← Chapters

အခန်း (၇၄)

Vol. 8 Ch. 74

အခန်း (၇၄)

Vol. 8 Ch. 74

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၇၄)

" ဒါဆိုလည်း ပြီးတာပဲ။ " ဝမ်ကျန့်က ခေါင်းခါလုက်သည်။ " ငါဆီက သတင်းကို စောင့်နေပါ။ "

ထို့နောက် သူက မုန့်ယိဘက်သို့ ကြည့်ပြီး ပြောလိုက်သညယယ " သူဘယ်သူလဲဆိုတာ မင်းသိလား။ "

" မသိပါဘူး။ " ကျောက်ဖုန်းက မုန့်ယိကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူ၏ အမူအရာက အမှန်တကယ် ထူးခြားလှသော်လည်း သူက စစ်တပ်ထဲတွင်သာ နေခဲ့ရသောကြောင့် မုန့်ယိကို မသိနိုင်ပေ။

" ဒါက မြောက်ဘက်နယ်စပ်က စစ်သေနာပတိချုပ် မုန့်ဝူရဲ့ ဒုတိယသား မုန့်ယိပဲ။ " ဝမ်ကျန့်က မိတ်တက်ပေးလိုက်သည်။

" အရှင်မင်းကြီးက သူ့ကို ယင်ချွမ်းခရိုင်ရဲ့ အုပ်ချုပ်သူအဖြစ် ခန့်အပ်လိုက်ပြီ။ အခုကစပြီး အုပ်ချုပ်သူမုန့်က ယင်ချွမ်ကို အုပ်ချုပ်လိမ့်မယ်။ "

" တွေ့ရတာ ဝမ်းသာပါတယ် အုပ်ချုပ်သူမုန့်။ " ကျောက်ဖုန်းက နှုတ်ဆက်လိုက်သည်။

" စစ်သူကြီးကျောက် ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။ " မုန့်ယိက ပြုံး၍ ပြောလိုက်သည်။

" ရှန်းယန်မှာတုန်းက နန်းတွင်းမှာ မင်းရဲ့ နာမည်ကို အကြိမ်ကြိမ် ကြားခဲ့ဖူးပါတယ်။ မင်းလို ထူးချွန်တဲ့ သူရဲကောင်းတစ်ယောက်နဲ့ တွေ့ချင်နေခဲ့တာ ကြာပါပြီ။ အခုတော့ ငါ့ဆန္ဒ ပြည့်ဝသွားပြီပေါ့။ "

" အုပ်ချုပ်သူမုန့်က ချီးကျူးလွန်းနေပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " အဆုံးမှာတော့ ကျွန်တော်က စစ်သည်တစ်ယောက်ပါပဲ။ "

ချင်၏ အစိုးရစနစ်က ရှင်းလင်းပြတ်သားသည်။ အရပ်ဘက်အရာရှိများနှင့် စစ်ဘက်ဆိုင်ရာတပ်မှူးများက ကွဲပြားပြီး တာဝန်များကလည်း မတူပေ။ မုန့်ယိက ခရိုင်အုပ်ချုပ်သူတစ်ယောက်ဖြစ်သော်လည်း ကျောက်ဖုန်း၏ အထက်လူကြီးမဟုတ်သောကြောင့် ကျောက်ဖုန်းအနေဖြင့် သူ့ကိုသူ လက်အောက်ငယ်သားအဖြစ် ခေါ်ဆိုရန် မလိုအပ်ပေ။

" ကောင်းပြီ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " အချင်းချင်း မြှောက်ပင့်နေဖို့ မလိုဘူး။ မင်းတို့နှစ်ယောက် အနာဂတ်မှာ ရင်းနှီးဖို့ အချိန်အများကြီး ရှိပါသေးတယ်။ "

ထို့နောက် သူက မုန့်ယိကို ကြည့်ပြီး စနောက်လိုက်သည်။ " ငါ ဒီစစ်ဆင်ရေးကို ဦးဆောင်သွားတော့ မင်းအဖေတော့ ပေါက်ကွဲနေလောက်ပြီမဟုတ်လား။ "

" စစ်သေနာပတိချုပ်က ရှန်းယန်က ကျွန်တော်အဖေဆီသွားကြည့်ရင် သိရပါလိမ့်မယ်။ " မုန့်ယိက ပြုံး၍ ပြောလိုက်သည်။

" ဟားဟားဟား အဲ့ဒီလူအိုကြီး ဒေါသထွက်နေမယ့်ပုံကို ငါ မြင်ယောင်နေသေးတယ်။ အခု ဟန်ကို သိမ်းပိုက်လိုက်ပြီဆိုတော့ သူ ဘာတွေပြောဦးမလဲဆိုတာ ငါကြည့်ချင်သေးတယ်။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။

