အပိုင်း (၂၅)
Vol. 2 Ch. 25
ပေါ်ရန်၏ ဖုန်းဖြင့် သူ့သူငယ်ချင်းများက ဟိုတယ်ကို ဘိုကင်လုပ်လိုက်သည်။ သူတို့ကိုယ်တိုင် အခန်းယူပြီး ကဲမည့်သူများကဲ့သို့ပင် ပေါ်ရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် စုပေါင်းကာ စီစဉ်ခဲ့ကြသည်။
“ဒါလည်း ကောင်းပါတယ်၊ မြေထဲပင်လယ်ရဲ့ အပြင်အဆင်နဲ့ဟ”
“မဟုတ်ဘူး မဟုတ်ဘူး၊ ခံစားမှုကောင်းကောင်းပေးနိုင်မယ့် ကုတင်အဝိုင်းပါတဲ့ အခန်း”
“မြတ်စွာဘုရားရေ၊ ဒီတစ်ခန်းဆို ရေချိုးခန်းမှာ တံခါးတောင် မပါဘူး”
ကျင်းရှီ - ...
အခုနေ သူမ ခိုးထွက်သွားလို့ရမလား!
ကျင်းရှီသည် ပေါ်ရန်ကို တစ်ချက်ကြည့်လိုက်သည်။ တောက်ပသော မီးရောင်အောက်တွင် သူ၏ နက်မှောင်သော မျက်လုံးအိမ်များသည် ကြောင်နက်မျက်လုံးကျောက်တုံးများကဲ့သို့ နက်နဲပြီး တောက်ပနေကာ ဆောင်းဦး လရောင်အောက်မှ ကြည်လင်အေးမြသော လေနုအေးကဲ့သို့ သူ၏အမူအရာမှာ တည်ငြိမ်အေးချမ်းနေသည်။
ကျင်းရှီသည် သူမပတ်ဝန်းကျင်ရှိ လေထုအခြေအနေကို ရုတ်ချည်းခံစားလိုက်ရသည်။
ရှန်ဖျင်ချွမ်က တုန်လှုပ်ခြောက်ခြားကာ ဖုန်းကို လုယူသွားသည်။ “ဘာကို ခံစားမှုကောင်းကောင်းပေးမယ့် အခန်းတွေလဲ! မင်းတို့ဟာ အရမ်းလွန်လွန်းတယ်၊ ငါ မင်းတို့ကို သတိပေးနေတယ်နော်!”
သူမအစ်ကို၏ အကာအကွယ်နှင့် စောင့်ရှောက်မှုအောက်တွင် နောက်ဆုံးတော့ စီးပွားရေးအချက်အချာကျသည့် မြို့ထဲရှိ အဆင့်မြင့် ဟိုတယ်တစ်ခုတွင် အခန်းသုံးခန်းနှင့် ရေချိုးခန်းနှစ်ခန်းပါသည့် suite အခန်းကို ဘိုကင်ယူလိုက်သည်။
ကျင့်ချီ - “မင်း suite အခန်းကို ဘာလို့ ဘိုကင်ယူလိုက်တာလဲ။ ငါတို့ဂိမ်းစည်းမျဉ်းက တစ်ခန်းကို လူနှစ်ယောက်လို့ ပြောထားတယ်လေ”
ရှန်ဖျင်ချွမ် - “ငါလည်း အခန်းတစ်ခန်း လိုတယ်၊ ငါ့ညီမလေးကို စောင့်ကြည့်ရမယ်။ ဒီကောင် ညဖက် တစ်ခုခုလုပ်ရင် ငါ အရင်ဆုံး ပြေးဝင်မှာ”
ကျင်းရှီနှင့် သူမ၏အဆောင်အခန်းဖော်များက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ “ဒါဆို... ကျွန်မတို့လည်း အခန်းတစ်ခန်းရသင့်တယ်” ဟုပြောလိုက်သည်။
နာရီဝက်လောက်ကြာပြီးနောက် ဟိုတယ်လော်ဘီ၌။
