← Chapters

အပိုင်း (၁၅)

Vol. 2 Ch. 15

အပိုင်း (၁၅)

Vol. 2 Ch. 15

ပေါ်ရန်က သူ့နှုတ်ခမ်းထောင့်မှာ ပြုံးယောင်သမ်းသွားပြီး မစ်လ်တီးခွက်ကို အေးအေးဆေးဆေး ကိုင်လိုက်သည်။ သူ မထင်မှတ်ထားသည်မှာ ရှုချောင်းယန်က ခွက်ကို ကောက်ကိုင်လိုက်ပြီး ကျင်းရှီကို “ကျင်းရှီ သူက ယောက်ျားလေးနော်!” ဟုပြောလိုက်ခြင်းပင်ဖြစ်သည်။

ကျင်းရှီက ရှုချောင်းယန်ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။ “ကျွန်မ အစ်ကိုကလည်း ယောက်ျားလေးပါပဲ”

ငယ်စဉ်ကတည်းက သူမနှင့် ရှန်ဖျင်ချွမ်တို့သည် သူတို့အချင်းချင်း နွားနို့၊ ကြက်ခြေထောက်၊ ကိတ်မုန့် အစ ရှိသည်တို့ကို လုစားနေကြဖြစ်သည်။ အခြေခံအားဖြင့်တော့ သူတို့သည် ရန်ဖြစ်ပြီး လုယက်စားသောက်တတ်ကြသည်။

ထိုလုပ်ရပ်က သန်းဆယ်ချီပိုင်ဆိုင်မှုများသော ရှန်ရှိရှန်းကို သူ့မိသားစုက ဆင်းရဲလွန်း၍ ကလေးများ စားဖို့မလောက်မငဖြစ်သောကြောင့် တစ်ယောက်ဆီကနေ တစ်ယောက် စားစရာများ ခိုးယူစားသောက်ရသည်ဆိုသော အယူအဆလွဲများကို ပေးစွမ်းနေသလိုဖြစ်သည်။

ရှုချောင်းယန်က စိတ်ကသိကအောင့် ဖြစ်သွားပြီး “ကျင်းရှီ၊ ဒီဆရာရှုက မင်းကို သေသေချာချာ ပညာပေးရမယ်။ ယောကျ်ားတွေအားလုံးက ဝက်တွေပဲ၊ မင်း ခပ်ခွာခွာနေရမယ်!”

ကျင်းရှီ၏ ကြည်လင်သော မျက်လုံးများ မျက်တောင်ခတ်လိုက်သည်။ “အဲ့ဒါဆို ဆရာရှုရောပါလား”

“မပါဘူးလေ၊ ငါက ဟိုလိုမျိုးအကြံဆိုးတွေကြံနေတဲ့ မြေခွေးတစ်ကောင်နဲ့ မတူပဲ မင်းလိုမိန်းကလေးတွေကိုပဲ ဂရုစိုက်ပြီး တန်ဖိုးထားတတ်တယ်”

ရှုချောင်းယန်က ပေါ်ရန်ကို စိုက်ကြည့်နေသည်။

ပေါ်ရန်က ရှုချောင်းယန်လက်ကို တွန်းဖယ်လိုက်ပြီး မစ်လ်တီးခွက်ကို ပြန်ယူကာ “မင်းက ဆရာ့ဖြစ်ရတာကို စွဲလမ်းနေပြီ၊ သူ မကုန်မှာစိုးလို့ ငါကူသောက်ပေးတာကို”

“ဟွန့်၊ ဆင်ခြင်ဆင်လက်တွေ!”

ထိုမစ်လ်တီးမှာ Oreo cookie အရသာဖြစ်သည်။ ပေါ်ရန်သည် ဘာဘယ်အလုံးတစ်လုံးကို ကိုက်ဖောက်လိုက်ရာ အပိုင်းပိုင်းခွဲသွားသည်နှင့် ချက်ချင်းပင် ထိုဘာဘယ်ထဲမှ မွှေးကြိုင်သော ချောကလက်ရည်များ ထွက်လာပြီး သူ့လျှာပေါ်တွင် အရည်ပျော်သွားသည်။

“အရသာရှိလိုက်တာ”

“ဟုတ်တယ်မလား” ကျင်းရှီသည် သူမျိုချလိုက်သောအခါ လှုပ်သွားသော လည်စေ့ တစ်နည်းအားဖြင့် အာဒမ် ပန်းသီးကို ကြည့်နေရင်း သူ့အင်္ကျီစကို ဆွဲကာ စိုးရိမ်တကြီးပြောနေသည်။ “စီနီယာ၊ ကျွန်မအတွက်လည်း ချန်ထားပါဦး”

ပေါ်ရန်က ခွက်ကို ယမ်းလိုက်သည်။ “အိုး သွားပြီ၊ အကုန် ကုန်သွားပြီ”

ကျင်းရှီ - ......

