အခန်း (၇၈)
Vol. 8 Ch. 78
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၇၈)
" ငါတို့ မနက်ဖြန် ဝေမြို့ကို ထွက်ကြမယ်။ အခုတော့ မင်းတို့ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်။ ရိက္ခာတွေအတွက်တော့ စစ်တရားသူကြီးကို ငါ အစီရင်ခံပြီးပြီ။ ရိက္ခာတွေက စစ်တပ်နဲ့အတူ ပါလာလိမ့်မယ်။ " ကျောက်ဖုန်းက တပ်မှူးများကို ပြောလိုက်သည်။
" ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ " တပ်မှူးများနှင့် တပ်မမှူးများက တစ်ယောက်ပြီး တစယောက် ထွက်ခွာသွားကြသည်။
ကျောက်ဖုန်းက ထွက်မသွားသေးဘဲ ဆက်လက်ထိုင်နေခဲ့သည်။ မကြာမီ ချင်စစ်တပ်၏ ကင်းထောက်တပ်ဖွဲ့ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က သူ၏ ရှေ့တွင်ပေါ်လာသည်။
" ကျွန်တော် ဟန်ရှီ အရှင်ကို အရိုအသေပေးပါတယ်။ " သူက ဟန်နန်းတော်တွင် ကျောကဖုန်းကယ်တင်ခဲ့သော ဟန်ရှီပင်ဖြစ်သည်။
" ထပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်။ " ဟန်ရှီက ရိုသေစွာ ပြန်ပြောလိုက်သည်။ သူ့အတွက် ကျောက်ဖုန်းက အသက်သခင် ကျေးဇူးရှင်ဖြစ်သည်။
နန်းတော်အတွင်းရှိ ဟန်နိုင်ငံက မည်သူဖြစ်စေ ကျွန်အဖြစ် အဆင့်ချခံရမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ လူတစ်ယောက်ကို ကျွန်အဖြစ် မှတ်ပုံတင်လိုက်ခြင်းဖြင့် ဥပဒေအရ ထိုသို့သော ကျွန်တစ်ယောက်ကို သတ်ဖြတ်ခြင်းက ပြစ်ဒဏ်ခံရမည်မဟုတ်ပေ။
အသက်လေးဆယ်အရွယ်ရှိသော မိန်းမစိုး ဟန်ရှီက သဘာဝအတိုင်း အခြားသူများထက် အားနည်းသည်။ အကယ်၍ သူက ကျွန်အဖြစ် အမှန်တကယ် ခေါ်ဆောင်ခြင်းခံခဲ့ရလျှင် ရလဒ်က သေရန်သာရှိသည်။
" အရှင် " ဟန်ရှီက ရိုသေစွာ ပြောလိုက်သည်။ " ဒီကာလအတွင်း အရှင်ညွှန်ကြားထားတဲ့အတိုင်း ရှင်းကျန်းမှာ လူအချို့ကို စုဆောင်းထားနိုင်ပြီးပါပြီ။ အသေးစိတ်ကို အစီရင်ခံခွင့်ပြုပါ။ "
" အားလုံး ရောက်လာတဲ့အထိ စောင့်လိုက်ဦး။ " ကျောက်ဖုန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ အရှင်။ " ဟန်ရှိိက ရိုသေစွာ ပြောပြီး တိတ်ဆိတ်သွားသည်။
ခဏကြာသောအခါ ထွက်သွားကြသော ကျန်းဟန်၊ ဝေချွမ်နှင့် အခြားသုံးယောက်တို့က ပြန်ရောက်လာကြသည်။ သူတို့ ပြန်ရောက်လာသည်နှင့် တံခါးများကို ချက်ချင်း ပိတ်လိုက်ကြသည်။ မည်သူမှ အနားမကပ်နိုင်ရန် ယုံကြည်ရသော စစ်သည်များကိုလည်း အပြင်ဘက်တွင် ကင်းစောင့်ခိုင်းထားသည်။
" အရှင် " လူငါးယောက်က ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။
" ထိုက်ကြပါဦး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် အရှင်။ " သူတို့ငါးယောက်က မထိုင်ကြဘဲ ကျောက်ဖုန်းရှေ့တွင် ဆက်လက်ရပ်နေကြသည်။
