← Chapters

အပိုင်း (၂၄)

Vol. 2 Ch. 24

အပိုင်း (၂၄)

Vol. 2 Ch. 24

သမန်းဝံပုလွေ လုပ်တမ်းကစားပွဲကို နောက်တစ်ပွဲ ထပ်ကစားခဲ့သည်။ ထိုအချိန်တွင် ရှုချောင်းယန်မှာ ဒုက္ခရောက်နေပြီး ပေါ်ရန်ဟာ သူ့ကိုယ်သူ သူရဲကောင်းဆန်ဆန် စတေးခဲ့သည်။ ရှေ့ကဖြစ်သွားသော အဖြစ်အပျက်မှ သတိပေးချက်သည် ထိုနေရာတွင်ပင် ရှိနေသေးသောကြောင့် သူသည် Truth or Dare ကို ထပ်မံမရွေးချယ်ဝံ့တော့ပေ။ ထို့ကြောင့် သူသည် Dare ကို ရွေးချယ်ခဲ့သည်။

Dare သည်လည်း ကောင်းသော ကစားနည်းတစ်ခုမဟုတ်ခဲ့ပေ။ ယောက်ျားလေးများက တစ်ယောက်ယောက်ကို နောက်ပြောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြသည်။ သူ့ကို ဘယ်လိုလုပ် လွယ်လွယ်နှင့် လွှတ်ထားနိုင်မလဲ။

အထူးသဖြင့် ပေါ်ရန်ဖြစ်သည်။ ရှုချောင်းယန်၏ သစ္စာဖောက်ခြင်း ခံခဲ့ရပေသည်။ ယခုတစ်ခေါက်တွင် သူ့ကို လက်စားချေဖို့ အသင့်ပြင်ဆင်ထားလိမ့်ဖြစ်သည်။

အချင်းချင်း ဆွေးနွေးပြီးနောက် ကျင့်ချီက ရယ်မောပြီး “ကော်ဖီဆိုင်ထဲက ကောင်မလေးတွေ အားလုံးထဲက မင်းသဘောကျတဲ့ တစ်ယောက်ကို ရွေးပြီး အဲ့ကောင်မလေး နှုတ်ခမ်းပေါ် ဆယ့်ငါးစက္ကန့်လောက် နမ်းပြ” ဟုပြောလိုက်သည်။

ရှုချောင်းယန်က ထခုန်လိုက်ပြီး “သေစမ်း! မင်းဟာက လွန်လွန်းတယ်! မင်းတော့ အရိုက်ခံချင်နေပြီ! ငါ လုံးဝအဲ့လိုမလုပ်နိုင်ဘူး!”

“မင်းခုနက အစ်ကိုပေါ်ရန်ကို လိုက်ရှုပ်တဲ့အခါကျတော့ ရေချိုးခန်းထဲက မဟုတ်တရုတ် မေးခွန်းတွေကို မေးတယ်။ အခုတော့ မင်းက မရိုးမသားလုပ်ချင်နေပြီ အဲ့ဒါ မမိုက်ဘူးနော်”

ပေါ်ရန်သည် စားပွဲအစွန်းကို မှီ၍ နက်မှောင်သောမျက်လုံးများတွင် အန္တရာယ်ရှိသော အေးစက်စက်အကြည့်ကို တွေ့လိုက်ရသည်။ သူသည် ဤယုတ်မာသော အကြံအစည်ကို ဖန်တီးလိုက်ခြင်းဖြစ်ပေသည်။

အမှန်စင်စစ် ငရဲပြည်ကနေ လွတ်လာသော နတ်ဆိုးများသည် ကမ္ဘာမြေပေါ်သို့ ရောက်လာကြခြင်းဖြစ်သည်။

ရှုချောင်းယန်သည် အနည်းငယ်နောင်တရသွားသည်။ ယောကျ်ားများသည် သူတို့၏ သူငယ်ချင်းယောကျ်ားများအတွက် အဘယ်ကြောင့် ခက်ခဲအောင် လုပ်နေကြသနည်း။

“စောက်ရေးမပါတဲ့ဂိမ်း!” သူ တိုးတိုးလေးပြောလိုက်သည်။ “အကယ်၍ အဲ့ကောင်မလေးက မလုပ်ချင်ရင်ရော ဘယ်လိုလုပ်မလဲ။ သူ ငါ့ကို ပါးရိုက်ရင်ရော ဘယ်လိုလုပ်မလဲ။ ဒါက လုံးဝကို အစွန်းရောက်ဝါဒပဲ!”