သူမသည် နာရီဝက်အတွင်း သုံးပုံတစ်ပုံတောင် မသောက်နိုင်သော်လည်း ဒီကောင်ကြီးက သူမ မစ်လ်တီးကို တစ်လုပ် နှစ်လုပ်တည်းနှင့်တင် ကုန်အောင် သောက်နိုင်သွားလေသည်။

ယောကျ်ားဆိုသည်မှာ ဘယ်လိုသတ္တဝါမျိုးလဲ။ အရသာရှိသော ဖျော်ရည်များကို ရေငတ်သည့်အခါ ရေကိုတစ်ကျိုက်တည်း သောက်တတ်ကြလေသလား။

“ဒါဆို ဘာဘယ်တွေကော” သူမက စိုးရိမ်တကြီးနှင့် မေးနေသည်။ “ကျန်သေးလား”

ပေါ်ရန်က မစ်လ်တီးခွက်အဖုံးကိုဖွင့်ပြီး အထဲကို ချောင်းကြည့်ကာ “အများကြီးကျန်သေးတယ်”

“ကျွန်မလည်း အဲ့ဘာဘယ်လေးတွေ စားချင်တယ်!”

ထို့ကြောင့် ပေါ်ရန်က ထိုခွက်ကို ကမ်းပေးလိုက်သည်။ ကျင်းရှီသည် ပိုက်ကို ကိုက်ပြီး အောက်ခြေရှိ ဘာဘယ်များကို ဂရုတစိုက် စုပ်ယူကာ ၎င်းတို့ကို တစ်လုံးပြီးတစ်လုံး ကိုက်စားနေသည်။ သူမ၏ လျှာပေါ်တွင် ချိုမြိန်မှုမှာ အရည်ပျော်သွားပြီး သူမမျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ဒီလိုပုံစံနဲ့ဆိုရင် မင်းအဲ့ဟာတွေကို တစ်သက်လုံး တစ်လုံးပြီး တစ်လုံးစုပ်စားနေရလိမ့်မယ်။ ဒီမှာ မင်းကို ကူပေးမယ်” ပေါ်ရန်က မစ်လ်တီးခွက်ကို ပြန်ယူလိုက်သည်။ “ပါးစပ်ဟ”

ကျင်းရှီသည် သူမ၏ ချယ်ရီပါးစပ်လေးကို နာခံတတ်စွာနှင့် ဟလိုက်သည်။ ပေါ်ရန်က ခွက်ကို စောင်းလိုက်ကာ ဘာဘယ်များသည် ကျင်းရှီ၏ ပါးစပ်ထဲသို့ လျှောကျသွားသည်။

“တော်လောက်ပြီး မင်းတို့နှစ်ယောက် ဒီလောက်ဆိုလုံလောက်ပြီ”

ရှုချောင်းယန်က သူတို့နှစ်ယောက်ကို ဝင်နှောင့်ယှက်လိုက်သည်။ “စုံတွဲတွေတောင် မင်းတို့လို မစ်လ်တီးနဲ့ ဘာဘယ်တွေကို တယုတယကျွေးနေမှာ မဟုတ်ဘူး၊ မင်းတို့တွေ အရမ်းရင်းနှီးနေရင် နှစ်ယောက်စလုံး ဟိုပေါ်သွားပြီး တစ်ညလောက် အိပ်လိုက်ပါလား!”

ကျင်းရှီ၏ ပါးစပ်မှာ ဘာဘယ်များနှင့် ပြည့်နေသည်။ သူမသည် တစ်လုံးပြီး တစ်လုံး ဆက်တိုက် ကိုက်စားနေကာ သူမ မျက်နှာမှာ ပျော်ရွှင်မှု အပြည့် ဖြစ်နေသည်။ “ဘယ်ပေါ်ကို သွားရမှာလဲ”

ချူးကျောက်က ရွှင်မြူးစွာ တခစ်ခစ်ရယ်ရင်း “အချစ်ဟိုတယ်ပေါ်ကိုလေ”

ကျင်းရှီက နောက်ထပ်ဘာဘယ်တစ်လုံးကို ကိုက်လိုက်ပြီး “အိုး”

ပေါ်ရန်သည် ဖြူစင်သော အသားအရေရှိသည့် ပါးပြင်များ နီမြန်းနေလာသည်ကို မြင်လိုက်ရပြီး နားရွက်လေးများသည် ယုန်နားရွက်လေးများကဲ့သို့ နီရဲနေသည်။ သို့သော် သူမသည် စိတ်ကို တည်ငြိမ်အောင် ထိန်းထားဆဲဖြစ်သည်။

သူသည် ရှုချောင်းယန်ကို စိုက်ကြည့်နေသည်။ “ခုခေတ်ကလေးတွေရဲ့ အတွေးတွေက မလွယ်ဘူး”

ရှုချောင်းယန် ဒေါသထွက်သွားသည်။ ဝင်္ကပါထဲတွင် ကောင်မလေးရှေ့မှာ ပေါ်ရန်ကို မျက်နှာပျက်အောင် လုပ်မည်ဟု ကျိန်းထားလေသည်။

