← Chapters

အခန်း (၁၄၂၉-၁၄၃၁)

Vol. 96 Ch. 1429-1431

အခန်း (၁၄၂၉-၁၄၃၁)

Vol. 96 Ch. 1429-1431

အခန်း (၁၄၂၉)

အပြစ်ပေးဖို့ လိုအပ်နေသေးတယ်

ရှေးဟောင်းခေတ်မှ ခေတ်သစ်အထိ မည်သူပင် အသက်ရှင်ကျန်ရစ်ပါစေ ပထမဆုံး လုပ်ရမည့်အရာမှာ ခေတ်သစ်၏ စကြဝဠာ နိယာမများထံမှ အသိအမှတ်ပြုမှု ရရှိစေရန်အတွက် လူပြန်ဝင်စားခြင်း ဖြစ်သည်။ ကောင်းကင်ဧကရာဇ်ပင်လျှင် ချွင်းချက်မဟုတ်ပေ။

လုချန်း သည် ဘဝပေါင်းများစွာ ဖြတ်သန်းခဲ့သော်လည်း ဘဝသံသရာ ကျောက်တုံး ၏ တံဆိပ်ခတ်မှုများအားလုံးကို မည်သည့်အခါကမှ အပြည့်အဝ မဖွင့်နိုင်ခဲ့ပေ။ အတိတ်ဘဝမှ သူ၏ အဖော်များကို ရှာမတွေ့နိုင်ခဲ့ခြင်းအား ဤအချက်က ရှင်းပြနေသည်။

လုချန်းသည် ခေတ်သစ်တစ်ခုသို့ ရောက်ရှိတိုင်း လူပြန်ဝင်စားရသည်။ ပြန်ဝင်စားသည်နှင့် သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို ဘဝသံသရာ ကျောက်တုံး အတွင်း တံဆိပ်ခတ်ထားရကာ သူ၏ ကျင့်စဉ်အဆင့်လည်း ဆုံးရှုံးသွားရသည်။

လုချန်း၏ အင်အားနှင့် ကျင့်စဉ်အဆင့် သည် ဘဝသံသရာ ကျောက်တုံး အတွင်း တံဆိပ်ခတ်ထားသော မှတ်ဉာဏ်များကို ခံနိုင်ရည်ရှိသည်အထိ ပြန်လည်ကောင်းမွန်လာလျှင် ခေတ်သစ်တစ်ခု၏ ကပ်ဘေး ရောက်ရှိလာတတ်သည်။ ထို့ကြောင့် လုချန်း ထပ်ခါတလဲလဲ လူပြန်ဝင်စားရပြန်သည်။

သူ၏ အတိတ်က အဖော်များအားလုံးကို စုစည်းနိုင်ခြင်း သို့မဟုတ် သူ၏ မှတ်ဉာဏ်များကို ပြန်လည်ရယူနိုင်ခြင်းတို့က မည်သည့်အခါကမှ မဖြစ်နိုင်ခဲ့ပေ။ ယင်းအစား တံဆိပ်ခတ်ထားသော မှတ်ဉာဏ်များသာ စုပုံလာခဲ့သည်။ အဖော်များကလည်း တိုးပွားလာကာ ထိုသို့ သံသရာလည်နေသည့် ဆိုးရွားသော အခြေအနေတစ်ခုကို ဖြစ်‌ပေါ်‌ နေစေသည်။

လုချန်း ခဏခန့် စဉ်းစားနေမိသည်။ ချူးယွမ်ကျိ ၏ လူပြန်ဝင်စားရသည့် အကြောင်းအရင်းကို ကြားလျှင် သူသည်လည်း အဘယ်ကြောင့် စဉ်ဆက်မပြတ် လူပြန်ဝင်စားနေရသည်ကို နားလည်သွားပုံရပေသည်။

ဤအချက်ကို ထည့်စဉ်းစားလျှင် ဤဘဝ၌ သူ၏ ရည်ရွယ်ချက်သည် အတိတ်က အဖော်များအားလုံးကို ပြန်လည်စုစည်းရန်အတွက် ဖြစ်နိုင်သည်။ ဘဝသံသရာ ကျောက်တုံး၏ တံဆိပ်ခတ်မှု အားလုံးကို ဖွင့်ရန် အနီးကပ်ဆုံးဘဝလည်း ဖြစ်နိုင်ပေသည်။

ထိုအချိန်တွင် သူမတွင်လည်း မှတ်ဉာဏ်အချို့ ချိတ်ပိတ်တံဆိပ်ခတ်ထားခြင်း ရှိမရှိ လျှိုချင်းယွမ် လည်းသိချင်နေမိသည်။ သူမသည် ပြန်လည်ဝင်စားထားသူတစ်ဦးဖြစ်ကြောင်း အမြဲသိခဲ့သည်။

ခေတ်သစ်ကပ်ဘေးကို ဧကန်မုချ ရှောင်လွှဲနိုင်မည်ကိုပင် သိထားခဲ့သည်။ သို့သော် သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များနှင့် ပတ်သက်၍မူ သူမ ရှင်းရှင်းလင်းလင်း မသိရပေ။

ချူးယွမ်ကျိ၏ စကားများကို ကြားပြီးနောက် သူမလည်း နားလည်သွားခဲ့သည်။ သူမသည် အတိတ်၏ မှတ်ဉာဏ်များနှင့် ကံဆက်နွယ်မှုများကို ခံနိုင်ရည်မရှိမှာစိုး၍ လူပြန်ဝင်စားစဉ်အတွင်း သူမ၏ မှတ်ဉာဏ်များနှင့် ကံဆက်နွယ်မှုများကို တံဆိပ်ခတ်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ မှတ်ဉာဏ် အစိတ်အပိုင်းအချို့ကိုသာ သူမ ချန်ထားခဲ့ခြင်း ဖြစ်နိုင်၏။

သူမ၏ မှတ်ဉာဏ်အားလုံးကို ပြန်လည်ရရှိသွားသည်နှင့် လုချန်းနှင့် အတိတ်ဘဝတွင် ပတ်သက်မှု ရှိမရှိ သူမ သိနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း တစ်ဖက်ကကြည့်လျှင် သူမသည် အတိတ်ဘဝက လုချန်း၏ အဖော် တကယ် ဖြစ်ခဲ့လျှင်ပင် ဤဘဝတွင် လုချန်း၏ လုပ်ရပ်များက အလွန်ပင် ရိုင်းစိုင်းလွန်းလှသည်။

သူမသည် ယန်ယန် နန်းတော်တွင် သူတော်စင်မ အဖြစ် ကောင်းမွန်စွာ နေထိုင်နေသော်လည်း သူမ၏ ကိုယ်ပွားသည် လုချန်း၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရသည်။ သူမသည် နေ့စဉ် ကစားစရာသဖွယ် အပြုခံခဲ့ရ၏။

ပင်မခန္ဓာဖြစ်သူ သူမသည်လည်း နောက်ဆုံးတွင် ပန်းနီရထားကြောင့် ရှနိုင်ငံသို့ မြှူဆွယ်ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ထိုနေရာတွင်လည်း လုချန်းက သူမကို နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့သည်။

လုချန်း၏ လုပ်ရပ်များကို ပြန်တွေးကြည့်ရင်း လျိုချင်းယွမ်၏ သူ့အပေါ် အကဲဖြတ်ချက်မှာ စကားလုံးသုံးလုံးဖြင့်သာ အကျဉ်းချုပ်နိုင်သည်။

“လူယုတ်မာ” ဟူသော စကားလုံး ဖြစ်သည်။

သို့သော် ဤကိစ္စရပ်များအားလုံးသည် ယခုအခါ အတိတ်ဖြစ်သွားပြီဖြစ်သည်။ လုချန်း၏ နည်းလမ်းများက အနည်းငယ် မရိုးသားသော်လည်း အတိတ်က ကံကြမ္မာများ ပြန်လည်ဆုံစည်းရန်အတွက်ဆိုလျှင်တော့ သူမအနေနှင့် ချီတုံချတုံဖြစ်လျက်ဖြင့်ပင် လက်ခံနိုင်သည်။

