← Chapters

အခန်း (၁၄၃၅-၁၄၃၇)

Vol. 96 Ch. 1435-1437

အခန်း (၁၄၃၅-၁၄၃၇)

Vol. 96 Ch. 1435-1437

အခန်း (၁၄၃၅ )

ပင်မခန္ဓာလား

လုချန်း၏ သိမ်မွေ့သော လှုပ်ရှားမှုများကို ခံစားမိပြီးနောက် ပေရှုဟွာ၏ မျက်နှာ အနည်းငယ် နီမြန်းသွား၏။ သူမသည် အချစ်ရေးတွင် စိတ်မဝင်စားသော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ လုချန်၏ ရင်းနှီးသော ထိတွေ့မှုကို တုံ့ပြန်နေဆဲ ဖြစ်သည်။

သို့သော် လုချန်း၏ မျက်လုံးများကို သူမ တိုက်ရိုက် ဆက်ကြည့်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏ အကြည့်ထဲ၌ တောက်လောင်နေသော ပိုင်ဆိုင်လိုစိတ်ကို သူမ မြင်တွေ့နေရ၏။ သူ၏ မျက်လုံးများမှတစ်ဆင့် ယနေ့တွင် သူမ မလွတ်မြောက်နိုင်တော့ကြောင်း ပေရှုဟွာ သိသွားခဲ့သည်။

သူမ ဆက်နေရန် ရွေးချယ်ခဲ့ကတည်းက ရလဒ်က တစ်ခုတည်းသာ ရှိတော့သည်။

ပေရှုဟွာသည် ထိုအခိုက်အတန့်တွင် တိတ်ဆိတ်သွားသော်လည်း သူမ၏ အကြည့်များက လုချန်းနှင့် ဆုံနေဆဲ ဖြစ်၏။ ခဏအကြာတွင် လုချန်းက

“တခြားတစ်နေရာကို သွားရအောင်”

ပေရှုဟွာ တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် နောက်တစ်ခဏ၌ လုချန်းသည် အာကာသ ကူး‌ပြောင်းခြင်းကို အသုံးပြုကာ မြူခိုးများ ဖုံးလွှမ်းနေသော နန်းတော်တစ်ခုသို့ လျင်မြန်စွာ ရောက်ရှိသွားကြတော့သည်။

သူတို့ကဲ့သို့ အဆင့်ရှိသူများအတွက် အခန်းထဲမှ မြူခိုးငွေ့များသည် အသက်ရှူမကျပ်စေပေ။ မြူခိုးငွေ့များသည် ကန့်လန့်ကာများကြားတွင် ဝေ့ဝဲနေပြီး တစ်ခန်းလုံးကို အိပ်မက်ဆန်နေစေ၏။

အခန်း၏ ထောင့်တစ်နေရာတွင် ကျောက်မျက်ရတနာများစွာ စီခြယ်ထားပြီး တဖျတ်ဖျတ် တောက်ပနေသော သက်ဝင်ရွှေဖြင့် ပြုလုပ်ထားသည့် ကုတင်ကြီးတစ်လုံး ရှိနေသည်။ ရံဖန်ရံခါတွင် ထိုကျောက်မျက်များမှ ထွက်ပေါ်လာသော အလင်းတန်းများသည် မြူခိုးငွေ့များကြားတွင် နန်းတော်တစ်ခုလုံးကို ပိုမို၍ လျှို့ဝှက်ဆန်းကြယ်နေစေ၏။

ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ရှိနေရုံနှင့်ပင် အနည်းငယ် မူးဝေလာသလို ပေရှုဟွာ ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် လုချန်းသည် ပေရှုဟွာ၏ ခါးကို ကိုင်ထားဆဲဖြစ်ပြီး ခန္ဓာကိုယ်နှစ်ခုသည် ပို‌၍နီးကပ်လာကာ လေထုမှာလည်း ပိုမိုဝေဝါးဆန်းကြယ်လာ၏။

လုချန်း၏ နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းများကို ထိလုနီးပါး ဖြစ်နေသည်ကို မြင်လျှင် ပေရှုဟွာက ရုတ်တရက်

“အခု မင်းကြီးရဲ့ ပင်မခန္ဓာ ဒီမှာ ရှိနေတာလား”

ပေရှုဟွာသည် လုချန်နှင့် ရင်းနှီးစွာ ဆက်ဆံရခြင်းကို ဂရုမစိုက်သော်လည်း သူမသည် သူ၏ ပင်မခန္ဓာကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လုချန်း၏ လှည့်ဖြားမှုကို သူမ မခံလိုပေ။

ထိုအရာကို ကြားလျှင် လုချန်း အံ့အားသင့်သွားခဲ့၏။ ပေရှုဟွာက ဤမေးခွန်းကို မေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူ့အတွက်မူ ပင်မခန္ဓာဖြစ်စေ ကိုယ်ပွားဖြစ်စေ အရေးမကြီးပေ။ ထိုအရာများက သူ၏ ခန္ဓာကိုယ် ကျင့်စဉ်အဆင့်ကို ခွဲခြားရန် နည်းလမ်းတစ်ခုမျှသာ ဖြစ်၏။

သူ၏ ခန္ဓာကိုယ်အားလုံးကို ဖန်တီးခြင်း လမ်းစဉ်ကို အသုံးပြု၍ ဖန်တီးထားခြင်းဖြစ်‌ သောကြောင့် ပင်မခန္ဓာ သို့မဟုတ် ကိုယ်ပွားဟူ၍ တကယ် မရှိပဲ အားလုံးကို ပင်မခန္ဓာဟုပင် ယူဆနိုင်သည်။

ထို့နောက် လုချန်းက

“မင်းမေးတာက ကိုယ့်ရဲ့ ဒီခန္ဓာကိုယ်က အမြင့်ဆုံး အဆင့်နယ်ပယ်မှာ ရှိနေတဲ့ တစ်ခုလားလို့ မေးတာ မဟုတ်လား။”

လုချန်း ပေရှုဟွာကို ပြုံးစစဖြင့် ကြည့်လိုက်သည်။ လုချန်းက သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေသောကြောင့် ပေရှုဟွာ အနည်းငယ် ရှက်ရွံ့သွားခဲ့၏။

လုချန်း၏ စကားထဲမှ သွယ်ဝိုက်သော အဓိပ္ပာယ်ကိုလည်း သူမ သိလိုက်သည်။ လုချန်း၏ အဆင့်နယ်ပယ် ပိုမြင့်လေ သူ၏ စွမ်းအားက ပိုကောင်းလေလေဖြစ်ပြီး ထိုကဲ့သို့သော လုပ်ဆောင်မှုများအတွင်း သူ၏ စွမ်းဆောင်ရည်မှာလည်း အတော်အတန် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

ပေရှုဟွာက ညင်သာစွာပင်

“အင်း”

လုချန်းက သူ၏ ညာဘက်လက်ကို မြှောက်ကာ ပေရှုဟွာ၏ ပါးပြင်ကို ပွတ်သပ်ရင်း

“စိတ်မပူပါနဲ့... စုံတွဲကျင့်စဉ် အတွက် ပင်မခန္ဓာကို လိုအပ်တယ်ဆိုရင် မင်းနဲ့အတူ ကျင့်ကြံဖို့ ကိုယ် အမြဲတမ်း ပင်မခန္ဓာကိုပဲ သုံးပါ့မယ်။”

