတ်သေသူများက ပိုမိုကာ များလာပေ လိမ့်မည်။

သို့သော်ငြား ဤကဲ့သို့သော မိန့်ခွန်းမျိုးက တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ် ဆယ်ကြိမ်လောက်ပဲ လုပ်၍ရ၏။ နှစ်နှင့်ချီ နီးပါး ရှိနေပြီဖြစ်၏။ လူတိုင်း၏ နှလုံးသားထဲရှိ မီးကို ငြိမ်းသတ်အောင် နှစ်သိမ့်ဖို့နှင့် ထိုသူတို့ကို ဆက်လက် အသက်ရှင်စေဖို့ သူက မိန့်ခွန်းပေါင်း ရာနှင့်ချီကို ပြောခဲ့ရသေး၏။ မည်မျှ ခက်ခဲလိုက်သည်နည်း။ တကယ့်ကို ပင်ပန်းဆင်းရဲသည့် ကြိုးစားအားထုတ်မှု တစ်ခုပင်။

ထို့ကြောင့်လည်း မင်းသားကျင်းက ကိုယ်လေးချိန် အများကြီး ကျသွားခဲ့သလို အသက် ၂၀ လောက် ပို၍ အိုစာသွားခဲ့ခြင်းပင်။ ကျင်းကန်တောင်၏ ရှေးဟောင်းအပျက်အစီးက လူသူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသော်လည်း၊ သူတို့က နေ့စဉ် ကင်းလှည့်ခြင်းများကို လုပ်ရ၏။ ကင်းလှည့်သည့် လမ်းကြောင်း ကိုလည်း မကြာခဏ ပြောင်းလဲပေးရ၏။ ထိုမှသာလျှင် ပုံသေကင်းလှည့်လမ်းကြောင်းများကြောင့် လူများ ပျင်းရိပြီး စိတ်ဓာတ်မကျမှာပင်။

သို့သော်လည်း ဤသို့ ကင်းလှည့်ခြင်းက ပျင်းစရာ ကောင်းနေတာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် လူမပြောနှင့် ခြင်တစ်ကောင်တောင် မရှိသောကြောင့်ပင်။ ကင်းလှည့်တိုင်း ဘာမှမတွေ့ရဘဲ ပြန်လာရသည် ချည်းပင်။ သို့သော်လည်း ဤတစ်ကြိမ်မှာတော့ ကင်းလှည့်အဖွဲ့က လူတစ်ယောက်နှင့် တွေ့ခဲ့၏။

မင်းသားကျင်းက ရှမ့်လန်ကို ပထမဆုံး မြင်ရချိန်တွင် မျက်လုံးအိမ်ထဲမှာ မျက်ရည်များ ချက်ချင်း စီးကျ၏။ သူက စိတ်လှုပ်ရှားလွန်းသောကြောင့် ဝံပုလွေတစ်ကောင်ကဲ့သို့ပင် အူလိုက်ချင်စိတ်ပင် ပေါက်နေ၏။ ဤအချိန်၌ နေထွက်လာသည်ကို သူ တကယ် ခံစားမိသည်။

ရှည်လျားသည့် ညတစ်ည... သုံးနှစ်တာ အမှောင်ထုကို ဖြတ်သန်းခဲ့ရ၏။ ဤမှောင်မိုက်သည့် လောကကြီးထဲတွင် နေ ဆိုသည်က မည်သည့် ပုံစံမျိုး ဆိုသည်ကိုပင် သူ မေ့လုနီးပါး ဖြစ်ခဲ့၏။

ရုတ်တရက် နေထွက်လာချိန်ကို မြင်ရချိန်မှာတော့ ရူးသွပ်မတတ် ပျော်ရွှင် စိတ်လှုပ်ရှားမိခြင်းမှာ ဓမ္မတာပင်။ အရှင်ရှမ့်လန် မသေဆုံးရုံသာမက တကယ်ပင် ပြန်ရောက်လာခဲ့၏။ ထို့အပြင် လူတိုင်းကို ကယ်တင်ရန် ရောက်လာခြင်းပင်။ ဤကဲ့သို့သော သခင်မျိုးကို ပိုင်ဆိုင်ရသည်က သေရမည်ဆိုလျှင်တောင် နောင်တ ရမည်မဟုတ်ပေ

..................