မုန့်ယိက တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏ ဖခင်နှင့် ဝမ်ကျန့်တို့က ရန်ငြိုးများမရှိကြသည့်အပြင် အပြန်အလှန် လေးစားမှုရှိကြသည်။ သူတို့ထဲမှ တစ်ယောက်ယောက်က စစ်တပ်ကို ဦးဆောင်ပြီး အောင်မြင်ခဲ့လျှင် အခြားတစ်ယောက်က စနောက်မှိုု ခံရစမြဲဖြစ်သည်။

" စစ်တပ်က ရုတ်သိမ်းပြီးပြီဆိုတော့ လန်ထျန်းကို ပြန်ရတော့မယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" ကျောက်ဖုန်း မုန့်ယိက သူ့ရာထူးကို တာဝန်ယူဖို့ ရှင်းကျန်းကို သွားနေတာ။ သူ ဘေးကင်းကင်းနဲ့ ရောက်သွားဖို့ မင်းတာဝန်ယူရလိမ့်မယ်။ ယင်ချွမ်းက ခုမှ တည်ငြိမ်စပြုတာဆိုတော့ ဟန်အကြွင်းအကျန်တွေ ရှိနေသေးတယ်။ အုပ်ချုပ်သူမုန့်က သူတို့အတွက် မျက်စိမွှေးစူးစရာဖြစ်နေမှာ သေချာတယ်။ " ဝမ်ကျန့်က ကျောက်ဖုန်းကို ညွှန်ကြားလိုက်သည်။

" နားလည်ပါပြီ။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

" ကောင်းပြီ။ " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်ပြီး သူ၏ ရင်ဘတ်ထဲမှ တံဆိပ်ခတ်ထားသော စာတစ်စောင်ကို ထုတ်ကာ ကျောက်ဖုန်းကို ပေးလိုက်သည်။

" မင်း ရှင်းကျန်းကို ပြန်ရောက်တဲ့အခါ ဒါကို လီထန်ဆီပေးလိုက်ပါ။ ယင်ချွမ်းခရိုင်ရဲ့ ကာကွယ်ရေးနဲ့ လိုအပ်တဲ့ စစ်အင်အားဖြန့်ကျက်မှုတွေအကြောင်း ငါအကုန်ရေးပေးထားတယ်။ "

ကျောက်ဖုန်းက စာကို ယူပြီး သူ၏ ဝတ်ရုံအတွင်းသို့ ထည့်လိုက်သည်။

ညွှန်ကြားချက်များ ပေးပြီးနောက် ဝမ်ကျန့်က စင်မြင့်ပေါ်တွင် ရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

" စစ်ပွဲက ပြီးသွားပြီဆိုတော့ ရှန်းယန်ကို ပြန်ဖို့ အချိန်ကျပြီ။ " ဝမ်ကျန့်က စင်မြင့်ပေါ်မှ ဖြည်းညင်းစွာ ဆင်းသွားသည်။

" အုပ်ချုပ်သူမုန့် " ကျောက်ဖုန်းက မုန့်ယိကို ကြည့်ပြီး မေးလိုက်သည်။ " ရှင်းကျန်းကို အခုထွက်ခွာချင်လား။ ဒါမှမဟုတ် တစ်ရက်လောက် အနားယူဦးမလား။ "

" ဒီနေ့ပဲ ထွက်ခွာမယ်။ " မုန့်ယိက လေးနက်စွာ ပြောလိုက်သည်။ " ယင်ချွမ်းခရိုင်ရဲ့ ပဋိပက္ခတွေက အခုမှ ငြိမ်သက်သွားတာ။ ကိုင်တွယ်စရာ အုပ်ချုပ်မှုကိစ္စတွေ အများကြီး ရှိသေးတယ်။ တစ်ရက်နောက်ကျသွားရင်တောင် သာမန်လူတွေကို ထိခိုက်စေနိုင်တယ်။ "

သူ့အတွက် ခရိုင်အုပ်ချုပ်သူဖြစ်လာခြင်းမှာ စစ်ဘေးစစ်ဒဏ်ကို ခံစားခဲ့ရသော လူပေါင်းများစွာကို အုပ်ချုပ်ခြင်းဖြစ်သည်။ သူတို့အားလုံးကို ငြိမ်းချမ်းအောင် ပြုလုပ်ပေးရန် လိုအပ်သည်။

" အုပ်ချုပ်သူမုန့်က လူဘယ်နှစ်ယောက်ခေါ်လာလဲဆိုတာ သိချင်ပါတယ်။ " ကျောက်ဖုန်းက မေးလိုက်သည်။ နယ်မြေတစ်ခုကို အုပ်ချုပ်ခြင်းဆိုသည်မှာ လူတစ်ယောက်တည်း လုပ်နိုင်သောအရာမဟုတ်ပေ။

