အခန်း (၇၁)
Vol. 8 Ch. 71
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၇၁)
" အင်အားစုကဏ္ဍကို ဖွင့်လိုက်ပါ။ " ကျောက်ဖုန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။ ထိုကဏ္ဍက ဘာတွေလုပ်နိုင်သလဲဆိုသည်ကို သူက အလွန်သိချင်နေသည်။
အင်အားစုခေါင်းဆောင် - ကျောက်ဖုန်း
အဖွဲ့ဝင် - ၅ ယောက်
အင်အားစု၏ ပင်မကျင့်စဉ် - မရှိ ( ကျင့်စဉ်တစ်ခုကို အင်အားစု၏ ပင်မကျင့်စဉ်အဖြစ် ရွေးချယ်ပြီးလျှင် ၎င်းကို ကဏ္ဍမှတစ်ဆင့် တိုက်ရိုက်လက်ဆင့်ကမ်းပေးနိုင်သည်။ ပြင်ပသို့ ပျံ့နှံ့ခြင်းမရှိစေရန် ကန့်သတ်ချက်များ ထားရှိနိုင်ပြီး ခေါင်းဆောင်က အချိန်မရွေး ပြန်လည်ရုတ်သိမ်းနိုင်သည်။)
အဆင့် - ၁ ( အဖွဲ့ဝင် ငါးရာကျော်စုဆောင်းနိုင်လျှင် အဆင့် ၂ အင်အားစုသို့ မြှင့်တင်နိုင်မည်။)
" လက်အောက်ငယ်သားတွေရဲ့ သစ္စာရှိမှုနှုန်းကို ကြည့်ရှုနိုင်ပါတယ်။ "
" အဆင့် ၁ အင်အားစုက လက်အောက်ငယ်သားတွေကို ချီးမြှင့်ဖို့အတွက် တစ်လကို စွမ်းရည်အမှတ် ၁၀၀ကို အခမဲ့ ပေးအပ်ပါတယ်။ သစ္စာရှိမှုနှုန်း ၈၀နှင့်အထက် ရှိသူတွေကိုပဲ စွမ်းရည်အမှတ်များ ချ်ိးမြှင့်နိုင်ပါတယ်။ "
" အဆင့် ၁ အင်အားစု၏ ခေါင်းဆောင်က ကျင့်ကြံမှုအရှိန် ၁၀၀ ရာခိုင်နှုန်း မြှင့်တင်မှုကို ရရှိပါတယ်။ "
" သစ္စာရှိမှုနှုန်းကို ကြည့်မယ်။ " ကျောက်ဖုန်းက ချက်ချင်း စစ်ဆေးလိုက်သည်။
ဝေချွမ် - ၉၀
ကျန်းဟန် - ၈၅
လျိုဟွာ - ၈၁
လျူဝမ် - ၈၂
ကျွမ်းဝေ - ၈၃
" သူတို့က တကယ် ငါ့ရဲ့ ညီအကိုတွေပဲ။ သူတို့ရဲ့ သစ္စာရှိမှုက စစ်မှန်တယ်။ " ကျောက်ဖုန်းက စိတ်အေးသွားသည်။ " အဆင့် ၁ အင်အားစုမှာတောင် တစ်လကို စွမ်းရည်အမှတ် ၁၀၀ ရတာ ဒါက တကယ်အံ့ဩစရာပဲ။ "
" ငါ့အပေါ် သစ္စာရှိကြပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ငါမင်းတို့ကို ရွှေငွေတွေ ချီးမြှင့်မယ်။ မင်းတို့ မိသားစုတွေ ချမ်းသာကြွယ်ဝဖို့ ငါအာမခံတယ်။ "
သူ၏ လက်တစ်ချက် ဝှေ့ရမ်းလိုက်ရုံနှင့် အားလုံးရှေ့တွင် သေတ္တာငါးလုံးပေါ်လာပြီး သေတ္တာတစ်လုံးစီတွင် အနည်းဆုံး ရွှေစငါးဆယ်စီပါရှိသည်။
" အရှင်..." ဝေချွမ်၏ အသံက တုန်ရီနေသည်။ " အရှင်က နတ်ဘုရားတစ်ပါးလား။ ဘာမှမရှိတဲ့နေရာကနေ ပစ္စည်းတွေကို ပေါ်လာအောင် လုပ်နိုင်တာလား။ "
ကျောက်ဖုန်းက သူတို့၏ အံ့ဩမှုကို ဂရုမစိုက်ပေ။ သူက ပို၍ ဆန်းကြယ်ပြီး သန်မာလေ သူတို့က ပို၍ သစ္စာရှိလေဖြစ်လာမည်ဖြစ်သည်။
" စိတ်ဝိညာဉ်စွမ်းအားရှိတဲ့ ပစ္စည်းတွေက ကျင့်ကြံမှုကို မြန်စေတယ်ဆိုတော့ ကျောက်စိမ်းတွေရော ပါလားမသိဘူး။ " ကျောက်ဖုန်းက စဉ်းစားနေသည်။