“အရှင်...” ပြီးနောက် ပုံရိပ်တစ်ချို့က လျင်မြန်စွာ ပြေးဝင်လာ၏။ တခြား အမျိုးသမီးများက အဆင်ပြေသေး၏။ မြေပေါ်တွင် ဒူးထောက်ပြီး အလွန် စိတ်လှုပ်ရှားနေသည်။

အလှပဂေး တစ်ဦးကတော့ ရှမ့်လန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာ၏။ ပြီးနောက် သူ၏ လည်ပင်းကို ဖက်ကာ မျက်နှာကို နမ်းရှိုက်၏။

“အရှင်... နောက်ဆုံးတော့ အရှင် သတိရလာပြီကိုး။ လွန်ခဲ့တဲ့နှစ်ရက်က အရှင့်ကို ပထမဆုံး တွေ့လိုက်တုန်းကဆိုရင် အိပ်မက်မက်သလို ခံစားခဲ့ရတယ်။ ကျွန်မ တစ်ချိန်လုံး အရှင့်ဘေးမှာ ရှိနေတာ။ စွပ်ပြုတ်တစ်ခွက် သွားယူရုံလေးကို ချက်ချင်းကြီး သတိရလာတယ်။”

ရှမ့်လန်က ကြောင်အသွား၏။ ဤလှပသည့် မိန်းကလေးက မည်သူဖြစ်သနည်း။ နည်းနည်း ရင်းနှီး နေသလိုပင်။

ဤအချိန်မှာတော့ အရူးလန်က ကလေးတစ်ယောက်ကို ပွေ့ချီပြီး ဝင်လာ၏။ မူလက သူ အရမ်း စိတ်လှုပ်ရှားနေသော်လည်း သူ၏မိန်းမက အရှင်ရှမ့်လန်ကို ဖက်နမ်းနေသည်ကို မြင်ရချိန်မှာတော့ သံပုရာသီး တစ်လုံးတစ်ရာလောက် စားရသလို ခံစားရမိ၏။

'ဘာမှ မဟုတ်ဘူး။ ရှမ့်နုက ငါ့ကိုပဲ ချစ်တာ။ သူက အရှင့်ကို ကိုးကွယ်ရုံ သက်သက်ပဲ။ အရှင့်ရဲ့ စကားနဲ့ ပြောရမယ် ဆိုရင် သူက ဦးနှောက်မဲ့တဲ့ ပရိသတ်တစ်ယောက်ပဲ။ ဦးနှောက်မဲ့ ပရိသတ်ရဲ့ လုပ်ရပ်ကို ငါ နားလည်ပေးရမယ်။ ယောကျ်ားတွေ အနေနဲ့ ငါတို့က ပိုပြီး သဘောထားကြီးရမယ်။'

ရှမ့်လန်က နောက်ဆုံးတော့ မှတ်မိသွား၏။ သူ့ကို ဖက်ထားသည့် မိန်းမလှလေးက အမျိုးသမီးစစ်သည် ရှမ့်နု ဖြစ်နေ၏။ သူမက ယခုတော့ ပိန်သွား၏။ ကီလိုဂရမ် ၁၁၀ တောင် မပြည့်တော့ချေ။ ထိတ်လန့်စရာ ကောင်းလောက်အောင် သေးသွယ်သွားခဲ့၏။ သေချာပေါက် ကျော့ရှင်းသည့် လှပသော မိန်းကလေး တစ်ယောက် ဖြစ်နေသည်။

အရူးလန်က ကလေးတစ်ယောက်ကို ပွေ့ချီပြီး ရှေ့သို့ တိုးကာဖြင့် ဦးတိုက်၏။ “ကျုပ် အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်နုက သူမ ယောကျ်ား၏ မျက်လုံးထဲမှ မျက်ရည်များကို လျစ်လျူရှုထား၏။ သူမက ကလေးကို အသာပင် ပွေ့ယူပြီး ရှမ့်လန်၏ ရှေ့၌ ထားသည်။ “အရှင် ကြည့်ပါအုံး။ ကျွန်မတို့ရဲ့ကလေးပဲ။ ကျွန်မ နာမည် မပေးရသေးဘူး။ ကျေးဇူးပြုပြီး နာမည်ပေးပါအုံး။”

“ဒါ ကျွန်မတို့ရဲ့ ကလေးပါ’ ဆိုတာက ဘာအဓိပ္ပာယ် ဖြစ်သနည်း။ နားထောင်ရသည်က အနည်းငယ် ပြဿနာ ရှိနေသလိုပင်။ မသိပါက ပြဿနာ အရှုပ်တော်ပုံများ ဖြစ်သွားနိုင်၏။

