အခန်း (၈၀)
Vol. 8 Ch. 80
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၈၀)
ရှန်းယန်မြို့တော်၊ ကျန်းထိုင်နန်းဆောင်။
ညအချိန်သို့ ရောက်နေပြီဖြစ်သော်လည်း နန်းတော်ကြီးက တောက်ပစွာ လင်းထိန်နေသည်။
ယနေ့တွင် ချင်ဘုရင်က အစီရင်ခံစာများကို ဖတ်ရှုခြင်းမှ ရပ်နားထားသည်။ သူက နန်းဆောင်အတွင်း အခြလူတစ်ယာက်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။ သူတို့နှစ်ယောက်ကြားတွင် ဝိုင်နျင့် အသားများတင်ထားသော စားပွဲတစ်လုံးရှိနေသည်။
ဘုရင်တစ်ပါးဖြစ်သော်လည်း ရင်ကျန့်က ဝိုင်အိုးကို ကိုင်ကာ သူ၏ ရှေ့မှလူအတွက် ငှဲ့ပေးနေသည်။ ထိုလူက ချင်နိုင်ငံ၏ အတော်ဆုံး သမားတော် ရှဝူချယ်ပင်ဖြစ်သည်။
" ယောက္ခမကြီး " ရင်ကျန့်က ခွက်ကို မြှောက်၍ လွမ်းဆွတ်သော လေသံနှင့် ပြောလိုက်သည်။
" ဒီနေ့က အာဖန်ရဲ့ ၃၁နှစ်မြောက် မွေးနေ့ပဲ။ သူမ ကျွန်တော်တို့ကို ခွဲသွားတာ ၁၇နှစ် ရှိသွားပြီ။ စကားတွေအများကြီးမပြောတော့ဘူး။ အာဖန်အတွက် သောက်ကြရအောင်။ "
ရှဝူချယ်က ဘာမှမပြောဘဲ သူ၏ ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် သူက ဝမ်းနည်းစွာ ပြောလိုက်သည်။
" ဒီကမ္ဘာမှာ အာဖန်ကို သတိရသေးတာဆိုလို့ ကျွန်တော်မျိုးတို့နှစ်ယောက်ပဲ ရှိတော့မယ်ထင်တယ်။ "
" စိတ်ချပါ ယောက္ခမကြီး။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။ ကျွန်တော် အာဖန်ကို ရှာပါ့မယ်။ တစ်ကမ္ဘာလုံးကို မြေလှန်ရရင်တောင် ကျွန်တော် သူမကို တွေ့အောင် ရှာပါ့မယ်။ "
ချင်နိုင်ငံ၏ ကမ္ဘာကြီးကို သိမ်းပိုက်ခြင်း။ ရင်ကျန့်က သူ၏ ဘုရင်အဆက်ဆက်နှင့် ချင်လူမျိုးများ၏ မျှော်လင့်ချက်ကို ဆက်ခံထားရုံသာမက သူ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော အလိုဆန္ဒတစ်ခုကို သိမ်းဆည်းထားသည်။
အကယ်၍ သူချစ်ရသူကို ချင်နိုင်ငံတွင် ရှာမတွေ့လျှင် ကမ္ဘာကြီးကို စည်းလုံးပြီးနောက် သူမကို တွေ့အောင်ရှာမည်ဖြစ်သည်။
" ကျွန်တော်မျိုး အဲ့ဒီနေ့ကို စောင့်နေပါမယ်။ အာဖန်အတွက်ရော ကမ္ဘာကြီးစုစည်းဖို့အတွက်ရော။ "
" ကျောက်နိုင်ငံက လေးစားခံရတဲ့ သမားတော် ရာထူးကို စွန့်လွှတ်ပြီး ကျွန်တော်မျိုး အာဖန်နဲ့အတူ ချင်ကို ဘာလို့ထွက်ပြေးလာခဲ့လဲဆိုတာ အရှင်မင်းကြီးသိလား။ " ရှဝူချယ်က ပြုံး၍ မေးလိုက်သည်။
" ဘာဖြစ်လို့လဲဆိုတော့ အာဖန်နဲ့ ကျွန်တော်က အရမ်းချစ်ကြတယ်လေ။ ပြီးတော့ ယောက္ခမကြီးမှာ သူမကလွဲလို့ အခြားသားသမီးမရှိလို့ပဲ။ " ချင်ဘုရင်က စဉ်းစားခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
