← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၇၅)

မုန့်ယိက ရထားလုံးပေါ်မှ ဆင်းလာသည်။

" တွေ့ရတာဝမ်းသာပါတယ် အုပ်ချုပ်သူမုန့်။ " မုန့်ယိကို မြင်လိုက်ရသောအခါ လီထန်က ချက်ချင်း ရှေ့သို့ သွားပြီး အရိုအသေပေးလိုက်သည်။

၎င်းကို မြင်သောအခါ ကျောက်ဖုန်း၏ မျက်လုံးထဲတွင် အံ့ဩသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက ပုံမှန်အားဖြင့် ထိုသို့ဆက်ဆံလေ့မရှိကြပေ။ သို့သော် လီထန်က လက်အောက်ငယ်သားတစ်ယောက်ကဲ့သို့ အရိုအသေပေးနေသည်။

လီထန်က မုန့်မိသားစုမှ စစ်သူကြီးတစ်ယောက်ဖြစ်ပုံရသည်။ ယခု ကျောက်ဖုန်းက အတွေ့အကြုံမရှိသူတစ်ယောက် မဟုတ်တော့ပေ။ သူက ထိုသို့သော အခြေအနေများကို နားလည်နေပြီဖြစ်သည်။

လန်ထျန်းစခန်းတွင် ပင်မတပ်မကြီး သုံးခုရှိသည်။ ဝမ်ကျန့်၏ သားက တစ်ခုကို ကွပ်ကဲနေသဖြင့် ကျန်နှစ်ခုက ဝမ်ကျန့်၏ လူယုံများ ဦးဆောင်မည်မဟုတ်သည်မှာ သေချာသည်။

လန်ထျန်းစခန်းတစ်ခုလုံးသာ သူ၏ သစ္စာခံများနှင့် ပြည့်နေလျှင် ချင်ဘုရင်က ငြိမ်နေမည်မဟုတ်ပေ။ ဘုရင်တစ်ပါးက အာဏာကို ချိန်ညှိထိန်းကျောင်းရမည်ဖြစ်သည်။

" စစ်သူကြီးလီ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။ " မုန့်ယိက ပြုံး၍ ပြောလိုက်သည်။

" ယင်ချွမ်းခရိုင်က အခုမှ စစ်မီးထဲက ထွက်လာတာ။ အရှင်မင်းကြီးက အုပ်ချုပ်သူမုန့်ကို လွှတ်ပြီး အုပ်ချုပ်ခိုင်းတာက ပညာရှိနဲ့ ဆုံးဖြတ်ချက်ပဲ။ " လီထန်က ချီးကျူးသော လေသံဖြင့် ပြောလိုက်သည်။

" အရှင်မင်းကြီးက ယုံကြည်တဲ့အခါ အကောင်းဆုံး ကြိုးစားဖို့က ငါ့ရဲ့ တာဝန်ပါပဲ။ " မုန့်ယိက ပြုံး၍ ပြန်လည်ဖြေကြားလိုက်သည်။

" စစ်သေနာပတိချုပ် နေကောင်းရဲ့လား။ " လီထန်က ရိုသေစွာ မေးလိုက်သည်။

" ငါ့အဖေက ရှန်းယန်မှာ နေကောင်းပါတယ်။ ငါ မထွက်လာခင်တုန်းက သူက ယင်ချွမ်းကို အုပ်ချုပ်တဲ့နေရာမှာ မင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးမှာကြားခဲ့ပါတယ်။ " မုန့်ယိက ပြုံး၍ ပြောလိုက်သည်။

" အုပ်ချုပ်သူမုန့်အနေနဲ့ စစ်ရေးအကူအညီလိုရင် လိုအပ်နဲ့အချိန်တိုင်း ကျုပ်က အဆင်သင့်ပါပဲ။ "