ထိုနေရာမှဝန်ထမ်းက သူတို့ကို ဝင်္ကပါဝင်ပေါက်ဆီ ခေါ်သွားခဲ့သည်။ သူတို့သည် အထဲမှ ပြင်းထန်သော အော်သံများကို ရံဖန်ရံခါ ကြားနေရသည်။ ရှုချောင်းယန် စိတ်မသက်မသာဖြစ်သွားသည်။

သူ့ကိုယ်သူ အတင်းအကြပ် တည်ငြိမ်ဟန်ဆောင်လိုက်ပြီး “ကျစ်၊ အဖြစ်မရှိလိုက်တဲ့ အော်သံတွေ ဘာဖြစ်နေကြတာလဲ၊ ယောက်ျားရော ဟုတ်ရဲ့လား ခ-ခဏနေ ငါ့နောက်ကို လိုက်လာခဲ့ကြ မိန်းကလေးတွေ ပြီးတော့ လမ်းမပျောက်ကြစေနဲ့!”

ပေါ်ရန်မှာ ကျင်းရှီကို သူ့နားသို့ ဆွဲကပ်ထားလိုက်ပြီး ချူးကျောက်ကို ရှုချောင်းယန်နဲ့ ထားခဲ့လေသည်။

သူတို့ အပါအဝင် စုစုပေါင်း လူ ၅ ဦးက ဝင်္ကပါထဲသို့ ရောက်ရှိလာခဲ့ကြောင်း သိလိုက်ရသည်။ ကျင့်ချီက အလုပ်ရှုပ်နေပြီး မလာနိုင်ချေ။ ထိုဝင်္ကပါနေရာက သူတို့အတွက် နောက်ထပ် လူထပ်ဖြည့်ပေးရန် ထွားကြိုင်းသော ယောက်ျားလေးတစ်ယောက်ကို ထည့်ပေးထားသည်။

သူတို့သည် မျက်စိကာများကို တပ်ထားပြီး အထဲဝင်ဖို့ တန်းစီထားကြသည်။

အထဲသို့ ရောက်သွားသည်နှင့် ကျင်းရှီဟာ ပတ်ဝန်းကျင်မှာ အမှောင်ချထားကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ဤအချိန်တွင် အသံသြကြီးဖြင့် ယောက်ျားပီသသော အမျိုးသားတစ်ယောက်၏ အသံတစ်ခု ထွက်ပေါ်လာသည် -

“မင်းက ချန်လင်မြို့ကို ပန်းချီဆွဲဖို့ လာခဲ့တဲ့ အနုပညာကျောင်းသားတွေပဲ၊ မှောင်လာပြီး လမ်းပျောက်နေတော့ မြို့စွန်က စွန့်ပစ်ထားတဲ့ ကျောင်းမှာ တစ်ညတာကို ကုန်ဆုံးရတော့မယ်။ မင်းတို့ ကျောင်းထဲဝင်ပြီးတာနဲ့ အပြင်ထွက်လို့ မရတော့ဘူးဆိုတာ သိလိုက်ရတယ်။ မင်းတို့က ဒီကြောက်စရာကောင်းတဲ့ မူလတန်းကျောင်းမှာ ပိတ်မိနေတယ်၊ မင်းတို့ကို စောင့်မျှော်နေတယ်... တစ်စုံတစ်ခုက...”

နောက်ခံစကားပြောသံမှာ ပြီးဆုံးသွားခဲ့သည်။ ထိုအထဲရှိလူတိုင်းသည် ၎င်းတို့၏ မျက်စိကာများကို ချွတ်လိုက်ကာ မှောင်မိုက် မည်းနက်သော ကျောင်းလျှောက်လမ်းထဲ ရောက်နေကြောင်း သိလိုက်ရသည်။

အလင်းရောင်မှာ ဖျော့ဖျော့လေးသာ မြင်နေရသည်။ ပတ်ဝန်းကျင်ကို မီးခိုးရောင် မြူခိုးများဖြင့် ဖုံးကွယ်ထားသည်။ နံရံများပေါ်တွင် စုတ်ပြတ်နေသော ကြေညာစာတမ်းများ ကပ်ထားသော ဘုတ်ပြားများနှင့် အနားများလိပ်နေသော အောင်လက်မှတ်များကို တွေ့နေရသည်။

“ပုံစံကြီးက လက်တွေ့ဆန်လွန်းတယ်!” ရှုချောင်းယန်က မိန်းကလေးနှစ်ယောက်ကို ပြောလိုက်သည်။“စိတ်မပူပါနဲ့၊ ဆရာက မင်းတို့ကို အန္တရာယ်ကနေ ကာကွယ်ပေးမှာ!”