လုချန်း၏ အမျိုးသမီး အများစုကတော့ လုချန်၏ ပင်မခန္ဓာနှင့် ကိုယ်ပွားကို အလွန် ခွဲခြားလေ့မရှိကြပေ။ တကယ်တော့ သူတို့နှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရာတွင် လုချန်း၏ ပင်မခန္ဓာကို အသုံးမပြုခြင်းကိုသာ သူတို့ ပိုနှစ်သက်ကြသည်။

ပင်မခန္ဓာ၏ အဆင့်သည် အလွန်မြင့်မားပြီး အင်အားကလည်း အလွန်ကောင်းလှသည်။ စုံတွဲကျင့်စဉ် ကျင့်ကြံနေစဉ်အတွင်း လုချန်းခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ်စွမ်းအားများသည် အလွန် ပေါများလှ၏။

နှစ်ဖက်စလုံး၏ စိတ်ဝိညာဉ်စွမ်းအားများ ထိတွေ့မိလျှင် သူတို့၏ စွမ်းအားများသည် လုချန်း၏ ပင်မခန္ဓာ၏ စိတ်ဝိညာဉ်စွမ်းအားကြောင့် ဆွဲခေါ်သွားခံရပြီး စိတ်တွင်းပင်လယ်ထဲတွင် လှိုင်းစီးနေသကဲ့သို့ ပြင်းထန်စွာ လှုပ်ခတ်နေစေသောကြောင့် သူတို့အတွက် ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။

ထို့ကြောင့် လုချန်း၏ ဇနီး အများစုသည် ကျင့်စဉ်အဆင့် နိမ့်သော လုချန်း၏ ကိုယ်ပွားနှင့်သာ စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းကို ပိုနှစ်သက်ကြ၏။ လုချန်းဖန်တီးထားသော ခန္ဓာကိုယ်များထဲတွင် သူ၏ ဇနီးနှင့်များအကြား ရေပန်းအစားဆုံးမှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည် အသင့်အတင့်ရှိသော ပြန်လည်ပျက်စီးခြင်း အဆင့်ကိုယ်ပွားများဖြစ်သည်။ ၎င်းသည် သူတို့အပေါ် အလွန် ဝန်ထုပ်ဝန်ပိုး မဖြစ်စေပဲ ကောင်းမွန်သော ကျင့်စဉ်ရလဒ်များကို ရရှိစေ၏။

သို့သော် ခြွင်းချက်များလည်း ရှိ၏။ ထျန်းဟုန်ဧကရီနှင့် ချူးယွမ်ကျိတို့ကဲ့သို့ သူများသည် လုချန်း၏ ပင်မခန္ဓာနှင့် ကျင့်ကြံခြင်းကို ပို၍နှစ်သက်ကြသည်။

အကြောင်းမှာ ထျန်းဟုန်ဧကရီသည် သတ်ဖြတ်ခြင်း လမ်းစဉ် အတွက် လုချန်းနှင့် ရေရှည် စုံတွဲကျင့်စဉ် ကျင့်ရန် လိုအပ်ပြီး ၎င်းမှာ လုချန်း၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် စွမ်းအားအပေါ် အချို့သော တောင်းဆိုချက်များ ရှိနေခြင်းကြောင့် ဖြစ်၏။

နောက်တစ်ယောက်ကတော့ အချစ်လမ်းစဉ် ကို ကျင့်ကြံသူ ဖြစ်သောကြောင့် လုချန်း ပို ၍ အစွမ်းထက်လာလေလေ သူမ၏ လမ်းစဉ်မှာ ပို၍တည်ငြိမ်လေလေ ဖြစ်သည်။ လုချန်း၏ တုံ့ပြန်မှုကို ကြားရလျှင် ပေရှုဟွာ၏ ပါးပြင်များသည် ပို၍ပူနွေးနီမြန်းလာခဲ့၏။

ဤကဲ့သို့ မြူခိုးငွေ့များကြားတွင် ချောမောသော ကယ်တင်ရှင် လုချန်းနှင့် ရင်ဆိုင်နေရသဖြင့် ဧကရာဇ်အဆင့် တစ်ယောက်ဖြစ်သည့်တိုင် ပေရှုဟွာတစ်ယောက် စိတ်မလှုပ်ရှားပဲ မနေနိုင်ခဲ့ပေ။ ဝေဝါးဆန်းကြယ်သော စိတ်ခံစားမှုလေထု အထွတ်အထိပ်သို့ ရောက်ရှိလာသည်ကို မြင်လျှင် လုချန်းလည်း အချိန်မဆွဲတော့ပဲ သူမထံသို့ တိုက်ရိုက် တိုးကပ်လိုက်သည်။

“ရှုဟွာ... မင်းရဲ့ ကျင့်စဉ်အတွက် ကူညီပေးပါရစေ။”

နောက်တစ်ခဏ၌ လုချန်း၏ နှုတ်ခမ်းများသည် ပေရှုဟွာ၏ နှုတ်ခမ်းများနှင့် ထိတွေ့သွားပြီး နှုတ်ခမ်းချင်း ထပ်တူကျသွားချိန်တွင် ပေရှုဟွာ၏ စိတ်ထဲ ဗလာဖြစ်သွားခဲ့သည်။

“အင်း... အင်း”

လုချန်း၏ ဦးဆောင်မှုအောက်တွင် မကြာမီ ပေရှုဟွာသည် လုချန်း၏ ရင်ခွင်ထဲ၌ ပျော့ခွေသွားခဲ့၏။ လုချန်းသာ သူမကို မဖက်ထားပါက နောက်တစ်ခဏ၌ သူမ မြေပြင်ပေါ်သို့ လဲကျသွားပေလိမ့်မည်။ အချိန်အခါကောင်း ရောက်ပြီဟု မြင်လျှင် လုချန်းက သူမကို ပွေ့ချီ၍ ကုတင်ဆီသို့ ခေါ်ဆောင်သွားပြီး သူမကို အလယ်ဗဟိုတွင် ညင်သာစွာ ချထားလိုက်သည်။

ထိုအခိုက်အတန့်တွင် ပေရှုဟွာ၏ မျက်လုံးများသည် ကြယ်ပွင့်များကဲ့သို့ တောက်ပနေပြီး မျက်နှာတစ်ခုလုံးအား နီမြန်းမှုများ လွှမ်းမိုးနေကာ သူမကို ငုံ့ကြည့်နေသော လုချန်းကို စိုက်ကြည့်ရင်း မသိစိတ်မှ သူမ၏ လမ်းစဉ် အငွေ့အသက်များကို ထုတ်လွှတ်နေမိ၏။ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ပေရှုဟွာသည် ကာကွယ်ခြင်း လမ်းစဉ်ကို လိုက်နာသူဖြစ်၏။ ချူးယွမ်ကျိ ကဲ့သို့ မဟုတ်ပေ။

အဘယ်ကြောင့် ယခုလို အခြေအနေမျိုးတွင် သူမ၏ လမ်းစဉ် အငွေ့အသက်များက အလိုလို ထွက်ပေါ်လာရသနည်းဟု သိချင်သော်လည်း မမေးခဲ့ပေ။ ယခုအချိန်သည် ထိုကဲ့သို့သော အကြောင်းအရာများကို ပြောဆိုရန် အချိန်မဟုတ်ပေ။ ဤအခိုက်အတန့်တွင် လမ်းစဉ် အငွေ့အသက်အကြောင်း မေးမြန်းပါက စိတ်ကြည်နူးဖွယ် အခြေအနေကို ပျက်စီးစေလိမ့်မည်။

နောက်တစ်ခဏတွင် အခန်းထဲ၌ အသံတစ်ခု ပဲ့တင်ထပ်သွားသည်။ အဝတ်စုတ်ဖြဲသံဖြစ်သည်။

သူမ၏ အဝတ်အစားများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားမိသောကြောင့် ပေရှုဟွာလည်း ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း လုချန်းက သူမ၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်သည်။

သူမ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ရန်နှင့် စိတ်ကို တည်ငြိမ်အောင် ပေရှုဟွာ အပြင်းအထန် ကြိုးစားလိုက်၏။ အဆုံးတွင်တော့ ၎င်းသည် စုံတွဲကျင့်စဉ်တစ်ခုမျှသာ ဖြစ်ပြီး ကြီးမားသော ကိစ္စမဟုတ်ပေ။

သူမသည် ဧကရာဇ်အဆင့် တစ်ယောက်ဖြစ်၏။ ဒါကို ဘာလို့ ကြောက်နေရမှာလဲ....

