အခန်း (၇၂)
Vol. 8 Ch. 72
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၇၂)
" စွမ်းရည်အမှတ် ၁၀၀၀။ ငါ့ရဲ့ ခွန်အားနဲ့ အမြန်နှုန်းက လုံလောက်နေပြီ။ ဒီအမှတ်တွေကို ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်ထဲကို ထည့်လိုက်မယ်။ ရုပ်ခန္ဓာက ခန္ဓာကိုယ်ရဲ့ ပြန်လည်ကုသနိုင်စွမ်းကို ကိုယ်စားပြုပြီး စိတ်ဝိညာဉ်က စိတ်ဝိညာဉ်စွမ်းအားရဲ့ အာရုံခံနိုင်စွမ်းကို ဆုံးဖြတ်ပေးတယ်။ "
ကျောက်ဖုန်းက ရှန်ထျန်းအဆင့်သို့ တက်လှမ်းပြီးနောက် ရရှိလာသော စွမ်းရည်အမှတ်တစ်ထောင်ကို ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ထဲတွင် ထည့်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်ချီများက ပို၍ လျင်မြန်စွာ လည်ပတ်လာသည်။ လမ်းညွှန်မှုမရှိဘဲနှင့် ၎င်းက အမြဲတမ်းလှုပ်ရှားနေပြီး အဆုံးမရှိ ပြန်လည်ဖြစ်ပေါ်နေသကဲ့သို့ ဖြစ်သည်။
ကျောက်ဖုန်းက မျက်လုံးများမှိတ်ပြီး သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သောအခါ ဟင်းလင်းပြင်ထဲတွင် အလင်းစက်လေးများ လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။
" ဒါက သဘာဝရဲ့ စိတ်ဝိညာဉ်စွမ်းအားလညး။ အများကြီးရှိနေတာပဲ။ အဲ့ဒါကို ဒီကမ္ဘာမှာ ကျင့်ကြံသူတွေ ဘာလို့မရှိတာလဲ။ " ကျောက်ဖုန်းက ထိုအလင်းစက်များကို အာရုံခံရင်း ၎င်းတို့က အလွန်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားများ ဖြစ်သည်ကို ချက်ချင်း သိလိုက်သည်။
၎င်းမှာ သူ၏ အရင်ဘဝမှ ဝတ္ထုများထဲတွင် ပါဝင်သကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားမျညး ရေအဖြစ် ပြောင်းလဲသွားသည့်အဆင့်ထိ မရောက်သော်လည်း သိသိသာသာ များပြားလှသည်။
" ဒီကမ္ဘာမှာ ကျင့်ကြံသူတွေရှိနေပြီး သာမန်လူတွေ မသိနိုင်တာလား။ သီခြားကျင့်ကြံခြင်းလောကတစ်ခု ရှိနေတာလား။ " ကျောက်ဖုန်းက ကြွယ်ဝလှသော စိတ်ဝိညာဉ်စွမ်းအားများကို ကြည့်ပြီး ဤကမ္ဘာက သူထင်သလောက် မရိုးရှင်းသည်ကို သတိပြုမိသွားသည်။
ဤကဲ့သို့ များပြားလှသော အရင်းအမြစ်များ ရှိနေလျှင် ကျင့်ကြံသူများ မရှိနိုင်ခြင်းမှာ မဖြစ်နိုင်ပေ။ သူက မူလတွင် ဤကမ္ဘာက သာမန်သမိုင်းဝင် ကမ္ဘာတစ်ခုဟု ထင်ခဲ့သော်လည်း ယခုအခါ သူနေထိုင်သော ကမ္ဘာက လူသားကမ္ဘာမျှသာ ဖြစ်နိုင်သည်ဟု ထင်မိလာသည်။ ဖြစ်နိုင်သည်မှာ အထက်ဘုံဟုခေါ်သော နေရာရှိနေနိုင်သည်။ ထိုနေရာတွင် ကျင့်ကြံသူများ ရှိနေနိုင်သည်။
" လူသားကမ္ဘာမှာလည်း သူ့မင်းဆက်မဲ့ ဥပဒေတွေရှိတယ်။ ကျင့်ကြံသူတွေကလည်း သူတို့စည်းမျဉ်းနဲ့ ဥပဒေတွေ ရှိနေမှာပဲ။ ထားလိုက်တော့။ ငါ အများကြီးတွေးနေပြီ။ တခြားကျင့်ကြံသူတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ့ကိုငါ တစ်ဆင့်ချင်း ပိုပြီးသန်မာလာအောင် လုပ်ဖို့ပဲ လိုတယ်။ "