ကြင်နာတတ်သော ကျင်းရှီက သူ့ကို အကြံဉာဏ်ပေးလိုက်သည်။ “ရှင် သူစိမ်းကောင်မလေးတွေကို ရွေးစရာမလိုဘူး”

သူမ ပြောသည့်အခိုက်အတန့်တွင် ပေါ်ရန်၏ ပေါင်က သူမပေါင်ကို အပြစ်ပေးသလိုမျိုး အတင်းဖိထားလိုက်သည်။

“အောင်မယ် မင်းတို့နှစ်ယောက် အတိုင်အဖောက်ညီနေကြတယ်ပေါ့” ဟုတိုးတိုးလေးပြောပြီး သူမကို ငုံ့ကြည့်လိုက်သည်။ “မင်းတို့အလှည့်ရောက်တဲ့အထိ စောင့်ထားဦးပေါ့ကွာ။ ဒီကကောင်ကြီးက မင်းတို့ကို ဘာလုပ်ပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်”

ကျင်းရှီသည် နွေဦးပေါက်ရာသီက Pomeranian ခွေးတစ်ကောင်လို ပြုံးကာ ပေါ်ရန်၏နှလုံးသားကို လုံးဝ အရည်ပျော်သွားစေခဲ့သည်။

သူသည် သူမ၏ ဆံပင်များကို စိတ်ကျေနပ်စွာနှင့် ဖွနေသည်။

ရှုချောင်းယန်သည် ကျင်းရှီအား ထိုသို့သတိပေးမှုအတွက် ထာဝရ ကျေးဇူးတင်နေမိသည်။

ဟုတ်ပါသည်၊ သူစိမ်းကို ရွေးစရာမလိုပေ။ သူစိမ်းမိန်းကလေးများက သူ့ကို နှာဘူးကောင်ဟု ထင်မှာ သေချာသည်။ သူသည် ဤမိန်းကလေးများထဲက တစ်ယောက်ကို ရွေးထားသရွေ့တော့ ဒါဟာ ဂိမ်းတစ်ခုပဲဟူ၍ သိထားကြသဖြင့် ဤအရာကို အလေးအနက်ထားကြမည် မဟုတ်ချေ။

သူသည် ထိုမိန်းကလေးတစ်ချို့ကို အသနားခံသည့် အကြည့်ဖြင့် ကြည့်နေလိုက်သည် - “အလှပဂေးညီမလေးတို့ရေ သဘောကောင်းတဲ့ ညီမလေးတို့ရေ အစ်ကို့ကို ဘယ်သူများ ကူညီပေးမှာလဲ”

ထိုမိန်းကလေးများက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပေမယ့် ဘယ်သူဆီကမှ စကားတစ်လုံးမျှ မထွက်လာပေ။

ဒီဝက်ခြေထောက် တုတ်တုတ်ကြီးကို ဘယ်သူကနမ်းချင်မှာလဲ။ ထိုမိန်းကလေးများသည် တစ်ယောက်မှ ရည်းစားမထားဖူးပေ။ ဒါက နှုတ်ခမ်းပေါ်က အနမ်းတစ်ပွင့်ဖြစ်သည်။ တစ်ချက်နမ်းလိုက်သည်နှင့် သူတို့၏ ပထမဆုံးအနမ်းကို ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။

အိမ်နီးနားချင်း အဆောင်ခန်းမှ မိန်းကလေးများထဲတွင် ရှုချောင်းယန်သည် ကျင်းရှီနှင့် အရင်းနှီးဆုံးဖြစ်သည်။ ကျင်းရှီဖက်ကို လှည့်ကြည့်လိုက်သည်နှင့် ပေါ်ရန်၏ အေးစက်သောအကြည့်များက ဓားနှင့်ထိုးလိုက်သလိုပင်။

