← Chapters

အခန်း (၅၈၃-၅၈၄)

Vol. 59 Ch. 583-584

အခန်း (၅၈၃-၅၈၄)

Vol. 59 Ch. 583-584

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၃ + ၅၈၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကျီလန်ထင်းသည် ပြိုင်ဘက်ကင်းရဲတိုက်ကြီးမှ ကျီမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူ၏ အသက် ၄၀ ကျော် အရွယ်ဆိုသည်မှာ သာမန်လူသားများ၏ အသက် ၃၀ ဝန်းကျင်နှင့် ညီမျှပေသည်။ သူ့ကို ငယ်ရွယ်သည်ဟု ဆိုရပေမည်။

နီရှန်နတ်မိမယ် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ညီမ စွန့်စားခန်းတစ်ခု ကြုံခဲ့ရတယ်။ အဲဒီတုန်းက တစ်စုံတစ်ယောက်က သူ့ကိုယ်သူ စတေးပြီး ညီမကို ပြည့်စုံအောင် လုပ်ပေးခဲ့လို့ပါ”

“ဪ... ဒါကြောင့်ကိုး” လီရူဟိုင်က ပြောလိုက်သည်။ “ငါ့ဘဝရဲ့ အသန်မာဆုံး ပြိုင်ဘက်က အသက် ၃၀ မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

တာ့ယန်ဘုရင် လီရူဟိုင်၏ မျက်နှာထားသည် အလွန် လေးနက်တည်ကြည်သွားပြီး ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနည်းငယ် ကွေးညွှတ်သွားလေသည်။

ထိုအချိန်၌ လီရူဟိုင်သည် အလွန်အမင်း စွမ်းအားကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်နှင့် တူနေလေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည်မှာ ထင်ရှားလှသည်။

နီရှန်နတ်မိမယ်သည် တုပိုင်ကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ရှင်က ပေမင်ဘိုးဘေးကြီး ဟောကိန်းထုတ်ထားတဲ့ ကံတရားရဲ့ကြယ်ပွင့်ပဲ။ ရှင်က ကောင်းကင်တာဝန်ရဲ့ သခင်ပဲ။ ကျွန်မ ဘယ်လိုတန်ဖိုးမျိုးပဲ ပေးဆပ်ရပါစေ အစွမ်းကုန် ကြိုးစားပါ့မယ်။ သူက သူ့ရဲ့ အတွင်းအား အတော်များများကို ဆုံးရှုံးထားပြီးပြီ။ ဒါပေမဲ့... အကယ်၍ ကျွန်မသာ သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ရင်... အဲဒါက တကယ့် ကံတရားရဲ့ သားတော်ဆိုတာ မရှိဘူးလို့ သက်သေပြလိုက်တာပဲ။ အဲဒီအခါကျရင် ရှင် တကယ် သေရလိမ့်မယ်...”

တုပိုင်က ခေါင်းသာညိတ်ပြလိုက်၏။ “အင်း”

နီရှန်နတ်မိမယ်သည် အသက်ကို ဝဝရှူသွင်းလိုက်ပြီး လှေကားထစ်များအတိုင်း တက်သွားကာ လီရူဟိုင်၏ ရာဇပလ္လင်ရှေ့သို့ ရောက်ရှိသွားသည်။

“ဖိတ်ခေါ်ပါတယ်”

“ဖိတ်ခေါ်ပါတယ်”

လေသံက ယဉ်ကျေးသိမ်မွေ့နေဆဲပင်။ နီရှန်နတ်မိမယ် ဓားကို ဆွဲထုတ်လိုက်သည်။

လီရူဟိုင်သည်လည်း ဓားကို မြှောက်လိုက်၏။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ဓားထုတ်ခြင်း ဖြစ်လေသည်။

နီရှန်နတ်မိမယ်သည် သူမ၏ ခန္ဓာကိုယ်ထဲရှိ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင် အားလုံးကို စုစည်းလိုက်သည်။ ပုံမှန်ထက် များစွာ ပိုလွန်နေပြီး ၊ သူမ၏ အသက်စွမ်းအားများကိုပါ ရူးသွပ်စွာ ထုတ်ယူသုံးစွဲလိုက်ခြင်း ဖြစ်သည်။

သူမ၏ လှပသော မျက်ဝန်းအိမ်များသည် နီရဲလာလေသည်။ ပြိုင်ဘက်ကင်းလောက်အောင် လှပသော မျက်နှာလေးပေါ်တွင် ထူးဆန်းသော သွေးရောင်များ ယှက်သန်းလာပြီး ၊ သွေးများ စိမ့်ထွက်လာတော့မည့်အလား ထင်မှတ်ရသည်။

သူမ၏ ခန္ဓာကိုယ်မှ သွေးရောင်မြူခိုးများ ထွက်ပေါ်လာလေတော့သည်။ လီရူဟိုင်၏ မျက်နှာ အပြောင်းအလဲ ဖြစ်သွားပြီး ပြောလိုက်သည်။ “နီရှန်နတ်မိမယ်... ငါက ပေမင်ဓားဂိုဏ်းက လူတွေကို မသတ်ပါဘူးလို့ ပြောထားတယ်လေ။ မင်း... မင်း တကယ်ပဲ အသက်စွန့်ပြီး တိုက်ခိုက်တော့မလို့လား”

“ကောင်းကင်တာဝန်အတွက်...” နီရှန်နတ်မိမယ်၏ အသံသည် ထူးဆန်းစွာ ပြောင်းလဲသွားသည်။ အသံများစွာ ထပ်နေသကဲ့သို့ ဖြစ်နေပြီး ၊ အလွန်အမင်း ဆွဲဆောင်မှု ရှိနေသလို ကြောက်မက်ဖွယ်လည်း ကောင်းနေလေသည်။

