မင်္ဂလာဦးည၊ မက်မွန်ပွင့်ဝိညာဉ်ခန္ဓာ(၃)။
Vol. 41 Ch. 453
ဤမျှ အချိန်အကြာကြီး စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် သခင်မမက်မွန်ပွင့်ကို ရရှိခဲ့ပြီး ကိုယ့်အပိုင်မိန်းမ ဖြစ်လာစေခဲ့ခြင်းအပေါ် သူ အလွန် ကျေနပ်နေမိသည်။
ဤသည်မှာ ကောင်းမှုတစ်ခု ဖြစ်မြောက်ရန် အခက်အခဲများစွာ ကြုံရတတ်သည်ဟုသာ ဆိုရပေလိမ့်မည်။
ထင်ရှားသည်မှာ ယခုတစ်ကြိမ် သူ သခင်မမက်မွန်ပွင့်ကို လက်ထပ်ခြင်းသည် အတော်လေး ထင်ရှားကျော်ကြားသွားခဲ့ပြီး၊ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြား၏ မနာလိုဝန်တိုမှုကို သေချာပေါက် ဖြစ်စေလိမ့်မည်။
သို့သော် ထိုသို့ဆိုလျှင်ပင် ဘာြဖစ်နိုင်ပါသနည်း။
ယနေ့အချိန်သည် အတိတ်ကနှင့် မတူတော့ပေ၊ ယခု သူ့တွင် မနာလိုဝန်တိုမှု အားလုံးကို ရင်ဆိုင်နိုင်သော လုံလောက်သည့် အင်အား ရှိနေပြီ ဖြစ်သည်။
ကြယ်သုံးပွင့်ကျွန်းစုတွင် ရှိနေသရွေ့ ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူ လာရောက်တိုက်ခိုက်လျှင်ပင် သေလမ်းသို့သာ မြန်းရမည် ဖြစ်သည်။
"ယောက်ျားရဲ့ ခန္ဓာကိုယ်ထဲက အနှစ်သာရက ဒီလောက်ထိ သန်မာလိမ့်မယ်လို့ ကျွန်မလည်း မထင်ထားခဲ့ဘူး..."
"ကျွန်မရဲ့ မက်မွန်ပွင့်ဝိညာဉ်ခန္ဓာတောင် ယောက်ျားကို နည်းနည်းလေးမှ မထိခိုက်စေဘူး..."
"ယောက်ျားရဲ့ ပိုလျှံနေတဲ့ သန့်စင်ယန်စွမ်းအင်တွေကို စုပ်ယူပေးတာက ယောက်ျားရဲ့ ကျင့်ကြံခြင်းကိုတောင် အထောက်အကူ ဖြစ်စေနိုင်သေးတယ်..."
သခင်မမက်မွန်ပွင့်သည် ကျိုးစွေ့ကို ချစ်ခင်စုံမက်စွာ ကြည့်လိုက်ပြီး ခံစားချက်ပါပါ ပြောလိုက်ချေသည်။
လောကကြီးတွင် အနှစ်သာရ ဤမျှ သန်မာသော အမျိုးသားမျိုး အမှန်တကယ် ရှိနေလိမ့်မည်ဟု သူမလည်း မထင်ထားခဲ့ပေ။
သူမ မည်သို့ပင် စုပ်ယူသည်ဖြစ်စေ၊ သူမ ဗိုက်ဝသွားလျှင်တောင်မှ တစ်ဖက်လူသည် အားအင်ပြည့်ဝနေဆဲသာ ဖြစ်သည်။
သူမ၏ ရွေးချယ်မှုမှာ အမှန်တကယ် မှန်ကန်ခဲ့သည်ဟုသာ ဆိုရပေတော့မည်။
"ဟုတ်သားပဲ ယောက်ျား... ကျွန်မ ပြောစရာ ရှိတယ်..."
သခင်မမက်မွန်ပွင့် တစ်စုံတစ်ခုကို သတိရသွားပြီး ကျိုးစွေ့ကို ကြည့်လိုက်ရာ အမူအရာမှာ အလွန်လေးနက်နေပုံ ရသည်။
"အိုး... ဘာများလဲ..."