သို့သော် သူစကားပြောပြီးပြီးချင်းမှာပင် အမှောင်ထုဖုံးလွှမ်းနေသော လျှောက်လမ်း၏ အဆုံးကနေ ရုတ်တရက် တစ်စုံတစ်ခု လှိမ့်ဝင်လာခဲ့သည်။

ရှုချောင်းယန်သည် ထိတ်လန့်တကြား တုန်လှုပ်သွားကာ နောက်သို့ ဆက်တိုက်ဆုတ်သွားသည်။ “ဘုရားရေ!၊ အဲ့ဒါ ဘာကြီးလဲဟ!”

ကျင်းရှီသည်လည်း ထိုအရာနှင့် အနီးဆုံးတွင်ရှိနေပြီး ထိုအရာကြီး လိမ့်ဝင်လာသောအခါ လန့်သွားသည်။ သို့သော် သူမသည် အတော်လေး တည်ငြိမ်အောင် နေနေခဲ့သည်။

အမည်မသိ လိမ့်ဝင်လာသော ထိုအရာသည် မီးခိုးရောင် ရော်ဘာဘောလုံးတစ်လုံးဖြစ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူတို့နှင့် ဆန့်ကျင်ဘက်အခြမ်းရှိ လျှောက်လမ်း၏ အခြားတစ်ဖက်စွန်းကို အမှောင်ထုက ဖုံးလွှမ်းထားဆဲဖြစ်နေသေးသည်။ ဘာကိုမှ မမြင်နိုင်ချေ။

ရှုချောင်းယန်သည် အလွန်ထိတ်လန့်သွားသည်။ သူသည် ချူးကျောက်အနောက်တွင် ပုန်းနေပြီး “အဲ့ဒါက သရဲပဲ!”

ချူးကျောက်က သူမ၏လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားသော ရှုချောင်းယန်၏ လက်ကို တွန်းဖယ်ဖို့ လှုပ်ခါလိုက်ပြီး “ဆရာရှု၊ အဲ့ဒါက ဘောလုံးတစ်လုံးပါ၊ သရဲမဟုတ်ဘူး” ဟုပြောလိုက်သည်။

ရှုချောင်းယန်၏ အသံမှာ ပြောင်းလဲသွားသည်။ “သ-သရဲမဟုတ်ဘူးလား၊ ဒါဆို ဘာလို့ သူ့ဘာသာ လိမ့်လာရတာလဲ”

ချူးကျောက်က ရှင်းပြလိုက်သည်။ “ဝန်ထမ်းတစ်ယောက်ယောက်က ပုံတွေအနောက်မှာ ပုန်းနေပြီး လိမ့်လိုက်တာ ဖြစ်မှာပေါ့၊ မကြောက်ပါနဲ့၊ ရှင်က ကျွန်မတို့ကို ကာကွယ်ပေးရမှာ မဟုတ်ဘူးလား”

ထိုမှသာ ရှုချောင်းယန်သည် သူ့ခေါင်းကို ပြန်မော့ထားလိုက်သော်လည်း ဘောလုံးကို မကြည့်ရဲပေ။ “ဟုတ်တယ်၊ မင်းတို့ကို ကာကွယ်ပေးဖို့ ငါဒီရောက်လာတာ။ ကျင်းရှီ၊ မြန်မြန် ငါ့နောက်မှာ လာနေ!”

ကျင်းရှီလည်း အတော်ကြောက်သွားသည်။ အခြေနေကိုကြည့်လိုက်ရာ အခုအချိန် အတည်ငြိမ်ဆုံးမှာ စီနီယာပေါ်ရန်ဟု ခံစားမိလိုက်သည့်အတွက် လိမ္မာစွာဖြင့် ပေါ်ရန်ဖက်ကို သွားလိုက်သည်။

“ကြောက်လို့လား” ဟုပေါ်ရန်ပါးစပ်မှာ အနည်းငယ်လှုပ်သွားပြီး မေးလိုက်သည်။

ကျင်းရှီက မကြောက်သည့်ပုံစံဖမ်းပြီး ခေါင်းခါပြလိုက်သည်။

ပေါ်ရန်၏ မျက်လုံးများက ညင်သာစွာ အနည်းငယ်မှေးသွားပြီး “ဘာလိုလုပ်မလဲ ငါအရမ်းကြောက်နေတယ်”

ကျင်းရှီက “ဒါဆို အတူတူ လျှောက်သွားကြရအောင်လေ၊ ကျွန်မ စီနီယာ့ကို ကာကွယ်ပေးမယ်” ဟုမပြောခင် ခဏလောက် စဉ်းစားလိုက်သည်။

ပေါ်ရန်က ဘောင်းဘီထဲထည့်ထားသော ရှပ်အင်္ကျီစအားလုံးကို ဆွဲထုတ်လိုက်ပြီး ကျင်းရှီ ကိုင်ဆွဲထားစေရန် လှမ်းပေးလိုက်သည်။ “ငါ့ကို ကောင်းကောင်းကာကွယ်ပေး၊ ငါ့ကို သရဲတွေမဆွဲစေနဲ့”