သို့သော် ထိုစကားများကို ကြားသောအခါ ရှဝူချယ်က ခေါင်းခါလိုက်သည်။
" အဲ့ဒါကြောင့်မဟုတ်ဘူးလား။ " ရင်ကျန့်က အနည်းငယ် အံ့ဩသွားသည်။
" ဟိုတုန်းက အရှင်မင်းကြီးကို ကျောက်စစ်သည်တွေက ရေနစ်သတ်မလို့ လုပ်တုန်းက ရှန်းယွဲ့က အရှင်မင်းကြီးကို ကျွန်တော်မျိုးဆီခေါ်လာခဲ့တယ်။ အဲ့ဒါ အရှင်မင်းကြီးကို ကျွန်တော်မျိုး ပထမဆုံး တွေ့ဖူးတာပဲ။ " ရှဝူချယ်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" အဲ့ဒီနေ့က အာဖန်ကိုလည်း ပထမဆုံး သတွေ့တဲ့နေ့ပဲ။ " ရင်ကျန့်က နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။
" အဲ့ဒီနောက်မှာ အရှင်မင်းကြီးက ကျွန်တော်မျိုးရဲ့ အိမ်ဘေးကို ပြောင်းလာခဲ့တယ်။ " ရှဝူချယ်က ဆက်ပြောလိုက်သည်။ " ရှန်းယွဲ့က အရှင်မင်းကြီးကို ဘုရင်တစ်ပါးရဲ့ လမ်းစဉ်ကို သင်ပေးခဲ့တယ်။ အတူတူဖြတ်သန်းခဲ့တဲ့နှစ်တွေမှာ အရှင်မင်းကြီးဆီမှာ အုပ်ချုပ်သူတစ်ယောက်ရဲ့ အရိပ်အယောင်ကို မြင်တွေ့ခဲ့ရသလို အာဖန်ကို ပေးခဲ့တဲ့ကတိကိုလည်း ကျွန်တော်မျိုး ကြားခဲ့ရတယ်။ "
" အာဖန်ကို ပေးခဲ့တဲ့ကတိ..." ရင်ကျန့်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
သူက လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျောက်နိုင်ငံတွင် ဓားစာခံဖြစ်နေသာ အချိန်များကို ပြန်တွေးမိသွားသည်။ တစ်နေ့တွင် သူက အာဖန်နှင့်အတူ ဟန်တန်မြို့ထဲတွင် အတူယှဉ်တွဲ လမ်းလျှောက်ခဲ့ကြသည်။
သူတို့က မတရားမှုများ၊ ငတ်မွတ်ပြီး သဆူံနေကြသူများနှင့် စစ်ပွဲများကြောင့် အသတ်ခံနေရသော သာမန်ပြည်သူများကို မြင်တွေ့ခဲ့ရသည်။ ထိုနေ့တွင် အာဖန်က အိမ်သို့ စိတ်မကောင်းစွာ ပြန်လာခဲ့သည်။
သမားတော်တစ်ယောက်၏ သမီးတစ်ယောက်ဖြစ်သော သူမက ကြင်နာတတ်သော နှလုံးသားရှိပြီး လူများသေဆုံးနေကြသည်ကို မကြည့်ရက်ခဲ့ပေ။ ထိုနေ့တွင် ရင်ကျန့်က အာဖန်ကို ကတိတစ်ခုပေးခဲ့သည်။
" အာဖန်... တစ်နေ့ ငါ ချင်ကို ပြန်ရောက်ပြီး ဘုရင်ဖြစ်လာတဲ့အခါ အရာအားလုံးကို ငါပြောင်းလဲပစ်မယ်။ ကမ္ဘာကြီး ငြိမ်းချမ်းသွားဖို့အတွက် စစ်ပွဲတွေအားလုံးကို ငါအဆုံးသတ်ပစ်မယ်။ ကောင်းကင်အောက်က လူသားအားလုံးကို အေးအေးချမ်းချမ်း နေထိုင်နိုင်အောင် ငါလုပ်ပေးမယ်။ "