ကျိုးစွေ့က စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။
"သခင်မမက်မွန်ပွင့် ဆိုတာက ကျွန်မနာမည် မဟုတ်ဘူး... ဘွဲ့နာမည် သက်သက်ပါပဲ..."
"တကယ်တော့ ကျွန်မ နာမည်ရင်းက ကျောက်ထောင်ယောင် ပါ..."
"ဒါက ရင်းနှီးတဲ့သူတွေပဲ သိတဲ့ နာမည်ပါ..."
"ဒါကြောင့် ဒီကိစ္စကို ယောက်ျားကို သိစေချင်လို့..."
သခင်မမက်မွန်ပွင့်သည် ကျိုးစွေ့ကို ရင်းနှီးစွာ ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
"ထောင်ယောင် ဟုတ်လား... တကယ့်ကို နာမည်ကောင်းလေးပဲ..."
"နောက်ပိုင်းကျရင် အင်မော်တယ်ရှားတောင်ထွတ်ကို ပြောင်းလာခဲ့တော့..."
"လက်ထပ်ပြီးကာစမှာ တစ်ယောက်တစ်နေရာစီ ခွဲနေလို့ ဘယ်ဖြစ်မလဲ..."
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ပြီး ကျောက်ထောင်ယောင်၏ ရေလိုကြည်လင်သော မျက်ဝန်းရွှဲကြီးများကို ကြည့်လိုက်ရာ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေပုံ ရသည်။
တစ်ကြိမ်တစ်ခါ အတူနေပြီးနောက် သူမ၏ မက်မွန်ပွင့်ဝိညာဉ်ခန္ဓာကို အပြည့်အဝ ဖွင့်လှစ်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။
ယခုအခါ သူမ၏ ဆွဲဆောင်မှုသည် ယခင်ကထက် ပိုမို အားကောင်းလာပုံ ရလေသည်။ မက်မွန်ပွင့်ဝိညာဉ်ခန္ဓာသည် အလားအလာ အကန့်အသတ်မရှိဟုသာ ဆိုရပေမည်။
ပါရမီအရဆိုလျှင် သူမ၏ မိခင်ထက် မည်မျှ အဆပေါင်းများစွာ သာလွန်ကြောင်း မသိနိုင်ပေ။
"အင်း..."
ဤစကားကို ကြားသောအခါ သခင်မမက်မွန်ပွင့်၏ မျက်နှာလေး နီရဲသွားရှာသည်။
“သျှောင်နောက် ဆံထုံးပါ” ဆိုသကဲ့သို့၊ ယခု သူမသည် ကျိုးစွေ့၏ တာအိုလက်တွဲဖော် ဖြစ်နေပြီဖြစ်ရာ ကျိုးစွေ့နှင့်အတူ နေထိုင်ရမည်မှာ သဘာဝကျသော ကိစ္စပင် ဖြစ်၏။
စကားဆုံးသည်နှင့် ကျိုးစွေ့သည် သခင်မမက်မွန်ပွင့်ကို ပွေ့ဖက်လိုက်ပြီး အချိန်ရှိခိုက် လုံ့လစိုက်ကာ နောက်ထပ်တစ်ကြိမ် ထပ်မံ၍ ကျင့်ကြံလိုက်ပြန်တော့သည်။
ဤသည်မှာ ‘အစားကောင်း၊ အသောက်ကောင်းနှင့် တွေ့နေရသဖြင့် အိမ်ပြန်ရန်ပင် သတိမရ’ဟုသာ ဆိုရပေမည်။
…………
ရက်အနည်းငယ် ကြာပြီးနောက်...။
ကျိုးစွေ့နှင့် သခင်မမက်မွန်ပွင့်တို့သည်လည်း အင်မော်တယ်ရှားဂိုဏ်းသို့ ပြန်ရောက်လာကြသည်။ မင်္ဂလာဧည့်ခံပွဲ ပြီးဆုံးသွားပြီးနောက် ဤကိစ္စ၏ ဂယက်ရိုက်ခတ်မှုသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တော့သည်။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံသူများတွင်လည်း ကိုယ်ပိုင်အလုပ်များ ရှိကြရာ ဤကိစ္စကိုသာ အမြဲတမ်း အာရုံစိုက်နေ၍ မဖြစ်နိုင်ပေ။
အရေးအကြီးဆုံးမှာ ကမ္ဘာပေါင်းစပ်ခြင်း ဖြစ်စဉ်သည် ပိုမိုပြင်းထန်လာပြီး ဟင်းလင်းပြင်နိမိတ်လက္ခဏာများ ပိုမိုများပြားလာခဲ့သည်။
ဤသည်မှာ ကျင့်ကြံသူအမြောက်အမြား၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။
ဝိညာဉ်သန္ဓေသား အင်အားစုအများအပြား စတင်လှုပ်ရှားလာကြပြီး ဟင်းလင်းပြင်နိမိတ်လက္ခဏာများ ပေါ်ထွန်းသော နေရာများတွင် မြို့တော်များ တည်ဆောက်ခဲ့ကြသည်။
ကမ္ဘာ့တံခါးပေါက် ဖြစ်ပေါ်လာပြီး မိစ္ဆာသားရဲများ အတွင်းမှ ထွက်လာသည်နှင့် ချက်ချင်း မိုးကြိုးပစ်သကဲ့သို့ တိုက်ခိုက်ချေမှုန်းရန် ဖြစ်သည်။
လက်ရှိတွင် ဤဟင်းလင်းပြင်နိမိတ်လက္ခဏာများသည် ပြီးပြည့်စုံသော ကမ္ဘာ့တံခါးပေါက်အဖြစ် မဖွဲ့စည်းသေးသဖြင့် ကမ္ဘာ့တံခါးပေါက်မှ မိစ္ဆာသားရဲများ ထွက်မလာသေးရာ ယာယီအားဖြင့် ဘေးကင်းနေသေးသည်။
"ဒီလောက် ကံဆိုးလိမ့်မယ်လို့ မထင်ထားဘူး... နှစ်သောင်းချီမှ တစ်ခါကြုံရတဲ့ ကမ္ဘာပေါင်းစပ်ခြင်း ဖြစ်စဉ်နဲ့ ကြုံရပြီး... ရှေးဟောင်းမိစ္ဆာကမ္ဘာရဲ့ ကျူးကျော်မှုကို ခံရတော့မယ်... ကြည့်ရတာ နောက်ထပ် နှစ်ရာချီတဲ့အထိ ငြိမ်းချမ်းတဲ့အချိန် ရှိတော့မှာ မဟုတ်ဘူး..."
"လောလောဆယ် ပဉ္စမအဆင့် မိစ္ဆာသားရဲတွေ ကမ္ဘာ့တံခါးပေါက်ကနေ ဖြတ်ကျော်မလာနိုင်သေးပေမယ့်... ဒါကလည်း အနှေးနဲ့အမြန် ဖြစ်လာမယ့် ကိစ္စပဲ... ကြည့်ရတာ ကျင့်ကြံခြင်းကို မြန်မြန်ဆန်ဆန် မြှင့်တင်မှပဲ အနာဂတ် ကပ်ဘေးကြီးကို ရင်ဆိုင်နိုင်လိမ့်မယ်..."
ဤအချိန်တွင် တိတ်ဆိတ်သော အခန်းထဲ၌ ကျိုးစွေ့သည် အနာဂတ် အစီအစဉ်များကို တိတ်ဆိတ်စွာ စဉ်းစားနေသည်။
သူ၏ ရင်ထဲတွင် အရေးတကြီး လိုအပ်ချက်များ ဖြစ်ပေါ်လာမိသည်။
သူ၏ လက်ရှိ ကျင့်ကြံခြင်းသည် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ရှေးဟောင်းမိစ္ဆာကမ္ဘာ၏ ကျူးကျော်မှုကို ရင်ဆိုင်ရန် ဤမျှလောက်သော ကျင့်ကြံခြင်းဖြင့် မလုံလောက်သေးပေ။ အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်မှသာ၊ လူ့လောကတွင် ပြိုင်ဘက်ကင်း ဖြစ်မှသာ လုံခြုံမှု အနည်းငယ် ရှိပေလိမ့်မည်။
သို့မဟုတ်ပါက စတုတ္ထအဆင့် မိစ္ဆာသားရဲများ၊ ပဉ္စမအဆင့် မိစ္ဆာသားရဲများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပါက သူ ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။
"အနိုင်ကို မစဉ်းစားခင် အရှုံးကို အရင် စဉ်းစားရမယ်..."