သူမက သူမသည် နတ်မိစ္ဆာ မဟုတ်ကြောင်း ၊ နတ်မိစ္ဆာကို တစ်စုံတစ်ယောက်က ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း အမြဲ ပြောလေ့ရှိသည်။

တုပိုင်က သူမကို ခွေးမဟု ခေါ်သော်လည်း သူမ လုံးဝ ဂရုမစိုက်ခဲ့ပေ။

သွေးရောင်အရှိန်အဝါကြီးတစ်ခု နီရှန်နတ်မိမယ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားလေ၏။

ထိုအချိန်တွင် နီရှန်နတ်မိမယ်၏ လက်ထဲမှ ဓားသည်လည်း မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ နီရဲလာလေသည်။

သူမသည် မိစ္ဆာစွမ်းအားများကို အသုံးပြုလိုက်ပြီး ၊ သူမ၏ အသက်စွမ်းအားနှင့် သိုင်းပညာစွမ်းအားများကို အကန့်အသတ်မရှိ ထုတ်ယူသုံးစွဲကာ ၊ မည်သည့် တန်ဖိုးပေးဆပ်ရပါစေ လီရူဟိုင်ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

တာ့ယန်ဘုရင် လီရူဟိုင်၏ ခန္ဓာကိုယ်သည် ပိုမို ကွေးညွှတ်သွားသည်။ သူသည် အလွန် အန္တရာယ်ကြီးမားသော အငွေ့အသက်ကို ရရှိလိုက်ပြီး ၊ သူ့မျက်လုံးများမှ ထူးဆန်းသော အစိမ်းရောင် အလင်းတန်းများ တောက်ပလာလေသည်။

“တုပိုင်... ငါ အစွမ်းကုန် ပေးဆပ်လိုက်ပြီ။ ကျန်တာကိုတော့ ကံတရားအတိုင်းပဲ ဖြစ်ပါစေတော့” နီရှန်နတ်မိမယ် ဟိန်းဟောက်လိုက်သည်။ “ပေမင်ရဲ့ ကောင်းကင်တာဝန်အတွက်”

“ဘုန်းးးး”

နီရှန်နတ်မိမယ်၏ အနီရောင်ဓားသည် လီရူဟိုင်ထံသို့ ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းတွင် သူမတစ်ကိုယ်လုံးသည်လည်း ဓားတစ်လက်အသွင် ပြောင်းသွားပြီး လီရူဟိုင်ထံသို့ ခုတ်ပိုင်းချလိုက်သကဲ့သို့ ဖြစ်သွားသည်။

“ဘုန်းးးးး”

တစ်ခဏချင်းမှာပင် ခန်းမဆောင်ကြီး၏ နံရံများအားလုံး ကွဲကြေကုန်သည်။ ခန်းမဆောင်ကြီး၏ တိုင်လုံးများအားလုံးသည်လည်း ကျိုးပဲ့ကုန်သည်။

မြေပြင်ပေါ်ရှိ ရွှံ့ ၊ အုတ်နှင့် ကျောက်ခဲများအားလုံး ရူးသွပ်စွာ လွင့်စင်ထွက်သွားကြသည်။ ဟာရီကိန်း မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ပင်။ ကြောက်မက်ဖွယ်ကောင်းသော ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။

ဤစွမ်းအားကြီးမားသော အင်အားသည် ခန်းမဆောင်အတွင်းရှိ အရာအားလုံးကို ရူးသွပ်စွာ ဖျက်ဆီးပစ်လိုက်သည်။ လီရူဟိုင်၏ နောက်ကျောဘက်ရှိ ရာဇပလ္လင်ကြီးသည် ရုတ်တရက် လွင့်စင်သွားပြီး ၊ လေထဲတွင်ပင် တစ်စစီ ပြိုကွဲပျက်စီးသွားလေသည်။

နန်းတော်တစ်ခုလုံးရှိ အရာအားလုံး အမှုန့်ဖြစ်သွားကြသည်။ နေရာတစ်ခုလုံးသည် ဖုန်မှုန့်များနှင့် ပြည့်နှက်သွားပြီး မည်သည်ကိုမျှ မမြင်ရတော့ချေ။ နန်းတော်အပြင်ဘက်မှ ကြည့်လျှင် စွမ်းအားကြီးမားသော အင်အားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ၊ ခန်းမဆောင်ကြီး တစ်ခုလုံး ချက်ချင်း ပြိုကျသွားသည်ကို ရှင်းလင်းစွာ မြင်တွေ့ရလေသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ခန်းမဆောင်ကြီး တစ်ခုလုံး စတင် ပြိုကျလာသည်။ နံရံများ ပြိုကျလာပြီး တိုင်လုံးကြီးများ လဲကျကုန်သည်။

တုပိုင်သည် သူ့ခန္ဓာကိုယ်ကို အတွင်းအားဖြင့် ကာကွယ်လိုက်ရာ တစ်ကိုယ်လုံး အကြေးခွံများ ဖုံးလွှမ်းသွားသည်။

မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ သူ့အပေါ် ပြိုကျလာသော်လည်း သူ ဘေးကင်းစွာ ရှိနေဆဲပင်။