" ကောင်းပြီ။ " မုန့်ယိက ပြောလိုက်သည်။ " အချိန်ဖြုန်းမနေတော့နဲ့။ မြို့ထဲဝင်ရအောင်။ "

" ကောင်းပါပြီ။ " လီထန်က ခေါင်းညိမ့်ပြီး ရှေ့မှဦးဆောင်သွားသည်။

မုန့်ယိက လီထန်နောက်မှ လိုက်ပါသွားသည်။ ကျောက်ဖုန်းက သူ၏ လူများကို မြို့ထဲသို့ ဝင်၍ စခန်းသို့ ပြန်ရန် ညွှန်ကြားပြီးနောက် သူတို့နောက်မှ လိုက်ပါသွားသည်။

ထိုအချိန်အတွင်း အခြားသော အရာရှိများက ကျောက်ဖုန်းနှင့် လီထန်တို့ ထိုမျှနီးကပ်စွာ ရပ်နေကြသည်ကို မြင်သောအခါ အမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြတော့သည်။

" ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ဒီလောက်အချိန်တိုအတွင်းမှာ သူက ထောက်ပို့တပ်ဖွဲ့ကနေ ပင်ပတပ်ဖွဲ့က လက်ထောက်စစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့တယ်။ "

" အသက် ၁၆နှစ်နဲ့ လက်ထောက်စစ်သူကြီး၊ ချင်နိုင်ငံရဲ့ အသက်အငယ်ဆုံး စစ်သူကြီး။ ပြီးတော့ အရှင်မင်းကြီးရဲ့ ကိုယ်တိုင်မျက်နှာသာပေးမှုကိုလည်း ရထားသေးတယ်။ သူ့ရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ။ "

စစ်သည်များက ကျောက်ဖုန်းကို အံ့ဩမှု၊ လေးစားမှု၊ မနာလိုမှုတို့နှင့် ကြည့်နေကြသည်။

ရှင်းကျန်းမြို့၏ စံအိမ်တစ်ခုထဲတွင် မုန့်ယိက ပင်မထိုင်ခုံတွင် ထိုင်နေပြီး လီထန်က ဘယ်ဘက်တွင် ထိုင်နေသည်။ ခန်းမထဲတွင် ကျောက်ဖုန်းအပါအဝင် အခြားသူများလည်း ရှိနေသည်။

" စစ်သူကြီးလီက ဒီရက်ပိုင်း မြို့ကို ကောင်းကောင်းစီမံခန့်ခွဲခဲ့တာပဲ။ အခုတောင် တော်တော်လေး စနစ်တကျ ပြန်ဖြစ်နေပြီ။ " မုန့်ယိက ပြုံး၍ ချီူးကျူးလိုက်သည်။

" အုပ်ချုပ်သူမုန့်က ချီးကျူးလွန်းနေပါပြီ။ " လီထန်က ပြုံး၍ ပြောလိုက်သည်။ " ကျုပ်က ချင်ဥပဒေကို ကျင့်သုံးခဲ့ရုံပါပဲ။ ကျုပ်တို့ စစ်သည်တွေက သာမန်လူတွေဆီက အပ်တစ်ချောင်းတောင် မယူခဲ့ပါဘူး။ ဒါပေမယ့် ပုန်ကန်သူတွေကိုတော့ ကျုပ်တို့က ညှာတမှုမပေးခဲ့ဘူး။ "

ထိုအချိန်တွင် ကျောက်ဖုန်းက ဝမ်ကျန့်ဆီမှ ရရှိသော စစ်မိန့်ကို ထုတ်ယူလိုက်သည်။

" စစ်သူကြီးလီ။ " သူက လီထန်ကို ပြောလိုက်သည်။ " စစ်သေနာပတိချုပ် စခန်းကို မပြန်ခင် ကျွန်တော်ကို စာတစ်စောင် ပေးခဲ့ပါတယ်။ စစ်တပ်ရဲ့ ကာကွယ်ရေးဖြန့်ကျက်မှုအကြောင်း ရေးထားတာပါ။ "