" ဒီလောက်များတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေနဲ့ဆိုရင် ငါက အင်မော်တယ်တစ်ယောက် သေချာပေါက် ဖြစ်လာမှာပဲ။ စိတ်ဝိညာဉ်စွမ်းအားအားလုံးက ငါ့အပိုင်ဖြစ်လာလိမ့်မယ်။ " ထိုသို့တွေးလိုက်သည်နှင့် ကျောက်ဖုန်း၏ စိုးရိမ်မှုများက လျော့ကျသွားသည်။
ထို့နောက် ကျောက်ဖုန်းက သူ၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။ စွမ်းရည်များအားလုံး တစ်ထောင်ကျော်သွားပြီး ရှန်ထျန်းအဆင့်သို့ ရောက်သွားသောအခါ သူ၏ စွမ်းရည်များက မည်သည့်အဆင့်ထိ ရောက်သွားသည်ကို ကြည့်ရှုရန် စိတ်အားထက်သန်နေသည်။
နာမည် - ကျောက်ဖုန်း
အဆင့် - ရှန်ထျန်းအဆင့်
ခွန်အား - ၂၃၁၀
အမြန်နှုန်း - ၁၅၃၂
ရုပ်ခန္ဓာ - ၁၅၃၉
စိတ်ဝိညာဉ် - ၁၅၃၀
သက်တမ်း - ၁၅၅နှစ် ၁၈၀ရက်
စွမ်းဆောင်မှုရမှတ် - ၅၆၃
သိုလှောင်နေရာ - ၁၉ ကုဗမီတာ
ကျင့်စဉ် - နဂါးဆင်ကျမ်း
သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး။
" ငါ့ရဲ့ စွမ်းရည်တွေက ကောင်းကင်ကို ဆန့်ကျင်နေပြီပဲ။ " ကျောက်ဖုန်းက သူ၏ စွမ်းရည်များကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
သူ၏ အဆင့်က ရှန်ထျန်းအဆင့်သို့ ရောက်ခါစသာ ဖြစ်သော်လည်း သူ၏ ခွန်အားက အဆင့်ပေါ်တွင်သာ မူတည်နေခြင်းမဟုတ်ပေ။ သူ၏ စွမ်းရည်များကသာ သူ၏ ခွန်အားကို အမှန်တကယ် ဖော်ပြနိုင်သည်။
သူ့အတွက် ကျင့်ကြံခြင်းမှ စွမ်းရည်များတိုးလာခြင်းက စစ်မြေပြင်တွင် ကောက်ယူခြင်းထက် ပိုနှေးသော်လည်း ၎င်းက စွမ်းရည်များ တိုးတက်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ အကယ်၍ သူ့မှာ ကျင့်စဉ်မရှိခဲ့လျှင် ကျင့်ကြံခြင်းဖြင့် သန်မာလာနိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်။
" တပ်မမှူးကို သတင်းပို့ပါတယ်။ " ကျန်ဟန်က လျင်မြန်စွာ ရောက်ရှိလာသည်။ " စစ်သေနာပတိချုပ်က တပ်မမှူးကို ခေါ်နေပါတယ်။ "
ကျောက်ဖုန်းက ချက်ချင်း ထလိုက်ပြီး အပြင်ဘက်သို့ တက်ကြွစွာ လျှောက်သွားလိုက်သည်။ အပြင်ဘက်တွင် ကျန်းဟန်က ရိုသေစွာ ရပ်နေသည်။ ယမန်နေ့က အဖြစ်အပျက်များပြီးနောက် ကျန်းဟန်နှင့် ကျန်လေးယောက်တို့က ကျောက်ဖုန်းကို သစ္စာခံခဲ့ကြသဖြင့် ခေါင်းဆောင်နှင့် လက်အောက်ငယ်သားတို့၏ ဆက်ဆံမှုက ပိုမို ထင်ရှားလာခဲ့သည်။
" ဘာကိစ္စလဲဆိုတာ သူတို့ပြောသေးလား။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" တပ်မမှူး " ကျန်းဟန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ရှန်းယန်က လူတစ်ယောက် ရောက်လာတယ်လို့ သိရပါတယ်။ တပ်မမှူးအတွက် တရာဝင်ဆုလာဘ်တွေ ရောက်လာပြီထင်တယ်။ "
