← Chapters

အခန်း (၅၈၇-၅၈၈)

Vol. 59 Ch. 587-588

အခန်း (၅၈၇-၅၈၈)

Vol. 59 Ch. 587-588

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၇ + ၅၈၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

“အမှောင်ကို စွန့်ပြီး အလင်းကို ခိုဝင်ကြ... အမှောင်ကို စွန့်ပြီး အလင်းကို ခိုဝင်ကြဟေ့”

“မိန်းမစိုးဂိုဏ်းရဲ့ နောက်လိုက်ခွေးတွေကို အကုန် သတ်ပစ်ကြစမ်း”

မိုမိသားစု တပ်သားဟောင်း သောင်းချီတို့သည် ရုတ်တရက် ပြေးထွက်လာကြလေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည် တိုက်ပွဲဖြစ်တိုင်း ကစဉ့်ကလျားဖြစ်ကာ ခံစစ်စည်းကို ကျိုးပေါက်စေခဲ့သဖြင့် လီဝမ်ဟွေ့သည် သူတို့၏ လက်နက်များကိုသိမ်းယူပြီး စစ်မြေပြင်သို့ မထွက်စေဘဲ တားဆီးထားခဲ့လေသည်။

အစပိုင်းတွင် သူတို့ကို စောင့်ကြည့်ရန် အစောင့်တပ်သား ရာဂဏန်းခန့် ချထားခဲ့သော်လည်း နောက်ပိုင်းတွင် တိုက်ပွဲများ အလွန် ပြင်းထန်လာပြီး စစ်သည်အင်အား ရှားပါးလာသဖြင့် အစောင့်များကို ပြန်လည် ရုပ်သိမ်းခဲ့ရသည်။

အဓိကအချက်မှာ ဤမိုမိသားစု တပ်သားဟောင်းများသည် စစ်မြေပြင်တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော်လည်း အလွန် နာခံတတ်ပြီး အသုံးမကျသူများ ဖြစ်နေခြင်းကြောင့်ပင်။ လက်နက်ဖြုတ်ခိုင်းလျှင် ဖြုတ်သည် ၊ သံချပ်ကာ ချွတ်ခိုင်းလျှင် ချွတ်သည် ၊ လုံးဝ ခုခံခြင်း မရှိချေ။ ထို့ကြောင့် လီဝမ်ဟွေ့နှင့် မြို့စား ကျီရှီရှောင်တို့သည် သူတို့အပေါ် သတိလျော့သွားခဲ့ကြခြင်း ဖြစ်သည်။

အရေးကြီးသော အချိန်တွင် ဤလူများက ပြန်လည် တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပေ။

တုပိုင်သည် အမှားတစ်ခုကို ကြီးမားစွာ ကျူးလွန်မိခဲ့လေသည်။ ယခင်က သူ့တွင် တပ်ဖွဲ့ဝင် အလွန် နည်းပါးလွန်းသောကြောင့် မိုမိသားစု တပ်သားဟောင်းများကို အထူး အလေးပေးခဲ့မိသည်။ သူတို့သည် အတူတကွ တိုက်ပွဲဝင်ခဲ့ဖူးသော စစ်ပြန်များ ဖြစ်သည်ဟု ယူဆခဲ့သော်လည်း ဤစစ်ပြန်များသည် ဆယ်နှစ်နီးပါးခန့် ဓားပြများ ဖြစ်နေခဲ့သည်ဟူသော အချက်ကို လစ်လျူရှုခဲ့မိသည်။ သူတို့အရိုးထဲတွင် စွဲနေသော လောဘ ၊ ယုတ်မာမှုနှင့် ကောက်ကျစ်စဉ်းလဲမှုများကို ပြောင်းလဲ၍ မရနိုင်ပေ။ ဤလူစုကို ကယ်တင်၍ မရနိုင်တော့ချေ။

ပြေးထွက်လာပြီးနောက် ဤမိုမိသားစု တပ်သားဟောင်း ဓားပြများသည် မြို့ရိုးဆီသို့ ရဲဝံ့စွာ ပြေးဝင်သွားကြပြီး လီဝမ်ဟွေ့၏ စစ်တပ်ကို အနောက်ဘက်မှနေ၍ သေစေနိုင်သော တိုက်ခိုက်မှုမျိုး ပြုလုပ်ရန် ကြိုးပမ်းကြလေသည်။

ဤလူများသည် ပုံမှန်အားဖြင့် ကြွက်များကဲ့သို့ သရဲဘောကြောင်ကြသော်လည်း အခွင့်ကောင်းယူရန် ကြံစည်သည့်အခါတွင်မူ ရဲတင်းလာတတ်ကြသည်။ ထို့အပြင် ပိုင်ဆယ်မြို့တွင် မြို့စောင့်တပ် ၁ သောင်းအောက်သာ ကျန်ရှိတော့ပြီး မြို့ရိုးတစ်ဖက်စီတွင် လူ ၂ ထောင်အောက်သာ ရှိတော့သည်။ ဤထောင်ချီသော လူအုပ်စုက ပြေးတက်သွားပြီး အတွင်းအပြင် ညှပ်တိုက်လိုက်လျှင် တုပိုင်၏ စစ်တပ် အငိုက်မိသွားမည်မှာ သေချာလှသည်။

မနေ့က မိုမိသားစု တပ်သားဟောင်းများထဲမှ တစ်ဦးသည် လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် မြို့ပြင်ရှိ ရန်သူနှင့် ဆက်သွယ်ခဲ့ပြီး တုကျန့်ထံသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

တုကျန့် ပထမဆုံး တွေးမိသည်မှာ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် စစ်တပ်ကို မြို့ထဲသို့ ဝင်ရောက်စေရန် ဖြစ်သော်လည်း ချက်ချင်းပင် ထိုအကြံကို လက်လျှော့လိုက်သည်။