လီထန်၏ ရှေ့မှ ကိုယ်ရံတော်တပ်မှူးက စာကို ယူပေးလိုက်သည်။ လီထန်က ချက်ချင်း ဖွင့်ဖတ်လိုက်ပြီး ​ပါဝင်သော အကြောင်းအရာများကို နားလည်သွားသည်။ သူက စာကို ပြန်ပိတ်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ကျုပ်နဲ့ စွန်းထင်ကို ရှင်းကျန်းကို ကာကွယ်ရင်း ယင်ချွမ်းကို အုပ်ချုပ်တဲ့ နေရာမှာ အုပ်ချုပ်သူမုန့်ကို ကူညီဖို့ အမိန့်ပေးလိုက်တယ်။ "

" စစ်သူကြီးကျောက်က တပ်ရင်းငါးခုကို ဦးဆောင်ပြီး ဝေမြို့မှာ တပ်စွဲထားရမယ်။ "

" ဝေမြို့လား။ " ကျောက်ဖုန်းက အံ့ဩသွားသည်။ သူက ယန်မြို့ကို စောင့်ကြပ်ရမည် သို့မဟုတ် ရှင်းကျန်းမြို့တစ်ဝိုက်တွင် ရှိနေမည်ဟု ထင်ထားခဲ့သည်။

သူက ယင်ချွမ်းခရိုင်အတွင်းရှိ အခြားသော ဟန်မြို့များကို မရင်းနှီးသော်လည်း ဝေမြို့ကိုမူ ကောင်းကောင်း သိသည်။ သမိုင်းတွင် ထိုနေရာအကြောင်း ဖော်ပြထားသည်။ ဝေမြစ်နှင့် ခေတ်အဆက်ဆက် ပဲ့တင်ထပ်ခဲ့သော ဝေမြစ်သစ္စာဆိုပွဲပုံပြင်တို့ဖြစ်သည်။

ဝေမြစ်က ချင်နိုင်ငံမှ မြစ်ဖျားခံပြီး ဝေနှင့် ဟန်နိုင်ငံများကို ဖြတ်စီးကာ မဟာမြစ်၏ အကြီးဆုံး မြစ်လက်တက်ဖြစ်သည်။ ဝေမြို့က မြစ်ကမ်းခြေ၏ မနီးမဝေးတွင် တည်ရှိသည်။

" စစ်သေနာပတိချုပ်က ငါ့ကို ဝေမြို့ကို ကာကွယ်ဖို့ အမိန့်ပေးခဲ့တာပဲ။ ဒါက ဝေနိုင်ငံကို ခုခံဖို့အတွက်လား။ " ကျောက်ဖုန်းက အကြောင်းရင်းကို ချက်ချင်း နားလည်သွားသည်။

" ချင်က ဟန်နိုင်ငံကို သိမ်းပိုက်တာ မကြာသေးတော့ အခြေမခိုင်သေးဘူး။ " လီထန်က သူ့ကို သတိပေးလိုက်သည်။ " ပြည်တွင်းလုံခြုံရေးအတွက် စစ်သည်ငါးသောင်း၊ ပြည်ပကာကွယ်ရေးအတွက် ငါးသောင်းသုံးတာက စစ်သေနာပတိချုပ်ကြီးရဲ့ နက်နဲတဲ့ ဗျူဟာပဲ။ စစ်သူကြီးကျောက် ဝေမြို့ကို ကာကွယ်တဲ့နေရာမှာ မင်းအဓိက ခုခံရမယ့် ရန်သူက ဝေနိုင်ငံပဲ။ မင်းသတိထားရလိမ့်မယ်။ "

" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူက ပြုံးလိုက်သည်။

" ရှင်းကျန်းက နယ်စပ်ဒေသတွေထက် ပိုစည်ကားပေမယ့် အဲ့ဒါက ငါနဲ့ဘာဆိုလဲ။ ဝေမြို့က အတော်လေး ဝေးလံတဲ့ နေရာမှာရှိတယ်။ ဒါက လူသစ်စုဆောင်းဖို့နဲ့ ငါ့ရဲ့ သေမင်းတမန်စစ်သည်တွေကို လေ့ကျင့်ပေးဖို့ ပိုကောင်းတယ်။ "

" ငါသာ ဂရုစိုက်ရင် မုန့်ယိနဲ့ လီထန်တိုက ငါဘာလုပ်နေလဲဆိုတာ ဘယ်တော့မှသိမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ​ကျေနပ်စွာ တွေးလိုက်သည်။

" ဝေမြို့က မူလကတည်းက နယ်စပ်ခံတပ်တစ်ခုပဲ။ ဒါက ဝေနိုင်ငံနဲ့ မျက်နှာချင်းဆိုင်နေရုံတင်မကဘူး။ အနောက်ဘက်မှာလည်း ငါတို့ရဲ့ ချင်နိုင်ငံနဲ့ မျက်နှာချင်းဆိုင်နေတယ်။ ဆိုလိုတာက စစ်တပ်ရိက္ခာတွေကို ချင်ပြည်မကနေ တိုက်ရိုက် လွယ်လွယ်ကူကူ သယ်ယူနိုင်တာပေါ့။ "

" စစ်သေနာပတိချုပ်ကြီးက တကယ်ကို ထူးချွန်ပါတယ်။ " မုန့်ယိက ပြုံး၍ ပြောလိုက်သည်။

" စစ်သူကြီးလီ ဝေမြို့ကို သွားဖို့ ကျွန်တော် ဘယ်တပ်ရင်းငါးခုကို ဦးဆောင်ရမှာလဲ။ " ကျောက်ဖုန်းက လီထန်ကို မေးလိုက်သည်။

" နေဦး။ " မုန့်ယိက မတ်တပ်ရပ်ပြီး အမိန့်တော်တစ်ခုကို ထုတ်ယူလိုက်သည်။ " ချင်ဘုရင်ရဲ့ အမိန့်တော်..."

ထိုစကားကို ကြားသောအခါ ခန်းမအတွင်းမှ လူတိုင်းက မတ်တပ်ရပ်ပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

" ချင်စစ်သူကြီလီထန်က စစ်တပ်ကို ဦးဆောင်ပြီး ဟန်ကို ခုနှစ်လမပြည့်မီ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်။ သူ့ကို ဘွဲ့ထူးတစ်ခု၊ အစေခံငါးရာ၊ မြေယာတစ်ထောင်မူ၊ ရွှေစငါးရာ၊ ဒင်္ဂါးငါးသောင်း၊ အဆင့်မြင့် သံမဏိဓားတစ်လက်နဲ့ ချပ်ဝတ်တန်ဆာ အသစ်တစ်စုံကို ချီးမြှင့်လိုက်တယ်။ " မုန့်ယိက အမိန့်တော်ကို ကျယ်လောင်စွာ ဖတ်ကြားလိုက်သည်။

လီထန်က စိတ်လှုပ်ရှားစွာဖြင့် လေးနက်စွာ ဦးညွှတ်လိုက်သည်။ " ကျွန်တော်မျိုး လီထန်က အရှင်မင်းကြီးနဲ့ ချင်နိုင်ငံအတွက် သေတဲ့အထိ အမှုထမ်းပါမယ်။ "