၎င်းကို ကြားသောအခါ ကျောက်ဖုန်း၏ မျက်နှာတွင် စိတ်ဝင်စားသော အမူအရာ ပေါ်လာသည်။
" မင်းတို့အားလုံး ငါနဲ့ လိုက်ခဲ့ကြ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ ထို့နောက် သူက တပ်ရင်းမှူးများကို ခေါ်ပြီး ပင်မစခန်းသို့ သွားလိုက်သည်။
ထိုအချိန်တွင် စခန်းအတွင်း၌ တပ်စွဲထားသော စစ်သည်တစ်သိန်းလုံးက စုဝေးရောက်ရှိနေကြသည်။ ရှေ့ဆုံရှိ စင်မြင့်ပေါ်တွင် ဝမ်ကျန့်က သူ၏ ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဘေးတွင် သူ၏ သား ဝမ်ပင်းရှိနေသည်။
" ချင်စစ်သည်တို့..." ဝမ်ကျန့်က သူ၏ ဓားကို ဆွဲထုတ်ပြီး ဟိန်းဟောက်လိုက်သည်။
" ဟေ့ ဟေ့ ဟေ့..." စစ်သည်များစွာက သူတို့၏ လက်နက်များကို မြှောက်ပြီး အော်ဟစ်လိုက်ရာ သူတို့အသံက အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။
" ကောင်းတယ်။ " ဝမ်ကျန့်က လက်တစ်ဖက်ကို မြှောက်ပြီး ငြိမ်ရန် အချက်ပြလိုက်သည်။ စစ်သည်များ၏ အော်ဟစ်သံက တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
" ဒီနေ့စစ်တပ်ကို စုစည်းတာက ရည်ရွယ်ချက်တစ်ခုရှိလို့ပဲ။ " သူက ပြောလိုက်သည်။ " ငါတို့ရဲ့ စစ်သည်တွေအားလုံးအတွက် သတင်းကောင်းတစ်ခုပါတယ်။ "
" ဟန်နိုင်ငံကျဆုံးသွားပြီး ဟန်ဘုရင်ကို ငါတို့ချင်က ဖမ်းဆီးလိုက်ပြီ။ ချင်ရဲ့ အရှေ့ဘက်ချဲ့ထွင်မယ့် လမ်းကြောင်းက ပွင့်သွားပြီ။ အရှင်မင်းကြီးက ငါတို့ လန်ထျန်းစခန်းကို ပင်မစခန်းဆီပြန်ဖို့ အမိန့်ထုတ်လိုက်ပြီ။ " ဝမ်ကျန့်က ကျယ်လောင်စွာ ပြောလိုက်သည်။
ထိုသတင်းကို ကြားသောအခါ စစ်တပ်တစ်ခုလုံးက စိတ်လှုပ်ရှားစွာဖြင့် နောက်တစ်ကြိမ် အော်ဟစ်လိုက်ကြသည်။
" ချင်နိုင်ငံ နှစ်တစ်သောင်းတည်တံ့ပါစေ။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ " စစ်သည်တိုင်းအတွက် ချင်နိုင်ငံတစ်ခုလုံးအတွက် ၎င်းက ဂုဏ်ယူထိုက်သောအချိန်အခါဖြစ်သည်။
" ဒီလိုထူးခြားတဲ့အချိန်မှာ အရှင်မင်းကြီးက ကောင်းကျိုးပြုခဲ့တဲ့သူတွေကို ဆုလာဘ်ချီးမြှင့်ဖို့ အမိန့်ထုတ်လိုက်တယ်။ အခု ဘုရင်တမန်တော်က အမိန့်တော်ကို ဖတ်ပြလိမ့်မယ်။ " ဝမ်ကျန့်က ကျယ်လာင်စွာ ကြေညာလိုက်သည်။
ထိုသို့ကြေညာလိုက်သည်နှင့် လူတစ်ယောက်က စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ တက်လာသည်။ သူက ချပ်ဝတ်ကို ဝတ်ဆင်ထားခြင်းမရှိဘဲ ချင်အရာရှိတစ်ယောက်၏ ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူက မုန့်မိသားစုမှ မုန့်ယိပင်ဖြစ်သည်။