တကယ်တော့ ယခု သူမ ပျော်ရွှင်နေပြီဖြစ်၏။ ထိုသည်းမခံနိုင်စရာ ကိစ္စရပ်များသည် ယခု သိပ်အရေးမကြီးတော့ပုံ မရပေ။

ထိုအခိုက်အတန့်တွင် ချူးယွမ်ကျိ သည် လုချန်း၏ ဆံပင်များကို ဆက်လက် ပွတ်သပ်ပေးနေသည်။ သူမ၏ လက်သည် လုချန်း၏ ပါးပြင်ကို ပွတ်သပ်ရန် တဖြည်းဖြည်း လျောဆင်းသွား၏။

အကြိမ်ပေါင်းများစွာ လူပြန်ဝင်စားခဲ့ပြီးနောက် နောက်ဆုံးတွင် သူမ ချစ်ရသူအား ချူးယွမ်ကျိ တစ်ဖန် ပြန်လည်မြင်တွေ့ခွင့်ရခဲ့သဖြင့် သူမ၏ နှလုံးသားလည်း မငြိမ်သက်နိုင်စွာ လှုပ်ရှားလာတော့သည်။ ကပ်ဘေး တစ်ခုစီတိုင်းတွင် သူမ သေဆုံးပြီးနောက် လုချန်းကို ထပ်မံမမြင်တွေ့ရတော့မှာကို စိုးရိမ်ခဲ့ရသည်။

ချူးယွမ်ကျိ ၏ နွေးထွေးသော လက်ဖဝါးကို ခံစားရင်း လုချန်း သူ၏ အတွေးများကို စုစည်းကာ

“ယွမ်ကျိ....ကိုယ်တို့ အတူရှိခဲ့တဲ့ ဘဝမှာ ကိုယ်မင်းကို ဘဝသံသရာ ကျောက်တုံး အကြောင်း ပြောပြဖူးလား။”

ချူယွမ်ကျိ က ခေတ္တခန့် စဉ်းစားပြီး တုံ့ပြန် လိုက်သည်။

“ဟုတ်တယ်... ရှင် ပြောပြခဲ့ဖူးတယ်”

လုချန်းက ဆက်လက်၍

“အဲ့ဒီဘဝမှာ ကိုယ့်မှာ လမ်းစဉ်အဖော် ဘယ်နှစ်ယောက် ရှိခဲ့လဲ။”

ထိုအရာကို ကြားလျှင် ချူးယွမ်ကျိ က လုချန်းကို အငြိုးအတေး အနည်းငယ်ဖြင့် ကြည့်လိုက်ကာ

“အဲဒီဘဝမှာတော့ ကျွန်မ တစ်ယောက်တည်းပါပဲ။”

လုချန်း ခဏခန့် ရပ်တန့်သွားသည်။ ချူးယွမ်ကျိ နှင့် တွေ့ခဲ့သည့် ဘဝသည် အစောပိုင်းဘဝတစ်ခု ဖြစ်သင့်သည်။ အစောပိုင်း လူပြန်ဝင်စားခြင်းများက ဘဝသံသရာ ကျောက်တုံး၏ ချိတ်ပိတ်မှုများ ပို၍ပွင့်နေသည်ဟု ဆိုလိုသည်။

သို့သော်လည်း ထိုအချိန်က သူ့၌ ချူးယွမ်ကျိ တစ်ယောက်သာ အမျိုးသမီးအဖြစ် ရှိခဲ့ခြင်းက သူ၏ လူပြန်ဝင်စားမှု တစ်လျှောက်လုံးတွင် သူ၏ အဖော်အားလုံးကို မည်သည့်အခါကမှ မစုစည်းနိုင်ခဲ့ကြောင်း ဖော်ပြနေပေသည်။

ဟုတ်ပါသည်။ ချူယွန်းကျိ နှင့် အတူရှိခဲ့သည့် ဘဝသည် အရမ်းစောလွန်းနေသဖြင့် ထိုအချိန်တွင် သူ့၌ အဖော်အမြောက်အမြား မရှိသေးတာလည်း ဖြစ်နိုင်သည်။ ဆက်တိုက် လူပြန်ဝင်စားလာတာနှင့်အမျှ သူ၏ အဖော်များ တဖြည်းဖြည်း တိုးပွားလာခဲ့ခြင်း ဖြစ်သည်။

လုချန်း၏ ချောမောသော မျက်နှာကို ငေးကြည့်ရင်း လုချန်းနှင့် ကုန်ဆုံးခဲ့သည့် အတိတ်ဘဝ၏ မှတ်ဉာဏ်များထဲတွင် ချူးယွမ်ကျိ နစ်မျောသွားတော့သည်။ ထိုဘဝတွင် လုချန်းသည် ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းတစ်ဦးဖြစ်ပြီး ယခုဘဝကဲ့သို့ ကာမစိတ် မများသေးပေ။ သူတို့သည် စုံတွဲကျင့်စဉ် ကို မကြာခဏ လေ့ကျင့်လေ့ရှိသော်လည်း ဤဘဝကဲ့သို့ အလွန်အကျွံ မဟုတ်ခဲ့ပေ။

တစ်နည်းနည်းဖြင့် လုချန်းသည် ဤဘဝတွင် ယခုလို လူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပြောရမည်ဆိုရင် ရှန်ဝူဧကရာဇ်၏ သားအဖြစ် ရောက်ခဲ့သည့် ဘဝမှာတောင် လုချန်းသည် ကျင့်စဉ် လေ့ကျင့်ခြင်းအပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။

ထိုသို့ များစွာ တွေးတောရင်း ချူယွန်းကျိ ၏ ဦးနှောက်တစ်ခုလုံး ထုံထိုင်းသွားခဲ့သည်။

ထိုအရာက ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံး၏ ပြဿနာ ဖြစ်နိုင်လား။

သူမသည် ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံးဖြင့် လုချန်း၏ ကံကြမ္မာကို ခြယ်လှယ်ခဲ့ပြီး သူ့အား အချစ်ရေးတွင် နစ်မျောသွားစေခဲ့သည်။ ရလဒ်အနေနှင့် သူ၏ ပင်ကိုယ်စရိုက် ပြောင်းလဲမှုကိုပါ ဖြစ်ပေါ်စေခဲ့သလားဟု သူမ တွေးတောမိလာသည်။

ချူးယွမ်ကျိတစ်ယောက် လုချန်း၏ မျက်နှာကို ငေးကြည့်ရင်း အတွေးထဲ နစ်မျောနေစဉ် သူက ဆက်လက်၍

“ကိုယ်တို့ အတူရှိခဲ့တဲ့ ဘဝမှာ ကိုယ် ဘယ် လမ်းစဉ် ကို လေ့ကျင့်ခဲ့လဲ။”

ချူယွန်းကျိက

“ဓားလမ်းစဉ်ပါ”

လုချန်း သူ့ဘာသာ တွေးမိလိုက်သည်။

ဓားလမ်းစဉ်လား...

ဒါက ဖန်တီးခြင်းလမ်းစဉ် နဲ့ အရမ်း ကွာခြားတာပဲ။

ဖန်တီးခြင်း လမ်းစဉ်သည် လမ်းစဉ် အားလုံး၏ အစမူလ ဖြစ်ပြီး ဓားလမ်းစဉ် ကတော့ ဖန်တီးခြင်း လမ်းစဉ် မှ ဆင်းသက်လာသော လမ်းစဉ် တစ်ခုမျှသာ ဖြစ်သည်။

တစ်ဦးတစ်ယောက်သည် ဓားလမ်းစဉ် ကိုသာ ကျင့်ကြံပါက ကျင့်စဉ် အောင်မြင်မှုများသည် သဘာဝအတိုင်း ကန့်သတ်ချက် ရှိလိမ့်မည်ဖြစ်သည်။ ယခုအချိန်တွင် ဤအရာများကို တွေးတောခြင်းက သိပ်ပြီး အရေးမပါတော့ဟု လုချန်း ချင့်ချိန်လိုက်သည်။

ယခု သူ၏ ကိုယ်ပွားများအား စကြဝဠာကို ချက်ချင်း စူးစမ်းလေ့လာစေသင့်သည်။ အမှတ် ကိုးဆယ်ကျော်ရှိသော အမျိုးသမီးများကိုဆက်လက် ရှာဖွေသင့်သည်။