ကျင်းရှီက သူ့ခါးမှာ လျော့ရဲစွာ တွဲကျနေပြီး အနည်းငယ် တွန့်ကြေနေသော အဖြူရောင်ရှပ်အင်္ကျီစကို ကြည့်လိုက်သည်။ သူမမှာ ပေါ်ရန်က ထိုသို့သားသားနားနား ဝတ်ထားတတ်သည်ကို တွေ့ရခဲပြီး ဤသို့ပေါ့ပေါ့ပါးပါးပုံစံမျိုးကို ပို၍နှစ်သက်လေသည်။

သူမ အင်္ကျီထောင့်အစကို ကောက်ကိုင်လိုက်ပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကာ အသံတုန်တုန်နှင့် “အို-အိုကေ”

ပေါ်ရန်သည် စာတိုက်ပုံးကို စစ်ဆေးပြီး ဓာတ်ပုံဟောင်းတချို့ကို ထုတ်ကြည့်လိုက်သည်။ မှိန်ဖျော့နေသော မျက်နှာကျက် မီးရောင်အောက်တွင် ထိုဓါတ်ပုံများမှာ ကျောင်းအားကစားပွဲတစ်ပွဲ၏ ဓါတ်ပုံများနှင့် တူနေကြောင်း တွေ့နေရသည်။

ကြော်ညာဘုတ်ပြားများပေါ်တွင် ဓာတ်ပုံတစ်ချို့ကို ကျို့တို့ကျဲတဲ ကပ်ထားသည်။ ပေါ်ရန်သည် သူ၏ ပင်ကိုယ် အလိုလို ထိုးထွင်းသိမြင်တတ်ခြင်းကြောင့် ဓါတ်ပုံများကို နှစ်၊ လ၊ ရက် အစီအစဉ်အတိုင်း ဘုတ်ပြားပေါ်တွင် ပြန်စီထည့်နေသည်။

စက်ယန္တရားကို နှိုးဆွလိုက်ရာ “ကလစ်” ဟူသော အသံကို ကြားလိုက်ကြပြီး လျှောက်လမ်းထောင့်ရှိ စာသင်ခန်းတံခါး ပွင့်သွားခဲ့သည်။

အဝါရောင်ဖျော့ဖျော့အလင်းရောင်သည် တံခါးပေါက်ကြားမှ ဖြာကျနေသည်။

ထွားထွားကြိုင်းကြိုင်း ကောင်လေးက “ကောင်းလိုက်တာ ညီအစ်ကိုရေ! မင်းဒီကိုလာတာ ဒုတိယအကြိမ်မလား၊ ဒီဟာကို လွယ်လွယ်နဲ့ ဖြေရှင်းနေနိုင်တာ”

ပေါ်ရန် - “ဒါပထမဦးဆုံးအကြိမ်ပဲ”

ထွားထွားကြိုင်းကြိုင်းကောင်လေး - “ဒါဆို မင်းဝင်္ကပါတော်တော်များများကို ဝင်ကစားဖူးလို့ပဲ ဖြစ်ရမယ်”

ပေါ်ရန် - “မဟုတ်ဘူး၊ ပထမဆုံးအကြိမ်ပဲ၊ ငါက အရမ်းကြောက်တတ်တယ်၊ အခုကြည့်ပါလား ငါအရမ်းကြောက်နေတာ”

ထိုစကားကိုပြောပြီးနောက် သူက ကျင်းရှီကို သူ့ဘေးနားသို့ ဆွဲလိုက်သည်။ “ကျင်းရှီ၊ ငါ့ကို ကာကွယ်ပေးဦး”

တုန်ရီနေသော ကျင်းရှီက ခေါင်းညိမ့်လိုက်ကာ “အို-အိုကေ”

ထွားထွားကြိုင်းကြိုင်းကောင်လေး - ......

စာသင်ခန်းတွင် စားပွဲခုံနှင့် ထိုင်ခုံအချို့တို့ပါ ရှိနေပြီး အခန်းကိုဖြတ်လျှေောက်သွားရန် ပစ္စည်းတစ်ချို့ကို စင်မြင့်ပေါ်တွင် တင်ထားသည်။

သဲလွန်စများကို ရှာဖွေရန်အတွက် ရှုချောင်းယန်သည် ယခုအချိန်တွင် အခြေခံအားဖြင့် အသုံးမဝင်တော့ပေ။ သူ၏ အရပ် ၁၈၅ စင်တီမီတာ ရှည်သော ကိုယ်လုံးကိုယ်ပေါက်သည် ၁၅၈ စင်တီမီတာသာရှိသော ချူးကျောက်၏ ပခုံးအနောက်တွင် ကျုံ့ကျုံ့လေး နေနေကာ သူမ၏ပခုံးပေါ် လက်တင်ထားပြီး ဆံပင်တွေထဲ ခေါင်းကို အပ်ထားကာ “ဆရာ မင်းကို ကာကွယ်ပေးမယ်၊ မကြောက်နဲ့ မကြောက်နဲ့” ဟုအဆက်မပြတ် အော်နေသည်။