မုန့်မိသားစုတွင် သားနှစ်ယောက်ရှိပြီး သားကြီး မုန့်ထျန်းက မြောက်ဘက်နယ်စပ်ကို ကာကွယ်နေသော စစ်သူကြီး ဖြစ်ပြီး အငယ်ဖြစ်သော မုန်ယိမှာမူ နန်းတွင်းတွင် အရာရှိအဖြစ် တာဝန်ထမ်းတောင်နေသည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော်..." မုန့်ယိက စင်ပေါ်သို့ ရောက်သည်နှင့် စတင်ကြေညာလိုက်သည်။ " လွန်ခဲ့တဲ့ ခြောက်လက ငါတို့ချင်ရဲ့ လန်ထျန်းစစ်တပ်က စစ်ချီထွက်ခဲ့တယ်။ စစ်သည်တွေက ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ပြီး ဟန်နိုင်ငံကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့ကြတယ်။"
" လန်ထျန်က စစ်သည်အားလုံးက အောင်မြင်မှုအတွက် ပါဝင်ကူညီခဲ့ကြတယ်။ ကောင်းမှုပြုခဲ့သူအားလုံးကို ဆုလာဘ်တွေ ချီးမြှင့်မယ်။ အခြားနိုင်ငံတွေရဲ့ ရန်ကနေ နယ်စပ်ကို စောင့်ကြပ်ခဲ့တဲ့ စစ်သည်တွေကလည်း ကာကွယ်ရေးကောင်းမှုကို ပြုခဲ့ကြတယ်။ ပင်မစခန်းကို ပြန်ရောက်တဲ့အခါ သူတို့ကို အသားနဲ့အရက်တွေ ဧည့်ခံပြီး အနားယူဖို့ သုံးရက်ခွင့်ပေးမယ်။ "
" စစ်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ စစ်သည်တွေကိုတော့ သူတို့ရဲ့ စွမ်းဆောင်မှုတွေအလိုက် ဆုလာဘ်တွေ ချီးမြှင့်မယ်။ နိုင်ငံတော်အတွက် တိုက်ပွဲဝင်ရင်း ဒဏ်ရာရခဲ့တဲ့သူတွေ ဒါမှမဟုတ် မသန်မစွမ်းဖြစ်ခဲ့တဲ့သူတွေကို ဒေသအစိုးရရုံးတွေကနေ စောင့်ရှောက်ပေးမှာ ဖြစ်သလို သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ပေးသွားမယ်။ "
" တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် သူတို့ရဲ့ မိသားစုတွေက တစ်နှစ်စာလစာရဲ့ သုံးဆကို ရရှိမယ်။ သူတို့ရဲ့ မိသားစုတွေကိုလည်း ဒေသအစိုးရရုံးတွေရဲ့ စောင့်ရှောက်မှုအောက်မှာ ထားရှိပေးမယ်။ "
" ဒီကျေးဇူးတရားနဲ့ ငါတို့ စစ်သည်တော်တွေကို ဂုဏ်ပြုလိုက်တယ်။ နိုင်ငံတော်က စစ်သူကြီးတွေနဲ့ စစ်သည်တွေရဲ့ ပေးဆပ်မှုတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ " မုန့်ယိက အမိန့်တော်တစ်ခုလုံးကို ကျယ်လောင်စွာ ဖတ်လိုက်ပြီး ချင်မင်းကြီး၏ ဂရုဏာတော်ကို အပြည့်အဝ ထင်ဟပ်စေခဲ့သည်။
အောက်တွင် ကျောက်ဖုန်းက ချင်ဘုရင်၏ အမိန့်တော်ကို နားထောင်ရင်း အံ့အားသင့်သွားသည်။
" ချင်နိုင်ငံရဲ့ ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် လျော်ကြေးက သိပ်မများဘူးလို့ ငါထင်ခဲ့တာ။ ဒါပေမယ့် တကယ်လျှော့တွက်မိတာပဲ။ တစ်ကမ္ဘာလုံးမှာ ချင်နိုင်ငံက စစ်သည်တွေအတွက် အကောင်းဆုံးလျော်ကြေးကို ပေးထားတာပဲ။ စစ်သည်တိုင်းအသေခံတိုက်နေကြတာ မထူးဆန်းဘူး။ သူတို့မှာ နောင်ရေးအတွက် စိုးရိမ်စရာမရှိဘူးလေ။ ဒီလို စစ်တပ်ကို အလေးထားတဲ့ နိုင်ငံမျိုးက ကမ္ဘာကြီးကို မသိမ်းပိုက်နိုင်ဘဲ နေမှာလဲ။ "
ကျောက်ဖုန်းက စစ်ထဲသို့ဝင်သည်မှာ ဆယ်လသာ ရှိသေးသည်။ ၎င်းမှာ သူက ပထမဆုံးအကြိမ် ထိုသို့လျော်ကြေးပေးမှုကို မြင်ဖူးပြီး အမှန်တကယ် နားလည်လိုက်သောကြောင့် ချင်စစ်တပ်၏ စနစ်အပေါ် ပို၍ လေးစားသွားမိသည်။