အရူးလန်က အားပြတ်က်သလို ဝင်ကာ ပြော၏။ “အရှင်... ဒါ ကျုပ်နဲ့ ရှမ့်နုရဲ့ ကလေးပါ။ ကျုပ်တို့ နာမည် မပေးရသေးဘူး။ အရှင် နာမည်ပေးမှာကို စောင့်နေတာပါ။”

ရှမ့်လန်က ကလေးကို ပွေ့ချီ၏။ လေး၊ ငါးလ သားအရွယ်လောက် ရှိပြီး ကျန်းမာသန်စွမ်း၏။ ကောင်းကောင်း အိပ်ပျော်နေသည့် သားယောကျ်ားလေး တစ်ယောက်ပင်။ မျက်လုံးများကို ပျင်းတွဲတွဲနှင့် ဖွင့်ကြည့်ပြီး ရှမ့်လန်ကို တစ်ချက်ကြည့်၏။ ပြီးနောက် မျက်လုံးများကို ပြန်မှိတ်သွားသည်။

“ဒီကလေးရဲ့ မျက်လုံးတွေက အရမ်းလှတယ်။ သူ့ကို လန်ပို လို့ ခေါ်မယ်။” ရှမ့်လန်က ပြော၏။

ရှမ့်နုက ဝမ်းသာအားရ ပြောသည်။ “ဒီနာမည်က ကောင်းတယ်။ ဒီနာမည်က အရမ်းကောင်းတယ်။ နားထောင်ရတာ အရမ်း မြင့်မြတ်တဲ့ ပုံစံပဲ။”

“အရှင့်ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ။”

ခဏကြာမှာတော့ လန်ညီအစ်ကို ၁၀ ယောက် တို့က မြေပြင်ပေါ်သို့ ဒူးထောက်ကာ ဦးတိုက်၏။ သူတို့အားလုံးက ကြီးမားသည့် ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရပြီး အသွင်ပြောင်းလဲမှုများတောင် ဖြစ်ခဲ့ကြ၏။ ယခင်က သူတို့၏ ပျင်းရိမှုများက ပျောက်ကွယ်သွားခဲ့ပြီး ထိုနေရာသို့ အစားထိုး ဝင်ရောက်လာသည်က နက်ရှိုင်းပြီး စူးရှသည့် မျက်လုံး အကြည့်များပင်။

“ကျုပ်... စုနန်က အရှင့်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။” စုနန်က သေသပ်စွာ ဦးတိုက်၏။ သူ၏နောက်မှ သူ့ဇနီးနှင့် ကလေးငါးယောက်တို့က သေသပ်စွာ ဒူးထောက်နေကြ၏။ အကြီးဆုံး ကလေးက ငါးနှစ်သား ရှိနေပြီး အငယ်ဆုံးက တစ်နှစ်သား အရွယ်ပင်။

ဤလူက တကယ့်ကို အံ့မခန်း ဖြစ်၏။ မျိုးနွယ်စုတစ်ခုလုံး သုတ်သင်ရှင်းလင်း ခံရလုနီးပါး ဖြစ်ခဲ့၏။ မျှော်လင့်ချက် ကင်းမဲ့သည့် အခြေအနေမှာတောင် သူက ပြန်လည်နိုးထခဲ့ပြီး ကလေးတွေကို အသည်းအသန် မွေးဖွားနေတုန်းပင်။ ဤနှုန်းအတိုင်းဆိုလျှင် မကြာခင် မိသားစုကြီး တစ်ခုကို ပိုင်ဆိုင်လာပေလိမ့်မည်။

ကံကြမ္မာက လူများကို တကယ့်ကို အရူးလုပ်၏။ ဤစုနန်က တစ်ချိန်က သူ၏ အကြီးမားဆုံး ရန်သူ ဖြစ်ခဲ့သော်လည်း ယခု ရှမ့်လန်၏ လက်အောက်ငယ်သား ဖြစ်နေ၏။

“စုနန်... ခင်ဗျား ကိုယ့်ကိုယ်ကို ဂရုစိုက်သေးတာပဲ။ ဒီလောက် နှစ်တွေ ကြာတာတောင် နုပျိုနေတုန်းပဲ။” ရှမ့်လန်က ရယ်မောကာ ဆိုသည်။

All Chapters