ဤနေရာမှာတင် ပွဲချင်းပြီး မသေချင်သေးလျှင် သူမကို လုံးဝရွေးချယ်မည် မဟုတ်ပေ။

နောက်တစ်ယောက်ကတော့ ချူးကျောက်ဖြစ်သည်။ အရင်တစ်ခေါက်သွားခဲ့သော ဝင်္ကပါမှာတုန်းက သူသည် ချူးကျောက်ကို ကယ်တင်ခဲ့ဖူးသည်။

“ကျောက်ကျောက်၊ ညီမလေး” ရှုချောင်းယန်က သူမကို သနားကရုဏာ သက်စွာကြည့်ကာ “ညီမလေး လုပ်ပေးမလား”

“ရှင့်ရဲ့ ကြက်ခြေထောက်ကြီးတွေကိုပဲ လုပ်ခိုင်းလိုက်။ ရှင့်ကို ဘယ်သူက နမ်းချင်မှာလဲ” ချူးကျောက်က ပြောလိုက်သည်။

ရှုချောင်းယန်က ငိုတော့မလို ဖြစ်နေသည်။ “ညီမလေးလောလော၊ ညီမလေးထန်ထန်”

လင်းလော - “ရှင် ညီမကျောက်ကျောက်ကိုသာ မေးသင့်တယ်။ ကျွန်မတို့က ရှင်နဲ့သိပ်ရင်းနှီးတာ မဟုတ်ဘူး”

အဆုံးမှာတော့ ရှုချောင်းယန်သည် ချူးကျောက်ဖက်သို့ ပြန်လှည့်လိုက်သည်။ “ညီမလေး၊ တစ်ချက်လေးထိရုံပဲ၊ နှုတ်ခမ်းနဲ့ ထိသွားရုံပဲ၊ မင်းရဲ့ နည်းပြဆရာရှုကို ဒီတစ်ပွဲတော့ ကျော်ဖြတ်နိုင်အောင် ကူညီပေးပါနော်။ အခုကစပြီး မင်းဘာပဲလိုချင်လိုချင် ဒီနည်းပြဆရာရှုက မင်းအတွက်ဆို မီးပင်လယ်ကိုတောင် ဖြတ်ပြီး ယူပေးမယ်!”

သူတကယ်သနားစရာကောင်းနေသည်ကို တွေ့လိုက်ရသည့်အခါ ချူးကျောက်က သူမ၏အဝတ်အစားများကို တွန့်လိမ်ပြီး အချိန်အတော်ကြာလေးလေးနက်နက် စဉ်းစားနေခဲ့သည်။ “ဘာလို့...ဘာလို့ ကျွန်မကိုရွေးရတာလဲ!”

“ဘာလို့လဲဆိုတော့...ဘယ်သူမှ မရှိတော့လို့!”

“ဒါဆို... ရှင် လွန်လွန်ကျူးကျူးတွေတော့ မလုပ်ပါဘူးနော်”

“ဒါပေါ့ ဘယ်လုပ်ပါ့မလဲ! ငါ ကတိပေးပါတယ်!”

သူသည် ထိတွေ့ရုံနှင့်တင် ပေါက်ကွဲသွားမည်ဖြစ်သည်။ သူမကိုတော့ ပြောမနေနဲ့တော့၊ အပြစ်ကင်းစင်သော မိန်းကလေးတစ်ယောက်၏ ပထမဆုံအနမ်းဖြစ်သည်!

အားလုံးက သူတို့နှစ်ယောက်အတွက် နေရာလွတ်ကို စိတ်လှုပ်ရှားစွာဖြင့် ဖယ်ပေးလိုက်ကြသည်။ ချူးကျောက်က ရှုချောင်းယန်ဘေးတွင် စိတ်မသက်မသာနှင့် ဝင်ထိုင်လိုက်သည်။ “မင်းတို့ကောင်တွေ အဆိုးဆုံးပဲ၊ ဒီလိုပေါက်ကရ အကြံတွေကို စဉ်းစားနိုင်တာ”

“ယောင်းမရေ၊ နင် အဆင်မပြေ ဖြစ်နေတဲ့ပုံပဲ။ ခုနက အရွေးမခံရသေးခင်က အေးဆေးပဲနော်!”

