← Chapters

ဂိုဏ်းချုပ်ချန်... ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ၊ ကျုပ်က လွယ်လွယ်ရနိုင်တဲ့ယောက်ျားမျိုး မဟုတ်ဘူး။

Vol. 41 Ch. 460

ဂိုဏ်းချုပ်ချန်... ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ၊ ကျုပ်က လွယ်လွယ်ရနိုင်တဲ့ယောက်ျားမျိုး မဟုတ်ဘူး။

Vol. 41 Ch. 460

"ဒီကိစ္စကို ကျုပ်လည်း သိပ်မရှင်းဘူးဗျ..."

"နည်းနည်းတော့ ရှုပ်တယ်... ရတနာတွေ အများကြီး ရလိုက်တယ်ဆိုပါတော့..."

"ကံကောင်းလို့ နေမှာပါ... အဲဒါနဲ့ပဲ ချောချောမွေ့မွေ့ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ခဲ့တာလေ..."

ကျိုးစွေ့သည် ရိုးသားဖြူစင်ဟန်ဆောင်ကာ ပြောလိုက်ပြီး အလွန်တရာ နှိမ့်ချနေလေ၏။

"ဒါက..."

ကျိုးစွေ့၏ ရိုးသားပုံပေါက်နေသော အမူအရာကို မြင်လိုက်ရသောအခါ ချန်ဇီယွင်ခမျာ ဆွံ့အသွားရလေသည်။ အပြင်လောကမှ ကျင့်ကြံသူများသာ ဤစကားကို ကြားလျှင် ဒေါသထွက်လွန်း၍ သေသွားလောက်ပေသည်။

အခြားကျင့်ကြံသူများ အခွင့်အရေး ရရှိရန် မည်မျှ ပေးဆပ်ရသည်ကို သိထားရပေမည်။

ကိုးလှည့်အသေ၊ တစ်လှည့်အရှင် အန္တရာယ်ကို ကျော်ဖြတ်နိုင်မှသာ အောင်မြင်နိုင်ပေသည်။

ထို့အပြင် ကျင့်ကြံသူ အများစုမှာ အကြိမ်ကြိမ် အန္တရာယ်များနှင့် ရင်ဆိုင်ပြီးနောက် သေဆုံးသွားကြရသည်။

အဆုံးသတ်တွင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်သူမှာ သန်းပေါင်းများစွာတွင်မှ တစ်ယောက်ပင် မရှိပေ။

သို့သော် ဤအမျိုးသားကမူ ဟိုလိုလို၊ ဒီလိုလိုဖြင့်သာ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းသွားလေသည်။

ဤအမျိုးသား၏ ကံတရားသည် အလွန်တရာ အံ့အားသင့်ဖွယ် ကောင်းသည်ဟုသာ ဆိုရပေမည်။

"ဒါကြောင့်ကိုး..."

"ငါ့တပည့် ချူတျဲယီက ဒီယောက်ျားကို လက်ထပ်ချင်ခဲ့တာက... မြင်မြင်ချင်း သတိထားမိသွားတာ ဖြစ်လောက်တယ်..."

"အဲ့ဒါကြောင့် ဒီယောက်ျားကို လက်ထပ်ပြီးနောက်မှာ ကပ်ဘေးတွေ ကျော်လွှားနိုင်ခဲ့သလို... ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ပြီးတော့ ကျင့်ကြံမှု တိုးတက်လာခဲ့တာကိုး..."

သူမ၏ တပည့်က ဤအမျိုးသားသည် 'ကံတရား၏သားတော်' ဖြစ်မှန်းသိ၍သာ တစ်ဖက်လူ၏ ကံတရားကို အသုံးပြုပြီး ကျင့်ကြံလိုခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဤအချိန်တွင် ချန်ဇီယွင် သဘောပေါက်သွားလေသည်။ ယခုမှ သူမ၏ တပည့် ဖြစ်ပျက်ခဲ့သမျှကို အနည်းငယ် နားလည်လာရသည်။ ဤအမျိုးသား၏ ကံတရားကို အသုံးပြုပြီး ကျင့်ကြံလိုခြင်းပင်။