ပေရှုဟွာ သူမဘာသာ စိတ်ထဲတွင် နှစ်သိမ့်နေစဉ်မှာပင် လုချန်းက နောက်တစ်ကြိမ် ငုံ့လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို ထပ်မံ နမ်းရှိုက်လိုက်သည်။

“အင်း... အင်း”

သူတို့၏ ကျင့်ကြံချိန် တိုးလာသည်နှင့်အမျှ ပေရှုဟွာ၏ လမ်းစဉ် အငွေ့အသက်များ ပို ၍ပြင်းထန်လာ၏။ သူမနှင့် လေ့ကျင့်ခြင်းက အလွန်သဟဇတဖြစ်ကြောင်း လုချန်း တွေ့ရှိလိုက်ရ၏။ ကာကွယ်ခြင်းလမ်းစဉ်၏ လမ်းစဉ် အငွေ့အသက်သည် သူ၏ ကျင့်စဉ်အရှိန်အဟုန်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးခဲ့သည်။

အစက စုံတွဲကျင့်စဉ်၏ အကျိုးသက်ရောက်မှုများသည် သူ့အတွက် အနည်းငယ်မျှသာ သက်ရောက်မှု ရှိသော်လည်း ယခုတစ်ကြိမ် ပေရှုဟွာနှင့် ကျင့်ကြံလိုက်သောအခါ သူ၏ အဆင့်နယ်ပယ် တိုးတက်မှုရှိမည့် အရိပ်အယောင် တစ်ချို့ ပြသလာခဲ့၏။

မကြာမီပင် လုချန်း ထိုအကြောင်းရင်းကို နားလည်သွားခဲ့သည်။ ပေရှုဟွာကို အပြည့်အဝ ပိုင်ဆိုင်ပြီးနောက်တွင် သူသည် ပေရှုဟွာ ကာကွယ်ရမည့်သူ တစ်ဦး ဖြစ်လာခဲ့ပြီး ၎င်းက သူမ၏ လမ်းစဉ်စိတ်ဓာတ်ကို ခိုင်မာစေကာ သူမ၏ ကာကွယ်ခြင်း လမ်းစဉ်ကို ပို၍ ပြည့်စုံလာစေခဲ့၏။

ယခင်က ချီယွဲ့နိုင်ငံ၏ သာမန်ပြည်သူများကိုသာ သူမ ကာကွယ်လိုခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူမ ကာကွယ်လိုသော လူတစ်ယောက် ထပ်တိုးလာခဲ့ပြီး ထိုလူမှာ သူမအတွက် ပို အရေးကြီးသောသူ ဖြစ်လာခဲ့သည်။

ကံမကောင်းစွာပင် ကာကွယ်ခြင်းလမ်းစဉ်သည် ကာကွယ်ခြင်း လမ်းစဉ်သာဖြစ်၏။ သတ်ဖြတ်ခြင်း လမ်းစဉ် သို့မဟုတ် အချစ်လမ်းစဉ်တို့ကဲ့သို့ မဟုတ်ပေ။

ပေရှုဟွာ အတွက် လုချန်း၏ ပင်မခန္ဓာနှင့် တိုက်ရိုက် ကျင့်ကြံရခြင်းက ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်စေခဲ့၏။ သို့သော် စုံတွဲကျင့်စဉ်ကို ပထမဆုံးအကြိမ် ကြုံတွေ့ရသည့် အမျိုးသမီးများနှင့် ရင်ဆိုင်ရတိုင်း လုချန်းက‌တော့ မည်သည့်အခါမှ ကရုဏာ မပြတတ်ပေ။

ထိုအခိုက်အတန့်တွင် ပေရှုဟွာသည် သူမ၏ လက်နှစ်ဖက်ဖြင့် လုချန်း၏ ရင်ဘတ်ကို တွန်းထားရင်း အားနည်းသော အသံဖြင့်

“မင်းကြီး...ကျွန်မ... ကျွန်မ မင်းကြီးရဲ့... အချိန်တွေကို ထပ်ပြီး မယူချင်တော့ပါဘူး”

“ပြန်လည်ပျက်စီးခြင်းအဆင့် က... ကိုယ်ပွားတစ်ခုပဲ ချန်ထားခဲ့ရင်... လုံလောက်ပါပြီ။”

…………….

အခန်း (၁၄၃၆ )

ပျောက်ဆုံးသွားသော ကွေးရီဂိုဏ်း

ပေရှုဟွာ၏ တောင်းဆိုမှုကို ကြားလျှင် လုချန်း တိုးတိုးလေး ရယ်မောလိုက်သည်။ လုချန်း၏ ပင်မခန္ဓာနှင့် အတူတကွ ကျင့်ကြံရန် စောစောပိုင်းက သူမကိုယ်တိုင်ပင် စတင် အကြံပြုခဲ့ခြင်း ဖြစ်၏။

ဒါက သူ၏အမှား မဟုတ်ပေ။

စတင်ပြီးမှတော့ ထိုသို့ အလွယ်တကူဖြင့် မည်သို့ အဆုံးသတ်နိုင်မည်နည်း။

ဆက်လက် လုပ်ဆောင်နေရင်း

“မလိုပါဘူး။ အခုက မင်းအတွက် အဆင့်တက်ဖို့ အကောင်းဆုံးအချိန်ပဲ။ ကိုယ် မင်းကို အရင် ကူညီပေးမယ်။”

ထိုစကားကို ကြားလျှင် လုချန်းက သူမအပေါ် အင်အားသုံး၍ ဖိနှိပ်လာသဖြင့် ပေရှုဟွာ မျက်စောင်းပင် ထိုးချင်သွားသည်။ နှစ်ဦးစလုံး ဧကရာဇ်အဆင့်များ ဖြစ်ကြသဖြင့် လုချန်း၏ လှုပ်ရှားမှုများသည် ညင်သာခြင်း မရှိသလို ထိန်းချုပ်ထားခြင်းလည်း မရှိပေ။ သက်ဝင်ရွှေနှင့် ပြုလုပ်ထားသော ကုတင်ဘောင်ပင်လျှင် ချိုင့်ဝင်သွား၏။

လုချန်းနှင့် ထိတွေ့နေသော နေရာများ၌ ပေရှုဟွာ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံး စုစည်းနေသည်။ လုချန်းက သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို ထိန်းချုပ်လိုက်လျှင်ဖြစ်စေ သို့မဟုတ် တစ်စုံတစ်ရာ လှုပ်ရှားလိုက်လျှင်ဖြစ်စေ သူမ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံး ဆွဲငင်ခြင်း ခံလိုက်ရတတ်သည်။