" သမားတော်တစ်ယောက်က အိမ်ထောင်စုအနည်းငယ်နဲ့ လူအချို့ကိုပဲ ကုသပေးနိုင်တယ်။ ဒါပေမယ့် ငါသာဘုရင်ဖြစ်လာရင် တစ်ကမ္ဘာလုံးကို ကုသပေးမယ်။ ကမ္ဘာကြီးကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် လုပ်နိုင်လိမ့်မယ်။ "
၎င်းက သူ၏ ငယ်ဘဝက ရည်ရွယ်ချက် သို့မဟုတ် အာဖန်ကို ပေးခဲ့သော ကတိတစ်ခု ဖြစ်သည်။ အာဖန်တစ်ယောက်တည်းမဟုတ်ဘဲ ရှဝူချယ်ကလည်း ၎င်းကို ကြားခဲ့ရသည်။
" ဒါဆို အဲ့ဒီတုန်းက ယောက္ခမကြီးက ခိုးနားထောင်နေခဲ့တာပေါ့။ " ရင်ကျန့်က ပြုံးပြီး ပြောလိုက်သည်။
" တကယ်လို့ အဲ့ဒီစကားကိုသာ မကြားခဲ့ရင် ကျွန်တော်မျိုးက အရှင်မင်းကြီးနဲ့ အာဖန်တို့နဲ့အတူ ထွက်ပြေးလာမှာမဟုတ်ဘူး။ " ရှဝူချယ်က ပြောလိုက်သည်။
" ကျွန်တော်မျိုး ဆေးကုလာတာ နှစ်ပေါင်းများစွာရှိပြီ။ လူပေါင်းများစွာကိုလည်း ကယ်တင်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်မျိုး မြင်ဖူးသမျှထဲမှာ အဆိုးဆုံးရောဂါက ဖျားနာတာမဟုတ်ဘူး။ အဲ့ဒါက ငတ်မွတ်မှုနဲ့ စစ်ဘေးဒုက္ခတွေပဲ။ "
" အဲ့ဒါတွေက ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ရောဂါတွေပဲ။ အရှင်မင်းကြီးပြောတာမှန်တယ်။ သမားတော်တစ်ယောက်တည်းက လူဘယ်နှစ်ယောက်ကို ကယ်တင်နိုင်မှာလဲ။ နောက်ဆုံးမှာတော့ ဒါက ကမ္ဘာကြီးကို မပြောင်းလဲနိုင်ဘူး။ "
" မရေတွက်နိုင်တဲ့ လူတွေ ဆက်သေနေဦးမှာပဲ။ ကမ္ဘာကြီးက နိုင်ငံအသီးသီး ကွဲပြားနေသရွေ့ လူတွေက အဆုံးမရှိ သေနေကြဦးမှာပဲ။ တစ်စည်းတစ်လုံးတည်းဖြစ်ဖို့ပဲလိုတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်တွေက အာဖန်ကို ခေါ်ပြီး အရှင်မင်းကြီးနောက် လိုက်လာခဲ့တာပဲ။ " ရှဝူချယ်က ပြောလိုက်သည်။
" အခုပြန်စဉ်းစားကြည့်ရင် ယောက္ခမကြီး အဲ့ဒီစကားတွေကို မကြားခဲ့ရင် ကောင်းမှာပဲလို့ တွေးမိတယ်။ ကျွန်တော် ယောက္ခမကြီးကို စိတ်ပျက်အောင် လုပ်ခဲ့မိပြီ။ "
" ကျွန်တော် အာဖန်ကိုလည်း ဆုံးရှုံးခဲ့ရပြီ။ သူမ ပျောက်ဆုံးနေတယ်။ သူမ အသက်ရှင်နေသေးလား သေသွားပြီလားတောင် ကျွန်တော်မသိဘူး။ " ရင်ကျန့်က ခါးသီးစွာဖြင့် ပြောလိုက်သည်။
၎င်းကို မြင်သောအခါ ရှဝူချယ်က ရင်ကျန့်ကို ဝိုင်တစ်ခွက်ငှဲ့ပေးပြီး ပြောလိုက်သည်။
" အဲ့ဒီတုန်းက ဖြစ်ခဲ့တာအားလုံးကို ကျွန်တော်မျိုးသိပါတယ်။ ဒါက အရှင်မင်းကြီး အလိုရှိတဲ့အရာမဟုတ်ဘူး။ ကျွန်တော်မျိုးနဲ့ အာဖန်က အာဏာလုပွဲမှာ ကြားညှပ်သွားခဲ့တာပဲ။ အရှင်မင်းကြီးက နန်းတက်ခါစဆိုတော့ သူတို့ကို ဘယ်လိုလုပ်ဖိနှိပ်နိုင်မှာလဲ။ "