ဧည့်ကြိုဝန်ထမ်းက ယောကျ်ားလေးနှင့် မိန်းကလေးများ ရောနှောပါဝင်နေသော လူငယ်အုပ်စုကြီးကို မသေချာမရေရာကြည့်ကာ “သေချာပြီလား...နောက်ထပ် suite အခန်းတွေ ထပ်မယူတော့ဘူးလား”
“မလိုပါဘူး၊ တစ်ခန်းတည်းပဲ”
သေချာတာကတော့ လူတိုင်းက အတူတူနေကြရမည်မှာ ပိုပျော်စရာကောင်းနေသည်။ ထို့ကြောင့် လက်ရှိအစီအစဉ်မှာ - ကျင်းရှီနှင့် ပေါ်ရန်သည် အခန်းတစ်ခန်းကို မျှဝေနေခဲ့ပြီး ယောက်ျားလေးတစ်ဖွဲ့က အခန်းတစ်ခန်းမှာ ပြွတ်သိပ်နေပြီး မိန်းကလေးသုံးယောက်က နောက်အခန်းတစ်ခန်းကို မျှဝေသုံးခဲ့သည်။
ကျင်းရှီက ကူကယ်ရာမဲ့စွာဖြင့် “တကယ်ကြီးနော်... ဘာကိစ္စအဲ့လိုလုပ်ကြတာလဲ”
“ဘာကိစ္စမှမရှိဘူး၊ ဘာကိစ္စမှမရှိဘူး၊ မင်းတို့နှစ်ယောက်ရဲ့ အတူတူနေရမယ့် ကံကြမ္မာကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတာ၊ ပြီးတော့ အဲ့လိုလုပ်လိုက်ရတဲ့အတွက် ငါတို့ပျော်တယ်”
သူမ၏ စိတ်အနှောက်အယှက် ဖြစ်စရာကောင်းသော သူငယ်ချင်းများက ကျင်းရှီနှင့် ပေါ်ရန်တို့ကို အခန်းထဲသို့ စိတ်အားထက်သန်စွာ တွန်းထည့်လိုက်သည်။
တံခါးကိုပိတ်ပြီးနောက် တစ်ယောက်ကို တစ်ယောက် တိုးဝှေ့ကာ ခိုးနားထောင်နေကြသည်။
“တစ်ခုခုလှုပ်သံကြားလား”
"သူတို့စနေပြီလား”
“သေစမ်း၊ မင်းအဲ့လောက်တောင်ပဲ အရမ်းထန်နေရလား။ နေပါဦးဟ၊ နေပါဦး!”
ရှန်ဖျင်ချွမ်ကသာ စိတ်ဆင်းရဲနေပြီး နံရံကို ဆောင့်ကန်လိုက်သည်။ “ညီမလေး၊ အစ်ကိုကြီး မင်းကို မကယ်နိုင်ခဲ့ဘူး!”
ဤအချိန်မှာ ရှုချောင်းယန်က တစ်ခုခုကို မှတ်မိသွားပုံရပြီး ကျင့်ချီကို “မင်းရဲ့ စာရွက်ပေါ်မှာ ဘယ်သူ့နာမည်ရေးလိုက်လဲ” ဟုမေးလိုက်သည်။
ကျင့်ချီ - “ဘယ်သူ့နာမည်ဖြစ်ရမလဲ၊ ပေါ်ရန်ပေါ့”
ရှုချောင်းယန်လည်း တခစ်ခစ်ရယ်ပြီး “တိုက်ဆိုင်လိုက်တာ၊ ငါရောပဲ”
ချူးကျောက်က ခေါင်းကို ကုတ်လိုက်ပြီး “အမ်...တကယ်တော့ ကျွန်မလည်း ပေါ်ရန်ဆိုပြီး ရေးခဲ့တယ်”
လင်းလော - “ကျွန်မရောပဲ ပေါ်ရန်နာမည်ကို ရေးခဲ့တယ်”
ရှားယို - “ငါလည်း ပေါ်ရန်ဆိုပြီး အသေအချာ ရေးခဲ့တာ”
ချူးထန် -“ကျွန်မကို လာမကြည့်ကြနဲ့ ကျွန်မလည်း ရှင်တို့နဲ့အတူတူပဲ”
ရှန်ဖျင်ချွမ်သည် ပါးစပ်ထဲကနေ သွေးအန်သွားသည်။
သူက နောက်ပြန်လှည့်ကာ နံရံကို ဆက်ပြီးဆောင့်ကန်ရင်း “ငါ့ရဲ့ညီမလေး!”