ချူးကျောက် - “ကောင်းပြီလေ၊ နောက်တစ်ခါကျရင် နင်တို့အလှည့်ပဲ!”

သူမသည် အသက်ပြင်းပြင်းရှူပြီး မျက်လုံးကို အတင်းမှိတ်လိုက်သည်။ “လာပါ ဆရာရှု”

ရှုချောင်းယန်သည် စားပွဲပေါ် တံတောင်ဆစ် ထောက်ကာ ချူးကျောက်နား တဖြည်းဖြည်း နီးကပ်လာသည်။

သူ အနားရောက်လာသည်နှင့် ချူးကျောက်သည် အလိုလို နောက်သို့ ဆုတ်သွားပြီး သူမကို ရပ်လိုက်ရန် သူက သူမခေါင်းအနောက်ဖက်ကို လက်တစ်ဖက်ဖြင့် ဖိလိုက်သည်။

မီးပင်လယ်ကို ဖြတ်သွားဖို့ စိတ်ပိုင်းဖြတ်ထားသော ရှုချောင်းယန်သည် ချူးကျောက်၏ ခေါင်းနောက်ကို ကိုင်ကာ နမ်းလိုက်သည်။

ချူးကျောက်က အံ့ကြိတ်ထားပြီး သူ၏ နူးညံ့သော နှုတ်ခမ်းသားများက သူမ၏ နှုတ်ခမ်းကို ဖိထားသလို ခံစားလိုက်ရသည်။ သူမ မျက်လုံးဖွင့်လိုက်သည့်အခါ ထိုယောက်ျား၏ ကြီးမားလှသော ချောမောသည့်အသွင်အပြင်နှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။

သူ့မျက်နှာသည် မိုးပျံလေပူဖောင်းကဲ့သို့ နီရဲနေသည်။

ချုးကျောက်၏ စိတ်ထဲတွင် မီးကျည်မီးစများ ပေါက်ကွဲစပြုလာသည်။

ယောကျာ်းများသည် သဘာဝအလျောက် မွေးဖွားလာကတည်း ထိုသို့အရာများတွင် တက်ကျွမ်းသူများဟု ထင်ရသည်။ ရှုချောင်းယန်၏ နှုတ်ခမ်းများသည် သူမနှုတ်ခမ်းများပေါ်သို့ပင် ညင်သာစွာ ထိတွေ့ပေးနေလေသည်။

သူတို့ပတ်ပတ်လည်က လူများသည် ၁၅၊ ၁၄၊ ၁၃၊ .....၊ ၃၊ ၂၊ ၂၊ ၂၊ ၂....ဟူ၍ စက္ကန့်များကို ရေတွက်ပေးနေကြသည်။

ချူးကျောက်က မျက်နှာနီရဲနေသော ရှုချောင်းယန်ကို တွန်းလိုက်သည်။ “နင်တို့ ဒါဘာလုပ်နေတာလဲ၊ ၂ ကို ရောက်တော့ အကြာကြီး ရေနေတာ နင်တို့တွေနော်...” ဟုသူမဘေးနားက လူများကို ပြောလိုက်သည်။

သူမသည် အသက်ရှုမဝသလို မူးလဲလုနီးပါးဖြစ်နေသည်။

ရှုချောင်းယန် - “အရမ်း! အရမ်းလွန်နေပြီ!”