ထိုအချိန်၌ သူသည် ရလဒ်ကိုသာ ဂရုစိုက်နေမိသည်။

လီရူဟိုင် သေပြီလား။

**--**--**--**--**--**--**--**

အချိန်အတော်ကြာသွားပြီးနောက်တွင် ဖုန်မှုန့်များ ငြိမ်သက်သွားလေ၏။ နီရှန်နတ်မိမယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး အပျက်အစီးများကြားတွင် မလှုပ်မယှက် လဲလျောင်းနေသည်။

လီရူဟိုင်သည် မလှုပ်မယှက် ရပ်နေဆဲဖြစ်ပြီး နီရှန်နတ်မိမယ်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေလေသည်။

သူ မသေသေးချေ။ ရုတ်တရက် လီရူဟိုင် သွေးတစ်လုပ်ကို အန်ချလိုက်ရသည်။

သူ၏ ပါးစပ်ထောင့်မှ သွေးများကို ဝတ်ရုံလက်ဖြင့် သုတ်လိုက်ရာ ၊ သူ့ဘုရင်ဝတ်ရုံကြီး တစ်ခုလုံး စုတ်ပြဲနေသည်ကို တွေ့လိုက်ရသည်။

“နီရှန်က အရင်တုန်းက မင်းရဲ့ ရန်သူ မဟုတ်လား” လီရူဟိုင်က မေးလိုက်သည်။

တုပိုင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်”

လီရူဟိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ ဒီအချိန်မှာ မင်းကို ကာကွယ်ဖို့အတွက် သူမက အသက်ကိုတောင် ပေးဆပ်ဖို့ ဝန်မလေးဘူး။ ဒါက ကံတရားရဲ့ အရှင်သခင် ဖြစ်လို့လား။ ဒီဂုဏ်ပုဒ်နဲ့တင် လူပေါင်းများစွာက မင်းအတွက် အသက်ပေးဖို့ အဆင်သင့် ဖြစ်နေကြတာလား”

တုပိုင်က ပြောလိုက်သည်။ “သက တာဝန်ကို အရမ်း အလေးထားတဲ့သူလေ။ သူ့ရဲ့ အမြင်မှာ ငါက ကြောင်ပဲဖြစ်ဖြစ် ခွေးပဲဖြစ်ဖြစ် ၊ ပေမင်ဘိုးဘေးကြီး ဟောကိန်းထုတ်ထားတဲ့သူ ဖြစ်နေသရွေ့ ၊ တာဝန်ကို ထမ်းဆောင်မယ့်သူ ဖြစ်နေသရွေ့ ၊ သူက အရာအားလုံးကို ပေးဆပ်မှာပဲ”

“သူက ပုံမှန်လူနဲ့ မတူဘူးပဲ” လီရူဟိုင်၏ မျက်နှာ တစ်ချက်လှုပ်ရှားသွားပြီး သွေးတစ်လုပ် ထပ်အန်လိုက်ပြန်သည်။

သူ ပါးစပ်ထောင့်မှ သွေးများကို ထပ်သုတ်လိုက်ပြီး ဆက်ပြောသည်။ “သူက တကယ်ပဲ အရာအားလုံးကို ပေးဆပ်လိုက်တာပဲ။ အကန့်အသတ်မရှိ ထုတ်ယူသုံးစွဲခဲ့တာတောင်မှ ငါ့ကို မသတ်နိုင်ခဲ့ဘူး”

လီရူဟိုင်သည် တုပိုင်ထံသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ပြောလိုက်သည်။ “ငါ့မှာ အတွင်းအား ၃၀ ရာခိုင်နှုန်းလောက် ကျန်သေးတယ်။ သာမန် ဆရာသခင်အဆင့် တစ်ယောက်ကို တစ်စက္ကန့်အတွင်း သတ်ပစ်ဖို့ လုံလောက်တာထက် ပိုပါသေးတယ်။ မင်းရဲ့ သိုင်းပညာအဆင့်က ဘယ်လောက်လဲ တုပိုင်”

တုပိုင်က ဖြေလိုက်သည်။ “ဒုတိယအဆင့်သိုင်းပညာရှင်”

“ဝါး...” လီရူဟိုင်က ပြောလိုက်သည်။ “ဒါဆို ငါ လက်သည်းခွံလေးနဲ့ ဖိလိုက်ရင်တောင် မင်း သေသွားလောက်တယ်”

တုပိုင်က ပြောလိုက်သည်။ “အဲဒီလို ဖြစ်သင့်တာပေါ့”

“ကံတရား ဆိုတာ လုံးဝ မရှိတာလည်း ဖြစ်နိုင်တယ်” လီရူဟိုင်သည် တုပိုင်ထံသို့ ဆက်လျှောက်လာရင်း ပြောလိုက်သည်။ “ကံတရား ဆိုတာ မရှိဘူး။ ငါက ဒီလောက် စွမ်းအားကြီးတာလေ။ ငါက မင်းရဲ့ အရိုးတွေကို နင်းပြီး အနောက်တောင်ဒေသ တစ်ခုလုံးကို စိုးမိုးဖို့ ၊ စစ်တုရင် ကစားသမား ဘဝကို တက်လှမ်းဖို့ ကံပါလာတာ ဖြစ်နိုင်တယ်”