ပေရှုဟွာ၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားကို လုချန်းက ဆွဲငင်လိုက်သည့် အခါတိုင်း သူမ၏ စိတ်ဝိညာဉ်တစ်ခုလုံး ဆွဲထုတ်ခံရသလို ခံစားရပြီး ထုံကျဉ်သည့် ခံစားချက်ကပါ လိုက်ပါနေသည်။

ရုတ်တရက် ပေရှုဟွာက အနည်းငယ် နောင်တရမိသွားသည်။

သူမ ဘာကြောင့် ဒီလောက် စိတ်မြန်ခဲ့သနည်း။

လုချန်း၏ အရင်းနှီးဆုံး လူများထံမှ သူ၏အကြောင်းကို သူမ အရင်ဆုံး စုံစမ်းသင့်ခဲ့သည်။ ခုခံရန် လုံးဝ မဖြစ်နိုင်သည့် အားအကောင်းဆုံး ပင်မခန္ဓာကို သူမ တိုက်ရိုက် ရွေးချယ်မိခဲ့ခြင်း ဖြစ်သည်။

ပေရှုဟွာမှာ ငိုချင်စိတ် ပေါက်လာပြီး အဆင့်တစ်ခုသို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ဖြင့် လမ်းစဉ်စွမ်းအားကိုသာ အသုံးချရန် ကြိုးစားလိုက်တော့သည်။

သူမ အဆင့်မတက်နိုင်ပါက ဧကရာဇ်အဆင့် လုချန်း၏ အင်အားနှင့်ဆိုလျှင် သူတို့နှစ်ဦးသည် တံခါးပိတ် ကျင့်စဉ်စခန်း၌ နှစ်ပေါင်းတစ်ရာခန့် အလွယ်တကူ ကျင့်ကြံနိုင်မည် ဖြစ်သည်။ နှစ်ဦးစလုံးသည် ဧကရာဇ်အဆင့်များ ဖြစ်ကြသည့်အတွက် နှစ်ပေါင်းတစ်ရာ မပြောနှင့် နှစ်ပေါင်းတစ်ထောင် သို့မဟုတ် တစ်သောင်းပင် အတူတကွ တံခါးပိတ်ကျင့်ကြံရန်က ပြဿနာ မရှိပေ။

ကပ်ဘေးကြီး နီးကပ်လာပြီ ဖြစ်သောကြောင့် သူတို့အတွက် နှစ်ပေါင်းတစ်သောင်းကြာ တံခါးပိတ်ကျင့်ကြံရန် မဖြစ်နိုင်သော်လည်း ဆယ်စုနှစ် အနည်းငယ်ကတော့ ဖြစ်နိုင်ခြေ ရှိသေးသည်။

ဆယ်စုနှစ်ချီ၍ ကစားခြင်း ခံရနိုင်သည်ဟူသော အတွေးကြောင့် ပေရှုဟွာ၏ အတွင်းစိတ်ထဲ ကြောက်ရွံ့နေမိသည်။ ပေရှုဟွာ၏ ခံစားချက်ကို လုချန်းက ဂရုမစိုက်ပေ။ ဧကရာဇ်အဆင့် တစ်ဦးအတွက် သူပြုလုပ်နေသော လှုပ်ရှားမှုလေးများကို ခံနိုင်ရှိကြောင်း သူ ကောင်းစွာ သိသည်။

နတ်မိမယ်လေးများကဲ့သို့ လှပသော အမျိုးသမီးအမြောက်အမြား လုချန်း၌ ရှိသော်လည်း အမျိုးသမီး အသစ်တစ်ဦးနှင့် ကျင့်ကြံသည့် အခါတိုင်း ခံစားချက်က အမြဲတမ်း ကွဲပြားသည်။ ယခုအခိုက်အတန့်တွင် ပေရှုဟွာနှင့် ကျင့်ကြံရခြင်းက သူ့အတွက် ဆန်းသစ်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။

ထို့နောက် ပေရှုဟွာ အမြန်ဆုံး အဆင့်တက်စေရန် သူ ပို၍ အင်တိုက်အားတိုက် လုပ်ဆောင်ပေးလိုက်သည်။ ပေရှုဟွာက သူ့အပေါ် စွဲလန်းသွားမည် သို့မဟုတ် သူ့ရင်သွေးကို လွယ်သွားမည် ဆိုသည့် အချက်ကိုတော့ လုချန်း မမျှော်လင့်တော့ပေ။လွန်ခဲ့သော နှစ်များအတွင်း သူ၏ ဇနီးမယားများနှင့် အကြိမ်ကြိမ် စုံတွဲကျင့်စဉ် ကျင့်ကြံခဲ့သော်လည်း မည်သူမှ ကိုယ်ဝန် မရခဲ့ကြပေ။

လုချန်း အားအင်အလွန် ကောင်းနေသည်ကို မြင်လျှင် ပေရှုဟွာ၏ စိတ်ထဲ၌ ခါးသက်သွားသည်။ ထိုလူသည် အလွန် ရက်စက်လှပြီး နောင်တွင်လည်း ထိုရက်စက်မှုကို သူမ များစွာ ခံစားရပေဦးမည်။

လုချန်း ပေရှုဟွာနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံနေချိန်တွင် ရှန်ယွဲ့နိုင်ငံကလည်း အင်အားကြီးမားသော စစ်တပ်ကြီးကို စုစည်းခဲ့သည်။ ရှန်ယွဲ့နိုင်ငံ၏ နဂါးနတ်ဘုရား စစ်တပ်အပြင် နိုင်ငံအတွင်းရှိ အင်အားစု အသီးသီးမှ မရေမတွက်နိုင်သော စွမ်းအားရှင်များလည်း ထိုစစ်ဆင်ရေးတွင် ပါဝင်လာကြသည်။

……..

ရှန်ယွဲ့နိုင်ငံ။

ကောင်းကင်နန်းတော်။

ဟင်းလင်းပြင်ရှိ ကြီးမားသော နတ်လှေ တန်းကြီးကို လုယန်ဟွာက ကြည့်ရှုနေ၏။ ထိုအခိုက်အတန့်တွင် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် အရသာကို သူ တကယ် ခံစားလိုက်ရသည်။ သို့သော် ထိုအချိန်တွင် လူသတ်အရိပ်က လုယန်ဟွာ၏ အနား၌ ရုတ်တရက် ပေါ်လာသဖြင့်

“ဘာကိစ္စလဲ”

ဟု သူက မေးလိုက်သည်။

လူသတ်အရိပ်က

“မင်းကြီး... ကွေးရီဂိုဏ်းက ဘယ်သူ့ကိုမှ စေလွှတ်ခြင်း မရှိပါဘူး။”

ထိုအရာကို ကြားလျှင် လုယန်ဟွာ၏ မျက်နှာ ချက်ချင်း ညိုမှောင်သွားသည်။ ထျန်းချန်ကမ္ဘာကို တိုက်ခိုက်ရန် သူ အမိန့်ထုတ်ပြန်ပြီးနောက် ရှန်ယွဲ့နိုင်ငံ၏ အင်အားစု အသီးသီးက လျင်မြန်စွာ ထောက်ခံခဲ့ကြသော်လည်း ကွေးရီဂိုဏ်း ကတော့ မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ။ ထို့ပြင် သူ၏ နန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန်ပင် ကွေးရီဂိုဏ်းက မည်သူ့ကိုမှ စေလွှတ်ခဲ့ခြင်း မရှိပေ။