" အခု သူတို့ကို ဖိနှိပ်ထားနိုင်ပြီဆိုပေမယ့် သူတို့ရဲ့ ရည်မှန်းချက်တွေကတော့ ငြိမ်းသေသွားတာမဟုတ်ဘူး။ အာဏာဆိုတဲ့ စကားလုံးက တကယ်ကို ထကြွမှုတွေ အများကြီးကို ဖြစ်စေခဲ့တာပဲ။ "
ရင်ကျန့်က ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လင်းလက်သွားသည်။ " တကယ်လို့ ကျွန်တော်မှာ နောက်ထပ် အခွင့်အရေးသာရှိရင် အဲ့ဒီတုန်းကလိုမျိုး ထပ်မဖြစ်စေရဘူး။ "
" ယောက္ခမကြီး စိတ်ချပါ။ ကျွန်တော် ယောက္ခမကြီးအတွက် တရားမျှတမှုကို ပေးပါမယ်။ "
" ဖန်ယွီချီ သူက အာဖန်ကို သတ်လုနီးပါး ဖြစ်အောင်လုပ်ခဲ့ပြီး နောက်ဆုံးမှာ သူမ ပျောက်ဆုံးသွားအောင် လုပ်ခဲ့တယ်။ တစ်နေ့မှာ ယောက္ခမကြီးအတွက် သူ့ရဲ့ ခေါင်းကို ယူလာခဲ့ပါမယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" ရင်အာ..." ထိုအချိန်တွင် ရှဝူချယ်၏ ခေါ်ဝေါ်ပုံက ရုတ်တရက် ပြောင်းလဲသွားသည်။
" ဟုတ်ကဲ့ ယောက္ခမကြီး " ရင်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။ တစ်ကမ္ဘာလုံးတွင် ရှဝူချယ်တစ်ယောက်သာ သူ့ကို ထိုမျှရင်းနှီစွာ ခေါ်နိုင်လေသည်။
" မင်း အမေကို မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ။ " ရှဝူချယ်က ရုတ်တရက် မေးလိုက်သည်။
ထိုစကားများကြောင့် ရင်ကျန့်၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားပြီး ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ " ဆယ်စုနှစ်တစ်ခု ရှိပါပြီ။ "
" ဒီနှစ်တွေတစ်လျှောက်လုံးမှာ မင်းရဲ့ နှလုံးသားထဲက ဝေဒနါကို မြင်နေရတယ်။ မင်းအမေကို မတွေ့တာ ဆယ်နှစ်ရှိပြီ။ မင်းသူ့ကို သတိရနေတယ်ဆိုတာ ငါသိပါတယ်။ တကယ်လို့ မင်း သွားချင်တယ်ဆိုရင် သွားသင့်ပါတယ်။ "
ထိုနှစ်များတွင် ရှဝူချယ်က ဖြစ်ပျက်သမျှအရာအားလုံးကို မြင်တွေ့ခဲ့ရသူဖြစ်သည်။ ၎င်းကို ကြားသောအခါ ရင်ကျန့်၏ မျက်နှာတွင် လွမ်းဆွတ်မှုများ ဖြတ်သန်းသွားသော်လည်း သူ၏ မိခင်ပုံရိပ်က မုန်းတီးသော ခံစားချက်ကို နှိုးဆွပေးနေသည်။
" ယောက္ခမကြီး အဲ့ဒီတုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာ သိနေတာပဲ။ သူ သူမ ကျွန်တော်ကို သစ္စာဖောက်ခဲ့တယ်။ အပြင်လူတွေအတွက် အဲ့ဒီအောက်တန်းစားနှစ်ယောက်အတွက် သူမက ကျွန်တော်ကို သစ္စာဖောက်ခဲ့တယ်။ ချင်ကိုလည်း သစ္စာဖောက်ခဲ့တယ်။ သူမရဲ့ သားဖြစ်တဲ့ ကျွန်တော်ကိုတောင် သတ်ချင်ခဲ့တယ်။ "