“ဟျောင့် ရှုချောင်းယန် မင်းကများ အခွင့်ကောင်းယူပြီးတော့ ငါတို့ကို အပြစ်တင်နေတယ်”

ရှုချောင်းယန်သည် ယခုတွင် ချူးကျောက်ကို မကြည့်ရဲတော့ပေ။ ချူးကျောက်လည်း သူ့ကို မကြည့်ရဲ။ သူတို့သည် ကိုယ့်နေရာကိုယ်ပြန်ထိုင်ကာ ဂိမ်းကို ဆက်ကစားကြသည်။

ရှုချောင်းယန်သည် လက်စားချေရန် ဆုံးဖြတ်ခဲ့သည်။ နောက်တစ်ပွဲတွင် ကျင့်ချီနှင့် ရှန်ဖျင်ချွမ်တို့ကို ကောင်းကောင်းကြီး နောက်ပြောင်နိုင်ခဲ့သည်။ Truth or Dare ပဲဖြစ်ဖြစ် ရလာမည့် ရလဒ်မှာ ကောင်းနိုင်မည် မဟုတ်ချေ။

မကြာခင်မှာပဲ ကျင်းရှီက ကျင့်ချီကို ရှုံးခဲ့သည်။

ကျင့်ချီက ပြုံးပြီး သူမကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ ရှန်ဖျင်ချွမ်သည် ဤတစ်ကြိမ်တွင် သူမအတွက် မားမားမတ်မတ် မရပ်တည်ပေးနိုင်တော့ပေ။ “သူ့ကို ကောင်းကောင်းမွန်မွန်နဲ့ ပညာပြလိုက်။ ဒီကောင်မစုတ်လေးက ငါ့ကို ခုနက မျက်နှာပျက်အောင်လာလုပ်နေတယ်။ အခုတော့ သူ သင်ခန်းစာယူ ရတော့မယ်”

စောစောကပင် ကျင်းရှီက ရှန်ဖျင်ချွမ်အား သူတို့နားက စားပွဲမှာ ထိုင်နေသည့် ကောင်မလေး၏ WeChat ကို တောင်းခိုင်းလိုက်သည်။ ထိုကောင်မလေးရည်းစားက သန့်စင်ခန်းထဲက ပြန်လာသောအခါ သူတို့ကို မြင်လိုက်ရသဖြင့် ရှန်ဖျင်ချွမ်သည် သူ့မျက်နှာအိုကြီးကို ထားစရာနေရာမရှိ၍ သေချင်လောက်အောင် ရှက်သွားသည်။

သူက ကျင်းရှီအတွက် ကာကွယ်ပေးမည် မဟုတ်တော့ပေ။ သူမကို ကောင်းကောင်းမွန်မွန် သင်ခန်းစာပေးခိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

ကျင်းရှီသည် သူမ၏ညီအစ်မများကို တစ်ချက်ကြည့်လိုက်ပြီး သူမက Truth ကိုရွေးချယ်မည်ဆိုပါက ထိုသူများသည် မည်သည့်လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်သည်ကို မပြောပဲနဲ့တောင် သိနေသည်။

ထိုအရာနှင့် ယှဉ်လျှင် သူမသည် Dare ကို ရွေးချယ်ဖို့ ပိုလိုလားနေသည်။ Dare ဆိုသည်မှာ လူများ၏ WeChat နှင့် ဖုန်းနံပါတ်ကို လိုက်တောင်းရသည့် ရူးရူးပေါပေါလုပ်ရပ်များသာ ဖြစ်သည်။ အဲ့ဒါက ဘာများ ခက်နေလို့လဲ။

ကျင်းရှီသည် ချောင်းဟန့်လိုက်သည်။ “ငါ Dareကို ရွေးမယ်”

ထိုစကားများ သူမပါးစပ်မှ ထွက်သွားသောအခါ ကျင့်ချီနှင့် ရှုချောင်းယန်တို့သည် ပူးပေါင်းကြံစည်မှုတစ်ခုလုပ်ရန် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့မှာ အစီအစဉ်တစ်ခု ရှိထားပြီးသားဖြစ်သည်။ ဤမိုက်မဲလှသော မိန်းကလေးက ထိုထဲကို မှန်ကန်စွာလျှောက်လှမ်းလာဖို့ စောင့်နေရုံပဲဖြစ်သည်။

ပေါ်ရန်က ထိုင်ခုံပေါ် ပျင်းရိစွာ မှီနေပြီး “အရမ်းအလွန်အကျွံတွေ လျှောက်လုပ်မနေနဲ့” ဟုမပီတပီပြောလိုက်သည်။