အဘယ်ကြောင့်ဆိုသော် မိုမိသားစု ခေါင်းဆောင်ဟောင်း မြို့ထဲမှ တွားသွားထွက်ပြေးခဲ့သော လျှို့ဝှက်လမ်းကြောင်းသည် နေရာများစွာတွင် ပြိုကျနေပြီး လူတစ်ယောက် ဝင်ထွက်ရန်ပင် ခက်ခဲနေပြီ ဖြစ်သောကြောင့်ပင်။ အကယ်၍ စစ်တပ်ကသာ ထိုလမ်းကြောင်းမှ ဝင်ရောက်လိုပါက သေချာပေါက် လမ်းကြောင်းထဲတွင် မြေမြှုပ်သင်္ဂြိုဟ်ခံရပေလိမ့်မည်။

ထို့နောက် တုကျန့်သည် မိုမိသားစု တပ်သားဟောင်းများ၏ တောင်းဆိုချက်ကို သဘောတူလိုက်လေသည်။ တုပိုင်၏ စစ်သည်တစ်ယောက်ကို သတ်နိုင်လျှင် ခေါင်းတစ်လုံးအတွက် ငွေ ၁၂ တုံး ပေးမည် ၊ ခေါင်း ၁၀ လုံး ရလျှင် အရာရှိရာထူး ပေးမည် ဟူ၍ ဖြစ်၏။

ထိုအကြောင်းပြချက်ကြောင့်ပင် မိုမိသားစု တပ်သားဟောင်း ဓားပြများသည် လီဝမ်ဟွေ့၏ စစ်တပ်ကို အနောက်မှနေ၍ တိုက်ခိုက်ရန် လုံလောက်သော သတ္တိများ ရှိလာကြခြင်း ဖြစ်ပေသည်။

ထို့အပြင် သရဲဘောကြောင်ပြီး ကာမရာဂစိတ် ပြင်းထန်သော မိုမိသားစု တပ်သားဟောင်း ရာပေါင်းများစွာသည်လည်း လူအုပ်ထဲမှ လျှို့ဝှက်ခွဲထွက်ကာ မြို့ထဲရှိ လူနေရပ်ကွက်များဆီသို့ ဦးတည်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် မီးနတ်ဘုရား စစ်တပ်၏ မိသားစုဝင် အများအပြား ရှိနေပြီး အမျိုးသမီးများလည်း ရှိကာ ထိုသူတို့၏ လက်ထဲတွင် ငွေကြေးများလည်း ရှိသောကြောင့် ဖြစ်သည်။

ယခု ပိုင်ဆယ်မြို့တွင် တိုက်ပွဲ ဖြစ်ပွားနေသဖြင့် သူတို့အနေဖြင့် လုယက်ခြင်း ၊ မီးရှို့ခြင်း ၊ အမျိုးသမီးများကို ဖျက်ဆီးခြင်းများ ပြုလုပ်နိုင်ပေသည်။

“မှတ်ထားကြ... မိန်းမတွေ ဘယ်လောက်ပဲ လှလှ ၊ ကိစ္စပြီးတာနဲ့ သတ်ပစ်ရမယ်။ အပြင်ကို ဆွဲထုတ်မလာနဲ့ဟေ့”

“တံခါးထဲ ဝင်ပြီးတာနဲ့ လက်ထပ်ယူမယ့် မိန်းမတွေကလွဲရင် ကျန်တဲ့လူ အကုန်သတ်။ လူကြီးတွေ ၊ ကလေးတွေပါ မချန်နဲ့ အကုန်သတ်ပစ်ကြ။ ပြီးရင် ငွေတွေ ပစ္စည်းတွေ လုကြမယ်”

မိုမိသားစု ဓားပြခေါင်းဆောင်ငယ်သည် အမိန့်များ ဆက်တိုက် ပေးနေသည်။ တုပိုင်၏ စစ်တပ်ထဲတွင် ရှိစဉ်က ဤလူများသည် အလိမ်မ္မာဆုံးနှင့် တက်ကြွမှု အရှိဆုံး ဖြစ်ခဲ့သော်လည်း ယခုအခါ ဖရိုဖရဲ ဖြစ်နေချိန်တွင် သစ္စာဖောက်ရန် အကြမ်းကြုတ်ဆုံး လူများ ဖြစ်လာကြသည်။

“ဟုတ်ကဲ့ပါ”

“သောက်ကျိုးနည်း... ငါတို့လူ ဘယ်နှယောက်လောက်ကို တုပိုင် သတ်ခဲ့ပြီးပြီလဲကွ”

“မိစ္ဆာနဂါးရွာမှာ တုပိုင် သတ်ခဲ့တဲ့ လူတွေက သေသင့်လို့ သေတာ။ ဒါပေမဲ့ တုပိုင် ဆိုတဲ့ သင်းကွပ်ထားတဲ့ ခွေးကောင်လေးက ငါတို့ကို မစော်ကားသင့်ဘူးကွ။ အဲဒီနေ့တုန်းက ငါတို့ မြေကြီးပေါ်မှာ ဒူးထောက်နေခဲ့ရတာ ဘယ်လောက် ကြာခဲ့လဲ... ဘယ်နှနာရီလောက် ရှိမလဲ”

“ငါ့ဖွားအေ... လမ်းဘေးခွေးလေခွေးလွင့်ကောင်လေးကများ ငါ့ရှေ့မှာ ဆရာ လာလုပ်နေတယ်။ ငါ့အထက်မှာ မျိုးဆက် ခြောက်ဆက်လောက် ရှိတယ်။ ငါ မိုမိသားစု စစ်ပွဲတွေ တိုက်တုန်းက အဲဒီကောင်လေးက အဝတ်အစားတောင် မဝတ်တတ်သေးတဲ့ ၊ ခွေးလျှာနဲ့ ယက်ခံနေရတဲ့ အရွယ်ပဲ ရှိသေးတယ်။ အခုများ ငါ့သခင် လာလုပ်ချင်နေတယ်။ ဒီသင်းကွပ်ထားတဲ့ ကောင်လေး သေချာ ကြည့်ထားလိုက်... ငါ လက်စားချေပြမယ်ကွ။ နှမြောစရာကောင်းတာက သူ့အဖေနဲ့ အမေ ဒီမှာ မရှိတာပဲ။ မဟုတ်ရင်... ဟီးဟီး”