ထို့‌နောက် အတွေးကမ္ဘာမှ လုချန်း ပြန်လည်နိုးထလာပြီး ချူးယွမ်ကျိ ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ ပူလောင်သော အကြည့်အောက်တွင် ချူယွန်းကျိ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသည်။

လုချန်းနှင့် ကုန်ဆုံးခဲ့သော သူမ၏ အတိတ်ဘဝတွင် သူမသည် ယခုဘဝကဲ့သို့ လုချန်းထံမှ အနိုင်ကျင့် ဗိုလ်ကျမှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ အကယ်၍ ဤအတိုင်းသာ ဆက်သွားပါက သူမသည် လုချန်း၏ ပြောင်းလဲပေးခြင်းကို ခံရနိုင်သည်။

အဓိက အချက်မှာ ဤဘဝတွင် လုချန်း၏ လွှမ်းမိုးမှုကြောင့် သူမ အချစ်လမ်းစဉ်ကို ကျင့်ကြံမိခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကို တွေးမိပြီး ချူးယွမ်ကျိ အနည်းငယ် ရှက်ရွံ့သွားမိသည်။

သူမသည်လည်း သူမ၏ အတိတ်ဘဝ တွင် ဓားလမ်းစဉ်ကို ကျင့်ကြံခဲ့သည်။ ဤဘဝတွင်တော့ အဘယ်ကြောင့် အချစ်လမ်းစဉ် သို့ ပြောင်းလဲသွားရသနည်း။

၎င်းသည် ဆက်စပ်မှု မရှိသော လမ်းစဉ် တစ်ခုဖြစ်သော်လည်း ဤလောကတွင် တကယ် တည်ရှိနေသည်။ ထိုလမ်းစဉ်သည် သူမကို ဧကရာဇ်အဆင့် တစ်ပါး ဖြစ်လာစေခဲ့သည်။ ထိုသို့ တွေးကြည့်လျှင် လုချန်းသာ ပြောင်းလဲသွားခြင်း မဟုတ်ပဲ သူမကိုယ်တိုင်လည်း ပြောင်းလဲသွားပုံရသည်။

ထိုစဉ် ချူးယွမ်ကျိ ၏ ခန္ဓာကိုယ် အပူချိန် လျင်မြန်စွာ မြင့်တက်လာသည်ကို လုချန်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူမက ပြင်းပြမှုကို တိုးမြှင့်လိုက်သဖြင့် သူကိုယ်တိုင်လည်း ထိန်းမထားနိုင်တော့ပေ။

“ဟွန်း... မင်းရဲ့ အတိတ်က မှတ်ဉာဏ်တွေကို ပြန်ရတာက ဒီဘဝမှာ မင်း ကိုယ့်ကို ပေးခဲ့တဲ့ ဒုက္ခတွေကို သင်ပုန်းမ‌ချေသွားဘူး။ အပြစ်ပေးဖို့ ထိုက်တန်တဲ့အရာကတော့ အပြစ်ပေးဖို့ လိုအပ်နေသေးတယ်။”

လုချန်း ပြန်လည်စတင်သည်ကို မြင်လျှင် ချူယွမ်ကျိလည်း အတော်လေး အကူအညီမဲ့သလို ခံစားလိုက်ရသည်။ လုချန်း၏ ကျင့်စဉ်နှင့် ပူးပေါင်းရန် လမ်းစဉ်၏ စွမ်းအားကိုသာ လှုံ့ဆော်နိုင်တော့သည်။

“ကျွန်မ...... တာဝန်ကို ရှောင်လွှဲမှာ မဟုတ်ပါဘူး။ ရှင့် ကျွန်မကို ဘယ်လိုအပြစ်ပေးချင်ပါစေ... အဆင်ပြေပါတယ်...”

ပြီးတော့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်...”

လုချန်းက သိချင်စိတ်ဖြင့် မေးလိုက်ပေသည်။

“ဟင်... ဘာလဲ”

လုချန်း၏ ကျယ်ပြန့်သော ပခုံးများကို သူမ၏ လက်မောင်းများဖြင့် ပွေ့ဖက်လိုက်ရင်း

“ကွေးရီဂိုဏ်းက ရှနိုင်ငံကို လာနေပြီ ထင်တယ်.....”

ထိုအရာကို ကြားလျှင် လုချန်း ရပ်တန့်သွားသည်။

“ကွေးရီ ဂိုဏ်းလား”

“သူတို့က မင်းကို ရှန်ယွဲ့ နန်းတော်ဆီ အစောကတည်းက ပို့ထားခဲ့တာလေ။ အခုတော့ ကိုယ့်ဆီမှာ ခိုလှုံခွင့် လာတောင်းရဲတယ်ပေါ့ ဟုတ်လား။”

ချူးယွမ်ကျိသည် ကွေးရီဂိုဏ်း ၏ သူတော်စင်မ ဖြစ်သော်လည်း ကွေးရီ ဂိုဏ်း က သူတို့၏ သူတော်စင်မကို ရှန်ယွဲ့ နိုင်ငံဆီသို့ ပို့ဆောင်ခဲ့သည်။ အကယ်၍ ချူးယွမ်ကျိ ၏ ဖရိုဖရဲ ဝိညာဉ်ခန္ဓာသာ ရင့်ကျက်သွားခဲ့လျှင် အရာအားလုံး ပြောင်းလဲသွားနိုင်၏။

ကွေးရီဂိုဏ်း အပေါ် လုချန်း လုံးဝ စေတနာ မရှိပေ။

လုချန်း၏ ကွေးရီဂိုဏ်း အပေါ် အလွန် သဘောထားကို ချူးယွမ်ကျိ သိမြင်လိုက်ပြီး

“တကယ်တော့...ကွေးရီ ဂိုဏ်းကို ဒါအတွက် အပြစ်တင်လို့ မရပါဘူး။”

…………..

အခန်း (၁၄၃၀)

ရှန်ဝူဧကရာဇ် ကျဆုံးခြင်း

ကွေးရီဂိုဏ်းအတွက် ချူးယွမ်ကျိက ရှေ့နေလိုက်ပေးသည်ကို မြင်လျှင် လုချန်းသထပ်မံလှုပ်ရှားလာပြီး ပြင်းပြင်းထန်ထန်ပင် စတင်အားထုတ်လေတော့သည်။

“ဘယ်လိုလုပ် သူတို့နဲ့ မဆိုင်ပဲ နေမှာလဲ။ ကိုယ် မင်းကို ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့တာပဲ။”

ချူးယွမ်ကျိ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူမ၏ နှုတ်ခမ်းကို အနည်းငယ် ဟလျက်

“ကျွန်မ...”

“ကျွန်မ လူဝင်စားဖြစ်လာတဲ့အချိန်မှာ အနာဂတ်ကို အစွမ်းကုန် တွက်ချက်ခဲ့တယ်။”

“အနာဂတ်မှာ ပြနေတာက ရှန်ဝူဧကရာဇ်က ရှင့်အတွက် အလွန်အရေးကြီးတဲ့ အရာတစ်ခုကို လက်ဝယ်ထားရှိတယ်ဆိုတယ်...”

“နောက်ပြီး ကျွန်မရဲ့ ဝိညာဉ်ထဲမှာ ရှင့်ရဲ့ ဝိညာဉ်နဲ့အတူ ပေါင်းစပ်ပြီး အာဟာရဖြည့်ပေးနေတဲ့ ဓားသန္ဓေသားတစ်ခု ရှိနေတယ်။ အကယ်၍ ကျွန်မ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရမယ်ဆိုရင် အဲဒါက ပေါက်ကွဲထွက်လာလိမ့်မယ်။”

လုချန်းမှာ ထပ်မံ မှင်သက်သွားရ၏။

ဓားသန္ဓေသား.....