" ငါနဲ့အတူ စာရေးသုံးရာကျော်နဲ့ လက်ထောက်နှစ်ယောက် ခေါ်လာခဲ့တယ်။ " မုန့်ယိက ပြောလိုက်သည်။

" သူတို့အားလုံး ရှင်းကျန်းကို ဘေးကင်းကင်းနဲ့ ရောက်ဖို့အတွက် ပင်မစစ်တပ်ထဲမှာပဲ ကာကွယ်ပေးပါမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သူကြီးကျောက် " မုန့်ယိက ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ကျောက်ဖုန်းဦးဆောင်သော တပ်ဖွဲ့က ရှင်းကျန်းသို့ တဖန်ပြန်၍ ချီတက်သွားကြသည်။ ဤတစ်ကြိမ်တွင် သူတို့၏ တာဝန်က ပြောင်းလဲသွားပြီဖြစ်သည်။

ညပိုင်းတွင် စခန်းချပြီးနောက် ကျောက်ဖုန်းက အနားယူရန် သူ၏ တဲအတွင်းသို့ စောစီးစွာ ဝင်သွားခဲ့သည်။ ၎င်းက အပေါ်ယံပြရုံသာဖြစ်သည်။ ယခု သူက လက်ထောက်စစ်သူကြီးဖြစ်ပြီး ဘွဲ့ထူးလေးဆင့်တိုးလာသောကြောင့် သူရယူရန် ရတနာသေတ္တာခြောက်လုံး ရှိနေပြီဖြစ်သည်။

သူ၏ စွမ်းရည်အားလုံး တစ်​ထောင်ကျော်သွားချိန်တွင် ရရှိခဲ့သော သေတ္တာတစ်လုံးအပါအဝင် စုစုပေါင်း ခုနှစ်လုံးရှိသည်။ ကျောက်ဖုန်းက ၎င်းတို့ကို ဖွင့်ရန် စိတ်အားထက်သန်နေသည်။

" အဆင့်တစ် ရတနာသေတ္တာ ခုနှစ်လုံး။ ငါလိုချင်တာရဖို့ မျှော်လင့်ရတာပဲ။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် တွေးလိုက်သည်။ " ရတနာသေတ္တာတွေ ဖွင့်မယ်။ "

" ရွှေစ ၁၀၀၀ ရရှိပါတယ်။ "

" အရိုးသန့်စင်ခြင်းဆေးမှုန့် ဖော်စပ်နည်းကို ရရှိပါတယ်။ "

" သံမဏိသွန်းလုပ်ခြင်းနည်းပညာကို ရရှိပါတယ်။ "

" ကောင်းကင်ရနံ့ဖာလာစေ့တစ်စေ့ ရရှိပါတယ်။ "

" ရွှေစ ၁၀၀၀ ရရှိပါတယ်။ "

" အဆင့်မြင့် ဆေးပညာကို ရရှိပါတယ်။ "

" အဝါရောင်အဆင့် အဆင့်မြင့် အသက်ရှူအောင့်ခြင်းနည်းစနစ်ကို ရရှိပါတယ်။ "

ကျောက်ဖုန်းက ရရှိလာသော အရာများကို အာရုံစိုက်လိုက်သည်။ " ရွှေစနှစ်ထောင်။ အခုဆို စုစုပေါင်းခြောက်ထောင်ရှိသွားပြီ။ ငါ့ရဲ့ ကိုယ်ပိုင်အင်အားစု တည်ထောင်ဖို့အတွက် လာမယ့်ရက်တွေမှာ ဒါတွေကို သုံးဖို့ နည်းလမ်းရှာရမယ်။ "

" ကောင်းကင်ရနံ့ဖာလာစေ့ အခုဆို ငါ့မှာ နှစ်စေ့ရှိပြီ။ ဒါတွေက သေလူကိုတောင် ပြန်ရှင်စေနိုင်တဲ့ ရတနာတွေပဲ။ သံမဏိသွန်းလုပ်ခြင်းနည်းပညာက ဒီခေတ်က နည်းလမ်းတွေထက် ပိုသာလွန်မှာ သချာတယ်။ အဆင့်မြင့် ဆေးပညာ... ငါ့ရဲ့ ဆေးပညာက အမေနဲ့ တန်းတူနီးပါး ဖြစ်သွားလိမ့်မယ်။ "

" ဟိုကောင်မလေးကျောက်ရင်က ငါ့ကို ဆေးပညာအကြောင်း ဘာမှမသိဘူးလို့ ပြောရဲသေးလားဆိုတာ ကြည့်ရသေးတာပေါ့။ "