ချူးကျောက်က ရှုချောင်းယန်၏ ဖြူဖျော့နေသော အသားအရေကို လှည့်ကြည့်လိုက်ပြီး ရှုချောင်းယန်မှာ ယုံကြည်စိတ်ချနိုင်စရာ မကောင်းကြောင်း ခံစားမိလိုက်သည်။ သဲလွန်စရှာရန် သူမကိုယ်တိုင် စာသင်ခန်းအနောက်သို့ သွားခဲ့သည်။

ရှုချေောင်းယန်က သူမလက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး အနောက်မှ အမြန်လိုက်လာနေသည်။ “လျှောက်ပြေးမနေနဲ့၊ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ သတိထားဦး၊ ဆရာ မင်းလက်ကိုင်ထားပေးမယ်”

ချူးကျောက်သည် သူ့လက်ဖဝါးမှာ ပူနွေးနေပြီး စိုစွတ်နေကာ ချွေးစီးများဖြင့် ရွှဲရွှဲစိုနေသည်ကို သေသေချာချာ ခံစားလိုက်ရသည်။

သနားစရာကောင်းတဲ့ သတ္တိခဲပဲ!

ကျင်းရှီသည် စင်မြင့်ပေါ်ရှိ မှတ်စုစာအုပ်ငယ်ကို ကောက်ကိုင်လိုက်ပြီး အလင်းရောင်မှိန်မှိန်တွင် ဖတ်ရန် မနဲကြိုးစားနေသည်။ “ရှောင်ဟုန် အထီးကျန်နေတယ်၊ ......နဲ့ ထိုင်ရတာကို မကြိုက်ဘူး... ရှင်းရှင်းလင်းလင်း မမြင်ရဘူး၊ မှောင်လိုက်တာ”

ပေါ်ရန်သည် စုတ်ပြတ်နေသော မှတ်စုစာအုပ်ကို ယူလိုက်ကာ မျက်လုံးပြူးသွားပြီး ဖတ်လိုက်သည်။ “ရှောင်ဟုန် အထီးကျန်နေတယ်၊ မိန်းကလေးတွေနဲ့ ထိုင်ရတာ မကြိုက်ဘူး။ လီတဝေ့က သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။ သူတို့တွေ အမြဲတမ်း အတူတူထိုင်လေ့ရှိတယ်။ ကျိုးဖျင်က ရှောင်ဖန်ရဲ့ ကျစ်ဆံမြီးတွေကို ဆွဲတတ်တယ်။ သမ်းယွင်က ဆိုးသွမ်းပြီး စင်အောက်မှာ အမြဲတမ်း တစ်ယောက်တည်း ထိုင်နေတတ်တယ်…”

ကျင်းရှီက သူ့ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ကျောက်စိမ်းနက်ကဲ့သို့ နက်မှောင်သော အရိပ်ထဲတွင် နစ်မြုပ်နေသည်။

မှော်ဆန်လိုက်တဲ့ မျက်လုံးလေးတွေ၊ ညကြည့်မျက်မှန်တွေလိုပဲ။ ဤအမှောင်ထုထဲတွင် ရှင်းရှင်းလင်းလင်းဖတ်နိုင်သည်။

“ငါတို့တွေ ကျောင်းသားတစ်ယောက်ချင်းစီအတွက် ထိုင်ခုံနေရာတွေ ပြန်စီပေးရမယ်”

ပေါ်ရန်သည် ဟောင်းနွမ်းနေသော မှတ်စုစာအုပ်ကို ပြန်ချထားလိုက်ပြီး စာသင်ခန်းထဲရှိ စားပွဲခုံများကို လှမ်းကြည့်လိုက်သည်။ ထောင့်တစ်ထောင့်စီတွင် ကျောင်းသားအမည်များဖြင့် ထွင်းထုထားသော သစ်သားတုံးများကို အမြန်ရှာတွေ့သွားခဲ့သည်။

မှတ်စုစာအုပ်၏ အရိပ်အမြွက်များအတိုင်း လိုက်လုပ်ကြည့်ပြီးနောက် သူသည် နံရံပေါ်ရှိ ထိုင်ခုံနေရာဇယားပေါ်တွင် သစ်သားတုံးများကို ချိတ်ဆွဲလိုက်ကာ နောက်ဇာတ်ကွက်တစ်ခုက ချက်ချင်း စတင်လာသည်။

အမျိုးသားတစ်ယောက်၏အသံသည် စပီကာများမှ ထပ်မံထွက်ပေါ်လာသည် - အခု တစ်စုံတစ်ရာကို စတင်လိုက်ပါပြီ။ အပြင်လူများ ကျေးဇူးပြု၍ စားပွဲများမှာ ဝင်ထိုင်လိုက်ပါ။ မင်းတို့ ဘာပဲမြင်မြင် ဘာပဲကြားကြား ထိုင်ခုံကနေ မထလိုက်ပါနဲ့၊ သို့မဟုတ်ပါက အရမ်းကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်လာလိမ့်မည်။