အကယ်၍ ဓားသန္ဓေသားသာ ပေါက်ကွဲထွက်လာပါက ချူးယွမ်ကျိ၏ ဝိညာဉ် လုံးဝ ပျောက်ကွယ်သွားရမည့် အခြေအနေ ဖြစ်သည်။ ချူးယွမ်ကျိ ပျိုးထောင်ထားသော ဓားသန္ဓေသားသည် သန့်စင်သောသော့တစ်ခုနှင့် ဆင်တူ၏။ အမျိုးသမီးတစ်ဦး၏ ရှုထောင့်မှကြည့်လျှင် ၎င်းသည် ကောင်းသော အရာမဟုတ်ပေ။

လုချန်း ရုတ်တရက် ရပ်တန့်သွား၏။ သူ၏ မျက်ဝန်းများတွင် ရှုပ်ထွေးသော စိတ်ခံစားချက်များ ဝေ့ဝဲနေသည်ကို မြင်လျှင် ချူးယွမ်ကျိက

“ဒါက ကျွန်မရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပါပဲ”

လုချန်းက သက်ပြင်းချကာ

“ဟူး... အခု ပြန်စဉ်းစားကြည့်တော့ ကိုယ်က တကယ်ပဲ လူသား မဆန်ဘူး ဖြစ်နေပြီ။”

ထိုအရာကို ကြားလျှင် သူ၏ ဘေးနားရှိ လျိုချင်းယွမ်က နှာခေါင်းရှုံ့လိုက်၏။ ဤလူသည် သူ လူ မဟုတ်ကြောင်း၊ တိရစ္ဆာန်နှင့် မခြားနားကြောင်း နောက်ဆုံးတွင် ဝန်ခံလိုက်ပြီဟု သူမ တွေးမိလိုက်သည်။

လုချန်းက ဆက်လက်၍

“မင်း အရင်ဘဝတုန်းက တွက်ချက်ခဲ့တဲ့ အရာက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး ဖြစ်လိမ့်မယ်။”

ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးသည် ဘဝသံသရာ ကျောက်တုံးမှ ခွဲထွက်လာခြင်းဖြစ်၏။ ဘဝသံသရာ ကျောက်တုံးအတွင်း၌ ချိပ်ပိတ်ထားသော မှတ်ဉာဏ်များ ရှိနေသည်။ ၎င်းသည် လုချန်းအတွက် တကယ် အရေးကြီးလှသည်။

လုချန်းက ထပ်မံ သက်ပြင်းချလိုက်ရင်း

“ထားလိုက်ပါတော့...ဒီအကြောင်းတွေကို မပြောကြရအောင်။ ကွေးရီဂိုဏ်းက လာချင်တယ်ဆိုရင်လည်း လာပါစေ။”

စကားပြောအပြီးတွင် လုချန်းလည်း သူ၏ အလုပ်များကို ဆက်လက် လုပ်ဆောင် တော့သည်။ သို့သော် ဤအကြိမ်တွင်မူ ပြင်းထန်ခြင်း မရှိတော့ပေ။

လုချန်း၏ နူးညံ့သိမ်မွေ့သော အမူအရာကို ခံစားမိလျှင် ဆန့်ကျင်ဘက်အားဖြင့် ချူးယွမ်ကျိ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွား၏။ အကယ်၍ သူမသည် အစကကဲ့သို့ ဓားလမ်းစဉ်ကိုသာ လေ့ကျင့်ခဲ့မည်ဆိုလျှင် ထိုကဲ့သို့ အရာများက အရေးကြီးမည် မဟုတ်ပေ။

သို့သော် ဤဘဝတွင် သူမသည် အချစ်လမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်၏။ ထို့ကြောင့် လုချန်း၏ နူးညံ့သိမ်မွေ့မှုက သူမအတွက် ကောင်းမွန်သော အရာတစ်ခု မဟုတ်ပေ။

ထို့နောက် ချူးယွမ်ကျိက လမ်းစဉ်စွမ်းအားကို လှုံ့ဆော်လိုက်၏။ ထိုအခါ အချစ်လမ်းစဉ်၏ လမ်းစဉ်အရှိန်အဝါများက လုချန်းကို ဝန်းရံသွားတော့သည်။

ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် လုချန်း၏ မျက်လုံးများ တဖြည်းဖြည်း နီမြန်းလာ၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးလည်း သောင်းကျန်းလာပြီး အမြန်ဆုံး ထုတ်လွှတ်ရန် လိုအပ်လာသည်။

ဤအရာသည် ချူးယွမ်ကျိကြောင့် ဖြစ်မှန်း လုချန်းက ချက်ချင်း သိလိုက်၏။ သူက သူမကို ဇဝေဇဝါဖြင့် ကြည့်ကာ

“မင်း ဘာလုပ်နေတာလဲ”

ချူးယွမ်ကျိ၏ ပါးပြင်များ အလွန် နီမြန်းနေ၏။ သူမသည် လုချန်းကို ချစ်မြတ်နိုးသော မျက်ဝန်းများဖြင့် ကြည့်နေပြီး မည်သည့်အဖြေကိုမှ မပေးပေ။

ထိုအခိုက်အတန့်တွင် သူမ၏ တုံ့ပြန်မှုသည် အကောင်းဆုံး အဖြေတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

လုချန်းလည်း ဤအရာက ဘာကို ဆိုလိုမှန်း ချက်ချင်း နားလည်သွား၏။ သူ၏ အကြည့်များ ချက်ချင်း စူးရှသွားကာ နှာခေါင်းရှုံ့လိုက်ရင်း

“မင်းရဲ့ ကိုယ်ထဲမှာ ဓားသန္ဓေသား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မင်း ဒီလောက်အထိ မဆင်မခြင် မလုပ်သင့်ဘူး။”

“ကိုယ့်ရဲ့ မိန်းမကို တခြားယောက်ျားတွေနဲ့ ပတ်သက်တာမျိုး ကိုယ်ခွင့်မပြုဘူး။ မင်း အပြစ်ပေးခံရဦးမှာပဲ။”

ထို့နောက် လုချန်းသည် အရင်အတိုင်းပင် ချူးယွမ်ကျိအပေါ် ပြင်းထန်စွာ ဆောင်ရွက်လေတော့သည်။

လျိုချင်းယွမ်လည်း သူတို့နှစ်ဦးကို ကြည့်ရင်း ဆွံ့အသွားရ၏။ သူမ အခုမှ အသက်ရှူချောင်ရုံရှိသေးသည်။ ယခု ချူးယွမ်ကျိက သူမ၏ အချစ်လမ်းစဉ် စွမ်းအားကို ထပ်မံ ထုတ်လွှတ်လိုက်သဖြင့် သူမကို ထပ်မံ ထိခိုက်စေပြန်သည်။

သူမ ဤပြဿနာနယ်မြေမှ အမြန်ဆုံး ထွက်ခွာသွားသင့်သည်။

ထိုသို့တွေးရင်း ထိုနေရာမှ ထွက်ပြေးရန် လျိုချင်းယွမ် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် လုချန်း၏ ဧကရာဇ်လောင်း ကိုယ်ပွား သူမ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာ၏။ သူက ပြုံးလျက်

“ယွမ်... မင်း ဘယ်ကို သွားမလို့လဲ”

လျိုချင်းယွမ် တစ်ကိုယ်လုံး တောင့်တင်းသွား၏။ လုချန်းတွင် ခန္ဓာကိုယ် တစ်ခုထက်မက ရှိကြောင်းကို သူမ မည်သို့ မေ့သွားရသနည်း။

လျိုချင်းယွမ်က တည်ငြိမ်ဟန်ဆောင်ကာ

“ကျွန်မ ရှင်တို့ ကျင့်စဉ်လေ့ကျင့်တာကို အနှောင့်အယှက် မပေးတော့ဘူး။”

လုချန်းက ပြုံးပြီး

“ဘာတွေ ပြောနေတာလဲ။ ဒါက ဘယ်လိုလုပ် အနှောင့်အယှက် ဖြစ်မှာလဲ”

“ယွမ်ကျိက လမ်းစဉ်စွမ်းအားကိုတောင် ထုတ်လွှတ်ထားတာ။ ဒါက တကယ်တော့ ကိုယ်တို့ ကျင့်စဉ်အတွက် အထောက်အကူ ဖြစ်စေတယ်။ မင်း အခု ထွက်သွားမယ်ဆိုရင် သူရဲ့ စေတနာတွေ အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား။”