ယောက်ျားတစ်ယောက်တည်းကို မျှဝေပေါင်းသင်းရန် ဆန္ဒရှိခြင်းမှာ အံ့သြဖွယ် မရှိတော့ပေ။ တကယ့်ကို အမြော်အမြင် ကြီးမားလှသည်။

ကံတရား ဆိုသည်မှာ လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း အမှန်တကယ် တည်ရှိနေသည်။

အကယ်၍ ကံတရား မကောင်းပါက ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ပိုင်ရှင် ဖြစ်လျှင်တောင်မှ အခြေမတည်နိုင်ခင် သေဆုံးသွားနိုင်သည်။

ဤသည်မှာ ကံတရား၏ အကျိုးသက်ရောက်မှုပင်။

ဤအကြောင်းကို တွေးမိပြီးနောက် ချန်ဇီယွင် ကျိုးစွေ့ကို ကြည့်သော အကြည့်များက ပိုမို နူးညံ့လာသည်။ သူမ၏ ရင်ထဲတွင်လည်း လှုပ်ရှားလာ၏။ သူမသည်လည်း ဤအမျိုးသား၏ ကံတရားကို အသုံးပြုပြီး ကျင့်ကြံမှုကို မြှင့်တင်နိုင်ကောင်း မြှင့်တင်နိုင်ပေလိမ့်မည်။

သူမသည် ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူ ဖြစ်သော်လည်း၊ အနာဂတ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာရန်မှာမူ မဖြစ်နိုင်သလောက် နည်းပါးလှပေသည်။

အတင်းအကျပ် ချိုးဖျက်လျှင်တောင်မှ သေဖို့အခွင့်အလမ်း ၉၀ရာခိုင်နှုန်းနှင့် အောင်မြင်နိုင်ခြေမှာ ၁၀ရာခိုင်နှုန်းသာ ဖြစ်ပေလိမ့်မည်။

ပြင်ပအကူအညီ မပါဝင်ဘဲ သူမသည် ဤဘဝတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာရန် မလွယ်ကူပေ။

ပြဿနာမှာ သူမသည် ယခုမှ အသက် ခုနစ်ရာကျော်သာ ရှိသေးပြီး သက်တမ်းကုန်ဆုံးရန် နှစ်ပေါင်း သုံးလေးရာ လိုသေးသည်။ သေသည်အထိ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို မတက်လှမ်းနိုင်ဘဲ မည်သို့ စိတ်လျှော့နိုင်ပါမည်နည်း။

ထို့ကြောင့် မည်သည့်နည်းလမ်း ဖြစ်စေ၊ သူမ စမ်းသပ်ကြည့်ချင်မိသည်။

"ဒီကို ရောက်လာတာလည်း ရေစက်ပါပဲ..."

"ရှင်က ကံကောင်းလို့ ကျွန်မနဲ့ တွေ့တာ..."

"တခြား ဝိညာဉ်သန္ဓေသား ကျင့်ကြံသူနဲ့သာ တွေ့ရင် ရှင် သေချာပေါက် သေသွားလောက်ပြီ..."

ချန်ဇီယွင်က ကျိုးစွေ့ကို ကြည့်လိုက်သည်။

ထို့နောက် သူမသည် 'မိစ္ဆာသတ် လျှို့ဝှက်နယ်မြေ' အကြောင်းကို အသေးစိတ် ပြောပြလိုက်တော့သည်။

မည်သို့ပင်ဖြစ်စေ ကောင်းကင်မိစ္ဆာဂိုဏ်းသည် ဤနေရာကို နှစ်တစ်ထောင်ကြာ စူးစမ်းရှာဖွေခဲ့သဖြင့် လက်ခုပ်ထဲက ရေကဲ့သို့ နားလည်ထားသည်။

"ဒါက နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းရဲ့ အကြွင်းအကျန်တဲ့လား..."

ဤစကားကို ကြားသောအခါ ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်သည်။ 'ပစ္စည်းရှာဖွေကူ' က ညွှန်ပြနေသည့် 'အရပ်ရှစ်မျက်နှာ ကပ်ဘေးရွှေ' ရှိနေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

ဖြစ်နိုင်သည်မှာ 'အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်အစီအရင်' ကိုယ်တိုင်သည် မိစ္ဆာသတ်ဂိုဏ်းက တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သည်။

အတိတ်က ကုယုံဂိုဏ်းနှင့် မိစ္ဆာသတ်ဂိုဏ်းတို့သည် ညီအစ်ကိုဂိုဏ်းများ ဖြစ်ကြပြီး၊ အင်အားစုကြီးနှစ်ခုသည် ခြေလက်များကဲ့သို့ ရင်းနှီးကြကာ အပြန်အလှန် ကူညီခဲ့ကြသည်။

ရှေးဟောင်းခေတ်ကာလတွင် လူသားမျိုးနွယ်စုသည် သဘာဝကျကျ စည်းလုံးခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် လူသားများ မစည်းလုံးပါက မိစ္ဆာများနှင့် သားရဲများ၏ သတ်ဖြတ်ခြင်းကို ခံရပြီး မျိုးသုဉ်းသွားနိုင်သဖြင့် ယခုအချိန်အထိတိုင် ရပ်တည်နိုင်မည် မဟုတ်ချေ။

"ဟုတ်တယ်... ဒါပေမဲ့ ဒီလျှို့ဝှက်နယ်မြေက တစ်လပဲ ပွင့်တာ..."

"အခု ပွင့်တာ နှစ်ရက်သုံးရက်လောက် ရှိနေပြီ..."

"ရှင် ဆက်ပြီး စူးစမ်းချင်ရင် မြန်မြန်လုပ်မှ ရမယ်..."

"ဒါပေါ့... ရှေ့က ရေကန်ကလည်း သာမန် မဟုတ်ဘူး... မိစ္ဆာသတ်ဂိုဏ်း ဖန်တီးခဲ့တဲ့ 'ဆေးဝါးတစ်သောင်းကန်' ပဲ..."

"အထဲမှာ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်တွေရဲ့ ဆေးအာနိသင်တွေ ပါဝင်နေပြီး... ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို ဆေးကြောပေးနိုင်တယ်..."

"ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက ကျွန်မ အကြိမ်ကြိမ် စုပ်ယူခဲ့လို့ အထဲက ဆေးအာနိသင်တွေ သိပ်မကျန်တော့ဘူး..."

ချန်ဇီယွင်က နှမြောတသစွာ ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ 'ဆေးဝါးတစ်သောင်းကန်' အတွက် အရေးကြီးဆုံးမှာ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များ ဖြစ်ပြီး၊ အချိန်တိုင်း ဖြည့်ဆည်းပေးရန် လိုအပ်သည်။

သို့သော် ယခုအချိန်တွင် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် မည်မျှ ရှိပါတော့မည်နည်း။

သူမ အကြိမ်ကြိမ် စုပ်ယူလိုက်သဖြင့် ဆေးဝါးတစ်သောင်းကန်တစ်ခုလုံး ခန်းခြောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"ကိစ္စမရှိပါဘူး... ရတာ၊ မရတာ ကံအတိုင်းပဲပေါ့..."

"ဆေးဝါးတစ်သောင်းကန်မှာ ဆေးအာနိသင် မကျန်တော့ရင် ကျုပ်နဲ့ ကံမပါလို့ပဲ သဘောထားလိုက်ပါ့မယ်..."

"တခြား အခွင့်အရေးကို ရှာဖွေရုံပေါ့..."

ကျိုးစွေ့ အလွန် တည်ငြိမ်နေလေသည်။ သူသည် ဆေးဝါးတစ်သောင်းကန်ကဲ့သို့သော အခွင့်အရေးကို မျက်စိမကျပေ။

သူ 'ဆေးဝါးကူ' ကို အသုံးပြုပြီး နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ် အမြောက်အမြားကို ပြုစုပျိုးထောင်လိုက်လျှင်၊ အနာဂတ်တွင် ဆေးဝါးတစ်သောင်းကန် မည်မျှ ဖန်တီးနိုင်မည်ကို မသိနိုင်ပေ။

၎င်းသည် ကလေးကစားစရာ သက်သက်သာ ဖြစ်သည်။

"နတ်ဘုရားအသွင်ပြောင်းအဆင့် ပါရမီရှင်ဆိုတဲ့အတိုင်း တကယ်ကို ထိုက်တန်ပါပေတယ်..."

"ပါရမီ ကောင်းရုံတင် မကဘူး... တာအိုစိတ်နှလုံးကလည်း အရမ်း ခိုင်မာတာပဲ..."

"ဆေးဝါးတစ်သောင်းကန်ကိုတောင် မျက်စိမကျဘူးဆိုတော့... ရှင်က အခွင့်အရေး ဘယ်လောက်တောင် ရခဲ့တာလဲ..."

"အမှန်အတိုင်း ပြောရရင် ကျွန်မ ရှင့်ကို သဘောကျနေပြီ... ဒီမှာ ကျွန်မနဲ့အတူ တစ်ညလောက် ပျော်ပါးဖို့ စိတ်ဝင်စားလား..."

"တပည့်လည်း မရှိတော့ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး..."

"ကျွန်မလည်း တပည့်ကို ပြန်မပြောပါဘူး..."

ချန်ဇီယွင်သည် ကျိုးစွေ့ကို ညှို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး၊ လေပူများကို မှုတ်ထုတ်ကာ တစ်ကိုယ်လုံးမှ ညှို့ဓာတ်များ ထုတ်လွှတ်လိုက်လေသည်။

မမြင်ရသော ကောင်းကင်မိစ္ဆာစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ကျိုးစွေ့၏ စိတ်ကို ဆွဲဆောင်ရန် ကြိုးစားလိုက်သည်။

မှန်ပေသည်၊ ဤမျှလောက်သော ဆွဲဆောင်မှုသည် ကျိုးစွေ့အတွက် ကလေးကစားစရာသာ ဖြစ်ပြီး ပြောပလောက်စရာ မရှိပေ။

"ဂိုဏ်းချုပ်ချန်... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါ..."

"ခင်ဗျားက တျဲယီရဲ့ ဆရာလေ... ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်ရက်ရတာလဲ..."

ကျိုးစွေ့သည် တရားမျှတဟန်ဖြင့် ပြတ်သားစွာ ငြင်းပယ်လိုက်ပြီး ချန်ဇီယွင်၏ ဆွဲဆောင်မှုကို တွန်းလှန်ကာ လူကြီးလူကောင်းပုံစံ ဖမ်းလိုက်လေသည်။

ဤသည်မှာ ချန်ဇီယွင်၏ ပရိယာယ်ဖြစ်ကြောင်း၊ သူ့ကို ကစားချင်ရုံသာဖြစ်ကြောင်း သူ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်၏။

အကယ်၍ အမှန်တကယ် ပေါ့ပျက်ပျက်နိုင်သော စုန်းမသာဖြစ်ပါက ယခုအချိန်ထိ မူလယင်ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။

ထင်ရှားသည်မှာ သာမန်ယောက်ျားများသည် သူမ၏ လက်ကို ကိုင်ခွင့်ပင် မရှိကြဘဲ၊ သူမကို ထိတွေ့ရန် လုံးဝ မဖြစ်နိုင်ပေ။

"ဘာဖြစ်လို့လဲ... ကစားရုံ သက်သက်ပဲဟာကို..."

"အားလုံးက ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေပဲ... လောကကျင့်ဝတ်တွေကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး..."

"ပြီးတော့ ရောင်းရင်းကျိုးမှာ တာအိုလက်တွဲဖော်တွေ အများကြီး ရှိတာပဲ... ဒီလိုကိစ္စမျိုးကို ရိုးနေလောက်ရောပေါ့..."

ချန်ဇီယွင်သည် မျက်တောင်ခတ်လိုက်ပြီး လက်လျှော့မည့်ပုံ မပေါ်ချေ။

"ရိုးနေပြီ ဆိုတာတော့ ဟုတ်ပါတယ်... ကျုပ်အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး..."

"ဒါပေမဲ့ ဖိုမကိစ္စဆိုတာ သံယောဇဉ်ရှိဖို့ လိုအပ်တယ်..."

"မဟုတ်ရင် ပျော်ပွဲစားရုံသွားတာနဲ့ ဘာကွာခြားမှာလဲ..."

"ဒါက ဟန်ဆောင်ပန်ဆောင် ပြောနေတာမဟုတ်ဘူး... ဒါက ကျုပ်ရဲ့ တာအိုနှလုံးသားပဲ..."

"ရောင်းရင်းချန်က ဂုဏ်သိက္ခာကြီးမားတဲ့ စီနီယာပဲ... ကျုပ် အမှန်တကယ်ကို လေးစားပါတယ်..."

"ရောင်းရင်းကလည်း ကျုပ်ကို လေးစားမယ်လို့ မျှော်လင့်ပါတယ်..."

ကျိုးစွေ့သည် တရားမျှတမှုရှိသော ပုံစံကို ပြသလိုက်ပြီး၊ ပြိုင်ဘက်ကင်းလောက်အောင် ချောမောသော မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ တာအိုဂိုဏ်းကြီးတစ်ခုခု၏ သူတော်စင်တစ်ပါး ဆင်းသက်လာသကဲ့သို့ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်နေလေသည်။

"ဒါက..."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချန်ဇီယွင်၏ နှလုံးသား တုန်ခါသွားရသည်။

သူမကဲ့သို့သော မိစ္ဆာဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူအတွက်၊ ပုံမှန်အချိန်များတွင် ယောကျ်ားပျက်၊ မိန်းမပျက် ကိစ္စများ၊ ညစ်ပတ်စက်ဆုပ်ဖွယ် ကိစ္စများ၊ သစ္စာဖောက်မှုများကို မည်မျှ မြင်တွေ့ခဲ့ရသည်မှာ မသိနိုင်ပေ။

ဤကဲ့သို့ တရားမျှတမှုရှိသော ကျင့်ကြံသူကို မည်သည့်နေရာတွင် တွေ့မြင်ဖူးမည်နည်း။

သာမန်လူများလည်း ဤကဲ့သို့ ခမ်းနားသော စကားများကို ပြောဖူးကြသော်လည်း၊ တစ်ဖက်လူ၏ ဟန်ဆောင်မှုကို သူမ တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သည်။ ရွှေရည်စိမ်ထားသော မစင်တုံးများသာ ဖြစ်ကြောင်း သိမြင်နိုင်သည်။

မည်သည့်ယောက်ျားမျှ သူမ၏ အာရုံခံနိုင်စွမ်းကို မလှည့်စားနိုင်ပေ။

သူမ ကျင့်ကြံထားသော 'ကောင်းကင်မိစ္ဆာကျင့်စဉ်' သည် တစ်ဖက်လူ၏ စိတ်မိစ္ဆာကို မြင်တွေ့နိုင်ပြီး အားနည်းချက်ကို သိရှိနိုင်သည်။

သို့သော် ယခုမူ၊ ကျိုးစွေ့၏ မျက်လုံးတစ်စုံသည် အညစ်အကြေးကင်းစင်ပြီး သန့်ရှင်းနေကာ ကြယ်တာရာများကဲ့သို့ ဖြစ်နေသည်ကို သူမ တွေ့လိုက်ရသည်။

စိတ်မိစ္ဆာ လုံးဝ မရှိသလောက်ပင်။

သံသယဖြစ်ဖွယ်မလို၊ ဤကဲ့သို့သော ယောက်ျားသည် လိမ်ညာပြောဆိုလိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့သော ရုပ်ရည်၊ ဤကဲ့သို့သော လှပသည့် မျက်လုံးများဖြင့် မည်သို့ လိမ်ညာနိုင်ပါမည်နည်း။

"တာအိုနှလုံးသား ကြည်လင်ခြင်း အဆင့်..."

"ဒီယောက်ျားမှာ စိတ်မိစ္ဆာ မရှိဘူးလား..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ချန်ဇီယွင်၏ နှလုံးသား တုန်ခါသွားပြီး သူမ၏ ခန္ဓာကိုယ် စိတ်လှုပ်ရှားလာသည်ကို ခံစားလိုက်ရကာ ကျိုးစွေ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

လောကရှိ ကျင့်ကြံသူများသည် ကျင့်ကြံခြင်း အနိမ့်အမြင့်မရွေး စိတ်မိစ္ဆာ ရှိတတ်ကြကြောင်း သိထားရပေမည်။

သူမကဲ့သို့သော မိစ္ဆာကျင့်ကြံသူပင်လျှင် စိတ်မိစ္ဆာ ရှိနေသည်။ အခြေခံအားဖြင့် ရှင်းလင်း၍ မရနိုင်ပေ။

ကလေးငယ်ကဲ့သို့ ဖြူစင်သော နှလုံးသားပိုင်ရှင်များသာ ခန္ဓာကိုယ်တွင် စိတ်မိစ္ဆာ မရှိဘဲ နေနိုင်ပေသည်။

ပြဿနာမှာ ထိုကဲ့သို့သော လူများသည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူများထက်ပင် ရှားပါးလှသည်။

သူမ၏ ရှေ့မှောက်တွင် ထိုသို့သောတစ်ယောက် ကို တွေ့ရှိရလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။

ဤအမျိုးသား ကျင့်ကြံမှု တိုးတက်နှုန်း မြန်ဆန်ပြီး အသက်တစ်ရာတွင် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

ဖြူစင်သော နှလုံးသား ရှိနေသဖြင့် စိတ်မိစ္ဆာကပ်ဘေးသည် သူ့အတွက် ဘာမှ မဟုတ်တော့ပေ။

မိစ္ဆာဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများက တာအိုဂိုဏ်းမှ သူတော်စင်များကို အဘယ်ကြောင့် ကြိုက်နှစ်သက်ကြပြီး၊ တာအိုဂိုဏ်းမှ သူတော်စင်မများက အဘယ်ကြောင့် မိစ္ဆာသားများကို ကြိုက်နှစ်သက်ကြသည်ကို ယခု သူမ နားလည်သွားပြီ ဖြစ်သည်။

အမှန်စစ်စစ်အားဖြင့် ယင်းသည် လူ့သဘောသဘာဝပင်။

လူတို့သည် မိမိမပိုင်ဆိုင်သော အရာများကို အမြဲတစေ တပ်မက်ကြသည်။

မိစ္ဆာဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူအနေဖြင့် ညစ်ပတ်စက်ဆုပ်ဖွယ် ကိစ္စများ၊ လောက၏ အမှောင်ထုများကို မြင်တွေ့လွန်းအားကြီးသဖြင့်၊ သဘာဝကျကျပင် အလင်းရောင်ဘက်သို့ စိတ်တိမ်းညွတ်မိလေသည်။

အဆုံးမဲ့ အမှောင်ထုထဲတွင် ရုတ်တရက် ပိုးစုန်းကြူးအလင်းရောင် ပေါ်လာသကဲ့သို့၊ မက်မောဖွယ်ရာ ရှားပါးရတနာတစ်ခုသဖွယ် ဖြစ်လာသည်။

သူမသည် ပုပ်သိုးနေသူများကို ရွံရှာပြီး တရားမျှတသူများကို မထီမဲ့မြင်ပြုတတ်သလို၊ ထိုသူတော်စင်များကဲ့သို့ လောကသားများအတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်မည်မဟုတ်‌ချေ။

သို့သော် ထိုသူတော်စင်များအား လေးစားအားကျခြင်းကိုမူ တားဆီး၍ မရနိုင်ပေ။

တစ်လောကလုံးရှိ လူများအားလုံး သူတော်စင် ဖြစ်သွားပြီး သူမတစ်ယောက်တည်းသာ မိစ္ဆာ ဖြစ်နေသည်ကိုပင် သူမ အလိုရှိသည်။

ထိုသို့ဆိုလျှင် ဤကမ္ဘာကြီးသည် သူမအတွက် နိဗ္ဗာန်ဘုံ ဖြစ်သွားပေလိမ့်မည်။

All Chapters