ရှန်ဖျင်ချွမ်မှလွဲ၍ လူတိုင်းက ပေါ်ရန်ကို တယ်လီပသီနည်းဖြင့် စိတ်ချင်းဆက်သွယ်မိသွားပြီး ရွေးချယ်ခဲ့ကြောင်း ကျင်းရှီက မသိခဲ့ပေ။
တံခါးကိုပိတ်လိုက်သည်နှင့် ဆူညံသံများနှင့် စိတ်လှုပ်ရှားမှုအားလုံးကို အပြင်ဖက်တွင် ပိတ်ဆို့ထားလိုက်သည်။ အခန်းနံရံများပေါ်တွင် ညမီးအိမ်ငယ်များဖြင့် အလင်းရောင် မှိန်မှိန်လေး လင်းနေကြသည်။
ထိုယောကျ်ားသည် ကုတင်ဘေးတွင် ရပ်နေကာ သူ၏ ထင်ရှားနေသော ကောက်ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း မျက်လုံးပတ်လည် အရိပ်များတွင် သူ၏ ချောမောသော အသွင်သဏ္ဍာန်ကို တစ်ဝက် ဖုံးကွယ်ထားသည်။
ကျင်းရှီသည် ကုတင်ဘေးက မီးအိမ်းများကို ဖွင့်ကာ အခန်းကို ပိုပြီးလင်းစေသည်။ ထို့နောက် ရှုခင်းကို ပိုကျယ်ကျယ်မြင်နိုင်စေရန် ကန့်လန့်ကာများကို လှပ်လိုက်သည်။
ဤနည်းက အဆင်မပြေဘူးဟု ခံစားနေရသည်။
သို့သော် တကယ်တမ်းတော့ ထိုသို့မဟုတ်ပေ။
ပေါ်ရန် ထိုင်လိုက်သည်နှင့် အိပ်ရာခင်း ပွတ်တိုက်သံများထွက်ပေါ်လာပြီး မွေ့ယာမှာ နစ်ဝင်သွားသည်။
ကျင်းရှီက အလျင်အမြန် နံရံနား ကပ်လိုက်ပြီး ဆတ်ဆတ်ထိမခံသည့်ပုံစံဖြင့် “ရှင် ဒါဘာလုပ်နေတာလဲ!”
ပေါ်ရန်က “ထိုင်နေတာ” ဟူ၍ အပြစ်ကင်းစွာပြောလိုက်သည်။
ကျင်းရှီက သူ့အား အယုံအကြည် မရှိသော်လည်း “အခုလေးတင် ကျင့်ချီက ရှင့်ကို လျှောက်လမ်းကို ဆွဲခေါ်သွားပြီး ရှင့်လက်ထဲ တစ်ခုခု ထည့်ပေးလိုက်တယ်၊ အဲ့ဒါ ဘာလဲ”
ပေါ်ရန်က သူမ၏ သွယ်လျသော ငွေနှင်းဖြူလက်ချောင်းလေးများကို ကြည့်ပြီး ခေါင်းကို အနည်းငယ် ငုံ့ကာ နှုတ်ခမ်းတင်းတင်းစေ့ကာ မျက်လုံးထောင့်တွင် ပြုံးယောင်သမ်းသွားသည်။ “ခန့်မှန်းကြည့်”
ကျင်းရှီသည် သူ့ဆီသို့ လျှောက်လာပြီး ပါးလွှာသော အဝတ်စအောက်ရှိ စတုဂံပုံသဏ္ဍာန် တစ်ခုခုက သူ၏ ဘယ်ဖက်ဘောင်းဘီအိတ်ကနေ ဘေးကားထွက်နေသည်ကို အသည်းအသန် ငုံ့ကြည့်မိသည်။
သူမသည် သူ့ပေါ်တွင် မှင်စက်များစွန်းနေသကဲ့သို့ သူမ၏နက်မှောင်လှသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း “ပေါ်ရန်၊ အဲဒါ ဘာလဲ”
ပေါ်ရန်သည် သူမ၏ တင်းတင်းစေ့ထားသော နီရဲနေသည့် နှုတ်ခမ်းများကို ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်စွန်းများတွင် ဖြူဖျော့ဖျော့ဖြစ်နေကာ သူမ၏ နားရွက်များ နီမြန်းလာပြီး ကြောက်ရွံ့နေကြောင်း သိသာနေသည်။