“အိုး၊ ဒါဆို အစ်ကိုပေါ်ကြီးက သူ့အစား လုပ်ပေးမလို့လား” ကျင့်ချီက ရယ်မောလိုက်သည်။ “ရှန်ဖျင်ချွမ်တောင် ဘာမှမပြောသေးဘူး”

ပေါ်ရန်က လက်ကောက်ဝတ်များကို အကြောဆန့်လိုက်သည်။ “မတော်တရော်တွေ လျှောက်မလုပ်ခိုင်းနဲ့၊ ငါဝင်ပါမှာမဟုတ်ဘူး”

ကျင့်ချီသည် အားပေးထောက်ခံသူကို ကြည့်သကဲ့သို့ ပေါ်ရန်ကို အနီးကပ် တစ်ချက်ကြည့်လိုက်သည်။ “မင်းတို့ သူပြောတာ ကြားတယ်နော်။ အရမ်းမလုပ်ကြနဲ့”

ကျင့်ချီ၏ မျက်လုံးများ မှေးတက်သွားသည်။ “နှစ်သစ်လည်း မကြာခင် ရောက်ခါနီးပြီ။ ဒီဂိမ်းရဲ့နောက်ဆုံးပွဲကို ကြီးကြီးမားမား လုပ်လိုက်ကြရအောင်။ ဒီမှာရှိတဲ့လူတိုင်း၊ မင်းတို့နာမည်တွေကို စက္ကူဘောလုံးပေါ်မှာ ရေးပြီး ကျင်းရှီ မဲနှိုက်ဖို့ ပေါင်းထည့်ပေးလိုက်ကြ။ မဲနှိုက်ခံရတဲ့သူက နှစ်သစ်ကူးအကြိုညကို ဟိုတယ်တစ်ခုမှာ သူနဲ့အတူ ကုန်ဆုံးရမယ်”

“သေစမ်း၊ ဘယ်လောက်တောင် ရင်ဖိုစရာကောင်းလိုက်သလဲဆိုတာ!”

“ငါလည်း ပါမယ်။ လုပ်လိုက်ရအောင်”

ကျင်းရှီ - ......

ဒါက ဘယ်လိုလုပ်ပြီး မလွန်လွန်းပဲနေမလဲ။

သူမသည် ပေါ်ရန်ကို ချက်ချင်းကြည့်လိုက်သည်။ “စီနီယာ၊ သူတို့တွေ လွန်လွန်းတယ်လို့ မထင်ဘူးလား”

ပေါ်ရန်နှင့် ကျင့်ချီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားမဖြင့်ပြောနိုင်သော မက်ဆေ့ချ်အချို့ကို မျက်ရိပ်မျက်ကဲ ပြနေကြသည်။

“မင်းမှာ မိန်းကလေးတစ်ယောက် မဲပေါက်အောင်လို့ နှိုက်ဖို့ အခွင့်အရေး တစ်ဝက်တောင် ရှိသေးတာပဲ။ ဘာကြောက်စရာရှိလို့လဲ” သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါပေမယ့်... အဲ့ဒါက လွန်လွန်းတယ် မဟုတ်လား” ကျင်းရှီ၏ နောက်ဆုံးအသက်သွေးကြောမှာ ရှန်ဖျင်ချွမ်ဖြစ်သည်။ “အစ်ကို၊ သူတို့ကိုကြည့်ပါဦး!”

ရှန်ဖျင်ချွမ်သည် သူ့ကိုလုပ်ခဲ့သောလုပ်ရပ်အတွက် အခဲမကျေသေးပေ။ “မင်း ဘာလိုပဲကစားနေပါစေ ဒီနေ့ ငါ မင်းကို တားမှာ မဟုတ်ဘူး” ဟုခပ်တည်တည်ဖြင့် ပြောလိုက်သည်။