ကောင်မလေးနှစ်ယောက်သည် စာသင်ခန်းအနောက်တန်းများရှိ အလုံခြုံဆုံးဟု ထင်ရသောနေရာသို့ ကမန်းကတန်း ပြေးထိုင်လိုက်ကြသည်။ ကောင်လေးများက ပိုအန္တရာယ်များသော ရှေ့တန်းများမှာ စိတ်လိုလက်ရ ဝင်ထိုင်နေကြသည်။ ပေါ်ရန်က နောက်ပြန်လှည့်ကြည့်ပြီး ကျင်းရှီကို လှမ်းပြောလိုက်သည်။ “ငါ့ကို တင်းတင်းကြပ်ကြပ် ကိုင်ထား၊ လက်မလွှတ်လိုက်နဲ့၊ မဟုတ်ရင် မင်းဒီမှာရှိနေသေးလားဆိုတာ ငါမသိနိုင်ဘူး”

ကျင်းရှီ - “ရှင် အဲ့လောက်တောင် တကယ်ကြောက်နေတာလား စီနီယာ”

ပေါ်ရန်က “အရမ်း အရမ်း ကြောက်တယ်” ဟု ခံစားချက်မဲ့စွာ ထုတ်ဖော်ပြောဆိုလိုက်သည်။

ထို့ကြောင့် ကျင်းရှီသည် သူမ၏လက်ကို ဆန့်ထုတ်လိုက်ကာ ပေါ်ရန်၏ လက်ကို စားပွဲခုံအောက်ကနေ ဆုပ်ကိုင်ထားသည်။

ပေါ်ရန်၏ လက်ဖဝါးသည် သူမထက် အနည်းငယ်အေးနေပြီး ကြက်သီးအနည်းငယ်ထကာ နူးညံ့နေသည်။ သူ့လက်ကို ကိုင်ထားရသည့်အတွက် ကျင်းရှီသည် သူမ၏ တလှပ်လှပ်ဖြစ်နေသော နှလုံးမှာ အလွန် ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။

ထူးဆန်းသည်မှာ ပေါ်ရန်တွင် သဘာဝအတိုင်း တည်ငြိမ်နေသော အရောင်အဝါရှိနေပုံရသည်။

ထို့အပြင် ဤကဲ့သို့သော စာသင်ခန်းတစ်ခုတွင် လက်ကိုင်ထားရသည်မှာ ထူးထူးခြားခြားနှင့် ... အရင်ဆုံး အချစ်နှင့်တူသော ခံစားချက်ကို ပေးစွမ်းနေသည်။

ရှုချေောင်းယန်က စားပွဲမှာ သူတစ်ယောက်တည်း ထိုင်ဖို့ ငြင်းဆန်နေခဲ့သည်။ ချူးကျောက်၏ စားပွဲနားတွင် ဝပ်နေရလောက်သည်အထိ သူ့မှာ တုန်ရီနေပြီး ချူးကျောက်၏ လက်မောင်းကို အတင်းဆွဲထားကာ လုံးဝမလွှတ်ပေးချေ “ငါ မင်းကို ထားခဲ့မှာ မဟုတ်ဘူး” ဟုသူကပြောသေးသည်။

ချူးကျောက် - ...

စီနီယာအထက်တန်းကျောင်းသားရေ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို လေးစားမှုလေးရှိပါဦး။

စောင့်ကြည့်ခန်းထဲက ဝန်ထမ်းများတောင် သူ့ကို ကြည့်မရတော့ပေ။ သူတို့သည် အင်တာကွန်မှ အသံမက်ဆေ့ချ်ကို ပေးပို့ခဲ့သည် - “ကစားသမားများခင်ဗျာ၊ ကျေးဇူးပြု၍ စည်းမျဉ်းများကို လိုက်နာပြီး ထိုင်ခုံမှာပဲ နေပေးပါ၊ မဟုတ်ရင် ကြောက်စရာကောင်းတဲ့ အရာတွေ ဖြစ်လာနိုင်ပါတယ်”

ရှုချောင်းယန်က ဒုက္ခရောက်နေသည့် လေသံဖြင့် “ကြောက်စရာ ... ကြောက်စရာကောင်းတဲ့ အရာတွေ ရှိသေးတာလား၊ ချူးကျောက် မင်း ကစားတာကို ရပ်ချင်လား။ ငါတို့ အပြင်ထွက်ရအောင်လေနော်”

ချူးကျောက်က သူ့လက်ကို ဆွဲဖယ်လိုက်သည်။ “နည်းပြရှု၊ ကြောက်မနေနဲ့”

“ငါဘာမှ မ... မကြောက်ပါဘူး”

ရှုချောင်းယန်က စိုးရိမ်တကြီးဖြင့် သူ့ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။