" စိတ်ဝိညာဉ်စွမ်းအားရှိတဲ့ ပစ္စည်းတွေကို ရှာတွေ့ပါတယ်။ လက်အောက်ငယ်သားတွေရဲ့ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်ပါတယ်။ "
" ရွှေငွေတွေသာမကဘူး။ ငါမင်းတို့ကို သာမန်လူတွေထက် သာလွန်တဲ့ ခွန်အားကိုလည်း ပေးနိုင်တယ်။ " ကျောက်ဖုန်းက လေးနက်စွာပြောပြီး သူ၏ လက်ကို ဝှေ့ရမ်းကာ လူတစ်ယောက်စီကို ရုပ်ခန္ဓာအမှတ် ၂၀စီ ချီးမြှင့်လိုက်သည်။
" ငါ့ရဲ့ မြားဒဏ်ရာ... ပျောက်သွားပြီ။ " ကျန်းဟန်က သူ၏ ရင်ဘတ်ကို ကိုင်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။ သူ၏ ဒဏ်ရာက အေးမြသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ပြန်လည်ကောင်းမွန်သွားသည်ကို တွေ့လိုက်ရသည်။
" ငါလည်း အတူတူပဲ။ " လျိုဟွာက စိတ်လှုပ်ရှားစွာ ပြောလိုက်ည်။ " ငါ့ရဲ့ ဒဏ်ရာတွေလည်း ပျောက်သွားပြီ။ "
" ငါမင်းတို့ရဲ့ ခန္ဓာကိုယ်ကို နည်းနည်းမြှင့်တင်ပေးလိုက်တာပဲ။ နောက်ဆို လတိုင်း ဒီလိုမြှင့်တင်မှုတွေ ငါပေးသွားမယ်။ "
၎င်းကို ကြားသောအခါ သူတို့ငါးယောက်က ထပ်မံဒူးထောက်လိုက်ကြသည်။ " ကျွန်တော်တို့ အရှင်နောက်ကို သေတဲ့အထိ လိုက်ပါမယ်လို့ ကျိန်ဆိုပါတယ်။ "
" ဒါတင်မကသေးဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ငါမင်းတို့ကို ကျင့်စဉ်တစ်ခု သင်ပေးမယ်။ အဲ့ဒီကျင့်စဉ်နဲ့ မင်းတို့ခွန်အားကို ကိုယ်တိုင်မြှင့်တင်နိုင်တယ်။ "
" ကျင့်စဉ်တစ်ခုလား။ " သူတို့ငါးယောက်က ကျောက်ဖုန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။
" ကျုံးကျိအတွင်းအားကျင့်စဉ်ကို အင်အားစုရဲ့ ပင်မကျင့်စဉ်အဖြစ် သတ်မှတ်လိုက်။ " ကျောက်ဖုန်းက စနစ်ကို အမိန့်ပေးလိုက်သည်။
သူက ကျင့်စဉ်၏ ပထမအဆင့်ကို ထိုလူငါးယောက်ထံသို့ ပို့ပေးလိုက်သည်။ မျက်စိတ်တစ်မှိတ်အတွက်း ကျင့်စဉ်၏ လျို့ဝှက်ချက်များက သူတို့၏ မှတ်ဉာဏ်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားသည်။
" ဒါက တကယ် ကျင့်စဉ်တစ်ခုပဲ။ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် အရှင်။ " သူတို့ငါးယောက်က အလွန်စိတ်လှုပ်ရှားနေကြသည်။
" ဒီကျင့်စဉ်ကို နေ့တိုင်း ပုံမှန်ကျင့်ကြံမယ်ဆိုရင် မင်းတို့ရဲ့ ခွန်အားတွေ တိုးလာလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဒီကျင့်စဉ်ရဲ့ ပထမအဆင့်က ဟောက်ထျန်းအဆင့်ပဲ။ တကယ်လို့ မင်းတို့နားမလည်တာရှိရင် ငါ့ကို မေးလို့ရတယ်။ "
ကျုံးကျိအတွင်းအားကျင့်စဉ်က အခြေခံကျင့်စဉ်တစ်ခုသာ ဖြစ်သောကြောင့် အလွန်နက်နဲခြင်းမရှိပေ။ ၎င်းတွင် ဟောက်ထျန်းအဆင့်နှင့် ရှန်ထျန်းအဆင့်ဟူ၍ အဆင့်နှစ်ဆင့်သာ ပါရှိသည်။ ကျောက်ဖုန်း၏ နဂါးဆင်ကျမ်းက ၎င်းထက် နှစ်ဆင့်ပိုမြင့်ပေသည်။