“လူတစ်ယောက် အပြင်ထွက်လာရင် အရေးအကြီးဆုံးက မျက်နှာပဲကွ။ တုပိုင် ဆိုတဲ့ သင်းကွပ်ထားတဲ့ ခွေးကောင်လေးကြောင့် ငါတို့ အကြီးအကျယ် မျက်နှာပျက်ခဲ့ရတယ်။ လက်စားချေရမယ်... လက်စားချေရမယ်”

“ဟုတ်တယ်... လက်စားချေမယ်။ ပိုင်ဆယ်မြို့ထဲက လူတွေကို အကုန် သတ်ပစ်မယ်။ မိန်းမတွေကို အရင် မုဒိမ်းကျင့်ပြီး သတ်ပစ်မယ်”

“အကုန်သတ်... အကုန်မီးရှို့... အကုန်လုကြဟေ့”

မိုမိသားစု တပ်သားဟောင်း ဓားပြ ရာပေါင်းများစွာသည် မျက်လုံးထဲတွင် လောဘရောင်များ တောက်ပလျက် လူနေရပ်ကွက်များဆီသို့ ပြေးဝင်သွားကြလေသည်။

ပို၍ ကောက်ကျစ်စဉ်းလဲသော လူတစ်စု ၊ ရာပေါင်းများစွာသော ဓားပြဟောင်းများသည် သေမှာ ကြောက်သဖြင့် လီဝမ်ဟွေ့၏ စစ်တပ်ကို အနောက်မှ တိုက်ခိုက်ရန် မရဲကြချေ။ သူတို့သည် မိန်းမများကို ကြိုက်နှစ်သက်သော်လည်း ငွေနှင့် ရာထူးကို ပို၍ မက်မောကြသည်။

ထို့ကြောင့် သူတို့သည် နေရာတစ်ခုကို ရွေးချယ်လိုက်ကြသည်။ ထိုနေရာမှာ ဒဏ်ရာရ စစ်သည်စခန်း ဖြစ်သည်။ ထိုနေရာတွင် ဒဏ်ရာရ စစ်သည် သောင်းချီ ရှိနေသည်။

ဒဏ်ရာရနေသူများတွင် အားအင် မရှိ ၊ လက်နက် မရှိ ၊ သံချပ်ကာ မရှိပေ။ ထို့အပြင် သူတို့သည် တုပိုင်၏ စစ်သားများ ဖြစ်ကြပြီး သူတို့၏ ခေါင်းများကို ငွေနှင့် ရာထူးဖြင့် လဲလှယ်နိုင်သည်။

“သတ်... တုပိုင်ရဲ့ ဒဏ်ရာရ စစ်သားတွေကို အကုန်သတ်။ ခေါင်းတွေနဲ့ ငွေထုတ်ယူမယ်... ရာထူး ယူမယ်”

မိုမိသားစု ဓားပြဟောင်း ရာပေါင်းများစွာသည် ရူးသွပ်စွာဖြင့် ဒဏ်ရာရ စစ်သည်စခန်းဆီသို့ ပြေးဝင်သွားကြလေသည်။ ရွှမ်ချန်နယ်စားမင်း လုကျန့်သည် တကယ်ကို စိတ်အားထက်သန်နေပြီ ဖြစ်သည်။

“သတ်... သတ်... သတ်... တုပိုင်ရဲ့ မိန်းမစိုးခွေးစစ်တပ်ကို သတ်ပစ်ကြစမ်း”

မြို့ထဲတွင်လည်း အကြီးအကျယ် ပုန်ကန်မှုများ ဖြစ်ပေါ်နေပြီး မိုမိသားစု ဓားပြများက ဖရိုဖရဲ ဖြစ်အောင် လုပ်ဆောင်နေကြသည်မှာ သိသာထင်ရှားလှသည်။

ပိုင်ဆယ်မြို့ ကျဆုံးရန် တစ်နာရီပင် မလိုတော့ပေ။

ငွေတုံး ၅ သန်း။ အလွန် လှပချောမောသော မင်းသမီး ယွီကျိန်း။ နယ်စားမင်းတစ်ပါး၏ နေရာဖြစ်သော ကွမ်ရှီးပြည်နယ်၏ ထက်ဝက်။

သူ ရွှမ်ချန်နယ်စားမင်း လုကျန့်သည် သူ့ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။

သူသည် အမျိုးသားများနှင့် ကစားတတ်သော်လည်း အမျိုးသမီးများကို အချစ်ဆုံး ဖြစ်သည်။ အမျိုးသားများနှင့် ကစားခြင်းမှာ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ခြင်းသာ ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ယုန်သူငယ် က တုပိုင်နှင့် အနည်းငယ် တူသည်ဟု ကြားလိုက်ရသဖြင့်သာ ကစားမိခြင်းဖြစ်၏။

“ဖြောင်းးး ဖြောင်းးး ဖြောင်းးး”

ရေတွက်မရနိုင်သော ဝါးလှေကားများသည် မြို့ရိုးလေးဖက်လုံးတွင် ထောင်မတ်လျက် ရှိနေပြီ ဖြစ်သည်။

ဒီရေအလား ဝင်ရောက်လာသော စစ်သည် ၆ သောင်းသည် မြို့ရိုးပေါ်သို့ လွှမ်းခြုံထားလိုက်ပြီ ဖြစ်သည်။

ထို့နောက် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကြီး တစ်ဖန် စတင်လာပြန်သည်။ တုပိုင်၏ မြို့စောင့်တပ်သည် အလွန် ရဲရင့်သော်လည်း နှစ်ဖက် အင်အားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ ခြောက်ယောက်ချင်း တစ်ယောက်ချင်း ယှဉ်ရသည့် အခြေအနေ ဖြစ်နေ၏။

မိုမိသားစု ဓားပြဟောင်းများ၏ သစ္စာဖောက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် အနောက်ဘက်မှနေ၍ ဆက်တိုက် တိုက်ခိုက်နေကြသည်။

စစ်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် ပိုင်ဆယ်မြို့တစ်ခုလုံး အန္တရာယ်ကြီးစွာ ကျရောက်သွားရလေသည်။

“ဟားဟားဟားဟား”