“ဖြစ်နိုင်တာပေါ့... ဘယ်သူသိမှာလဲ” တုပိုင်က ပြောလိုက်သည်။

လီရူဟိုင်က ပြောလိုက်သည်။ “မင်းမှာ နောက်တစ်နည်း ရှိသေးတယ်။ အဲဒါက ငရဲမီးတောက်ကို သုံးပြီး မင်းရဲ့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်လက်နက်ကို မီးရှို့လိုက်ဖို့ပဲ။ အဲဒီလိုလုပ်ရင် ပေ ဆယ်ချီအတွင်း အကုန်လုံးက ကြောက်စရာကောင်းတဲ့ အစိမ်းရောင် ငရဲမီးတောက်တွေနဲ့ ပြည့်သွားလိမ့်မယ်။ ငါ့သိုင်းပညာက ဘယ်လောက်မြင့်မားနေပါစေ ငရဲမီးတောက်နဲ့ တွေ့ရင် ပြာကျသွားမှာပဲ။ ဒါပေမဲ့ မင်းကတော့ ဘာမှဖြစ်မှာ မဟုတ်ဘူး”

ထိုသည်​က နည်းလမ်းကောင်း တစ်ခုပင်။ တုပိုင်သာ ဖောက်ခွဲလိုက်ပါက အချင်း မီတာတစ်ရာအတွင်း အရာအားလုံးကို ငရဲမီးတောက်များ လွှမ်းသွားပြီး ပျောက်ကွယ်သွားလိမ့်မည်ဖြစ်၏။ သို့သော် တုပိုင်သည်တော့ ဘေးကင်းနေဆဲ ဖြစ်ပေလိမ့်မည်။

သို့သော် လီရူဟိုင်က ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

ယခ​င်အခေါက်ကဲ့သို့ပင် မြေကြီးထဲသို့ ဝင်သွားလိုက်ပါက ငရဲမီးတောက်သည် သူ့အား သတ်ဖြတ်နိုင်မည် မဟုတ်ချေ။ သို့သော် မြေပြင်ပေါ်ရှိ နီရှန် ၊ လီတောက်ယွဲ့နှင့် အခြားသူများသည်းတော့ ငရဲမီးတောက်ကြောင့် သေဆုံးသွားကြပေလိမ့်မည်ါ

“မင်း အဲဒီလို မလုပ်ဘူးမလား” လီရူဟိုင်က မေးလိုက်သည်။

“ဟုတ်တယ်” တုပိုင်က ပြောလိုက်သည်။ “အဲဒါက အသုံးမဝင်ဘူး”

လီရူဟိုင်က ပြောလိုက်သည်။ “မင်းက ဒုတိယအဆင့်သိုင်းပညာရှင်အဆင့်နဲ့ ၊ ကမ္ဘာမြေပေါ်မှာ အားအကောင်းဆုံး ဖြစ်တဲ့ ငါ့ကို စိန်ခေါ်ချင်တာလား”

တုပိုင်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။ “မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး မဟုတ်လား...”

လီရူဟိုင်က ပြောလိုက်သည်။ “ငါ့မှာ အတွင်းအား ၃၀ ရာခိုင်နှုန်း ကျန်သေးတယ်။ မဟာဆရာသခင် တစ်ယောက်ကို တစ်စက္ကန့်အတွင်း သတ်ဖို့ လုံလောက်တယ်။ မင်း သေသွားရင် မင်းရဲ့ စစ်တပ်လည်း ပြီးသွားပြီ။ ငါ အနောက်တောင်ဒေသကို ရှင်းလင်းတာကို ဘယ်သူမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး။ ဧကရာဇ်လည်း ပြီးသွားပြီ”

တုပိုင်က ပြောလိုက်သည်။ “ကြည့်ကြတာပေါ့... ငါဆိုတဲ့ တုပိုင်က ကံတရားရဲ့ အရှင်သခင်က အတုအယောင် ဟုတ်မဟုတ် ဆိုတာ”

“ကောင်းပြီလေ” လီရူဟိုင်က ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်သည်။ “လေးယောက်မြောက်... လာခဲ့”

“လီးပဲ...” တုပိုင်သည် ပျက်စီးခြင်းမြှားတံကို ထုတ်ယူလိုက်ပြီး ၊ အပေါ်ရှိ အမှောင်ဒြပ်စင်ပါသော ဖန်ပြွန်ကို ဖြုတ်လိုက်ကာ ၊ အဖုံးကို ဖွင့်လိုက်လေသည်။

ရုတ်တရက် အမှောင်ဒြပ်စင်၏ ထူးဆန်းသော စွမ်းအင်များ ခန်းမဆောင်ကြီး တစ်ခုလုံး လွှမ်းခြုံသွားသည်။

အသက်ရှူကျပ်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“တုပိုင်... မင်းက အတုအယောင်လား ဆိုတာ အခု သိရတော့မှာပါ” တုပိုင်က ကိုယ့်ဘာသာသာကိုယ် ပြောလိုက်သည်။

ထို့နောက် သူသည် ဖန်ပြွန်ထဲမှ အမှောင်ဒြပ်စင် တစ်မီလီလီတာကို သောက်လိုက်သည်။

ကျီယင်ယင် သောက်ဖူးသည်။ ယခု တုပိုင်လည်း သောက်လိုက်၏။ ကျီယင်ယင်မှလွဲ၍ အမှောင်ဒြပ်စင်ကို သောက်ခဲ့သော သူအားလုံးသည် အလောင်းပင် ရှာမရအောင် သေဆုံးခဲ့ကြရသည်။

နောက်ဆက်တွဲ ဖြစ်လာမည့် အရာအားလုံးကို ကံတရားကိုသာ ပုံအပ်လိုက်ရတော့မည်။

ခဏချင်းမှာပင် တုပိုင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကျုံ့ဝင်သွားသည်။ သူ၏တစ်ကိုယ်လုံးသည် ချက်ချင်းပင် အရိုးစုသဏ္ဌာန် ဖြစ်သွားသကဲ့သို့ပင်။

ထို့နောက်...