" ဟုတ်ကဲ့ပါ အရှင်။ " သူတို့ငါးယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ခဏလမ်းညွှန်ပေးပြီးနောက် သူတို့က ထွက်ခွာသွားကြသည်။
" ငါ့အပေါ် ထားရှိတဲ့ သူတို့ရဲ့ သစ္စာရှိမှုက တော်တော်မြင့်တာပဲ။ သမိုင်းတစ်လျှောက် စစ်သူကြီးတွေက ကိုယ်ပိုင်အင်အားစုတည်ထောင်ပြီး အလွယ်တကူ ပုန်ကန်ကြတာ မထူးဆန်းပါဘူး။ "
" စစ်သည်တွေက သူတို့ရဲ့ စစ်သူကြီးတွေကိုပဲသိကြတယ်။ ဘုရင်ကို မသိကြဘူး။ " သမိုင်းတလျှောက် ဘုရင်များက သူတို့၏ စစ်သူကြီးများကို ဘာကြောင့်သံသယဝင်လဲဆိုသည်ကို ကျောက်ဖုန်းက နားလည်သွားသည်။
၎င်းမှာ စစ်တပ်က ဘုရင်ထက် စစ်သူကြီးကို ပိုသိနေသောကြောင့်ပင်ဖြစ်သည်။ ကျောက်ဖုန်းက ယခုအချိန်တွင် တပ်မမှူးအဆင့်သာ ရှိသော်လည်း လက်အောက်ငယ်သားများ၏ သစ္စာရှိမှုမှာ သူ၏ အရှိန်အဝါကို ဖော်ပြနေသည်။
" ဒီညကျင့်ကြံပြီး ငါ့ရဲ့ စွမ်းရည်အားလုံး တစ်ထောင်ကျော်သွားတော့မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။ ယခုအချိန်ထိ သူ၏ စွမ်းရည်များက ကောက်ယူခြင်းမှ အဓိကလာခြင်းဖြစ်သည်။
သူက နဂါးဆင်ကျမ်းကို ကျင့်ကြံနေသည်မှာ လဝက်ပင် မပြည့်သေးသောကြောင့် စွမ်းရည်များက အပိုဆောင်းသာဖြစ်သည်။ စွမ်းရည်အမှတ် တစ်ထောင်ပြည့်သည်နှင့် သူက နဂါးဆင်ကျမ်း၏ ပထမအဆင့်ကို အပြည့်အဝ ကျွမ်းကျင်သွားမည်ဖြစ်ပြီး သူ၏ ခွန်အားကလည်း သိသိသာသာ တိုးတက်သွားမည်ဖြစ်သည်။
ကျောက်ဖုန်းက စတင်ကျင့်ကြံလိုက်သည်မှင့် စွမ်းအားများက ကျင့်စဉ်အတိုင်း လည်ပတ်လာကြပြီး ကျင့်ကြံမှုအရှိန်က ပုံမှန်ထက် နှစ်ဆပိုမြန်နေသည်။
" ဒါက အင်အားစုခေါင်းဆောင်ဖြစ်ရခြင်းရဲ့အကျိုးကျေးဇူးပဲ။ ကျင့်ကြံမှုအရှိန်ကို ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေးတယ်။ " ကျောက်ဖုန်းက စွမ်းရည်အမှတ် တစ်ထောင်ပြည့်ရန်အတွက် ဆက်လက်၍ ကျင့်ကြံနေတော့သည်။
နောက်တစ်နေ့ အာရုံမတက်မီ ကျောက်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်းတစ်ခု လင်းလက်သွားသည်။
" ဂုဏ်ပြုပါတယ်။ စွမ်းရည်အားလုံး ၁၀၀၀မှတ် ကျော်သွားပါပြီ။ အဆင့်တစ် ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
သူ၏ စွမ်းရည်အားလုံး တစ်ထောင်ကျော်သွားချိန်တွင် နဂါးဆင်ကျမ်း၏ လည်ပတ်မှုကလည်း ရပ်တန်မသွားခဲ့ပေ။ ကျောက်ဖုန်းက သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများက လျင်မြန်စွာ စုစည်းသွားပြီး ဒန်တျန်အတွင်းသို့ ဝင်ရောက်သွားသည်ကို ခံစားလိုက်ရသည်။
စွမ်းအားအားလုံး ထိုနေရာတွင် စုစည်းသွားပြီး အစွမ်းကုန် သိပ်သည်းသွားသော်အခါ သူ၏ ဒန်တျန်အတွင်း ယခင်က မရှိခဲ့ဖူးသော စွမ်းအားသစ်တစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် နဂါးဆင်ကျမ်း၏ လမ်းညွှန်မှုအောက်တွင် ထိုစွမ်းအားသစ်က သူ၏ သွေးများတစ်လျှောက် စတင်လည်ပတ်လာသည်။