ယခု ရှန်ယွဲ့နိုင်ငံ၏ စစ်တပ်သည် ချီတက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်သော်လည်း ကွေးရီဂိုဏ်းက ဆင့်ခေါ်မှုကို လုံးဝတုံ့ပြန်ခြင်း မရှိပေ။

စွမ်းအားရှင်များ စေလွှတ်ရန် မဆိုထားနှင့် လူရိပ်လူခြေပင် မမြင်ရပေ။

ကွေးရီဂိုဏ်းက ဘာလုပ်ချင်နေတာလဲ။

ပုန်ကန်ဖို့ ကြံစည်နေတာလား။

“ရှန်ယွဲ့နိုင်ငံထဲမှာ ကျုပ်ကို မနာခံတဲ့သူတွေ ကျန်နေသေးတာပဲ”

ဟု လုယန်ဟွာက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

“ဒီလိုဆိုရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့တော့။ အမိန့်ထုတ်လိုက်..... စစ်တပ် ချီတက်တဲ့အခါ ကွေးရီဂိုဏ်းဆီကို အရင်ဆုံး သွားမယ်။”

ကွေးရီဂိုဏ်းကို လုယန်ဟွာ အလေးအနက် မထားပေ။ သူ၏ မျက်လုံးထဲတွင် ကွေးရီဂိုဏ်းသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ချေမှုန်းနိုင်သည့် အရာသာ ဖြစ်သည်။ ကွေးရီဂိုဏ်း၏ သမိုင်းကြောင်း ရှည်လျားသော်လည်း ထိုဂိုဏ်းမှ မည်သည့် အစွမ်းထက်သူမှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

ရှန်ဝူဧကရာဇ် ကွေးရီဂိုဏ်းမှ သူတော်စင်မကို လိုချင်ခဲ့စဉ်က ကွေးရီဂိုဏ်းက လိမ္မာစွာဖြင့် လွှဲပြောင်းပေးခဲ့သည်။ ယခု ဧကရာဇ်အသစ်အဖြစ် သူ တက်လာသည့် အခါတွင်တော့ ကွေးရီဂိုဏ်းသည် သူတို့၏ ဘဝကို လုံးဝ မေ့လျော့ပြီး သူ့ကို လျစ်လျူရှုရဲနေသည်။

လုယန်ဟွာ၏ စကားအဆုံးတွင် မိုးကြိုးဧကရာဇ် ဦးဆောင်သော စစ်တပ်လည်း ကွေးရီဂိုဏ်းဆီသို့ ဦးတည်သွားတော့သည်။ မကြာမီ မိုးကြိုးဧကရာဇ် ဦးဆောင်သည့် နဂါးနတ်ဘုရား စစ်တပ်သည် ကွေးရီဂိုဏ်း အုပ်ချုပ်သည့် ကြယ်နယ်မြေသို့ ရောက်ရှိလာပြီး တစ်ခဏအတွင်း ကြယ်နယ်မြေ တစ်ခုလုံးကို နဂါးနတ်ဘုရား စစ်တပ်၏ နတ်လှေများဖြင့် ဝိုင်းရံထားလိုက်သည်။

ဟင်းလင်းပြင်၌ ရပ်နေရင်း

“ကွေးရီဂိုဏ်းချုပ်... အခုချက်ချင်း ထွက်လာခဲ့”

ဟု မိုးကြိုးဧကရာဇ်က ကွေးရီဂိုဏ်း၏ ပင်မကြယ်ဆီသို့ အသံလွှင့်ကာ ခြိမ်းခြောက်လိုက်သည်။

စကားသံ ဆုံးသွားသော်လည်း ကြယ်နယ်မြေ တစ်ခုလုံးသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ဧကရာဇ်လောင်း တစ်ဦးမိုးကြိုးဧကရာဇ်၏ ရှေ့သို့ အပြေးအလွှား ရောက်ရှိလာကာ

“ဗိုလ်ချုပ်... ဒီကို ဘာကိစ္စနဲ့ လာတာလဲခင်ဗျာ”

ဧကရာဇ်လောင်းကို ကြည့်နေရင်း မိုးကြိုးဧကရာဇ်၏ ခန္ဓာကိုယ်အနှံ့ လျှပ်စစ်စီးကြောင်းများ စီးဆင်းနေ၏။ ထိုဧကရာဇ်လောင်းကို ခြိမ်းခြောက်နေသကဲ့သို့ပင်။

မိုးကြိုးဧကရာဇ်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း

“ကွေးရီဂိုဏ်းက ရှန်ယွဲ့နိုင်ငံကို သစ္စာဖောက်လိုက်ပြီ။ ဒီနေ့ကစပြီး ဒီကမ္ဘာမှာ ကွေးရီဂိုဏ်း ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။”

ထိုအရာကို ကြားလျှင် ဧကရာဇ်လောင်း၏ မျက်နှာ ချက်ချင်း ပြာနှမ်းသွားပြီး

“ဗိုလ်ချုပ်... ဗိုလ်ချုပ် မလာခင်ကတည်းက ကွေးရီဂိုဏ်းရဲ့ ပင်မကြယ်က လူသူကင်းမဲ့နေပါပြီ။”

မိုးကြိုးဧကရာဇ်မှာ ခဏခန့် ဆွံ့အသွားသည်။

လူသူကင်းမဲ့နေတာလား။

ဒါက ဘယ်လို ဟာသမျိုးလဲ။

မိုးကြိုးဧကရာဇ်က ဧကရာဇ်လောင်းကိုလျစ်လျူရှုကာ ကွေးရီဂိုဏ်း၏ ပင်မကြယ်ဆီသို့ တိုက်ရိုက် ပျံသန်းသွားလိုက်သည်။ ထို့နောက် ပင်မကြယ် တစ်ခုလုံးကို သူ၏ စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ကွေးရီဂိုဏ်း၏ ပင်မကြယ်ပေါ်တွင် လူတစ်ဦးတစ်ယောက်မှ မရှိတော့ကြောင်း မျက်မြင်တွေ့ရှိလိုက်ရတော့သည်။

ထိုအရာကို မိုးကြိုးဧကရာဇ် အလွယ်တကူ မယုံကြည်နိုင်ပေ။

ကွေးရီဂိုဏ်းသည် ထိပ်တန်းအင်အားစု တစ်ခုဟု မဆိုနိုင်သော်လည်း ရှန်ဝူဧကရာဇ်ကဲ့သို့သော သူများ၏ ဖိနှိပ်ခြင်းကိုသာ ခံခဲ့ရသဖြင့် ရှန်ယွဲ့နိုင်ငံအတွင်း သိသာထင်ရှားသော အင်အား ရှိနေသေးသည်။ ကွေးရီဂိုဏ်းက လုယန်ဟွာကို လျစ်လျူရှုခြင်းသည် ရှန်ဝူဧကရာဇ်ကို သစ္စာစောင့်သိခြင်းကြောင့် မဟုတ်ပဲ မကြောက်ရွံ့ခြင်းကြောင့်သာ ဖြစ်မည်ဟု မိုးကြိုးဧကရာဇ်က ထင်ခဲ့သည်။

သို့သော် အကြောင်းရင်း အစစ်အမှန်ကတော့ ကွေးရီဂိုဏ်း ထွက်ပြေးသွားခြင်း လား။

ဤကဲ့သို့သော နေ့ရက် ရောက်လာမည်ကို ကြိုတင်သိ၍ ရှန်ယွဲ့နိုင်ငံမှ လုံးဝ ထွက်ပြေးရန် ကွေးရီဂိုဏ်းက ဆုံးဖြတ်ခဲ့ခြင်းလား။