" ပြောပါဦး။ " ကျောက်ဖုန်းက ဟန်ရှီကို ကြည့်ပြီး မေးလိုက်သည်။ " လူစုဆောင်းတာ အခြေအနေဘယ်လိုရှိလဲ။ "
" ဟုတ်ကဲ့ပါအရှင်။ ကျွန်တော် တိတ်တဆိတ် လူစုဆောင်းနေခဲ့တာပါ။ သာမန်လူတွေထဲက ၁၀နှစ်ဝန်းကျင်ရှိတဲ့ ယောကျာ်းလေးနဲ့ မိန်းကလေး စုစုပေါင်း သုံးရာလောက်ကို လျို့ဝှက်စုဆောင်းထားပါတယ်။ ပြီးတော့ ဟန်နန်းတော်က အနားယူသွားတဲ့ ထိပ်တန်းကိုယ်ရံတော် ၅၈ ယောက်၊ ပန်းပဲဆရာ ၂၆ယောက်၊ အရက်ချက်ဆရာ ၁၈ယောက်နဲ့ လက်သမား ၁၃ ယောက်တို့ကို စုဆောင်းခဲ့ပါတယ်။ "
ထိုအရေအတွက်ကို ကြားသောအခါ ကျောက်ဖုန်းက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
" ဟန်ရှီ မင်းကောင်းကောင်း လုပ်ခဲ့တာပဲ။ အစက ကလေးနှစ်ရာလောက် စုခိုင်းတာကို မင်းက သုံးရာတောင် ရှာပေးနိုင်ခဲ့တာပဲ။ "
" အရှင် ဟန်နယ်မြေက စစ်ဘေးဒဏ်က အခုမှ လွတ်မြောက်လာတာပါ။ ပဋိပက္ခတွေကြောင့် နေရပ်က စွန့်ခွာရသူတွေ နေရာတိုင်းမှာ ရှိနေပါတယ်။ သုံးရာရှာရတာ မခက်ပါဘူး။ "
" တကယ်လို့ အရှင် ပိုလိုချင်ရင်လည်း ကျွန်တော် ရှာပေးနိုင်ပါတယ်။ " ဟန်ရှီက သက်ပြင်းချလိုက်သည်။ " ဒီကလေးတွေကို အဝေးခေါ်သွားတယ်လို့ ထင်ရပေမယ့် တကယ်တော့ သူတို့ရဲ့ အသက်တွေိကို ကယ်တင်နေတာပါ။ "
" ဘာလို့ အဲ့လောက်တောင် စိတ်ပျက်နေတာလဲ။ " ကျောက်ဖုန်းက အံ့ဩစွာ မေးလိုက်သည်။ " ဟန်နယ်မြေက ယင်ချွမ်းခရိုင်ဖြစ်သွားပြီ။ ချင်ကလည်း တော်တဲ့ အုပ်ချုပ်သူကို ခန့်ထားပြီပဲ။ ယင်ချွမ်းက မကြာခင် တည်ငြိမ်သွားလိမ့်မယ်။ "
" အရှင် ကျွန်တော်က ဟန်ဘုရင်ကို အမြဲတမ်း အမှုထမ်းနေတာဆိုတော့ အခြေအနေကို ကောင်းကောင်းသိပါတယ်။ " ဟန်ရှီက ရှင်းပြလိုက်သည်။ " လွန်ခဲ့တဲ့ နှစ်တွေမှာ ဟန်ဘုရင်က သူ့နိုင်ငံကို ကာကွယ်ဖို့အတွက် မဟာမိတ်တွေ ခဏခဏ ပြောင်းလဲရင်း ရွှေငွေများစွာကို သုံးစွဲခဲ့ပါတယ်။ အဒြီငွေတွေအားလုံးက သာမန်ပြည်သူတွေဆီက အတင်းအကျပ် တောင်းခံထားတာတွေပါ။ "
" ယင်ချွန်းတစ်ခုလုံးရဲ့ အခွန်တွေကို နှစ်ပေါင်းများစွာ ကြိုတင်ကောက်ခံပြီးပါပြီ။ အခုဆောင်းရာသီကလည်း နီးနေပြဆိုတော့ ဘယ်နှစ်ယောက်က ငတ်ပြတ်ပြီး အအေးမိပြီး သေကြမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ စစ်မဖြစ်ခင်ကတောင် လူများစွာက ငတ်ပြတ်ပြီး သေဆုံးခဲ့တာ။ အခုဆိုပိုဆိုးတော့မှာပေါ့။ " ဟန်ရှီက စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