“ဘုန်းးးးး”

ယှဉ်ပြိုင်ဖက်ကင်းသော စွမ်းအားကြီးမားသည့် အမှောင်စွမ်းအင်တစ်ခု သူ့တစ်ကိုယ်လုံးမှ ပေါက်ကွဲထွက်လာသည်။ တုပိုင်၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။ တစ်ကိုယ်လုံးကို ကြောက်မက်ဖွယ် ကောင်းသော အမှောင်စွမ်းအင်များ လွှမ်းခြုံသွားသည်။

သူ၏ ခန္ဓာကိုယ်သည် ဆက်တိုက် ကြီးထွားလာသည်။ နှစ်မီတာ ၊ နှစ်မီတာခွဲ ၊ သုံးမီတာ... အလေးချိန် ပေါင် ၃၀၀ ၊ ပေါင် ၄၀၀ ၊ ပေါင် ၅၀၀ ၊ ပေါင် ၆၀၀... တုပိုင်သည် အမှောင်ဘုရင်တစ်ပါးအဖြစ်သို့ ပြောင်းလဲသွားလေ၏။

အသွင်​ပြောင်းသွားပြီးနောက်တွင် တုပိုင်သည် လှေကားထစ်များကို တစ်ဆင့်ချင်း တက်သွားသည်။ သူခြေလှမ်း တစ်လှမ်းလှမ်းလိုက်တိုင်း လှေကားထစ်များ ကွဲကြေသွားသည်။

လှေကားထစ်၏ အမြင့်ဆုံးနေရာ ၊ လီရူဟိုင်၏ ရှေ့သို့ ရောက်သောအခါ... တုပိုင်သည် နဂါးသတ်ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။

ပြီးနောက်တွင် လီရူဟိုင်ကို မျက်နှာမူပြီး ခုတ်ပိုင်းချလိုက်သည်။

လီရူဟိုင်သည် ဘီလူးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသော တုပိုင်ကို ကြည့်ပြီး စကားတစ်ခွန်း ပြောလိုက်သည်။

“လီးပဲကွာ”

“ဘုန်းးး”

အမှောင်ဘုရင် ဖြစ်နေသော တုပိုင်သည် ထက်မြက်သော ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

ချက်ချင်းပင် လီရူဟိုင် သေဆုံးသွားရ၏။ မျိုးဆက်တစ်ခု၏ သူရဲကောင်း ၊ ကမ္ဘာ့အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သူ လီရူဟိုင်သည် သေဆုံးသွားရလေ၏။

“မလုပ်နဲ့......”

အမျိုးသမီးတစ်ဦး ပြေးဝင်လာသည်။

သူမသည် လီရူဟိုင်၏ ဇနီးသည် ၊ မိဖုရားလီဖြစ်သည်။

မှန်သည်။ ဤအမျိုးသမီးသည် လီရူဟိုင်နှင့် မျိုးရိုးတူပြီး ၊ သူ့မိဘများ မွေးစားထားသော ညီမ ဖြစ်သည်။

သူမကို လီရူဟိုင် အယုံကြည်ရဆုံး အမျိုးသမီးဟု သတ်မှတ်ရပေမည်။ လီရူဟိုင်က တုပိုင်ကို တိုက်ခိုက်ရန် ထွက်သွားချိန်တွင် မြို့ထဲ၌ ကျန်ရစ်ခဲ့သူမှာ မိဖုရားလီ ဖြစ်သည်။

ဤအမျိုးသမီးသည် လူရှေ့သူရှေ့ ခဲယဉ်းစွာ ထွက်လေ့ရှိသော်လည်း သူမကို လီရူဟိုင်၏ အကြံပေးပုဂ္ဂိုလ်ဟု ယူဆရပေမည်။

သူမသည် မျက်နှာတစ်ဝက်ကို မျက်နှာဖုံးဖြင့် အမြဲ ဖုံးအုပ်ထားလေ့ရှိပြီး ၊ ကျန်မျက်နှာတစ်ဝက်ကတော့ အလွန် လှပသည်။

သို့သော် မျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားသော ကျန်မျက်နှာတစ်ဝက်က ဘယ်လိုပုံစံလဲ ဆိုတာကိုတော့ ပြင်ပလူ မည်သူမျှ မမြင်ဖူးကြချေ။

ယနေ့ လီရူဟိုင်က သူမကို နန်းတော်မှ ထွက်ခွာခိုင်းလိုက်သဖြင့် သူမ ထွက်ခွာသွားခဲ့ပြီး ၊ နန်းတော်တွင်း ကျန်ရှိနေသော စစ်သည် ၁ သိန်းနီးပါးကို ဦးဆောင်ကာ တုပိုင်၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်နေခဲ့သည်။

သူမသည် သိုင်းပညာဖြင့် တုပိုင်နှင့် သေရေးရှင်ရေး တိုက်ခိုက်မည့် လီရူဟိုင်၏ အစီအစဉ်ကိုလည်း လုံးဝ နာခံခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် ခင်ပွန်းသည်ကို လုံးဝ ယုံကြည်သောကြောင့် ဖြစ်သည်။ သူမ၏ ခင်ပွန်းသည် ရှုံးနိမ့်မည် မဟုတ်ဟု သူမ အခိုင်အမာ ယုံကြည်ထားသည်။