သို့သော် ကွေးရီဂိုဏ်းကြီး တစ်ဂိုဏ်းလုံး ရှန်ယွဲ့နိုင်ငံမှ ထွက်ခွာသွားတာကို လုယန်ဟွာ အနေနှင့် သတိထားမိသင့်သည် မဟုတ်ပါလား။

လုယန်ဟွာသည် ယခု ရှန်ယွဲ့နိုင်ငံ တစ်နိုင်ငံလုံးကို ထိန်းချုပ်ထားသော ဧကရာဇ် ဖြစ်နေပြီ ဖြစ်သောကြောင့် သူ၏ နယ်မြေအတွင်း ဖြစ်ပျက်သမျှကို သိသင့်၏။ အကယ်၍ ကွေးရီဂိုဏ်း ထွက်ပြေးသွားတာကို လုယန်ဟွာ သိထားပါက တိုက်ခိုက်ရန် သူ့ကို စေလွှတ်မည် မဟုတ်ပေ။

ထိုသို့ စဉ်းစားမိပြီးနောက်

“ကြယ်နယ်မြေ တစ်ခုလုံးကို ရှာဖွေကြ။ ကွေးရီဂိုဏ်းရဲ့ သဲလွန်စ တွေ့တာနဲ့ ချက်ချင်း အစီရင်ခံ။”

ဟု နဂါးနတ်ဘုရား စစ်တပ်မှ စစ်သည်များကို မိုးကြိုးဧကရာဇ်က အမိန့်ပေးလိုက်သည်။

ထို့နောက်တွင် ရှန်ယွဲ့နိုင်ငံ၏ စစ်သည်များက ကြယ်နယ်မြေ တစ်ခုလုံးကို စတင်ရှာဖွေခဲ့သော်လည်း ဆယ်ရက်ကျော် ကြာသည်အထိ ကွေးရီဂိုဏ်း၏ တပည့် တစ်ဦးကိုမှ မတွေ့ရှိရပေ။

ပင်မကြယ်ပေါ်တွင်ပင် ကွေးရီဂိုဏ်း တည်ရှိခဲ့ဖူးသည့် သဲလွန်စ တစ်ခုမှ ရှာမတွေ့တော့ပေ။ ကွေးရီဂိုဏ်းသည် ရုတ်တရက် အစအနမကျန် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။

ဖြစ်ပျက်နေသည့်အရာကို မိုးကြိုးဧကရာဇ် နားမလည်နိုင်သော်လည်း သူနှင့် မသက်ဆိုင်သည့်အတွက် ဆက်လက် စုံစမ်းခြင်း မပြုတော့ပဲ အစီရင်ခံရန် လူတစ်ဦးကို တိုက်ရိုက် စေလွှတ်လိုက်တော့သည်။

…………….

အခန်း (၁၄၃၇ )

လာရောက်သတိပေးသူ

ရှန်ယွဲ့နိုင်ငံ။

ကောင်းကင်နန်းတော်။

လုယန်ဟွာ၏ ကိုယ်မှ သွေးအငွေ့အသက်များ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အချိန်နှင့် အာကာသကိုပင် ထူထပ်သော သွေးစွမ်းအင်များဖြင့် ပုံပျက်သွားစေ၏။ ထိုအခိုက်အတန့်တွင် သူ၏ မျက်နှာသည် ဒေါသကြောင့် မှောင်မည်းနေလျက်ရှိသည်။

“ဘာပြောလိုက်တယ်... ကွေးရီဂိုဏ်းက ဘယ်လိုလုပ်ပြီး ရုတ်တရက် ပျောက်သွားတာလဲ။”

လုယန်ဟွာအတွက်တော့ ကွေးရီဂိုဏ်းသည် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။ သို့သော် သူ အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသော အင်အားစု ထိုသို့ ပျောက်ကွယ်သွားခြင်းက သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။

အဓိက ပြဿနာက ကွေးရီဂိုဏ်းသည် ရှန်ယွဲ့နိုင်ငံအတွင်း၌သာ ပျောက်ကွယ်သွားခြင်း ဖြစ်၏။ ယခုအခါ ရှန်ယွဲ့နိုင်ငံ တစ်ခုလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း ကွေးရီဂိုဏ်းက သူ လုံးဝသတိမထားမိပဲ ပျောက်ကွယ်သွားခဲ့သည်။

ဤအရာသည် လုယန်ဟွာကို ကြီးမားသော စိုးရိမ်ထိတ်လန့်မှုတစ်ခု ပေးလိုက်သည်။ ဤမျှ ကြီးမားသော အင်အားစုကြီးသည် သူ မသိပဲ ပျောက်ကွယ်သွားခဲ့သည်။

အကယ်၍ သူ မသိပဲ သူ့အသက်ကို ခြိမ်းခြောက်နိုင်သော အရာတစ်ခုခု ဖြစ်ခဲ့ပါက ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလား။

ကွေးရီဂိုဏ်းက သူ့မျက်စိရှေ့တွင်ပင် မည်သို့ ပျောက်ကွယ်သွားနိုင်သနည်း။

လုယန်ဟွာက အေးစက်စွာဖြင့်

“စုံစမ်းစမ်း... ကွေးရီဂိုဏ်း ဘယ်ရောက်သွားလဲဆိုတာနဲ့ သူတို့ ရှန်ယွဲ့နိုင်ငံကနေ ဘယ်လို ထွက်ပြေးသွားလဲဆိုတာ ချက်ချင်း ရှာဖွေစမ်း။”

ကွေးရီဂိုဏ်း မည်သို့ပျောက်ကွယ်သွားသည်ကို မသိရလျှင် လုယန်ဟွာ စိတ်အေးရမည် မဟုတ်ပေ။ မကြာမီ ရှန်ယွဲ့နိုင်ငံ တစ်နိုင်ငံလုံးသည် ကွေးရီဂိုဏ်း တပည့်များ၏ တည်နေရာကို စတင်စုံစမ်းကြတော့သည်။ မျက်စိတစ်မှိတ်အတွင်း လအနည်းငယ် ကုန်ဆုံးသွားသော်လည်း ကွေးရီဂိုဏ်း ဘယ်ရောက်သွားသည်ကို သူတို့ ရှာမတွေ့သေးချေ။

……..