စိတ်လှုပ်ရှားနေသော ရွှမ်ချန်နယ်စားမင်း လုကျန့်သည် ဒူးထောက်နေသော ယုန်သူငယ် ကို ကြာပွတ်ဖြင့် ရူးသွပ်စွာ ရိုက်နှက်နေလေသည်။ ထို ယုန်သူငယ် သည် အသည်းအသန် ငိုကြွေးကာ အသနားခံနေပြီး အော်ဟစ်နေသည်။

“ကျွန်တော်က တုပိုင် ပါ... ကျွန်တော်က ခွေးကုန်းကုန်း တုပိုင်ပါ... နယ်စားမင်း ခင်ဗျာ... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ”

ရွှမ်ချန်နယ်စားမင်းက ထိုစကားများကြောင့် စိတ်ကြွလာပြီး ချက်ချင်းပင် ပို၍ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

ခဏကြာသောအခါ မြို့စားတစ်ပါးကဲ့သို့ ဝတ်ဆင်ထားသော ယုန်သူငယ် သည် သွေးအလိမ်းလိမ်း ဖြစ်သွားရှာသည်။ အော်ဟစ် ငိုကြွေးသံများသည်လည်း တဖြည်းဖြည်း တိုးဝင်သွားသည်။ နောက်ဆုံးတွင် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျသွားပြီး ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားလေသည်။

“ဟားဟား... ငွေတုံး ၅ သန်းနဲ့ နယ်စားပယ်ရာ အဆင့်အတန်းက ငါ့ရဲ့ လက်ထဲကို ရောက်လာတော့မယ်”

“တုပိုင်... မင်း သေတာ စောလွန်းတယ်။ ငါ့ ယုန်သူငယ်လေးတောင် ရိုက်ရင်း သေသွားပြီ။ မင်းသာ မသေဘဲ ရှိနေရင် သိပ်ကောင်းမှာ။ သူ့နေရာမှာ အစားထိုးပြီး ငါ့ရဲ့ ယုန်သူငယ် လုပ်ခိုင်းလို့ ရတာပေါ့။ ငါ မင်းကို သေချာပေါက် နှိပ်စက်ပြီး သတ်ပေးမှာ”

“ဖန်ကျွင်း... တုပိုင် သေပြီ။ ပိုင်ဆယ်မြို့ ကျပြီ။ မင်း သေဖို့ သွားလို့ရပြီ”

ထိုအချိန်၌ပင် မြေပြင်ကြီး စတင် တုန်ခါလာ၏။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

တစ်ချိန်တည်းတွင် မြေပြင်ပေါ်တွင် အနက်ရောင် အစက်အပြောက် အချို့ ပေါ်လာသည်။ ထို့နောက် အနက်ရောင် အစက်အပြောက်များ ပိုများလာသည်။ ပို၍ များလာပြီး နောက်ဆုံးတွင် ဒီရေအလား လှိမ့်ဝင်လာကြလေ၏။

ထိုသည်က မြင်းတပ် ဖြစ်သည်။ ဧရာမ ဝံပုလွေတပ်သား ၃၀၀ ၊ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ မြင်းတပ် ၄၀၀၀ ၊ လီကျန့် ဦးဆောင်သော မိုမိသားစု လက်ရွေးစင်မြင်းတပ် ၃၀၀၀ တို့ဖြစ်၏။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ဤမြင်းတပ် ၇၀၀၀ သည် ဖျက်ဆီးခြင်း အရှိန်အဝါဖြင့် ရှေ့သို့ တိုးဝင်လာကြကုန်၏။ ရွှမ်ချန်နယ်စားမင်း လုကျန့် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရုတ်တရက် သူ လုံးဝ ကြောင်အသွားရသည်။

“ဒါ ဘယ်သူ့ မြင်းတပ်လဲ”

မြင်းတပ် ၇၀၀၀ ၏ မြေပြင်ပေါ်မှ အရှိန်အဟုန်သည် စစ်သည် ၃ ၊ ၄ သောင်း၏ အရှိန်အဟုန်ကို ကျော်လွန်နေသည်။

“အလံကို ကြည့်လိုက်စမ်း”

တာ့နင်အင်ပါယာ အလံတော် ၊ အနောက်ပိုင်းနယ်စားအလံတော် နှင့် လီမိသားစု အလံတော်။

“တုပိုင်ရဲ့ အလံနဲ့ လီမိသားစု အလံက ဘယ်လိုလုပ် အတူတူ ရောနေရတာလဲ”

“ဒါ... ဒါ... တုပိုင် မသေသေးဘူးလား”

ရွှမ်ချန်နယ်စားမင်း၏ ဦးခေါင်းတစ်ခုလုံး ထုံကျင်သွားပြီး လက်များနှင့် ခြေများ အေးစက်သွားလေသည်။

အချိန်အတော်ကြာမှ သူ အော်ဟစ်လိုက်နိုင်သည်။ “တပ်စီကြ... တပ်စီကြ... ရန်သူကို တိုက်မယ်... ရန်သူကို တိုက်မယ်ဟေ့”

ရုတ်တရက် မြို့ရိုးပေါ်သို့ တက်ရန် အချိန်မရလိုက်သော စစ်သည်များသည် ကမန်းကတန်း စုရုံးလိုက်ကြသည်။

ဖန်းအုပ်စုသည် ပင်လယ်ရပ်ခြားအင်ပါယာမှ စစ်တပ် ၊ တိတိကျကျ ပြောရလျှင် အရှေ့ဘက် ပြည်ထောင်စုမှ စစ်တပ် ဖြစ်ပြီး လုံးဝ လက်ရွေးစင်များ ဖြစ်ကြသည်။

ဤမြင်းတပ်ကြီး ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့သည် အချိန်တိုအတွင်း ခံစစ်ပုံစံ ချက်ချင်း ဖွဲ့စည်းလိုက်ကြသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ရေတွက်မရနိုင်သော ဒိုင်းကာကြီးများက ဒိုင်းကာနံရံတစ်ခု ဖွဲ့စည်းလိုက်ကြသည်။ ရေတွက်မရနိုင်သော လှံရှည်များက ဒိုင်းကာများကြားမှ ထိုးထွက်လာပြီး သံပုံးဖြူကောင်ကဲ့သို့ ခံစစ်စည်း ဖွဲ့စည်းလိုက်ကြသည်။