အချစ်လမ်းစဉ်၏ လွှမ်းမိုးမှုအောက်တွင် လျိုချင်းယွမ်၏ စိတ်ဝိညာဉ်စွမ်းအားများ ပို ၍လှုံ့ဆော်ခံလာရ၏။ ကျင့်စဉ်လေ့ကျင့်စဉ်အတွင်း စွမ်းအားစီးဆင်းမှုကို တိုးမြှင့်ပေးသဖြင့် စုံတွဲကျင့်စဉ်ကို ပိုမိုထိရောက်စေသည်။

ဟုတ်ပါသည်။ ဘေးထွက်ဆိုးကျိုး ကတော့ လျိုချင်းယွမ် အနေနှင့် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားလိမ့်မည် ဖြစ်၏။

လျိုချင်းယွမ်က

“ချင်းချိုက နည်းနည်း နေမကောင်းဘူးလို့ ပြောနေတယ်။ ကျွန်မ သူမကို သွားကြည့်လိုက်ဦးမယ်။”

ထိုသို့ပြောရင်း လျိုချင်းယွမ် ထိုနေရာမှ ထွက်ပြေးရန် ပြင်၏။ သို့သော်လည်း ခြေလှမ်း အနည်းငယ်မျှ လှမ်းပြီးနောက် လုချန်းက သူမကို ပြန်ဆွဲလိုက်သည်။

ထို့နောက် လုချန်းက သူမကို ခေါင်မိုးလက်ရန်းတွင် ဖိကပ်ထားရင်း

“ကိုယ် ချင်းချိုးရဲ့ ဘေးနားမှာ ရှိနေတာပဲ။ သူ နေမကောင်းဖြစ်နေရင် ကိုယ် မသိပဲ နေမလား။”

လျိုချင်းယွမ် ဆွံ့အသွားရ၏။ လုချန်းတွင် ကိုယ်ပွား တစ်ခုထက်မက ရှိနေသည်ကို သူမ မေ့သွားမှန်း သိလိုက်ရပြန်သည်။

“ရှင်”

……..

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။

ဤကာလအတွင်း လုချန်း၏ ဇနီးများထဲမှ မည်သူမှ ကိုယ်ဝန် မရရှိခဲ့ကြပေ။ ထိုအရာက သူ၏ ပြဿနာများလားဟု လုချန်း သံသယဝင်လာမိ၏။

ဧကရာဇ်အဆင့် တစ်ဦးအတွက် ရင်သွေးရရှိရန် တကယ် ခက်ခဲ၏။ သို့သော် ယခင်က ထျန်းဟုန်ဧကရီနှင့် ချူးယုချင်းတို့ နှစ်ဦးစလုံး ကိုယ်ဝန်ရရှိခဲ့ကြသည်။

ထျန်းဟုန်ဧကရီ၏ ဝမ်းဗိုက်ထဲရှိ ကလေးကတော့ ယခုထိ မွေးဖွားခြင်း မရှိသေးပေ။ သို့သော် သူမ ကိုယ်ဝန်ရရှိခဲ့တာကတော့ တကယ်ပင် ဖြစ်၏။

သို့သော်လည်း အခြားသော အမျိုးသမီးများထံမှ မည်သည့် လှုပ်ရှားမှုမှ မရှိပေ။

သူ၏ ပင်မခန္ဓာသည် ဤနှစ်များအတွင်း တစ်ခါမှ မနားခဲ့ပေ။ သူသည် ဖန်တီးခြင်း လမ်းစဉ်မှ လမ်းစဉ်စွမ်းအားကိုပင် အသုံးပြုခဲ့သော်လည်း မည်သည့် အကျိုးထူးမဖှ မရှိခဲ့ပေ။

………

ရှုယွမ်ကြယ်စင်နယ်မြေ။

ထျန်းဖုန်းကမ္ဘာ။

လုချန်း၏ ကိုယ်ပွား သည် နတ်လှေကို စီးနင်းကာ ထိုနေရာတစ်ဝိုက် ခရီးလှည့်လည်လာ၏။ စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီမည့် အမျိုးသမီးများကို ရှာဖွေသည့် ခရီးစဉ်ကို လုချန်း စတင်ခဲ့တာ ကြာပြီဖြစ်၏။

သို့သော် ယခင်နှစ်များကကဲ့သို့ပင် ယခုအချိန်အထိ သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသမီးအသစ် တစ်ဦးမှ မတွေ့ရှိသေးပေ။ အလွန်လှပသော သူများနှင့် တွေ့ဆုံခဲ့လျှင်တောင် သူတို့၏ အမှတ်မှာ ရှစ်ဆယ့်ကိုးမှတ်သာ ရှိသည်။

ဤစကြဝဠာထဲတွင် အမှတ်ကိုးဆယ်ရ အမျိုးသမီးများ မရှိတော့ခြင်းလား။

သို့မဟုတ် အမှတ်ကိုးဆယ်ရ အမျိုးသမီးများ ရှိနေခဲ့လျှင် သူ ရှာဖွေနေစရာ မလိုပဲ ရှနိုင်ငံသို့ စနစ်က အလိုအလျောက် ပို့ဆောင်ပေးမှာလားဟု လုချန်း တွေးတောမိသည်။

ဤနှစ်များအတွင်း သူ၏ အတွေ့အကြုံများကို ပြန်ကြည့်လျှင် သူ၏ အမျိုးသမီး အများစုသည် သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာကြခြင်းဖြစ်၏။ သူတို့၏ ပင်မခန္ဓာက မလာရောက်နိုင်လျှင်ပင် အကြောင်းအမျိုးမျိုးကြောင့် သူတို့၏ ကိုယ်ပွားများ ရှနိုင်ငံတွင် ပေါ်လာတတ်ကြသည်။

ထို့ပြင် လူဦးရေ အလွန်များပြားလှသော ကျယ်ပြောလှသည့် စကြဝဠာထဲတွင် အမှတ်ကိုးဆယ်ရ အမျိုးသမီးများ နေရာတိုင်းတွင် ရှိမနေပေ။ လူပင်လယ်ထဲတွင် စနစ်၏ သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသမီးတစ်ဦးကို ရှာဖွေရခြင်းက ကောက်ရိုးပုံထဲတွင် အပ်ရှာရသကဲ့သို့ ဖြစ်သည်။

သို့သော် လက်ရှိ လေ့လာတွေ့ရှိချက်များအရ အမှတ်ကိုးဆယ်ရ အမျိုးသမီးများသည် သူနှင့် အရင်ဘဝတုန်းက တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်၏။ ၎င်းတို့ကို နေရာတိုင်းတွင် တွေ့ရှိနိုင်ရန် မဖြစ်နိုင်ပေ။

…….

စားသောက်ဆိုင် တစ်ခု၌။

လုချန်း၏ ပြန်လည်ပျက်စီးခြင်းအဆင့် ကိုယ်ပွား သည် ပြတင်းပေါက်အနားတွင် ထိုင်နေ၏။ သူသည် ဝါးဦးထုပ်ကို ဆောင်းလျက် အောက်ဘက်တွင် သွားလာနေကြသော ကျင့်ကြံသူများကို ကြည့်နေသည်။

ဤစကြဝဠာထဲတွင် အမှတ်ကိုးဆယ်ရ အမျိုးသမီးများ တကယ်ပင် မကျန်တော့ဟု သူ တွေးနေမိ၏။ စနစ်၏ သဘာဝအရ ထိုကဲ့သို့သော အမျိုးသမီးများ ရှိနေသေးပါက သူ့ထံသို့ ပို့ဆောင်ပေးခဲ့သည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။

အထူးသဖြင့် ထိုပန်းနီရထားဖြစ်သည်။ ၎င်း၏ ဇစ်မြစ်ကို သူ မသိသော်လည်း ၎င်းသည် စနစ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်သည်။