" အသက်ရှူအောင့်ခြင်းနည်းစနစ် ဒါက သိုင်းပညာတစ်ခုပဲ။ ဒီအရိုးသန့်စင်ခြင်းဆေးမှုန့်က ဘာများလဲ။ " ကျောက်ဖုန်းပ သံသယအနည်းငယ်ဖြင့် အရိုးသန့်စင်ခြင်းဆေးမှုန့်ဖော်စပ်နည်းကို ထုတ်ယူစစ်ဆေးလိုက်သည်။

" ဒါက အိပ်ငိုက်နေတုန်း ခေါင်းအုံးလာပေးနေသလိုပဲ။ ဒီအရိုးသန့်စင်ခြင်းဆေးမှုန့်နဲ့ ငါ့ရဲ့ အရိုးနဲ့ အကြောတွေကို သန်မာအောင် လုပ်လို့ရတယ်။ ဒါက ဟောက်ထျန်းအဆင့်မှာရှိသူတွေအတွက် အကြီးအကျယ် အထောက်အကူဖြစ်လိမ့်မယ်။ "

" သိုင်းပညာပါရမီနည်းတဲ့သူတွေတောင် အဆင့်တက်ဖို့ အခွင့်အရေးရှိလိမ့်မယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ တွေးလိုက်သည်။

သူ့အပေါ် သစ္စာရှိသော လက်အောက်ငယ်သား ငါးယောက်သာရှိသော်လည်း သူတို့၏ သိုင်းပါရမီကို ကျောက်ဖုန်း ရှင်းရှင်းလင်းလင်း မသိသေးပေ။ သိုင်းပညာလေ့ကျင့်ရာတွင် ပါရမီက အရေးကြီးဆုံးဖြစ်သည်။

ရှန်ထျန်းအဆင့်က ကြီးမားသော အတားအဆီးဖြစ်သည်။ ပါရမီနည်းသူများက ရှန်ထျန်းအဆင့်သို့ ရောက်ရှိရန် အခွင့်အရေး မရှိသလောက်ပင် ဖြစ်သည်။ သို့သော် ဤခေတ်တွင် ကျောက်ဖုန်းက ဟောက်ထျန်းအဆင့်ရှိသူ ရာချီကို အသုံးချနိုင်လျှင် သူတို့က လူဆယ်ယောက်ကို တပြိုင်တည်း တိုက်ခိုက်နိုင်သော ထိပ်တန်းစစ်သည်များ ဖြစ်လာပေလိမ့်မည်။

အရိုးသန့်စင်ခြင်းဆေးမှုန့်ဖြင့် သူတို့၏ ခွန်အားက ကြီးမားစွာ တိုးတက်လာပေလိမ့်မည်။ ထို့အပြင် အသက်ရှူအောင့်ခြင်းနည်းစနစ်က လုပ်ကြံသတ်ဖြတ်ရာတွင် အလွန်သင့်တော်ပေသည်။ ဘာသံမှမထွက်ဘဲ တိတ်တဆိတ် လှုပ်ရှားနိုင်သောကြောင့် ၎င်းအား စစ်သည်များကို လေ့ကျင့်ပေးနိုင်လေသည်။

" ငါရှင်းကျန်းကို ပြန်ရောက်ရင် စစ်သူကြီးလီက ငါ့ကို ဘယ်မှာနေရာချမလဲဆိုတာကိုပဲ ကြည့်ရတော့မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ငါးရက်ကြာသွားခဲ့သည်။ ရှင်းကျန်းမြို့တွင် လီထန်နှင့် သူ၏ တပ်မှူးများက မြို့ပြင်တွင် အဆင်သင့်စောင့်ဆိုင်းနေကြသည်။ ကျောက်ဖုန်းနှင့် သူ၏ လူများ မြို့တံခါးသို့ ရောက်လာသောအခါ လီထန်က ချက်ချင်း ရှေ့သို့ ထွက်၍ ကြိုဆိုလိုက်သည်။

" စစ်သူကြီးကျောက် ပင်ပန်းသွားပြီ။ အုပ်ချုပ်သူမုန့် အဆင်ပြေရဲ့လား။ " လီထန်က ကျောက်ဖုန်းဆီသို့ လာပြီး ပြုံး၍ မေးလိုက်သည်။

ကျောက်ဖုန်း လက်ထောက်စစ်သူကြီးဖြစ်လာသည့် သတင်းမှာ လီထန်၏ နားထဲသို့ ရောက်ရှိပြီးဖြစ်ကြောင်း ထင်ရှားလှသည်။

" စစ်သူကြီးလီ အုပ်ချုပ်သူမုန့် အဆင်ပြေပါတယ်။ ရှန်းယန်က အရာရှိအားလုံးကိုလည်း ဘေးကင်းကင်နဲ့ ဒီကို ပို့ဆောင်နိုင်ခဲ့ပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

All Chapters