“ပြီးပြီ... ပြီးပြီ” ရွှမ်ချန်နယ်စားမင်း လုကျန့် မြင်းပေါ်တက်ပြီး ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

သူ့လက်အောက်ရှိ စစ်တပ်မှာ ထိုမျှ ထက်မြက်ခြင်း မရှိသလို ထိတ်လန့်တကြားဖြင့် တပ်ဖွဲ့များ ကွဲပြားနေသည်။

ထို့အပြင် အလျင်လိုနေသဖြင့် သူတို့ သေစေနိုင်သော အမှားတစ်ခု ပြုလုပ်မိလိုက်ကြသည်။

အရှေ့ဘက် ပြည်ထောင်စုမှ ဖန်းအုပ်စု စစ်တပ်သည် အလွန် လက်ရွေးစင် ဖြစ်သော်လည်း ရှေ့တန်းတွင် မရှိဘဲ နောက်တန်းတွင် ရောက်နေသည်။

ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်သည် ၂ သောင်းကျော်မှာ ထိုမျှ လက်ရွေးစင် မဟုတ်သော်လည်း ရှေ့တန်းတွင် ရောက်နေသည်။

“သတ်...” ဖူဟုန်ပင်း ဓားကို ဆွဲထုတ်ပြီး ရူးသွပ်စွာ ဝင်တိုက်လိုက်သည်။

“သတ်...” လီမိသားစု သခင်သစ် လီကျန့်သည်လည်း ဓားကို ဆွဲထုတ်ပြီး သူ့လက်အောက်ရှိ သိုင်းသမားများကို ဦးဆောင်ကာ ပို၍ ရူးသွပ်စွာ ၊ မြင်းအင်အားကိုပင် မငဲ့ညှာဘဲ ဝင်တိုက်လိုက်သည်။

ဤသည်က လီမိသားစု၏ ရှင်သန်ရပ်တည်ရေး ဒဿနပင်ဖြစ်၏။ သခင်သစ်ထံ ခိုလှုံပြီးသည်နှင့် သူတို့သည် သခင်သစ်၏ အားအကိုးရဆုံး ၊ အကြမ်းကြုတ်ဆုံး သစ္စာရှိ ခွေး ဖြစ်လာရမည်။ မည်သည့်အချိန်တွင်မဆို သူတို့၏ တန်ဖိုးကို ရူးသွပ်စွာ ပြသရမည်။

ထို့ကြောင့် ဤပထမဆုံး တိုက်ပွဲတွင် သူ့စစ်တပ်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များလောက် မထူးချွန်သော်လည်း ပြောင်မြောက်သော ရလဒ်ကို ရယူရမည်။

ထို့ကြောင့် သခင်ကြီးတုပိုင် ဝင်မတိုက်ရသေးခင်မှာပင် ဖူဟုန်ပင်းနှင့် လီကျန့်တို့သည် ရူးသွပ်လုနီးပါး ဝင်တိုက်နေကြပြီ ဖြစ်သည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

နောက်ထပ် တစ်ကြိမ် ၊ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာမြေ တိုက်မိသကဲ့သို့ပင်။ ရွှမ်ချန်နယ်စားမင်း၏ စစ်သည် ၂ သောင်းကျော် ကမန်းကတန်း ဖွဲ့စည်းထားသော ခံစစ်စည်းသည် သဲသောင်ပြင်ပေါ်မှ ရဲတိုက်တစ်ခုလို ချက်ချင်းပင် ပျက်စီးသွားရလေသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

ရေတွက်မရနိုင်သော ရန်သူစစ်သည်များသည် တိုက်ရိုက် လွင့်စင်ထွက်သွားကြပြီး အရိုးများနှင့် ကြွက်သားများ ကြေမွကာ သွေးများ အန်ထွက်၍ သေဆုံးသွားကြသည်။

ထို့နောက် တုပိုင်၏ မြင်းတပ် ၇၀၀၀ သည် ရန်သူစစ်သည်များအား ဝင်ရောက်တိုက်ခိုက် ၊ နင်းချေပြီး ရူးသွပ်စွာ ချေမှုန်းပစ်လိုက်ကြလေသည်။

ပြိုင်ဘက်ကင်းခြင်း။

အရှေ့ဘက် ပြည်ထောင်စုမှ စစ်တပ်သည် အလွန် လက်ရွေးစင် ဖြစ်ပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များပြီးလျှင် ဒုတိယလိုက်ကာ တုပိုင်၏ မီးနတ်ဘုရားဂိုဏ်းမှ ပင်မစစ်သည်များနှင့် ယှဉ်နိုင်စွမ်း ရှိသည်။

သို့သော် နောက်ထပ်တစ်ကြိမ် ဝက်ကဲ့သို့ အသုံးမကျသော မိတ်ဆွေများကြောင့် ဒုက္ခရောက်ရပြန်သည်။

ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်တပ်သည် တုပိုင်၏ မြင်းတပ် ဝင်တိုက်မှုအောက်တွင် လျင်မြန်စွာ ပြိုကွဲသွားရ၏။ စစ်သည် ၁ သောင်းကျော် ရူးသွပ်စွာ ထွက်ပြေးကြသဖြင့် ဖန်းအုပ်စု၏ လက်ရွေးစင် တပ်ဖွဲ့များကို နောက်ထပ်တစ်ကြိမ် လူစုကွဲစေပြန်သည်။

ဤလက်ရွေးစင်အဖွဲ့သည်လည်း ကြမ်းကြုတ်ကြသဖြင့် ရွှမ်ချန်နယ်စားမင်း၏ စစ်ရှုံးများကို တိုက်ရိုက် ခုတ်ပိုင်းသတ်ဖြတ်ပစ်လိုက်ကြသည်။