အမှတ်ကိုးဆယ်ရ အမျိုးသမီးများ မကျန်တော့ပါက ကိစ္စများကို သူ အဆုံးသတ်သင့်၏။ ပထမဦးစွာ ရှနိုင်ငံအတွင်းရှိ လေဟုန်ယွမ်နှင့် ပေရှုဟွာတို့ကို ကိုင်တွယ်ဖြေရှင်းရမည်။ ထို့နောက် ယွမ်ရှန်ရှန်၏ ပင်မခန္ဓာဖြစ်သော ယွမ်ချင်းရှုကို သိမ်းပိုက်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည်။

ယွမ်ချင်းရှု၏ အေးစက်လှပသော မျက်နှာကို တွေးမိလိုက်သည်နှင့် လုချန်း၏ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။

လုချန်း၏ အတွေးများ တခြားသို့ ရောက်ရှိနေစဉ် ဘေးနားရှိ ပြန်လည်ပျက်စီးခြင်း အဆင့် ကျင့်ကြံသူများ၏ ဆွေးနွေးသံများကို ကြားလိုက်ရလေသည်။

“ဟူး... ဘဝက ပိုပိုပြီး ခက်ခဲလာပြီ”

“ကောင်းကင်နတ်ဆိုးတွေ အရေအတွက်က ပိုပိုများလာတယ်။ ပြင်ပနယ်မြေရဲ့ အခြေအနေက အခု ဘယ်လိုဖြစ်နေပြီလဲ မသိဘူး။”

“အခုအချိန်မှာ ပြင်ပနယ်မြေရဲ့ အခြေအနေကို ခင်ဗျားက စိုးရိမ်နေတုန်းပဲလား။ အဲဒီနေရာက ဧကရာဇ်အဆင့်တွေပဲ သွားနိုင်တဲ့ နေရာလေ။ ရှန်ယွဲ့နိုင်ငံတော်ရဲ့ အပြောင်းအလဲတွေကိုပဲ စိုးရိမ်တာ ပိုကောင်းလိမ့်မယ်။”

ဟု အခြားတစ်ဦးက တုံ့ပြန်၏။

“ရှန်ယွဲ့နိုင်ငံတော်မှာ ဘာတွေ ဖြစ်နေလို့လဲ”

ဟု မေးမြန်းသံ ထွက်ပေါ်လာ၏။

တစ်ဦးက သက်ပြင်းချကာ

“မကြာသေးခင်ကပဲ ရှန်ဝူဧကရာဇ် ကျင့်စဉ်ကျင့်ရာမှာ ပြဿနာဖြစ်ပြီး ကျဆုံးသွားပြီလို့ သတင်းတွေ ထွက်နေတာပဲ။”

…………

အခန်း (၁၄၃၁)

လုယန်ဟွာ၏ တန်ပြန်တိုက်စစ်

ခရမ်းရောင်ဝတ်စုံနှင့် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ၏ စကားများကို ကြားရသောအခါ လုချန်း မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ သို့သော်လည်း ဖြစ်ပျက်နေသည့် အခြေအနေကို လုချန်း လျင်မြန်စွာပင် နားလည်သဘောပေါက်သွား၏။

ရှန်ဝူဧကရာဇ်လိုလူက ဘယ်လိုလုပ် ဤမျှ လွယ်လွယ်ကူကူနှင့် သေဆုံးနိုင်မည်နည်း။

ရှန်ဝူဧကရာဇ်သည် ဝိညာဉ်ကူးပြောင်းရန်အတွက် ခန္ဓာကိုယ်တစ်ခုကို ရှာဖွေတွေ့ရှိထားပြီဖြစ်သည်။ ယခုအချိန်တွင် မင်းသားတစ်ပါး၏ ခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်ခြင်းကိစ္စ အောင်မြင်ပြီးလောက်ပြီဖြစ်သည်။

လုချန်း ထိုသို့ တွေးနေစဉ်မှာပင် တစ်စုံတစ်ယောက်က အံ့သြတကြီးနှင့် အော်ဟစ်လိုက်သည်။

“ခင်ဗျားက ဧကရာဇ်ရဲ့ နာမည်ကို တိုက်ရိုက်ခေါ်ရဲတယ်တယ်လား။ သူ တကယ်ပဲ သေသွားပြီလား။”

ဧကရာဇ်တစ်ပါးကို စော်ကား၍ မရပေ။ တစ်စုံတစ်ယောက်က ဧကရာဇ်၏ အမည်ကို ရွတ်ဆိုလျှင် ဧကရာဇ်ကိုယ်တိုင် သိနိုင်သည်။ ဥပမာအားဖြင့် အကယ်၍ တစ်စုံတစ်ယောက်က ရှဧကရာဇ်ကို စော်ကားလျှင် ထိုစော်ကားမှုကို လုချန်းချက်ချင်း ခံစားရနိုင်၏။ ထို့ပြင် ထိုသူရှိရာ နေရာကိုလည်း သိနိုင်သည်။

ထို့ကြောင့် သာမန်ကျင့်ကြံသူများသည် သက်ရှိထင်ရှားရှိနေသော ဧကရာဇ်၏ အမည်ကို မခေါ်ရဲကြချေ။ အကယ်၍ တစ်စုံတစ်ယောက်က ဧကရာဇ်၏ အမည်ကို ခေါ်ဝံ့လျှင် ထိုအချက်သည် ဧကရာဇ်သည် တကယ် ကျဆုံးသွားခြင်း သို့မဟုတ် ဧကရာဇ်ထံ၌ အရေးယူနိုင်စွမ်း မရှိတော့ခြင်းကို ညွှန်းဆိုနေခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရှန်ဝူဧကရာဇ် သေဆုံးသွားကြောင်း ပြောခဲ့သော ကျင့်ကြံသူက ဆက်လက်၍

“ဒီသတင်းက ဗဟို ကြယ်နယ်မြေတစ်ခုလုံး အနှံ့ ပြန့်နေပြီဆိုတော့ အမှန်ပဲ ဖြစ်ရမယ်။”

ကျင့်ကြံသူတစ်ဦးကတော့

“ဒါက ကောင်းတဲ့အချက် မဟုတ်ဘူးလား” ဟု မေးလိုက်သည်။

ရှန်ဝူဧကရာဇ်သည် လမ်းစဉ်ကို သက်သေပြရန်အတွက် သတ်ဖြတ်ခြင်းလမ်းစဉ်ကို လိုက်စားခဲ့သည်။ သူသည် ပို၍ အင်အားကြီးမားလာစေရန်နှင့် ပိုမြင့်သော အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် လူပေါင်းများစွာကို သတ်ဖြတ်ရန် လိုအပ်သည်။

ထိုအချက်အရ ရှန်ဝူဧကရာဇ်သည် စစ်ပွဲများကို အဆက်မပြတ် ဆင်နွှဲဦးမည်ဖြစ်ပြီး သာမန်လူများထံသို့ ကြောက်ရွံ့မှုများ ယူဆောင်လာမည်ဟု ဆိုလိုသည်။ ထိုအရာက ကောင်းကင်နတ်ဆိုးများကို ပို၍ အင်အားကြီးမားလာစေမည် ဖြစ်၏။ ရှန်ဝူဧကရာဇ် သေဆုံးခြင်းသည် တစ်လောကလုံးအတွက် ကောင်းသော အချက်ပင် ဖြစ်သည်။

ထိုစကားကို ကြားလျှင် ရှန်ဝူဧကရာဇ် နိဂုံးချုပ်သွားကြောင်း ပြောခဲ့သူက အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် သူသည် စားပွဲပေါ်ရှိ ဝိုင်အိုးကို မလိုက်ပြီး တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်ကာ

“သူ‌ သေရုံသက်သက်ပဲ ဆိုရင်တော့ ဒါက တကယ့်ကို သတင်းကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ သတင်းတွေအရဆိုရင် ရှန်ယွဲ့နိုင်ငံရဲ့ ဧကရာဇ်အသစ်ကလည်း သတ်ဖြတ်ခြင်းလမ်းစဉ်ကိုပဲ လိုက်စားတာတဲ့။ သူ နန်းတက်တဲ့ ပထမဆုံးနေ့မှာတင် တော်ဝင်မိသားစု တစ်စုလုံးကို သတ်ပစ်လိုက်တယ်တဲ့။ သူရဲ့ မောင်နှမတွေ အားလုံးကိုလည်း သတ်ပစ်လိုက်တယ်။”