" ငါထင်တဲ့အတိုင်းပဲ။ အဆင့်မြင့်လာလေ ရာထူးနဲ့ ဘွဲ့ထူးတွေ တိုးဖို့ ပိုခက်ခဲလေပဲ။ လီထန်အတွက်တော့ အသက်သုံးဆယ်ကျော် အရွယ်ကောင်းဖြစ်နေပေမယ့် သူ့ရဲ့ စစ်သူကြီး ရာထူးက မခိုင်မာသေးဘူး။ အခုအောင်ပွဲက အဲ့ဒါကို ခိုင်မာစေခဲ့တာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" စစ်သူကြီးလီ။ " မုန့်ယိက ပြုံး၍ ပြောလိုက်သည်။ " ဘွဲ့ထူးတိုးမြှင့်ခံရတာနဲ့ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရရှိလာတဲ့အတွက် ဂုဏ်ပြုပါတယ်။ အမိန့်တော်ကို လက်ခံလိုက်ပါ။ "

လီထန်က စိတ်လှုပ်ရှားစွာဖြင့် ရှေ့တိုးလာပြီး အမိန့်တော်ကို လက်နှစ်ဖက်နှင့် လက်ခံယူလိုက်သည်။

" စစ်တရားသူကြီးခွေ့.." မုန့်ယိက ပြောလိုက်သည်။ " ဒီစာချပ်ထဲမှာ အရှင်မင်းကြီးကိုယ်တိုင် အတည်ပြုထားတဲ့ ရာထူးတိုးမှုတွေနဲ့ ဆုလာဘ်တွေပါတယ်။ ​ကျေးဇူးပြုပြီး ဆုလာဘ်တွေကို ကျယ်ကျယ်ဖတ်ပေးပါ။ "

စစ်တရားသူကြီးခွေ့ဖုက ဝါးစာချပ်ကို လက်ခံယူလိုက်ပြီး လူတိုင်း၏ ရှေ့တွင် ၎င်းကို ဖွင့်လိုက်သည်။

" အရှင်မင်းကြီးရဲ့ ကျေးဇူးတော်နဲ့ ​ရှောက်ဖုရဲ့ အတည်ပြုချက်နဲ့ စစ်သည်တွေရဲ့ ဆုလာဘ်တွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။ "

" တတိယတပ်ရင်းမှ တပ်မှူးချန်တောက်က မြို့ကို ချိုးဖျက်ရာမှာ ပါဝင်ခဲ့တဲ့အတွက် ဘွဲ့ထူးနှစ်ဆင့်တိုးကာ အဆင့်ခုနှစ်ကို တိုးမြှင့်ပေးလိုက်တယ်။ သူက သက်ဆိုင်တဲ့ နှစ်စဉ်လစာကို ခံစားခွင့်ရှိပြီး မြေယာတစ်ရာမူကို ချီးမြှင့်ပေးလိုက်တယ်။ "

" တပ်ရင်းမှူးကျန်းဟန်က မြို့ရိုးကို ချိုးဖျက်ပြီး ရန်သူတပ်မှူးတွေကို သတ်ခဲ့တဲ့အတွက် ရာထူးနှစ်ဆင့်နဲ့ ဘွဲ့ထူးတစ်ဆင့် တိုးမြှင့်ပေးလိုက်တယ်။ ဝေချွမ်၊ လျိုဟွာ၊ လျူဝမ်နဲ့ ကျွမ်းဝေတို့ကလည်း မြို့သိမ်းတိုက်ပွဲမှာ ကြိုးစားအားထုတ်ခဲ့တဲ့အတွက် ရာထူးနဲ့ ဘွဲ့ထူးတစ်ဆင့်စီ တိုးမြှင့်ပေးလိုက်တယ်။ "

" တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်အားလုံးရဲ့ မိသားစုတွေကို သူတို့ရဲ့ နှစ်စဉ်လစာရဲ့ သုံးဆ လျော်ကြေးငွေ ထောက်ပံ့ပေးမယ်။ အသက်ရှင်ကျန်ရစ်တဲ့ စစ်သည်တွေကိုလည်း သူတို့ရဲ့ စွမ်းဆောင်မှုတွေအပေါ် အခြေခံပြီး ရာထူးတွေ တိုးမြှင့်ပေးလိုက်တယ်။ "

All Chapters