“ကိုယ့်ဘာသာ လက်နဲ့ လာပြီးစမ်းကြည့်၊ မင်းနှိုက်လို့ရရင် ငါပေးမယ်” သူသည် ကုတင်ပေါ်တွင် တစောင်းလှဲနေကာ တံတောင်ထောက်ထားပြီး သူ့ခန္ဓာကိုယ်ကို ကျင်းရှီဖက်သို့ မျက်နှာမူလိုက်သည်။
သူ၏ဂျာကင်အင်္ကျီကို ချွတ်ထားပြီး အဝတ်ချိတ်သည့် ချိတ်ဖြင့် ချိတ်ဆွဲထားပြီး ဖြစ်နေသည်။ ယခုတွင် သူသည် မီးခိုးရောင် လည်ပင်းဝိုင်း သိုးမွှေးဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ဖော်ထုတ်ပြထားကာ ကြံ့ခိုင်ပြီး မရိုင်းသောပုံစံဖြင့် အဝတ်များကို ချိတ်ဆွဲထားရန် အကောင်းဆုံး ခန္ဓာကိုယ်အချိုးအစားဖြစ်နေသည်။
ထိုနေရာတွင် သူမကို မျက်နှာမူကာ လှဲလျောင်းချလိုက်သည်၊ သူ့နှုတ်ခမ်းထောင့်မှ အပြုံးသည် ပို၍ပို၍ နက်ရှိုင်းလာသည်၊ သူ့အကြည့်များက သူမကို တမင်သွေးဆောင်နေသကဲ့သို့ အန္တရာယ်ရှိသော အရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေသည်။
ကျင်းရှီသည် သူမ၏ ခြောက်သွေ့သော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားကာ သူ့ဘောင်းဘီအိတ်ကပ်ကို စမ်းကြည့်ရန် ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
ရုတ်တရက် သူသည် သူမ၏ သွယ်လျသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အားပြင်းပြင်းဖြင့် နောက်သို့ တွန်းလဲချလိုက်ကာ နူးညံ့ပျော့ပျောင်းသော အိပ်ရာကြီးပေါ်သို့ အလွယ်တကူ သူမခန္ဓာကိုယ်ကို တွန်းလှဲလိုက်သည်။
ကျင်းရှီသည် နူးညံ့ပျော့ပျောင်းသောအိပ်ရာပေါ်သို့ လဲချသွားပြီး ကမ္ဘာကြီးမှာ ချာချာလည်နေသလို ခံစားလိုက်ရသည်။
ပေါ်ရန်သည် သူမ၏ ခန္ဓာကိုယ် တစ်ဖက်တစ်ချက်တွင် ဒူးထောက်ကာ သူမလက်နှစ်ဖက်ကို လက်တစ်ဖက်တည်းဖြင့် ခေါင်းအထက်တွင် တွဲချုပ်ထားသည်။ သူမမှာ မလှုပ်မရှားနိုင်ဖြစ်ကာ ကုန်းပေါ်ရောက်လာသော ရေထဲကငါးတစ်ကောင်လို သူမကို သူ့အောက်သို့ ဖိချလိုက်သည်။
သူမသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်ကာ ရင်ဘတ်ထဲမှ နှလုံးခုန်သံ ကျယ်လောင်စွာ ကြားနေရသည်။
ပေါ်ရန်သည် သူ့မျက်နှာကို သူမနှင့် နီးကပ်စွာ မျက်နှာချင်းဆိုင်ဖြစ်သည်အထိ ဖြည်းညင်းစွာ ငုံ့လိုက်သည်။
“အွန်း!” ကျင်းရှီသည် ထိတ်လန့်ကြောက်ရွံ့နေသော သတ္တဝါတစ်ကောင်ကဲ့သို့ အသက်ရှုကြပ်နေသလိုမျိုး ညည်းညူရင်း မျက်နှာကို ဘေးသို့ လှည့်လိုက်သည်။
သူ၏ ပျင်းရိပျင်းတွဲနှင့် ရှူထုတ်လိုက်သော၊ ပူနွေးနေသော လေများသည် သူမ၏ နဖူးပေါ်သို့ ရိုက်ခတ်လာသည်။