ထိုအရာကို ကြားလျှင် လူတိုင်း ထိတ်လန့်တကြားနှင့် အသက်ရှူမှားသွားကြတော့သည်။ ထိုသူက ဆက်လက်၍

“ဒါပေမဲ့ အဲ့ဒါက အရေးအကြီးဆုံး အချက် မဟုတ်သေးဘူး။ အဓိကက သူက ကောင်းကင်ခိုးယူခြင်းကျင့်စဉ်လို့ခေါ်တဲ့ ကျင့်စဉ်ကိုလည်း ကျင့်ကြံတယ်တဲ့။ အဲဒီကျင့်စဉ်က သတ်ဖြတ်ခြင်းကတစ်ဆင့် ကံစွမ်းအားနဲ့ ဖန်တီးခြင်းတွေကို လုယူတာလို့ ပြောကြတယ်။ သူရဲ့ အင်အားကို အမြန်ဆုံး တိုးမြှင့်ဖို့အတွက် ဧကရာဇ်အသစ်က အကြီးစားစစ်ပွဲတွေကို မလွဲမသွေ ဆင်နွှဲလိမ့်မယ်။ သတ်ဖြတ်ခြင်းကတစ်ဆင့် လမ်းစဉ်ကို သက်သေပြရင်း ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကို ကျင့်ကြံမှာပေါ့။ အခုဆိုရင် ရှန်ယွဲ့နိုင်ငံတစ်နိုင်ငံလုံးဟာ စစ်ပွဲအတွက် အဆင်သင့်ပြင်ထားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောကြတယ်။”

ထိုအရာကို ကြားလျှင် ကျင့်ကြံသူတစ်ဦးက ဇဝေဇဝါဖြစ်စွာနှင့်

“ရှန်ယွဲ့နိုင်ငံရဲ့ ဧကရာဇ်အသစ်က နံပါတ်ငါးမင်းသား ဖြစ်ရမှာ မဟုတ်ဘူးလား။ သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ မဟုတ်လား။ ဘာလို့ နိုင်ငံရဲ့ ဧကရာဇ်အဆင့် ကျင့်ကြံသူတွေက သူ့စကားကို နားထောင်ရတာလဲ။”

ခရမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူက

“ဘယ်လိုနည်းလမ်းတွေ သုံးခဲ့လဲဆိုတာကို‌ တော့ ကျွန်တော်လည်း မသိဘူး။ ရှန်ယွဲ့နိုင်ငံရဲ့ ဧကရာဇ်အဆင့်တွေတောင် သူ့အမိန့်ကို နာခံတယ်လို့ ပြောကြတယ်။ ရှန်ဝူဧကရာဇ် သေဆုံးသွားတဲ့အချိန်မှာ ရှန်ယွဲ့နိုင်ငံမှာ မငြိမ်မသက်ဖြစ်မယ့် အရိပ်အယောင်တောင် မရှိခဲ့ဘူး။”

ကျင့်ကြံသူများ အားလုံး တိတ်ဆိတ်သွားကြသည်။ အကယ်၍ ခရမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူ ပြောသကဲ့သို့သာ ဖြစ်ပါက တစ်လောကလုံးကို သက်ရောက်မည့် စစ်ပွဲတစ်ခု တကယ် ရောက်ရှိလာတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဤလူများ၏ ပြောဆိုမှုများကို ကြားရသောအခါ လုချန်းလည်း အတွေးနက်သွားသည်။ နံပါတ်ငါးမင်းသားသည် ရှန်ဝူဧကရာဇ် ဝိညာဉ်ကူးပြောင်းသိမ်းပိုက်မည့် ပစ်မှတ်ဖြစ်ရန် အခွင့်အလမ်း အမြောက်အမြား ရှိပြီး ကူးပြောင်းမှု အောင်မြင်ခဲ့ပုံလည်း ရ၏။ ရှန်ဝူဧကရာဇ်သည် သူ၏ အင်အားကို အမြန်ဆုံး ပြန်ရရန်အတွက် ပြင်ပစစ်ပွဲများကို ဆင်နွှဲရမည် ဖြစ်သည်။

တစ်ချိန်က လုယန်ဟွာ သူ့ကို သတ်ရန် လူလွှတ်ခဲ့ပုံကို လုချန်း တွေးမိသွားသည်။ ထို့ပြင် လုယန်ဟွာ ရှိနေတုန်း သူကိုယ်တိုင် လက်စားမချေခဲ့ရသဖြင့် လုချန်း အနည်းငယ် နောင်တရမိသွားမိသည်။

ထိုအရာက ယုတ်မာသူတိုင်းမှာ သနားစရာကောင်းသည့် အချက်တွေ ရှိတတ်သည်ဟု ဆိုကြသည့်အတိုင်းပင်။

သို့သော် တစ်ဖန် ပြန်စဉ်းစားကြည့်လျှင် ဤအချိန်သည် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ပြန်ယူရန် အကောင်းဆုံးအချိန် မဟုတ်ပါလား။

ယခု ရှန်ဝူဧကရာဇ်၏ အင်အား အပြည့်အဝ ပြန်မကောင်းသေးပေ။ ထို့ကြောင့် သူသည် လုချန်း၏ ဧကရာဇ်လောင်းကိုယ်ပွား ကိုပင် အနိုင်ရနိုင်မည် မဟုတ်ချေ။ အကယ်၍ လုချန်း ယခု ရှန်ဝူဧကရာဇ် အနားကပ်နိုင်လျှင် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို သူ၏ထံမှ တိုက်ရိုက် ပြန်ယူနိုင်ပေလိမ့်မည်။

ဘဝသံသရာ ကျောက်တုံး ပြည့်စုံသွားလျှင် မမျှော်လင့်ထားသည့် အရာများ ဖြစ်ပျက်လာနိုင်သည်။ ပိုများသော ဘဝဟောင်းမှ မှတ်ဉာဏ်များ ပို၍ ပွင့်လာနိုင်သည်။

သို့သော် အကြီးမားဆုံး ပြဿနာက ရှန်ဝူဧကရာဇ်အနား မည်သို့သွားရမည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။ ခရမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူ ပြောသွားသကဲ့သို့ပင် ရှန်ယွဲ့နိုင်ငံသည် ယခု အလွန် တည်ငြိမ်နေသည်။ ထို့ပြင် မည်သည့် မငြိမ်သက်မှု အရိပ်အယောင်မှလည်း မရှိပေ။ ထိုဧကရာဇ်အဆင့်များသည်လည်း ရှန်ဝူဧကရာဇ်၏ ဘက်တော်သားများ ဖြစ်နေကြဆဲပင် ဖြစ်သည်။

ရှန်ဝူဧကရာဇ်ကို ကာကွယ်ပေးနေသည့် ဧကရာဇ်အဆင့် အမြောက်အမြား ရှိနေသည်။ ထို့ကြောင့် ရှန်ဝူဧကရာဇ် ပူးကပ်ထားသော ခန္ဓာကိုယ်ထံသို့ ချဉ်းကပ်ရန်က ထင်သလောက် လွယ်ကူသော အလုပ် မဟုတ်ပေ။

ထိုအရာကို တွေးမိရင်း ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ပြန်ယူမည့် အကြံကို လုချန်း လတ်တလောတွင် စွန့်လွှတ်လိုက်သည်။

သူ အလောတကြီးလုပ်၍ မဖြစ်ပေ။

သူ၏ ကျင့်စဉ်အဆင့် တိုးတက်လာသည့် နှုန်းအရ ဆိုလျှင် ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် နှစ်တစ်ထောင်ပင် မကြာနိုင်ချေ။ ထိုအချိန်သို့ ရောက်လျှင် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို ပြန်ယူခြင်းသည် လွယ်ကူသော အလုပ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ထို့ပြင် သူ၏ကျင့်စဉ်ဖြစ်သော ဖန်တီးခြင်းလမ်းစဉ်သည် ရေတွက်မကုန်နိုင်သော လမ်းစဉ်များ၏ အစပျိုးရာ ဖြစ်သည်။

ရှန်ဝူဧကရာဇ်သည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို လိုက်စားနေသော်လည်း လုချန်း၏ ရှေ့တွင်မူ အားသာချက် မရှိပေ။ အဓိကအချက်မှာ လုချန်း၏ လမ်းစဉ်စွမ်းအားက ရှန်ဝူဧကရာဇ်ကို ထိန်းချုပ်ထားနိုင်သောကြောင့် ဖြစ်သည်။

ဟုတ်ပါသည်။ ယခုအချိန်တွင် ဗဟိုကြယ်နယ်မြေသို့ သွားရောက် ကြည့်ရှုခြင်းက မဆိုးသော အကြံဖြစ်သည်။

စကြဝဠာကြီးသည် ပို၍ ကစဉ့်ကလျား ဖြစ်လာနေပြီ ဖြစ်ရာ ဗဟို ကြယ်နယ်မြေသို့ သွားရောက်ကာ ထောက်လှမ်းရေး အချက်အလက် အချို့ကို စုဆောင်းသင့်သည်။ ရှန်ဝူဧကရာဇ် အနားကပ်ရန် အခွင့်အရေး ရှိမရှိကိုလည်း သူ ကြည့်ရှုနိုင်သည်။

……..