သို့သော် မကြာမီမှာပင် နန်းတော်တွင်းရှိ ယန်လုံခန်းမဆောင်ကြီးသည် ပြင်းထန်သော ငလျင်လှုပ်သကဲ့သို့ ရုတ်တရက် ပြိုကျသွားခဲ့သည်။ ထို့နောက် သူမ၏ ရင်ထဲတွင် ကြောက်မက်ဖွယ်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့် သူမသည် စစ်တပ်ကို ထားရစ်ခဲ့ပြီး နန်းတော်ထဲသို့ ပြေးဝင်လာကာ ခန်းမဆောင်ကြီးဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အလွန် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုကို အချိန်ကိုက် မြင်တွေ့လိုက်ရသည်။ တုပိုင်သည် အမှောင်ဒြပ်စင်ကို သောက်လိုက်ပြီး ၊ သူ၏ ခန္ဓာကိုယ်သည် ကြီးမားလာကာ အမှောင်ဘုရင်တစ်ပါးသဖွယ် လီရူဟိုင်ထံသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူသည် နဂါးသတ်ဓားကို ပြင်းထန်စွာ မြှောက်လိုက်ပြီး ခုတ်ပိုင်းချလိုက်သည်။ တာ့ယန်ဘုရင် လီရူဟိုင်သည် ဓားကို မြှောက်ပြီး ရူးသွပ်စွာ ပြန်လည် ခုတ်ပိုင်းလိုက်သည်။ ဓားနှစ်လက် ပြင်းထန်စွာ ထိပ်တိုက်တွေ့သွားကြသည်။

သို့သော်... ဤတစ်ကြိမ်မှာတော့ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာမြေ ဝင်တိုက်သလိုမျိုး ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီး ဖြစ်မလာခဲ့ပေ။ လီရူဟိုင်၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားသည်။

ထို့နောက် ချက်ချင်းပင် သူ့လက်ထဲမှ ဓားသည် ကွဲကြေသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း မည်သည့် ဒဏ်ရာမျှ မရှိသလို ၊ ပါးစပ် ၊ မျက်လုံး ၊ နားရွက်တို့မှလည်း သွေးထွက်ခြင်း မရှိပေ။

လုံးဝ ဘေးကင်းနေပုံ ရသည်။ သို့သော် မိဖုရားလီသည် သူမ၏ ခင်ပွန်း သေဆုံးသွားပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ သိလိုက်သည်။

ထို့ကြောင့် သူမ အော်ဟစ်လိုက်ပြီး ပြေးဝင်သွားလိုက်၏။

မိဖုရားလီသည် သူမ၏ ခင်ပွန်း လီရူဟိုင်၏ ဘေးသို့ အပြေးရောက်ရှိလာလေသည်။ နှစ်မီတာနီးပါး မြင့်မားသော ခန္ဓာကိုယ်ဖြင့် လီရူဟိုင်သည် မတ်မတ်ရပ်နေဆဲဖြစ်ပြီး အလွန် ခန့်ညားထည်ဝါနေဆဲပင်။

သူ့မျက်နှာပေါ်ရှိ အမူအရာသည်လည်း ယခင်အတိုင်းပင် ဖြစ်နေပြီး ၊ ပါးစပ်ပုံစံက “လီးပဲကွာ” ဟူသော စကားလုံးနှစ်လုံး ပြောပြီးစ အနေအထားအတိုင်း ကျန်ရစ်နေသည်။

မိဖုရားလီသည် သူ့ကို မထိရဲပေ။ ဘာလို့လဲဆိုတော့ ထိလို့ မရသောကြောင့်ပင်။

လီရူဟိုင်၏ ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သော အပ်ပေါက်ရာများ ရှိနေသကဲ့သို့ သွေးများ ပန်းထွက်လာ၏။

ထို့နောက် သူ၏ခန္ဓာကိုယ်ကြီး ပြိုလဲကျသွားလေတော့သည်။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ သွေးများ စီးကျလာပြီး ၊ ပါးစပ်ထဲမှ သွေးများသာမက အတွင်းကလီစာ အပိုင်းအစများပါ ထွက်ကျလာသည်။

သူ့ခန္ဓာကိုယ်သည် ခုနလေးတင်က အကောင်းအတိုင်း ရှိနေသော်လည်း ၊ သူ၏အတွင်းကလီစာများ အားလုံး ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။ တုပိုင်၏ ဓားချက်သည် သူ့ကို ချက်ချင်း သေဆုံးစေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံး စကားကိုတောင် ပြောဖို့ အချိန်မရလိုက်ပေ။

“အစ်ကို......”

“အာားး......”

“မဖြစ်ရဘူး... မဖြစ်ရဘူး......”

မိဖုရားလီသည် လီရူဟိုင်၏ အလောင်းကို ပွေ့ဖက်ချင်သော်လည်း မထိရဲသေးပေ။ ထိလိုက်သည်နှင့် ပြာအဖြစ်ပြောင်းလဲသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

သူမသည် ရူးသွပ်စွာ ငိုကြွေးနေမိပြီး ၊ သူမ၏ နှလုံးသားတစ်ခုလုံး လုံးဝ ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။

အတိုင်းအဆမဲ့ နာကျင်မှု ၊ အတိုင်းအဆမဲ့ အမှောင်ထုနှင့် ရူးသွပ်မှုများ ဝင်ရောက်လာသည်။ သူမသည် လီမိသားစုတွင် ကြီးပြင်းလာခဲ့ပြီး ၊ သူမ၏ ရင်းမြစ်မိဘများမှာ လီမိသားစုက ရှင်းလင်းပစ်ခဲ့သော စော်ဘွားများ ဖြစ်ကြသည်။ ထို့ကြောင့် သူမသည် ရန်သူဟု သတ်မှတ်ရပေမည်။