"ထွက်ပေါက်တစ်ခု ရှာထားရန် အချိန်တန်ပြီ..."
"အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး..."
"တကယ်လို့ ချန်လန်ပင်လယ်ဒေသက မိစ္ဆာသားရဲတွေရဲ့ အကြီးစား ကျူးကျော်မှုကို ခံရပြီး... ဝိညာဉ်သန္ဓေသား အင်အားစုတွေ မခုခံနိုင်တော့ရင်... အဲဒီအချိန်ကျရင် ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အခြေခံအုတ်မြစ်ကို စွန့်လွှတ်ပြီး တခြားနေရာမှာ အသစ်ပြန်စရလိမ့်မယ်..."
"အခြေအနေက အဲဒီလောက် ဆိုးရွားတဲ့အထိ ဖြစ်လာချင်မှ ဖြစ်လာမှာဆိုပေမယ့်... ကြိုတင်ပြင်ဆင်ထားတာ မမှားဘူး..."
"ဟုတ်သားပဲ... ချန်လန်ပင်လယ်ဒေသမှာ နေလို့မရရင်တောင်မှ တခြားနေရာတွေမှာ နေလို့ မရဘူးလို့ မဆိုလိုဘူး..."
"ဥပမာဆိုရင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၊ အနောက်ပိုင်းကုန်းမြေတိုက်ကြီး၊ မြောက်ပိုင်းကုန်းမြေတိုက်ကြီးနဲ့ တောင်ပိုင်းကုန်းမြေတိုက်ကြီး စသဖြင့်ပေါ့လေ..."
"အဲဒီနေရာတွေကမှ ဒီကမ္ဘာကြီးရဲ့ ဗဟိုချက်မဖြစ်သလို... အင်မော်တယ်ကျင့်ကြံတဲ့ ဂိုဏ်းအများအပြား စုဝေးရာနေရာလည်း ဟုတ်တယ်..."
"နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတွေတောင် ရှိတယ်လို့ ကြားရတယ်..."
"အဲဒီနေရာတွေကို သွားရင် နတ်ဘုရားအသွင်ပြောင်းအရှင်တွေ ရှိနေတော့ တော်ရုံတန်ရုံ လုံခြုံမှု ရှိမှာ သေချာတယ်..."
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ၏ ထွက်ပေါက်အစီအစဉ်ကို စဉ်းစားလိုက်သည်။
သို့သော် ဤမျှ ဝေးကွာသော အကွာအဝေးကို ဖြတ်ကျော်လိုပါက စတုတ္ထအဆင့် 'တည်နေရာရွှေ့ပြောင်းကူ' ပင်လျှင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းအစီအရင် ဖြစ်သည််
ဤသည်မှာ ပဉ္စမအဆင့် အထွတ်အထိပ်အဆင့် အစီအရင်ဖြစ်ပြီး လျှို့ဝှက်နက်နဲမှုများမှာ အကန့်အသတ်မရှိပေ။
ရှေးဟောင်းခေတ်တွင် ကုယုံဂိုဏ်းသည် ဤရှေးဟောင်းတည်နေရာရွှေ့ပြောင်းအစီအရင်ကို မှီခိုပြီး ကမ္ဘာအနှံ့ ခရီးသွားခဲ့ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံခြင်းလောကများနှင့် ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဤရှေးဟောင်းတည်နေရာရွှေ့ပြောင်းအစီအရင်ကို အသက်သွင်းနိုင်ပါက မိမိကို အခြား ကျင့်ကြံခြင်းလောကများသို့ ပို့ဆောင်ပေးနိုင်ကောင်း ပို့ဆောင်ပေးနိုင်ပေလိမ့်မည်။
"နှမြောစရာပဲ... လောလောဆယ် အဲဒီ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းအစီအရင်ကို ပြင်မရသေးဘူး..."