ပေါ်ရန်က ဘာမှပြန်မပြောပဲ သူ၏မျက်လုံးနက်ကြီးများဖြင့် သူမကို ကြည့်လိုက်ပြီး နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေမိကြသည်။
ကျင်းရှီ၏ မျက်နှာနှင့် နားများသည် လုံးဝနီရဲနေပြီဖြစ်ပြီး သူမ၏ အသက်ရှုနှုန်းတောင် နှေးကွေးသွားသည်။
ပေါ်ရန်သည် စိတ်မရှည်စွာဖြင့် မနေနိုင်တော့ပဲ သူမနှုတ်ခမ်းနားသို့ ဖြည်းညင်းစွာ တိုးလာသည်။
ကျရောက်တော့မည့် အန္တရာယ်ကို သတိပြုမိရင်း ကျင်းရှီသည် မျက်လုံးများကို စုံမှိတ်ထားလိုက်သည်။
သို့ပေမယ့် သူတို့၏နှုတ်ခမ်းချင်း ထိတွေ့သည့် ခံစားမှုမျိုး ဖြစ်မလာခဲ့ပေ။ ထိုယောက်ျားက သူ့မျက်နှာကို သူမပုခုံးပေါ် အပ်ထားလိုက်ပြီး ရယ်မောကာ အိပ်ရာတစ်ခုလုံးကို ရွှင်မြူးစွာဖြင့် လှုပ်ယမ်းလိုက်သည်။
ကျင်းရှီသည် မျက်စိဖွင့်ကြည့်သောအခါ ပေါ်ရန်မှာ သူမနားရွက်ဘေးနားတွင် လှပသော လက်ချောင်းရှည်များဖြင့် စီးကရက်ဘူးကို ကိုင်ထားပြီး ရယ်မောနေသည်ကို မြင်လိုက်ရသည်။
“ငါ့ကို ကျင့်ချီက ဆေးလိပ်တစ်ဘူးဝယ်ပေးတာ ဒီလောက်ပါပဲ။ မင်းဘာတွေ တွေးနေတာလဲ”
ကျင်းရှီသည် သူမ လှည့်စားခံရမှန်း ရိပ်မိသွားပြီး ကုတင်စွန်းတွင် ထိုင်ကာ သူ့ကို အတင်းတွန်းဖယ်လိုက်သည်။
ပေါ်ရန်သည် သူမဆီတိုးလာပြီး သူမကို လွှတ်ပေးရန် ငြင်းဆန်ကာ သူမ၏ လက်သန်းလေးကို လှမ်းဆွဲလိုက်သည်။ “အိုး၊ သူ ငါ့ကို ဘာပေးလိုက်တယ်လို့ မင်းထင်နေတာလဲ”
ကျင်းရှီက သူ့လက်ကို ခါချလိုက်ပြီး “ကျွန်မ ဘယ်လိုလုပ်သိမှာလဲ! ရှင်တို့က အရမ်းဆိုးတဲ့လူတွေလေ!”
ပေါ်ရန်က သူမဘေးနားမှာ ငုတ်တုတ်ထိုင်ပြီး သူမကို ငုံ့ကြည့်ရင်း “ငါက မင်းအပေါ် ဘယ်တုန်းက ဆိုးခဲ့လို့လဲ”
ကျင်းရှီက တစ်ခုခုပြောချင်သော်လည်း ဘာမှစဉ်းစားမရပေ။ သူမခံစားလိုက်ရသည်မှာ... သူကအမြဲတမ်း သူမကိုအနိုင်ကျင့်ခဲ့သည်။
သို့သော် သူတကယ်ပဲ အနိုင်ကျင့်ဖူးလို့လား? ကျင်းရှီ မရှင်းပြနိုင်တော့ချေ။
“ရှင်တို့တွေ ... ဒီနေ့ ကျွန်မကို အကျပ်ရိုက်စေခဲ့တယ်လေ၊ အဲ့ဒါလည်း ထည့်တွက်စရာပဲ”
“မမေ့လိုက်နဲ့ ပထမအချီမှာ မင်းကိုယ်တိုင် ငါ့ကို အကျပ်ရိုက်အောင် လုပ်ခဲ့တယ်လေ။ ပြီးတော့ ရှုချောင်းယန်လည်း မင်းအခန်းဖော်ကို နမ်းခဲ့တယ်။ မင်းက လူတိုင်းကို လျှောက်နောက်ရရင် အရမ်းကိုပျော်လို့၊ အခု မင်းအလှည့်ရောက်ပြီမို့ ငါတို့တွေ မင်းကို အဖွဲ့လိုက် သင်ခန်းစာဝိုင်းပေးကြတာလေ”
“ကျွန်မ...”