သို့သော် ဤအရာအားလုံး ဖြစ်ပျက်ခဲ့စဉ်က သူမသည် ကလေးအရွယ်သာ ရှိသေးပြီး ၊ ထိုစဉ်က မီးလောင်မှုကြောင့် သူမ၏ မျက်နှာတစ်ဝက် မီးလောင်ဒဏ်ရာ ရခဲ့သည်။

ထို့ကြောင့် သူမ၏ မျက်နှာတစ်ဝက်သည် နတ်သမီးကဲ့သို့ လှပသော်လည်း ၊ ကျန်တစ်ဝက်သည် သရဲတစ္ဆေကဲ့သို့ ရုပ်ဆိုးအကျည်းတန်နေလေသည်။

လီမိသားစုတွင် မွေးစားသမီးအဖြစ် နေထိုင်ရပြီး ၊ ရုပ်ဆိုးသော မျက်နှာတစ်ဝက်ကြောင့် အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော်လည်း ၊ မွေးစားအစ်ကို လီရူဟိုင်က သူမကို အမြဲ ကာကွယ်ပေးခဲ့သည်။

လီမိသားစုသည် သူမ၏ ရန်သူဖြစ်ပြီး ၊ လီမိသားစုက သူမ၏ မိသားစုကို ဖျက်ဆီးကာ မိဘများကို သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။ သူမ လက်စားချေသင့်သည်။

သို့သော် သူမတွင် လက်စားချေလိုစိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် စော်ဘွားမဟာမိတ်အဖွဲ့တွင် ကြီးပွားခြင်းနှင့် ပျက်စီးခြင်းသည် ပုံမှန် ကံတရားသာ ဖြစ်သည်။ ချေမှုန်းခံရလျှင် အလွန်အားနည်းခဲ့သောကြောင့်သာ ဖြစ်သည်ဟု အပြစ်တင်ရပေမည်။

ထို့အပြင် သူမ၏ မိသားစု ပျက်စီးသွားစဉ်က သူမသည် ကလေးအရွယ်သာ ရှိသေးပြီး ၊ အမုန်းတရားများကို စုဆောင်းထားခြင်း မရှိခဲ့ပေ။

သူမ အနည်းငယ် ကြီးပြင်းလာသောအခါ သူမသည် မိမိကိုယ်ကို အားငယ်စိတ်နှင့် နာကျင်မှုများ ခံစားနေရပြီ ဖြစ်သည်။

သို့သော် သူမမှာ လျှို့ဝှက်အချစ်တစ်ခု ရှိသည်။ သူမ၏ မွေးစားအစ်ကို လီရူဟိုင်ကို တစ်ဖက်သတ် ချစ်ကြိုက်နေခဲ့ခြင်း ဖြစ်သည်။

လီရူဟိုင်သည် အခြားသော ချမ်းသာကြွယ်ဝသည့် လူငယ်များကဲ့သို့ပင် စစ်မှန်သော ပထမအချစ် ရှိကောင်းရှိခဲ့ပေမည်။ သို့သော် ထိုအချိန်မှစ၍ သူသည် ဘေးဖယ်ထားလိုက်ပြီ ဖြစ်သည်။ သူသည် ရင်သပ်ရှုမောဖွယ် အလှပဂေးများကိုသာ တပ်မက်ပြီး ၊ ခံစားချက် သိပ်မရှိတော့ပေ။

လီရူဟိုင် အသက် ၂၈ နှစ်အရွယ်တွင် ပေမင်ဓားဂိုဏ်းမှ ထွက်ခွာလာသောအခါ သူ့မိဘများက သူ့အတွက် လက်ထပ်ပွဲ စီစဉ်ပေးခဲ့ကြသည်။

ထိုစဉ်က အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့သည် အလွန် အင်အားကြီးမားပြီး လီမိသားစုက ဒုတိယလိုက်သည်။

ထို့ကြောင့် လီရူဟိုင်၏ မိဘများက မိုမိသားစုကို ကမ်းလှမ်းခဲ့ပြီး ၊ လီရူဟိုင်နှင့် တွေ့ဆုံခဲ့သူမှာ မိုယင်ဖြစ်သည်။

ထိုစဉ်က မိုယင်သည် ခွေးအိမ်သခင်ကြီးကို သဘောကျနေခဲ့သည်။ သူမ၏ မောက်မာသော အပြုအမူသည် လီရူဟိုင်၏ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေခဲ့ပြီး ၊ သူနှင့် လီမိသားစု၏ မာနကို မြေပြင်ပေါ် နင်းချေလိုက်သကဲ့သို့ ဖြစ်စေကာ ၊ လူအများရှေ့တွင် လီရူဟိုင်ကို အရှက်ရစေခဲ့သည်။

ဤအချက်သည်ပင်လျှင် နောင်တစ်ချိန်တွင် လီမိသားစု၏ သစ္စာဖောက်မှုနှင့် မိုမိသားစု၏ ပျက်စီးခြင်းအတွက် အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်သည်။

အိမ်ပြန်ရောက်သောအခါ လီရူဟိုင်သည် ချက်ချင်းပင် ကိုယ်တိုင် ဆုံးဖြတ်ချက်ချလိုက်ပြီး ၊ သူ့ကို ကြာရှည်စွာ တစ်ဖက်သတ် ချစ်ကြိုက်နေခဲ့သည့် ၊ သူ အကြာကြီး ကာကွယ်ပေးခဲ့သည့် မွေးစားညီမ လီဟွမ်ကို လက်ထပ်လိုက်လေသည်။