တစ်ချိန်တည်းတွင်။

ရှနိုင်ငံ။

ဖုန်းယန်ကြယ်နယ်မြေ။

သူ့ရှေ့တွင် ရှိနေသော ကြီးမားလှသည့် နတ်လှေ အစင်းတစ်ရာနီးပါးကို ကြည့်ပြီး ကျန်းချင်းဖုန်းသည် တိတ်ဆိတ်သွားသည်။ ဤနတ်လှေများသည် ရန်လိုသော ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်း ဖြစ်ပုံမရချေ။ ၎င်းတို့သည် ရောက်ရှိလာချိန်မှစ၍ ဖုန်းယန်ကြယ်နယ်မြေ၏ အပြင်ဘက်တွင် ရပ်နားထားကြသည်။ မည်သူမှလည်း အတားအဆီးကို ဖောက်ထွင်းရန် မကြိုးစားကြပေ။

နတ်ဝိညာဉ်ထီးက ဖန်တီးထားသော အပြာရောင် အတားအဆီးဆီသို့ ကျန်းချင်းဖုန်း ရောက်လာကာ ကြယ်နယ်မြေ အပြင်ဘက်ရှိ နတ်လှေများကို ကြည့်ပြီး

“ခင်ဗျားတို့က ဘယ်သူတွေလဲ”

ထိုအခိုက်အတန့်တွင် ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူများရှိသော သက်ကြီးရွယ်အိုတစ်ဦး အတားအဆီးရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ထိုအဖိုးအိုသည် အဖြူရောင် ရသေ့ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများက သူ၏ နတ်ဘုရားဆန်၍ ကြင်နာတ်ပုံရသော အငွေ့အသက်ကို ပို၍ထင်ဟပ်နေစေသည်။

အဖိုးအိုက ယဉ်ကျေးစွာဖြင့်

“ကျွန်တော်တို့က ကွေးရီဂိုဏ်းကပါ...ရှနိုင်ငံမှာ ခိုလှုံဖို့ လာတာပါ။ ကျွန်တော်တို့ရဲ့ သူတော်စင်မက ရှနိုင်ငံ ဧကရာဇ်ရဲ့ ဇနီးပါ။”

ဧကရာဇ်နှင့် ပတ်သက်နေသည့် နောက်ဆုံးအချက်ကြောင့် ကျန်းချင်းဖုန်း ချက်ချင်း နားလည်သွားပြီး သူ၏ မျက်နှာလည်း သိသိသာသာ ပျော့ပြောင်းသွားသည်။

“ကွေးရီဂိုဏ်းက ပုဂ္ဂိုလ်တွေ ဖြစ်နေတာပဲ။ မင်းကြီးက ခင်ဗျားတို့ ရောက်လာမှာကို သိပြီးသားပါ။ မင်းကြီးလာပြီး အတားအဆီးကို ဖွင့်ပေးတဲ့အထိ စောင့်ဖို့ပဲ လိုပါတယ်။”

ကွေးရီဂိုဏ်းသည် ရှနိုင်ငံနှင့် မဟာမိတ်ဖွဲ့လိုကြောင်းကို ချူးယွမ်ကျိထံမှ လုချန်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် ကွေးရီဂိုဏ်းမှ လူများကို စောင့်ကြည့်ရန် ကျန်းချင်းဖုန်းထံသို့ သတင်းပို့ထားသည်။ အမှန်တကယ်တော့ ရှနိုင်ငံ၏ စစ်မှန်သော အရှင်သခင်ဖြစ်သဖြင့် ဤနေရာတွင် ဖြစ်ပျက်နေသမျှကို လုချန်း သိပြီး ဖြစ်သည်။

…….

ထိုအချိန်တွင်။

ထျန်းချန်ကမ္ဘာ။

ရန်မြို့ နန်းတော်။

လုချန်း၏ ကိုယ်ပွားသည် ပြင်းထန်စွာ အသက်ရှူနေပြီး ချူးယွမ်ကျိကို

“ဟူး... သူတို့ ရောက်လာပြီ။ သူတို့ကို ဘယ်လို နေရာချပေးဖို့ စိတ်ကူးထားလဲ။”

လုချန်း၏ ရုတ်တရက် စကားကိုကြားပြီး လုချန်း မည်သူ့ကို ရည်ညွှန်းနေကြောင်း ချူးယွမ်ကျိ ချက်ချင်း နားလည်သွားသည်။ သူမ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း လုချန်း၏ လုပ်ဆောင်ချက်များက ရုတ်တရက် ပြင်းထန်လာသည်။

လုချန်းက ဆက်ပြီး

“ဒါဆိုရင်... ကိုယ် သူတို့ကို...... ကြယ်နယ်မြေ တစ်ခု ပေးလိုက်မယ်လေ...”

ချူးယွမ်ကျိက တိုးတိုးလေး ညည်းတွားရင်း

“ဟုတ်ကဲ့”

ယခု လုချန်းသည် သူမအတွက် အရာရာ ဖြစ်သည်။ လုချန်း ပြောသမျှက သူမအတွက် အရေးကြီးသည်။ ကွေးရီဂိုဏ်းသည် သူမ ဖန်တီးခဲ့သောဂိုဏ်း ဖြစ်သော်လည်း သူမကိုယ်တိုင်သည် လုချန်းနှင့် သက်ဆိုင်နေ၏။ ထို့ကြောင့် ကွေးရီဂိုဏ်းသည်လည်း လုချန်းနှင့် သက်ဆိုင်သည်။ လုချန်းက ၎င်းကို မည်သို့လုပ်ချင်လုပ်ချင် သူ၏ ဆန္ဒသာ ဖြစ်သည်။

နောက်တစ်ခဏတွင် လုချန်း၏ သူတော်စင် အဆင့်ကိုယ်ပွားတစ်ခု ကျန်းချင်းဖုန်း၏ ရှေ့တွင် ပေါ်လာသည်။ လုချန်း ရုတ်တရက် ပေါ်လာသည်ကို မြင်လျှင် ဂိုဏ်းချုပ်ဖြစ်သူ ဧကရာဇ် တန်ယန်က

“မင်းကြီးကို ဂါရဝပြုပါတယ်”

နောက်တစ်ခဏတွင် ကွေးရီဂိုဏ်းဝင် အားလုံးက လုချန်းကို ဦးညွှတ်ကြပြီး

“မင်းကြီးကို ဂါရဝပြုပါတယ်”

လုချန်းက ပြုံးလျက်

“ခင်ဗျားတို့ ကျုပ်ကို သိလား။”

ဧကရာဇ် တန်ယန်က

“ကျွန်တော် သူတော်စင်မကို ရှန်ယွဲ့နန်းတော်ဆီ ပို့တုန်းက မင်းကြီးနဲ့ တစ်ခါ ဆုံဖူးပါတယ်။”

လုချန်းက တဟားဟား ရယ်မောပြီး ဧကရာဇ် တန်ယန်ကို ကြည့်ကာ

“အို... ဒါဆို ယွမ်ကျိကို ရှန်ယွဲ့နန်းတော်ဆီ ကိုယ်တိုင် သွားပို့ခဲ့တာ ခင်ဗျားပေါ့။”

လုချန်း၏ လေသံထဲတွင် မကျေနပ်မှု အနည်းငယ် ပါနေသည်ကို ကြားလျှင် ဧကရာဇ် တန်ယန်က

“ဒါတွေက သူတော်စင်မရဲ့ ဆန္ဒပါ။ ဒါမှမဟုတ် အကြီးအကဲချုပ်ရဲ့ ဆန္ဒလို့လည်း ပြောလို့ရပါတယ်။”

ချူးယွမ်ကျိသည် ကွေးရီဂိုဏ်း၏ သူတော်စင်မ ဖြစ်သလို အကြီးအကဲချုပ်လည်း ဖြစ်သည်။ ဧကရာဇ် တန်ယန် အနေနှင့် အကြီးအကဲချုပ်၏ အမိန့်ကို နာခံရန်သာ ရှိသည်။

လုချန်းလည်း ဧကရာဇ် တန်ယန်ကို ဆက်လက် အပြစ်ရှာရန် စိတ်မပါတော့ချေ။ သူသည် နတ်ဝိညာဉ်ထီးကို တိုက်ရိုက် ထိန်းချုပ်လိုက်ပြီး အတားအဆီးတွင် ဝင်ပေါက်တစ်ခု ဖွင့်ပေးလိုက်သည်။