ထို့နောက် ချက်ချင်းပင် တုပိုင်၏ မြင်းတပ် ၇၀၀၀ သည် စစ်သည် ၂ သောင်းရှိသော ခံစစ်စည်းဆီသို့ ဝင်တိုက်ပြီး ချေမှုန်းလိုက်ကြ၏။ ဖန်းမိသားစု၏ စစ်တပ်သည် တကယ်ပင် လက်ရွေးစင်များ ဖြစ်ကြသည်။

တုပိုင်၏ မြင်းတပ် ၇၀၀၀ သည် ပုံမှန်ကဲ့သို့ တိုက်ရိုက် သတ်ဖြတ်ချေမှုန်း၍ မရသလို ၊ ရန်သူတပ်ဖွဲ့ တစ်ခုလုံးကို ဖောက်ထွက်ပြီး အဆုံးထိ ပြေးဝင်သွား၍လည်း မရနိုင်ပေ။

လမ်းတစ်ဝက်တွင်ပင် အရှင်လတ်လတ် တားဆီးခံလိုက်ရသည်။ ဖန်းမိသားစု၏ စစ်သည် ၂ သောင်းသည် ကြီးမားသော ထိခိုက်သေဆုံးမှုများ ပေးဆပ်ကာ တုပိုင် မြင်းတပ်၏ အရှိန်အဟုန်ကို ထိန်းထားလိုက်နိုင်သည်။

ထို့နောက် နှစ်ဖက်စလုံးသည် ပြင်းထန်ပြီး ကြမ်းကြုတ်သော တိုက်ပွဲကို စတင်လိုက်ကြလေသည်။

“သတ်... သတ်... သတ်... သတ်...” ဖူဟုန်ပင်းက သူမ၏ ဓားကို ရူးသွပ်စွာ ခုတ်ပိုင်းနေလေ၏။

သူမ ရောက်လေရာ နေရာတိုင်းတွင် အလောင်းများဖြင့် ပြန့်ကျဲနေ၏။ လီကျန့်၏ ဘယ်ဘက်တွင် လီတောက်အန်း ၊ ညာဘက်တွင် လီလင်းယွီ နှင့် သူ့အနောက်တွင် ထောင်ချီသော လီမိသားစု၏ အတော်ဆုံးသော လက်ရွေးစင် သိုင်းသမားစစ်သည်များ ရှိနေသည်။

တာ့ယန်တိုင်းပြည်၏ ယခင် အိမ်ရှေ့စံမင်းသားသည် အမြဲတမ်း အန္တရာယ်အများဆုံးနေရာသို့ ပြေးဝင်ပြီး ရူးသွပ်စွာ တိုက်ခိုက်နေလျက်ရှိ၏။ သူ့တွင် ယုံကြည်ချက် တစ်ခုသာ ရှိသည်။ သူ၏ စစ်ပွဲရလဒ်သည် ဖူဟုန်ပင်းထက် မနိမ့်ကျစေရန်ပင်။

ယခင်က ယူနန်နှင့် ကွေ့ကျိုး ပြည်နယ်များကို တိုက်ခိုက်စဉ်က လီကျန့်သည် အိမ်ရှေ့စံမင်းသား ဖြစ်သော်လည်း ကိုယ်တိုင် ဝင်မတိုက်ခဲ့ပေ။ လီရူဟိုင်က မင်းညီမင်းသား စစ်သည် ၃ သိန်းကို ဦးဆောင်ပြီး တုပိုင်ကို တိုက်ခိုက်စဉ်ကလည်း လီကျန့်သည် အိမ်ရှေ့စံမင်းသား အနေဖြင့်သာ လိုက်ပါခဲ့သည်။

သို့သော် ယခု လီကျန့်သည် အရဲရင့်ဆုံး စစ်သည်တစ်ဦး အဖြစ်သို့ အသွင်ပြောင်းသွားရသည်။ သူ၏ သိုင်းပညာသည် လီရူဟိုင်လောက် မကောင်းသော်လည်း စစ်မြေပြင်တွင် သူ့အရှိန်အဝါနှင့် တိုက်ခိုက်နိုင်စွမ်းသည် လီရူဟိုင်ထက်ပင် ပို၍ အားကောင်းနေသေးသည်။

တုပိုင်၏ မြင်းတပ် ၇၀၀၀ နှင့် ဖန်းမိသားစု၏ ၁ သောင်းကျော်သော လက်ရွေးစင် စစ်တပ်တို့သည် ရူးသွပ်စွာ ၊ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ရွှမ်ချန်နယ်စားမင်း လုကျန့်၏ စစ်တပ်သည် ဆက်လက် ကွဲပြားနေဆဲပင်။

မကြာမီ အဝေးတစ်နေရာ ၊ မိုးကုပ်စက်ဝိုင်းပေါ်တွင် ရေတွက်မရနိုင်သော အနက်ရောင် အစက်အပြောက်များ ထပ်မံ ပေါ်ထွက်လာသည်။ တုပိုင်သည် တာ့လုံခံတပ် စစ်မြေပြင်မှ စစ်သည် ၂ သောင်းကျော်နှင့်အတူ ရောက်ရှိလာခြင်း ဖြစ်လေ၏။

“သခင်ကြီးအတွက်...”

“ကြီးမြတ်သော မြို့စားမင်းအတွက်...”

“သတ်... သတ်... သတ်ကြဟေ့”

လက်ရွေးစင် စစ်သည် ၂ သောင်းကျော်သည် စစ်မြေပြင်သို့ ပြေးဝင်လာကြလေ၏။

ပိုင်ဆယ်မြို့ အတွင်း၌ ကာမရာဂစိတ်ပြင်းထန် ၊ လောဘကြီးပြီး သရဲဘောကြောင်သော ဓားပြများသည် အများစု ဖြစ်ကြသဖြင့် လူနေရပ်ကွက်များသို့ ပြေးဝင်ရန် စုရုံးနေသော မိုမိသားစု ဓားပြများသည် ပို၍ ပို၍ များပြားလာသည်။

နောက်ဆုံးတွင် လူ ၂ ထောင် ၃ ထောင်ခန့်အထိ ရောက်လာသည်။ မည်သို့ပင်ဖြစ်စေ ပိုင်ဆယ်မြို့တွင် သောင်းချီသော အရပ်သား မိသားစုများ ရှိပြီး အိမ်တိုင်းတွင် ငွေနှင့် မိန်းမ ရှိသည်။ မိန်းမ မရရှိမည်ကို မပူပန်ရသော်လည်း ငွေကြေးမှာမူ နည်းပါးလိမ့်မည်။