အားလုံးက ထိုင်ခုံများတွင် နေရာယူကာ ထိုင်နေကြသည်။

မှိန်ဖျော့နေပြီဖြစ်သော မီးရောင်များသည် တခဏအတွင်း လုံးဝမှောင်သွားကာ စာသင်ခန်းသည် ကိုယ့်မျက်နှာရှေ့ရှိ ကိုယ့်လက်ကိုတောင် မမြင်ရတော့သည့်အထိ အဆုံးကုန် မှောင်မိုက်မှုထဲသို့ ကျဆင်းသွားသည်။

ထိုအချိန်၌ပင် စာသင်ခန်း၏ အိုဟောင်းနေသောတံခါးကြီးသည် “ကျွီ” ဟူသောအသံကျယ်ကြီးဖြင့် ပွင့်လာသည်။ အမှောင်ထဲတွင် တစ်စုံတစ်ခု ဝင်လာပုံရသည်။

အချိန်အတော်ကြာအောင် အတန်းများရှေ့တွင် ရပ်နေပြီးနောက် လျှောက်လမ်းအတိုင်း လျှောက်လာသည်။

ခြေသံ တဖျတ်ဖျတ်ကို ကြားနေရသည်။

ကျင်းရှီသည် ထိုအရာမှာ သူမဘေးနားတွင် ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူမ၏နားထဲသို့ လေရှူထုတ်လိုက်သည်။

ကျင်းရှီသည် ပေါ်ရန်၏ လက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး “ပေါ်...ပေါ်ရန်...” ဟုခေါ်နေသည်။

အမှောင်ထဲတွင် ပေါ်ရန်၏ အသံနက်ကြီးက “ထွက်သွား၊ သူ့ကို မခြောက်နဲ့” ဟု ပြန်ပြောလိုက်သည်။

သရဲယောင်ဆောင်ထားသည့်သူမှာ ပေါ်ရန်ပြောခဲ့သည့်အတိုင်း မထွက်သွားခင် ခဏလောက် ထိတ်လန့်သွားပြီး သူ့အသံက တည်ငြိမ်ပြီး အမိန့်ပေးသလို ဖြစ်ကောင်းဖြစ်နိုင်သောကြောင့် ဖြစ်ပေမည်။

ကျင်းရှီက သက်ပြင်းကြီးကြီးချလိုက်သည်။ သူမ၏ နှလုံးသားထဲက ကြောက်ရွံ့မှုနေရာတွင် ကြီးမားသော လုံခြုံမှုက နေရာယူသွားခဲ့သည်။ သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသောကြောင့် သူမ အရမ်းမကြောက်တော့ပေ။

ချူးကျောက်က သူ့အနောက်က ကောင်မလေးကို နှစ်သိမ့်ပေးဖို့ မမေ့သေးချေ - “ကျောင်းသူ ချူးကျောက် မကြောက်နဲ့။ ဆရာ့ပုခုံးကို ကိုင်ထားလိုက်ရုံနဲ့ အဆင်ပြေသွားလိမ့်မယ်။ မကြောက်ပါနဲ့”

ချူးကျောက် - “နည်းပြဆရာရှု၊ ကျွန်မ ရှင့် ပုခုံးကို မကိုင်ထားပါဘူး”

ရှုချောင်းယန် - !!!

မြင်ကွင်းသည် စက္ကန့်အနည်းငယ်မျှ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ရှုချောင်းယန်သည် အဆုံးမဲ့အမှောင်ထုထဲတွင် သူ့ပခုံးပေါ်တင်ထားသော အေးစက်နေသည့်လက်တစ်စုံကို ခံစားလိုက်ရပြီး ထိတ်လန့်သွားမှုကြောင့် မေ့လဲလုနီးပါးဖြစ်နေသည်။

သို့သော် ထိုအချိန်တွင် မည်သူမျှ မမျှော်လင့်ထားသည့်အရာမှာ ရှုချောင်းယန်၏ ကြမ်းတမ်းပြီး ခမ်းနားထည်ဝါသော စစ်ရေးလေ့ကျင့်မှုတွင် အော်နေကျအသံကြီးသည် အမှောင်ထဲမှ ထွက်ပေါ်လာလေသည် —

“စည်းလုံးခြင်းသည် အင်အား၊ ဤခွန်အားသည် သံ၊ ဤခွန်အားသည် သံမဏိဖြစ်သည်~~”

သူသည် နှလုံးကွဲမတတ် ပြင်းထန်သော ကြောက်လန့်နေမှုနှင့် ခိုင်မာသော ဆုံးဖြတ်ချက်တို့ဖြင့် သီဆိုခဲ့သည်။

နှစ်ပေါင်းများစွာ သရဲယောင်ဆောင်ပြီး ကစားလာခဲ့သူသည် ဤမျှရယ်စရာကောင်းသော အူကြောင်ကြားကောင်ကို တစ်ခါမျှ မကြုံဖူးချေ။ ထိုသူသည် မထိန်းထားနိုင်တော့ပဲ ရယ်ချလိုက်သည်။

All Chapters