သူ၏ငြင်း၍မရနိုင်သော ငြင်းခုံမှုများကြောင့် ကျင်းရှီတစ်ယောက် ပြောစရာ စကားမဲ့သွားခဲ့သည်။
သူတစ်ပါးကို အပြစ်မတင်နိုင်တော့ပေ၊ ဤအရာသည် ဝဋ်ပြန်လည်ခြင်းသာဖြစ်သည်။
“အစကတည်းက ဒီလိုဂိမ်းမျိုး မကစားသင့်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို ထိခိုက်စေတယ်၊ ဘာပျော်စရာကောင်းလို့လဲ” ဟုသူမက ဆူပုတ်ကာ ပြောလိုက်သည်။
ပေါ်ရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဖြစ်ခဲ့တာတွေကို နောင်တရနေမယ့်အစား ဒီည ဘာလုပ်သင့်လဲဆိုတာ တွေးကြည့်လိုက်၊ ငါတို့မှာ အချိန်တွေ အများကြီး ကျန်သေးတယ်”
ကျင်းရှီက အသည်းအသန် ပြောလိုက်သည်။ “ရှင်နော် မဟုတ်တာ တစ်ခုခုလုပ်ဖို့ မကြိုးစားလိုက်နဲ့”
“ငါဘယ်တုန်းက အဲ့လိုမဟုတ်တာတွေ လုပ်ဖို့ တွေးဖူးလို့လဲ”
သူမသည် ထလိုက်ကာ အခန်းပတ်ပတ်လည်ကိုကြည့်ပြီးနောက် ဗီရိုကိုဖွင့်ကာ အထဲကိုစစ်ဆေးနေသည်။ ဗီရိုထဲတွင် ဘာမှမရှိ၊ စောင်အပိုတစ်ထည်တောင် မရှိချေ။
တစ်ခန်းလုံးက အိပ်ရာနဲ့ အိပ်ရာနှင့်ပက်သက်သည့် အရာတွေချည်းပဲ ဖြစ်နေသည်။
“စီနီယာ၊ ကျွန်မတို့ ဒီည ဘယ်လိုအိပ်ကြမလဲ” ဟု စိတ်ပျက်စွာနှင့် မေးလိုက်သည်။
ပေါ်ရန်က ပြတင်းပေါက်ကို ပျင်းရိစွာ မှီလိုက်ပြီး ခြေထောက်ကို တစ်ချောင်းပေါ် တစ်ချောင်း ထပ်ပြီး ရပ်နေကာ “ဂျူနီယာလေး အိပ်စေချင်တဲ့အတိုင်း အိပ်ကြမယ်လေ”
ထိုအချိန်တွင် ကျင်းရှီသည် သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် “စီနီယာ” နှင့် “ဂျူနီယာ” ဟုအပြန်အလှန်ခေါ်ဆိုခြင်းသည် အမှန်တကယ်ပင် roleplay လုပ်နေသလို ခံစားလိုက်ရပြီး ထိုအခြေအနေမှာ ထူးဆန်းနေသည်။
ကျင်းရှီက လျှောက်လာပြီး အိပ်ရာခင်းကို ကောက်ကိုင်လိုက်သည်။ “စီနီယာ၊ ပင်ပန်းနေပြီလား”
ပေါ်ရန်က သူမမေးခွန်းကို ပြန်ဖြေရင်း ပျင်းရိပျင်းတွဲနှင့် သမ်းဝေသွားသည်။
“ဒါဆို...စီနီယာ ကုတင်ပေါ် အိပ်လို့ရတယ်” ကျင်းရှီသည် ထိုင်ခုံလေးတစ်လုံးကို ထောင့်စွန်းသို့သယ်လာကာ နံရံနှင့်မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
သူမ၏ ကိုယ်ဟန်အနေအထားကို ကြည့်လိုက်ရာ သူမမှာ တစ်ညလုံး တရားထိုင်ဖို့ ရည်ရွယ်ထားခဲ့သည်။