“ငွေတွေ လုကြ... မိန်းမတွေ လုကြ”

မိုမိသားစု ဓားပြ ၂ ထောင် ၃ ထောင်ခန့် လူနေရပ်ကွက်များသို့ ရောက်သွားသောအခါ ထိုနေရာကို အလေးအနက် ပြင်ဆင်ထားကြောင်း တွေ့လိုက်ရသည်။ သစ်တုံးပုံများ ၊ သဲအိတ်များ ၊ လှည်းများ စသည်တို့ကို အခြေခံ အကျဆုံး ခံစစ်စည်းအဖြစ် ပြုလုပ်ထားသည်။

ဤနေရာတွင် လူဦးရေ သောင်းချီသော အိမ်ထောင်စု ၁ သောင်းကျော် ၊ လယ်သမားအိုကြီးများနှင့် သာမန် ကျေးလက်အမျိုးသမီးများရှိ၏။ ဤလူများသည် တုပိုင်ကြောင့် အကျိုးအမြတ် အများဆုံး ရရှိထားသူများ ဖြစ်ကြပြီး လီဝမ်ဟွေ့နှင့် သံယောဇဉ် အနက်ရှိုင်းဆုံး ရှိသူများလည်း ဖြစ်ကြသည်။

လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲပြီးတိုင်း လီဝမ်ဟွေ့သည် လူများကို ခေါ်ကာ ရပ်ကွက်များထဲသို့ ဝင်ရောက်ပြီး တုပိုင်၏ အောင်ပွဲများကို ဆက်လက် ဟောပြောခဲ့သည်။

မြို့စားမင်းတုပိုင်သည် ပုံမှန် အောင်ပွဲခံနေကြောင်း ၊ လီမိသားစု သူပုန်များသည် ပုံမှန် ဆုတ်ခွာနေရကြောင်း မိသားစုဝင်များ အားလုံးကို ပြောပြခဲ့သည်။

မကြာမီ မြို့စားမင်းတုပိုင်၏ စစ်တပ်သည် ပိုင်ဆယ်မြို့သို့ ပြန်ရောက်လာပြီး ဝိုင်းရံထားသော ရန်သူစစ်တပ်ကို အပြတ် ရှင်းလင်းပစ်လိမ့်မည် ဖြစ်ကြောင်း ပြောပြခဲ့သည်။

ထို့အပြင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ အရပ်ဘက်အရာရှိများသည် ဤရပ်ကွက်များရှိ လယ်သမားများနှင့် အမျိုးသမီးများကို စုစည်းကာ မိမိကိုယ်မိမိ ကာကွယ်ရန် အရိုးရှင်းဆုံး ခံစစ်စည်းများ တည်ဆောက်စေခဲ့သည်။ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း အမျိုးသား ထောင်ပေါင်းများစွာသည် ပေါက်ပြားများနှင့် ဓားမများကို ကိုင်ဆောင်ထားကြပြီး ကျေးလက်အမျိုးသမီး ထောင်ပေါင်းများစွာသည် ထမ်းပိုးတုတ်များကို ကိုင်ဆောင်ထားကြသည်။

လမ်းဆုံတိုင်းတွင် ကျောက်တုံးပုံများ ၊ သစ်တုံးပုံများဖြင့် ပိတ်ဆို့ထားပြီး လမ်းဆုံတိုင်းတွင် လူများ စောင့်ကြပ်နေကြသည်။

အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ချန်ဖိန် သည် လမ်းထိပ်တွင် ရှိနေပြီး သူ့ဘေးတွင် လယ်သမားများနှင့် အမျိုးသမီး ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်များ ဝန်းရံထားသည်။

မိုမိသားစု ဓားပြ ၂ ထောင် ၃ ထောင်ခန့် ပြေးဝင်လာသည်ကို မြင်သောအခါ ချန်ဖိန်က တင်းမာစွာ ပြောလိုက်သည်။ “မင်းတို့ သေချင်နေတာလား... ပုန်ကန်ချင်တာလားကွ”

မိုမိသားစု ဓားပြခေါင်းဆောင်က ပြုံးစစဖြင့် ပြောလိုက်သည်။ “ဘာတွေ ဟန်ဆောင်နေတာလဲ။ တုပိုင် သေပြီ။ ပိုင်ဆယ်မြို့လည်း ကျတော့မယ်။ မင်းတို့လို သာမန်ပြည်သူတွေက ငါတို့ကို တားချင်တာလား။ တက်ကြစမ်း... သူတို့ကို အကုန်သတ် ၊ အကုန်မီးရှို့ ၊ အကုန်လု ၊ မိန်းမတွေကို အဝတ်ဆွဲချွတ်ပြီး ဖျက်ဆီးပစ်ကြစမ်း”

ထို့နောက် ဓားပြ ၂ ထောင် ၃ ထောင်ခန့်သည် ရူးသွပ်စွာ ပြေးဝင်လာကြလေသည်။

“အိမ်ကို ကာကွယ်ကြ... ကလေးတွေကို ကာကွယ်ကြ... အမျိုးသမီးတွေကို ကာကွယ်ကြဟေ့” ချန်ဖိန် အော်ဟစ်လိုက်သည်။

ရုတ်တရက် လယ်သမား ထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်များသည် ပေါက်ပြားများကို ဝှေ့ယမ်းကာ မိုမိသားစု သူပုန်များနှင့် တိုက်ခိုက်ကြလေသည်။

သို့သော် လယ်သမားသည် လယ်သမားသာ ဖြစ်သည်။ မိုမိသားစု ဓားပြဟောင်းများသည် တုပိုင်၏ လက်ရွေးစင် စစ်တပ်နှင့် ရင်ဆိုင်ရလျှင် လေလည်ရုံမျှပင် မရဲကြသော်လည်း သာမန် လယ်သမားများနှင့် ရင်ဆိုင်ရာတွင်မူ တကယ်ကို ရက်စက်ကြမ်းကြုတ်ကြသည်။