မှန်သည်။ သူသည် မွေးစားညီမ လီဟွမ်အပေါ်တွင် မောင်နှမသံယောဇဉ်သာ ရှိပြီး ၊ သံယောဇဉ် အချစ်မေတ္တာ မရှိပေ။ သို့သော် သူသည် အခြားမိန်းမများကိုလည်း ထိုမျှလောက်ပင် သဘောမထားပေ။ ‘လီဟွမ်၏ မျက်နှာတစ်ဝက်က သရဲတစ္ဆေလို ရုပ်ဆိုးနေတယ် ဆိုတော့ရော ဘာဖြစ်သလဲ။ ဘယ်လို အလှပဂေးမျိုးနဲ့ လီရူဟိုင် မအိပ်ဖူးတာ ရှိလို့လဲ။ အကုန် မြင်ဖူးနေကျပဲ။’

ဇာတ်လမ်း အတော်များများတွင် လီဟွမ်သည် ငြင်းပယ်သင့်သည်။

ဝတ္ထုထဲက မိန်းမအများစုက ဤကဲ့သို့ပင်။ “ရှင် ကျွန်မကို လုံးဝ မချစ်ဘူး။ ကျွန်မကို သနားလို့ လက်ထပ်တာ” ဆိုပြီး ငြင်းလေ့ရှိကြသည်။

သို့သော် လီဟွမ်ကတော့ မငြင်းခဲ့ပေ။ သူမသည် လီရူဟိုင်နှင့် ပျော်ရွှင်စွာ လက်ထပ်ခဲ့သည်။

ယောက်ျားတွေက အသုံးချတတ်မှန်း သူမ ကောင်းကောင်း သိသည်။ သူတို့ဘဝတစ်လျှောက်လုံး မိန်းမများစွာကို စိတ်ဝင်စားကြလိမ့်မည်။ ဘောင်းဘီချွတ်ပေးမည့် ဘယ်မိန်းမနဲ့မဆို အိပ်ကြလိမ့်မည်။ သို့သော် ယောက်ျားတွေက သစ္စာရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က ဇနီးသည်၏ ချည်နှောင်မှုကို တစ်သက်လုံး ခံယူထားရပြီး ၊ ဇနီးသည်မှလွဲ၍ ကျန်သည့်မိန်းမအားလုံးကို သူတို့ရင်ထဲမှာ တန်ဖိုးပေါပေါသာ သတ်မှတ်ထားကြလို့ ဖြစ်၏။

လက်တွေ့သည်လည်း ထိုကဲ့သို့ပင်။ လက်ထပ်ပြီးနောက် လီဟွမ်သည် လီရူဟိုင်၏ အရင်းနှီးဆုံးနှင့် အယုံကြည်ရဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သူသည် ရင်သပ်ရှုမောဖွယ် အလှပဂေးများစွာကို ကိုယ်လုပ်တော်အဖြစ် ယူခဲ့သော်လည်း ၊ မည်သူမျှ လီဟွမ်၏ နေရာကို အစားမထိုးနိုင်ခဲ့ပေ။

လီဟွမ်အတွက် လီရူဟိုင်သည် သူမ၏ အရာအားလုံးနီးပါး ဖြစ်သည်။ ထို့အပြင် သူမရဲ့သား လီကျန့် လည်း ရှိသေး၏။

လီဝမ်ဝမ်နှင့် လီချန်ချန်တို့သည်တော့ သူမ၏ သွေးသားရင်း သမီးများ မဟုတ်ကြဘဲ ၊ အခြားသော လှပပြီး အံ့သြဖွယ်ကောင်းသည့် ဇနီးသည်တစ်ဦးမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

အမြွှာသမီးလေး မွေးဖွားပြီးပြီးချင်းမှာပဲ ထိုအမျိုးသမီး သေဆုံးသွားခဲ့သည်။ ကလေးမွေးဖွားရခက်ခဲလို့ သေဆုံးသွားသည်ဟု ပြောကြသည်။ သို့သော် မည်သို့သေဆုံးသွားသည်နည်းကို လီဟွမ် မသိသလို ၊ သိလည်း မသိချင်ပေ။

သို့သော် အခြားသော အကြောင်းပြချက်များကြောင့် လီရူဟိုင်သည် လီချန်ချန်ကို လီဟွမ်ထံ အပ်နှံပြီး ပြုစုပျိုးထောင်စေခဲ့ကာ ၊ လီဟွမ် မွေးဖွားသည်ဟု အမြဲ ပြောဆိုခဲ့ပြီး လီမိသားစု၏ သမီးအရင်းအဖြစ် သတ်မှတ်ခဲ့သည်။

ယခုတော့ လီရူဟိုင် သေဆုံးသွားပြီ။ သူမ အချစ်ဆုံး ယောက်ျား သေဆုံးသွားပြီ ဖြစ်သဖြင့် ၊ သူမ၏ နှလုံးသားသည် တကယ်ကို လုံးဝ ဟာတာတာ ဖြစ်သွားရတော့သည်။

လီရူဟိုင်၏ အလောင်း မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် ၊ သူသည် မျက်လုံးများကို အစပိုင်းတွင် ဖွင့်ထားပြီး ၊ ထို့နောက် တဖြည်းဖြည်း မှိတ်သွားရသည်။

သူသည် နောက်ဆုံးစကားကို မမှာကြားနိုင်ခဲ့သော်လည်း ၊ သေဆုံးခြင်းကိုတော့ အရှုံးမပေးခဲ့ပေ။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၃ + ၅၈၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters