← Chapters

အပိုင်း (၁၄)

Vol. 2 Ch. 14

အပိုင်း (၁၄)

Vol. 2 Ch. 14

ကျင်းရှီသည် သူမ၏ “တန်ဖို” တိုးမြှင့်ရန်အတွက် သရေစာ မုန့်ထုပ်များစွာကို ပေါ်ရန်ဆီသို့ ယူလာခဲ့သည်။ ပေါ်ရန်က ထိုမုန့်ပွပွကြီးများကို ဝမ်းချုပ်ခြင်းကို ဖြစ်စေသော “ညစ်ညမ်းသော အစားအစာများ”အဖြစ် အမြဲမှတ်ယူခဲ့သည်။

ပေါ်ရန်သည် ထိုမုန့်များကို သူများတကာဆီ ပြန်လည်ရောင်းချရန်အတွက် အဆောင်သို့ ယူသွားရန် ကျင်းရှီနှင့် ဆွေးနွေးခဲ့သည်။ အဆောင်သော့ပိတ်ပြီးသည်နောက် ထိုသန်သန်မာမာ ယောကျ်ာလေးများသည် ညဘက်တွင် မကြာခဏ ဗိုက်ဆာတတ်ကြသည်။ ထိုသရေစာမုန့်များကို သူတို့အား ပြန်ရောင်းလျှင် ဈေးကိုနှစ်ဆတင်မည်။ အမြတ်ကို နှစ်ယောက်သား တစ်ဝက်စီ ခွဲယူဖို့ ကြံစည်နေကြသည်။

ပေါ်ရန်က ကျင်းရှီ၏ ခေါင်းကို “အိပ်မက်မက်လိုက်စမ်းပါ” ဟူသော စာအုပ်နှင့် ရိုက်လိုက်သည်။

နောက်ရက်အနည်းငယ်ကြာသောအခါ ရှုချောင်းယန်သည် ညတိုင်း စားပွဲအောက်မှ “ဂျွပ် ဂျွပ်” ဟူသောအသံကို ကြားနေရသည်။

ရှုချောင်းယန်က ခေါင်းငုံ့ကြည့်လိုက်ရာ ပေါ်ရန်မှာ စားပွဲပေါ် သူ၏ခြေတံရှည်ရှည်များကို တင်ကာ စာအုပ်တစ်အုပ်ဖတ်ရင်း အာလူးကြော်များကို မြိန်ရေယှက်ရေ စားနေသည်ကို တွေ့လိုက်ရသည်။

ရှုချောင်းယန်က ခေါင်းငုံ့ပြီး ဝမ်းနည်းစွာပြောနေသည်။ “ဘောစ့်ပေါ်၊ မင်း အဲ့မုန့်တွေကို စားရတာ မကြိုက်မှန်း ငါသိပါတယ်။ ညီအစ်ကိုတစ်ယောက်အနေနဲ့ မင်းရဲ့ပူပန်မှုတွေကို ငါမျှဝေပေးနိုင်ပါတယ်...”

ထိုသို့ပြောပြီးနောက် ပေါ်ရန်၏ အာလူးကြော်များဆီသို့ သူ၏ ကြမ်းတမ်းသော လက်များကို ဆန့်ထုတ်လိုက်သည်။ ပေါ်ရန်က သူ့ကို မတားခဲ့ပေ။ ရှုချောင်းယန်သည် အာလူးကြော်ထုပ်ကို ယူလိုက်နိုင်သည့်အတွက် ဝမ်းသာအားရဖြစ်ပြီး အထုပ်ထဲကို ကြည့်လိုက်သောအခါ ကုန်သွားလေပြီ။

“သေစမ်း! မင်းဘယ်လိုတောင် စားချင်စိတ်တွေ ရှိနေလို့ ဒီလောက် မြန်မြန်ကုန်သွားအောင် စားလိုက်ရတာလဲ!”

ကျင်းရှီက ရှုချောင်းယန်ကို လှောင်ပြောင်လိုက်သည်။ “ကုန်သွားလို့ ရှင့်ကို အဲ့မုန့်ထုပ်ပေးလိုက်တာလေ”

“သူက အဲ့လောက်အစားစားချင်စိတ် သိပ်မရှိတတ်သလို အဲ့လို မုန့်ပဲသရေစာတွေဆို အမုန်းဆုံးပဲ”

“အဲ့ဒါက ဘယ်သူပေးလဲဆိုတဲ့အပေါ် မူတည်သေးတယ်”

ရှုချောင်းယန် ဒေါသထွက်လွန်း၍ အံ့များကြိတ်နေသည်။ ပေါ်ရန်က လွန်လွန်းသည်ဟု ခံစားလိုက်ရသည်။

ပေါ်ရန်နှင့် ရှန်ဖျင်ချွမ်တို့အကြား အမျိုးကောင်းသားချင်း သဘောတူညီမှုရရှိခဲ့စဉ်ကတည်းက ကျင်းရှီ၏ အဆင့်အတန်းသည် မြည်တွန်တောက်တီးတတ်သော သင်ပြပေးသူ ရှုချောင်းယန်၏ မျက်လုံးထဲတွင် သူ့တန်ဖိုးထက် ကျော်လွန်သွားကြောင်း တွေ့နေရသည်။

ယခုတော့ ပေါ်ရန်နှင့် ကျင်းရှီတို့ နှစ်ယောက်သည် အလွန်အဆင်ပြေနေပြီဖြစ်သည်။

ညတိုင်း ပေါ်ရန်သည် ခန္ဓာကိုယ်အား သန်မာစေသည့် လေ့ကျင့်မှုခေါင်းစဉ်အောက်တွင် ကျင်းရှီကို ညဖက် ပြေးဖို့အတွက် ခေါ်သွားလေသည်။ သို့သော် ထိုအရာမှာ သူမနှင့် နှစ်ယောက်တည်း အချိန်ဖြုန်းချင်သော အကြောင်းပြချက်တစ်ခုပင် ဖြစ်ပါသည်။

ညဖက်ပြေးခြင်းအပြင် ကျင်းရှီသည် သူမ၏တစ်နေ့တာကို ဘော့စ်ပေါ်ဆီ အစီရင်ခံရပြီး သူ့ဆီမှ အချို့အရာများကို နေ့စဉ်လေ့လာနေရသည်။

အများစုမှာ အသေးအဖွဲ့ အရာများဖြစ်သည်။ ပေါ်ရန်သည် သူ့ဖုန်းထဲမှ ပေါ်လာသည့် မက်ဆေ့ချ်များကို ရံဖန်ရံခါ ကြည့်နေကာ သူ့မျက်လုံးများသည် အလွန်နူးညံ့သိမ်မွေ့သွားဟန်တွေ့ရသည်။

နောက်နှစ်ရက်ဆိုလျှင် အမျိုးသားနေ့အားလပ်ရက် ရောက်လာလေပြီ။

လင်းလောက အဆိုးဆုံးဖြစ်နေသည်။ ‘တိုင်’တောင်ဆီသို့ ခရီးထွက်ရန် သူမမိသားစုက သူမကို ရုတ်တရက် ခေါ်သွားခဲ့လေသည်။

သူမသည် ဂရုချက်တ်တွင် ဗီဒီယိုတစ်ခု ပေးပို့ခဲ့သည်။ ဗီဒီယိုသည် လူများဖြင့် ပြည့်ကျပ်နေပြီး ကောင်းကောင်း ကြည့်၍ မရအောင် ရှုပ်ယှက်ခတ်နေကြသည်။

သနားစရာကောင်းသော အရှေ့မြောက်ပိုင်းမိန်းကလေးသည် အသားဖတ်လေး ညှပ်နေသကဲ့သို့ လူများပြည့်ကျပ်နေသော တိမ်လှေကားပေါ်တွင် ပိတ်မိနေကာ မျှော်လင့်ချက် မဲ့နေပုံရသည်။

သူမသည် ဆယ်စက္ကန့်တိုင်း ခြေတစ်လှမ်းသာ ရွေ့နိုင်သည်။ ဤခြေလှမ်းအရှိန်အတိုင်း ဆက်သွားရာ နောက်ဆုံးတွင် လက်မှတ်ကောင်တာသို့ မရောက်ရှိမီ နှစ်နာရီပြည့်အောင် သွားခဲ့ရသည်။

သို့သော်လည်း...လင်းလောက Moments မှာ တင်ထားသည့် ဓာတ်ပုံများဟာ မနက်ခင်း၏ အလင်းရောင်နှင့် ‘တိုင်’တောင်၏ ထင်းရှူးပင်များကို ဖုံးအုပ်ထားသော တိမ်ပုံများဖြစ်ပြီး ပုံများအတွက် စာရေးကာ တင်ထားလေသည်။

“ဖုန့်ရှန်ယဇ် ပူဇော်ရာနေရာ၊ ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရင်သပ်ရှုမောဖွယ်ရာ သဘာဝရှုခင်းများက လူကို အပူအပန်ကင်းမဲ့စေပြီး ကြည်နူးစေတယ်။ ခန္ဓာကိုယ်နှင့် စိတ်က လမ်းပေါ်မှာပဲ ဟီးဟီး!”

ကျင်းရှီ - ...

ချူးကျောက် - အမြင်ကတ်စရာကောင်းတဲ့ ကောင်မစုတ်

ယခုတွင်မူ ချူးကျောက်နှင့် ကျင်းရှီတို့သာ ကျန်ခဲ့လေသည်။ သူတို့မှာ ဝင်္ကပါထဲ ဝင်ဖို့ လူလိုနေသည်။

ချူးကျောက် - “နင့်အစ်ကိုကိုလည်း ခေါ်လိုက်ဦး”

ကျင်းရှီ - “ဦးလေးရှန်က ရှန်ဖျင်ချွမ်ကို အပြင်ထွက်ခွင့် ပိတ်ထားတယ်၊ အဲ့တော့ အမျိုးသားနေ့မှာတောင် သူ့ကို အပြင်ပေးထွက်မှာ မဟုတ်ဘူး”

ဆိုဖာပေါ်မှာ ထိုင်နေသည့် ရှန်ဖျင်ချွမ်က ကျင်းရှီကို ပြောလိုက်သည်။ “မင်းအစ်ကိုကို တစ်ရက်လောက် ရှုပ်အောင်လုပ်ဖို့ အန်ကယ် ရှန် ကို ဘာလို့ မခိုင်းတာလဲ "

ကျင်းရှီ - “ဖြစ်နိုင်တာကတော့ ဦးလေးရှန်က ကျွန်မတို့ မောင်နှမကြားက နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာကြောင့် စိတ်ထဲ ကြည်နူးသွားပြီး ကျွန်မကို အစ်ကိုနဲ့အတူ အိမ်ထဲမှာပဲ အဖော်နေခိုင်းလိမ့်မယ်”

“ဒါလည်း အဆင်ပြေတာပဲ။ အိမ်မှာ အတူတူ သည်းထိတ်ရင်ဖို ဇာတ်ကားတွေ ကြည့်ရတာလည်း မဆိုးပါဘူး”

ကျင်းရှီက သူ့အစ်ကိုကို ခြေဗလာနှင့် ကန်ထုတ်လိုက်ပြီး “အဲ့ဇာတ်ကားတွေကို တစ်ယောက်တည်း ကြည့်ရတာက ပိုမိုက်တယ်လေ။ ငတုံးမလေး ချူးကျောက်နဲ့ ဝင်္ကပါကိုပဲ သွားတော့မယ်!”

“ဟေး၊ မင်းတို့ ကောင်မလေးနှစ်ယောက်တည်း သွားလို့ဘယ်ဖြစ်မလဲ”

“ဘိုကင်လုပ်တုန်းက ပြောထားပြီးပြီ။ အဲ့ကပိုင်ရှင်က တခြားလူတွေနဲ့ အဆင်ပြေအောင် ကျွန်မတို့ကို အဖွဲ့လိုက်တွဲပေးမယ်လို့ ပြောတယ်”

ရှန်ဖျင်ချွမ် အနည်းငယ် စိုးရိမ်သွားသည် - “မင်းတို့နဲ့လိုက်ဖို့ ပေါ်ရန်ကိုခေါ်လိုက်။ ယောက်ျားလေးတွေနဲ့ သွားတာက ပိုအဆင်ပြေတယ်”

“ပေါ်ရန်၊ ဟမ်” ကျင်းရှီ တုံ့ဆိုင်းသွားသည်။ “ငါတို့ သူ့ကို တကယ်ခေါ်လိုက်ရမလား”

“နွားနို့နှစ်ဘူးကို အကြောင်းပြချက်မရှိပဲ ဘယ်သူပေးလိုက်တယ်လို့ထင်လဲ၊ အခုကစပြီး သူ့ကို ဘာပဲဖြစ်ဖြစ်လုပ်ခိုင်းလို့ရတယ်၊ ဘာမှရှက်စရာမလိုဘူး!”

ကျင်းရှီက ပေါ်ရန်ဆီ စာပို့လိုက်သည်။

ထိုအချိန်တွင် ပေါ်ရန်သည် ကျယ်ဝန်းပြီး နေရာလွတ်နေသော စီဟယ် ခြံဝင်း၏ ဘေးခန်းတွင် ရေချိုးပြီးသွားလေသည်။ သူ့ဆံပင်က အနည်းငယ် စိုစွတ်နေသေးပြီး အဖြူရောင် မျက်နှာသုတ်ပုဝါကို သူ့ပုခုံးပေါ်မှာ ပတ်ထားသည်။

ခြံထဲတွင် အကြီးအကဲပေါ်က ထိုက်ချိလေ့ကျင့်နေသည်။

ပေါ်ရန်သည် ထွင်းထုထားသည့် ခြံစည်းရိုးတိုင်ကို မှီကာ ခဏမျှ ရပ်ကြည့်နေခဲ့သည်။ သူက ပြုံးပြီး “ဆရာရေ၊ ထိုက်ချိ လုပ်တာကို ရပ်လိုက်ပါ၊ ဆရာကြီးလျှို က ခင်ဗျားနဲ့ အတူတူ တွဲကစားဖို့ စောင့်နေတုန်းပဲ”

အငြိမ်းစားယူပြီးနောက် အကြီးအကဲပေါ်၏ နေ့ရက်များသည် ပေါ့ပေါ့ပါးပါးနှင့် သက်တောင့်သက်သာရှိကာ ငှက်များကို လိုက်စခြင်း၊ စစ်တုရင်ကစားခြင်းနှင့် ကွင်းပြင်တွင် ရံဖန်ရံခါ ကခုန်ခြင်းတို့ကို ပြုလုပ်တတ်လေသည်။

အသက်ကြီးနေပြီဖြစ်သော အငြိမ်းစားစစ်ဗိုလ်ကြီးက ခပ်ပါးပါးလေး နှာမှုတ်ထုတ်လိုက်သည် - “မင်းရဲ့အရိုးတွေ မာကျောလာလို့ မင်းအဘိုးက မင်းကို မချနိုင်တော့ဘူးထင်ပြီး လာပြောင်ရဲတယ်ပေါ့”

“မဟုတ်ရပါဘူး၊ ဆရာကြီးရယ်။ ခင်ဗျားက အခုထိ ဒေါင်ဒေါင်မြည်တုန်းပါပဲ၊ ကျွန်တော် မယှဉ်ရက်ပါဘူး”

ထိုစကားတစ်ခွန်းနှစ်ခွန်းက အဖိုးအိုကို ပြုံးစေလောက်အောင်ပင်။ သူသည် အကြီးအကဲပေါ်၏ ချစ်ရသော အကြီးဆုံးမြေးဖြစ်သည်။

WeChat မက်ဆေ့ချ်တစ်စောင် ဝင်လာသောကြောင့် ပေါ်ရန်၏ ဖုန်းအသံမြည်သွားလေသည်။ မက်ဆေ့ဂျ်ပို့လာသူကို မှတ်ထားသောနာမည်မှာ အသေးမလေးကျင်းရှီ ဖြစ်သည်။

“ဒီည ဝင်္ကပါထဲသွားဆော့ကြမလို့ လိုက်ဦးမလား စီနီယာ”

ပေါ်ရန်၏ နှုတ်ခမ်းတွင် ပြုံးယောင်သမ်းသွားသည်။ သူစာပြန်ခါနီးတွင် စစ်ဗိုလ်ကြီးဟောင်းက ပြောလိုက်သည်။ “အမျိုးသားနေ့ဆိုတော့ မင်းဦးလေးတွေနဲ့ ဝမ်းကွဲတွေ စုဝေးရမယ့်အချိန်ပဲ။ ဒီည အချိန်အားအောင် လုပ်ထားလိုက်”

ပေါ်ရန်က အနည်းငယ် အံ့သြသွားပြီး မတ်တပ်ထရပ်လိုက်သည်။ “ဒီည?”

စစ်ဗိုလ်ကြီးဟောင်းက သူ့ကိုကြည့်ရင်း “ခြံထဲက ဦးလေးတွေအားလုံး မင်းကို အရမ်းသတိရနေတာ။ သူတို့တွေက မင်းအဖေရဲ့ ရဲဘော်ရဲဘက်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ။ တက္ကသိုလ်စတက်ကတည်းက မင်း သူတို့နဲ့ သိပ်မတွေ့ဖြစ်တော့ဘူးမလား။ ဒီတစ်ခါ သူတို့နဲ့ တွေ့နိုင်မဲ့ အခွင့်အရေးပဲ၊ မင်းရဲ့အနာဂတ် ကိုလည်း အကျိုးပြုလိမ့်မယ်”

“ဒီညဖြစ်မှရမှာလား”

စစ်ဗိုလ်ကြီးဟောင်းက လှုပ်ရှားနေရာမှ ရပ်လိုက်ပြီး ပေါ်ရန်ကို ကြည့်ကာ “မင်းမှာ အစီအစဉ်ရှိလို့လား”

ပေါ်ရန်က ခေါင်းကို ကုတ်ကာ ညင်သာစွာ ပြုံးပြလိုက်သည်။ “သူငယ်ချင်းတွေက ကျွန်တော့်ကို ခေါ်ထားလို့”

“မင်းလည်း အခု အရွယ်ရောက်နေပြီ၊ ဦးစားပေးလုပ်ရမဲ့ကိစ္စတွေနဲ့ အရေးကြီးကိစ္စတွေရှိတယ်ဆိုတာ မင်းသိသင့်ပြီ”

ပေါ်ရန်၏ လက်ချောင်းထိပ်များသည် စခရင်ပေါ်တွင် ဝဲနေကာ ငြင်းရန် အလွန်တွန့်ဆုတ်နေသည်။

“အဖိုး...”

သူသည် ငယ်စဉ်ကတည်းက အသိဉာဏ်ရှိခဲ့ပြီး အဖိုးကြီးအောက်တွင် ကြီးပြင်းလာကာ စစ်မှုထမ်း မိသားစုဘဝဖြင့် နေထိုင်ခဲ့သည်။ သူသည် လူကြီးသူမများ၏ ဆန္ဒကို ဆန့်ကျင်ခဲသည်။

သူ့ကို အလွန်တွယ်တာစေသည့် အရာတစ်ခုအတွက် ဖြစ်နေသည့်အတွက် ဒါဟာ သာမန် လူငယ်လေးများစုဝေးတွေ့ဆုံမှုမဟုတ်ကြောင်း အသေအချာသိနေသည်။

“ကောင်မလေးတစ်ယောက်က မင်းကိုလှမ်းခေါ်နေလို့လား”

အံ့အားသင့်သွားပြီး ပေါ်ရန်၏မျက်လုံးများ ပြူးကျယ်သွားသည် - “အဖိုးက ဒါကိုတောင် သိနေတာလား”

အဖိုးကြီးပေါ်က အေးစက်စွာ နှာမှုတ်ထုတ်လိုက်ပြီး “မင်းအဖေအတိုင်းပဲ၊ မိန်းမတစ်ယောက်ကို တမ်းတမ်းစွဲ ဖြစ်သွားတာနဲ့ မျက်လုံးထဲမှာ ဘာမှမမြင်တော့ဘူး၊ ရည်မှန်းချက်ကိုမရှိဘူး!”

ပေါ်ရန်၏ မျက်လုံးများသည် ချစ်စရာကောင်းသော အပြုံးဖြင့် ကွေးညွတ်သွားသည် - “ရည်မှန်းချက်မရှိပဲ မိန်းမတွေကို ထောက်ပံ့လို့ မရဘူးလေ။ ကျွန်တော် ဒီည သွားမယ်၊ ဒါပေမယ့်... စောစောထွက်လို့ရမလား အဖိုး”

စစ်ဗိုလ်ကြီးဟောင်းကလည်း သူ့မြေးအကြီးဆုံးကို ချစ်သောကြောင့် သူအခက်တွေ့အောင် မလုပ်ပဲ “အနည်းဆုံး ရှစ်နာရီကျော်ရင်” ဟုသာ ပြောလိုက်လေသည်။

“ကောင်းပြီ”

အဖိုးအိုပေါ်က ခဏရပ်လိုက်ပြီး “သူက မိန်းမကောင်းလား” ဟု ထပ်မေးသည်။

ပေါ်ရန်က ကူကယ်ရာမဲ့စွာ “ဆရာကြီး၊ စိတ်မပူပါနဲ့၊ ကျွန်တော့်ကိစ္စ ကျွန်တော်သိတယ်” ဟုပြောလိုက်သည်။

“အေး မင်းသိရင် ပြီးတာပဲ” အဖိုးအိုက “ဒီယူနီဖောင်းကို ဝတ်ပြီးတာနဲ့ ခြေလှမ်းမှားတာမျိုး မဖြစ်ရဘူး။ ဘယ်အစွန်းအထင်းမဆို မင်းရဲ့အနာဂတ်ကို ပျက်စီးစေနိုင်တယ်။ မင်းဘယ်သူနဲ့တွဲလဲဆိုတာ ငါဂရုမစိုက်ပါဘူး၊ ဒါပေမယ့် ပေါက်ကရတွေ လျှောက်မလုပ်နဲ့” ဟုပြောလိုက်သည်။

ပေါ်ရန်က အဖိုးအိုပြောသည်ကို မှတ်သားထားလိုက်ပြီး ကျင်းရှီထံ စာပို့ပြီး သူ့အခန်းထဲပြန်ဝင်ကာ “ည ၈ နာရီဆို အဆင်ပြေလား”

ကျင်းရှီ - “အရမ်းနောက်ကျနေပြီမဟုတ်လား၊ ဝင်္ကပါထဲ ဝင်ရင် နှစ်နာရီကျော်ကြာတယ်။ ဦးလေးရှန်က ငါ့ကို ကျွန်မကို ၁၀နာရီမှာ အိမ်ပြန်လာခိုင်းတယ်”

ပေါ်ရန်က စာလုံးအနည်းငယ်ကို ရိုက်ပြီးနောက် အမြန်ဖျက်လိုက်သည်။ သူ စာထပ်ရိုက်လိုက်သည်။ ထပ်ဖျက်လိုက်သည်... ထိုသို့ ထပ်ခါတလဲလဲ လုပ်ပြီးနောက် သူက “ဒါဆို ရှုချောင်းယန်နဲ့ အခြားလူတွေကို ငါမေးပေးမယ်”

ကျင်းရှီ - “ရှင်မလာတော့ဘူးလား စီနီယာ”

ပေါ်ရန် - “ငါ နည်းနည်းနောက်ကျမှ လာဖြစ်မယ်ထင်တယ်။ နည်းပြရှုကို မင်းနဲ့အဖော်လိုက်ပေးဖို့ ပြောလိုက်မယ်”

စခရင်ပေါ်တွင် တစ်ဖက်လူက စာရိုက်နေသည်ကို တွေ့ရသည်...

သို့ပေမယ့် ကျင်းရှီပြန်ပို့လိုက်သည့် မက်ဆေ့ချ်မှာ စကားလုံးအနည်းငယ်သာ ပါဝင်သည် - “အိုး၊ အဲ့ဒါဆိုရင်လည်း အိုကေပါတယ်”

ထိုစကားလုံးများသည် စိတ်ပျက်သွားသော အရိပ်အယောင်များ ပါနေသည်ကို ပေါ်ရန် မသိပေ။ သို့မဟုတ် သူ အတွေးလွန်နေမှသာ သိနိုင်ပေမည်။

ကျင်းရှီသည် ည ၈နာရီ၁၅မိနစ်တွင် ဝင်ရမည့်အလှည့်ကို ဘိုကင်ထားဆဲဖြစ်ပြီး ပေါ်ရန် ခေါ်ပေးထားသော ရှုချောင်းယန်ကိုလည်း ခေါ်ထားကာ သူထွက်ပြေးသွားလျှင် ပေါ်ရန်ဝင်လာသည့်အခါ အသင့်ကြိုဆိုထားရန် ဖြစ်သည်။

သို့သော်လည်း ရှုချောင်းယန်မှ ပေါ်ရန်ကို တိုက်ရိုက် မက်ဆေ့ဂျ်ပို့လိုက်သည်။ “ဒီည ၈ နာရီ၊ မင်းလာချင်ရင်လာခဲ့၊ ငါတို့စောင့်နေမှာ မဟုတ်ဘူး!”

အခမ်းအနားတွင် ပေါ်ရန်သည် သပ်ရပ်သော အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ကာ ဦးလေးများနှင့် လူကြီးသူမများအား ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်နေသည်။ လူကြီးသူမများရှေ့တွင် သူသည် လိမ္မာပါးနပ်စွာ ပြုမူတတ်ပြီး လိမ္မာပါးနပ်စွာ ပြောဆိုတတ်သူဖြစ်သည်။

အကြီးအကဲပေါ်သည် လိမ္မာရေးခြားရှိသော သူ၏မြေးဖြစ်သူအား ကျေနပ်စွာကြည့်ကာ သူ့မျက်လုံးများနှင့် မျက်ခုံးမွှေးများတွင် ပျော်ရွင်မှုများ ပြည့်နှက်နေသည်။

ပေါ်ရန်သည် ည ၈ နာရီတွင် အဖိုးအိုနှင့် သဘောတူထားသောအချိန်သို့ ရောက်လာသောအခါ ချက်ချင်း နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ အကြီးအကဲပေါ်က သူ့လက်ကို ဝှေ့ယမ်းပြီး လူတိုင်းကို “ကောင်လေးက တက္ကသိုလ်မှာ ကောင်မလေးရသွားပြီ။ ဖုန်းကို တစ်ချိန်လုံး စိုက်ကြည့်နေတာ တစ်နေ့လုံး စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး”

လူကြီးသူမများက ရယ်မောရင်း “ရန်အာလည်း ကြီးလာပြီကိုး”

ပေါ်ရန်သည် ဧည့်ကြိုနေရာမှ အမြန်ထွက်သွားပြီး ကျင်းရှီထံ စာပို့လိုက်သည်။ “အခု လာလို့ရမလား”

ကျင်းရှီ - “စောင့်နေမယ်နော် စီနီယာ”

ပေါ်ရန်၏ စိတ်မှာ ပီတိ ဖြာသွားခဲ့သည်။ သူ တစ်တောက်လျှောက်လုံး ပြေးလာခဲ့သည်။

ကံကောင်းစွာနှင့်ပင် ညစာစားပွဲသည် စီးပွားရေးနယ်မြေနှင့် မဝေးလှပေ။ သူထိုနေရာသို့ ရောက်သွားသည်မှာ ဆယ်မိနစ်တောင် မပြည့်သေးချေ။

ကျင်းရှီသည် မစ်လ်တီးဆိုင်ရှိ ထိုင်ခုံမြင့်မြင့်ပေါ်တွင် ထိုင်ကာ ခြေထောက်များကို လွှဲနေသည်။ အနှစ်နှစ်ဆယ် သူမသည် ခြေထောက်လေးများကို လွှဲရင်း လှည့်ကြည့်လိုက်ရာ ပေါ်ရန်ကို တွေ့သွားသည်။

ရှပ်အင်္ကျီက ပေါ်ရန်၏ ခန္ဓာကိုယ်အချိုးအစားကျနေမှုကို ဖော်ပြနေသည်။ သူ့ပခုံးနှင့် လက်မောင်းကြွက်သားများသည် အနည်းငယ်ထင်ရှားစွာ တွေ့နေရသည်။ အင်္ကျီအောက်စကို သူ့ဘောင်းဘီထဲတွင် လျော့ရဲစွာ ထည့်ထားပြီး သူ့ကို ပိုတည်ငြိမ်သည့်ပုံ ပေါက်စေသည်။

ပေါ်ရန် ဝတ်ထားသော ရှပ်အင်္ကျီသည် သန့်သန့်ပြန့်ပြန့် ရှိနေသည်။

ပေါ်ရန်ရောက်လာသောအခါ ရှုချောင်းယန်က ကောင်မလေးများကို သူ့အသံဗြဲကြီးဖြင့် အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“မင်းတို့ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ် ပေါ်ရန်က အရမ်းကြောက်တယ်တယ်! မင်းတို့တွေ သတ္တိရှိတဲ့ကောင်ကို လိုချင်ရင် သူ့ကိုတော့ ချန်ထားရလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့၊ နည်းပြရှုက မင်းတို့ကိုဦးဆောင်ပေးမှာပါ၊ အသေအချာပဲလေ!”

ပေါ်ရန် - ....

သည်းထိတ်ရင်ဖို ရုပ်ရှင်တွေကြည့်တဲ့အခါ မျက်လုံးကို အမြဲအုပ်ပြီး အော်နေတတ်တာ ဘယ်သူလဲ။

ပေါ်ရန်သည် စားပွဲပေါ်တံတောင်ဆစ်ကို ထောက်လိုက်ကာ ကျင်းရှီ၏ ချောမောလှပသော မျက်နှာလေးကို တည့်တည့်ကြည့်နေသည်။ “ကျင်းရှီလေးရော ပျော်ရွှင်စရာ အမျိုးသားနေ့လေး ဖြစ်ခဲ့ရဲ့လား”

ကျင်းရှီ - “ဟမ်...”

သူမအနားမှာ အလွန်နီးကပ်စွာ ရပ်နေသောကြောင့် သူ့ခန္ဓာကိုယ်၏ အေးမြမြ သင်းပျံ့နေသည့် ရနံ့လေးကိုတောင် အနံ့ရနေသည်။

ကျင်းရှီလည်း ခဏလောက်စဉ်းစားပြီး ကြည်လင်သောမျက်လုံးများဖြင့် သူ့ကိုကြည့်ကာ “စာဖတ်တယ်၊ စာကျက်တယ်၊ လမ်းလျှောက်တယ် ပြီးတော့ လေ့ကျင့်ခန်းလုပ်တယ်၊ အဲ့ဒါကြောင့် နေ့ရက်တိုင်းက ကျွန်မအတွက် အဓိပ္ပါယ်ရှိပြီး ပြီးပြည့်စုံတယ်လို့ ခံစားရတယ်”

ဒါမှ စံပြဆရာ၏ အိမ်မွေးတိရစ္ဆာန်လေးလို တုံ့ပြန်မှုပင်ဖြစ်ပေသည်။

သူမ လေးနက်နေသည့်ပုံကို မြင်ပြီး ပေါ်ရန်က ပေါ့ပေါ့ပါးပါး ပြုံးကာ ခေါင်းကို ပွတ်သပ်လိုက်သည်။

“ပေါတောတော ကောင်မလေး”

ချူးကျောက်နှင့် ရှုချောင်းယန် - ...

“ပေါတောတော ကောင်မလေး” ဟူ၍ ပြောလိုက်သည့် လေသံက သာယာနာပျော်ဖွယ်ကောင်းနေသနည်း။

ရှုချောင်းယန်က ပေါ်ရန်ကို ပြုံးပြီးပြောလိုက်သည်။ “ပေါ်ရန်က သတ္တိအရှိဆုံးပဲလို့ ကောင်မလေးတွေကို ငါပြောနေတာပါ၊ မင်းဘေးနားမှာ ရှိနေရင် ငါတို့တွေ အဆင်ပြေမှာ သေချာတယ်”

ချူးကျောက် - “ဟင်? စီနီယာပေါ်ရန်က ကြွက်တစ်ကောင်လို ကြောက်တတ်တယ်လို့ ပြောနေတာမဟုတ်ဘူးလား”

ရှုချောင်းယန်က ချူးကျောက်ကို စားပွဲအောက်မှ အသာအယာ ခြေထောက်ကို ကန်လိုက်သည်။

“အား!” ချူးကျောက်က အော်လိုက်သည်။

“အချိန်ကျပြီနော် ဝင်ရအောင်!”