“ဒါဆို ငါ မင်းကို အဲ့မှာပဲထားလိုက်တော့မယ် ငါအရင် ရေချိုးလိုက်ဦးမယ်” ပေါ်ရန်က ထိုသို့ပြောပြီး ရေချိုးခန်းထဲဝင်သွားသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ကျင်းရှီသည် ရေချိုးခန်းတံခါးဆီသို့ ခြေဖျားထောက်ပြီး လျှေောက်လာကာ အထဲကအသံကို နားထောင်နေသည်။ အထဲမှာ ရေများ တဟုန်ထိုးကျလာသည့် အသံကိုကြားလိုက်ရာ နောက်ဆုံးတော့ သူမ အခန်းတံခါးကို သွားဖွင့်ပြီး အပြင်ကို လစ်ထွက်ဖို့ စိတ်ချရပြီဟု ခံစားမိကာ အခန်းထဲမှ ထွက်လာလိုက်သည်။
သို့သော် သူမသူငယ်ချင်းများအားလုံးက အခန်းပြင်မှာ ခိုးနားထောင်နေကြပြီး သူမကို အခန်းထဲသို့ ချက်ချင်းပြန်တွန်းထည့်လိုက်ကြသည်။
“ဘာလုပ်နေတာလဲ၊ ပြန်ဝင်သွား၊ သွား”
ကျင်းရှီ - “ငါ လေညင်းခံဖို့ ခဏထွက်လာတာ”
”ငါတို့တွေ နင်တို့ နှစ်ယောက် တစ်ညလုံး အတူတူ ရှိနေကြမယ်လို့ သဘောတူထားကြတာ၊ တစ်မိနစ်စာလည်း မဟုတ်ဘူး၊ တစ်စက္ကန့်စာလည်း မဟုတ်ဘူးနော်”
စိတ်အနှောက်အယှက် ဖြစ်စေသော သူမသူငယ်ချင်းများက သူမကို အခန်းထဲသို့ ပြန်တွန်းပို့လိုက်ကြသည်။
ရေချိုးပြီးနောက် ပေါ်ရန်သည် အနက်ရောင် တီရှပ်ပါးပါးနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ကာ ရှည်လျားလှသော ခြေတံများကို ပေါ်လွင်စေခဲ့သည်။
အရင်ကတည်းက အဆောင်၌ သူပေါ့ပေါ့ပါးပါး ၀တ်စားထားသည်ကို မြင်ဖူးပေမယ့်လည်း အခုတော့...
ကျင်းရှီသည် သူ့ကို ထိုပုံစံဖြင့် ကြည့်တောင် မကြည့်ရဲတော့ပေ။
ချယ်ရီသီးကဲ့သို့ နီရဲနေသော သူမ၏ မျက်နှာလေးကို မြင်လိုက်ရသောအခါ ပေါ်ရန်၏ နှုတ်ခမ်းမှာ တိတ်တဆိတ် လှုပ်သွားသည်။ သူဘာမှပြန်မပြောပဲ ကုတင်ဘေး ဘယ်ဖက်ကိုသွားကာ ဖုန်းကိုထုတ်ပြီး လှဲအိပ်လိုက်သည်။
ကျင်းရှီသည် ရေချိုးခန်းထဲသို့ အမြန်ဝင်သွားကာ တံခါးကို သော့ခတ်လိုက်သည်။ ရေချိုးခန်းထဲတွင် နွေးထွေးသော ရေနွေးငွေ့များ ရှိနေဆဲဖြစ်ပြီး သူမသည် ရေချိုးဂျယ်လ်၏ ရနံ့ကို လေထဲတွင် အနံ့ရနေသေးသည်။
မည်သို့ပင်ဖြစ်စေ ကျင်းရှီသည် သူမ၏ အဝတ်အစားများကို ချွတ်လိုက်ပြီး ရေချိုးလိုက်သည်။ ရေနွေးနွေးလေးက တရက်စက် ကျလာကာ သူမ၏ ခန္ဓာကိုယ်မှ အအေးဓာတ်အားလုံးကို ချေမှုန်းပစ်လိုက်သည်။
တစ်စုံတစ်ခုသော တွန်းအားတစ်ခုကြောင့် သူမသည် ရေငွေ့ရိုက်နေသော မှန်ကို ကြည့်ရင်း မှန်ရှေ့တွင် ရပ်နေလိုက်သည်။