ကျင်းရှီလည်း စကားမပြောနိုင် ဖြစ်သွားသည်။ စောစောက ရှန်ဖျင်ချွမ်ကို နောက်ပြောင်ပြောနေချိန်မှာ သူမကိုယ်သူမ လွတ်ရာလွတ်ကြောင်း လမ်းကြောင်းတစ်ခုတော့ လုပ်ခဲ့သင့်သည်။ ထိုမှသာ အနည်းဆုံးတော့ သူမအစ်ကိုက သူမကို အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။

ကျင့်ချီ ; “မကြောက်ပါနဲ့ ကျင်းရှီလေးရေ။ တစ်ညတာပဲ ကုန်ဆုံးရမှာကို။ ကံကောင်းတဲ့ကောင်လေးကို ရအောင် မဲနှိုက်နိုင်ရင်တောင် မင်း မဖြစ်မနေ လုပ်ရမယ်လို့ ငါတို့မပြောပါဘူး။ မင်းဆန္ဒရှိရင် တစ်ညလုံး သူနဲ့အတူတူ စာကျက်လို့ရတယ်လေ”

ကျင်းရှီ - ......

အတူတူ စာကျက်ဖို့ အခန်းတစ်ခန်းယူရမည်။

ဒီပွဲက နောက်ဆုံးပွဲဖြစ်သည်။ ကျင်းရှီသည် စိုစွတ်သော စောင်မဖြစ်ချင်သလို လူတိုင်း၏ စိတ်ကိုလည်း မထိခိုက်စေချင်ခဲ့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက် ရအောင် မဲနှိုက်ဖို့ အခွင့်အလမ်း ငါးဆယ်ရာခိုင်နှုန်းရှိနေသေး၍ ဘာကြောက်စရာရှိလဲ။

ရှန်ဖျင်ချွမ်က အတော်လေး စိတ်အားထက်သန်နေသည်။ ကော်ဖီဆိုင်ရှိ ဧည်ကြိုနေရာသို့သွားပြီး စာရွက်နှင့် ဘောပင်များတောင်းပြီး စာရွက်ကို လေးထောင့်ပုံစံငယ်များဖြစ်အောင် ဆုတ်ဖြဲပြီး လူတိုင်းကို “ကိုယ့်နာမည်ကိုယ်ရေးပါ၊ ပေါက်ကရတွေ လျှောက်မလုပ်ပါနဲ့” ဟူ၍ အထူးသတိပေးလိုက်သည်။

လူတိုင်းက ဘောပင်များရကြပြီး သူတို့နာမည်များကို တစ်လုံးချင်းစီ ချရေးကြသည်။ ရှုချောင်းယန်သည် ကျင့်ချီရေးသည့်စာကို ချောင်းကြည့်ရန် ကြိုးစားသော်လည်း ကျင့်ချီက ၎င်းကို ရတနာတစ်ခုကဲ့သို့ ထိန်းသိမ်းထားပြီး သူ့ကို အမြင်မခံပေ။

ပေါ်ရန်က ဘောပင်ကို ကောက်ကိုင်လိုက်ပြီး “ပေါ်ရန်” ဟု ပေါ့ပေါ့ပါးပါး ရေးကာ စက္ကူဘောလုံးအဖြစ် လုံးကြိတ်ကာ ကျင်းရှီရှေ့ရှိ ပန်းကန်လုံးထဲသို့ ပစ်ချလိုက်သည်။

လုပ်ဆောင်ချက်က တော်တော်လေး ပြေပြစ်နေသည်။

ကျင့်ချီသည် ပန်းကန်လုံးကို စားပွဲပေါ်တွင် ကျွမ်းကျင်စွာ လှန်လိုက်ပြီး တစ်ခဏမျှ အန်စာတုံးကဲ့သို့ လှုပ်လိုက်သည်။

“အသေးလေးကျင်းရှီရေ၊ တစ်ခုနှိုက်လိုက်”

ကျင်းရှီသည် မျက်လုံးများကိုမှိတ်ထားပြီး စက္ကူဘောလုံးတစ်လုံးကို အမှတ်တမဲ့ကောက်ကိုင်ကာ ကျင့်ချီအား ပေးလိုက်သည်။ “ဒီတစ်ခု”