“ဝင်ခဲ့ကြ...ကျုပ် ခင်ဗျားတို့အတွက် ကြယ်နယ်မြေ တစ်ခု ပြင်ဆင်ပေးထားတယ်။ အခုကစပြီး အထီးကျန် မီးအိမ်ကြယ်နယ်မြေကို ကွေးရီဂိုဏ်းက စီမံခန့်ခွဲရမယ်။”

ဧကရာဇ် တန်ယန်က ထပ်မံ ဦးညွှတ်ပြီး “မင်းကြီးကို ကျေးဇူးတင်ပါတယ်”

ထို့နောက် ကွေးရီဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များကလည်း တညီတညွတ်တည်း ဦးညွှတ်ပြီး

“မင်းကြီးကို ကျေးဇူးတင်ပါတယ်”

ထို့နောက် ကွေးရီဂိုဏ်း၏ နတ်လှေများသည် အတားအဆီးအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာကြသည်။ ကွေးရီဂိုဏ်း၏ နတ်လှေများ အတားအဆီးထဲသို့ ဝင်ပြီးကာစတွင် အဝေး၌ နတ်လှေ ဆယ်စင်းကျော် ရုတ်တရက် ပေါ်လာသည်။ ကွေးရီဂိုဏ်း၏ နတ်လှေများနှင့် နှိုင်းယှဉ်လျှင် ထိုနတ်လှေများသည် ဟောင်းနွမ်းပြီး အရွယ်အစားလည်း ပိုသေးငယ်ပုံရသည်။

အဝေးရှိ နတ်လှေများကို လုချန်း ကြည့်ပြီး

“အဲ့ဒါတွေကလည်း ကွေးရီဂိုဏ်းက နတ်လှေတွေပဲလား။”

ဧကရာဇ် တန်ယန်က

“ကျွန်တော်တို့ရဲ့ နတ်လှေတွေ အားလုံး အတားအဆီးထဲ ဝင်သွားပါပြီ။ အဲ့ဒါတွေက ကွေးရီဂိုဏ်းက နတ်လှေတွေ မဟုတ်ပါဘူး။”

တွန့်ဆုတ်မနေပဲ အတားအဆီးကို လုချန်း ပြန်ပိတ်လိုက်သည်။ သို့သော် သူ ထွက်မသွားသေးပေ။ ထိုလူသစ်များ မည်သူလဲဆိုတာကို သူ သိချင်နေသည်။ မကြာမီ ထိုနတ်လှေ ဆယ်စင်းကျော် အတားအဆီး ရှေ့သို့ ပျံသန်းလာသည်။

ထိုအခိုက်အတန့်တွင် ရှေ့ဆုံးမှ နတ်လှေ၏ ကုန်းပတ်ပေါ်၌ အနီရောင် ပိုးထည်ဝတ်စုံ ဝတ်ထားသော အမျိုးသားတစ်ဦး ရပ်နေပေသည်။ ရှေ့တွင် ရပ်နားထားသော နတ်လှေ အစင်းတစ်ရာကျော်ကို တွေ့ရှိဖြင့် သူ၏ နတ်လှေကို ရပ်ရန် အလျင်အမြန် ညွှန်ကြားလိုက်သည်။

နောက်တစ်ခဏတွင် ထိုအမျိုးသား အတားအဆီး ရှေ့သို့ ပျံသန်းလာသည်။ လုချန်းကို တစ်ချက်ကြည့်ပြီးနောက် သူ့နောက်ရှိ ကွေးရီဂိုဏ်း၏ ကြီးမားသော နတ်လှေ အစင်းရာကျော်ကို ကြည့်လိုက်ရာ ထိုသူ၏ မျက်နှာတွင် ချွေးများ ချက်ချင်း ထွက်လာသည်။

ကျန်းချင်းဖုန်းက

“ခင်ဗျားတို့က ဘယ်သူတွေလဲ...ရှနိုင်ငံကို ဘာကိစ္စနဲ့ လာကြတာလဲ”

ငွေလမင်း ဧကရာဇ်လောင်းက တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း

“ကျွန်တော်က ရန်ယန်နိုင်ငံရဲ့ ငွေလမင်း ဧကရာဇ်လောင်းပါ။ ရှနိုင်ငံ ဧကရာဇ်နဲ့ တွေ့ခွင့်ရမလား။”

ငွေလမင်း ဧကရာဇ်လောင်းကို လုချန်း ကြည့်ပြီး

“ကျုပ်က ရှနိုင်ငံရဲ့ ဧကရာဇ်ပဲ...ဘာကိစ္စရှိလို့လဲ။ တိုက်ရိုက်ပဲ ပြောပါ။”

ဤစကားကို ကြားလျှင် ငွေလမင်း ဧကရာဇ်လောင်း ခဏခန့် ကြောင်သွားပြီး သူ၏ မျက်နှာတွင် သံသယ အရိပ်အယောင်များ ပေါ်လာသည်။

ရှနိုင်ငံ ဧကရာဇ်က သူတော်စင် အဆင့်လား။

မဟုတ်ဘူး...

ဒါက ကိုယ်ပွားတစ်ခုပဲ ဖြစ်ရမယ်။

ထိုသို့ တွေးတောရင်း ငွေလမင်း ဧကရာဇ်လောင်းက ရိုသေစွာဖြင့်

“ကျွန်တော်က ရန်ယန်နိုင်ငံနဲ့ ရန်ယန်ဧကရာဇ်ကို ကိုယ်စားပြုပြီး လာခဲ့တာပါ။”

လုချန်းက ဆက်ပြီး

“ရန်ယန်နိုင်ငံ ဟုတ်လား... ရှနိုင်ငံက ခင်ဗျားတို့ ရန်ယန်နိုင်ငံနဲ့ ပတ်သက်ဖူးတာမျိုးရှိတယ်လို့ ကျုပ် မမှတ်မိဘူး။”

ငွေလမင်း ဧကရာဇ်လောင်းက

“ ရှနိုင်ငံရဲ့ အခု အခြေအနေကို မင်းကြီး သိပါသလား။”

လုချန်းက

“အိုး... ဒါဆိုရင် ရှနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ခင်ဗျားကပဲ ကျုပ်ကို ပြောပြပါဦး။”

ငွေလမင်း ဧကရာဇ်လောင်းက

“ ရှန်ယွဲ့ဧကရာဇ်က ရှနိုင်ငံကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ မကြာခင်မှာ ရှန်ယွဲ့နိုင်ငံရဲ့ စစ်တပ်က ဖုန်းယန်ကြယ်နယ်မြေရဲ့နယ်စပ်ကို ရောက်လာတော့မှာပါ။”

“အဲ့ဒီအချိန်ကျရင် ရှနိုင်ငံ တစ်ခုလုံး သွေးပင်လယ်ဝေပြီး ပျောက်ကွယ်သွားပါလိမ့်မယ်။”

ဤစကားများကို ကြားလျှင် လုချန်းက ရယ်မောပြီး

“ဒါကို ပြောတာကိုး... ဒါပေမဲ့ ဒါက ခင်ဗျားတို့ ရန်ယန်နိုင်ငံနဲ့ ဘာဆိုင်လို့လဲ။”

ထိုအခိုက်အတန့်တွင် ရန်ယန်နိုင်ငံ၏ တည်နေရာကို လုချန်း သတိရသွားသည်။ ၎င်းသည် ရှန်ယွဲ့နိုင်ငံက ရှနိုင်ငံဆီသို့ ချီတက်ရာတွင် မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းကြောင်းပေါ်၌ရှိ၏။

……………

All Chapters