သူမ၏ လှပသော ခန္ဓာကိုယ်သည် ယခုအခါတွင် ချောမွေ့ပြီး ထူးခြားသော ကောက်ကြောင်းများ ရှိနေပြီး လှပသော မိန်းမပျိုလေး၏ ပုံသဏ္ဍာန် ဖြစ်နေသည်။ သူမ၏ ရင်သားသေးသေးလေးသည် training ဘရာစီယာထက် အနည်းငယ် သာလွန်နေသေးသည်။ ထိုအသီးလေးများသည် အိပ်ပျော်နေစဉ် နူးညံ့နေသေးပြီး မမှည့်သေးပေ။
ပေါ်ရန်သည် သူမ၏ အသွင်အပြင်ကို သေချာပေါက် အထင်သေးလိမ့်မည်။
ခဏနေဦး၊ သူမ ဘာတွေတွေးနေတာလဲ။ သူမ အနောက်သို့ အမြန်လှည့်လိုက်သည်။
သူမ လှည့်ကြည့်လိုက်သည်နှင့် မှန်တံခါးအပြင်ဖက်မှာ ရပ်နေသည့် အရပ်ရှည်ရှည် ခန္ဓာကိုယ်သွယ်သွယ်လျလျ ယောကျ်ားတစ်ယောက်၏ ရုပ်လုံးက အနက်ရောင် စက်ဝိုင်းပုံ အရိပ်ပုံဖြစ်နေကာ မှန်တံခါးကို မျက်နှာမူပြီး မတ်တပ်ရပ်နေသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
ကျင်းရှီက အံ့အားသင့်သွားပြီး အော်ပြောလိုက်သည်။ “ရှင်ဘာလုပ်နေတာလဲ”
တံခါးအပြင်ဖက်၌ ပေါ်ရန်က “၁၂ နာရီ ကျော်သွားပြီ” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အာ့?”
“၁၂ ကျော်သွားလို့၊ အခု နှစ်သစ်ရောက်သွားပြီ”
“အိုး...”
“နှစ်သစ်ကို မင်းနဲ့အတူ ဖြတ်သန်းချင်လို့ ငါဝင်လို့ရမလား”
ကျင်းရှီ - ......
သေစမ်း၊ ရူးသွားလောက်တယ်!
“ဟင့်အင်း! မဝင်လာနဲ့ ကျွန်မ ရေချိုးနေတယ်!”
တံခါးအပြင်ဖက်တွင် ပေါ်ရန်က ပေါ့ပေါ့ပါးပါး ရယ်မောရင်း “နောက်တာပါ”
ကျင်းရှီက သက်ပြင်းတစ်ချက် ချလိုက်ပြီး သူနှင့်အတူရှိနေရသည်မှာ ရိုလာကိုစတာစီးရသလိုပဲဖြစ်နေကာ သူမရင်ခုန်သွားအောင်လုပ်ဖို့ တစ်နည်းမဟုတ် တစ်နည်းက သူ့တွင်အမြဲရှိနေသည်။
“ဘာပဲဖြစ်ဖြစ် Happy new year ပါ ရှီလေး”
“Happy new year ပါ” သူမသည် အလွန်တုန်လှုပ်သွားကာ ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။
ပေါ်ရန်က ရယ်ပြီး ထွက်သွားခဲ့သည်။
ကျင်းရှီသည် မှန်တံခါးရှေ့တွင် ပျောက်ကွယ်သွားသော သူ၏ မှုန်ဝါးသော ပုံသဏ္ဍာန်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူမ နောက်ပြန်လှည့်ပြီး သူမကိုယ်သူမ ပြန်ပြင်လိုက်သည်။ “Happy new year”
သူမကိုယ်သူမ ရေအနည်းငယ်ပက်လိုက်ပြီး အံကြိတ်ထားသည်။ “Happy new year ပါ ချာတိတ်မရေ”