ကျင့်ချီက ထိုစက္ကူဘောလုံးလေးကို ယူလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြောနေသည်။ “နှစ်သစ်မှာ ငါတို့အသေးလေးကျင်းရှီနဲ့ အတူတူဖြတ်သန်းခွင့်ရမယ့် ကံကောင်းတဲ့သူကို ရွေးချယ်လိုက်ပြီးပြီ ဖြစ်ပါတယ်၊ ကဲ ဘယ်သူဖြစ်နိုင်မလဲ”

ရှန်ဖျင်ချွမ်က အားတက်သရောနှင့် “ငါတို့ကို စောင့်ရအောင် မလုပ်နဲ့ ပြောစရာရှိပြောလိုက်စမ်းပါ!”

ကျင့်ချီက စာရွက်ကို လှန်လိုက်ပြီး အံ့အားသင့်ဖွယ် အသွင်အပြင်ကို လုပ်ပြလိုက်သည်။ “ဝေါင်း!”

ရှန်ဖျင်ချွမ်သည် အစောပိုင်းက ထိုအရာနှင့်အတူ စီးမြောလိုက်ပါသွားခဲ့သော်လည်း ယခုအခါတွင် သူလည်း စိတ်ပူစပြုလာသည်။ သူ၏ အဖိုးတန်ညီမငယ်လေးက ဒီတိရစ္ဆာန်လေးများနှင့် အခန်းထဲမှာ တစ်ညလုံး ကုန်ဆုံးသွားရတော့မည်။ ထိုအရာကြောင့် သူအနည်းငယ် စိတ်မချမ်းမသာဖြစ်မိသည်။ သူသည် ကျင့်ချီ၏ လက်မှ စာရွက်ကို တန်းဆွဲယူပြီး ၎င်းကိုကြည့်ကာ သူ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်—

“ပေါ်... ပေါ်ရန်”

ကျင်းရှီသည် စက္ကန့်အနည်းငယ်မျှ သူမ၏ ခေါင်းထဲ ဗလာကျင်းဖြစ်သွားသလို ခံစားလိုက်ရပြီး သူမ၏ ခြေဖဝါးများ လွင့်မျောသွားသလိုဖြစ်သွားသည်။ “အဲ့ဒါက...စီနီယာပေါ်ရန်လား”

နေရထိုင်ရခက်သော အငွေ့အသက်သည် လေထဲသို့ စိမ့်ဝင်သွားသည်။ ကျင်းရှီသည် ပေါ်ရန်၏ မျက်နှာကိုပင် မကြည့်ရဲပေ။ နားရွက်များ နီရဲကာပူလာသည်။

ကျင့်ချီက ရယ်မောပြီး “ဒီညတော့ ပေါ်ရန်နဲ့ တစ်ညလုံး မင်းရဲ့အိမ်စာတွေလုပ်ဖို့ ကံပါလာပုံပဲ”

ကျင်းရှီက စိတ်အားထက်သန်မှုရှိပြီး ပေါ်ရန်ဖက်ကို လှည့်ကာ “စီနီယာမလုပ်ချင်ရင် ငြင်းလို့ရတယ်နော်!”

တကယ်တော့ ဒါဟာ သူမ၏ Dareသာဖြစ်သည်။ ပေါ်ရန်၏ Dare မဟုတ်ပေ။ ပေါ်ရန် ငြင်းသော်လည်း ဤဂိမ်းကို ရပ်လို့ရမည်မဟုတ်ချေ။

ကျင်းရှီသည် ပေါ်ရန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

ပေါ်ရန်သည် ထိုင်ခုံပေါ် နောက်ပြန်မှီကာ လက်ရန်းပေါ် တံတောင်ဆစ်ကို ထောက်ကာ ပျင်းရိစွာ ထိုင်နေပြသည်။ ကျဉ်းမြောင်းပြီး ရှည်လျားသော နက်မှောင်လှသည့် မျက်လုံးများက သူမကို ကြည့်ပြီး ပြုံးပြနေပုံပေါ်သည်။

“ငါလုပ်မယ်” ပေါ်ရန်က တိုးတိုးလေးပြောလိုက်သည်။

All Chapters