အချိန်တိုအတွင်းမှာပင် သတ်ဖြတ်ခြင်းက သွေးဆာစရာ ဖြစ်လာပြီး လူပေါင်း ဆယ်ချီ ရာချီ ခေါင်းဖြတ်ခံလိုက်ရသည်။

ချက်ချင်းပင် ဤပြည်သူ့စစ်များဖြင့် ဖွဲ့စည်းထားသော ခံစစ်စည်း ကွဲပြားသွားပြီး သူတို့သည် လူနေရပ်ကွက်များထဲသို့ ဝင်ရောက်ကာ လူသတ် ၊ မုဒိမ်းကျင့် ၊ လုယက်ခြင်းများ ပြုလုပ်တော့မည် ဖြစ်သည်။

ထိုအချိန်၌ပင် လမ်းမပေါ်တွင် ညီညာသော ခြေသံများ ထွက်ပေါ်လာသည်။

“ဘုန်းးး ဘုန်းးး ဘုန်းးး”

“ဓားပြတွေ အကုန်လုံး လက်နက်ချစမ်း... မချရင် သတ်ပစ်မယ်”

ထို့နောက် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည် ရာပေါင်းများစွာ ပြေးထွက်လာကြသည်။

ကြည့်လိုက်လျှင် ခံ့ညားထည်ဝါနေသော်လည်း အနီးကပ် သေချာကြည့်လိုက်လျှင် သူတို့ တုန်ရီနေပြီး ယိုင်နဲ့နေသည်ကို တွေ့ရပေလိမ့်မည်။

ဤစစ်သည်များက ဒဏ်ရာရ စစ်သည်တော်များပင်ဖြစ်၏။ မိုမိသားစု ဓားပြဟောင်း တစ်စုသည် ဒဏ်ရာရ စစ်သည်စခန်းသို့ သွားပြီး သတ်ဖြတ်လိုကြသော်လည်း သူတို့သာ ပြန်လည်ပြီး ခေါင်းဖြတ်ခြင်းကို ခံလိုက်ရသည်။

ပိုင်ဆယ်မြို့တွင် ကျန်ရစ်ခဲ့သော အဓိက အင်အားစုမှာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အရန်သိုင်းသမားများ ဖြစ်သော်လည်း ထိုသူတို့သည် လက်ရွေးစင်နှင့် အားကောင်းသော သိုင်းသမားစစ်သည်များ ဖြစ်ကြသည်။

ဒဏ်ရာရ စစ်သည် ၁ သောင်းကျော်ထဲတွင် ဒဏ်ရာ အနည်းငယ်သာ ရထားသူ ရာဂဏန်းခန့် ရှိ၏။ သူတို့သည် ချက်ချင်းဆိုသလိုပင် ခံစစ်စည်း ဖွဲ့စည်းပြီး ဒဏ်ရာရ စစ်သည်စခန်းထဲသို့ ပြေးဝင်လာသော မိုမိသားစု ဓားပြ ရာပေါင်းများစွာကို သတ်ဖြတ်ပစ်လိုက်ကြလေ၏။

ထို့နောက် အလွန် နာကျင်နေသော ခန္ဓာကိုယ်ကို ကြိတ်မှိတ်သည်းခံကာ သံချပ်ကာ ဝတ်ဆင် ၊ လက်နက်ကိုင်ဆောင်ပြီး လူများကို ကယ်တင်ရန် လူနေရပ်ကွက်များဆီသို့ ပြေးလာကြခြင်း ဖြစ်ပေသည်။

ဤသည်က ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်မှန်သော စစ်စည်တော်များပင်ဖြစ်၏။ စစ်သည်တော်စိတ်ဓာတ် အပြည့်ရှိပြီး ဂုဏ်သိက္ခာကို အပြည့်အဝ တန်ဖိုးထားကာ ဒဏ်ရာပြင်းထန်စွာ ရထားလျှင်ပင် အရပ်သားများကို ကာကွယ်ပေးကြသည်။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ထဲတွင် အလွန် ရက်စက်ကြမ်းကြုတ်သော သားရဲဆန်းများနှင့် ရင်ဆိုင်ရလျှင်ပင် သူတို့သည် ဓားဆွဲပြီး တိုက်ခိုက်ရဲကြသူများ ဖြစ်သည်။

ထိုအချိန်၌ပင် မြို့ပြင်မှ ကမ္ဘာမြေကိုပင် တုန်ဟီးစေသည့် ကျယ်လောင်လွန်းလှသော အသံများ ထွက်ပေါ်လာသည်။

တုပိုင်၏ မြင်းတပ် ဝင်ရောက်တိုက်ခိုက်နေပြီ ဖြစ်သည်။

တစ်ချိန်တည်းတွင် နားကွဲမတတ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

“သခင်ကြီးအတွက်...”

“ကြီးမြတ်သော မဟာမြို့စားမင်းအတွက်... သတ်...”

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်ရာပေါင်းများစွာက ခက်ထန်စွာ ပြောလိုက်သည်။ “သခင်ကြီးရဲ့ စစ်တပ် ပြန်ရောက်လာပြီ... မင်းတို့ကောင်တွေအကုန်... အခုချက်ချင်း ဒူးထောက်လိုက်ကြစမ်း”

ရုတ်တရက် ထောင်ချီသော မိုမိသားစု ဓားပြဟောင်းများသည် ကြောက်လန့်တကြား တုန်လှုပ်သွားကြလေ၏။

“တုပိုင်... တုပိုင် ဆိုတဲ့ သေမင်းတမန် ၊ အဲဒီ အာဏာရှင်က မသေသေးဘူးလား။ ပြန်လာသတ်ပြီလား”

သူတို့တွေအားလုံး၏ သတ္တိများ ချက်ချင်းဆိုသလိုပင် အလုံးစုံ ပျောက်ဆုံးသွားလေပြီး မြေကြီးပေါ်တွင် ညီညာစွာ ဒူးထောက်လိုက်ကြ၏။ တစ်ယောက်မှ မလှုပ်ရဲကြတော့ပေ။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၈၇ + ၅၈၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters