အခန်း (၇၃)
Vol. 8 Ch. 73
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၇၃)
" စစ်သေနာပတိချုပ် အမိန့်ကို လက်ခံပါ။ " မုန့်ယိက ဝမ်ကျန့်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
ဝမ်ကျန့်က လေးနက်သွားပြီး ဦးညွှတ်ကာ အမိန့်တော်ကို လက်နှစ်ဖက်နှင့် လက်ခံယူလိုက်သည်။ " ကျွန်တော်မျိုး ဝမ်ကျန့် လန်ထန်းစခန်းက စစ်သည်တွေကိုယ်စား အမိန့်တော်ကို လက်ခံပါတယ်။ "
" အရှင်မင်းကြီးက အမိန့်တော်ရောက်တဲ့နေ့မှာ စစ်သေနာပတိချုပ်က စစ်တပ်ကို ဦးဆောင်ပြီး ရှန်းယန်ကို ပြန်လာဖို့ မိန့်ကြားလိုက်ပါတယ်။ " မုန့်ယိက ပြောလိုက်သည်။
" အမိန့်တော်အတိုင်းပါ။ " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။
" ဒီခရီးမှာ ငါက အမိန့်တော်သုံးခု ယူလာခဲ့တယ်။ ပထမတစ်ခုက စစ်သေနာပတိချုပ် လက်ထဲမှာ ရှိတယ်။ ဒုတိယတစ်ခုကတော့ စစ်သူကြီး လီထန်အတွက်ပဲ။ နောက်ဆုံးတစ်ခုကတော့..." မုန့်ယိက စစ်သည်များကို ဝေ့ကြည့်ပြီး သူ၏ အသံကို မြှင့်တင်လိုက်သည်။
" ဟန်နိုင်ငံကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့တဲ့နေရာမှာ သူရဲကောင်းအဖြစ် အရှင်မင်းကြီးကိုယ်တိုင် သတ်မှတ်ထားတဲ့သူအတွက်ပါ။ တပ်မမှူးကျောက်ဖုန်း ဒီမှာရှိလား။ "
" တပ်မမှူးကျောက်ဖုန်း စင်မြင့်ပေါ်ကို တက်ခဲ့ပါ။ " ဝမ်ပင်းက ချက်ချင်း အော်ပြောလိုက်သည်။
" တပ်မမှူးအလှည့်ရောက်လာပြီ။ " ကျန်းဟန်၊ ဝေချွမ်နှင့် အခြားသူများက စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်ကြသည်။ လူအများရှေ့တွင် သူတို့က အရှင်ဟုမခေါ်ဘဲ တပ်မမှူးဟုသာ ခေါ်ဆိုကြသည်။
စစ်တပ်တစ်ခုလုံး၏ အာရုံစိုက်မှုကို ခံနေရသဖြင့် ကျောက်ဖုန်းက အနည်းငယ် တုန်လှုပ်မိသော်လည်း မျှော်လင့်ချက်များအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ သူ့အတွက်မှာ ၎င်းက စစ်တပ်များသာမက ရတနာသေတ္တာများလည်း ဖြစ်သည်။
မရေတွက်နိုင်သော အကြည့်များအောက်တွင် ကျောက်ဖုန်းက စင်မြင့်ဆီသို့ လျှောက်သွားသည်။ သူ၏ ခြေလှမ်းများက တည့်ငြိမ်နေပြီး ထိတ်လန့်သည့် အရိပ်အယောင်မရှိပေ။
" သတင်းတွေက အမှန်ပဲ။ တပ်မမှူးကျောက်ဖုန်းက တကယ်ငယ်ငယ်လေးရှိသေးတာပဲ။ "
" အမှန်ပဲ။ သူ့အသက်အရွယ်နဲ့ ဒီလိုစွမ်းဆောင်နိုင်တာ တကယ်အံ့ဩစရာပဲ။ "
" ဒီလိုစွမ်းဆောင်မှုနဲ့ဆိုရင် တပ်မမှူးကျောက်ဖုန်းက လန်ထျန်းစခန်းမှာ အစက်အငယ်ဆုံး စစ်သူကြီးဖြစ်လာမှာ သေချာသလာက်ပဲ။ "
ကျောက်ဖုန်းက စစ်မြင့်ပေါ်သို့ တစ်လှမ်းချင်း တက်သွားသည်ကို စစ်သည်များက အံ့အားသင့်စွာ ကြည့်နေကြသည်။
" ကျွန်တော် စစ်သေနာပတိချုပ်ကို အရိုအသေပေးပါတယ်။ ချင်တမန်တော်ကို အရိုအသေပေးပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်လိုက်သည်။
" ချင်ဘုရင်ရဲ့ အမိန့်တော်..." မုန့်ယိက အမိန့်တော်တစ်ခုကို ထုတ်ပြီး ပြောလိုက်သည်။ " တပ်မမှူးကျောက်ဖုန်း အမိန့်ကို နာခံပါ။ "
" အမိန့်တော်... ချင်နဲ့ ဟန်စစ်ပွဲမှာ စစ်သူကြီးနဲ့ စစ်သည်များစွာက စစ်ဆင်ရေးအတွင်း ထူးကဲသော ကောင်းမှုတွေကို ပြသခဲ့တယ်။ သတင်းပို့ချက်တွေအရ သူတို့ထဲမှာ အထင်ရှားဆုံးက ကျောက်ဖုန်းပါပဲ။ "
" သူက ထောက်ပို့တပ်ဖွဲ့က စတင်ခဲ့ပေမယ့် အခက်အခဲတွေကြားမှာ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဟန်ရဲ့ ထိပ်တန်းတပ်ဖွဲ့တွေကို ရင်ဆိုင်ခဲ့တယ်။ ကျောက်ဖုန်းကြောင်းပဲ ငါတို့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်မယ့် ပေါင်ယွမ်ရဲ့ အကြံအစည်ကိုလည်း တားဆီးနိုင်ခဲ့တယ်။ ငါဘုရင်က ဒီစွမ်းဆောင်မှုတွေကို မှတ်သားထားတယ်။ "
" ကျောက်ဖုန်းကို ရာထူးနှစ်ဆင့် တိုးမြှင့်ပြီး လက်ထောက်စစ်သူကြီးအဖြစ် ခန့်အပ်လိုက်တယ်။ စစ်သည်ငါးသောင်းကို ကွပ်ကဲပြီး ယင်ချွမ်းခရိုင်ကို ကာကွယ်ဖို့ စစ်သူကြီးကို ကူညီရမယ်။ "
" ဘွဲ့ထူးလေးဆင့် တိုးမြှင့်ပေးပြီး လက်ဝဲတော်မှူးအဖြစ် ချီးမြှင့်ပြီး တစ်နှစ်ကို ဆန်စပါး ငါရာတန်ပေးအပ်စေမယ်။ သူ့ရဲ့ ဇာတိမှာကလည်း မြေယာငါးရာမူကို ချီးမြှင့်ပြီး နှစ်နှစ် အခွန်ကင်းလွတ်ခွင့်ပေးမယ်။ မရရှိသေးတဲ့ လစာတွေကိုလည်း လက်ဝဲတော်မှူးရဲ့ လစာအတိုင်း ထုတ်ပေးမယ်။ "
အမိန့်တော်ကို ကြားရသောအခါ ကျောက်ဖုန်း၏ မျက်နှာတွင် အံ့ဩသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။
" ကျောက်ဖုန်း ကျေးဇူးတင်စကားပြောပြီး အမိန့်တော်ကို လက်မခံသေးဘူးလား။ " မုန့်ယိက ဝမ်းသာနေသော ကျောက်ဖုန်းကို ကြည့်ပြီး ပြုံး၍ သတိပေးလိုက်သည်။ ထို့နောက် သူက ကျောက်ဖုန်းဆီသို့ လျှောက်သွားပြီး အမိန့်တော်ကို ကမ်းပေးလိုက်သည်။
ကျောက်ဖုန်းက အသိဝင်လာပြီး အမိန့်တော်ကို လက်နှစ်ဖက်ဖြင့် လက်ခံယူလိုက်သည်။ " ကျွန်တော်မျိုး ကျောက်ဖုန်း အရှင်မင်းကြီးရဲ့ ကရုဏာတော်ကို ကျေးဇူးတင်ပါတယ်။ "
မုန့်ယိက ကျောက်ဖုန်း၏ ဘယ်လက်ကို ဆွဲကာ စင်မြင့်ရှေ့သို့ ခေါ်ဆောင်သွားသည်။ ထို့နောက် သူက ကျောက်ဖုန်း၏ လက်ကို မြှောက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
" ဒီနေ့စပြီး ကျောက်ဖုန်းက ချင်စစ်တပ်တင်မကဘူး။ တစ်ကမ္ဘာလုံးမှာ အသက်အငယ်ဆုံး လက်ထောက် စစ်သူကြီး ဖြစ်လာခဲ့ပြီ။ စစ်သူကြီးကျောက်ဖုန်းရဲ့ ရာထူးတိုးမြှင့်မှုက စစ်တပ်စွမ်းဆောင်မှုစနစ်ပေါ်မှာ အခြေခံထားတယ်။ သူ့ရဲ့ စွမ်းဆောင်မှုတွေကို စစ်တပ်တစ်ခုလုံးက စံနမူနာယူရမယ်။ "
" စစ်သူကြီးကျောက်က စစ်ထဲဝင်ပြီး တစ်နှစ်မပြည့်သေးခင် သူရဲ့ စွမ်းဆောင်မှုတွေကြောင့် လက်ထောက်စစ်သူကြီးအဖြစ် တိုးမြှင့်ခံခဲ့ရတယ်။ ချင်စစ်သည်ဆိုရင် ဘယ်သူဖြစ်ဖြစ် ဘယ်လိုနောက်ခံပဲရှိရှိ နိုင်ငံတော်အတွက် ရန်သူတွေကို သတ်ဖြတ်ပြီး ကောင်းမှုပြုနိုင်ရင် ရာထူးဘွဲ့ထူးတွေ တိုးမြှင့်ခံရလိမ့်မယ်။ "
စစ်သည်များအားလုံးက မုန့်ယိ၏ စကားများကို ကြားသောအခါ သူတို့က တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။ သူတို့က ကျောက်ဖုန်း၏ ပုံရိပ်ကို သူတို့၏ ကိုယ်ပိုင်ပန်းတိုင်အဖြစ် ကြည့်ရှုနေကြသည်။
" ငါ့ကို အသုံးချပြီး စစ်တပ်တစ်ခုလုံးကို တွန်းအားပေးလိုက်တာက အနာဂတ်မှာ စစ်သည်တွေက သေဘေးကို မကြောက်ဘဲ ပိုပြီးတိုက်ခိုက်ကြလိမ့်မယ်။ ငါသာ အာဏာရှိတဲ့သူဆိုရင်လည်း ဒီလိုလုပ်မှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။
စစ်သည်များ၏ အော်ဟစ်သံများ တိတ်ဆိတ်သွားပြီးသောအခါ ဝမ်ကျန့်က ရှေ့တိုးလာပြီး လေးနက်စွာ ပြောလိုက်သည်။ " ဝမ်ပင်း "
" ရှိပါတယ်။ " ဝမ်ပင်းက ချက်ချင်း ပြန်ပြောလိုက်သည်။
" စစ်တပ်ကို ရုတ်သိမ်းပြီး လန်ထျန်းကို ပြန်ဖို့ အမိန့်ပေးလိုက်။ " ဝမ်ကျန့်က ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝမ်ပင်းက စင်မြင့်ရှေ့တွင် ရပ်ပြီး သူ၏ ဓားကို ဆွဲထုတ်ကာ အမိန့်ပေးလိုက်သည်။ " စစ်သူကြီး ချောင်၊ စစ်သူကြီးကျန်း စခန်းကို ရုတ်သိမ်းပြီး လန်ထျန်းကို ပြန်ကြမယ်။ "
" အမိန့်အတိုင်းပါ။ " လက်ထောက်စစ်သူကြီးနှစ်ယောက်က ပြန်ဖြေလိုက်ကြသည်။
ထို့နောက်တွင် စုဝေးနေကြသော စစ်သည်တစ်သိန်းက စနစ်တကျ ခွဲခွာပြီး ချင်နိုင်ငံ၏ လန်ထျန်းစခန်းကို ပြန်လည်ဆုတ်ခွာသွားကြသည်။ စစ်တပ်က ပြင်ပတွင် တပ်စွဲထားခြင်းကြောင့် ရိက္ခာသုံးစွဲမှုက အလွန်ကြီးမားလှသည်။ စခန်းသို့ ပြန်လည်ရောက်ရှိမှာစာ ထိုရိက္ခာသုံးစွဲများကို လျှော့ချနိုင်ပြီး နိုင်ငံ၏ ဘဏ္ဍာကို တည်ငြိမ်စေမည်ဖြစ်သည်။
ရှေးခေတ်ကတည်းက စစ်တိုက်ခြင်းမှာ နိုင်ငံ၏ ဘဏ္ဍာကို ကုန်ခမ်းစေပြီး ငွေကြေးများကို သုံးစွဲရသည်။ ချင်နိုင်ငံက ရိက္ခာအခြေစိုက်စခန်းအဖြစ် ကောက်ပဲသီးနှံထုတ်လုပ်မှုနှင့် ကွမ်းကျုံး၏ ကျီများကို ပိုင်ဆိုင်ထားခြင်းမှာ ကံကောင်းလှသည်။
" ကျောက်ဖုန်း " ဝမ်ပင်းကို ညွှန်ကြားပြီးနောက် ဝမ်ကျန့်က ကျောက်ဖုန်းဆီသို့ လျှောက်လာခဲ့သည်။
" စစ်သေနာပတိချုပ် " ကျောက်ဖုန်းက ဝမ်ကျန့်ကို အရိုအသေပေးလိုက်သည်။