ကျင်းရှီသည် သူမ၏ မစ်လ်တီးသောက်နေသည့် ပိုက်ကို စိတ်မကောင်းစွာ ကိုက်လိုက်သည်။ “ကျွန်မရဲ့ ချောကလက် ဘာဘယ်လုံးတွေက မစ်လ်တီးထဲမှာ အများကြီးရှိသေးတယ်၊ အဲ့ဒါကို အလဟာသ အဖြစ်မခံနိုင်ဘူး”

ချူးကျောက် - “အများကြီး သောက်မနေနဲ့ နို့မို့ဆို နောက်မှ အိမ်သာသွားနေရဦးမယ်။ ဝင်္ကပါထဲ ရောက်သွားတာနဲ့ ထွက်ပေါက်ကို ရှာမတွေ့မချင်း ထွက်လို့ရမှာ မဟုတ်ဘူး”

ကျင်းရှီက သူမပိုက်ကလေးကို ဖွဖွလေး ဆောင့်ချနေသည်။ “ဒါပေမယ့်လည်း အများကြီး ကျန်သေးတယ်”

ပေါ်ရန်၏ အကြည့်သည် ကျင်းရှီ၏ မစ်လ်တီးခွက်ဆီသို့ ရွေ့လျားသွားသည်။

ဗာဒံစေ့ရောင် စက္ကူခွက်ကလေးက သက်သောင့်သက်သာဖြစ်နေပုံပေါက်နေကာ နွေးထွေးမှုကို ပေးစွမ်းနေသည်။

“အရမ်းကြောက်စရာကောင်းတယ်လို့ ကြားတယ်၊ သိပ်မကြောက်ပဲ စိတ်ကို တည်ငြိမ်သွားအောင် နွားနို့တစ်ပုလင်းသွားဝယ်လိုက်ဦးမယ်” ပေါ်ရန်က ပြောလိုက်သည်။

ရှုချောင်းယန်သည် ဤယုတ်မာသော မြေခွေးအို၏ ယုတ်မာသော ရည်ရွယ်ချက်များကို ချက်ချင်း တွေ့လိုက်ရသည်။ မထီမဲ့မြင်ပြုကာ မျက်လုံးကို မှိတ်ပြပြီး သူ့မစ်လ်တီးခွက်ကို တွန်းပေးလိုက်သည်။

“ဘယ်ကိုသွားပြီး နွားနို့သွားဝယ်မလို့လဲ။ ငါ့မစ်လ်တီးကိုသာ သောက်လိုက်စမ်းပါ ပေါ်ရန်၊ ငါ့တောင် သိပ်မသောက်ရသေးဘူး၊ ရော့ သောက်လိုက် ဒီဟာက မင်းအတွက်ပဲ”

ပေါ်ရန်က ထိုခွက်ကိုမယူပဲ စိတ်ကြီးဝင်စွာဖြင့် ကြည့်ကောင်းသောလက်မောင်းကို ထုတ်ပြရန် သူ့အင်္ကျီလက်ကို လှိမ့်တင်လိုက်သည်။

“ငါက တခြားယောက်ျားလေးတွေရဲ့ မစ်လ်တီးကို မသောက်ဘူး”

တည်ကြည်ဖြောင့်မတ်သော ယောကျ်ားတစ်ယောက်၏ ခေါင်းမာခြင်း နောက်ဆုံးအငွေ့အသက်။

ရှုချောင်းယန် - ...

ခွေးမသား၊ မင်း ငါ့ဆိုဒါကို ခိုးသောက်တုန်းကဖြင့် အဲ့လိုတောင် ပြောခဲ့တာမဟုတ်ဘူး!

ကျင်းရှီ၏ ကော့နေပြီး စိုပြေလှသော မျက်တောင်များသည် သူမလက်ထဲက ပူနွေးသော မစ်လ်တီးခွက်ကို ကြည့်လိုက်သည့်အခါ တဖျက်ဖျက်ခတ်သွားပြီးနောက် ပေါ်ရန်ကို ပြန်ကြည့်လိုက်သည်။

ပေါ်ရန်သည် အပေါ်ကို တိတ်တဆိတ်ကြည့်ကာ ခုန်ဝင်ရန် အချိန်ကောင်းကို စောင့်နေသော မြေခွေးအိုကြီး၏ အသွင်ဖြစ်နေသည်။

ခဏအကြာတွင် ကြင်နာတတ်သော ယုန်ကလေးက သူမ၏ မစ်လ်တီးကို ပေါ်ရန်ဆီသို့ တွန်းပေးလိုက်သည်—

“စီနီယာ၊ ကျွန်မဟာ သောက်မလား”

All Chapters