ဟန်ရှီ၏ စကားကြောင့် ကျောက်ဖုန်း၏ မျက်လုံးထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ရေခဲနှင့် နှင်းများဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် ငတ်မွတ်သေဆုံးသွားသော အလောင်းများက ရေခဲတုံးများကဲ့သို့ အေးစက်နေသည်။
" စိတ်မကောင်းစရာပဲ။ " ကျောက်ဖုန်းက သက်ပြင်းချလိုက်သည်။ " အခု ငါ့ရဲ့ စွမ်းရည်က အကန့်အသတ်နဲ့ ရှိနေတယ်။ လူအများကြီးကို မကယ်တင်နိုင်ဘူး။ လူအများကြီးဆိုရင် အာရုံစိုက်ခံရဖို့ လွယ်ကူနေပြီ။ "
" ဒါပေမယ့် ဝေမြို့ကို ရောက်သွားရင်တော့ ထပ်စုဆောင်းလို့ရပါတယ်။ ငါတတ်နိုင်သမျှလုပ်ပေးမှာပါ။ ကျန်တာကတော့ နန်းတွင်းက ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရုံပဲရှိတယ်။ ချင်ဘုရင်က ဒီအတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့ ငါယုံကြည်တယ်။ "
" အရှင်က တကယ်ကြင်နာတတ်တဲ့သူပါ။ ကျွန်တော် သေတဲ့အထိ အမှုထမ်းမယ်လို့ ကျိန်ဆိုပါတယ်။ " ဟန်ရှီက ဒူးထောက်ပြီး ပြောလိုက်သည်။
" ငါက ကြင်နာတတ်တာမဟုတ်ဘူး။ ဒါက အပြန်အလှန် လိုအပ်ချက်ကြောင့် လုပ်တာပဲ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
လူစုဆောင်းခြင်းက သူ၏ အနာဂတ်အစီအစဉ်များအတွက်ဖြစ်သည်။ သူ၏ နေရာနှင့် တာဝန်ကို ရှင်းရှင်းလင်းလင်း သိနေသည်။ သူက ယခုအချိန်တွင် လက်ထောက်စစ်သူကြီးတစ်ယောက်မျှသာဖြစ်သည်။
" ဟန်ရှီပြောတာတွေကို မင်းတို့လည်း ကြားမှာပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ "ကျန်းဟန် "
" အမိန့်ပေးပါ အရှင်။ " ကျန်းဟန်က ချက်ချင်း ပြန်ပြောလိုက်သည်။
" အဲ့ဒီလူသစ်တွေကို စစ်တပ်ထဲ တိတ်တဆိတ် ထည့်သွင်းပြီး ဝေမြို့ကို ခေါ်သွားဖို့ စီစဉ်လိုက်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" လူရာဂဏန်းလောက်ကတော့ လွယ်ပါတယ်။ " ကျန်းဟန်က ပြောလိုက်သည်။ " သူတို့ကို ရိက္ခာတန်းတွေထဲမှာ ထည့်ထားလိုက်မယ်။ ပြီးတော့ စခန်းက ကျွန်တော်တို့ရဲ့ လူယုံတွေကို စောင့်ကြပ်ခိုင်းလိုက်ပါမယ်။ "
" မင်းပဲ စီစဉ်လိုက်တော့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ လူရာဂဏန်းက သိသွားခဲ့လျှင်တောင် ပြဿနာမရှိနိုင်ဘဲ အစေခံများဟု ပြောနိုင်သည်။
ထို့နောက် ကျောက်ဖုန်းက ဝေချွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ " အကိုဝေ "
" အရှင် " ဝေချွမ်က ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။ " ကျွန်တော် သစ္စာဆိုပြီးပြီဆိုတော့ ဒီလိုခေါ်တာ လုံးဝ မသင့်တော်ပါဘူး။ "
၎င်းကို မြင်သောအခါ ကျောက်ဖုန်းက မရင်းနှီးသော ခံစားချက်တစ်ခုကို ရလိုက်သော်လည်း ထိုကိစ္စကို လက်လွှတ်လိုက်ရသည်။