ကျိုးစွေ့ အနည်းငယ် စိတ်ပျက်သွားမိသည်။
သူသည် ထိုရှေးဟောင်းတည်နေရာရွှေ့ပြောင်းအစီအရင်ကို အလွန် လျင်မြန်စွာ ပြုပြင်နိုင်လိမ့်မည်ဟု မူလက ထင်မှတ်ခဲ့သည်။
ထင်ရှားသည်မှာ ပြုပြင်ရန် ခက်ခဲမှုအဆင့်ကို သူ လျှော့တွက်မိခဲ့သည်။
ရှေးဟောင်းတည်နေရာရွှေ့ပြောင်းအစီအရင်၏ သဘောတရားကို သူ သိရှိသော်လည်း၊ ပျက်စီးနေသော ဤတည်နေရာရွှေ့ပြောင်းအစီအရင်ကို ပြုပြင်ရန် အချိန်အမြောက်အမြား လိုအပ်ပြီး၊ နှစ်အနည်းငယ်အတွင်း ပြီးစီးအောင် လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
"အင်း... နောက်ဆက်တွဲ ပစ်မှတ်ကတော့ ရှင်းတယ်..."
"အဲဒါက ရှေးဟောင်းတည်နေရာရွှေ့ပြောင်းအစီအရင်နဲ့... 'အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်အစီအရင်' ကို ပြုပြင်ဖို့ပဲ..."
"ဘာပဲပြောပြော 'အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်အစီအရင်' က နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာကို ချုပ်နှောင်ထားတာ... ဒီ နတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသာ လွတ်သွားရင် ဖြစ်လာမယ့် ဘေးအန္တရာယ်က ရှေးဟောင်းမိစ္ဆာကမ္ဘာ ကျူးကျော်တာထက် မလျော့ဘူး... ပိုတောင် ကြောက်စရာ ကောင်းနိုင်သေးတယ်..."
"ရှေးဟောင်းတည်နေရာရွှေ့ပြောင်းအစီအရင်ကို ပြုပြင်ပြီးတာနဲ့ တခြား ဒေသတွေကို သွားကြည့်လို့ ရပြီ..."
"ထွက်ပေါက်တစ်ခု ရှာတွေ့တာတောင် ဖြစ်နိုင်လောက်တယ်..."
ကျိုးစွေ့သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး အပြီးသတ်ဆုံးဖြတ်ချက် ချလိုက်တော့သည်။
သူသည် ပုန်းအောင်းရသည်ကို ကျင့်သားရနေပြီ ဖြစ်ပြီး၊ ခြေလှမ်းတစ်လှမ်း လှမ်းလျှင် သုံးလှမ်းစာ ကြိုတွက်ထားလေ့ ရှိသည်။
အနာဂတ်တွင် အခြေအနေသည် ဤမျှလောက် ဆိုးရွားလာချင်မှ လာမည်ဖြစ်သော်လည်း မည်သူက အာမခံနိုင်ပါမည်နည်း။
မည်သည့်အရာမှ ဖြစ်မလာခဲ့လျှင်မူ အကောင်းဆုံးပင်။
ဖြစ်လာခဲ့လျှင်မူ သူသည် ဇနီးသည်များနှင့် ကိုယ်လုပ်တော်များကို ခေါ်ဆောင်ပြီး ထွက်ပြေး၍ ရသည်။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းလောကကြီးသည် ကျယ်ဝန်းလှသည် ဖြစ်ရာ ကြိုက်နှစ်သက်ရာ နေရာကို သွားရောက်နေထိုင်နိုင်သည် မဟုတ်ပါလော။
ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်နေစရာ မလိုပေ။
နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်မှ ပြန်လာသတ်လျှင်လည်း နောက်မကျသေးချေ။