" သူမလုပ်ခဲ့တဲ့အရာတွေကို ငါ ဘယ်လိုလုပ်မသိဘဲနေမှာလဲ။ " ရှဝူချယ်က ပြောလိုက်သည်။ ဒီနေ့ သူမအကြောင်း ပြောတာက သူမကို အတင်းအကျပ် သွားတွေ့ခိုင်းတာမဟုတ်ဘူး။ မင်းရင်ထဲက ဝေဒနါကို ရင်ဆိုင်ဖို့ ပြောတာပါ။ ဆယ်နှစ်တောင်ရှိသွားပြီ။ မင်းစိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပါတယ်။ "
ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ယောက္ခမကြီး ကျွန်တော် အဲ့ဒါကို အခုထိ လက်မလွှတ်နိုင်သေးဘူး။ ကျောက်နိုင်ငံမှာ ဓားစာခံဖြစ်တုန်းက သူမက ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်အတွက်ဆို သူမက အသက်တောင်ပေးဝံ့ခဲ့တာ။ "
" ဒါပေမယ့် ချင်နိုင်ငံကို ပြန်ရောက်လာပြီးတဲ့နောက်မှာ အရာအားလုံးပြောင်းလဲသွားခဲ့တယ်။ တစ်ချိန်တုန်းက သူမက ကျွန်တော်နဲ့ အာဖန်နဲ့ကိုတောင် အားပေးခဲ့တာ။ ဒါပေမယ့် ကျွန်တော် ဘုရင်ဖြစ်လာပြီးနောက်ပိုင်းမှာ သူမက ဦးဆောင်ပြီး ကန့်ကွက်ခဲ့တယ်။ နောက်ဆုံးမှာ အာဖန် ကျွန်တော်ကို ခွဲသွားတဲ့အထိ ဖြစ်ခဲ့ရတယ်။ "
" နောက်ပိုင်းမှာ သူမက သစ္စာဖောက် လောက်အိုင်နဲ့ ပေါင်းသင်းပြီး ကလေးတွေ မွေးခဲ့တယ်။ ကျွန်တော်ရဲ့ တော်ဝင်မိသားစုနဲ့ ချင်နိုင်ငံကို အရှက်ရစေခဲ့တယ်။ သူမက လောက်အိုင်ရဲ့ ပုန်ကန်မှုကိုတောင် အားပေးခဲ့တယ်။ "
" ဒီဖြစ်ရပ်တွေက တစ်ခုပြီးတစ်ခု.... ကျွန်တော် သူမကို တကယ်ခွင့်မလွှတ်နိုင်ဘူး။ သူမကို ထပ်တွေ့ဖို့လည်း ကျွန်တော်မခံစားနိုင်ဘူး။ "
ထိုစကားများကို ကြည့်ခြင်းဖြင့် ချင်ဘုရင်က သူ၏ မိခင်အပေါ် မည်မျှနာကျည်းသည်ကို ဖော်ပြနေသည်။ ကျောက်ကိုယ်လုပ်တော် လုပ်ခဲ့သော အရာများကို ကြည့်လျှင် သူမသာ ချင်ဘုရင်၏ မိခင်မဟုတ်ခဲ့လျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အသတ်ခံခဲ့ရပေလိမ့်မည်။
" သူမ အဆင်ပြေရဲ့လား။ " နောက်ဆုံးတွင် ရင်ကျန့်က တွေဝေစွာဖြင့် မေးလိုက်သည်။
" မင်းရဲ့ အဘွားက သူမကို စောင့်ရှောက်ပေးနေပါတယ်။ ကျောက်ကိုယ်လုပ်တော်ကတော့ တွေဝေငေးမောနေတယ်။ " ရှဝူချယ်က ပြောလိုက်သည်။
" အနာဂတ်မှာ အရာအားလုံး အေးချမ်းသွားတဲ့အခါ ကျွန်တော် သူမကို သွားတွေ့မိမှာပါ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
" ကောင်းပါပြီ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။
" ဒီနေ့က အာဖန်ရဲ့ မွေးနေ့ပဲ။ ငါတို့နှစ်ယောက် သူမအတွက် သေချာလေးကျင်းပပေးရမယ်။ "
" ကောင်းပြီ။ ဒီည ကျွန်တော်တို့ မူးသွားတဲ့အထိ သောက်ကြတာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။