" အခု ငါက လက်ထောက်စစ်သူကြီးဖြစ်နေပြီဆိုတော့ ကိုယ်ရံတော်တစ်ရာ ထားခွင့်ရှိတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " စခန်းက ငါတို့ညီအကိုဟောင်းတွေထဲက သစ္စာရှိပြီး ယုံကြည်ရတဲ့ စစ်သည်တစ်ရာကို ငါ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့အဖြစ် ရွေးချယ်စေချင်တယ်။ "
စစ်စည်းကမ်းအရဆိုလျှင် စစ်သူကြီးတစ်ယောက်သာ ကိုယ်ရံတော်တပ်ဖွဲ့ ထားရှိနိုင်ပြီး တစ်ဖွဲ့လျှင် လူတစ်ရာပါသော တပ်ဖွဲ့ငါးဖွဲ့၊ စုစုပေါင်းငါးရာကို ကွပ်ကဲနိုင်သည်။သို့သော် ကျောက်ဖုန်းက သာမန်လက်ထောက်စစ်သူကြီးမဟုတ်ဘဲ အဆင့်တစ်ဆယ်ရှိသော လက်ဝဲတော်မှူးဘွဲ့ကို ရရှိထားသူဖြစ်သည်။
လက်ဝဲတော်မှူးတစ်ယောက်က ကိုယ်ပိုင်စစ်သည်တစ်ရာ ထားရှိနိုင်သည်။ စစ်တပ်အတွင်း၌မူ သူတို့ကို ကိုယ်ရံတော်များဟု ခေါ်ဆိုနိုင်သည်။ လီထန်က ထိုအကြောင်းကို သူ့အား ပြောပြခဲ့ခြင်းဖြစ်သည်။
" အမိန့်အတိုင်းပါ အရှင်။ " ဝေချွမ်က ရိုသေစွာ ပြောလိုက်သည်။
" အခု တပ်မှူးအောက်က စစ်တပ်ထဲက ညီအကိုတွေရဲ့ ရာထူးတိုးတဲ့အကြောင်းတွေ ငါ့ကို ပြောပြပါဦး။ " ကျောက်ဖုန်းက လျိုဟွာကို ကြည့်ပြီး မေးလိုက်သည်။ သူက တပ်မှူးအဆင့်နှင့် အထက်အဆင့်တို့၏ ရာထူးတိုးမှုများကို သိပေသည်။
သို့သော် တပ်မှူးအောက်အဆင့်များကိုမူ စစ်တရားသူကြီးထံ တိုက်ရိုက်အစီရင်ခံရသောကြောင့် သူက အသေးစိတ်အချက်အလက်များကို မသိရပေ။
" အရှင် " လျိုဟွာက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ " ဟန်မြို့တော်တိုက်ပွဲမှာ အရှင်က ကျွန်တော်တို့ကို ဦးဆောင်ပြီး တံခါးကို ပထမဆုံး ချိုးဖျက်ခဲ့တာဆိုတာ အကြီးမားဆုံး စွမ်းဆောင်မှုက ကျွန်တော်တို့ဆီမှာပဲရှိတယ်။ ပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့က ဟန်ဘုရင်ကို ဖမ်းမိခဲ့တာကလည်း နောက်ထပ် အောင်မြင်မှုတစ်ခုပဲ။ ဒါကြောင့် ကျွန်တော်တို့ တပ်ဖွဲ့က အခြားတပ်ဖွဲတွေထက် ရာထူးတိုးတာပိုများခဲ့တယ်။ "
" ကိုးယောက်က တပ်ရင်းမှူးတွေဖြစ်လာပြီး ၁၅ယောက်က ငါးရာတပ်မှူးနွေဖြစ်လာတယ်။ ၈၉ယောက်က တစ်ရာတပ်မှူးတွေဖြစ်လာတယ်။ ပြီးတော့ တရားဝင်ရာထူးမတိုးတဲ့ အခြားသူတွေကိုလည်း ဘွဲ့ထူးတစ်ဆင့်စီ တိုးမြှင့်ပေးခဲ့တယ်။ "
သူတို့၏ တပ်ဖွဲ့က ရာထူးများစွာ တိုးမြှင့်ခဲ့ခြင်းမှာ ကျောက်ဖုန်း၏ ကြောက်စရာကောင်းပြီး ရဲရင့်သော ခွန်အားကြောင့် ဖြစ်သည်ကို လျိုဟွာက ကောင်းစွာ သိထားသည်။
" ငါတို့အားလုံးက တပ်ဖွဲ့တစ်ခုတည်းက ညီအကိုတွေပဲ။ နောက်မှာလည်း အဆက်အသွယ်မပြတ်စေနဲ့။ " ကျောက်ဖုန်းက အားလုံးကို အဓိပ္ပါယ်ပါပါပြောလိုက်သည်။
" စိတ်ချပါ အရှင်။ " သူတို့က ချက်ချင်း ပြန်လည်ဖြေကြားလိုက်ကြသည်။