တစ်ချိန်တည်းမှာပင်။

ရှန်ယွဲ့နိုင်ငံ။

ဧကရာဇ်ကြယ်။

နန်းတော်။

လုယန်ဟွာသည် နန်းတော်၏ အစွန်းတွင် ရပ်နေရင်း နေပြည်တော်ကို ငုံ့ကြည့်နေ၏။ အရှေ့မှ မြင်ကွင်းကို ကြည့်ရင်း လုယန်ဟွာ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

“ဖခင်... ဖခင်....ဖခင်ရဲ့ ပြင်ဆင်မှုတွေ အားလုံးက တကယ်တော့ ကျွန်တော့်အတွက် ဖြစ်သွားမယ်လို့ ဖခင် မထင်ထားဘူး မဟုတ်လား။ ကျွန်တော်က ဖခင်ရဲ့ အင်အားတွေ အားလုံးကို စုပ်ယူပြီး ပိုပြီးတော့တောင် အင်အားကြီးလာဦးမှာ။”

သူ၏ ဘေးတွင် ထျန်းကျိရဲတိုက်မှ ဧကရာဇ်အဆင့် သုံးဦး ရှိနေသည်။ ထို့ကြောင့် ရှန်ဝူဧကရာဇ်၏ ဝိညာဉ်ကူးပြောင်းရေး အစီအစဉ်ကို လုယန်ဟွာ အစောကတည်းက သိခဲ့သည်။

ထျန်းကျိရဲတိုက်နှင့် ရှန်ယွဲ့နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် ရှန်ဝူဧကရာဇ်၏ သတိထားမှုကို လျှော့ချရန်အတွက်သာ ဖြစ်သည်။ ထျန်းကျိရဲတိုက်သည် နာခံတတ်သော ရုပ်သေးများကိုသာ လိုအပ်၏။ မဟာမိတ်သူဟု ခေါ်ဆိုသူများကိုမူ မလိုအပ်ပေ။

အလောင်းတောင်များနှင့် သွေးပင်လယ်များထဲမှ တစ်လှမ်းချင်း တက်လှမ်းလာခဲ့သည့် ရှန်ဝူဧကရာဇ်သည် ဘယ်တော့မှ သူတစ်ပါးကို နာခံလိမ့်မည် မဟုတ်ပေ။

သို့သော် လုယန်ဟွာ ကတော့ မတူညီပေ။ လုယန်ဟွာသည်လည်း သတ်ဖြတ်ခြင်းလမ်းစဉ်ကို လိုက်စားခဲ့သော်လည်း သူ၏ အခြေခံကတော့ မတည်ငြိမ်ပေ။ ရှန်ဝူဧကရာဇ်၏ ခန္ဓာသိမ်းပိုက်မှုမှ လွတ်မြောက်ရန်အတွက် လုယန်ဟွာ အနေနှင့် ထျန်းကျိရဲတိုက်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ထိုကဲ့သို့သော နယ်ရုပ်ကသာ နာခံမှု ရှိပေလိမ့်မည်။

ရှန်ဝူဧကရာဇ် လုယန်ဟွာ၏ ခန္ဓာကိုယ်ကိုသိမ်းပိုက်သည့်အခါ ထျန်းကျိရဲတိုက်မှ ဧကရာဇ်အဆင့်များက နည်းဗျူဟာပုံစံများကို သုံးကာ သူ့ကို ထောင်ချောက်ဆင်ထားမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ၏ သိမ်းပိုက်မှု နည်းလမ်းသည်လည်း ပြောင်းပြန် အကျိုးသက်ရောက်သွားခဲ့သည်။

သူသည် ခန္ဓာကိုယ်သိမ်းပိုက်ရန် ကျရှုံးခဲ့ရုံသာမက သူ၏ အင်အား အစိတ်အပိုင်း အတော်များများကိုလည်း လုယန်ဟွာက စုပ်ယူသွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် သူ၏ စိတ်ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ရတော့သည်။

ရှန်ဝူဧကရာဇ်၏ အင်အားအချို့ကို ရရှိပြီးနောက် လုယန်ဟွာသည် ထျန်းကျိရဲတိုက်၏ အကူအညီနှင့် ရှန်ယွဲ့နိုင်ငံကို အမြန်ဆုံး တည်ငြိမ်အောင် ပြုလုပ်ခဲ့သည်။ သူ၏ အင်အားသည် ရှန်ဝူဧကရာဇ်၏ အင်အားအဆင့်အတန်းရောက်ရန် အလှမ်းဝေးနေသေးသော်လည်း သတ်ဖြတ်ခြင်းစွမ်းအားတော့ ရှိနေသည်။

ထို့ကြောင့် သာမန် ဧကရာဇ်အဆင့်များသည် လုယန်ဟွာ၏ ပြိုင်ဘက် မဟုတ်ကြချေ။ ထို့ပြင် သတ်ဖြတ်ခြင်းမှတစ်ဆင့် တစ်စုံတစ်ယောက်၏ ကံစွမ်းအားနှင့် စွမ်းရည်များကို ရရှိစေသည့် ကောင်းကင်ခိုးယူခြင်းကျင့်စဉ်ကိုလည်း သူ ကျင့်ခဲ့သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် လုယန်ဟွာကို မည်သူမှ မစော်ကားဝံ့ကြပေ။ လုယန်ဟွာသည် တကယ်ပင် ရှန်ဝူဧကရာဇ်အသစ် ဖြစ်နေပြီ ဖြစ်သည်။

လုယန်ဟွာသည် ရုတ်တရက်ဆိုသလို အမြင့်ဆုံး အင်အားကို ပိုင်ဆိုင်လိုက်ရသော်လည်း တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ကိစ္စအချို့ မပြီးပြတ်သေးသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် လုချန်း၏ ပုံရိပ် လုယန်ဟွာ၏ စိတ်ထဲ၌ ပေါ်လာသည်။ သူသည် လုချန်းနှင့် မဟာရန်သူတော်ကြီးများ မဟုတ်ကြသော်လည်း လုချန်းသည် တစ်ချိန်က သူ့ကို အရာရာတွင် ကျော်တက်ခဲ့ပုံကို တွေးမိသွားသည်။

ထို့ပြင် ရှန်ယွဲ့နိုင်ငံ၏ ကံစွမ်းအားအပြည့်အစုံ သူ့ထံ စုစည်းလာစေရန်အတွက် လုချန်းထံမှ မင်းဆက်ကံစွမ်းအားများကို ပြန်ယူရန် လိုအပ်သည်။ ထို့ကြောင့် သူသည် လုချန်းကို သတ်ရန်အတွက် အလွန်ပင် တက်ကြွနေ၏။

ထိုအချိန်တွင် လုယန်ဟွာက သူ၏နောက်ကွယ်မှ တစ်စုံတစ်ယောက်ကို

“လူသတ်အရိပ်... ခင်ဗျားကိုယ်တိုင် ထျန်းချန်ကမ္ဘာကို သွားပြီး လုချန်းကို ရှင်းလိုက်ပါ။”

……………

All Chapters