" ဒါက အစစ်အမှန်ချီလား။ " ထိုစွမ်းအားကို ခံစားမိပြီး ကျောက်ဖုန်းက အစစ်အမှန်ချီကို သတ်ရသွားသည်။
ရှန်ထျန်းအဆင့်သို့ တက်လှမ်းသွားသည့် လူတစ်ယောက်က အစစ်အမှန်ချီကို ပိုင်ဆိုင်နိုင်သည်။ သူက အရင်ဘဝတွင် ဝတ္ထုများထဲမှ ရှန်ထျန်းအစစ်အမှန်ချီအကြောင်းကို ဖတ်ဖူးခဲ့သည်။ ရှန်းထျန်းအဆင့်သို့ ရောက်ရှိမှသာ သိုင်းပညာခရီးစဉ်ကို အမှန်တကယ် စတင်ပြီဟု သတ်မှတ်နိုင်သည်။
အစစ်အမှန်ချီ ထွက်ပေါ်လာသည်နှင့် နဂါးဆင်ကျမ်းက ပိုမိုလျင်မြန်စွာ လည်ပတ်လာသည်။ ခဏကြာသောအခါ စနစ်မှ အသိပေးချက်တစ်ခု ထပ်မံထွက်ပေါ်လာသည်။
" နဂါးဆင်ကျမ်းရဲ့ ပထမအဆင့်ကို အောင်မြင်သွားပါပြီ။ စွမ်းရည်အမှတ် ၁၀၀၀ကို ရရှိပါတယ်။ "
" ငါ့ရဲ့ စွမ်းအားတွေ တိုးတက်လာပြီ။ အခု ငါက ရှန်ထျန်းအဆင့်ကို ရောက်သွားပြီး အစစ်အမှန်ချီကိုလည်း ပိုင်ဆိုင်သွားပြီ။ ဒါ့အပြင် အခြားသူတွေထက် သာလွန်တဲ့ စွမ်းရည်တွေ ရှိနေလို့ လူသောင်းချီတဲ့ စစ်တပ်ကြားမှာတောင် ဘာကိုမှမကြောက်ဘဲ ဝင်ရောက်နိုင်တယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ တွေးလိုက်သည်။
ဝမ်ကျန့်၏ ရှေ့တွင် သူပြသခဲ့သော ခွန်အားက အမှန်တကယ် ထူးကဲလှပြီး ၎င်းမှာ ကျောက်ဖုန်း၏ အရှိန်အဟုန်အပြည့် ဖြစ်သကဲ့သို့ ကြောက်လန့်စေရန်လည်း လုံလောက်ခဲ့သည်။
သို့သော် အကယ်၍ ထောင်ပေါင်းများစွာသော စစ်သည်များ ဝန်းရံပြီး တိုက်ခိုက်လာမည့် တကယ့်စစ်ပွဲတွင် ကျောက်ဖုန်းက ဖိအားကို ခံစားနေရဆဲ ဖြစ်သည်။ သူက လူများစွာကို သတ်ဖြတ်နိုင်သော်လည်း သူ၏ စွမ်းအားကုန်ဆုံးသွားသည်နှင့် သေဆုံးရန် သေချာနေပြီဖြစ်သည်။
သို့သော် ကျောက်ဖုန်း၏ စွမ်းရည်များအားလုံး ၁၀၀၀၀ ကျော်သွားလျှင် အခြေအနေက လုံးဝ ကွဲပြားသွားပေလိမ့်မည်။ ထိုအဆင့်က ရှန်ထျန်းအဆင့်ထက် များစွာ သာလွန်သွားပြီဖြစ်သည်။ ထို့အပြင် ကျောက်ဖုန်း၏ စွမ်းအားက ခွန်အားတစ်ခုတည်းမဟုတ်ဘဲ သူ၏ စုစုပေါင်းစွမ်းရည်များမှ ဆင်းသက်လာခြင်းဖြစ်သည်။
၎င်းက သူ၏ စွမ်းရည်အားလုံးကို မြှင့်တင်ထားတသာ ကြောက်စရာကောင်းသည့် အားသာချက်ဖြစ်သည်။ အခြားသူများက သူတို့၏ စွမ်းရည်အားလုံးကို ကဏ္ဍပေါင်းစုံတွင် မမြှင့်တင်နိုင်ကြပေ။
ယခုအခါ သူက အစစ်အမှန်ချီကို ပိုင်ဆိုင်သွားပြီး သိုင်းပညာများ၏ စစ်မှန်သော စွမ်းအားကိုလည်း ဖော်ထုတ်နိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူက လူသောင်းချီသော စစ်တပ်ထဲသို့ အမှန်တကယ် ဝင်ထွက်နိုင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။