" မင်းရဲ့ ကိစ္စကို ငါအကောင်းဆုံး ကြိုးစားပေးမယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ရင်တော့ ငါ့ကို အပြစ်မတင်နဲ့။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ကျွန်တော်က စစ်သေနာပတိချုပ်ကို အပြစ်တင်မှာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
" မင်းနားလည်တာ ကောင်းတယ်။ ပြီးတော့ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ " ဝမ်ကျန့်က ကျောက်ဖုန်းကို လေးနက်စွာ ကြည့်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ် အောင်မြင်ခဲ့ရင် ကျွန်တော်က နာခံမှာပါ။ ဒါပေမယ့် မအောင်မြင်ခဲ့ရင်တော့ ကျွန်တော် ငြိမ်နေမှာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။
အာဏာကို ကြောက်ရွံ့ပြီး မိမိ၏ အမျိုးသမီးကို ပေးအပ်မည့်သူက ယောကျာ်းတစ်ယောက်ဟု ခေါ်ဆိုနိုင်မည်မဟုတ်ပေ။ ကျောက်ဖုန်းက ထိုသို့သော လူမျိုးမဟုတ်ပေ။ သူက ဘုရင့်အာဏာကို ဆန့်ကျင်ရလျှင်တောင် သူက သူ၏ ပိုင်ဆိုင်မှုအတွက် တိုက်ပွဲဝင်မည့်သူဖြစ်သည်။
ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ ဝမ်ကျန့်က သူ့ကို လေးနက်စွာ ကြည့်လိုက်သည်။ သူက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသော်လည်း စိတ်သက်သာရာရမှုကိုလည်း ခံစားနေရသည်။
ဖခင်တစ်ယောက်အနေဖြင့် သူ၏ သမီးတွင် သူမကို အလွန်အလေးထားသော ယောကျာ်းတစ်ယောက်ရှိနေခြင်းအပေါ် စိတ်သက်သာရာရမိခြင်း ဖြစ်ပေလိမ့်မည်။သို့သော် ထိုအတွေးကလည်း စိုးရိမ်ပူပန်မှုတစ်ခုကို ယူဆောင်လာသည်။
ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်အနေဖြင့် ဝမ်ကျန့်က ထိုမျှလေးလံသော စိတ်ပိုင်းဆိုင်ရာ ဝတ်ထုပ်ဝန်ပိုးကို တစ်ခါမှမရှိခဲ့ဖူးပေ။
ထိုအချိန်တ်ိင် ဘေးတွင် ရပ်ကာ နားထောင်နေသော မုန့်ယိ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ သူက ဝမ်ပင်းထက် အသက်ငယ်ပြီး အသက်နှစ်ဆယ်ကျော်သာ ရှိသော်လည်း မုန့်မိသားစုဝင်တစ်ယောက်အနေဖြင့် နန်းတွင်းတွင် အတိုင်းအတာတစ်ခုအထိ ဩဇာရှိသူဖြစ်သည်။
သူတို့၏ စကားများကို ကြားသောအခါ ဝမ်ကျန့်နှင့် ကျောက်ဖုန်းကြား ဆက်ဆံရေးက သာမန်ထက် ထူးခြားနေသည်ကို မုန့်ယိက ခံစားမိနေသည်။ သူတို့၏ ဆွေးနွေးမှုမှာ အထက်လူကြီးနှင့် လက်အောက်ငယ်သားကြား ဆက်ဆံရေးမျိုးမဟုတ်ဘဲ လူကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့၏ ဆွေးနွေးမှုနှင့် ပိုတူနေသည်။
သို့သော် ဝမ်ကျန့်နှင့် ကျောက်ဖုန်းတို့က ယခင်က မည်သည့်ပက်သက်မှုမှ မရှိကြောင်း မုန့်ယိက သိနေသောကြောင့် ၎င်းကို စဉ်းစားမရဖြစ်နေသည်။